“မူန်ရီဝေဝေ မန္တလေး”
“မူန်ရီဝေဝေ မန္တလေး”
ဆောင်းအဆင်း
နှင်းကြွင်းကမူန်ရီရီ။
ညိုနီနီ နန်းမြို့ရိုး ရယ်ကြောင့်
လွမ်းစိတ်က ဝေစီ။
ဟန်ချီချီ
လာပြန်ပြီ
လက်ပံနီတွေက
ပေးပြန်သည်ဒီအလွမ်းရယ်နဲ့
နန်းတစ်ခို
အလွမ်းပိုအောင်
ထန်ုးညိုညို
ညီနောင်အစုရယ်က
စိမ်းပြာလဲ့ ရေပြင်ဆီ
ပြေးဝင်ခစား
တားမရပါ
အလွမ်းဆာ
ငါ့ရဲ့စိတ်တွေက
ဝေးးးးးးးးးကာလ ဟို အတိတ်ဆီကို
မနှေးအမြန်
အပြေးပြန်လို့သွားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ။
16-2-2013
7 comments
aye.kk
February 17, 2013 at 3:46 pm
ကိုပေါက်ရေ
ရှုခင်းနဲ ့ကဗျာလိုက်ဖက်လှပါတယ်။
ရှုခင်းကလှလိုက်တာ၊မြင်ရတာနဲ ့တင်စိတ်မှာကြည်နှူးချမ်းမြေ့ရပါတယ်။
နွေဦးရာသီအလွမ်းနဲ ့ကလည်းလိုက်ဖက်လွန်းလှပါတယ်။
ကဗျာဖတ်ပြီးရှုခင်းကြည့်ပြီး။ အဆွေးဓတ်ခံရှိသူအအဖို ့က
မြင်မြင်သမျှအားလုံးကလွမ်းစရာတွေချည်းပါဘဲ။။
မောင်ပေ
February 17, 2013 at 8:01 pm
ပူပြီ ခင်ဗျ
မီးက လဲ ပျက်တာရက်မှန်နေပြီဆိုတော့
မန္တလေးနွေ နဲ ့
မန္တလေးပေ အထာကျဖို ့ပြင်ရဦးမည်
ကိုပေါက်(မန္တလေး)
February 17, 2013 at 11:02 pm
မီးနဲ့နွေ
နွေနဲ့မန္တလေး
ပူတယ်လေ ဆယ်နေကဲ
Mobile
February 18, 2013 at 4:28 am
ငီးးးးးးးးးးး ဘကြီးပေါက်
ပုံက တစ်ပုံထဲပဲလားဗျ……… ဒီနန်းမြို့ရိုးပုံတွေချည်းတင်ဒယ်
မန်းလေးသူညိုချောလေးဒွေပုံတွေဘာတွေ တင်ပါလားဗျ……….
အပြင်က ကောင်မလေးတွေကို မရိုက်ရဲရင်လဲ ဘကြီးပေါက်ရဲ့
မြေးမ ချောချောလေးတွေကို တင်ပေးပါလားဗျာ……….
ကျနော်ကွန်ပျူတာမှာ ဝေါးပေးပါလေးတင်ထားပီးးး မျက်စီညောင်းတဲ့အခါ
မျက်စီကြည်ဆေးလေးပေါ့……………..
kyeemite
February 18, 2013 at 11:07 am
ကိုပေါက်ရဲ့ ရာသီအမီ ကဗျာလေးပေါ့….ကောင်းပါလေ့ဗျာ..
ရန်ကုန်မှာလည်း မီးတွေ ပြတ်တောင်း ပြတ်တောင်း ဖြစ်စပြုပြီဗျို့…
koaung
February 18, 2013 at 11:09 am
ကိုပေါက်ရေ ကြိုက်တယ်ဗျာ ပုံနဲ့စာသား လိုက်ဖက်တယ်
ကိုပေါက်(မန္တလေး)
February 19, 2013 at 2:39 pm
ဒီနန်းမြို့ရိုးပုံက ကဗျာအတွက် တင်လိုက်တာပါ။
တစ်ဝကြီး ကြည့်နိုင်ဘို့ ထပ်တင်ထားပါသေးတယ်။