Myanmar Web DesignerDecember 27, 20121min25714
မင်္ဂလာပါ … မိမိကိုယ်တိုင် website ရေးဖို့ လေ့လာနေသူတွေအတွက်၊ မြန်မာဘာသာနဲ့ ရှင်းပြထားတဲ့ video tutorial တွေတင်ပေးထားတဲ့အတွက် ဘာမှမတတ်သေးတဲ့ သူတွေတောင် သင်ခန်းစာတွေအကုန် လိုက်လုပ်နိုင်မယ်ဆိုရင် HTML, CSS, jQuery တွေနားလည်ပြီး၊ သင်ခန်းစာ အဆုံးမှာတော့ website တစ်ခု ရရှိမှာဖြစ်ပါတယ်၊ လိုက်လုပ်နိုင်တဲ့သူအတွက်တော့ web designer ဆိုတဲ့ လမ်းကြောင်းပေါ်ကို ရောက်သွားမှာ ဖြစ်ပါတယ်။ သုညက စမယ့်သူတွေအတွက် အထောက်ပံ့ကောင်း၊ သင်ခန်းစာကောင်း ဖြစ်မယ် ထင်ပါတယ်။ ဝင်လေ့လာချင်တယ်ဆိုရင်တော့ Free Myanmar Website Tutorial (be creator yourself) မှာ ဝင်လေ့လာနိုင်ပါတယ်။ ဒါလည်း ကျွန်တော် အခမဲ့ ကိုယ်ပိုင်အချိန်တွေ အကုန်ခံပြီးတော့ video recording လုပ်ပြီး တင်ပေးထားတာ ဖြစ်ပါတယ်။ ဝေဖန်ခြင်း အကြံပြုခြင်းများ ပြုလုပ်နိုင်ပါတယ်။ 🙂


Bl4ck_B4dB0ySeptember 14, 20121min1406
အင်တာနက်ရရှိသော မိုဘိုင်းဖုန်းမှ တခြားကွန်ပျူတာ, မိုဘိုင်းဖုန်းနှင့်Tablet များထံသို့ အင်တာနက် ကွန်နက်ရှင်ကို မျှဝေ အသုံးပြုလို့ ရပါတယ်။ အင်တာနက် ရရှိတဲ့ ဖုန်းကနေပြီးတော့ Wi-Fi hotspot တစ်ခု တည်ဆောက်ပေးလိုက်ရင်တော့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ Tablet တွေမှာ အရေအတွက် ရှစ်လုံးအထိ အင်တာနက် မျှဝေ အသုံးပြုနိုင်ပါတယ်။ ပထမဦးဆုံး အင်တာနက် ရရှိတဲ့ မိုဘိုင်းဖုန်းရဲ့ အင်တာနက် ကွန်နက်ရှင်ကို On ပေးပါ။ Wi-Fi hotspot တစ်ခု တည်ဆောက်မှာဖြစ်တဲ့အတွက်ကြောင့် ဖုန်းရဲ့ Settings ကို ဖွင့်လိုက်ပါ။ Wireless & networks တွေ့ရင်တော့ select လုပ်ပါ။ အင်တာနက် ကွန်နက်ရှင်ကို Share ပေးမှာဖြစ်တဲ့ အတွက်ကြောင့် Tethering & […]


Bl4ck_B4dB0ySeptember 13, 20122min67728
ဒါကတော့ အွန်လိုင်းဝက်ဆိုဒ်တော်တော်များများမှာ ပြန် ့နေတာပါ ကျနော်လည်း ကူးလာတယ် MHPGကနေ 😛 (MHPGကအကိုတွေရေ ညီ့ကိုခွေးလွှတ်နော် အဲလေခွင့်လွှတ်နော်) LOL   WIFI Password ခိုးနည်းလေး ဆိုင်ကစက်တွေကနေ ကိုယ်ပိုင်စက် ကို Wireless ချိတ်ချင်တာ ပိုင်ရှင်က အလကားသုံးခွင့်မပေးတော့ အလကားရအောင် ခိုးချိတ်ချင်ကြသူများအတွက် WIFI Password ခိုးနည်းလေး ကို ပေးလိုက်ပါ့မယ်.. ဆိုင်ပိုင်ရှင်တော့ မသိစေနဲ့နော်..တော်ကြာ ကျွန်တော့်လာဟက်နေမှ …..ဒုက္ခ…:D ကဲ လုပ်ကြည့်နော်.. ဒီနည်းလေးက တစ်ချို့ ကိုယ့်အနီးအနားပါတ်ဝန်းကျင်မှာ ရှိတဲ့ WIFI ရှိတဲ့ အင်တာနက်လိုင်း မိပြီး password ခံထားလို့ ကိုယ့်စက်ဖွင့်မရသူတွေ အတွက်လည်း အသုံးဝင်ပါတယ်..စမ်းကြည့်ပါနော် … WIFI Password ခိုးနည်းလေးပါ။ ဒီနည်းလေးကို စမ်းကြည့်လိုက်ပါနော်။ […]


Kaung Myat HtutApril 13, 20125min2189
Gmail ဟာ သူတစ်ခုတည်းဆိုရင် အစွမ်းမထက်ပါဘူး။ Gmail lab ပါပါမှ စွမ်းဆောင်ရည်ပြည့်ပြည့်သုံးနိုင်မှာပါ။ Gmail lab setting ကို Settings အောက်မှာတွေ့နိုင်ပါတယ်။ Theme အသုံးပြုထားတာတွေ၊ HTML view နဲ့ကြည့်နေတာတွေအပေါ်မူတည်ပြီး Lab ကိုရှာဖွေနိုင်ပုံ ကွဲပြားနိုင်ပါတယ်။ 10. Undo Send နာရီဝက်၊ တစ်နာရီလောက်ကြာအောင် စာတွေစီ၊ စာတွေရိုက်၊ အမှားတွေပြင် ပြီးတော့ send ဆိုပြီးပို့လိုက်တော့မှ လိပ်စာမှားနေတာတွေ၊ Subject မှားနေတာတွေဆိုရင် အခက်အခဲ ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီအခက်အခဲကို ဖြေရှင်းဖို့ Undo Send ဆိုတဲ့ feature ကို enable လုပ်ထားနိုင်ပါတယ်။ setting အပေါ်မူတည်ပြီး 5, 10, 20, 30 စက္ကန့်စသည်ဖြင့် […]


we R oneSeptember 16, 20111min1052
Mouse မရှိတဲ့အခါသာမန်အသုံးပြုချင်တာလောက်ကတော့ Tab key ကနေသွားနိုင်ပါတယ် Mouse လိုမျိုး Keyboard ကို သုံးချင်တယ်ဆိုရင်တော့ အောက်မှာရေးပြထားသလို အသုံးပြုနိုင် ပါတယ်။  Alt+Shift+Num Lock(Alt ကီးရယ်+ Shitf ကီးရယ် ၊ ညာဘက်ခြမ်းမှာရှိတဲ့ number lock ကီးရယ်ကို တစ်ပြိုင်နက်နှိပ်ပါ။ Mouse Keyboard ဆိုတဲ့ box လေးပေါ်လာပြီဆိုရင် Setting ထဲသို့ ဝင်ပါ။ Use Mouse Key မှာ Check box On ပေးရပါမယ်။ ပြီးရင် ဘေးက Setting ထဲသို့ထပ်ဝင်ပါ။ Top Speed ကို high အထိဆွဲတင်ပါ။ Acceleration ကိုလည်း Fast အထိဆွဲတင်ပါ။ ပြီးရင် Ok […]


အိုင်စီတီဆိုင်ရာ သတင်းအချက်အလက်များကို တစ်နေရာတည်းတွင် စုစည်းဖော်ပြမည့် ဝက်ဘ်ဆိုက် တစ်ခုကို စတင် လွှင့်တင်လိုက်ကြောင်း ၁၇-၅-၂၀၁၁ ရက်က သိရသည်။ အဆိုပါ ဝက်ဘ်ဆိုက်လိပ်စာမှာ www.myanmarict.com ဖြစ်ပြီး အိုင်စီတီဆိုင်ရာ သတင်းများ၊ မိုဘိုင်းဖုန်းဆိုင်ရာ သတင်းများကို စုစည်းဖော်ပြ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “အွန်လိုင်းမှာ ဂျာနယ်တစ်ခုအဖြစ် ဖတ်ရှူနိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ကုန်ပစ္စည်းတစ်ခု ဝင်လာတယ်ဆိုရင် အဲဒီပစ္စည်းနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် Review ကို ကြည့်ရှုသိရှိနိုင်အောင် ဆောင်ရွက်ထားပါတယ်”ဟု အဆိုပါ ဝက်ဘ်ဆိုက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသော အိုစီတီဆိုင်ရာ သတင်းများ၊ ပြည်တွင်း အိုင်စီတီဆိုင်ရာ သတင်းများ စသည်တို့ ပါဝင်မည့်အပြင် ပညာရေးဆိုင်ရာ၊ နည်းပညာဆိုင်ရာ ပြပွဲများကိုလည်း အချိန်နှင့်တစ်ပြေးညီ […]


နယ်သာလန် ဒီဇိုင်နာ Niels van Hoof ပုံစံထုတ်ထားသော Feno Notebook သည် အလွယ်တစ်ကူ ခေါက်ချိုးပြီး သယ်သွားနိုင်မယ့် မျိုးဆက်သစ် Notebook တစ်မျိုးဖြစ်သည်။ ပုံမှန် Notebook ကွန်ပျူတာ အများစု၏ မျက်နှာပြင် အကျယ်သည် ၎င်း၏ keyboard အရွယ်နှင့် အချိုးကျ တပ်ဆင်လေ့ရှိသော်လည်း Feno Notebook တွင်မူ သေးငယ်ကျစ်လစ်သော ကီးဘုတ်နှင့် ကြီးမားပြီး ခေါက်ချိုးနိုင်သော မျက်နှာပြင်တို့ ပါဝင်သည်။ ၎င်းကဲသို့ ခေါက်ချိုးနိုင်စေရန် LCD မျက်နှာပြင်အစား ကွေးနိုင်ဆန့်နိုင်သည့် OLED မျက်နှာပြင်ကို သုံးစွဲထားပြီး Wireless mouse ကိုပါ Notebook အတွင် အလွယ်တစ်ကူ ထည့်သွင်းထားနိုင်အောင် တည်ဆောက်ထားသော သဘောကျစရာ ဒီဇိုင်းတစ်ခုဖြစ်သည်။     […]


sniqueAugust 4, 20102min1023
ခင်ဗျားတို ့ကွန်ပြူတာ သုံးနေရင်း တန်းလန်းနဲ ့ရုတ်တရပ်ကြီး hang သွားပြီး အပြာရောင် နောက်ခံနဲ ့ “Fatal error: the system has become unstable or is busy,” it says. “Enter to return to Windows or press Control-Alt-Delete to restart your computer. If you do this you will lose any unsaved information in all open applications. အဲဒီ စာသား မျိုးတွေပေါ်တာကို window သုံးတဲ့ သူတိုင်းတွေ ့ဖူးမှာ […]


manawphyulayJuly 23, 20101min1337
ဒီ DIT သင်တန်းကို ပညာရေးဝန်ကြီးဌာနနဲ့ KMD တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ သင်တန်းကာလတစ်နှစ်ဖြစ်ပါတယ်။ DIT သင်တန်းဟာ NCC Education (UK)မှ ဖွင့်လှစ်တဲ့ First Year သင်တန်းဖြစ်တဲ့ IDCS သင်တန်းနဲ့ အဆင့်အတန်း တူညီတယ်ဆိုတာပါပဲ။။ ဒီ DIT သင်တန်းကို အောင်မြင်ပါက ကျောင်းသားများအနေနဲ့ NCC(UK)မှ ဖွင့်လှစ်တဲ့ Second Year(IADCS) သင်တန်းကို တိုက်ရိုက် တက်ရောက် သင်ကြားနိုင်ကြမှာဖြစ်ပါတယ်။ ဒီ DIT နဲ့ IDCS သင်တန်းတွေဟာ သင်တန်းကြေး အလွန်ကွာခြားပါတယ်။ DIT သင်တန်းဟာ သင်တန်းကြေး စုစုပေါင်း တစ်သိန်းခွဲသာ ပေးသွင်းကြရပြီး အကယ်၍ စာမေးပွဲကြခဲ့လို့ ပြန်ဖြေရင်လည်း တစ်ဘာသာကို စာမေးပွဲကြေး တစ်သောင်းသာ ပေးသွင်း ဖြေဆိုကြရပါတယ်။ […]


manawphyulayJuly 21, 20101min18410
ရှာဖွေလိုသော လုပ်ငန်းလိပ်စာ အချက်အလက်များကို Web Site တစ်ခုတည်းသာ မဟုတ်ဘဲ Gtalk ကပါ ရှာဖွေပေးနိုင်ခြင်း Gtalk ကို Chatting အတွက်သာမက မိမိလုပ်ငန်းအတွက် အကျိုးရှိစွာ သုံးစွဲနိုင်မယ့် အခွင့်အလမ်းကောင်းတစ်ခု ထွက်ပေါ်လာပါပြီ။ နောက်တစ်ချက်ကတော့ Gtalk သုံးစွဲဖို့ အကောင်းဆုံး အကြောင်းပြချက်တစ်ခုအနေနဲ့လည်း အသုံးပြုလို့ ရပါတယ်။ အဲဒါ ဘာလဲဆိုတော့ အရင်တုန်းကလို အင်္ဂလိပ် – မြန်မာ ဘာသာပြန် ထည့်သလို၊ အိုင်တီနဲ့ပတ်သက်တာတွေ မေးမြန်းလို့ရတဲ့ အကောင့်လိုပဲ လုပ်ငန်းလိပ်စာတွေ အတိအကျ လိုချင်သလို အလွယ်တကူ ရရှိနိုင်တဲ့ အကောင့်တွေကတော့ gtalk@themyanmardirectory.com နဲ့ mydirectory@bot.im ကို invite လုပ်ထားရုံနဲ့ သိချင်တဲ့လိပ်စာတွေ အလွယ်တကူ ရန်ကုန်ဒိုင်ယာရီ စာအုပ် မလိုပဲ သိရှိနိုင်တဲ့ […]


manawphyulayJuly 5, 20101min1083
အောင်မြင်သော အိုင်တီပရော်ဖက်ရှင်နယ် တစ်ယောက်ဖြစ်လာဖို့ နည်းလမ်းများ ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသော အိုင်တီပညာရှင်တစ်ယောက်အဖြစ် တက်လှမ်းနိုင်ဖို့ ပထမဦးဆုံးမှန်ကန်တဲ့ အိုင်တီခေတ်အလုပ်အကိုင် အခွင့်အလမ်းတွေ အနေနဲ့ လမ်းကြောင်းတွေ ရွေးချယ်ဖို့ လိုပါတယ်။ အိုင်တီအလုပ်အကိုင်တွေအနေနဲ့ Professional Level, Mangement Level နဲ့ Executive Level ဆိုပြီး အဆင့် ၃ ဆင့် ရှိပါတယ်။ အများစုကတော့ အခြေခံ အဆင့်ဖြစ်တဲ့ Professional Level အဆင့် အလုပ်အတွေ့အကြုံ အရည်အချင်းနဲ့ ကျွမ်းကျင်မှု လက်မှတ်တွေ အဆင့်ဆင့်ရရှိလာပြီဆိုမှ အထက်အဆင့်တွေကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ Technical Level မှာ – Programmer/Software Developer Systems Analyst/Analyst Programmer Web Developer/Multimedia Specialist Database […]


manawphyulayJune 17, 20101min1122
အိုင်စီတီမှာ တွေ့ဆုံပွဲတုန်းက ဆွေးနွေးချက်လေးတစ်ခုကို ပြန်သတိရမိလို့ တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကွန်ပျူတာသုံးသူတွေ ဘယ်လိုနေရာမျိုးမှာ သုံးပြီး ဘယ်လိုလုပ်ရမလဲဆိုတာကိုပါပဲ။ ဘာကြောင့်လည်းဆိုတော့ ကျွန်မလည်း မျက်မှန်တပ် နေရတဲ့ သူတစ်ယောက်ဖြစ်နေလို့ပါ။ နောက်တစ်ချက် ကိုငွေထွန်းတို့က မေးတယ်။ မန်ဘာများအားလုံး တစ်နေ့ကို ကွန်ပျူတာရှေ့မှာ ဘယ်လောက်ထိုင်ပါသလဲတဲ့။ တော်တော် များများ ဖြေကြတာကို တွေ့ရပါတယ်။ ကျွန်မလည်း ကိုယ့်ဘာသာ ဘယ်လောက်ဆိုတာ ပြန်သုံးသပ်မိတော့ တော်တော်ကို သူများတွေထက် ပိုနေတာ တွေ့ရတယ်။ ခုတော့ မျက်စိကို အနားပေးချင်တာရယ် လူလည်း သက်သာအောင်ရယ်ဆိုပြီး အလုပ်မှ လွဲပြီး သိပ်မထိုင်မိအောင် ကြိုးစားနေပါတယ်။ ဘယ်နေရာမှာ ရှိနေသလဲ သင့်ရဲ့ ကွန်ပျူတာ၊ keyboard၊ mouse တို့ကို နေရာ မှန်ထားတတ်ဖို့အရေးကြီးပါတယ်။ သင့်ရဲ့ […]