မြတ်သောစခန်း
ဇရာအိုမင်း
ငြိုးနွမ်းသည့်ခံ ခံနိုင်သည့်အား
ကျရှုံးသည့်အချိန် သွားရမည့်လမ်း
ပြုခဲ့သည့်ကံ ကိုယ်ပြန်ခံချိန်
ရောက်လှနီးနီး စိတ်နှလုံးသွင်းမှ
ဘုရား တရား မြတ်သံဃာတို့
ရင်မှာကိုင်ဆွဲ ကြိုးစားအားထုပ်
လုံ့လပြုသည် နေဝင်ချိန်တန်
လျှောက်လှန်းနိုင်ရေး
ကြိုမျှော်တွေးရင်း အစဉ်ရှေးရှု
ကြိုးစားမှုသည် အပယ်တံခါး
မပိတ်တိုင်သော် နောင်သံသရာ
လွတ်မြောက်နိုင်ရေး ငါကြိုတွေးသည်
စာနာစိတ်လေး ပေးလှည့်တော့ မြတ်သောစခန်းတိုင်အောင်တည်း
One comment
အလင်းဆက်
March 5, 2013 at 8:58 pm
ဖတ်သွားဒယ်ဟေ ့။
အချစ်အကြောင်းချည်းပဲ..မဟုတ်
ဒီလို.. ကဗျာမျိုုးလည်း..ရေးတော့ပိုကောင်းတာပေါ့ ။
ပျောက်ပျောက်မသွားနဲ ့
မတာမလေး
🙂