ရယ်ရယုံ (၂၃)

etoneJuly 20, 20101min1110

အကြမ်းဖက်သမား

မည်သည့်နိုင်ငံတွင် အရက်သမား ပိုများသနည်း ဆိုသည်ကို
ဂေါ်ဘာချော့နှင့် ရေဂင်တို့ အလောင်းအစား လုပ်ကြသည် ၊
မော်စကိုသို့ ရေဂင်ရောက်လာသည် ၊ ၎င်းလက်ထဲသို့ နာမည်ကျော် ”
ကာလတ်ရှနီကော့” အော်တိုမက်တစ် ရိုင်ဖယ်တစ်လက် ထည့်ပေးလိုက်ပြီး
” မြို့ထဲလျှောက်ကြည့်ပါ . .အရက်သမားတွေ့ရင် ပစ်သာပစ်လိုက်ပါ” ဟုု
ဂေါ်ဘာချော့က ပြောသည်။
ရေဂင်သည် မော်စကိုမြို့လယ်ရှိ ရင်ပြင်နီသို့ထွက်လာသည်။
လီနင်အုန်ဂူရှေ့တွင် “ရေချိန်လွန်” နေသူ လူတန်းကြီးကိုတွေ့သည် ။
ကျည်ကပ် တစ်ကပ်ပြီးတစ်ကပ် ကုန်အောင် ရေဂင်ဆွဲချလိုက်သည် ။
ထို့နောက် ဂေါ်ဘာချော့ထံ ပြန်လာပြီး
” ခင်ဗျားတို့ဆီမှာ တွေ့သမျှလူတွေတိုင်း အရက်သမားတွေချည်းပါလား . .
ကျုပ်တို့ဆီကို လာကြည့်စမ်းပါ”
“စိတ်ချ . . လာခဲ့မယ် . .လာကိုလာခဲ့မယ်” ဟု ဂေါ်ဘာချော့စိတ်ထဲမှ ကြုံးဝါးလိုက်သည်။

ဂေါ်ဘာချော့ . .နယူးယောက်ကို ရောက်လာသည် ။ အမ် ၁၆ တစ်လက် ကိုင်ကာ မြို့ထဲလျှောက်သည်။
နေရာအနှံ့ “ဆေး” သမား များကိုသာ တွေ့သည်။
ညနေပိုင်းရောက်လာ သောအခါ ပင်ပန်းပြီး စိတ်တိုနေသော ဂေါ်ဘာချော့သည်
ဘရောဒ်ဝေးဘက် တက်သည်။
မိုးပျံအဆောက်အအုံဧ။် အထပ် ၆ဝ ခန့်တွင် တစ်ထပ်လုံးမီးလင်းနေပြီး ဆူညံသံ
ပုလင်းကွဲသံများ ကြားရသည်။
“ဒီနေရာမှာ အရက်သမားတွေရှိမှာပဲ “ဟု တွေးကာ ယင်းအထပ်သို့ တက်သည် ၊
ရောက်သော် အရက်ဘားတစ်ခုဖြစ်နေပြီး လူ၅ဝ ခန့် မူးရူးပျော်ပါးနေကြသည်ကိုတွေ့

သည်။
အားလုံးလဲမူးနေသည်။
အားလုံးကို အမ်၁၆ ဖြင့်ဆွဲချလိုက်သည်။
နောက်တစ်နေ့သတင်းစာများတွင် ” နယူးယောက် ဘားတစ်ခုမှာ နဖူးပေါ်တွင်
အမာရွတ်ပါသော အကြမ်းဖက်သမားတစ်ဦး
ဆိုဗီယက် သံရုံး ဝန်ထမ်းများအားလုံးကို ပစ်သတ်လိုက်ခြင်း”
ခေါင်းစဉ်ဖြင့် မျက်နှာဖုံးသတင်း ပါလာလေသည်။
————–
မယုံဘူးတဲ့

နတ်ပြည်နဲ့ ငရဲပြည်သွားမည့် တံခါးပေါက်ရှေ့တွင် သိကြားမင်းက
မိန်းမများကိုစုရုံးစေသည်။
” အားလုံးတန်းစီကြစမ်း . . ကိုင်း . .ဟုတ်ပြီ . .ကိုယ့်ယောက်ျားကို
တစ်ကြိမ်လောက်ပဲ ဖြစ်ဖြစ် သစ္စာဖောက်ခဲ့ဖူးရင်ရှေ့တစ်လှမ်း
တိုးစမ်း”
မိန်းမ အားလုံးရှေ့တိုးလိုက်ကြသည်။သစ္စာ

ရှိသော မိန်းမတစ်ယောက်သာ နေရာတွင်
မရွေ့ဘဲ ကျန်ခဲ့သည်။
သိကြားမင်းက အမိန့်ပေးသည် . .
” အားလုံးကို ငရဲပြည်ပို့လိုက် ၊ ဟို ဆွံ့အ နားမကြားကိုလဲ ပို့လိုက်”
————————
မဟုတ်တဲ့နေရာက ကြီးနေတယ်

မင်္ဂလာဦးည လွန်မြောက်ပြီး ဇနီးမောင်နှံ ၂ယောက် . .ယောက်ျားဖြစ်သူအတွက်
ဖိနပ်ဝယ်ထွက်ကြသည်။
ဖိနပ်ဆိုင်တွင် အရောင်းဝန်ထမ်းက နံပါတ် ၄၅ ယူလာသည် ။ လူငယ်စီးကြည့်သည် ။
အလွန်ငယ်နေသည်။
နံပါတ်၄၆၊ ထို့နောက် ၄ရ မတော်ပါ ဖိနပ်မှာ ငယ်နေသည်။
“ကျွန်မတို့ဆိုင်မှာ ဒိထက်ကြီးတဲ့ နံပါတ်မရှိတော့ဘူးရှင့်”
စိတ်ပျက်လက်ပျက်ထွက်လာကြရင်း ဇနီးဖြစ်သူကပြောသည် . .
“ဘယ်လိုမှမတတ်နိုင်ဘူး ရှင့်ခြေထောက်တွေက ကြီးလွန်းတာကိုး”
“အေးကွာ ငါကတောသားကိုး ဖိနပ်မပါပဲ လမ်းလျှောက်ထွက်တာများလို့ ခြေထောက်တွေ
တဖြည်းဖြည်းကြီးလာတယ်ထင်တယ်”
“ရှင် ဘောင်းဘီမဝတ်ပဲလျှောက်ရင် ပိုတောင်ကောင်းဦးမယ်”

———————————-
အလှူခံ

ရေကူးကန် ဆောက်လုပ်ရေးအတွက် အလှူလာခံရာ
ယောက်ျားဖြစ်သူက မိန်းမဖြစ်သူကို အော်မေးသည် ။

“မိန်းမရေ ဘယ်လောက်လှူလိုက်ရမလဲ”

မိန်းမဖြစ်သူက

“ရေ၃ပုံးလှူလိုက်လေ”

———————-