“ကျွန်တော်တို့ချစ်သောမန္တလေး“
“ကျွန်တော်တို့ချစ်သောမန္တလေး“
…………………………………………..
“မန္တလေး“လို့ဆိုလိုက်လျှင်ဖြင့်“အုပ်ကျစ်ကျော်အေးမန္တလေး“ဆိုတဲ့ဆိုရိုးစကားလေးကအတွေးကမ္ဘာထဲဝင် ရောက်လာခဲ့သည်။
“အုပ်က-၁၊ကျစ်က-၂၊ကျော်က-၂၊အေးက-၁။ဟုအလွယ်မှတ်သားလွယ်အောင်“မန္တလေး“ ခေါ်ရတနာပုံနေပြည်တော်ကြီးကိုတည်ထောင်ခဲ့တဲ့နှစ်ပင်မဟုတ်ပါလား။
၁၂၂၁-ခုနှစ်မှာရတနာပုံမန္တလေးမြို့ကို မင်းတုန်းမင်းကြီးတည်ဆောက်ကာသာယာလှပသောနန်းတော်တစ်ခုဖန်ဆင်းခဲ့သည်။
တပြိုင်နက်တစ်ချက်တည်းဖန်ဆင်းတော်မူခဲ့သော“မြို့တော်၊ကျုံးတော်၊စေတီတော်၊သိမ်တော်၊ကျောင်းတော်၊
ပိဋကတ်တော်၊သုဓမ္မာဇရပ်တော်ဟူသောဤခုနှစ်ဌာနကိုတပြိုင်နက်တချက်တည်းဖန်ဆင်းတည်ထောင်ခဲ့သော-
မန္တလေးရတနာပုံနေပြည်တော်ကြီးဟာယခုုဆိုလျှင်နှစ်ပေါင်းတစ်ရာ့ငါးဆယ်ကျော်လွန်ခဲ့ပြီးဒီလိုနှစ်ပရိစ္ဆေဒ- ကျော်လွန်ခဲ့ကြပေမယ့်တိုးတက်နေဆဲ၊
စည်ပင်နေဆဲ၊လှပနေဆဲဖြစ်သည်။ကမ္ဘာလှည့်ခရီးသည်တို့ရဲ့အားထားရာဖြစ်တဲ့မန္တလေးမြို့တော်ကြီးဟာကျော်ဇောခြင်းဂုဏ်ဒြမ်တွေနဲ့ပေါင်းစည်းကာ
မြန်မာကိုကမ္ဘာကသိနိုင်ခဲ့သည်။
တောတောင်သဘာဝဝန်းရံခပြီးရှုချင့်စဖွယ်ရှု့ခင်းတို့ရဲ့ပြည့်စုံမှုကလည်းတနည်းတဖုံမန္တလေးမြို့တို့ရဲ့အလှတရားတွေကိုဖော်ထုတ်နေတဲ့ခဲ့သည်။
ဒီလိုပြီးပြည့်စုံတဲ့မန္တလေးမြို့တော်ကြီးကိုချစ်ခင်ကြတဲ့သူတွေဟာအများပင်။ဒီထဲမှာစာရေးသူကိုယ်တစ်ဦးအပါဝင်ဝင်ရောက်နေခဲ့ပြန်သည်။
ငယ်ငယ်ကအကိုတစ်ယောက်ရဲ့ခေါ်ဆောင်မှုကြောင့်မန္တလေးမြို့ကြီးကိုရောက်ခဲ့ရပြီးသာယာလှပတဲ့မြင်ကွင်းတွေကိုမြင်တွေ့ရတာလည်းမမေ့နိုင်မမောနိုင်
ပျော်ရွှင်ခြင်တွေကိုခံစားခဲ့ရသည်။
ရတနာမြို့တော်ဟုဆိုလင့်ကစား“ရတနာ“တွေပေါင်းစုနေတဲ့ဒီမန္တလေးမြို့ရဲ့အထင်ကရရတနာအပါဝင်မန္တလေးမဟာမြတ်မုနိုဘုရားကြီးဟာလည်း
ကြည်ညိုသပါယ်စရာဖြစ်ခဲ့သည်။
အကိုရဲ့ခေါ်ဆောင်ရာနောက်ကိုလိုက်ပြီးအကိုရှင်းပြတဲ့စကားကို နားထောင်ကာကြည်ညိုစရာမဟာမြတ်မုနိမြတ်စွာဘုရားကြီးကိုအကြာကြီးဖူးတွေ့ခဲ့ရသည်။
ဒီလိုတင့်တယ်သပ္ပါယ်လှစွာမြတ်ဗုဒ္ဒကိုဖူးတွေ့ရတော့ကြည်နူးခြင်းပီတိတွေကကျွန်တော့်ရင်ထဲသို့
တဖွဖွစိမ့်ဝင်နေခဲ့ပြန်သည်။တင့်တယ်သပါယ်လှတဲ့မဟာမြတ်မုနိရုပ်ရှင်တော်စွာဘုရားကြီးကိန်းဝပ်စံပယ်ရာ
ကန္ဓကုဋီတိုက်ကြီးဟာလည်းရှေးလက်ရာတို့ရဲ့ကနှုတ်ပန်းတွေနဲ့အပြိုင်အဆိုင်လှပဆွဲဆောင်နေခဲ့ပြန်သည်။
ဖူးတွေ့မဝ၊ကြည့်ရှု့မဝ၊လှပတင့်တယ်ခြင်းတွေနဲ့ပြည့်စုံသောမဟာမြတ်မုနိမြတ်စွားဘုရားကြီးကိုဖူးကြသော
အနယ်နယ်အရပ်ရပ်ဘုရားဖူးတို့ရဲ့ပုံရိပ်တွေကလည်းမြတ်ဗုဒ္ဓရဲ့အာဝါသအောက်ခုံလှုံနေကြသူတို့ပီပီ၊
မျက်နှာပုံရိပ်တွေမှာလည်းအေးငြိမ်းမှုတွေပေါ်လွင်နေခဲ့သည်။ကမ္ဘာလှည့်ခရီးသည်တို့ရဲ့အံ့ဩခြင်း၊
ပျော်ရွှင်ခြင်းပီတိလှိုင်းဂယက်တွေကမျက်နှာတွေပေါ်ထင်ဟက်လာကြပြီးတွေ့မြင်သူကျွန်တော်တို့လိုဘုရားဖူးတွေကို သူတို့ရဲ့ဘာသာစကားဖြင့်နုတ်ဆက်နေခဲ့ပြန်သည်။
ဪ……..ကြည်နုူူးစရာပုံရိပ်တွေပါလား။ တွေ့ရာမြင်ရာပုံရိပ်တွေကကျွန်တော့်ကိုဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့ပြီး“မန္တလေးမြို့တော်“ဆိုတဲ့စကားသံကြီးက
ရင်ထဲကိုပဲ့တင်ထက်နေခဲ့သည်။အကိုယ့်ရဲ့နောက်ကိုလိုက်ရင်းရှု့မဝ၊ဖူးတွေ့မဝတဲ့မဟာမြတ်မုနိမြတ်စွာ ဘုရားကြီးကိုဝမ်းနည်းစွာနှင့်ထားခဲ့ရသည်။
“မင်း…အစပဲရှိသေးတာ“ဆိုတဲ့စကားဟာကျွန်တော့်ကိုပိုပြီးပျော်ရွှင်စေခဲ့သည်။
အစဖြစ်တဲ့မန္တလေးပုံရိပ်တွေကကျွန်တော့်ကိုဒီလောက်ဆွဲဆောင်နေခဲ့ရင်နောက်ထက်မြင်တွေ့ရမယ့်ပုံရိပ်တွေကို
ကျွန်တော်တွေ့ချင်မြင်ချင်စိတ်ကတဖွဖွဖြစ်နေခဲ့သည်။ရောက်တဲ့အရပ်ရောက်တဲ့နေရာတွေမှာပြောပြရှင်းပြတဲ့အကိုယ့်ရဲ့စေတနာတွေနှင့်အတူ
မန်းမြေရဲ့ပုံရိပ်တွေကိုကြည့်ရင်းပျော်ရွှင်နေခဲ့သည်။ “အဲဒါပဲကွ…ဈေးချို..ဆိုတာ“ကျွန်တော်ဆိုရင်ကြားဖူးနားဝရုပ်ရှင်တွေ၊စာအုပ်တွေထဲမှာတွေ့ရပေမယ့်ယခုလို
ခံ့ခံ့ငြားငြားအဆောက်အအုံတွေရှေ့မှာရောက်ရလိမ့်မယ်လို့မထင်မိ။မော့ကြည့်ရခဲ့ရတဲ့“ဈေးချိုတော်“
အဆောက်အအုံကြီးကခံ့ငြားထည်ဝါလှပါဘိနဲ့၊ကြည့်မဝ၊ရှုမဝဖြစ်နေခဲ့ရပြန်သည်။
လိုအပ်နေတဲ့အရာလေးတွေဝယ်ဖို့အတွက်ဈေးချိုရုံကြီးထဲကိုဝင်လိုက်ပြီဆိုလျှင်ဖြင့် ဖော်ရွေတဲ့မန်းသူ/မန်းသားနုတ်ဆက်သံကလည်းကျွန်တော့်ကို
တနည်းတဖုံနှစ်သက်စေခဲ့သည်။“မဝယ်ရင်နေပါ၊လိုအပ်တာရှိရင်ပြောပါ၊ဝင်ကြည့်ပါ၊မေးပါစသည်ဖော်ဖော်ရွေရွေရွှေမန်းသူ/မန်းသားတို့ရဲ့ဖိတ်ကြားသံတွေ
“အကိုဘာလိုအပ်သလဲ၊ဘာရှာနေတာလဲ“စသည်ပြောတက်ကြတဲ့ရွေမန်းသူ/ရွေမန်းသားတို့ရဲ့
အရင်းခံစေတနာနှင့်ကူညီတက်တဲ့စိတ်ဓာတ်တွေကိုကျွန်တော်ကြားရမြင်ရတွေ့ရတော့ပျော်ရွှင်မိခဲ့သည်။
ဝတ်ဆင်ထားတဲ့မြန်မာဆန်ဆန်အဝတ်ကလည်းရင်ဖုံးအကျႌချိတ်ထမီဟာကျက်သရေမင်္ဂလာပြည့်စုံနေသော
မြန်မာအမျိုးသမီးတို့ရဲ့ဂုဏ်ပုဒ်တွေကိုခေါ်ဆောင်ရာရောက်နေပြန်သည်။စည်စည်ကားကားပြည့်စုံလှတဲ့မန္တလေး
မြို့ရဲ့ဈေးချိုရုံကြီးထဲမှာလိုအပ်နေတဲ့အရာဝတ္ထုတွေပြည့်စုံနေပါလားဆိုတာကျွန်တော်သိလိုက်ရပြန်သည်။
ခံငြားထည်ဝါးလှတဲ့အဆောက်အအုံပြီးပြည့်စုံတဲ့အရာဝတ္ထု၊ဖော်ဖော်ရွေရွေဆက်ဆံတက်တဲ့ရွှေမန်းသူ/ရွှေမန်းသားတွေဟာ
ေ
ရာက်လာသူမှန်သမျှလိုအပ်နေသောအရာဝတ္ထုတို့ကိုပြည့်စုံစေနိုင်ခဲ့သည်၊ကျေနပ်စေနိုင်ခဲ့သည်၊ ပျော်ရွှင်စေနိုင်ခဲ့သည်။
လိုအပ်တဲ့အရာဝတ္ထုလေးတွေဝယ်ခဲ့ကြပြီးညီအကိုနှစ်ယောက်ဈေးချိုပေါ်မှထွက်ခဲ့ကာ“အိမ်တော်ရာစေတီတော်“ဘက်သို့ဦးတည်ခဲ့သည်။
အိမ်တော်ရာဆင်တံတား၊မိချောင်းတံတားစသည်စုံစုံလင်လင်ရှိလှသောအိမ်တော်ရာစေတီတော်မြတ်ကြီးကားတင့်တယ်သပ္ပါယ်လှစွာဖူးတွေ့ခဲ့ရသည်။
အတောမသက်နိူင်တဲ့မြို့ပြယုဂ်တွေကြည့်ပြီးကျွန်တော်ကြည်နူးမိနေခဲ့သည်။
နေ့တနေ့ကုန်ဆုံးမှုကဘယ်လိုကုန်ဆုံသွားသလဲဆုိုတာတောင်တွေးတောဖို့ရာသတိမရ၊မြင်သမျှ၊တွေ့သမျှတွေဟာပျော်ရွှင်ခြင်းကြည်နူးတွေနဲ့အတူ
မန္တလေးမြို့တော်ကြီးကိုလျှောက်လည်မိသည်။
“အသက်ကလေးရယ်တဲ့ရှည်စေလို၊မန်းတောင်ရိပ်ခို“ဆိုတဲ့စကားပုံလေးကမန္တလေးရောက်နေတဲ့ကျွန်တော့်ရင်ထဲသို့ဝင်ရောက်နေခဲ့ပြီ
“မန္တလေးတောင်“တော်သို့သွားရောက်ချင်သည့်စိတ်ကထက်သန်နေပြန်သည်။
မကြာပါချေ၊ကျွန်တော့်ရဲ့ဆန္ဒကိုအကိုဖြစ်သူကဖြည့်ဆည်းပေးခဲ့သည်။လမ်းတလျှောက်မှာလည်းမန္တလေးမြို့ရဲ့အထင်ကရဖြစ်တဲ့မြို့ပြယုဂ်တွေကိုရှင်းပြသည်။
နိူ်င်ငံတကာကတောင်အတုယူရတဲ့ခန့်ငြားထည်ဝါလှသော“မန္တလေးဘူတာကြီး“၊ရွှေမန်းသူ/မန်းသားတွေရဲ့
အလေးထားရာ“ပြည်သူ့ဆေးရုံ“၊“ရတနာပုံဈေး၊မင်္ဂလာဈေး“စတဲ့မြို့ပြယုဂ်တွေနှင့်အတူအသွင်ဆန်းအသစ်ဆန်းတွေကိုသိခွင့်၊မြင်ခွင့်ရခဲ့ရသည်။
ကနုတ်ပန်းတို့ဝေဝေဆာဆာအနုပညာတို့ရဲ့ဖန်တီးမှုအံ့မခန်းအနုပညာလက်ရာတို့နှင့်အတူတင့်တယ်နေတဲ့
“ရွှေကျောင်းတော်ကြီး“ဆန်းသစ်တဲ့အဆောက်အအုံဖြစ်တဲ့“အတုမရှိကျောင်းတော်“၊သံဃာတော်တွေရဲ့လေ့လာဆည်းပူးစရာ
“သာသနာ့တက္ကသိုလ်ကြီး၊ကျောင်းထိုင်ဘုန်းကြီးသင်တင်ကျောင်း“၊ကမ္ဘာ့စာအုပ်ကြီးဟုုဆိုအပ်သောပဉ္စမသင်္ဂါယနာတင်ကျောက်ထက်အက္ခရာ
ကျောက်စာများတည်ရှိတဲ့“ကုသိုလ်တော်ဘုရား“၊ထိုနည်းတူစွာကျောက်စာများစွာရှိသော“စန္ဒာမုနိမြတ်စွာဘုရား“၊ကျောက်သားအစစ်နှင့်ထုလုပ်
ပူဇော်ထားသော“ကျောက်တော်ကြီးမြတ်စွာဘုရား“၊စတဲ့သာသနာရဲ့ပြယုဂ်တိုကလည်းကျွန်တော့်အတွက်အံ့ဩခြင်း၊ဖူးတွေ့မဝခြင်း၊
ပျော်ရွှင်ခြင်းဗဟုသုတတွေပေးသလိုမန္တလေးမြို့ရဲ့ပြယုဂ်တွေအဖြစ်ရှိပြန်သည်။
မန္တလေးတောင်တော်သို့ရောက်တော့လည်းအေးမြတဲ့လေပြေကလေးကရင်ဝကိုဆီးကြိုနေသလိုလှပတဲ့
“မန္တလေးမြို့“ရဲ့ရှု့ခင်းကလည်းဆွဲဆောင်မှုအပြည့်နဲ့သာယာလှပနေခဲ့ပြန်သည်။ မြွေကြီးနှစ်ကောင်ရဲ့ရုပ်ထုကြီးဟာအသက်ဝင်နေပြန်ပါရော၊
စည်ကားမပြတ်သောမန္တလေးတောင်တော်သို့လာရောက်လည်ပတ်သူဘုရားဖူးတို့ကလည်းကြည်နူးခြင်းပုံရိပ်တေါကိုခွဲခွာပြီးမန္တလေးတောင်တော်အောက်သို့
ဆင်းခြင်ဟန်မတူပေ။မန္တလေးမြို့ကိုရှု့ခင်းထားပြီး“အမှတ်တရ“ဓာတ်ပုံရိုက်သူတွေကတဖျက်ဖျက်နဲ့အားလုံးဟာပျော်စရာဖြစ်နေခဲ့သည်။
ခေတ်မီတဲ့“ဓာတ်လှေကား”ပေါ်ကနေညီအကိုနှစ်ယောက်ဆင်းခဲ့ကြပြီးခပြတ်ကနေ ခြေလျင်ဆင်းခဲ့ကြသည်။ ပြေးလိုက်၊တက်လိုက်၊နားလိုက်နဲ့ေ
ခေလျင်တက်လာကြတဲ့ကလေးတစ်သိုက်ကလည်းပျော်နေပုံထင်ပါရဲ့၊ ဖွေးဖွေးဖြူဖြူမားမားမတ်မတ်ရပ်နေတဲ့“ခြေင်္သေ့နှစ်ကောင်ကြီး“ကလည်း
မန္တလေးတောင်တော်ကိုလှပနေ ပြန်သည်။
မြို့တည်နန်းတည်ခုနှစ်ဌာနထဲကတစ်ခုအပါဝင်ဖြစ်တဲ့”သုဓမ္မာဇရပ်”ဆိုတာဒီအဆောင်တွေပဲလို့ရှင်းပြနေသောအကိုညွန်ပြရာကိုကြည့်မိတော့
ကျွန်းတိုင်ပေါင်းများစွာနှင့်တည်ဆောက်ထားတဲ့ဇရပ်တွေကအလှူရှင်တွေရဲ့သဒ္ဓါတရားတွေကိုပေါ်လွင်စေခဲ့သည်။
ဝင်လိုက်ထွက်လိုက်နဲ့အပန်းဖြေသူတွေနဲ့စည်စည်ကားကား”တိရစ္ဆာန်ဥယျာဉ်”ကလည်းမမြင်ဘူးတဲ့တိရစ္ဆာန်ပေါင်းစုံ၊သူတို့ရဲ့နေထိုင်မှုဓလေ့တွေ
တွေ့မြင်ရပြန်တော့လည်းအထူးဆန်းဖြစ်နေခဲ့သည်။
မန္တလေးမြို့တော်ကြီးရဲ့အဓိကပြယုဂ်၊မန္တလေးသူ/မန္တလေးသားတို့ရဲ့အလေးထားရာဖြစ်တဲ့”မန္တလေးမြို့ရဲ့ကျက်သရေဆောင်နန်းမြို့တော်ကျုံးတော်ကြီး”ကို
ရောက်ရတော့လည်းအတိတ်ကသမိုင်းတွေကိုကူးစက်လာသလိုဖြစ်နေခဲ့ရသည်။”ငါတို့မန္တလေးမြို့သူ/သားတွေကတော့
ဒီကျုံးရေးကပြည့်စုံပေးတယ်”လို့အားရှိသောစကားတွေ ပြောရင်းကျုံးရေကိုခေတ္တခဏငေးကြည့်မိတော့ကြည်လင်သန့်ရှင်းနေတဲ့ရေပြင်ဖွေးဖွေးမြင်မိရတဲ့တခဏ
ရင်ထဲမှာအေးမြလာခဲ့သည်။နန်းတော်ကြီးမှာလည်းကျုံးမြို့ရိုး၊ပြအိုး၊ပစ္စင်းရင်တား၊သူရဲပြေး၊သူရဲခိုစသည်ဖြင့်ခန့်ငြားထည်ဝါစွာတံခါး(၁၂)ရပ်၊သတ္တဌာနနှင့်
(၄၈)ပြဿာဒ်တို့ဖြင့်စနစ်ကြလှသည်။
နန်းမူ၊နန်းယာ၊နန်းအသုံးဆောင်တွေကကျွန်တော်တို့လိုခေတ်လူငယ်တွေအတွက်သမိုင်းကပြောသောပုံပြင်များသမိုင်းကပြောသောသွေးစကားများအဖြစ်
နားထောင်၊မြင်တွေ့ရ၊ခံစားရတဲ့အတွက်အတော်လေးပင်တန်ဘိုးရှိလှပေသည်။မြင့်မာတဲမျှော်စဉ်ပေါ်ကနေကြည့်ရင်
မန္တလေးတောင်တော်ရဲ့အလှရှု့ခင်း၊မြို့တော်ရဲ့အလှရှု့ခင်းတွေမြင်တွေ့ရပြန်သည်။ကျွန်တော့်အတွက်မြင်ရတွေ့ရသမျှတွေဟာထူးဆန်းခြင်း၊ကြည့်နူးခြင်း၊
ပျော်ရွှင်ခြင်းပုံရိပ်တွေနဲ့ရောပြွမ်းကာအတောမသက်နိူင်ဖြစ်နေခဲ့သည်။တကယ်တော့”မန္တလေးမြို့တော်ကြီး”ဟာ
ချစ်စရာပုံရိပ်တွေနှင့်အတူသမိုင်းကပြောသောမြို့တော်အဖြစ်တည်ရှိနေတာပါလား။
ယ္ခုဆိုရင်မန္တလေးရွှေမြို့တော်ကြီးဟာမြန်မာသက္ကရာဇ်(၁၃၇၁-)ခုနှစ်ကဆုန်လပြည့်ကျော်(၆)ရက် (ခရစ်နှစ်-
2009-)ခုနှစ်မေလ(14)ရက်အကူစက်နာရီ(4)နာရီ (31)မိနစ်(39)စက္ကန့်အချိန်တွင်မြို့တည်နှစ်(၁၅၀)ပြည့်ခဲ့သည်ဖြစ်သည်။
ဒီလိုနိူင်ငံရေး၊စီးပွားရေး၊ပညာရေး၊လူမှု့ရေး၊ကျမ္မာရေး၊ဘာသာရေး၊ယဉ်ကျေးမှု့စသောပြယုဂ်တွေနှင့်ပြည့်စုံနေတဲ့မန္တလေးမြို့တော်ကြီးကိုကျွန်တော်မြတ်နိုးသည်၊ချစ်သည်။
ကျွန်တော်ချစ်သလိုစာဖတ်သူလည်းချစ်နေမှာအမှန်ဟုယုံကြည်မိသည်။မန္တလေးမြို့တော်ကြီးဟာနိူင်ငံရေးတည်
ငြိမ်အေးချမ်းနေတဲ့မြို့၊စီးပွားရေးအချက်ချာကြကာစည်ပင်တိုးပွားနေတဲ့မြို့၊ခေတ်မှီတိုးတက်ပြီးမြင့်မားသောပညာရေးအဆင့်တန်းထွန်းကားတဲ့မြို့၊
ယဉ်ကျေးသိမ်မွေ့ပြီးလူနေမှုအဆင့်တန်းမြင့်မားတဲ့မြို့၊တစ်ဦးနှင့်တစ်ဦးရိုင်းပင်းကူညီတက်တဲ့လူမှုရေးအသင်းပင်း၊လူမှု့ကူညီရေးအသင်း၊
ဘာသာရေးအသင်းပင်းစသောအသင်းတွေပေါများတဲ့မြို့၊သဘာဝပတ်ဝန်းကျင်နဲ့ကိုညီပြီးသန့်ရှင်းကြည်လင်သောကျုံးရေသောက်သုံးကာကောင်းမွန်တဲ့
ကျန်းမာရေးညီညွတ်တဲ့မြို့ဖြစ်သလို၊သမိုင်းပါမောက္ခဆရာကြီးဒေါက်တာသန်းထွန်းက”ရှေးရှေးပစ္စည်းနဲ့ရှေးမူကိုအမွေအနှစ်သဘောနဲ့
မန္တလေးကဆက်ထိန်းပေးတာမှန်တယ်၊မြန်မာနိူင်ငံမှာမန္တလေးလိုအစကောင်းတဲ့မြို့မရှိဘူး”ဆိုတဲ့ပညာရှိတွေရဲ့မှတ်ချက်များစွာရှိခဲ့ကြပြီး၊
ယဉ်ကျေးမှုအမွေနှစ်ကိုစောင့်ရှောက်ကာသမိုင်းကပြောနေသောရွှေမန်း မြေအဖြစ်တည်ရှိနေတဲ့မြို့စသောဂုဏ်ပုဒ်တွေတည်ရှိနေတဲ့
“မန္တလေးမြို့တော်ကြီး”ကို”ကျွန်တော်ချစ်သောမန္တလေး”အဖြစ်ကျွန်တော့်ရင်ထဲမှာကိန်းဝင်ခဲ့သလို၊စာဖတ်သူလည်းကိန်းဝင်သွားမည်ဆိုတာအသေချာပင်။
ဒါကြောင့်တမူထူးခြားတဲ့မန္တလေးမြို့တော်ကြီးရဲ့သမိုင်းပြယုဂ်တွေကိုကျွန်တော်တို့တတွေအတူတကွစောင့်ရှောက်ရင်းဖြင့်”ကျွန်တော်တို့ချစ်သောမန္တလေး”ကို
သာယာလှပစေမည်ဆိုရင်နောက်နောင်သောမျိုးဆက်သစ်တို့ရဲ့ရင်ထဲ၌လည်း”ကျွန်တော်တို့ချစ်သောမန္တလေး”ဆိုတဲ့သန္ဓေတစ်ခုမွေးဖွားနေမှာအမှန်ပင်ဖြစ်သည်။
ထို့ကြောင့်နောက်နောင်မျိုးဆက်သစ်တို့ရင်ထဲဝယ်ကိန်ဝင်မွေးဖွားစေနိုင်အောင်စာဖတ်သူနှင့်အတူကျွန်တော်တို့တတွေသမိုင်းကပြောနေသော
“ကျွန်တော်တို့ချစ်သောမန္တလေး”ကိုအတူတကွစောင့်ရှောက်ကြရင်းဆက်လက်စည်ပင်ဖွံ့ဖြိုးသာယာလှပအောင်
တန်ဆာဆင်ကြပါအုံးစို့လို့ဆန္ဒပြုရင်း…………………..။ ။
ဇွဲမာန်(အင်းဝ)
12 comments
ဇွဲမာန်(အင်းဝ)
March 1, 2013 at 4:22 pm
ကျွန်တော်ချစ်သောမန္တလေးကို ဂုဏ်ပြုပါသည်
ခိုင်ဇာ
March 1, 2013 at 4:28 pm
ကျနော်ချစ်သော မန်းလေး….
ကျမချစ်သော မန်းလေး……
တကယ်ကို ချစ်ရသော မန်းလေး……
(ချစ်ကြောင်း ပြောသာ ပြောရ။ နောက်ကျောမလုံလိုက်တာကွယ်။ ကျုပ် ကို မန်းလေးသူမို့ မုန်းတယ် ဆိုတဲ့သူ ရှိသကွဲ့။ )
ခင်ခ
March 1, 2013 at 4:47 pm
ကျွန်တော်ချစ်သော မန်းလေး….
ကျွန်တော်ကြည့်ရသော မန်းပျိုဖြူ……
ကျွန်တော်မြင်ရသော မန်းသူမဟုတ် အသားဖြူအလှပကေးများ…..
ကျွန်တော်တွေ့ရသော ရှုပ်ရှက်ခက်အောင်ပြေး ဆိုင်ကယ်လေး …….
ဘာဘဲဖြစ်ဖြစ် နေဖြစ်နေတဲ့ မန္တလေး ပါဘဲဗျာ။
ကိုပေါက်(မန္တလေး)
March 1, 2013 at 5:02 pm
တော်ပါပြီ ဒီမန်းလေးချစ်တယ်ပြောတဲ့ အထဲကျနော်ဝင်မပြောတော့ပါဘူး
မန်းလေးကို ဂုဏ်ပြုပေးတဲ့ အင်းဝသားရေ ကျေးကျေးပါ
ဗုံဗုံ
March 1, 2013 at 5:19 pm
မိဗုံချစ်သောမန်းလေး
အိမ်မပြန်ချင်လောက်အောင်ချစ်ရပါသောမန်းလေး
မောင် ပေ
March 1, 2013 at 7:25 pm
သိပ်နေချင်စရာကောင်းတဲ့ မန်းတလေးမြို ့ (ကိုယ်နေရတာ အဆင်ပြေလို ့ပြောတာမဟုတ်)
သွားရမယ့် လိပ်စာမသိလို ့ လမ်းတွေ ့တဲ့လူမေး ၊ သွားရမယ့်လိပ်စာအတိအကျ ကို လိုလိုလားလား ကြည်ကြည်ဖြူဖြူနဲ ့လမ်းညွှန်ပေးတတ်တဲ့ မြို ့
ကိုပေါက်ပြောသလိုပဲ ကိုဇွဲမာန် ကို ကျေးကျေးပါ
Mr. MarGa
March 1, 2013 at 8:00 pm
ကျွန်တော်တို့ ချစ်သော မန္တလေး
မန်းမြေမှာနေ မန်းရေကိုသောက်ရင်
မန်းကနေ ခွာဖို့ အတော်တွေးရမယ်
မန်းသားတစ်ယောက်အနေနဲ့ မန်းကိုချစ်တာမှန်ပေမယ့်
သူများတွေထက် ပိုချစ်မိနေ၊ အစွဲကြီးနေမိတာ ဘာလို့ပါလဲကွယ်
နေဝန်းနီ
March 1, 2013 at 9:54 pm
သမိုင်းထဲက မန္တလေး ……မန္တလေးထဲက သမိုင်း – မြသန်းတင့်
https://www.sugarsync.com/pf/D0269685_62561891_19078
https://www.facebook.com/pages/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC-%E1%80%85%E1%80%AC%E1%80%A1%E1%80%AF%E1%80%95%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/532587203419984 မှာတွေ့လို့ မန္တလေးချစ်သူတွေ ဖတ်ချင်မလားလို့
Mr. MarGa
March 2, 2013 at 5:43 pm
ဟိုစာအုပ်ကလေးတော့ ဖတ်ချင်မိသား
ဆရာမြသန်းတင့်ပဲရေးတဲ့ တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ ဆိုတဲ့စာအုပ်လေးလေ
အခု စာအုပ်ကိုတော့ သွားရောက်ကာ ဒေါင်းလိုက်ပါကြောင်း
ရွှေတင်မောင်
March 1, 2013 at 10:09 pm
အပွင့်လင်းဆုံး ပြောရရင်
မန်းလေးကို မရောက်ဖူးသေးဘူး …
ရောက်အောင်လည်း သွားမယ် …
ဘော်ဘော်တွေလည်း အားဂျီးဘဲ …
ဒါပေသိ … မန်းလေးကို ပုံတွေနဲ့ ရင်းနှီးခဲ့မိတာတော့ ကြာပြီ …
မန်းလေး ရောက်ဖူးချင်တယ် .. လျောက်လည် ချင်တယ် ..
ဟိုသွားချင်တယ် .. ဒီသွားချင်တယ် ….
ကျုပ် လာရင်ဒေါ့ လိုက်ပို့ဂျဘာကွယ် …
မန်းလေးက ဘော်ဘော်ဂျီးဒို့ရယ် … နော့ …
อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile
March 2, 2013 at 2:51 am
ကိုရွှေမန်းတင်မောင်ကြီးဂို ညပိုင်းရောက်ရင် ကျုံးဘေးဂို လိုက်ပို့လိုက်ကြဗါကွယ်….
ကျုပ်လည်း မန်းလေးကို နှစ်သက်သဗျ။။။။။
ကျုပ်က ဟိုမြို့ဒီမြို့ ရောက်ရင် အင်မတန် မျက်စိလည်တက် ကလား…….
မန်းလေးဂဒေါ့ အိုစခေလှပါ၏…. လမ်းဒွေဂ နံဗါတ်ကလေးဒွေနဲ့ဆိုဒေါ့ဂါ…..
ကျုပ်လည်း နောင်တစ်ချိန် မန်းလေးသူလေး တစ်ယောက်လောက်ရရင်တော့
မန်းလေးမှာ အခြေချချင် နေချင်သားပဲ………………….
မောင် ပေ
March 2, 2013 at 9:11 pm
ကျုံးဘေး မှာ လာရှာလိုက်ပေါ့ကွယ်
ခြော်တကောက်တွေမှ တစ်ဗုံကြီးရယ်