ဖွခြင်းမှ သည် ငယ် ဆီသို့
ကိုနိုဇိုမိ ဖွကြည့်မိခြင်း ဖတ်ရတော့ ကျွန်တော် ငယ်ငယ်က အဖြစ်ကို ရေးချင်လာပါတယ် ။ ငယ်ငယ်က ကြုံ ခဲ့တဲ့ အဖြစ်လေးပါ။
ကျွန်တော် ငယ်ငယ်က သဘောင်္သီး ဖြစ်ခဲ့ဖူးပါတယ်။
စင်္ကာပူ ကျွန်းမှာ အလုပ် သွားရှာ ဖူးခဲ့ပါတယ် ။ အဲ့ဒီ့ အချိန်က မြန်မာ သဘောင်္သားတွေ နံမည်ရကာစ ပျက်ကာစ အချိန်လို့ ပြောရမယ် ထင်ပါတယ်။ ၁၉၈၂ မှာပါ ။
နံမည်ရကာစ လို့ ဘာလို့ ပြောရလဲ ဆိုတော့ အချို့ သဘောင်္လိုင်းတွေ မှာ မြန်မာ တစ်ဦးစ နှစ်ဦးစ လိုက်ဖြစ်ကြပြီး မြန်မာတွေ အလုပ်ကြိုးစားတယ် ဆိုပြီး သဘောင်္ကုမ္မဏီတွေက နှစ်သက်ကြ သလို မြန်မာတွေ လက်မှတ် အတုတွေလုပ် စီဒီစီ အတုတွေ လုပ်ပြီး အုပ်စုလိုက်တက်ကြ ၊ ပြဿနာ တွေ ဖြစ်ကြနဲ့ နံမည် လည်း ပျက်တဲ့ အချိန်ပေါ့ ။
အဲ့ဒီလို အချိန်မှာ ပထမ ပြောခဲ့သလို မြန်မာ တစ်ဦးစ နစ်ဦးစ ရှိတဲ့ ကုမ္မဏီက အဲ့ဒီမြန်မာ တွေ ကို သိပ် သဘောကျပြီး သူ့ ဆီက လက်ရှိ ဖိလစ်ပိုင် လူမျျိုး တွေကို ဖြုတ်လို့ မြန်မာတွေတင်လိုက်ပါတယ် ။ အဲ သူကြီး နဲ့ Radio Officer က တော့ ဖိလစ်ပိုင်လူမျိုး ကျန်ခဲ့ပြီး စက်ချုပ် (Chief Engineer) နဲ့ Chief Officer ကတော့ မရသေးပါဘူး ။ စက်ပိုင်းက 2nd E, 3rd E , Electrical Engineer , နောက် ကျွန်တော် နဲ့ Oiler တစ်ဦး ၊ ကုန်းပါတ်ဘက် က 3rd Officer , Bosun နဲ့ AB တွေ တက်ကြပါတယ် ။
သဘောင်္က ကျွန်တော် တို့ ကို တင်လိုက်တဲ့ အချိန်မှာ စကာင်္ပူ မှာ ကျောက်ချထားပါတယ် ။ သဘောင်္ပေါ်မှာ ဆန်ပုပ် တွေ ရှိနေပြီး အဲ့ဒါတွေကို သမာ္ဘန် တွေပေါ်ချပေးရပါ့မယ် ။အဲ့ဒီ ဆန်ပုပ်တွေ ချပြီးရင် သဘောင်္က Dockyard ဝင် ပြီး ထိန်းသိမ်း ပြင်ဆင်ရေးတွေလုပ်ရမှာပါ ။ အချိန် က တစ်ပါတ်လောက် ရပါတယ် ။ ကုမ္မဏီက လည်း ပေ ခေါက်ပြီး အဲ့ဒီ ဆန်ပုပ်တွေ ကို သဘောင်္သား တွေ ကို ချခိုင်းပါတယ် ။ ဒါပေမဲ့ အပို ပိုက်ဆံ ပေးပါ့မယ် လို့ လည်း ပြောပါတယ် ။
ကျွန်တော်တို့ ရဲ့ မြန်မာ ဘိုဆင်နဲ့ ကုန်းပါတ် သဘောင်္သားများက လည်း သဘောတူ ကြပါတယ် ။ ချပေးပါ့မယ် ပေါ့ ။
အဲ ဒါနဲ့ ကုမ္မဏီက သမာ္ဘန် တွေ လွှတ် လိုက်ပါတယ် ။ ကုန်းပါတ် သဘောင်္သားများ လည်း အသီးသီး အလုပ်စလုပ်ကြပါတယ် ။
သဘောင်္က ကျောက်ချထားပြီး သဘောင်္ကျုင်း ဝင်မှာ မို့လို့ အင်ဂျင် ခန်းမှာ က အလုပ်မယ်မယ်ရရမရှိပါဘူး ။ Generator မောင်းပေးထားရတာဘဲ ရှိပါတယ် ဆိုတော့ စက်ခန်းသမားတွေ က အားနေပါတယ် ။ ကျွန်တော် လည်း စက်ခန်း က ပေမဲ့ ကုန်တင်သဘောင်္ မလိုက်ဘူးသေးတာ ကော ၊ သိချင် တတ်ချင်နေတာကော နဲ့ ကိုယ်နဲ့ မဆိုင်ပေမဲ့ ဝင်ကူလုပ်ပါတယ် ။ Winch (ဝန်ချီစက်) သွားမောင်းကူပါတယ် ။ အရင် က မမောင်းတတ်ပေမဲ့ ဘိုဆင် တို့ ကို သင်ခိုင်းပြီး ဝင်မောင်းပါတယ် ။ လူအင်အား လည်း သိပ်မရှိတော့ ဘိုဆင်က သင်ပေးပြီး ကျွန်တော် က ဝန်ချီစက် မောင်း သမား တာဝန် ယူလိုက်ပါတယ် ။
ဆန်ပုပ်တွေ ဆိုတော့ အနံ့ တော် တော ်ဆိုးပါတယ် ။ နောက် စကာင်္ပူနေ ကလည်း အီကွေတာ ရာသီဥတုဆိုတော့ တော် တော်ပူ တဲ့ အပြင် သဘောင်္ဝမ်းဗိုက် ထဲ လုပ်ရတာ ဆိုတော့ မသက်သာပါဘူူး ။ တော်တော် ကို့ ပူလောင် ကြပါတယ် ။ ဒါပေမဲ့ ဝက်ဖြစ်မှတော့ မစင်ကြောက် စရာ မလိုဘူးလို့ ကျွန်တော် တွေးခဲ့ပေမဲ့ ကျွန်တော့် ဆရာ သမား များကတော့ တစ်မနက်ခင်း လဲ လုပ်ပြီးရော ပြဿနာ စတော့ တာဘဲ ။
သူတို့ ဘဲ လုပ်မယ် ဆိုပြီး ပေးခဲ့တဲ့ ဂတိ ကို မေ့ပြစ်လိုက်ကြပြီး ငါတို့ က AB ၊ ဒါမျိုးလုပ်စရာ မလိုဘူး ။ ငါတို့ အိမ်မှာ က ဘယ်လို နေလာတာ ၊ ငါ့အဖေ ကဘာ စသဖြင့် ပွစိပွစိ စလုပ်လာကြပါတယ် ။ ပြီး နေ့လည် ထမင်းစားချိန် လည်း ပြီးရော ဆက်မလုပ်ကြတော့ပါဘူး ။ သူကြီးက လည်း ရုံးသွားနေတော့ မသိပါဘူး ။ နောက် ကျောက်ချထားတဲ့ အတွက် သူကြီး က ညဆို သဘောင်္ပြန် မအိပ်ပါဘူး ။ သဘောင်္ပေါ်မှာ 3 rd Officer ဘဲ ကုန်းပါတ် မှာ ရှိပါတယ် ။ 3 rd Officer လည်း ပြောလို့ မနိုင်ပါဘူး ။ အောက်မှာ ငှါးထားတဲ့ သမာ္ဘန်တွေက လည်း ဆန်ပုပ် တိုးလို့ တန်းလန်း နဲ့ စောင့်နေရပါတယ် ။
အဲ့ဒီလို နဲ့ ညဘက် ရောက်တော့ ပင်ပန်းတယ် ဆိုပြီး ယမကာ မှီဝဲကြပါတယ် ။ ယမကာ လေးလည်း ဝင်လာကြရော ထုံးစံ အတိုင်း ပြဿနာ ထပ်ရှာ ကြပြန်ရော ။
သူကြီး က ရက်ရက်စက်စက် ခိုင်းတယ် ။ အဲ့ဒီ့ သူကြီး မနက်ဖြန် gangway လှေခါးက တက်လာ တာ နဲ့ ပြေးကန် ပြစ်မယ် နဲ့ ဆိုရာကနေ အခု သူကြီးမရှိလည်း သူလူမျိုး Radio Officer ရှိတယ်။ သူ့ ကို ပြဿနာ သွားရှာ ကြမယ် လုပ်ကြပြန်ပါတယ် ။ ကျွန်တော် က မသောက်တဲ့ သူဆိုတော့ သူတို့ကို လိုက်ပါတ် ဆွဲ နေရပါတယ် ။ Radio Officer လည်း အခန်းထဲ တံခါးပိတ်ပြီး နေစရာ နေရာ မရှိ ဖြစ်နေရှာပါတယ် ။
အဲ့ဒီလို နဲ့ နောက်နေ့ မိုးလင်းတော့ သူကြီး ရောက်လာပါတယ်။ Gangway က တက်လာတော့ ကျွန်တော့်မှာ ဘယ်သူကများ ပြေးကန်လိုက်လေမလဲ ဆိုပြီး စိတ်ပူပြီး မနီးမဝေးက စောင့်ကြည့် နေရပါတယ် ။ ပြေးကန်ရင်လည်း ဆွဲရအောင်လို့ ပေါ့ ။
ညက မှုးပြီး ရစ်နေတဲ့ ပုဂ္ဂိုလ်တွေ ။ သူကြီး Gangway ကလည်း တက်လာရော မပြေးရုံ တမယ် သွားပြီး သူ့ အိတ် ဆွဲပေးတဲ့ လူ နဲ့ ။ မောနင်း ပြော တဲ့ လူ နဲ့ ။ ညက ပြေးကန်ပြစ်မယ် ဆိုတာ တွေ မေ့သွားကြပုံ ရပါတယ် ။
သူကြီးကတော့ သူ့ radio officer ဆီက သတင်းရပြီးသားမို့ မျက်နှာ တင်းနေတာပေါ့ ။ နောက် bosun ကို ခေါ်ပြီး ဆူပါတယ် ။ အားလုံးက အဲ့ဒီကျတော့ လည်း မျက်နှာ သေလေးတွေနဲ့ ။ ပြီး ပြန်လုပ်ပါ့မယ် ဆိုပြီး ဖြစ်ကြပြန်ပါတယ် ။ ဒါနဲ့ နောက်တစ်ရက် ပြန်လုပ်ကြပါတယ် ။ အဲ နေ့လည် လဲ ရောက်ရော မနေ့ကအတိုင်း ပြန်ဖြစ်ပြီး မလုပ်နိုင်တော့ ဘူး ပြန်ဖြစ်ကြပြန်ပါတယ် ။ သူကြီး ကိုလည်း မလုပ်နိုင်ကြောင်း ငြင်းဆိုကြပါတယ် ။
သူကြီး လည်း ဘာမှ မပြောတော့ပါဘူး ။ အဲ့ဒီ့ညမှာ လည်း မှုးယစ်ကြပြီး ည က ဇတ်လမ်း ပြန်စကြပါတယ် ။ မင်းက သူကြီးပြေးကန်မယ် ပြောပြီး မောနင်းပြောရလား ။ မင်းကကော ဘာလို့ သူ့အိတ် သွားဆွဲပေးရတာလည်း ။ မင်းက ကော ဘာလို့ လုပ်မယ် ပြောရတာ လည်း နဲ့ အချင်းချင်းရစ်ကြရာကနေ ရန်ပွဲအဆင့် ရောက်ကုန်ပါတယ် ။ အဲ့ဒီ့ အထဲမှာ သွေး တော် တော်ဆိုးတဲ့ သူ တစ်ယောက်ပါ ပါတယ် ။ ဒါး ဆွဲပြီး ခုတ်မယ် ထစ်မယ် တွေ ဖြစ်ကုန်ကြပါတယ် ။ အဲ့ဒီ့ သွေးဆိုးတဲ့ သူက နောက်ဆုံး ဟိုတစ်ယောက်က မခုတ်ရလို့ ဆိုပြီး သူ့လက် သူ ဒါး နဲ့ လှီးပစ်ပြီး သွေး သစ္စာ ဆိုပါတယ် ဆိုနဲ့ ။ အဲ နောက်တစ်နေ့ ကျတော့လည်း သူတို့ မဟုတ်တဲ့ အတိုင်းဘဲ လည်ပင်းပြန်ဖက်နေကြပါတယ် ။
သူကြီးလည်း မြန်မာတွေ ပြောမရတော့ သူ့ ဖိလစ်ပိုင် သဘောင်္သားတွေကို နောက် တစ်နေ့ ခေါ်လာပါတယ် ။ ဖီလစ်ပိုင် သဘောင်္သားတွေ လည်း ခေါ်လာရော တစ်ခါ ကိုရွှေမြန်မာ တွေ ပြဿနာ ရှာပြန်ရော ။ သူတို့ လုပ်မယ် ။ ဒီ ဖိလစ်ပိုင်တွေ လုပ်တာ လက်မခံနိုှု်င်ဘူးဆိုပြီး ဖြစ်ကြပြန်ရော ။သူကြီးလည်း ပြဿနာ တက်မှာ စိုးတာနဲ့ သူ့ ဖိလစ်ပိုင် သဘောင်္သားတွေကို ပြန်လွှတ်လိုက်ပါတယ် ။ ကိုရွှေမြန်မာတွေလဲ နဲနဲ လုပ်ပြီး မလုပ်နိုင်ဘူးဆိုပြီးရပ်ကြပြန်ရော။
အဲ့ဒီလို နဲ့ လုပ်လိုက် ရပ်လိုက် နဲ့ ဖြစ်နေတာ သဘောင်္ က သဘောင်္ကျင်း ဝင်ရမဲ့ ရက်လည်း မဝင်နိုင် ၊ ငှားထားတဲ့ သမာ္ဘန် ဖိုးတွေလည်း တက်နဲ့ ဖြစ်တဲ့ အထိဖြစ်ကုန်ပါတယ် ။ နောက်ဆုံး ကုမ္မဏီက မလေးတွေ ကို ခေါ်ပြီး ဆန်ပုပ်တွေ ချခဲ့ရပါတော့တယ် ။
ဆန်ပုပ်တွေ လည်း ချပြီးရော သဘောင်္ကို သဘောင်္ကျင်းဆီ ရွှေ့ခဲ့ပါတော့တယ် ။
သဘောင်္ကျင်း က ညဘက် မှ ကမ်းကပ်ပြီးပါတယ် ။ ကမ်းလည်း ကပ်ပြီးရော Crew Manager သဘောင်္ပေါ် ရောက်လာပါတယ် ။ သဘောင်္သားတွေအားလုံးကို Mess ထဲမှာ စုခိုင်းလိုက်ပါတယ် ။ ဘာဖြစ်မယ် ထင်ပါသလဲ ။
ထင်တဲ့ အတိုင်းမှန်မှာပါ ။ အားလုံးကို ချက်ခြင်း အထုပ်ပြင်ခိုင်းပြီး သဘောင်္ပေါ်က ဆွဲချတော့တာဘဲ ။
ကျွန်တော် ကော ။ အရက်လည်း မသောက် ။ သောင်းကြမ်းတဲ့ အထဲလည်း မပါ ။ ကိုယ့် အလုပ်မဟုတ်လဲ ဝိုင်းလုပ်ပေး ။ ဘာဖြစ်မယ်ထင်ပါသလဲ ။
ဟုတ် ။မြန်မာဖြစ်တဲ့ အတွက် ကျွန်တော်လည်း ပြုတ်တာဘဲ ခင်ဗျ ။
အဲ့ဒီကုမ္မဏီလည်း မြန်မာဆို ဝေါင်ဝေါင်ရှေး ဖြစ်သွားပါတယ်။
ကျွန်တော် ပြောချင်တာ သိစေချင် တာကတော့ ကျွန်တော် တို့ အများစု ကိုယ်တိုင်ကျတော့လည်း အလုပ်ကို အလုပ်လို ကောင်းကောင်းမွန်မွန်မလုပ်ပါဘူး ။ ပြီး သူများကို အပြစ်ဖို့ ပါတယ်။ အလုပ်လုပ်ဖို့ လာသူကိုလည်း ရန်ရှာ ပါတယ်။
အခုဆို နိုင်ငံခြား ကုမ္မဏီတွေ ဝင်လာတော့မှာပါ ။ အခု လို ဘဲ အလုပ်ကောင်းကောင်းမလုပ် ။ လုပ်မဲ့သူကိုကော ရန်ထောင်လွှတ်ကြ ဦးမလား ဆိုတာတွေးပူမိပါတယ် ။ ဘယ်လိုပြုပြင်ကြမလဲ ။ ကျွန်တော်လည်း မသိပါဘူး ။
(ဝန်ခံချက် .. ကိုနိုဇိုမိရေ .. ကိုနိုဇိုမိ ကို ရန်ထောင်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော် ။ ကိုနိုဇိုမိ ရေးထားတဲ့ ပိုစ်ကိုလည်း လုံးဝ နားလည်ပါတယ် ။ ကျွန်တော် တို့ လူမျိုးတွေ ကိုယ့်နိုင်ငံမှာ အလုပ်လက်မဲ့ ဖြစ်ပြီး နိုင်ငံခြားသားတွေ ဝင်ရောက် နေရာယူသွားမှာကို။အခုလိုရေးတာကိုလည်းကျေးဇူးတင်ပါတယ်။)
20 comments
padonmar
February 21, 2013 at 10:28 pm
သူများထောင်းရင် ပိုနာမှာမို့လို့ ကိုယ့်ပေါင်ကိုယ်အရင် လှန်ထောင်းနေကြတာလို့ နားလည်ပါတယ် စီဂျေကြီးရေ။
ဘရာကြော်ပါ။
ကထူးဆန်း
February 22, 2013 at 2:13 pm
အမှန်ပါဘဲ အန်တီရေ .. ကိုယ့်ပေါင် ကိုယ်ထောင်းနေတာပါ ..တစ်ကယ်လဲ စိတ်ပူမိပါတယ် ။
ကိုယ့်နိုင်ငံ အကြောင်း ကောင်းကောင်းမသိသေးဘဲ လူတွေ ပေါတယ် ပေါတယ် ထင်ပြီးစွတ်ဝင်ကြ ..ပြီးမှ အော်ကြမှာ တစ်ကယ်ကို မဖြစ်စေချင်ပါဘူး ။။ဒါပေမဲ့လည်း …ဒါပေမဲ့ ပါဘဲ ။။ :hee:
မိုက်ကယ်ဂျော်နီအောင်ပု
February 21, 2013 at 11:41 pm
ဟုတ်တော့လည်းဟုတ်တယ် ဘရားသားနောင်တော်ကြီးရ
ကိုယ့်ငါးချဉ်ကိုယ်ချဉ် ဆိုတာမျိုးရှိသလို
ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုတာတွေလည်းရှိသေးတယ်
ထိုင်းမှာပေါ့နော
အချို့သောနေရာတွေမှာပေါ့ ထိုင်းတွေ မြန်မာတွေကို အနိုင်ကျင့်တတ်တဲ့သဘောလေးရှိကြတယ်
ဒါပေမယ့် မြန်မာတွေကိုယ်တိုင်ပြောတဲ့စကားပါ
( သူတို့ကဒီလောက်လေးပါကွာ ထိုင်းတွေ ဒို့ သူတို့နိုင်ငံလာသလိုမျိုး ငါတို့နိုင်ငံ လာကြည့်ပါလား
ငါတို့က သူတို့ထက်ပိုဆိုးဦးမယ် )
ဒါဟာ တစ်ကယ့် ကိုယ်တွေ့ စကားတွေပါ
မြန်မာပြည်သားအခြင်းခြင်း နှိပ်စက်ကြပုံတွေ ခေါင်းပုံဖြစ်တ်ပုံတွေ ရောင်းစားတာတွေကတော့
သက်သေဘဲလေ
အခြားမကြည့်နဲ့
ထိုင်းကနေ ဒုက္ခသုတ္ခတွေနဲ့ မြန်မာပြည်ပြန်သွားတဲ့သူတွေ ထိုင်းနိုင်ငံတွင်းက ရဲဂိတ်တွေမှာ
အစစ်ခံရလို့ အကျိုးအကြောင်းပြောပြရင် ထမင်းဘိုးတောင်ပေးလိုက်သေးတယ်
( အခြေနေကြည့်ပြီး အလုပ်ခံရတာကတော့ သပ်သပ်ပေါ့ဗျာ )
ဘယ်လိုမှ အဆင်မပြေတာက အိမ်ပြန်လမ်းတစ်လျှောက်မှာရှိတဲ့ ဘာဂိတ်တွေမှန်းမသိတဲ့ ဂိတ်တွေထဲက
ဘာကောင်တွေမှန်းမသိတဲ့ အကောင်တွေက မြန်မာလိုပြောပြီး အနိုင်ကျင့်ခံရတာဘဲ
အဖွားကြီးတစ်ယောက်ဆိုရင် အရိုက်ခံရတယ် သူ့စကားက
( ငါတို့ကွယ် ထိုင်းကနေပြန်လာတာ ထိုင်းရဲတွေ ဒို့ကို နင်တို့လောက် မဟောက်ပါဘူး )
တစ်ခါ ဘုရားသုံးဆူလမ်းဖက်ကနေဝင်လာတာ
ထိုင်း ကန်ချာနပူရီ လမ်းကစစ်ဆေးရေးဂိတ်တစ်ခုက ရဲတစ်ယောက်ပြောလိုက်တဲ့စကားပါ
သူ့အလုပ်အရ စစ်ဆေးလို့ပြီးတာနဲ့ပေါ့ ( တစ်ကားလုံးက မြန်မာတွေချည်းဘဲဟာ )
( အလုပ်ကောင်းကောင်းရကြပါစေ ပိုက်ဆံများများရကြပါစေ )
ဖြစ်ပုံက ကိုယ်က မော်လမြိုင်လမ်းကနေ လာပြီး ဆိုင်ကယ်ကယ်ရီနဲ့လာတာ
တောလမ်းဆိုတော့ ဘောင်းဘီရှည်တွေ ဖုံထူတာတွေတွက် မျက်မှန်တွေ တပ်လာတာကိုးးး
ဘာဂိတ်မှန်းမသိတဲ့ဂိတ်ထဲက ဘာကောင်လည်းမသိဘူး ကျုပ်ကို ဟောက်လိုက်တာများ
သုံးထောင်ပေးလိုက်မှ
သွားသွားသွား တော်တော်ရှုပ်တယ်ဒဲ့
ဘာဘဲဖြစ်ဖြစ်ပါ ဒီလိုပြောနေတာက သူများကို အကောင်းပြောနေတာမဟုတ်ပါဘူး
တစ်ခုရှိတာက
( ကျုပ်တို့ဟာ အလုပ်ကြိုးစားမှု့နဲ့ နယ်ချဲ့ခံရမှု့ကိုတော့ ခွဲခြားရမယ်ထင်တယ်ဗျ )
ထင်သာအောင်ပြောရရင်တော့
စပါးကိုဖျက်တာ စပါးထဲကပိုးပေါ့ဗျာ
ပြောရရင်တော့လည်း အများကြီးဘဲဗျ
ဦးဦးပါလေရာ
February 22, 2013 at 12:32 am
သူများဆီက ရွှေတွေအကြောင်းတော့ မပြောချင်တော့ပါဘူး…
ကျုပ်ရဲ့ ပြည်ပက အလုပ်ရှင်ကိုယ်တိုင်လဲ အဲဒီမှာ ရွှေတွေ ငှားသုံးထားလို့
သူ့အင်ချပ်နဲ့ နေ့လည်စာလိုက်စားမိတော့ အတင်းတုတ်လိုက်တာ ပေါင်းလန်နေတာပဲ…
သူကျွေးတဲ့ထမင်းတောင် မျိုမကျတော့အောင်ပဲ…။
နောက်တခေါက်ရောက်တော့ ဝမ်းသာအယ်လဲပြောရှာတယ်…
သူ့ရွှေတွေကို အင်ဒိုတွေနဲ့ လဲလိုက်သတဲ့…
အများကြီးတော်သွားသေးတာပေါ့… တဲ့…
ဒါကတော့ အလုပ်ကြမ်းသမား လယ်ဗယ်တွေပါ။
ပညာရှင်လယ်ဗယ်မှာတော့ ရွှေတွေ တော်တော် နာမည်ကောင်းပါတယ်။
အဲဒီမှာ စဉ်းစားစရာဖြစ်လာပြီ-
အဖြေလဲ ရေးရေးတော့ထွက်လာပြီ….
ရွှေချင်းအတူတူ ဘယ်လိုလူမျိုးတွေက စွမ်းဆောင်ရည်ရှိ အမူအကျင့်ကောင်းပြီး
ဘယ်လိုလူမျိုးတွေက စွမ်းဆောင်ရည်ညံ့ အမူအကျင့် ဆိုးရွားသလဲဆိုတာ….။
ကထူးဆန်း
February 22, 2013 at 2:27 pm
ပြောပါ ဘပုရယ် ပြောပါ းး နားထောင်ချင်လွန်းလို့ ပါ .. :kwi:
ဦးဦးပါရေ… ပညာရှင် လယ်ဗယ်မှာလဲ … ခြင်္သေကျွန်းရောက်မှ ..လိုအပ်တဲ့ ဘွဲ့ တွေ လုပ်သက်တွေ ရှိသွားကြတာတွေရှိတော့ …. ရှိပါစေတော့ နော်..
pooch
February 22, 2013 at 12:43 am
ထောင်းလက်စနဲ့ နည်းနည်းလောက်ဆက်ထောင်းပါရစေအုန်း
တနေ့ကဂျာနယ်တစောင်ထဲဖတ်လိုက်ရသေးတယ်
၉နှစ်သက်တမ်းလောက်ရှိ တဲ့ကန်ထရိုက်တိုက် အောက်ခန်းအက်လာတယ်တဲ့
ရှေ့လျှောက်ဘယ့်နှယ့်စခန်းသွားမယ်မသိဘူး 🙁
ဝင့်ပြုံးမြင့်
February 22, 2013 at 12:57 am
ပို့စ်ကိုဖတ်ပြီး ထိုင်တောင်ငိုချင်တယ်။
ကထူးဆန်း
February 22, 2013 at 2:39 pm
pooch ရေ .. သူတို့ဆီလဲ ရှိတတ်ပါတယ် .. တိုင်ဝမ်မှာ ငလျင်လှုပ်လု့ိ တိုက်ပြိုကျတော့မှ အထဲမှာ ဘိစကစ်ဘူးခွံတွေ နဲ့ ထည့်ဆောက်ထားတာ တွေ့ ရတယ် ဆိုတော့ .. အဟဲ .. ကံသာ အမိ ကံသာ အဖ ဆက်ရဦးမယ် ထင်ပါ့ ။
ဆရာမ ဝင်းပြုံးမြင့်ရေ .. အဲ့ဒီ့တုန်းက ကျွန်တော်တော့ ငိုခဲ့ရတာ ပါ့ .. သဘောင်္ပေါ် sign off လုပ်လိုက်ရတော့ သုံးရက်လား စကာင်္ပူနေခွင့်ပြုတော့ မလေးရှား ဂိုးရတော့တာပေါ့ ..
kyeemite
February 22, 2013 at 9:14 am
အင်း..ပြောမဆုံးပေါင်တောသုံးတောင်တော့ဖြစ်တော့မယ်…
လတ်တလောမှာပဲ..အလုပ်ထဲမှာ ပန်းရံလုပ်ငန်းလေးရှိလို့
ပန်းရံဆရာကိုတွက်ခိုင်းပီး ပုတ်ပြတ်အနေနဲ့ ခိုင်းလိုက်တယ်…
ပိုက်ဆံလည်းလေးပုံသုံးပုံထုပ်ပေးလိုက်ပီ…ပန်းရံဆရာအပါအဝင်
မှ စုစုပေါင်းသုံးယောက်ပဲလုပ်နေတာပါ..သုံးရက်လောက်လုပ်ပြီးနေ့ခင်းဘက်
ပန်းရံဆရာလာပြောတယ်..သူ့ယောက်ခမဆုံးလို့ ပြန်ပါရစေတဲ့..
ကျနော်လည်း နာရေးဆိုတော့ ပြန်ပါပေါ့…ထင်တာက ပန်းရံဆရာတစ်ယောက်ပဲပြန်မယ်ထင်တာ
ခုတော့..အားလုံးပြန်သွားတယ်ဗျာ…ဒီမှာအလုပ်ကတန်းလန်းကြီး…ရက်လည်ကျော်လို့
ဆယ်ရက်ကျော်လာပြီ..ဒီနေ့ထိမပေါ်လာသေး…ဒွတ်ခ
အလုပ်ကိုအလေးမထားတာပြောပါတယ်…
ခိုင်ဇာ
February 22, 2013 at 9:23 am
အဟမ်း။
Construction Industry က ရွှေမြန်မာများအကြောင်းတော့ လှန်မထောင်းတော့ပါဘူးနော့။ (ရှက်လို့)
ယောင်္ကျားသားကြီးများ ၂ ယောက် အပြင် ၃ ယောက် စုမိတာနဲ့ သွေးကြွလာတတ်တာ။
မိန်းကလေးဆိုရင်ကို သူတို့လောက်တော်တယ် တတ်တယ်မထင်တာ။
ဂျူနီယာပို့(စ) နဲ့ ဝင်လာသူဆို အရင် ဖိထားတတ်တာ။
မရှိမဲ့ ရှိမဲ့ သီတင်းတို့၊ ပညာတို့၊ အတွေ့အကြုံတို့ကို လက်ဆင့်မကမ်းချင်တာ။
ရသလောက်ကိုယ့် လုပ်ပိုင်ခွင့်လေးမှာတင် ပညာပြတတ်တာ။
အဲဒါတွေ မပြောတော့ပါဘူး ကထူးဆန်းရယ်။
တခါတခါ ဆို ကိုယ့် မြန်မာချင်းချင်း သူများနိုင်ငံ အလုပ်လုပ်နေရတာချင်း တူတူ ဘာလို့ လုပ်ရက်ကြလည်း စဉ်းစားလို့မရပါဘူး။
ကောင်းသန့်ရည်မွန်တဲ့ လူမျိုးတွေလည်း တွေ့ဖူးပါရဲ့။
လူတစ်ဦးချင်းစီပေါ်မူတည်တယ်လို့ပဲမှတ်ပါတယ်။ :hee:
P chogyi
February 22, 2013 at 9:32 am
ကိုနိုဇိုမီပို့စ်ကတည်းက မန့်ဖို့ပါ အလုပ်နည်းနည်းများနေတာနဲ့
အခုမှရေးဖြစ်လို့ နှစ်ယောက်စလုံတစ်ခါတည်းရေးလိုက်တော့မယ်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ လုပ်ငန်းတွေလာလုပ်တိုင်း
သူတို့အလုပ်သမားနဲ့ပဲလာလုပ်မယ်လို့ သဘောတူညီချက်ရထားပုံရတယ်။
ကျွန်တော် ဗန်းမော်မှာနေစဉ်က ဗန်းမော်-မန်စီ-နန်းခမ်း(ရွှေလီ)လမ်းကို သူတို့
ဖောက်စဉ်က သူတို့ အလုပ်သမားနဲ့သူတို့လာလုပ်ပါတယ်။ မြန်မာဘက်က ဘယ်လို အလုပ်သမားမျိုးကိုမှမခေါ်ပါဘူး။ ကျွန်တော်သိရသလောက် သူတို့ဆီမှာ အလုပ်လက်မဲ့
ပြသနာဖြေရှင်းနိုင်အောင် ကျွန်တော်တို့ဘက်မှာ လုပ်ငန်းစီမံကိန်းမရရအောင်
ရှာပြီး လုပ်နေတာလို့သိရတယ်။ ကျွန်တော်တို့ မြန်မာတွေက အလုပ်လက်မဲ့မဟုတ်ပါ
အလုပ်ရွေးနေသူများသာ ဖြစ်ပါတယ်။
Shwe Ei
February 22, 2013 at 9:43 am
သူဌေးကိုဖားပြီး ကွယ်ရာမှ ဝန်ထမ်းအချင်းချင်း ကြီးနိုင်ငယ်ညှင်း လုပ်တဲ့အလေ့က မြန်မာပြည်မှာ အတော်လေးတွင်ကျယ်တယ်ဗျ။
မန်နေဂျာမဟုတ်တာလုပ်မှန်းသိလို့တောင်မှ ဝန်ထမ်းအချင်းချင်း စည်းလုံးမလားမှတ်တယ်
ကွယ်ရာမှာသာ အတင်းတုတ်ရဲတာဗျို့ ရှေ့လဲရောက်ရော မမ မမ နဲ့ဖြစ်သွားကြပြန်ရော
လေဘာဒယ်…… :gee:
ကထူးဆန်း
February 22, 2013 at 2:56 pm
ဦးကြီးမိုက် .. အလှုလို့ သဘောထားပြီး နောက်တစ်ဖွဲ့ သာ ခေါ်လုပ်လိုက်ပေတော့ …
မခို်င်ဇာ တို့တော့ စကာင်္ပူ နေတာ ဆိုတော့ အခု လက်တွေ့ ကြုံနေမှာပါ …
P Chogyi ပြောသလိုဘဲ အလုပ်ရွေးတာ ပိုများမယ် ထင်တယ် .. အလုပ်ပေးချင်သူတွေလည်း အများကြီး ၊ အလုပ်လိုချင်သူတွေလည်း အများကြီး ၊ ဘာလို့ မဟပ်စပ်ကြလည်း အဖြေထုတ်ရင်တော့ ………
ဒေါ်ရွှေအိ ပြောတဲ့ ကြီးနိုင်ငယ်ညှင်း လည်း ဖြေရှင်းမရတဲ့ အထဲ က တစ်ခု ဘဲ ..
koaung
February 22, 2013 at 3:12 pm
တွေ့ဘူးတယ် အလုဎ်တွေထဲမှာ ဘယ်လိုရလဲ နဲလား များလား အိုဗာတိုင်ရှိလား ငါးဖမ်:’လို့ရလား အစစမေးပြီ:
လုဎ်ငမ်: အတွေ့အကြုံကျဒေါ့ သိဝူး လုဎ်ဖူးဝူး အိမ်မှာ လက်မွေးမီ:မလောင် ခြေမွေးမီ:မလောင်နေလာတာ ဆိုဘဲ
ခင်မင်ချင်စရာလေးတွေပါ
nozomi
February 22, 2013 at 3:59 pm
ကိုထူးဆန်း ပို့စ် လေး တင်လိုက်တာ ပိုကောင်းသွားတယ်
ပို့စ် နှစ်ခုပေါင်းတော့ အကြောင်းအရာ က ပို ပြည့်စုံသွားတယ်
ဒါတောင် ပြောစရာတွေက အများကြီး ကျန်ဦးမယ်
အစ တစ်ခု ရရင် နောက်ထပ် တွေးစရာ ရေးစရာတွေ ထွက်လာတတ်တာ
ဒီ ရွာလေးရဲ့ အားသာချက်ပဲ
ကိုယ့်အမျိုး ကိုယ့်ပတ်ဝန်းကျင်အတွက် သာ ပြောရတာ
အကြောင်းသိတွေမို့ သိပ်တော့ အား က မရှိဘူး ရယ်
မရှိသော်လည်း ပြောတော့ ပြောနေ၊ ရ အောင် ဆွဲခေါ်နေ မှ ဖြစ်မှာ ကိုး
Wow
February 22, 2013 at 4:45 pm
ဒါ.. ဒို့ဗမာကွ…
သခင်မျိုးဟေ့ ဒိုဘာမန်း..
•*¨နန်းတော်ရာသူ •*¨
February 23, 2013 at 9:34 am
သဘောင်္သီးဘဝအတွေ့အကြုံလေးတစ်ခုကိုအားပေးဖတ်သွားပါတယ်။
ကိုယ်တိုင်မကြုံဖူးတာလေးတွေဖတ်ရတာ တော်တော်အရသာရှိလှပါတယ်ကထူးဆန်းရှင့်
uncle gyi
February 24, 2013 at 8:20 am
ကိုထူးဆန်းရေ
ဒါကအာရှယဉ်ကျေးမှုလို့ပဲပြောမယ်ထင်တယ်ဗျာ
အာရှနဲ့ဥရောပကွာတာဒီနေရာလို့ပဲပြောရမယ်ထင်ပါတယ်
တာဝန်ယူမှုဆိုတာအာရှကလွယ်လွယ်ဂတိပေးပေမဲ့
ဥရောပကလွယ်လွယ်ဂတိမပေးဖူး
အာရှကဂတိပေးထားပေမဲ့လုပ်ချင်မှလုပ်တယ်
ဥရောပကကတိပေးပြီးရင်အလေးထားတယ်
နိုင်ငံတကာနဲ့ပတ်သက်လာရင်ကိုယ့်အမူအကျင့်တွေမပြင်နိုင်ရင်ကိုယ်ပဲကျန်ခဲ့မှာ
ဒါကဖွတာမဟုတ်သတိပေးတာလို့ပဲပြောလိုက်ချင်ပါတယ်ဗျာ
ကိုရင်စည်သူ
February 24, 2013 at 3:09 pm
ကထူးဆန်းလည်း သင်္ဘောသီးဟောင်းပဲကိုး..
တခိုင်လုံးရွှေဆို တော်တော်သတိထားရပါတယ်..
ကိုရင်လည်း တခိုင်လုံးရွှေသင်္ဘောဆိုရှောင်ပါတယ်.. 😳
duty is duty ပါ။ personal is personal ပါ…
အဲ့အကန့်တွေ တော်တော်အားနည်းနေသေးတယ်..
အခြေခံ ပညာရေးက စပြီး ရိုက်သွင်းပြောင်းလဲပစ်ရပါမယ်..
သိကြတဲ့အတိုင်း.. သိကြတဲ့အတိုင်းပါပဲဗျာ..
ရေးစရာတွေအများကြီး ရေးမယ်နဲ့ ကွန်ပျူတာကိုင်လိုက်တာနဲ့
အိပ်ပျော်ပျော်သွာလို့…
မမူးတာကြာတဲ့ လှိုင်းကလည်း ခုတလော ခဏခဏမူးနေလို့..
လှိုင်းကြီးချက်များ.. အန်ဖတ်တောင်စို့တယ်.. 😥 😥
အလင်းဆက်
February 24, 2013 at 9:09 pm
ဘာမှ ဝင်မပြောတော့ပါဘူး ။
သူများတွေ ပြောသွားတာတွေကိုပဲ..
အားရပါးရ..ဖတ်ပြီး…
အားရပါးရ..ပြန် တွေး..မယ် ။
🙂