Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Diploma in Information(DIT) သင်တန်းတတ်မယ်ဆိုရင်…………….

manawphyulayJuly 23, 20101min3377

ဒီ DIT သင်တန်းကို ပညာရေးဝန်ကြီးဌာနနဲ့ KMD တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ သင်တန်းကာလတစ်နှစ်ဖြစ်ပါတယ်။
DIT သင်တန်းဟာ NCC Education (UK)မှ ဖွင့်လှစ်တဲ့ First Year သင်တန်းဖြစ်တဲ့ IDCS သင်တန်းနဲ့ အဆင့်အတန်း တူညီတယ်ဆိုတာပါပဲ။။
ဒီ DIT သင်တန်းကို အောင်မြင်ပါက ကျောင်းသားများအနေနဲ့ NCC(UK)မှ ဖွင့်လှစ်တဲ့ Second Year(IADCS) သင်တန်းကို တိုက်ရိုက်

တက်ရောက် သင်ကြားနိုင်ကြမှာဖြစ်ပါတယ်။

ဒီ DIT နဲ့ IDCS သင်တန်းတွေဟာ သင်တန်းကြေး အလွန်ကွာခြားပါတယ်။
DIT သင်တန်းဟာ သင်တန်းကြေး စုစုပေါင်း တစ်သိန်းခွဲသာ ပေးသွင်းကြရပြီး အကယ်၍ စာမေးပွဲကြခဲ့လို့ ပြန်ဖြေရင်လည်း တစ်ဘာသာကို

စာမေးပွဲကြေး တစ်သောင်းသာ ပေးသွင်း ဖြေဆိုကြရပါတယ်။
IDCS သင်တန်းကတော့ Diploma ကို NCC(UK) က တိုက်ရိုက် ချီးမြှင့်တဲ့အတွက် သင်တန်းကြေး၊ စာမေးပွဲကြေး စုစုပေါင်း

ငါးသိန်းခြောက်သိန်းလောက် ကုန်ကြမှာဖြစ်လို့ ငွေကြေးအခက်အခဲရှိတဲ့ ကျောင်းသားများအနေနဲ့ သင်တန်းကြေး ငါးဆနီးပါးလောက်

သက်သာတဲ့ DIT Course ကို ရွေးချယ်တက်ရောက်သင့်ကြပါတယ်။
……………DIT Course မှာတော့ သင်ရိုး(Syallabus) များအနေနဲ့
-Ecommerce
-Computer Technology(CT)
-Computer Programming(CP)
-Developing a Website(DWS)
-VB.Net
-Foundation English Course
တို့ကို သင်ယူကြရပါမယ်. DIT Course မှာ Assigment များကိုလည်း IDCS မှာလိုပဲ သတ်မှတ်ချိန်အတွင်းမှာ ပြီးစီးအောင်

လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။
သင်တန်းကာလ ပြီးဆုံးရင်တော့ အဖွဲ့လိုက် Practical Project များကို Program ရေးဆွဲရှင်းလင်းပြသကြရမှာဖြစ်ပါတယ်။

DIT ကျောင်းသားများအနေနဲ့ အဆိုပါ Assignment , Project များကို အောင်အောင်မြင်မြင်လုပ်ဆောငိနိုင်ကြဖို့အတွက်

အပိုဆောင်းဘာသာရပ် (Value Added) များအနေနဲ့…………
-Macromedia Dreamweaver(Web-Design ဖန်တီးရန်)
-Microsoft Word (စာစီစာရိုက်)
-Microsoft Excel(စာရင်းအင်း)
-Microsoft Access (Database)
-Microsoft Power Point( Presentation တင်ပြရန်)
-Adobe Photoshop(Photo ပြင်/ဖျက် တည်းဖြတ်ရန်)
-Using E-mail & Internet စတဲ့ Software Application များကိုလည်း သင်ကြားကြရမှာဖြစ်ပါတယ်။ DIT သင်တန်းရဲ့ Exam

အားလုံးကိုတော့ KMD မှာပဲ Local Exam များအနေနဲ့နဲ့ စစ်မေးမှာဖြစ်ပြီး ပြည်တွင်းမှာပဲ အမှတ်ခြစ်မှာဖြစ်ပါတယ်။

သင်တန်းကို တတ်ရောက်ဖို့ လိုအပ်အရည်အချင်း……….
– တက္ကသိုလ်ဝင်တန်းအောင်မြင်ရမှာဖြစ်ပါတယ်။။။။။

သင်တန်းကြေး……………..
– DIT သင်တန်းမှာ ပေးသွင်းရတဲ့ သင်တန်းကြေးတွေအနေနဲ့ တစ်ရာရာခိုင်နှုန်း မြန်မာကျပ်ငွေ(Local Currency) နဲ့သာပေးသွင်းရတာမို့

ကျောင်းသားများအနေနဲ့ နိုင်ငံခြားငွေ ကုန်ကျမှုသက်သာစေမှာဖြစ်ပါတယ်။

သင်တန်းချိန်
– သင်တန်းချိန်ကိုလည်း သင်တန်းသားများအနေနဲ့ မိမိတို့ရဲ့ အချိန်အားလပ်မှု အလုပ်ကိုင်တို့အပေါ် မူတည်ပြီး………..
-တစ်နေ့လျှင် စာတွေ့ (2)နာရီ၊ လက်တွေ့ (2)နာရီ တစ်ပတ်(5)ရက် weekdays
-တစ်နေ့လျှင် စာတွေ့(4)နာရီ၊ လက်တွေ့(4)နာရီ စနေ၊တနင်္ဂနွေ Weekend ဆိုပြိး မိမိတို့နှစ်သက်ရာ

ရွေးချက်တက်ရောက်နိုင်ပါတယ်………….
KMD Computer Center မှာ စုံစမ်းနိုင်သလို…

အမျိုးသားစီမံခန့်ခွဲမှုကျောင်း(အသေအချာမသိလို့ တောင်းပန်ပါတယ်)ဆိုလား
ဗိုလ်တစ်ထောင်မှာရှိတာပါ.. အဲဒီ့ကျောင်းမှာလည်း စုံစမ်းနိုင်ပါတယ်..

7 comments

  • zeo

    July 24, 2010 at 3:47 pm

    DIT ကျောင်းတွေအနေနဲ့ ရန်ကုန်နှင့်မန္တလေး ကွာပါသေးတယ်….ရန်ကုန်က ပိုပြီးတတ်ပါတယ်…. မန္တလေးမှာက ဆရာတေ၊ွဆရာမတွေက လိုက်လုပ်ပေးပါတယ်…..တစ်ခုပြောချင်တာက DIT ပြီးလို့ IADCS ှဆက်တက်မယ်ဆိုရင် Basic Java ပြီးဖို့လိုပါမယ်….

  • zayar

    July 28, 2010 at 7:00 am

    သင်တန်းကို ကျွန်တော်တတ်ဘူးတယ် ဒါကြောင့်အကြံပေးတာပါ
    စာတွေကကောင်းပါတယ်
    ဆရာမအချို့တွေသတိထား
    အချို့ကခင်ဖို့ကောင်းတယ် အချို့ကမုန်းဖို့ကောင်းတယ်
    အချို့ကနှုတ်ရိုင်းတယ် အချို့က ခေါင်းစားမယ်
    ကျွန်တော်ကြုံခဲ့တာ ရိုင်းတယ် တော်တော်လေးကို
    သတိ သတိ ထား
    စေတနာဖြင့်

  • နှင်းဆီနက် (တိမ်လွှာ)

    February 20, 2012 at 8:16 am

    ကျနော်လဲ တက်ခဲ့ပြီး ခုတော့ နက်ဝက်လိုင်းကို အဓိက ဦးစားပေးအနေနဲ့ လေ့လာနေပါတယ်။မန္တလေးထက် ရန်ကုန်သင်တန်းက ပိုပြီး စနစ်ကျပါတယ်။ဆရာ/ဆရာမ အမျိုးမျိုးတော့ ကြုံရတာပေါ့……

  • K@oru

    February 20, 2012 at 8:24 am

    အားပေးသွားပါတယ် ကိုစိတ်ဖွေးပိစိ…

    သများတို့ငယ်တုန်းက ဒါမိုးတွေပေါ်ရင်
    သိပ်သိပ်ကောင်းမှာ ဘဲနော် ….

    ခင်တဲ့

  • wanwan

    February 20, 2012 at 11:37 am

    သင်တန်းကြေးကို နှစ်ရစ်ခွဲပေးရတယ်
    ဒါပေမဲ့ စာမေးပွဲပြန်ဖြေရရင်တော့ပြီးခဲ့တဲ့နှစ်ကစပြီး နှစ်သောင်းဖြစ်သွားပါပြီ

  • ကိုရင်စည်သူ

    February 20, 2012 at 12:19 pm

    မစိတ်ဖြူပိစိကွေးလေးရေ… လောလောဆယ်တော့..
    DIT – Depend – IT လက်ဖက်ရည်ဆိုင်မှာ အာလူးဖုတ်သင်တန်းတက်နေတယ်.. 😆 😎
    အဟီးး… ကန်ပျူတာပညာက အနော်တို့နဲ့ ဓူဝံကြယ်ကြီးလောက်ဝေးပါတယ်.. 😀 😀

Leave a Reply