ကဗျာ ၂ပုဒ်
တ ချိ ု ့ က စ ပျ စ် သီ း ဖြ စ် တ ယ် ၊ တ ချိ ု ့ က စ န် း စ န် း တ င့် ဖြ စ် တ ယ်
(အောင်ဝေး)
တချို ့က စပျစ်သီးဖြစ်တယ်
တချို ့က စန်းစန်းတင့်ဖြစ်တယ်။
ခေတ်ကြီးကိုက
ကိုလိုမနီ၊ ခရိုနီခေတ်။
တချို ့က လက်ဝေခံဒီမိုကရေစီ
တချို ့က လက်ကျန်ဒီမိုကရေစီ။
ရန်ကုန်က ရထားမဖြစ်ဘူး
ရန်ကုန်က တယောဖြစ်နေတယ်။
တချို ့က နောက်ပြန်လှည့်မှာစိုး
တချို ့က နောက်ပြန်မလှည့်မှာစိုး။
မြစ်ကြီးက ဘယ်ကိုစီးရမှန်းမသိ
ထောင်(ထောင်)နဲ ့ငြိလို ့။
တချို ့က စွယ်စုံကျော်ထင်
တချို ့က သေတ္တာမှောက်။
ဒီတစ်ခါ ဇာတ်ခေါင်းကွဲရင်
ရွာပြင်ထုတ်ခံရတော့မယ်။
တချို ့က ရွှေဝါရောင်ကိုမျက်ကွယ်ပြု
တချို ့က လက်ပံတောင်းတောင်ကိုလျစ်လျူရှု။
ဗမာပြည်မှာ နာရီတွေကရှား
ဗမာပြည်မှာ နာဇီတွေကများ။
တချို ့က စစ်ဘေးဒုက္ခသည်
တချို ့က ရဲဘေးဒုက္ခသည်။
တောမီးကို တောမီးနဲ ့မှ ငြှိမ်းလို ့ရမယ်
ရေသန် ့ဘူးနဲ ့မရဘူး။
တချို ့က ရွာလွန်ရွက်တိုက်
တချို ့က ရွာပြင်ကြက်တိုက်။
ကြည့်စမ်း- အချောင်သမားတွေ
ဓားကို အရင်းကမကိုင်၊ အဖျားကကိုင်လို ့။
တချို ့က တရားအားထုတ်
တချို ့က မျက်ကန်းမျိုးချစ်။
“ငါတို ့လည်း အိုဘားမားကြီးပြန်သွားမှ၊ ပိုအဖမ်းခံနေရပေါ ့“ တဲ့
လမ်းဘေးကစကား၊ လမ်းပေါ်ကကြား။
တချို ့က အမျိုးသားပြန်လည်သင့်မြတ်ရေး
တချို ့က အမျိုးသားပြန်လည်တိုက်ခိုက်ရေး။
“ကျားကိုသတ်ရင်သတ်၊ မသတ်ရင် ကျားက ကိုယ့်ကိုသတ်မှာပဲ“
ရိုးမက မုဆိုးကြီးကိုဖိုးဇုံ၊ ခင်ဗျားအခုရှိသေးလား။
တချို ့က အတိတ်မှာပဲ အသက်ရှင်နေ
တချို ့က အနာဂတ်အတွက် ကြိုတင်သေဆုံးနေ။
ဟစ်တလာက သက်သတ်လွတ်စားတယ်
ဂျူးလူမျိုး(၆)သန်းက ဟင်းရွက်ကန်စွန်းတွေလား။
တချို ့က ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်တယ်
တချို ့ကငြိမ်းချမ်းရေးအတွက် ဖိလစ်ပိုင်သွားတယ်။
နိုင်ငံရေးလုပ်တယ်ဆိုတာ၊ အစိုးရ မကောင်းကြောင်းပြောတာပဲ
ကြောင်ကိုဘယ်သူ ချူဆွဲပေးမလဲ။
တချို ့က နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအော်တယ်
တချို ့က အော်တဲ့လက်ကိုပြန်ကိုက်တယ်။
(ကချင်) စစ်ရပ်ဖို ့လူထုမှာတာဝန်မရှိ
အစိုးရမှာပဲ ရှိတယ်။ (ဒေါ်အောင်ဆန်းစုကြည်မှာလည်းရှိတယ်)
တချို ့က ငြင်းပယ်ခြင်းကိုငြင်းပယ်
တချို ့က သဘောမတူကြောင်းသဘောတူ။
ခေတ်က ပြောင်းပြေးသွားပြီ
ကျန်ရစ်သူ လေထဲမှာ အိုက်တင်တန်းလန်းကြီး။
တချို ့က လေလံသမား
တချို ့က ဖျံဖမ်းသမား။
ကဗျာဆရာသမဂ္ဂဖွဲ ့တာ၊ ဒေါက်တာဇီဗားဂိုး ဘာ့ကြောင့်မပါတာလဲ
ငမူးတစ်ကောင် ထအော်တယ်။
တချို ့က လစ်ဘရယ်
တချို ့က ညစ်ပုပ်ကပ်ကျယ်။
ဘယ်ညောင်ပင်မှာ
ဘယ်ရာဇဝင်ကို လမ်းခွဲရမှာလဲ။
တချို ့က ရထားမမီ၊ ဘူတာမီးနဲ ့ရှို ့
တချို ့က ခွေးကတက်မှာ ကော်ကျို ပိုစတာကပ်။
ဘယ်တော့ အာဏာရမှာလဲ
မမေးတော့ပါဘူး။
ဒီကဗျာ
လေဒီကြီး မဖတ်မိစေနဲ ့။
သူက စပျစ်သီးဖြစ်တယ်
သူက စန်းစန်းတင့်ဖြစ်တယ်။ ။
အောင်ဝေး
==========================
တုုံးမောင်းခေါက်သံ
———————————————
(မိုုးသီးဇွန်)
တစ်။
ကုုန်သည်လေ တိုုက်ချိန် ကြ မှာ
ငါဒိုု ့ဟာ လက်ဗလာနဲ ့
အိမ်ကိုုပြန်လာကြ။
လယ်တွေကို ဒိုု ့မပိုုင်ကြတော့ဘူးလေ ။
ဒါမြေကိုုသိမ်းတာမဟုုတ်၊
ဘဝတွေကိုုဖျက်သိမ်းလိုုက်တာလေ။
မြေတွေကိုုယူသွားတာမဟုုတ်
ရွှေတွေကိုုယူသွားတာ။
တောင်တွေကိုုယူသွားတာမဟုုတ်
အပြုံးတွေကိုုယူသွားတာ။
ထန်းတော ကိုုယူသွားတာမဟုုတ်
ယဉ်ကျေးမှုကိုု ယူသွားကြတာလေ။
သူတိုု ့တံခါးတွေ ဖွင့်၊
ဒိုု ့ တခါးတွေကိုု ပိတ်လိုုက်တာ။
နှစ်ပေါင်း ၅ဝ ကျော်အတွင်း၊
သူတိုု ့ ရဲ ့ ခနခန ပြောင်းလဲခြင်းတွေထဲမှာ
ပြောင်းလဲခွင့်မရသူတွေသာများလာရဲ ့ ။
လမ်းကောင်းကောင်းပေါ်မှာ မလျောက်ခဲ့ရပေဘူး။
ကျောင်းကောင်းကောင်းမနေခဲ့ရဘူး။
ဆေးရုုံကောင်းကောင်း ပေါ်မပြခဲ့ရဘူး။
ဈေးကောင်းကောင်း မဝယ်ဖြစ်ခဲ့ဘူး။
ဒီတော့
လူကောင်းကောင်းမဖြစ်ခဲ့ဘူးဆိုုပါတော့။
လူတွေကျုံလှီလာတာနဲ့အမျှ
တယောက်ကိုုတယောက်
အမုုန်းပွားဖိုု ့လွယ်လာကြတာပဲရှိတယ်။
ဒါကိုုသူတိုု လိုုခြင်နေတာလေ။
နှစ်။
သူူတိုု ့တခါးမဖွင့်ခင်အချိန် အထိ
ရွာပတ်လည်မှာတောင်တွေရှိနေသေးတယ်။
တောတွေရှိနေသေးတယ်။
ရေတွင်းထဲကရေကိုုသောက်လိုု ့ရသေးတယ်။
ဖွင့်ထားတဲ့တံခါးက
ယင်ကောင်တွေတဝီးဝီးဝင်လာကြတယ်။
သုုံး။
ပျား၊ပိတုုန်း၊လိပ်ပြာတွေ
ရေကန်မှာ ကြာရိုုးကြာစွယ် တွေနဲ ့ လှနေတဲ့ ရွာဟာ ၊
မနက်မှာ နေ
ည မှာ လ။
လယ်တောနဲ ့တောင် ပဏာရ
သွယ်လျှလျှ မြစ်ကြောင်း
နှစ်ပေါင်းများလှပေါ့။
ဘူတိုုဇာတွေ ဝင်လာကထဲက ကတည်းက
ဖုုန်တထောင်းထောင်းထ၊
အကျည်းတန်သွားခဲ့ရပြီ။
အဖိုုးတွေ လက်ထက်ကတည်းက
တောလိုုက်ခဲ့တဲ့ တောင်။
ခွေးလျှက်ထားတဲ့ပုုဂံလိုု ပြောင်သလင်းခါလိုု ့၊
ကျွဲနာအိုုင်လိုု ဟောက်ပက်
(ယောက်ဖရေ)
တကယ့်ရုုပ်ပျက်ဆင်းပျက်ပါပဲ
လေး။
ဒီတောင်ပေါ်မှာ
ပဒပ်ဆာခူးရင်း ၊
မမင်း ရယ်လေ၊
မြှစ်စိုု ့ ပေါက် အသွင်
မစွမ်းအင် ရှိခဲ့ကြ။
‘’ စပယ်နှစ်ပွင့်ကိုုထရံကာမိကြတယ်။’’
ချစ်သူတိုု ့ပေါ့…။
တရွာလုုံးကိုု
လျောက်ပြုုံးပြခဲ့တဲ့နေရက်တိုု ့ပေါ့။
မိုုးရွာလိုု ့နမ်း၊
လေတိုုက်လိုု ့နမ်း။
ချစ်လိုု ့နမ်းနဲ ့
ဘဝမှာအနမ်းဟာအရေးကြီးဆုုံးပဲ။
ဒါကိုုသိသည့်နောက်
ခြေလှမ်းတိုုင်းဟာယုုံကြည်မှုရှိလာတယ်။
မိုုးနဲ ့သက်တန် လိုု
ဇရက်နဲ့လက်ပန်လိုု တပူး တွဲတွဲ … ။
တောင်ပေါ်မှာတခါ၊
တောင်အောက်မှာတခါ။
ရှိုထဲမှာတခါ။
မခွဲနိင်မခွာရက်၊
ရက်ဆက် ကြိုထောက်။
ချစ်သူနှစ်ယောက်အကြောင်း၊
လက်ပဒေါင်း တောင် သက်သေတည်ခဲ့ပြီ။
အိုု .. ကိုုးမြို ့ရှင် ..
အရင်လိုုပဲ
လာ ပါ။
စားပါ။
သောက်ပါ။
ပျော်ပါးပါ။
ပုုဆိုုးတန်းတင်ပွဲမှာ။
အချစ်တခုုရဲ ့ မြစ်ဖျားခံရာ ဟာလဲ
နီညိုရောင် သန်း
ဟော့ဒီ … တွန် ့ခေါက်တောင်တန်း ပါပဲ။
ငါး။
ဒီနယ်တရိုုးမှာ
ဒိုု ့ရွာပေါ်က
မိုုးကောင်းကင်ဟာ
အပြာ ဆုုံး။
ငါဒိုု ့မြေပဲဟာဆီအထွက်ဆုုံး။
ထန်းမြစ်ဟာအချိုဆုုံး။
သားတွေဟာ အသန်မာဆုုံး
သမီးတွေဟာအချောဆုုံး။
စံနှုန်းတွေကိုု ဂုုဏ်ယူခဲ့ကြ။
လူဟာ အောင်မြင်မှုထက် တန်ဖိုုးရှိဖိုု ့ ကိုုလိုုလား
ဒါဟာဒိုု့ရွာရဲ ့ ထုုံးထားပါပဲ။
တရွာလုုံးက အပျိုမ တွေ ၊
ဆင်းကူးနေကြ၊
လှတဲ့ မြစ်။
ချစ်တဲ့လှိုင်း၊
နွားရိုုင်းမောင်းသံ
မြစ်ရိုုးမှာကျွတ်ကျွတ်ညံခဲ့။
မြစ်ဆိုုတာ လူနဲ ့သတ္တဝါတွေကြား၊
သစ္စာတရား တခုုပါပဲ။
ငါဒိုု ့ရွာသားများ ဟာ
ကျွဲနွားတအုုပ်ကစ
ငါးသန်သေးနုုပ်အဆုုံး
အားလုုံး အပေးယူ မျှ မျှ နေခဲ့ကြတယ် ။
တပုုံကိုုယူ၊
တပုုံကိုုလျူ ခဲ့ကြရဲ ့။
ခုုတော့ ..
အက်ဆစ်တွေက
မြစ်ပြင်ကိုမီးတင်လိုုက်ကြပြီ။
တောင်ကြီး တွေ ပြို သွားရင်
ထန်းပင်တွေလဲ ရင်ကွဲ၊
မိုုးတိမ်မဲကြီး တွေလည်းလွှင့်ပါးပျောက်
ဗျိုင်းအောက် တွေလဲ၊
မပျံဝဲ နိင်တော့ပေဘူး။
ခြောက်။
ဒီမြေမှ နေ
ဒီရေကိုုသောက်။
ငါနဲ ့ငါယောက်ဖ
လည်ပင်းဖက်ကြီးလာကြရဲ ့ ။
မြေပဲနှုတ်အပြီးအပြန်၊
ကျူးကျော်သူတွေ လိုု ့သတ်မှတ်ခံလိုုက်ရတယ်။
ဒိုု လယ်တွေပြန်မရတော့ပေဘူး။
ပါးစပ်က ထန်းရေ နံ ထ တာကလွဲလို ့
ငါဒိုု ့ဟာ ဥပဒေကိုုမချိုးဖေါက်ခဲ့ကြပါဘူး။
တိုုင်းပြည် အပေါ်မှာသစ္စာမဖေါက်ခဲ့ကြပါဘူး။
အဖမြင်းဖြူရှင်ကိုု ပူဇော်မပျက်ခဲ့ပါဘူး။
ငါယောက်ဖ က တအံတဩနဲ ့
‘’ ဒိုု ့မြေပဲခင်းတွေအားလုုံး ကိုု နိင်ငံတော်က ပိုု်င်သတဲ့ကွ’’
လိုု ့ဆိုုလိုုက်တဲ့အခါ
ရွာတော့ အပမှီ ပြီဆိုုတာသိလိုုက်ကြတယ်။
ကုုန်သည်လေ တိုုက်ချိန် ကြ မှာ
ငါဒိုု ့ဟာလက်ဗလာနဲ ့
အိမ်ကိုုပြန်လာကြ၊
လယ်တွေကို ဒိုု ့မပိုုင်ကြတော့ဘူး။
ဒိုု ့ရွာပတ်ပတ်လည်မှာ
ကျန်ခဲ့တဲ့ အရာတွေက
ခေါစာပြစ်လိုု ့မရတဲ့ ခရိုုနီတွေရယ်
မကျူးးကျော်ရဆိုုတဲ့ဆိုုင်းပုုဒ်တွေရယ်၊
ရောဂါဆိုုးတွေရယ်၊
ကျွတ်ကျွတ် အိပ်တွေ ရယ်ပါပဲ။
ခုုနစ်။
သူငယ်ချင်းကောင်းယောင်းမတိုု ့ရေ ၊
ငိုုမနေကြနဲ ့
မိုုးမချုပ်မှီ
စောစောလာခဲ့ကြ။
ကောက်စွတွေယူခဲ့ကြ။
ယာတွေကိုုမီးရှို ့ကြမယ်။
လယ်ကွင်းတွေထဲက တေးသံ လွင့်ပျံ ။
နာနာဘာဝမှန်သမျှ မောင်းထုုတ်ကြတဲ့ပွဲ မှာ၊
တုုံးမောင်းခေါက်သံတွေ၊
ဘဝင်္ဂ်ညံနေရခြိမ့် မယ်။
(မိုုးသီးဇွန် )
ဒီဇင်ဘာ ၄၊၂၀၁၂ ။
လက်ပဒေါင်းတောင်ရွာ သူရွာသားများနှင့်
ကိုုဟန်ဝင်းအောင်၊ ကိုုအောင်စိုုး တိုု ့အတွက်။
19 comments
kyeemite
February 23, 2013 at 8:35 am
ကဗျာမရေးတတ်ပေမဲ့ ဒီနှစ်ပုဒ်လုံးကြိုက်တယ်…
ဒါပေမဲ့ မိုးသီးဇွန်ရေးတဲ့ကဗျာကို ပိုခံစားလို့ရတယ်…
ဘဆွေ
February 23, 2013 at 8:37 am
သဂျီးရေ..နှစ်ပုဒ် စလုံး တစ်ပုဒ်ကို သုံးခေါက်စီ ဖတ်လိုက်တယ်….
တစ်ခါဖတ် တိုင်း နားလည်မှုနဲ့ ခံစားရမှု က တစ်ဆင့်ထပ်တိုးတယ်..ရင်ထဲပိုရောက်လာတယ်..
ပထမ ကဗျာက..ကျစ်တယ်..မာတယ်..တင်းတယ်.. တိုတယ်..ရင့်တယ်..ကျွပ်ဆပ်တယ်. .ဒေါပါတယ်.. ဖတ်ရတဲ့သူပါရောပြီး ဒေါပါလာအောင် ဆွဲခေါ် တယ်..စကားလုံး အသုံး နက်တယ်..
” ကြည့်စမ်း- အချောင်သမားတွေ
ဓားကို အရင်းကမကိုင်၊ အဖျားကကိုင်လို ့။”
သူခိုး ဓါးရိုး ကမ်းတယ် ဆိုတာ ကို သုံးသွားတဲ့စကား.. ကိုယ်တွေဘယ်တော့မှ သုံးတတ် ရေးတတ်မှာ မဟုတ်ဘူး…
ဒုတိယ ကဗျာ..ရိုးတယ် ..စင်းတယ်. .ချောတယ်..ညွတ်တယ်.. အပျော့ဆွဲတယ်…တွဲ့တယ်.. ရွဲ့တယ်…ခနဲ့တယ်.. .စောင်းတယ်.မြောင်းတယ်. .ထေ့တယ်..ငေါ့တယ်.. တိုင်တည်တယ်..နှစ်သိမ့်တယ်
အရင် သာယာ အေးချမ်းပုံ နဲ့ ယခု ခြောက်ခမ်း ပူပန် ရပုံ နှစ်ခုကို ယှဉ်တွဲ ပြပြီး ဖတ်တဲ့သူ ရင်ကို.. လွမ်းသွားအောင်..နာသွားအောင် …ဆွေးသွားအောင်..မခံချိ မခံသာဖြစ်အောင်..လုပ်ပြီးမှ..ဒို့တွေ ..ဒီလိုဖြစ်နေကြပြီ..ဒီလိုခံနေရပြီ…
ဒါတွေဖြစ်နေတယ် ..ဒို့တွေငြိမ်မခံပဲ တွန်းလှန်ရအောင် ဆိုပြီးခေါ်လိုက်တာ…
ရေးလဲရေးတတ်ကြပါ့ ..ထွက်လည်း ထွက်တဲ့ ဉာဏ်..ကွန့် လည်း ကွန့်တတ်ကြတဲ့ အတွေး..ဒါကြောင့်လည်းကဗျာ ဆရာ ဖြစ်နေကြတာ..
တင်ပေးတဲ့သဂျီးကို ကျေးဇူး..
ဘဆွေ
မဟာရာဇာ အံစာတုံး
February 23, 2013 at 10:27 am
တချို ့က စပျစ်သီးဖြစ်တယ်
တချို ့က စန်းစန်းတင့်ဖြစ်တယ်။
အိုက်ဒါ .. ဘာကြောဒါဒုံးဂျ … အဟီးးး
ဆရာအောင်ဝေး ကဗျာကို ပိုကြိုက်တယ် ….
အပေါ်က ဟာလေး မသိတာက လွဲလို့ပေါ့လို့ …
:kwi:
Mr. MarGa
February 23, 2013 at 8:39 pm
ကဗျာ နှစ်ပုဒ်လုံးကို လုံးစေ့ပတ်စေ့ မဟုတ်ပေမယ့် ရိပ်ဖမ်းသံဖမ်း ခံစားသွားပါတယ်။
ပြောရမယ်ဆိုရင် ဆရာအောင်ဝေးကဗျာကို ပိုကြိုက်မိတယ်။
စပျစ်သီးမဟုတ်သော်လဲ
စန်းစန်းတင့် ဖြစ်တတ်သော
ဦးမာဃ
မောင် ပေ
February 23, 2013 at 8:55 pm
တစ်ချို ့က စားအုန်းဆီကို အင်ထုတယ်
တစ်ချို ့က ပဲဆီကို အင်ထုတယ်
ဒီလိုနဲ ့ပဲ
မြန်မာ့အသဲတွေ ယောင်လာ ကျွတ်လာ နာလာတာ ကြာပေါ့
အိုဘာတဲ့
ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံ
johnnydeer
February 23, 2013 at 11:55 pm
ကြိုက်လို့ရှယ်လိုက်ဦးမယ်နော…
ဦးကြောင်ကြီး
February 24, 2013 at 11:27 am
ငါ့ကြတော့ ရေးလိုက်ရတဲ့ ကဗျာတွေ၊ ဘယ်သူမှလည်း အရေးလုပ်ဝူး.. ခွီးထဲမှဗဲ… :eee:
Mobile
February 24, 2013 at 9:35 pm
ကူးယူထားလိုက်ပါတယ်ဗျာ….
ဘာမှတော့ အထွေအထူး ဝေဖန်မနေတော့ပါဘူ……
ခိုင်ဇာ
February 25, 2013 at 9:50 am
ကျန်တဲ့ဟာတွေ ဘာမှပြောချင်ဘူးရယ်။
ဒီလူကြီးတွေ သုံးတဲ့ စကားလုံးအား အရမ်းကောင်းတယ်လို့ ခံစားရတယ်။
ကူးထားလိုက်တယ်။
ကို အောင်ဝေး ခေါင်းစဉ်ကို သဘောကျတယ်။
အနော်ကတော့ မရတဲ့ စပျစ်သီးမချဉ်ဘူး။
လွတ်တဲ့ငါးတွေပဲ ကြီးတတ်တယ်။
စန်းစန်းတင့်ဖြစ်ဖို့ကတော့ လူ ရွေးတယ်။
:kwi:
Wow
February 25, 2013 at 12:32 pm
လွတ်တဲ့ငါးမကြီးရအောင် မြစ်ရိုးတစ်လျှောက် ဗုံးထောင်မယ်…
ဘယ်ငါးမှ မလွှတ်စေရဝူး.. :harr:
ခိုင်ဇာ
February 25, 2013 at 12:38 pm
သေကုန်မှာ ပေါ့လို့။
မယ် ဝါးရယ်။ ရက်စက်ပါ့။
ကျုပ်က အရှင်ကို ကြော်စားချင်လို့ရယ်။
Mလုလင်
February 25, 2013 at 11:26 am
မိုးသီးဇွန် ဆိုလို့ . . . . . လေယာဉ်ကွင်းမှာ ကားပေါ်တက် ပြီး ဟန်ပါပါ လက်ကားကား၊ ခြေကားကား နဲ့ ပုံ ကိုပဲပြေးပြေး မြင်တယ် .. .. .. ..။ သူ့ကို တရားစွဲ ထားတယ် လဲ ကြားတယ် . . .။ ဘာမှ တောင် ပြန်မဖြေရှင်း ပဲ .. ဟိုလူ လုပ်တာ လိုလို၊ ဒီလူ ခိုင်းတာလိုလို နဲ့ . . . . အဲ့ဒါ လေးကော ဘာကြား သလဲ သူကြီး ရဲ့ . . . .။
kai
February 25, 2013 at 1:23 pm
Celebrity ကို စပျစ်သီးလို့ သုံးတယ်ထင်နေတာ..
ဟုတ်မဟုတ်တော့ မသိ..။
ပြောရရင်..
အခုခေတ်.. ထမင်းဝ..ခါးထွားနေကြတဲ့.. ဗိုလ်ချုပ်နဲ့အထက်တွေ.. မိုးသီးဇွန်နဲ့.. ၈၈တွေကျေးဇူး.. တယ်မကင်းဘူးပဲ..
စပျစ်သီးတွေရော.. စန်းစန်းတင့်တွေရော.. ခရိုနီတွေရော.. ပေါ့လေ.. :kwi:
ခိုင်ဇာ
February 25, 2013 at 1:31 pm
ဟမ်။
အဲဂလိုလား။ သိပါဘူး။
ဟီး။
မရတဲ့ စပျစ် ချဉ်တတ်သူတွေကို ပြောသလားလို့။
လွဲပြီထင်တယ်။
Wow
February 25, 2013 at 1:47 pm
စန်းစန်းတင့်ကတော့ ဆြာရီးဒွေကို ပြောဒါမလား.. :bar:
ခိုင်ဇာ
February 25, 2013 at 1:55 pm
ဟင်။
နာ ထင်တာတွေ လွဲပြန်ပလား။
နာ က စန်းစန်းတင့်ဆိုတာ Sensitive ဖြစ်တတ်တဲ့သူတွေကိုပြောတာလားလို့ မှတ်နေတာ။
နာ တို့ သူငယ်ချင်းတွေကြားမှာ အဲ့ဂလို သုံးလို့။ 🙄
kai
February 25, 2013 at 4:45 pm
စပျစ်သီး = Celebrity
စန်းစန်းတင့် = Sensitive
လေဒီကြီး = ဒေါ်အောင်ဆန်းစုကြည် :kwi:
ကိုပေါက်(မန္တလေး)
February 25, 2013 at 3:17 pm
ပထမ ကဗျာက ကျနော်တို့နဲ့အတူနေခဲ့သူဆိုတော့ ခံစားမူ့ ပိုစစ် တယ်လို့ ထင်မိပါတယ်။
အောက်က ကဗျာကတော့ ခါတော်မီ ပရိသတ်အကြိုက်လိုက်ရေးထားတဲ့ ခံစားမူ့အတုနဲ့ကဗျာလို့
ယုံကြည်ပါတယ်။
သူတို့နဲ့အတူတွဲခဲ့တဲ့ ဆမားညီညီ သာ ဒုတိယကဗျာကိုဖတ်မိရင်
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
marblecommet
March 1, 2013 at 12:57 am
ဘာပဲပြောပြော
ယာမာဂူချီခင်ဆွေရီနဲ့
မြင်းကုန်းနှီးပေါ် လွက်လွှင့်
ကို လွမ်းတုန်း
သတိရတုန်း