Myanmar Web DesignerMay 13, 20151min1864
အခုတစ်လော Viber ကနေ ခြိမ်းခြောက်စာပို့တာတို့၊ Facebook ကနေ ခြိမ်းခြောက်စာပို့တာတို့ ရှိလာတာ တွေ့ရပါတယ်။ အရင်တုန်းကတော့ E-mail (သို့မဟုတ် G-mail) ခေတ်ဆိုတော့ မေးလ်တွေကနေ ခြိမ်းခြောက်စာတွေ ပို့တတ်ကြပါတယ်။   ခြိမ်းခြောက်ခံရတဲ့ထဲမှာ အမျိုးသမီးတွေ များပါတယ်။ ဒါကြောင့်မို့လို့ ခြိမ်းခြောက်ပြီးရင်လည်း ငွေ (သို့မဟုတ်) လိင်မှုကိစ္စတွေ တောင်းဆိုတတ်ကြပါတယ်။ ငွေပေးလိုက်ရတာ ပြဿ      နာမရှိပေမယ့် နောက်တစ်ခုကတော့ ပြဿ      နာရှိပါတယ်။ ဒါပေမယ့် ဘယ်ဟာပဲဖြစ်ဖြစ် တစ်ခါလိုက်လျောမိရင် ထပ်ခါထပ်ခါ တောင်းဆိုလာမှာ ကျိန်းသေပါတယ်။ ဒါကြောင့်မို့လို့ ဘယ်ဟာမှ မလိုက်လျောမိဖို့ အရေးအကြီးဆုံးပါ။   အဲဒီလိုခြိမ်းခြောက်မှုတွေဟာ အောက်တန်းကျလွန်းပါတယ်။ အဲဒါအပြင် ခြိမ်းခြောက်သူတွေက သူတို့ကိုယ်သူတို့၊ “IT ပညာရှင်” တို့ “Hacker” တို့ စတဲ့အသုံးအနှုန်းတွေ သုံးကြတာပါပဲ။ တစ်ကယ်က ဘာမှမဟုတ်တဲ့ လူတွေပါ။ အဲဒီလိုလူတွေကို အားလုံး စုပေါင်းပြီးတော့ […]


Myanmar Web DesignerMay 11, 20152min32214
အစကတော့ Facebook Graph Search အကြောင်း ရေးမလို့ပါ။ ဒါပေမယ့် ပိုပြီး များများပြောလို့ရအောင် Facebook search အကြောင်းကို ပြောပါမယ်။ အားလုံးသိတဲ့အတိုင်း Facebook က ကမ႓ာပေါ်မှာ လူသုံးအများဆုံး social network ဖြစ်ပါတယ်။ ဒီတော့ Facebook search ကို ကျွမ်းကျင်စွာ အသုံးပြုတတ်မယ်ဆိုရင် များစွာ အကျိုးရှိနိုင်ပါတယ်။ Facebook ကိုလူတိုင်းသုံးတတ်နိုင်ပါတယ်၊ ဒါပေမယ့် Facebook search ကိုတော့ ဘာရှာရမှန်း မသိတဲ့လူတောင် အများကြီးပါ။ လူနည်းစုကတော့ နည်းနည်းပါးပါး ရှာတတ်ပါမယ်။ ကျွမ်းကျွမ်းကျင်ကျင် ရှာတတ်တဲ့လူတော့ အတော်လေးကို ရှားပါမယ်။ ဆောင်းပါး တစ်ခုခုရေးမယ်လို့စဉ်းစားလိုက်ရင် မြန်မာနိုင်ငံက လူတွေအတွက် အထောက်အကူဖြစ်လားလို့ အရင်စဉ်းစားပါတယ်။ အထောက်အကူဖြစ်မယ်ထင်တဲ့ အကြောင်းအရာကို သိထားတာအပြင် လေ့လာဖြည့်စွက်ပြီး […]


Myanmar Web DesignerMay 7, 20151min45810
ထူးဆန်းတဲ့ Google Chrome ရဲ့ လျှို့ဝှက်ဂိမ်း အင်တာနက်ရှိမှ ဆော့လို့ရတဲ့ ဂိမ်းပဲ ကြားဖူးပါတယ်။ သူ့ကျမှ အင်တာနက် မရှိမှ ဆော့လို့ရမယ်ဆိုတော့ နည်းနည်းတော့ ထူးဆန်းပါတယ်။ ဟုတ်လည်းဟုတ်ပါတယ် အဲဒီဂိမ်းကို ဆော့ချင်တယ်ဆိုရင် အင်တာနက် ရနေရင်တောင်မှ အင်တာနက် ပိတ်ပြီးတော့ ဆော့ရမှာပါ။ ဂိမ်းဆော့လို့ရဖို့ လိုအပ်တာတွေကတော့ – ၁။ Google Chrome browser ရှိရပါမယ်။ ၂။ အင်တာနက် မရှိမှ ရပါမယ်။ (ရှိရင်လည်း ပိတ်ထားရပါမယ် 😀 ) လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စပြီး Browser တွေထဲမှာ Google Chrome က တော်တော်လေး သုံးလို့ကောင်းလာပါတယ်။ အဲဒီလောက်ကတည်းက စပြီး ကျွန်တော်လည်း Google Chrome ကို သုံးလာတာပါ။ မနေ့ကမှ Google Chrome မှာ ဒီလို game မျိုးရှိနေပါလားဆိုတာ […]


Myanmar Web DesignerAugust 29, 20131min2003
မင်္ဂလာပါ၊ Singapore Web Design website ကို ဥပမာ ထားပြီးတော့ website ရေးနည်းကို သင်ပြပေးထားတဲ့ video tutorial ဖြစ်ပါတယ်။ HTML5 နဲ့ CSS3 ကို အသုံးပြုပြီး ရေးပြထားပါတယ်။ CSS sprite ရေးနည်းကိုလည်း ဒီတစ်ပတ် သင်ခန်းစာမှာ သင်ပေးထားပါတယ်။ video နှစ်ဖိုင်မှာ တစ်ဖိုင်က အရမ်းတိုးနေပါတယ်။ အသံသွင်းနေတုန်း mic က ဘာဖြစ်သွားလဲ မသိဘူး၊ ဒါပေမယ့် vlc medai player နဲ့ အသံကို ၂၀၀% လောက်ထား နားထောင်ရင် ကြားရပါတယ်။ အရင်တစ်ခေါက်က ရေးတာတော့ တော်တော်လေးပြီးနေပါပြီ၊ ကျွန်တော်တင်ပေးတဲ့ video သင်ခန်းစာတွေကို တောက်လျှောက်လုပ်လာတဲ့လူကတော့ ဒီအချိန်မှာ website တစ်ခုရဲ့ စာမျက်နှာ တစ်ဝက်လောက် ပြီးနေမှာပါ၊ အခုတင်ပေးမယ့် သင်ခန်းစာ နှစ်ခုနဲ့ပါပေါင်းလိုက်ရင်တော့ website တစ်ခုရဲ့ စာမျက်နှာ လေးပုံ […]


Myanmar Web DesignerAugust 20, 20132min1451
Singapore Web Design website ကို နမူနာထားပြီး website ရေးနည်းကို သင်ပေးထားသော သင်ခန်းစာဖြစ်ပါတယ်။ ဒီနေ့ တင်ပေးမှာကတော့ website ရေးနည်း အပိုင်းသုံး ဖြစ်ပါတယ်။ စာအဖြစ်နဲ့တော့ ထွေထွေထူးထူး ပြောစရာမရှိပါဘူး၊ အားလုံး video ထဲမှာ ပြောပြပေးထားပါတယ်။ ဒီတစ်ခေါက် video ကတော့ နည်းနည်းလေး ရှည်ပါတယ်။ တစ်ကယ်လို့ youtube က video တွေ download လုပ်လို့ မရဘူးဆိုရင် http://www.downvids.net/ ကိုသွားပြီးတော့ video ရဲ့ လိပ်စာကို paste လုပ်ပြီး download လုပ်နိုင်ပါတယ်။အဲဒါကို အခက်အခဲရှိနေဦးမယ်ဆိုရင်လည်း သိပါရစေ၊ comment ချန်ခဲ့ပါ၊ တစ်ခြားနေရာမှာ တင်ပေးလိုက်ပါမယ်။ အရင်က သင်ခန်းစာတွေ ပြန်ကြည့်ချင်တယ်ဆိုရင်တော့ အပိုင်း […]


Myanmar Web DesignerAugust 15, 20131min1811
အရင် တစ်ခေါက်က html5, css3 နဲ့ website ရေးနည်း သင်ခန်းစာ ကို ကြည့်ဖြစ်ကြမယ်ထင်ပါတယ်။ ဒီတစ်ခေါက် သင်ခန်းစာမှာတော့ main menu ရေးပုံကို သင်ပြပေးထားပါတယ်။ Singapore Web Design ဆိုက်ကို နမူနာ ထားပြီးတော့ ရေးနည်း သင်ပေးထားတာပါ။ အခက်အခဲရှိရင်တော့ comment ရေးခဲ့ပါ။ အရင်တစ်ခေါက်က video ကြည့်ပြီး တစ်ချို့လည်း feed back လေးတွေပေးကြတယ်၊ အသံက သိပ်မရှင်းဘူးတို့၊ code တွေကို သိပ်မမြင်ရဘူးတို့ပေါ့ဗျာ၊ ပြီးတော့ စကားပြောတာ ပြောချင်သလိုမပြောချင်သလို ဖြစ်နေတယ်တဲ့ 😀 အဲဒါတွေအားလုံးက video ကို download လုပ်ရင် မကြာအောင်လို့ အတတ်နိုင်ဆုံးအချိန်ကို ချုံ့တဲ့ သဘောပါ၊ video minutes တွေ မကြာအောင်၊ […]


Myanmar Web DesignerAugust 9, 20131min1714
မင်္ဂလာပါ၊အရင်တစ်ခေါက်တုန်းကတော့ html4 နဲ့ css2 ကို အသုံးပြုပြီး website ရေးနည်း ကို video recording နဲ့ တင်ပေးဖူးပါတယ်။ ဒီတစ်ခေါက်မှာတော့ နောက်ဆုံးပေါ်ဖြစ်တဲ့ HTML5 နဲ့ CSS3 ကိုသုံးပြီးတော့ website ရေးတာကို video recording လုပ်ထားပေးပါတယ်။ Singapore Web Designer website ရဲ့ design ကို ကြည့်ပြီးတော့ HTML5 နဲ့ CSS3 coding ကို ပြန်ရေးပြတာ ဖြစ်ပါတယ်။ video ကို download လုပ်ရတာအဆင်ပြေအောင်၊ video လည်း ဝါးတားတားမဖြစ်အောင် အကောင်းဆုံး size ကို ချိန်ပြီးတော့ တင်ထားပေးပါတယ်။ ကြည့်ရတာ အဆင်မပြေဘူး သေချာမရှင်းဘူးဆိုရင်တော့ video ကို full screen ပြောင်းပြီး ကြည့်ပါ။ full screen ကို အောက်ကပုံမှာ […]


Myanmar Web DesignerJuly 15, 20131min1222
Facebook က graph search ဆိုတဲ့ function ခပ်မိုက်မိုက်တစ်ခုကို ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဲဒီ function ကို enable လုပ်ထားရင် ကို like လုပ်ခဲ့တဲ့ပုံတွေ၊ ကိုသိမယ့် firend တွေ၊ friend တွေရဲ့ ပုံတွေ၊ သီချင်းတွေ videos တွေ နဲ့ တော်တော်များများကို ရှာနိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းမရပါဘူး။ ကိုယ်တိုင် sign up လုပ်မှ ရတာပါ။ ဒါကြောင့် အောက်ပါ လင့်ခ်လေးကို သွားပြီးတော့ Try Graph Search ဆိုတာလေးကို နှိပ်ပေးရပါတယ်။ ဒါမှသာ အဲဒီလိုမျိုးတွေ ရှာနိုင်မှာဖြစ်ပါတယ်။ အချိန်ရှိတုန်းလေး သွားနှိပ်လိုက်ပါဦးဗျာ။ https://www.facebook.com/about/graphsearch From: Myanmar Web Designer


Myanmar Web DesignerJuly 15, 20131min1426
ခုနောက်ပိုင်း မြန်မာနိုင်ငံမှာ websites တွေလုပ်တာ အရမ်းခေတ်စားလာသလို Facebook pages တွေလုပ်တာလည်း အရမ်း ခေတ်စားလာပါတယ်။ Website ပဲလုပ်လုပ် Facebook page ပဲလုပ်လုပ်၊ ကိုယ်လုပ်တာ အောင်မြင်ဖို့ဆိုရင် SEO လုပ်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် website လုပ်တဲ့လူတွေအတွက် SEO ကောင်းကောင်း ပြုလုပ်ဖို့လိုပါတယ်။ SEO ဆိုတာ ဘာလဲ မသိသေးတဲ့သူတွေအတွက်တော့ http://www.seo.sg/what-is-seo.html မှာ သွားဖတ်လို့ရပါတယ်။ အဲဒါထက်ပိုပြီး အသေးစိတ် သိချင်တယ်ဆိုရင်တော့ http://www.seo.sg/seo-faq.html မှာ အမေးအဖြေပုံစံလေးနဲ့ ရှင်းပြထားတာကို ဖတ်လို့ရပါတယ်။ မြန်မာနိုင်ငံမှာ SEO က သိပ်မကြာခင်မှာ ရေပန်းစားလာမှာပါ။ ဒါကြောင့် သိသင့်တယ်ထင်လို့ share လိုက်ပါတယ်။ အဆင်ပြေပါစေ။


Myanmar Web DesignerMay 31, 20132min1753
မင်္ဂလာပါ.. ဒီတစ်ခေါက်တော့ blogspot နဲ့ လုပ်ထားတဲ့ website တွေမှာ Main Menu ထည့်သွင်းပုံကို ပြောပြမှာ ဖြစ်ပါတယ်။ Blog spot ရဲ့ အားသာချက်တွေကိုတော့ blogger (blogspot) strong points မှာ ပြောပြထားဖူးပါတယ်။ ဘလော့ရေးတော့မယ်ဆိုရင် ဖတ်ထားသင့်တဲ့ ဆောင်းပါးတစ်ခုလည်း ဖြစ်ပါတယ်။ အခုပြောပြမယ့် သင်ခန်းစာကိုတော့ ကိုယ်ပိုင် blog တစ်ခု ရှိထားမှ လိုက်လုပ်လို့ ရမှာဖြစ်ပါတယ်။ တစ်ကယ်လို့ ခင်ဗျားမှာ ကိုယ်ပိုင် blog မရှိသေးဘူးဆိုရင် How to make a blogger website မှာ ဝင်ဖတ်လိုက်ပါ။ blogspot website တစ်ခု ပြုလုပ်နည်းကို ရေးထားပေးပါတယ်။ ဒီနေ့သင်ခန်းစာကတော့ အဲဒီ blog မှာ main menu ပေါ်အောင် ပြုလုပ်နည်းကို ပြောပြမှာပါ။ အရင်ဆုံး blog လုပ်ထားတဲ့ gmail အကောင့်ကို ဝင်လိုက်ပါ။ ပြီးရင် www.blogger.com ကို […]


Myanmar Web DesignerMay 3, 20131min1330
ဒီနေ့ ကျွန်တော် ပြောပြချင်တာက google blogspot ရဲ့ အားသာချက်တွေဖြစ်ပါတယ်။ အရင်တစ်ခေါက်က How to make a blogger website မှာ google blogspot ကို အသုံးပြုပြီးတော့ website တစ်ခု ပြုလုပ်ပုံနဲ့ google blogger ရဲ့ အားသာချက်၊ ကောင်းချက် တွေကို အကျဉ်းချုပ် ဖော်ပြခဲ့ပါတယ်။ ယခု post က အဲဒီ အကျဉ်းချုပ်တွေကို ပြန်ရှင်းလင်းတဲ့ သင်ခန်းစာလို့လည်း သတ်မှတ်လို့ရပါတယ်။ အရင် သင်ခန်းစာကို မဖတ်ရသေးသူများ အထက်ပါ link မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။ Blogger ရဲ့ အားသာချက်တွေက – – Google hosting မှာ run […]


Myanmar Web DesignerMay 2, 20131min1631
မင်္ဂလာပါ.. ဒီတစ်ခေါက်တော့ ကျွန်တော်တို့ ကိုယ်ပိုင် blogger website ပြုလုပ်ပုံကို သင်ပေးမှာ ဖြစ်ပါတယ်။ သင်ခန်းစာ မစခင် ကျွန်တော်တို့ blogger ကို ဘာလို့ ရွေးရသလဲ၊ ခင်ဗျားတို့ကော website ပြုလုပ်တဲ့ အခါမှာ blogger ကို ဘာကြောင့် ရွေးသင့်လဲ ဆိုတာကို မိတ်ဆက်အနေနဲ့ အနည်းငယ် ပြောပြပါမယ်။ ကျွန်တော်က blogger ကို ဘာကြောင့် ရွေးသလဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကိုက google ကပေးတဲ့ services တွေကို ကြိုက်လို့ပါ။ Blogger ဆိုတာက google က ပေးတဲ့ services တွေထဲက တစ်ခုဖြစ်ပါတယ်။ Blogger ကို လူတိုင်းမသိနိုင်ပေမယ့်၊ google ကိုတော့ လူတိုင်း သိမှာပါ။ ခင်ဗျားတို့ကရော […]


Myanmar Web DesignerApril 22, 20131min55736
Admin များအားလုံး မင်္ဂလာပါခင်ဗျာ။ ပထမဦးဆုံး ဒီအကြံပေးစာကို email အနေနဲ့ မပို့ပဲ post တင်ရတာက လျှို့ဝှက်ဖို့ မလိုတဲ့ ကိစ္စဖြစ်ခြင်းကြောင့်ဖြစ်ပါတယ်။ လျှို့ဝှက်ဖို့ မလိုတာနဲ့ပဲ ပို့စ်အနေနဲ့ တင်ရသလားဆိုတော့ ရွာထဲက လူတွေကိုလည်း ပညာရစေချင်လို့ပါ။ ပြီးတော့ ပို့စ်အနေနဲ့ တင်တော့ အားလုံး ဆွေးနွေးလို့ရတာပေါ့ဗျာ။ ကျွန်တော်က SEO သမားဆိုတော့ အကြံပေးချင်တာလည်း SEO နဲ့ ပတ်သတ်ပြီးတော့ အကြံပေးချင်တာပါပဲ။ အားလုံးလည်းဖတ်ဖြစ်ကြမှာဆိုတော့ SEO ဆိုတာကို အတိုချုပ်အနေနဲ့ ပြောချင်ပါတယ်။ SEO (Search Engine Optimization) လုပ်တယ်ဆိုတာ Google မှာ တစ်ခုခုကို ရိုက်ထည့်ပြီးရှာလိုက်ရင် အဲဒီ ရိုက်ထည့်လိုက်တဲ့စာသားက ကိုယ့် website မှာ တင်ထားတဲ့ စာသားဖြစ်နေရင် Google […]