ရယ်ရယုံ (၂၂)

etoneJuly 20, 20101min1501

တယောဆရာ

လူနာကို ခွဲစိတ်ရန်အတွက် အားလုံးအသင့် ဖြစ်နေပြီဖြစ်သည် . .
. . လူနာက ခွဲစိတ်ဆရာဝန်ကို မေးသည်။

“ ဒေါက်တာ . . ကျွန်တော့ အူအတက်ဖြတ်ပြီးရင် တယောထိုးနိုင်မလား ခင်ဗျာ . . ”

“ ထိုးနိုင်ပါတယ်”

“ ဟန်ကျတာပဲ . . ကျွန်တော် တယော တစ်ခါမှမထိုးဖူးဘူး ။
အခု ထိုးနိုင်တော့မယ်တဲ့”

————-

တံဆိပ်ခေါင်းစုတယ်

“ ကျွန်မ သိပ်ပြီး အထီးကျန်နိုင်တာပဲရှင်” ဟု မေရီက မိမိနှင့် တွဲကနေသူ
လူငယ်ကို ပြောသည်။

“ လန်ဒန်ကို ကျွန်မယောက်ျား ၂ လတိတိ ခရီးထွက်သွားတယ်ရှင်”

“ ဟန်ကျတာပဲ ” ဟု လူငယ်က ဝမ်းသာအားရ ပြောသည်။

“လန်ဒန်ကနေပြီး သူပို့တဲ့စာတွေ လာရင် ကျွန်တော့်ကိုတံဆိပ်ခေါင်းတွေ ပေးနော်”

——————

ဘာကောင်လဲ

“ချာတိတ် . . မင်း ဘာဖြစ်လို့ ငိုနေရတာလဲကွ”

“ မေမေက ဖေဖေ့ကို ဆင်ရိုင်းကြီးလို့ပြောတယ် ။ ဖေဖေက မေမေ့ကို
ကြက်မကြီးလို့ ပြန်ပြောတယ်”

“ အဲ့ဒါနဲ့ ငိုရရောလား ကလေးရဲ့”

“ စဉ်းစားကြည့်လေ . . ကျွန်တော်က ဘာကောင်ဖြစ်မလဲ”

——————–

စိတ်မဆိုးပါနဲ့

“ ခင်ဗျားဟာ အလွန်အလိုက်ကန်းဆိုး မသိတဲ့လူပဲ . . ကျွန်တော့်ဇနီး
ကိုယ်ဝန်ရှိနေပြီလို့ ကျွန်တော်က ပြောတယ် . . . ဘယ်သူ့ ဗိုက်လဲလို့
ခင်ဗျားက မေးတယ် . . ”
“ တောင်းပန်ပါတယ်ဗျာ . . ကျွန်တော်က ခင်ဗျားသိတယ်ထင်လို ့ ပါ”

——————