Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အင်တာဗျူး သွားကြမယ် (၁)

ဇီဇီMarch 4, 20136min106145

အမှန်တော့ ဒါက ပို့(စ) ဟုတ်ဘူးရယ်။

အရင်က စလုံးကို အလုပ်လာလုပ်မဲ့ သူငယ်ချင်းတွေ၊ ကိုယ့်မောင်လေးတွေ အတွက် အင်တာဗျူးရင် အစဉ်ပြေပြေဖြေတတ်အောင် ဟိုရှာဒီရှာနဲ့ သီတင်းစာထဲကတွေ့လို့ သူတို့ကို ဆရာလုပ်နိုင်အောင် ဘာသာပြန်ထားတာ။

ရေးရင်း၊ မေးရင်း အတော်တော့ များသွားပါတယ်။

ကိုယ်တွေ စလာတုန်းကတော့ ဘယ်သူမှ ဒီလိုအဆင်သင့်ရှာမပေးဘူး။ ခုတော့ ဒီသီတင်းစာထဲပါ အကြောင်းအရာကို  ကိုယ့်လက်တွေ့အကြောင်းအရာနဲ့ မွှေနှောက်ပြီးရေးသွားမယ်နော့။

ရွာသူ/သားတွေ မူးသွားမှာစိုးလို့ ဓာတ်ပုံတွေလည်း တင်တော့ပါဘူး။ ဆီလျော်အောင်ဘာသာပြန်ဆိုထားသော (ကိုယ့်ဟာကိုယ် အဲလိုထင်တာပဲ) စာလုံးတွေနဲ့ပဲ မူးသွားအောင်လုပ်ပါတော့မယ်။ စပါပြီ။

ခေါင်းစဉ်ကတော့ဖြင့် အင်တာဗျူးမေးသူတွေ မေးလေ့ရှိတဲ့ ခက်ခဲ မေးခွန်းများပါတဲ့။ သူကတော့ “Knowing the answers is half the battle won” ဆိုပဲ။

ကိုယ့်အာဘော်လေးကလည်း မရေးပဲ မနေနိုင်တော့ကာ ကွင်းစ ကွင်းပိတ်လေးနဲ့ရေးပါဦးမယ်နော်။

~~~~~~~~~~~~~~~~~~~~~

၁) ကိုယ့်အကြောင်းကို ပြောပြပါ

–  အနည်းဆုံး နှစ်မိနစ်လောက် ကိုယ့်အကြောင်းလေးကို ပြောပြပါ။

– ပညာရေး၊ အရင် လုပ်ဖူးတဲ့ အလုပ်အကြောင်း၊ ခုလက်ရှိအလုပ်ရဲ့ အတွေ့အကြုံ စတာတွေပါအောင်လည်းပြောပါ။

(အမှန်တော့ ကိုယ့်အကြောင်းကိုပြောရတာ လွယ်မလိုနဲ့ ကျနော့ အတွက် အတော်ခက်တယ်ဗျ။ နှစ်မိနစ်အတွင်းပြောရတာကို ဆိုလိုပါတယ်။ တစ်ရက်လောက်အချိန်ပေးဆိုလို့ကတော့ ဒရာမာ ကွင်းပေါ့ဗျာ။ မအိပ်၊ မစား၊ မနားပြောသပေါ့။

ခုလို မိနစ်လောက်နဲ့ ဝင်ဖို့က ပညာနဲ့အလုပ်နဲ့သက်ဆိုင်တဲ့ အကြောင်းလေးလောက်ပဲ ပြင်ဆင်ထားသင့်ပါတယ်။ စာကျက်တာကို ပြန်ဆိုသလိုလည်းမဖြစ်အောင်၊ အဲဒီအချိန်မှ အ ထစ် အ ထစ် လည်းဖြစ်မနေအောင်ပြောရတာပါ။

ကျနော်တို့ဆီမှာ ကိုယ့်အကြောင်းကို ပြောရတာဆိုလို့ ကျောင်းတုန်းက “”ကျနော့အဖေ ဦးဘဖြစ်သည်။ ကျနော့ အမေ ဒေါ်မြ ဖြစ်သည်”” လောက်ရှိတာ။ အဲဒီတော့ ကိုယ့်အကြောင်းလေးကို အစဉ်တပြေပြောတတ်အောင် ပြင်ကို ပြင်ဆင်ထားသင့်တာပေါ့။)

 

၂) ခု လျှောက်တဲ့အလုပ်နဲ့ပတ်သက်ပြီး ဘာတွေသိသလဲ

– သူတို့ရဲ့ လုပ်ငန်း၊ ထုတ်ကုန်၊ ဒါမှမဟုတ် သမိုင်းကြောင်း၊ စတာတို့ကို ကိုယ်ဘယ်လိုလေ့လာထားကြောင်း ပြောပြနိုင်ရမယ်။

– ဒါပေမဲ့ သူ့တို့အကြောင်း အကုန်သိပါတယ်ဆိုတဲ အမူအရာမျိုးမလုပ်ပါနဲ့။

(ဒီမေးခွန်းက ကိုယ့်အကြောင်းသူတို့သိပြီးတာနဲ့လာတတ်တဲ့ မေးခွန်းပါ။ တစ်ချို့ အလုပ်လျှောက်တဲ့သူဆိုတာ အလုပ်ခေါ်စာ မည်းမည်းမြင်ရာ လျှောက်တာကလား။

အင်တာဗျူးခေါ်ခါမှ နောင်ခါလာ နောက်ဈေးဆိုတာမျိုး။ ကျနော် အပါအဝင်ပါ။

ဒါပေမဲ့ အင်တာဗျူးခေါ်ပြီ ဆိုတာနဲ့ အဲဒီအလုပ်/ရှင် အကြောင်း နည်းနည်းသိအောင် စုံစမ်းသွားသင့်တာပေါ့လေ။

တကယ်က သူတို့က ကိုယ်ဘယ်လောက် သူတို့အကြောင်းသိတယ်ဆိုတာ နားထောင်ဖို့ထက် သူတို့ အလုပ်အကြောင်း သူတို့ ကိုယ့်ကို ရှင်းပြချင်တာလည်းပါပါတယ်။

ဒီတော့ သူတို့ကို ကိုယ်က ဘယ်လိုစိတ်ဝင်စားမှုနဲ့ လေ့လာထားတယ်ဆိုတာသိရရင် သူတို့လည်း ကျေနပ်ပြီး အမှတ်တက်တာပေါ့ဗျာ။)

 

၃) ဘာလို့ ဒီမှာ အလုပ်လုပ်ချင်တာလဲ

–  ကိုယ်အားထုတ်ထားတဲ့ လေ့လာမှုအရ ဒီ ကုမ္ပဏီရဲ့ သွားလမ်း၊ လာလမ်း၊ လားရာလမ်းတွေကို နှစ်သက်လို့ပါဝင်ချင်ပါကြောင်း၊ စိတ်ဝင်စားပါကြောင်းပြောရမယ်တဲ့ဗျာ။

(ဒါလည်း ဟုတ်တာပဲလေ။ သူတို့ဆီမှာ အလုပ်လျှောက်ပြီး အလုပ်ဝင်ဖို့ ရည်ရွယ်ထားတဲ့လူက လုပ်ငန်းအပေါ် ဘယ်လောက်သက်ဝင်တယ်ဆိုတာ သူတို့သိချင်မှာပေါ့။

အဲဒီတော့ ကိုယ့်ဘက်က သူတို့ ဘယ်လောက် စိတ်ပါဝင်စားပါကြောင်း၊ ဘယ်လောက်လေ့လာထားပါကြောင်း ပြောနိုင်မှသာ သူတို့ဘက်ကလည်း မျက်နှာသာပေးချင်မပေါ့လေ။)

 

၄) တခြားလူမလုပ်နိုင်တဲ့ ဘယ်အရာတွေကို လုပ်ပေးနိုင်မလဲ

(အရင်ပြောပါရစေ။ ကျနော်ကို အဲဒီမေးခွန်း ရုတ်တရက်မေးရင် ဖြေနိုင်မယ်မထင်ပါဘူး။

တခါတလေ လက်တွေ့လုပ်ရတဲ့အချိန်က လွယ်ကူသလောက် ပြောပြနေရတာကပိုခက်ပါတယ်။

ကိုယ်ဘာလုပ်နိုင်မလဲပြောနိုင်ပေမဲ့ သူများတွေ ဘာမလုပ်နိုင်ပါလိမ့်ဆိုတာ မတွေးနိုင်ပါဘူးလေ။)

ဆောင်းပါးရှင်ကတော့

– ကိုယ့်လုပ်သက်တလျှောက် ဘာတွေလုပ်ဖူးတယ်၊ ဘာတွေ အောင်မြင်ဖူးတယ်၊ စတာတွေ နဲ့ အတူတူ၊ ကိုယ့် အရည်အချင်း နဲ့ တန်ဖိုးကိုပေါ်လွင်အောင်ပြောပါတဲ့။

– အလုပ်နဲ့ ဆက်နွယ်တဲ့  အရည်အချင်းထဲကမှ ဦးစားပေးစွမ်းရည်၊ ပြသနာရင်းမြစ်ကို ရှာဖွေစွမ်းရည်၊ အတွေ့အကြုံကို အသုံးပြုပြီး ဘယ်လို ဖြေရှင်းရမယ် ဆိုတာတွေကိုပါ ပြောပြနိုင်သင့်တယ် လို့ဆိုပါတယ်။

 

၅) ဒီရာထူးမှာဘာတွေလုပ်ရမယ်လို့ ထင်/မျှော်လင့်သလဲ။

– တာဝန်ရှိမှု၊ တာဝန်ယူနိုင်မှု စတာတွေနဲ့ချင့်ချိန်စဉ်းစားပြီးမှ ဖြေပါ။

– ဒီရာထူးမှာ ကိုယ်ဘာတာဝန်လဲ၊ ဘယ်လိုတာဝန်ယူမှာလဲ ဆိုတာတွေကို နားလည်ပြီးမှ ဖြေပါ။

– မသေချာရင်တော့ အင်တာဗျူးတဲ့သူကို ပြန်မေးပါတဲ့ဗျာ။ သူဖြေကောင်းဖြေပါလိမ့်မယ်တဲ့။

(ဒီမေးခွန်းကတော့ ဖြေဖို့လွယ်မယ်ထင်ပါတယ်။

ကိုယ် လျှောက်တဲ့ အလုပ်ရာထူးကို ကိုယ်သိပြီး ဘာတွေလုပ်ရမယ်ဆိုတာပါသိနိုင်ရင်တော့ သေချာပြင်ဆင်နိုင်မယ်ထင်ပါတယ်။

အဲ့ဒါမှ မဟုတ်ရင်တော့ မသိနိုးနားမျက်နှာလေးနဲ့သာ မေးသူကို ပြန်မေးလိုက်ပါ။)

 

၆) သင့်တော်တဲ့၊ အသုံးဝင်တဲ့ ဝန်ဆောင်မှုမျိုးပေးနိုင်ဖို့ ဘယ်လောက်ကြာ အချိန်ယူမလဲ။

– အမှန် အတိုင်း ဖြေပါတဲ့။

– ပထမပိုင်း ရက်တွေမှာ ရှိရင်းစွဲ ဝန်ထမ်းတွေနဲ့ တပြေးညီ တာဝန်ယူနိုင်ဖို့ မျှော်လင့်ပါကြောင်း၊

– ဒီ အလုပ်/အဖွဲ့အစည်းအကြောင်းအလုံးစုံသိပြီး ကောင်းမွန်ပြည့်စုံတဲ့ ပါဖောမန့် ပေးဖို့ ၃ လတန် သည်၊ ၆ လ တန်သည် အချိန်ယူရမယ် ထင်ပါကြောင်း ပြေပြေပြစ်ပြစ်ပြောပါလို့ ဆိုထားပါတယ်။

(ကိုယ့် စွမ်းဆောင်နိုင်ရည် ကို သိတဲ့သူကတော့ ဒီမေးခွန်းကို ဖြေဖို့ မခက်လောက်ဘူး ထင်ရဲ့။

ကိုယ့် ပစ်ကပ်လုပ်နိုင်အားနဲ့ သူတို့ အလုပ်မှာ ဘယ်အချိန်လောက် တသားတည်းဖြစ်သွားနိုင်တယ် ဆိုတာ တွက်ပြီး ဖြေရမှာပေါ့လေ။)

 

၇) မင်း အရည်အချင်း နဲ့ အတွေ့ အကြုံ က ဒီ အလုပ်အတွက် လိုအပ်တာထက် ပိုနေတယ် မထင်ဘူးလား။

(သူတို့ လိုအပ်တဲ့ အရည်အချင်းထက် ကိုယ် Qualification တွေက မြင့်နေတဲ့ အခါမှာ မေးလေ့ရှိတဲ့ ချောက်ပေါက်မေးခွန်းပါ)

– အဲဒီ အခါမှာ ရေရှည်အတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း အလုပ်အကိုင်တွေမှာ ရင်းနှီးဖို့ စိတ်ဝင်စားကြောင်းကို အသားပေးပြီး ပြောပါ။

– ပြီးတော့ ဒီလို အလုပ်မှာ ကိုယ်ကောင်းကောင်းမွန်မွန် မြှုပ်နှံလုပ်ကိုင်ရင် ဒီ ထက်ကောင်းတဲ့ အခွင့်အလန်းတွေလည်း ပေါ်လာမယ်လို့ ယူဆကြောင်းပါပြောပါ။

– ခိုင်မာ တဲ့ ကုမ္ပဏီ ဖြစ်ဖို့ ခိုင်မြဲတဲ့ ဝန်ထမ်းကောင်းတွေ လိုအပ်ပါတယ်။ 

– အတွေ့အကြုံပြည့်ဝတဲ့ ဝန်ထမ်းကောင်းမျိုးက အမြဲ တန်ဖိုးရှိပါတယ်။

– ကိုယ့်မှာ ဒီ လို အရည်အချင်းတွေ ပြည့်ဝတဲ့ အတွက် သူတို့ ရင်းနှီးမြှုပ်နှံမှုမှာမှာ အကျိုးအမြတ် အမြန်ပေါ်နိုင်ပါတယ် စသည်ဖြင့် ဖော်ပြပြောဆိုပါ တဲ့။

 

 

 

 

 

၈)  မင်းရဲ့ Management ပုံစံက ဘယ်လိုလဲ။

ဖြစ်နိုင်တဲ့ ပုံစံတွေက

(၁)  Task-Oriented – လက်ရှိပြသနာကို တစ်ဆင့်ချင်းရှင်းမယ်။ အဖြေရှာမယ်။ အဖြေထုတ်မယ် ဆိုတာမျိုးပေါ့။ Day to Day Management ဆန်ပါသတဲ့။ Quality of service မို့ ဆားဗစ် ဆက်တာ တွေမှာ သုံးတတ်တဲ့ Management ပုံစံတဲ့။

(၂) Results-Oriented – ဘယ်လိုနည်းနဲ့ ရှင်းရရှင်းရ နောက်ဆုံးရလာမဲ့ ရလာဒ်ကို ဦးတည်စဉ်းစားပြီးမှ ဖြေရှင်းရတဲ့ Management မျိုးပါ။ Goal Management ဆန်ပါသတဲ့။ Production System တွေမှာ သုံးလေ့ရှိတယ်တဲ့။

(Priority အရ Goal Managemnt က ပိုမြင့်သတဲ့။ သူတို့ ၂ ခုကို ဆက်စပ်ကစားနိုင်ဖို့က ကိုယ်သုံးတဲ့ နည်းဗျူဟာ ပေါ် မူတည်ပါတယ် တဲ့။)

(၃)  Paternalistic – စီနီယာတစ်ယောက်အနေနဲ့ ကိုယ့်လက်အောက်ငယ်သား တွေကို ဂရုတစိုက်နဲ့ ဦးဆောင်တယ်လို့ ပြောနိုင်ပေမဲ့ အနည်းငယ် ရော့တိရော့ရဲနိုင်သတဲ့။ လုပ်နိုင်သလောက် လုပ်ဆိုတဲ့ ပုံစံမျိုးတဲ့။

(၄) Participative – တခါးဖွင့်ဝါဒပုံစံနဲ့ လူအများ ပါဝင်စိတ်ပါလာအောင် တာဝန်ပေးတဲ့ အမျိုအစားပါတဲ့။ မတူညီတဲ့ ရပ်တည်မှုတွေကနေ ခြားနားတဲ့ အမြင်တွေ စုစည်းပြီး အားလုံး လက်ခံနိုင်တဲ့ အသစ်တစ်ခုလုပ်တာမျိုးပါတဲ့။ New Product Development တွေမှာ သုံးလို့ကောင်းတယ်တဲ့။

(တောင်းပန်ပါတယ် ပိတ်သတ်ကြီး။

တ တဲ့တဲ့ နဲ့ ရေးရတာက ဒီ နံပတ် ၈ အပိုင်းကို မကျွမ်းလို့ ချန်ထားခဲ့မဲ့ အစီအစဉ်ကနေ ဆရာ ဂီ ကောင်းမှုနဲ့ သူရှင်းပြသမျှ ကိုယ်နားလည်သလို ပြန်ရေးထားရခြင်းပါ။

သူ့ ဦးနှောက် ဖောက်ထားတာဖြစ်တဲ့ အတွက် အသေးစိတ်သိလိုပါက သူ့ ကိုသာမေးမြန်းကြပါရန်။

အရေးအသားပိုင်းအရ အမှားအယွင်းရှိ နားလည်မှုလွဲရင်တော့  ကျနော့ တာဝန်သာဖြစ်ကြောင်းရယ်။)

 

 

 ၉) အရင် အလုပ်ကနေ ဘာလို့ထွက်ချင်/လာတာလဲ။

– ရိုးရိုးသားသားနဲ့ အကျဉ်းချုံ့ပြီး ပြောပါ။ ကိုယ့်ကိုယ်ကို မထိခိုက်ပါစေနဲ့တဲ့။

– လစာ အတိုး/အလျှော့ ကိစ္စလောက်ပဲ ပြောပြီး ကိုယ့်သဘောနဲ့ ကိုယ်ထွက်လာခဲ့တာဖြစ်ကြောင်းပြောပါ။

– တခြား ကိုယ်ရေးကိုယ်တာ မကျေနပ်ချက် ကိစ္စမျိုးတွေကို မပြောပါနဲ့တဲ့။

(တစ်ခါတစ်ခါ အရင် ကမ်ပနီက မကျေနပ်ချက်တွေက ဒီ အင်တာဗျူးအသစ်မှာ ရင်ဖွင့်တတ်ပါတယ်။

ဘယ်သူနဲ့မတည့်လို့ပါ။ ဘယ်သူကဘာဖြစ်လို့ မကျေနပ်လို့ပါ စသည်ဖြင့် သတိလက်လွတ် ကိုယ်ဘက်က မှန်ကြောင်း သက်သေတွေပြရင်း အပြောမှားတတ်တာမျိုးမို့ သတိပေးထားတာပါ။

Management ပိုင်းက သူဌေး/အုပ်ချုပ်သူ တော်တော်များများက လူတစ်ယောက်ရဲ့ Attitude တို့ Positive Thinking တို့ကို အတော်သတိထားတတ်ပါတယ်။ ကိုယ့်ကို အဆိုးမြင်/ ပြသနာလူ လို့ မြင်မသွားစေချင်ပါဘူး။)

 

၁၀)  ခု လက်ရှိ သူဌေး/စီနီယာ ကို ဘယ်လိုမြင်လဲ။

– တတ်နိုင်သလောက် အကောင်းဘက်ကပြောပါ။

– ခု မေးနေတဲ့ သူဌေးလောင်းလျာက သူ့အပေါ် ကိုယ့်အမြင်ကိုလည်း နောင်တစ်ချိန် ဘယ်လိုပြောနိုင်လဲ ဆိုတာ သိချင်စိတ်ရှိပါတယ်။

(ဟုတ်တာပေါ့။

ခု အင်တာဗျူးမှာ လက်ရှိ စီနီယာရဲ့ အတင်းကို ပြောမိလို့ကတော့ “ဒီကောင် ငါ့ အကြောင်းလည်း နောက် ဒီလို ကွိစိကွစ ပြောမှာပဲ”” လို့ ကောက်ချက်ဆွဲမှာ အသေအချာပါပဲ။

ဘယ်လောက်မကျေနပ်နေ၊မကျေနပ်နေ အနည်းဆုံး မကောင်းကြောင်းတို့ မကောင်းသီတင်းတို့ လုံးဝ မဟ တာ အကောင်းဆုံးပါ။)

Article by: Sattar Bawany, Head of Transition Coaching Practice with DBM Asia Pacific.

Ref: CATS Recruit in The Straits Times – January 24, 2009.

~~~~~~~~~~~~~~~~~~~

နည်းနည်း ဆက်ပြောရမယ်ဆိုရင် အင်တာဗျူး မေး တဲ့သူမှာလည်း ရည်ရွယ်ချက်အမျိုးမျိုးရှိတတ်ပါတယ်။

_ တစ်ချို့က ကိုယ့်ကို စာရွက်ထဲက အရည်အချင်းတွေ ကို စီစစ်ပြီးမှ ရွေးချယ်ခေါ်တာမျိုးပါ။ Personility တို့ Attitude တို့ ကို သိချင်၊ ခန့်မှန်းချင်တဲ့သဘောမျိုးဆိုပါတော့။ အဲလို အလုပ်ရှင်မျိုးဆိုရင် တော့ သွားရတာတန်ပါတယ်။ စကားမမှား၊ အပြုအမူမမှားဖို့ပဲ လိုတာပေါ့လေ။

_ တစ်ချို့က စာရွက်ထဲက တောင်းတဲ့ လစာ နဲ့ သူတို့ ပေးနိုင်တဲ့ ဘတ်ဂျက်နဲ့ တွက်ခေါ်တာမျိုးပေါ့။ ဒါက အုတ်ရောရော ကျောက်ရောရော များသလိုပဲ။

_ တစ်ချို့က အလုပ်အတွက် မတတ်တာ သူတို့သင်လို့ရတယ်။ လူကောင်းပဲ လိုချင်တဲ့ဆိုတဲ့လူမျိုးတွေ။ ဒါမျိုးသွားရတာလည်း သဘောကျမိပါရဲ့။ ကိုယ့် စိတ်ထားကောင်းလေးသူတို့သိအောင် ပြနိုင်ရတာကလား။

(တစ်ခါတစ်ခါ စိတ်ဖောက်ပြန်တတ်ကြောင်းတော့ နောက်မှ သိပါစေပေါ့။)  :mrgreen:

~~~~~~~~~~~~~~~

ဖြေရတဲ့သူတွေကလည်း လူအမျိုးမျိုးကိုး။

_ တစ်ချို့ကရှိတယ်။ အင်တာဗျူးမှာတော့ ဖြေလိုက်တာ ကမ်ပနီကြီးကို ကိုယ့်ပခုံးကြီးနဲ့ ထမ်းပြီး မြှင့်ပေးတော့မဲ့အတိုင်း။ ပြီးတော့ ယူလိုက်တဲ့ ဆေးခွင့်တွေ ဆိုတာ။

_ နောက်လူတစ်မျိုးကျ အလုပ်ကြိုးစားတယ်။ ဒါက နောက်မှသိရမှာ။ အင်တာဗျူးမှာ ဘူးလုံးနားမထွင်း။ First Sight မှာ အဲ့လို လူမျိုးတွေက မစွံတတ်။

_ နောက်လူတစ်မျိုးက တော်တယ်။ Attitude မှန်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို အင်တာဗျူးမှာ ပရိုမုတ် လုပ်ရမှာ ရှက်တတ်တဲ့လူမျိုး။ တတ်သလောက်မပြောဘူး။ ချို ထားတတ်တာမျိုး။ အလုပ်ခေါ်သူက တော်တော်ပါးပါးနပ်နပ်မြင်တတ်မှ ဒီလိုလူမျိုးကို ရတတ်တာပါ။ ရရင်လည်း ဒီလိုလူမျိုးက အလုပ်ထဲမှာ အတော်ပြသနာ နည်းပါတယ်။

~~~~~~~~~~~~~~~

Construction Course တစ်ခုမှာတော့ အလုပ်သမားအမျိုးအစား (၄)မျိုး ရှိပါတဲ့။ အကြမ်းဖျင်းပေါ့လေ။

၁။ လုပ်နိုင်စွမ်း (Able to do) ၊ အလုပ်ပေါ်မှာ စိတ်ဝင်စားမှု (Willing to do) ရှိတဲ့ အလုပ်သမား/

၂။ လုပ်နိုင်စွမ်းမရှိ (Unable to do) ၊ အလုပ်ပေါ်မှာ စိတ်ဝင်စားမှု (Willing to do) ရှိတဲ့ အလုပ်သမား/

၃။ လုပ်နိုင်စွမ်း (Able to do) ၊ အလုပ်ပေါ်မှာ စိတ်ဝင်စားမှုမရှရှိ (Unwilling to do) ရှိတဲ့ အလုပ်သမား/

၄။ လုပ်နိုင်စွမ်းမရှိ (Unable to do) ၊ အလုပ်ပေါ်မှာ စိတ်ဝင်စားမှုမရှရှိ (Unwilling to do) ရှိတဲ့ အလုပ်သမား/

ကိုယ်က သူများဝန်ထမ်းလုပ်တော့မယ်ဆိုရင်တော့ ကိုယ်ကဘယ်အမျိုးအစားထဲပါနိုင်တုန်း ဆန်းစစ်ပြီး ကိုယ့်အားနည်းချက်ကို လျှော့ပြော၊ ကိုယ့်အားသာချက်ကို ရှေ့တန်းတင်ပြီး ဖြေကြရုံပေါ့ဗျာ။

အလွန်တော်တဲ့ စီနီယာတွေမှာတော့ ဘယ်လိုလူမျိုးကို ဘယ်လိုတွဲခေါ်ရမယ်ဆိုတဲ့ နည်းစံနစ်တွေ ရှိသေးတာပေါ့ကွယ်။ ဒါက သူတို့ အပိုင်းမို့ ဒီ ဝန်ထမ်းအတွက်ရေးတဲ့ ပို့(စ) မှာ မပါနိုင်တော့ဘူး။

နောက်တစ်ခုက အင်တာဗျူးသွားတိုင်း ကိုယ့်ကိုယ်ကို အရွေးချယ်ခံလို့ချည်း ပဲလို့မထင်ပဲ ကိုယ်ကလည်း ကိုယ့် သူဌေး/စီနီယာဖြစ်လာမဲ့ လူရဲ့ Charactor/Attitude/ Leadership Skills/ Apperance တွေကို ကိုယ်မြင်သလောက် သိနိုင်သလောက် ခန့်မှန်းပြီး နည်းနည်းတော့ ထည့်စဉ်းစားပြီး ရွေးကြည့်တာ ပိုကောင်းမလားလို့ပါ။

~~~~~~~~~~~~~~~~~~~~

အဲ! ပြီးတော့ ကိုယ့် အကျိုးခံစားခွင့်ကို လောဘတကြီးပုံစံမျိုးနဲ့ မဟုတ်ပဲ ညှိနှိုင်းသင့်ပါတယ်။ စိတ်လှုပ်ရှားတတ်ရင်တော့ ကိုယ့် Note Book လေးထဲ ရေးသွားပါ။ များသောအားဖြင့် အင်တာဗျူးအပြီးသတ်မှာ ကိုယ့်ဘက်က ဘာတွေ မေးချင်/တောင်းဆိုချင်တာရှိသေးတုန်းလို့ သူတို့ မေးတတ်ပါတယ်။

(၁) Job Description – နောက်ဆုံး ခန့်ဖို့သေချာသလောက်ရှိတဲ့ အချိန်မှာ ကိုယ့်လုပ်ရမဲ့ အလုပ်သဘောကို ကိုယ်သေချာ သဘောပေါက်ရဲ့လား ပြန် အတည်ပြုသင့် ၏။

(၂)  Accountability – အလုပ်နဲ့ပတ်သက်တဲ့ တာဝန်ရှိမှုအပိုင်း၊ တာဝန်ယူရမဲ့ ကဏ္ဋ ကို ပြန် အတည်ပြုသင့်၏။

(၃) Responsibility and Authority – ကိုယ် ဘယ်လောက်အထိ အရေးပါ ကိုင်တွယ်ရမယ်၊ လုပ်ပိုင်ခွင့်ရှိတယ် ဆိုတာကို ပြန်အတည်ပြုသင့်၏။

(၄) Promotion/Changing Job Title – ရာထူးအတိုး/အလျှော့ ကိစ္စ တွေ မရှင်းတာ တခါတည်း မေးထားသင့်၏။

(၅) Annual Leave and Other Leaves – နှစ်စဉ် ခွင့် ကိစ္စ / အရေအတွက် နဲ့ တခြား ခွင့်ခံစားခွင့်တွေကိုပါ တခါတည်း ရှင်းခိုင်းသင့်၏။

(၆) Salary and Other Allowances – လစာနဲ့ တခြားခံစားခွင့်တွေပါ ကိုယ့်စိတ်ကြိုက်/သူ့ အလိုက် ကို ညှိသင့်၏။

(ဟုတ်ကဲ့။ ဒီ အချက်တွေ ကလည်း ခရက်ဒစ်တူ ဆရာ ဂီ ပါ။ သူ တခြား ချောက်ချ (အဲလေ) အကြံပြုထားတဲ့ Recruitment Culture’s Theory  တွေ ရှိသေးသော်ငြားလည်း ကိုယ်တိုင် ဉာဏ်မမှီလို့ မရေးတော့ဘူးရယ်။ ပြောသေးတယ် အင်တာဗျူးဆိုတာတဲ့ အလုပ်ရှင် အလုပ်သမားကြားက Psychological Contract  ပါတဲ့။ သူပြောတဲ့ Psychological Contract  အပြီး တကယ် ချုပ်ဆိုတဲ့ Contract  အတွက် အတည်ပြုရန် ညှိနှိုင်းရန်လေးတွေပါ။)

~~~~~~~~~~~~~~~~~~~~~~

ကျန်တာတွေက

  • အင်တာဗျူးသွားရာမှာ ဝတ်ပုံစားပုံ
  • ကိုယ်ရေးရာဇဝင်ရေးနည်း
  • ကိုယ်အမူအရာ၊ နှုတ်အမူအရာ ဆောင်ရန် ရှောင်ရန်များပါ။

ဒါကတော့ ခုနောက်ပိုင်း မဂ္ဂဇင်းဆောင်းပါးတွေမှာလည်း ပါတတ်လို့၊ ရေးရရင်လည်း အရှည်ကြီးဖြစ်တော့မှာမို့ မရေးသေးပါဘူး။ အမှန်က ပျင်းတာပါ။ :mrgreen:

အရေးကြီးတာက အလုပ်ခေါ်သူရော၊ အလုပ်လျှောက်သူတွေမှာပါ ဒီ စကားပြောရတဲ့အချိန်လေးအတွင်း တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်မိနိုင်မဲ့ စိတ်ဓာတ်/သဘောထား/အရည်အချင်း ညီဖို့လိုတာပါပဲ။

ဟီး။ ဒါကတော့ အလုပ်မှာမှ မဟုတ်ပါဘူးလေ နော့။   :mrgreen:

 

အင်တာဗျူးသွားကြမယ် (၂) https://myanmargazette.net/171251

အင်တာဗျူးသွားကြမယ် (၃) https://myanmargazette.net/171263

အင်တာဗျူးသွားကြမယ် (၄) https://myanmargazette.net/171299

45 comments

  • ဦး ကျောက်ခဲ

    March 4, 2013 at 9:54 am

    ဆရာမရယ်… ရေးမယ့်ရေး အလုပ်ရှာတာကနေစပါလားလို့…

    ကျုပ် ယိုးဒယား အရှေ့မြောက်ပိုင်းမှာ အလုပ်လုပ်တုံးက…
    အမျိုးသမီးဝန်ထမ်းလိုလို့ ခေါ်မိပါတယ်…
    မယ်တော်လေးက SEX ဆိုတဲ့ကွက်လပ်ရဲ့ဘေးမှာ ကျား/မ မဖြည့်ပဲ…
    NID NOI (နည်းနည်းပါးပါး) တဲ့…
    အားဟိ… ကောင်းရော….
    :harr:

    • Foreign Resident

      March 4, 2013 at 10:35 am

      သိတယ် ၊ သိတယ် ။
      ဦးကျောက် ဒီကလေးမလေးကို အလုပ် မခန့်လိုက်ဖူး မဟုတ်လား ။
      သိတယ် ၊ ဦးကျောက် က နည်းနည်းပါးပါး ဆို ကြိုက်မှာ မဟုတ်ဘူး ။
      😛

      • ဦး ကျောက်ခဲ

        March 4, 2013 at 11:40 am

        အ ဟိ… နင် နည်းနည်းပါးပါးဆိုတာသေချာလား လို့မေးတော့…
        သေချာပါတယ် တဲ့၊ အမေက တစ်ယောက်ထဲ အပြင်ပေးမထွက်ဘူး တဲ့…
        ဟီး ဟီး… ယိုးဒယားမှာက များများစားစားတွေချည်းပဲ ဆိုတော့….
        ရုပ်ကလေးကလည်း သနားကမားရှိတာနဲ့… ခန့်လိုက်မိတယ် အဘရယ်…
        :harr:

    • ခိုင်ဇာ

      March 4, 2013 at 11:44 am

      ဦးကျောက်ရယ်။
      အလုပ်ရှာတာက ပြောပြစရာ လိုသေးသလား။

      ဖောင်ဖြည့်နည်းတော့ ပြောလို့ရပါရဲ့။
      ကြားဖူးတာက Twice a day ဆိုလား။

      :kwi:

  • Ghi Ghi ThE KiD

    March 4, 2013 at 9:57 am

    ဟိုက် …
    ထူးထူးခြားခြား မနေ့ညက အစောကြီးအိပ်ပျော်ပြီး အစောကြီးထလို့..
    စိတ်ထဲ ထူးဆန်းလှချီလား အောက်မေ့နေတာ …
    ဒီမနက် ဂျောက်တွန်းထားတဲ့ ပိုစ့်ကြီး တက်လာပါရောလား..။
    အောင်မယ် ငီးငီး…

    :byae:

    • ခိုင်ဇာ

      March 4, 2013 at 11:53 am

      နာ့ မောင်ဂလေး။
      နိုနဲ့။ တစ် တစ်။
      အမ ထပ်ချောက်ချ စရာ (အဲလေ) ထပ် အကူအညီတောင်းစရာကျန်သေးတယ်။
      ပြီးမှ ဆက်ငိုဘာာာ။

      ဟေးဟေးဟေး။

      :harr: :harr:

  • ဦးကြောင်ကြီး

    March 4, 2013 at 10:12 am

    ခိုင်ဇာ့ကို အင်တာဗူး ပါရစေ…။ အပျိုလား ဘယ်ဆိုက်ရှိသတုံး၊ ညဖက် အိုတီဆင်းဆို ဆင်းနိုင်လား။ နယ်ခရီးဝေးသွားဖို့လိုရင် လိုက်နိုင်လား…. :mrgreen:

    • ခိုင်ဇာ

      March 4, 2013 at 11:57 am

      ပျိုလား၊ ပြိုလား မေးသူအပေါ်မူတည်၏။
      ဆိုဒ်ကိုလည်း ဂလို အလကားမပြောနိုင်။
      အိုတီက တွဲဖက်ဆင်းရမဲ့သူပေါ်လိုက်၍ အိုတီကြေးကွာ၏။
      နယ်ဝေးက မလိုက်နိုင်။
      :kwi:

      ဧပရယ်လေးသာခေါ်သွားပါ ကြောင်ကြောင်ရယ်။ :mrgreen:

  • Wow

    March 4, 2013 at 10:34 am

    ကျုပ်တုံးကအေ..
    အင်တာဗျူးတွေမှာ အိုက်လို ကိုယ့်အကြောင်းကိုယ်ပြောပါဆိုရင် လွှတ်မုန်းတာ..
    အာ့နဲ့ မျက်နှာသေလေးနဲ့.. ဘယ်အကြောင်းကို ပြောပြရမှာလဲ.. ပါစင်နယ်ဆိုရင်တော့ နင်သိဖို့မလိုဘူး.. အလုပ်အတွေ့အကြုံ ဆိုရင်တော့ စီဗီမှာ ရေးထားပြီးသား .. နင်ဘယ်ဟာကို မရှင်းတာလဲ … ဆိုပြီး ပြန်မေးတာ.. ဟီးးးး
    နာတော့ သွားပီထင်တာ… ဘိုးတော်က သများထက်ထူး နဖူးဝက်ခြံပေါက်မှ ကြိုက်သူဆိုတော့ နောက်ထပ် စက်ကန်း အင်တာဗျူးအတွက် ထပ်ပီး ဆက်သွယ်ပါ့မယ်တဲ့…
    ကိုယ့်လောက်မှ အချိုးပြေတဲ့သူရှာမတွေ့ဘူးထင်ပါတယ်အေ… အခုထိတော့ … ဒီမှာပဲ :mrgreen:

    • ခိုင်ဇာ

      March 4, 2013 at 11:59 am

      ဟုတ်ပါ့။ အတွေးတူတာရယ်။
      ဒါပေမဲ့ ကျုပ်က ကျုပ်ကို ကောင်းကောင်းမွန်မွန် ပြောသရွေ့ ကောင်းကောင်းဖြေခဲ့တာချည်းပဲ။
      :hee:

      သူများထက် ဝက်ခြံပေါက်တာလောက်ပဲ ထူးတာ တော်သေးတာပေါ့အေရယ်။
      :mrgreen:

  • amatmin

    March 4, 2013 at 11:49 am

    ကျိန်းသေ အသုံးဝင်မဲ့ ပို့စ်အပြင်..အိပ်ရေးပျက် ပင်ပန်းတဲ့ကြားက
    ရေးထားတယ်ဆိုတာမို့ လက်ခုပ်တီးပါတယ် နော့..
    သေချာကြီး ဖတ်ရင်း တွေး စဉ်းစား အစီအစဉ်တွေ ချမိပါရဲ့..
    ကျုပ်တော့ ခုလက်ရှိအလုပ် အင်တာဗျူးတုန်းက ဘောင်းဘီ တိုနဲ့
    မြို့ထဲရောက်နေချိန် ဖုန်းဆက်တာကိုးး..
    နောက်ရက်ပြန်ချိန်းရင်မသေချာ..မကြိုက်တာသိပေမဲ့
    မေး.ဖြေ လုပ်ဖို့လိုရင်း ဆိုပီးပြေးတာပဲ.
    နောက်မေးတော့လည်း ကုလားသံဝဲဝဲမို့. ဘာမှသိဘူးရယ်..
    သို့ပေသိ..ကျော်က ဟန်ကိုယ်ဖို့သိပ်လုပ်တတ်တာကိုးး ..(အကျွမ်းကျင်ဆုံးပညာရပ်)
    ဒီတော့.အိုစခေ သွားလိုက်တာများ..(ကံစွပ်ချိန်မို့ ထင့်)
    ခုတော့ပရောဂျက် ပျက်နေဘာပီ ဆိုတောင်
    ထွက်လို့ရသေးဘူး ရယ်.. 🙁
    လုပ်တော့လည်း တောက်တိုမယ်ရ ဘာ.
    ခုလုပ်ကထွက်ဖြစ်ရင်ဒေါ့. ဒေါ်ဆွိပြောသလို ပြင်ဆင်ပီးလာခဲ့ပါ့မယ်.
    ဇဂါးပြောရင်း ညှိုနှိုင်း ကြည့်ကြတာပေါ့ နော်.. 😀
    တခုပဲ Able to do သိပ်မရှိ.. willing to do & learn .လို့တော့
    မရပ်မနား ရွတ်တတ်ပါကြောင်း.. 🙂
    ဒါနဲ့..ဆြာဂီ..နံပါတ် ၈ လေးကို ဒီတေးလ် ထပ်ရှင်းရင်
    သိပ်ကောင်းမှာပဲ ရယ်…

    • ခိုင်ဇာ

      March 4, 2013 at 12:05 pm

      ပဂိုးဒါး။ ပဂိုးဒါး။
      ဆြာမဆီ လာဗျူးမဲ့ အကြံက မလျှော့သေးပါလား။
      ပို့(စ) ကုန်အောင် အရင် စောင့်ဖတ်ပြီးမှလာပါကွယ်။ :mrgreen:

      willing to do & learn ဆိုရင်ကို မဆိုးလှ။ ကိုယ်ဟန်ဖို့ ပညာတော့ သင်စရာမလိုတော့။
      :harr:

      ကဲ။ ဂီလေးရဲ့ မန်နေ့မန့် ပညာရပ်လေးကို ပွဲတောင်းကုန်ဘီ။ :kwi:

      • Ghi Ghi ThE KiD

        March 4, 2013 at 12:38 pm

        မသိ သများမသိ…။
        အဲ့ဒါ HR Wizards တွေရဲ့ ကိစ္စရပ် ..သများနဲ့ ဘာဘာဘာမှ ချိုင်ဝူး..။
        :harr:

        • ခိုင်ဇာ

          March 4, 2013 at 12:43 pm

          ထမင်းရည်ပူလာမှ လျှာမလွှဲကြေး။

          မသိလို့သာတော်တော့။

          ညည်း ငါ့ ကို အရင် ချောက်ချလို့ တစ်ညလုံး စာဖတ်လိုက်ရတာ။ လုံးဝမသိတဲ့ ဟာကြီးကို။

          အဲဒီတော့ နောက် ရေးမဲ့ အဆက်ကိုလဲ တာဝန်ယူသင့်တယ်။

          :harr: :harr:

        • Ghi Ghi ThE KiD

          March 4, 2013 at 12:52 pm

          ဗျို့ အစ်မဂျီး
          အလုပ်သမားဘက် ရေးပြီးရင်
          အလုပ်ရှင်ဘက်လည်း ရေးအုံးနော်..
          စောင့်မျှော်နေသူ ဘာ.. စိတ်ကူးယဉ်နေသူဘာ…

          :kwi:

        • ခိုင်ဇာ

          March 4, 2013 at 2:56 pm

          CV အရင် ပို့ လိုက်ပါလေ။

          :kwi:

  • etone

    March 4, 2013 at 12:03 pm

    မင်္ဂလာပါ မမခိုင်ဇာ ။
    အလုပ်ခွင်ဝင်မယ့်လူတိုင်း မဖြစ်မနေ ကြုံတွေ့ ရမယ့် အင်တာဗျူးအကြောင်းလေးကို နှံ ့နှံ ့စပ်စပ်ရေးထာတဲ့ ပို့စ်လေးမို့ နှစ်သက်မိပါတယ် ။ အင်တာဗျူးက ဖြေနေကြလူအတွက်က ဒီလောက်ကြီး ပြသနာ မရှိပေမယ့်…. အတွေ့ ကြုံ မရှိတဲ့ လူအတွက်ကတော့ အတော်လေး စိတ်ကျဉ်းကြပ်စရာကောင်းတဲ့ တွေ့ ဆုံမှုမျိုးလို့များ ပြောရမလားပဲ … ။

    ကိုယ်တိုင် အလုပ်စဝင်တုန်းကရလာတဲ့ အင်တာဗျူး အတွေ့ ကြုံကတော့ confident လည်းလိုကြောင်း သိလာခဲ့ရပါတယ် ။ မျက်နှာချင်းဆိုင် ထိုင်ရုံနဲ့ .. မျက်လုံးထဲက မြင်နေရတဲ့ confident မျိုးပေါ့လေ ။ ဒါပေမယ့် … သုံးလေးနှစ်လောက်ကြာတော့ … အလုပ်မခေါ်ပဲ အလုပ်လာလျှောက်သူ တစ်ယောက် ကမ်ပဏီ ကိုရောက်လာခဲ့ဖူးတယ် ။အလုပ်ရမလားလို့ … ဝင်လာတာပါ ။ ဖြစ်ချင်တော့ အဲ့နေ့က .. သူ့ကို အင်တာဗျူးဖို့ ကကြီး လူမျိုး ဂျီအမ်ရယ် ၊ etone ရယ်ပဲရှိခဲ့ပါတယ် … ။ စီနီယာတွေ အပြင်စက်ရုံရောက်နေလို့ …အင်တာဗျူးဝင်လုပ်ပေးခဲ့ရတာပါ ။ လာတဲ့လူက အရမ်းကို ကွန်ဖီးဒန့် ရှိတဲ့ လူမျိုးပေါ့လေ … ။ သူ့ကို အလုပ်ခန့်ပါလျှင် သူ ဘယ်လောက်ထိ ဈေးကွက်ထဲ ရှာပေးနိုင်တယ်ဆိုတာမျိုး ပြောတဲ့အပြင် သူ့ရဲ့ ..ပြည်ပ အလုပ်ခွင်အတွေ့ ကြုံတွေကု ိပါ ပြောပြီး အလုပ်လာတောင်းခဲ့ပါတယ် ။ အပြောနဲ့တင် … လူတွင်ကျယ် သုံးစားလို့ ရမှန်းတော့ .. လေ့လာမိပေမယ့် … ဂျီအမ် သူ့ကို အလုပ်မခန့် ခဲ့ပါဘူး ……. ။

    ဒီလောက် တတ်နေလျှင်လုပ်ငန်းမှာ အန္တရာယ် တစ်ခုခုပေးလာနိုင်တဲ့အနေထား မျိုးကြောင့်ပါတဲ့လေ … ။ လှို ့ဝှက်ချက်တွေ ပေါက်ကြားနိုင်တာမျိုး ..ဘာညာအကြောင်းပြခဲ့တယ် … ။ သူဟာ တော်မယ် သုံးလို့ ရမယ်မှန်း သိပေမယ့် … ဒီလောက် တတ်တဲ့ လူမျိုး .. မလို အပ်ဘူးဆိုပြီး .. ငြင်းလိုက်တာပါ ။

    • ခိုင်ဇာ

      March 4, 2013 at 12:12 pm

      ဟုတ်ပါ့။ Etone ရေ။
      တချို့ အလုပ်ရှင်ကတော့ Confidence ထက် Honest ဖြစ်တာ ကို ပိုလိုချင်တတ်ပါတယ်။
      Confidence က လွန်တတ်တယ်လေ။

      အဟမ်း။
      OC လို့ အခေါ်ခံရလောက်အောင် ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်တတ်သော်ငြား အင်တာဗျူးမှာတော့ လိုသလောက် ပေးနိုင်မှ အကောင်းဆုံးပေါ့လေ။ :mrgreen:
      ပြောရင်း ဆိုရင်း ကိုယ်ဘယ်လောက်ထိ သွားလို့ရလဲဆိုတဲ့ အသိကတော့ တစ်ယောက်ချင်းဆီရဲ့ ခေါင်းကောင်းမှုအပေါ်မူတည်မယ်ထင်၏။
      :hee:

  • ခိုင်ဇာ

    March 4, 2013 at 3:02 pm

    အလုပ်လျှောက်လွာ CV ဘယ်လိုရေးရမယ်…

    နိုင်ငံတကာမှာ သတ်မှတ်ထားတဲ့ CV ဖောင် Standard အမျိုးမျိုး ရှိပါတယ်။ အမေရိကန်စံညွန်း၊ အင်္ဂလန်စံညွန်း၊ ဩဇီ စံညွန်း တို့အပြင် နိုင်ငံတစ်ခု တည်းမှာကိုတင် သုံးလေးခု မက ကွဲတာမျိုးတွေလည်း ရှိတတ်ပါတယ်။ CV ဖောင်ရဲ ့ အဓိက ရည်ရွယ်ချက်က အလုပ်ရဖို့ပါပဲ။ ဒီတော့ မြန်မာပြည်က အလုပ်လျှောက်တဲ့ သူများအနေနဲ့ ဘယ်လိုဆီဗီရေးဖို့လိုအပ်တယ်ဆို တာကိုလည်း သိထားဖို့ လိုအပ်ပါသေးတယ်။
    အချို ့ က အလုပ်လျှောက်ကြပြီး CV ထဲမှာ အချက်အလက်ပြည့်ပြည့်စုံစုံ ပါမလာပါဘူး။
    အချို ့ကျတော့လည်း အချက်အလက်တွေ များပေမယ့် လိုချင်တဲ့ အချက်အလက်ကို မရောက်ရပြန်ပါဘူး။ ကုမ္မဏီ တော်တော် များများကတော့ အလုပ်လျှောက်သူ တင်လာတဲ့ ဆီဗီ အပြင် သူတို့ Format ဆီဗီကိုပါ ထပ်ဖြည့်ခိုင်းတဲ့အခါမျိုးတွေ ရှိပါတယ်။ အစကတော့ အင်တာနက်ကနေ ရှာရှာဖွေဖွေနဲ့ ဟိုလိုလေးရေးရင် ကောင်းမလား၊ ဒီလိုလေး ရေးရင် ကောင်းမလားလို့ စဉ်းစားရတာမျိုး ရှိပါတယ်။
    ကုမ္မဏီတစ်ခုကို အသားလွတ်သွားလျှောက်ဖို့အတွက် ကိုယ့် CV က ရှေ ့ပြေး တပ်သား ဆိုတာ အရေးအကြီးဆုံး အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ CV မှာ အရေးအကြီးတဲ့ အချက်အချို ့ က အောက်ပါအတိုင်း ဖြစ်ပါတယ်။

    ၁။ အမည် -ဒါကတော့ မေးနေစရာတောင် မလိုပါဘူး။ အမည်မပါတဲ့ ဆီဗီဆို CV လို့တောင် မခေါ်ပါဘူး။
    _
    ၂။ အဖ အမည် – ဘာရယ်လို့တော့ မဟုတ်ဘူး။ ဆီဗီမှာ အဖ အမည်ကတော့ ထည့်ထည့်ရေးတာ ဟိုးအရင် ကတည်းက နိုင်ငံတကာ စံညွန်း ဖြစ်ပါတယ်။ အမိ အမည်တောင် အချို ့ဆီဗီမှာ ထည့်ပေမယ့် အချို ့ဆီဗီမှာကျ မလိုအပ်ပါဘူး။
    _
    ၃။ မွေးသက္ကရာဇ် – အသက်ကလည်း အရေးကြီးပါတယ်။ အသက်ဖြည့်မထားပဲ လျှောက်လို့မရတာလည်း လူတိုင်းသိပါတယ်။ အသက် အရွယ်ကြည့်ပြီးတော့လည်း အလုပ်ခန့်ပါတယ်။
    _
    ၄။ မှတ်ပုံတင် နံပါတ် – မှတ်ပုံတင်နံပါတ်၊ယာဉ်မောင်းလိုင်စင်၊ ပတ်စ်ပို့ နံပါတ် အစရှိသဖြင့် ရှိရင် ရှိသလို ထည့်ပေးတာ အကောင်းဆုံး ပါပဲ။
    _
    ၅။ ကိုးကွယ်သည့် ဘာသာ – ဒါကလည်း လိုအပ်ပါတယ်။ သိပ်အများကြီးရှင်းပြနေစရာလိုမယ် မထင်ပါဘူး။
    _
    ၆။ အိမ်ထောင်ရှိမရှိ – ဒါကလည်း လိုအပ်ပါတယ်။ ဥပမာ မိသားစု ကြောင့် အလုပ်အပေါ် ဂရုစိုက်နိုင်မှု ရှိမရှိကို သိချင်တာမျိုး ဖြစ်ပါတယ်။
    _
    ၇။ ပညာအရည်အချင်း – ပညာအရည်အချင်း ဘယ်လောက်ရှိလဲဆိုတာကို ကြည့်ပြီးမှ အလုပ်တစ်ခုက သင့်တော်မတော် ရွေးချယ်တာ ဖြစ်ပါတယ်။ ဒီနေရာက အရေးကြီးဆုံးလို့ဆိုလဲ မမှားပါဘူး။ ကိုယ်လုပ်မယ့် အလုပ်နဲ့ အဆင့်မှီတဲ့ ပညာအရည်အချင်း ရှိမရှိကြည့်ကြတာ မို့ ဖြစ်ပါတယ်။
    ဘာသာစကား ကျွမ်းကျင်မှုက ပညာအရည်အချင်းခေါင်းစဉ် ထဲမှာပါပါတယ်။ ဒီမှာလည်း ကိုယ်တတ်ကျွမ်းတဲ့ ဘာသာစကား၊ စာပေကို လျှောက်တဲ့အလုပ်နဲ့ ဆီလျော်သလို ဖြည့်ပေးဖို့လိုအပ်ပါတယ်။
    Good, Fair, Very Good တိုလို သတ်မှတ်ရတာမျိုးလည်း ရှိပါတယ်။ နောက်တစ်ခုက Typing skill။ ဒါကတော့ နည်းပါတယ်။ Typing speed ဖြည့်ရတာက စာစီစာရိုက်များများ လုပ်ရတဲ့ အလုပ်တွေမှာကျ ထည့်ခိုင်းတတ်ပါတယ်။ မလိုအပ်ရင်တော့ တကူးတက ထည့်စရာမလိုပါဘူး။
    _
    ၈။ အလုပ်အကိုင် အတွေ့အကြုံ – အရင်က လုပ်ခဲ့တာတွေကို စလုပ်တဲ့အချိန်ကနေ ပြီးတဲ့ အချိန်အထိကို ထည့်ရေးရမှာ ဖြစ်ပါတယ်။
    ယခင် အလုပ်မှ လစာ – အဲဒါကို အလုပ်အကိုင်အတွေ့အကြုံမှာ ကိုယ်လုပ်ခဲ့တဲ့ ကုမ္မဏီတိုင်းရဲ ့ ဘေးမှာ ဖြစ်ဖြစ်၊ အောက်မှာ ဖြစ်ဖြစ် ဇယားနဲ့သော်လည်းကောင်း ထည့်ထားတာ အကောင်းဆုံးပါပဲ။
    _
    ၉။ ထွက်ရသည့် အကြောင်းအရင်း – ဒါကလည်း လိုအပ်ပါသေးတယ်။ ကုမ္မဏီတိုင်းက အရင်အလုပ်ကနေ ဘာလို့ထွက်လဲ ဆိုတာကို စိတ်ဝင်စားပါတယ်။ Reason of leaving ကိုလည်း ဖြည့်ဖို့လိုအပ်ပါတယ်။
    _
    ၁၀။ ကျွမ်းကျင်သော အလုပ် – Job Interested (စိတ်ပါဝင်စာသော အလုပ်) လို့လည်း ခေါ်ပါတယ်။ ဒီမှာကျ ကိုယ် ဘာတွေလုပ်နိုင်တယ်။ ဘယ်လိုလုပ်နိုင်တယ်ဆိုတာကို အတိုဆုံး၊ အလွယ်ဆို ဝါကျနဲ့ရေးဖို့ လိုအပ်ပါတယ်။
    _
    ၁၁။ လျှောက်ထားလိုသော ရာထူး – အချို ့က ကိုယ့်ကိုယ်ကို ဘယ် Position လျှောက်လို့လျှောက်မှန်း မသိကြပါဘူး။ သင့်လျော်ရာ အလုပ်ဆိုပြီး ရေးတဲ့သူတွေတောင် ရှိပါသေးတယ်။ ဒီမှာတင် ကိုယ့်ရဲ ့ Impression က ကျသွားပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်စိတ်ဝင်စားတဲ့ အလုပ်ကို တစ်ခုခုရွေးပြီး အသေအချာ လျှောက်သင့်ပါတယ်။
    _
    ၁၂။ မျော်မှန်းလစာ – ကိုယ် လစာဘယ်လောက် လိုချင်တာကိုလည်း ထည့်ကိုထည့်ရမယ့် အရာ ဖြစ်ပါတယ်။ ဒီမှာရေးလိုက်တဲ့ လစာကလည်း ကိုယ့်ရဲ ့ တန်ဖိုးပါပဲ။ အားနာလို့ လစာလျော့ရေးလိုက်တာမျိုး၊ အလုပ်မရမှာစိုးလို့ လစာ လျော့ရေးလိုက်တာမျိုးကမှားယွင်းတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်လစာ ဘယ်လောက်ရသင့်တယ်ဆိုတာ ပတ်ဝန်းကျင်မှာ သေချာလေ့လာပြီး ကိုယ့်အရည်အချင်းနဲ့ဆို ရသင့်တယ်လို့ ယူဆတဲ့ ပမာဏလေး ထည့်ရေးဖို့လိုအပ်ပါတယ်။ ဒီမှာလည်း များများလိုချင်လို့ ပိုရေးလိုက်တယ်ဆိုရင်လည်း မရနိုင်တော့ပါဘူး။
    _
    ၁၃။ လုပ်ကိုင်ပေးနိုင်သည့် အတိုင်းအတာ – ဒီထဲမှာ ပါဝင်တာတွေကတော့ ဝန်ခံချက်များ ဖြစ်ပါတယ်။ ဥပမာ- နယ်ဝေးခရီးသွားနိုင်မသွားနိုင်တို့၊ ပင်လယ်ရေခြားမြေခြားသွားနိုင်မသွားနိုင်တို့၊ အိုဗာတိုင်း ဆင်းနိုင်မဆင်း နိုင်တို့ ဖြစ်ပါတယ်။ ဒါကိုလည်းသေချာ ဇယားနဲ့လုပ်လို့ Yes နဲ့ No သုံးရုံပဲ ဖြစ်ပါတယ်။
    _
    ၁၄။ ဝါသနာ – ( Persoanal Interset) လို့ရေးတာ အကောင်းဆုံးပါပဲ။ ဒီမှာကျ တကယ်ပဲ ကိုယ်ဝါသနာ ပါတာ ပွင့်ပွင့်လင်းလင်း ရေးလို့ ရပါတယ်။ ဥပမာ -ရေကူး၊ ဘောလုံးကန်၊ ရုပ်ရှင်ကြည့် အစရှိသဖြင့်ပေါ့။
    _
    ၁၅။ ဆက်သွယ်ရန် – ကိုယ့်ကို ဆက်သွယ်ဖို့ လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ် အစရှိသဖြင့် စုံစုံလင်လင် ထည့်ဖို့လိုအပ်ပါတယ်။ ဒါကို သေချာ ထည့်မှလည်း ကိုယ့်ကို ပြန်ပြီးဆက်သွယ်နိုင်မှာမို့ ဖြစ်ပါတယ်။
    _
    ၁၆။ ဓာတ်ပုံ – အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။ CV တစ်ခုမှာ အရေးကြီးတာ တစ်ခုကလည်း ဓာတ်ပုံပါပဲ။ အရင် နှစ်က ရိုက်ထားတဲ့ ပုံလေးက လှလို့ ဒါလေးပဲ ထည့်လိုက်မယ် ဆိုတာမျိုးမလုပ်ရပါဘူး။ ၃ လအတောအတွင်းဆိုရင် သုံးလို့အဆင်ပြေပါနိုင်ပါတယ်။ အကောင်းဆုံး ကတော့ တစ်ပတ်အတွင်းပါပဲ။ အချို ့ဆို နက်ဖန်လျှောက်ဖို့အတွက် ဒီနေ့ ဓာတ်ပုံပြေးရိုက်တာမျိုးလုပ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်။
    _
    အထက်ပါ ဖော်ပြပါ အချက်များက အကြမ်းဖျင်းပါပဲ။ တကယ် CV ဖြည့်တော့မယ်ဆိုရင် မပါမဖြစ်ပါရမယ့် ဟာမို့ ဖြစ်ပါတယ်။ ပြီးတော့ CV ကို အင်္ဂလိပ်လို ရေးတာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒီတော့ CV ရေးတော့မယ် ဆိုတော့ ကိုယ်က မသိရင် လေ့လာတာက အကောင်းဆုံးပါပဲ။ အင်္ဂလိပ်စာ အသုံးအနှုန်းတွေ ပြန်လေ့လာဖို့ ဖြစ်ပါတယ်။
    Google Search မှာ Standard CV Form Download လို့ စာရိုက်ပြီး ကိုယ်စိတ်ကြိုက် တွေ့ရာ ရှာဖွေနိုင်ပါတယ်။ အဲ့ထဲမှာမှ ကိုယ့်နဲ့အသင့်တော်ဆုံးလို့ ထင်တဲ့ဟာကို ရွေးပြီး download ဆွဲလို့ ရေးသားဖြည့်ဆွက် နိုင်ပါတယ်။ အများကြီးလည်း မလိုအပ်ပါဘူး။ Simple CV လို့ရိုက်ရှာပြီးလည်း ဖြည့်နိုင်ပါတယ်။ သို့တည်းမဟုတ် ကိုယ်က Excel တတ်ထားတယ် ဆိုရင် Excel ဖိုင်တစ်ခုဖွင့်လို့ ကိုယ့် ဆီဗီ ကိုယ်အဆင်ပြေသလို ဖြည့်ဆွက်တာလည်း အကောင်းဆုံးပါပဲ။
    Excel မဟုတ်ပဲ Office Word မှာလည်း ဇယားကွက်ချလို့ လုပ်လု့ိလည်းရပါတယ်။
    ဒီမှာ အများကြီးခေါင်းစားစရာမလိုပါဘူး။ ကုမ္မဏီတော်တော်များများက ကိုယ်ပိုင် CV Format ရှိပါတယ်။ ကိုယ်တင်လိုက်ပြီး နောက်တစ် ခေါက် ကတော့ ထည့်ဖြည့်ရအုံးမှာ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်တင်လိုက်မယ့် ရှေ ့ပြေးဆီဗီက အထက်ပါ ပြထားတဲ့ အချက်လေးတွေနဲ့ ဆိုရင်တောင် လုံလောက်ပါတယ်။ ကိုယ့်ကို Recommand ဘယ်သူပေးတာ လည်းဆိုတာ ကိုလည်း လိုအပ်မယ်ထင်ရင် ထည့်ရေးနိုင်ပါတယ်။ Signature (လက်မှတ်)ကိုလည်း CV အပိတ်မှာထိုးနိုင်ပါတယ်။ ဒီတော့ အများကြီး အတွေးရှုပ်နေစရာ မလိုပါဘူး။
    အထက်ပါ အရေးကြီး အချက်အလက်ပါတဲ့ ဖောင်ကို အရှင်းလင်းဆုံး ပြုလုပ် သို့မဟုတ် download ဆွဲပြီး လုပ်မယ်။ အင်္ဂလိပ်စာမှန်မှန်နဲ့ သေချာဖြည့်ဆွက် မယ်ဆိုရင် လုံလောက်ပါပြီ။ ဒါဆိုရင် သင့်လျော်ပါပြီ။ ရိုးရိုးနဲ့ ရှင်းရှင်းပြောရရင် လုပ်ငန်းရှင်တွေ CV တစ်ခုကို ကြည့်မယ်ဆိုရင် အဓိကထားမှာက ပညာအရည်အချင်း၊ အသက်၊ အရင်လုပ်ခဲ့တဲ့ ကုမ္မဏီ၊ မျှော်မှန်းလစာ တို့လောက်ပါပဲ။ သို့ပေမယ့် ပြည့်ပြည့်စုံစုံရေးပို့ရမှာကတော့ ကိုယ့်တာဝန်ပဲ ဖြစ်ပါတယ်။ ဒီလောက်ဆို ကိုယ်နိုင်အဆင်ပြေမယ့် အလုပ်လျှောက်လွှာရေးနိုင်ပြီလို့ မျှော်လင့်ပါတယ်။
    _
    ~~~~~~~~~~~~Credit: Myawady News’s~~~~~~~~~~~~~~~
    _

    အဟိ။ ဘုန်းနဲ့ ကံနဲ့ လူများကြ ဒီနေ့ပဲ ဒီ ဟာကို ရှာတွေ့ပြီ။
    CV ရေးနည်းတဲ့။ မှတ်ကြလော့။ :kwi:

  • kai

    March 4, 2013 at 3:08 pm

    ကျုပ်မေးဖူးတဲ့ အင်တာဗျုးမှာကျ…
    … ဖိုတိုရှေ့ာထည့်ထားတဲ့ ကွန်ပျူတာပေးပြီး.. ဓါတ်ပုံတပုံကို လိုချင်တာလေး.. လုပ်ခိုင်းလိုက်တာ..
    ၁ဝယောက်မေး.. ၁ဝယောက်လုံးမရ…
    အနိစ္စ…

    ဘယ်ရမလည်း..
    ံHR က.. လစာ အာဖျံကွီးလောက်လေးပေးမယ်ကြေငြာခေါ်တာမို့.. လာတဲ့သူတွေက.. အာဖျံကွီးချည်းပဲပေါ့..
    လစာတိုးပြီး.. ခေါ်မှ လိုချင်တဲ့သူရနိုင်တာ… :harr:

    • ခိုင်ဇာ

      March 4, 2013 at 3:12 pm

      အဲလာ ခက်တာပဲ တဂျီးမင်းရယ်။
      လစာ ပြ ခေါ်တာကိုးဗျ။
      :harr:
      ဒီမှာတော့ အဲလို လစာ ပြခေါ်တာ ခပ်ရှားရှားရယ်။
      ဂလိုပဲ တောင်းကြည့်လိုက်၊ ဆစ် ကြည့်လိုက်နဲ့ ဈေးရောင်းဈေးဝယ်လုပ်နေရသလိုပါပဲ။ :mrgreen:

      • Ghi Ghi ThE KiD

        March 4, 2013 at 3:18 pm

        လစာ ပြခေါ်တာ ခေါ်သင့်ပါတယ်ဗျာ..
        ကြိုက်ရောင်း ကြိုက်ဝယ်ပေါ့…။
        ပွင့်လင်းမြင်သာမှုရှိတဲ့ သဘော ဆိုပါတော့ ..။
        တကယ်တော့ သူများဝန်ထမ်းလုပ်တယ် ဆိုတာ အချိန်ကိုရောင်းတာပါပဲ..။
        တနေ့ ၈နာရီ တပါတ် နာရီ၄ဝ နဲ့ တနှစ်စာချုပ်နဲ့ ရောင်းတဲ့ ဆားဗစ်စ် တခုဆိုပါစို့…။

        ဆားဗစ်စ်တို့ရဲ့ သဘော စောကြောရမယ်ဆိုရင်ဖြင့် ..ဆားဗစ်ရဲ့ အသက်ဟာ
        ဗဲလျူး ..မန်းနီးဆိုတာ ဗဲလျူးနဲ့ ထပ်တူမကျပေမယ့် သင့်တင့်တဲ့ ဗဲလျူး လိုချင်ရင်တော့
        ထိုက်သင့်တဲ့ မန်းနီး ကို ထုတ်ရမယ် ဆိုတာ အသေအချာပါပဲဗျ…။
        ဗဲလျူးအကြောင်း ဆက်ရရင်ဖြင့် ..ရေသွားသောက်လိုက်အုံးမယ်…။

        :kwi:

        • ခိုင်ဇာ

          March 4, 2013 at 3:28 pm

          သိဘူးအေ။
          နာ တို့က ပွင့်လင်းမြင်သာမှု ကို ကြိုက်ဘူး။
          တိတ်တိတ်ပုန်း ရင်ခုန်ရတာကိုပဲကြိုက်တယ်။
          လစာကိုပြောတာပါ။ :mrgreen:

          ဒီမှာက မျှော်မှန်းလစာဆိုပြီး သူတို့ ဖောင် မှာ အမြဲ ဖြည့်ရတယ်။

          ဗဲလျူး ကိစ္စ ကတော့ ကိုယ် စ ခဲ့ တာ ကိုယ့်ဟာကိုယ် အဆုံးသတ်ပါ။
          :kwi:

  • Mr. MarGa

    March 4, 2013 at 6:54 pm

    ဘာမှ မပြောတော့ဘူး
    bookmark လုပ်ပဗျို့ :hee:

  • မောင် ပေ

    March 4, 2013 at 9:31 pm

    ယောက်ခမ အိမ်မှာ သမီးသွားတောင်းမယ့် သတို ့သားလောင်းလေးတွေ အတွက်လဲ
    အင်တာဗျူးလေး ရေးပေးပါဦးဗျို ့

    • ခိုင်ဇာ

      March 5, 2013 at 8:42 am

      သမီးရှင်ဖြစ်ပြီး မှ ရေးတတ်မှာ။
      :kwi:

  • kyeemite

    March 5, 2013 at 11:46 am

    အလုပ်ခွင်ဝင်မယ့်လူတိုင်း မဖြစ်မနေ ကြုံတွေ့ ရမယ့် အင်တာဗျူးအကြောင်းလေးကိုစံနစ်တကျ
    ရှာဖွေတင်ပြထားလို့မို့ သဘောကျပါတယ်…..
    လိုနေသူတွေ မျှဝေနိုင်အောင်ကူးထားလိုက်ပါတယ်…

    • ခိုင်ဇာ

      March 5, 2013 at 12:04 pm

      ဟုတ်၊ ကိုကြီးမိုက်။

      :hee:

  • pchogyi

    March 5, 2013 at 2:40 pm

    လုပ်ငန်းခွင်ဝင်ဖို့ အလုပ်ရှာသူတွေအတွက်
    ဗဟုသုတဖြစ်စေတဲ့ ပို့စ်လေးပါ။

  • InvisiblePerson

    March 5, 2013 at 9:57 pm

    ကိုယ့်ဖော်မက်နဲ့ CV Form ကို ဖြည့်ခိုင်းတယ်ဆိုရာမှာ လက်ရေးလှမလှ၊ သေသေသပ်သပ်ရေး တတ်မတတ်နဲ့ စာရေးတဲ့အခါမှာ အဲဒီလူရဲ့ အကျင့်စရိုက်တချို့ကိုလည်း မြင်တွေ့နိုင်လို့ ကိုယ့်ရှေ့မှာတင် ရေးခိုင်းတာဖြစ်တယ်။

    • MaMa

      March 6, 2013 at 6:17 am

      လော့အင်မဝင်ပဲ ရေးလို့ရတယ်ဆိုလို့ စမ်းကြည့်လိုက်တာ။
      အီးမဲတောင် ဖြည့်စရာမလိုဘူး။
      သဂျီး ဒါတော့ လွတ်လွန်းပြီထင်တယ်။ :buu:

      • ခိုင်ဇာ

        March 6, 2013 at 9:13 am

        တော်တော် လွတ်နေပြီ။
        :buu:

    • ခိုင်ဇာ

      March 6, 2013 at 9:12 am

      အဲလို ဖြည့်ခိုင်းတဲ့မည့် အချိန်ကို စကားပြောလိုက်တာက အကြောင်းပိုသိလေမလား။ 🙄

  • nicolus agral

    March 6, 2013 at 6:45 pm

    ကျေးဇူးပါပဲဗျာ
    Interview ဖြေပြီး ၂ လကျော်အကြာမှာ ကိုယ်ကမေးရမယ့်သူ ဖြစ်လာတုံးလေး
    ရေကန်အသင့် ကြာအသင့်ပဲ
    ဟီ ဟိ ငါ့ကံကိုက နှလုံးသားရေးကလွဲရင် အားလုံးအဆင်ပြေနေတာပဲ

    • ခိုင်ဇာ

      March 7, 2013 at 9:23 am

      ဟယ်။။
      နာ့ အတိုင်းပဲ။ :mrgreen:

  • နေဝန်းနီ

    March 6, 2013 at 9:08 pm

    မိုင်ဇာရေ…။ တစ်လောလေးကပဲ ကျုပ်တို့ရပ်ကွက်ထဲက ကောင်မလေး အလုပ်ရသွားတယ်ဗျာ …။ အံ့ဩဖို့ကောင်းတာ က အင်တာဗျူး တောင်မဖြေလိုက်ရဘူး CV ဖောင်လား အဲဒါတောင်မှလူကြုံနဲ့တင်လိုက်တာတဲ့….။ သူ့အပြောလေ…………။ အဘက အဲဒိက အလုပ်ခေါ်လိမ့်မယ် လျှှောက်လိုက်ဆိုလို့ လျှောက်လိုက်တာတဲ့ ……… ခင်ညားပြောသလို ဘာမှလည်း မခက်ပါလား

    • ခိုင်ဇာ

      March 7, 2013 at 9:18 am

      ကို နေဝန်းနီ
      ကျနော့မှာ အဲ့လို ပြောပြမဲ့ အဘ မရှိခဲ့လို့ ခက်ခဲတာပေါ့ဗျ။

      :byae:

  • padonmar

    March 25, 2013 at 9:14 pm

    ၉) အရင်အလုပ်ကထွက်ရတဲ့ အကြောင်းမှာ အရင်အလုပ်မကောင်းကြောင်းသိပ်ပြောရင် အလုပ်မခန့်ချင်ပါကြောင်း။
    (သူများအတင်းလာအုပ်သလို ကိုယ့် အတင်းလည်း အုပ်မှာပေါ့)

    • KZ

      March 30, 2013 at 8:38 pm

      ဟုတ်ပါ့ အာတီဒုံ။
      အဲဒီလိုလူမျိုးကို အလုပ်မှာ တော်တော်များများကြောက်ကြပါရဲ့။ 🙂

    • KZ

      March 30, 2013 at 8:42 pm

      ဒါကတော့ ကိုယ်က ပြင်ဆင်သွားရမဲ့ အပိုင်းဖြစ်သွားပါပြီဗျ။ 🙂
      မူရင်းမှာကိုက ဘယ်လိုဖြေရမယ်ဆိုတဲ့ လမ်းကြောင်းပဲ ပါလို့ပါ။ :mrgreen:

    • ခင်ဇော်

      May 20, 2015 at 1:51 pm

      ကျေးဇူးပါ မိုးသူရေ။
      🙂

Leave a Reply