Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အင်တာဗျူးသွားကြမယ် (၂) – အင်တာဗျူးသွား အဝတ်အစား

ဇီဇီMarch 25, 20132min70017

 

 

 

 

 

 

 

 

 

 

 

 

 

 

အင်တာဗျူးသွားကြမယ် (၁) က ဒီမှာပါ။ 
https://myanmargazette.net/168825

ကဲ။

ဘာသာပြန်ဖို့ အပျင်းတစ်နေရာက အင်တာဗျူးသွား ဝတ်စားဆင်ယင်မှု ကိစ္စလေး ပြီးသလောက်တင်လိုက်၏။

ဖတ်ရင်ကို နားလည်လောက်မှာမို့ ကိုယ့်အာဘော်တွေ ရှုပ်နေအောင် မရေးတော့ပါဘူး။
ဒါ သူ့အာဘော်သန့်သန့်လေးပါ။

လိုအပ်တယ်ထင်တာ ဝင်ဖြည့်သွားကြပါရန်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အင်တာဗျူးသွားရင် ဘယ်လိုဝတ်ကြမယ်။

အင်တာဗျူးမဲ့လူရဲ့ ပထမဆုံး ကိုယ့်အပေါ် မြင်မဲ့ အမြင်ဟာ ကိုယ့် ဘယ်လိုဝတ်စားသွားပါတယ်၊ ဘယ်လို ပုံစံဖြစ်နေပါတယ် ဆိုတာမှာ မူတည်နေပါတယ်။

ဒါကြောင့် ကိုယ်က ဘယ်လို အလုပ်အမျိုးအစားးလုပ်ရမှာပဲဖြစ်ဖြစ်၊ အလုပ်ရဖို့ အင်တာဗျူးသွားမယ်ဆိုရင် ဝတ်စားဆင်ယင်မှုက အရေးပါနေတုန်းပါပဲ။

နောက်ဖော်ပြပါ အကြောင်းအရာတွေကတော့ ပရော်ဖက်ရှင်နယ်ဆန်ဆန် အင်တာဗျူးသွားမယ်ဆိုရင် ဘယ်လို ဝတ်စားရမယ်ဆိုတာ တွေးသိနိုင်ဖို့ပါ။

 

အမျိုးသားများအတွက်

– အနောက်တိုင်း ဝတ်စုံပြည့်၊ ( ဖြစ်တဲ့ နေဗီပြာ၊ မီးခိုးရင့်ရောင်မျိုး)

– ရှပ် လက်ရှည် (အဖြူ ဒါမှမဟုတ် ဆု(ဒ) နဲ့ လိုက်ဖက်မဲ့ အရောင်)

– ခါးပတ်

-နက်တိုင်

-ခြေအိပ်အရောင်ရင့် နဲ့ ရှူး ပုံစံ ခပ်ရိုးရိုး

– နားကပ်တို့ တခြား လက်ဝတ်လက်စားမဝတ်ရင် ကောင်း၏

– သပ်ရပ်ပုံစံကျတဲ့ ဆံပင်

– ရေမွှေးအများကြီးစွတ်တာတို့၊   အများကြီးသုံးတာတို့ ဆင်ခြင်သင့်၏

– လက်သဲ နဲ့ လက်ကလည်း သန့်ရှင်းသပ်ရပ်နေပါစေ။

 

အမျိုးသမီးများအတွက်

– ဂျက်ကက်နဲ့ ဘောင်းဘီ/စကက် ဝတ်စုံပြည့် (နက်ပြာ၊ အနက်၊ မီးခိုးရင့်)

– စကာတ်ဝတ်မယ်ဆိုရင် ထိုင်ရအဆင်ပြေတဲ့ လုံလောက်တဲ့ အရှည်ရှိပါစေ

– လိုက်ဖက်တဲ့ အင်္ကျီ

– လေဒီရှူး ပုံစံ ရိုးရိုး။

– လက်ဝတ်လက်စား အရမ်းမများသင့်ပါ။

– ဈေးပေါပေါ အပျော်တမ်း ဖန်စီလက်ဝတ်လက်စားတွေ ဝတ်မဲ့ အစား ဘာမှ မဝတ်ပါနဲ့။

– ဆံပင်ကို လည်း သပ်သပ်ရပ်ရပ် ထုံးနှောင်သွားပါ။

– မိတ်ကပ်ပါးပါးနဲ့ ရေမွှေးအနည်းငယ်မျှ..

– လက်သဲ နဲ့ လက်က သန့်သန့်ရှင်းရှင်း..

– လက်ကိုင်အိတ် ဒါမှမဟုတ် အလုပ်ကိုင် အိတ်ငယ်။

 

အရမ်း တိကျဖို့မလို်တဲ့ အင်တာဗျူး ဆိုရင်ရော။ (တစ်ချို့ Industrial Field တွေမှာ အရမ်း Formal ကျ စရာမလိုတာတွေရှိပါတယ်။)

အထက်ဖော်ပြပါအတိုင်းပဲ ဝတ်စားသွားနိုင်ပါတယ်။

ဘာဝတ်ရမယ်လို့ မသေချာရင် အင်တာဗျူးစီစဉ်ပေးတဲ့သူကို အနည်းငယ် မေးနိုင်ပါတယ်။

ဒါပေမဲ့ ဖြစ်ကတဲ့ဆန်း၊ ကပိုကရိုဝတ်စားသွားတာမျိုးတော့ မဖြစ်ပါစေနဲ့။

 

ဒါတွေကတော့ အင်တာဗျူးကို မယူသွားသင့်/မလုပ်သင့်တဲ့ အရာတွေပါ၊

– ပီကေဝါးနေတာမျိုး အပြုအမူမလုပ်သင့်ပါ။

– ဖုန်းကို ဆိုင်းလင့်မလုပ်ထားတာမျိုး မဖြစ်သင့်ပါ။

– ကော်ဖီဝယ်သွားပြီး ကော်ဖီခွက် တကိုင်ကိုင်မျိုး ကိုယ့်ကို မမြင်စေသင့်ပါ။

– ဆေးမင်ကြောင်ရှိရင် ထင်သာမြင်သာဖော်ပြတာမျိုးမလုပ်ပဲ ဖုံးအုပ်သွားပါ။

 

အင်တာဗျူး မသွားခင် တစ်ရက် ပြင်ဆင်ရန်။

၁) ဝတ်ဆင်မဲ့ ဝတ်စုံပြည့်ကို သက်တောင့်သက်သာရှိမရှိ၊ အဆင်တပြေဖြစ်မဖြစ် အစမ်းဝတ်ဆင်ကြည့်ပြီး လိုအပ်တာပြင်ဆင်ထားပါ။

၂) ဖိနပ်တို့ ရှူးတို့ကို သန့်ရှင်းအောင် တိုက်ထားသင့်ပါတယ်။

၃) ပူရှိန်းလို မင့် လို မျိုး ထည့်ထားပြီး အင်တာဗျူး အဆောက်အဦးထဲမဝင်ခင် စားနိုင်/အသုံးပြုနိုင်အောင်ပါ။

Ref: Dress Code for Job Interviews by Alison Doyle, About.com Guide

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရေးပြီး မပြောရမနေနိုင်တာတွေတော့ ပြောပါရစေ။  :mrgreen:

အမှန်တော့ ဒါ ဒီဘက်က ဟာတွေ ဘာသာပြန်နေရလို့သာ ဆုဒ်တွေ… ရှူးတွေ… ပြောနေရတာကိုး။

ပိုင်ရှင်က နိုင်ငံခြားသားမဟုတ်ပဲ မြန်မာ (ဒါမှမဟုတ်) မြန်မာလို မှ ဝတ်ဆင်တာမှကြိုက်တတ်တယ် ဆိုတာမျိုးလည်း ရှိတာပေါ့။

 

အမျိုးသား ဝတ်စုံ (ပြောသာပြောရ၊ ကျုပ် ဆရာ ထောက်မှာလည်း ကြောက်ရသေးဗျ။)  :mrgreen:

– တိုက်ပုံ (အကယ်ဒမီ ပွဲတက် မင်းသားတွေလောက်တော့ မဝတ်နဲ့ပေါ့နော့)

– ရှပ် အင်္ကျီ

– လိုက်ဖက် ပုဆိုး (ယော/ရခိုင်/ကချင်)

– သားရေ/ကက္တိပါ ဖိနပ်

– ဆံပင်/ လက်သည်း/ ခြေသည်း သပ်ရပ် သန့်ရှင်းဆို ပြီးတာပဲ။

ဟိ။ ကိုယ်ကိုယ်တိုင်ကို အဲလို ရှပ် အင်္ကျီ၊ ယောပုဆိုးလေးနဲ့ သန့်တာမြင်ရင် လည်ပြန်လိုက်ကြည့်မိတတ်တယ်။  :mrgreen:

 

အမျိုးသမီး ဝတ်စုံ

– မြန်မာ ဆန်ဆန် ဝတ်ချင် လည်းရ…..

– ရိုးရိုးယဉ်ယဉ် ဝတ်ချင်လည်းရ…. ပုံစံမျိုးတွေ ခုချိန်မှာ အရမ်း ရွေးချယ်ခွင့်ရှိလာပါပြီ။

– တစ်ခုပဲ…. အဝတ်အစားနဲ့ လိုက်ဖက်တဲ့ ဆံပင်ထုံးဖွဲ့မှု (ဆန်းဆန်းပြားပြားမဟုတ်) လောက်နဲ့ဆို အတော်ကြည့်ကောင်းပါပြီ။

– အဲ…!  ဖိနပ် အမြင် ့ကြီးတို့ ဒေါက်ဖိနပ် အလေးကြီးတို့တော့ တတ်နိုင်ရင်မစီးပါနဲ့။ အဝတ်အစားနဲ့မလိုက်ရင် ကြည့်ရတာ အတော်ဂွမ်းပါတယ်။

စီးတတ်ရင် မြန်မာဆန်ဆန်ဖြစ်စေချင်ရင် ပုံတော်ဖိနပ်လေးက သင့်တော်သလားပဲ။ (ကိုယ့် ပါစင်နယ် အမြင်ပေါ့လေ။ ကွဲလွဲနိုင်ပါတယ်။)

~~~~~~~~~~~~~~~~~~~~~~~~~~~~

စကားစပ်မိလို့ ပြောဦးမယ်။

ကိုယ့် အဒေါ်တစ်ယောက်ဆို ဟိုလို အယူသည်းသေးတာ။

အလုပ်မရခဲ့တဲ့ အင်တာဗျူးကို သွားခဲ့တဲ့ အဝတ်အစားဆို နောက် အင်တာဗျူးမဝတ်ဘူးဗျ။

နောက် ဘာနေ့သားဆို ဘာလေး ဆောင်သွားက အစ လိုက်ပြောတယ်။ ကိုယ်ဆို သူပေးလိုက်သမျှ လမ်းမှာ လွှတ်ပစ်တယ်။  :mrgreen:

~~~~~~~ 

ဒီစာကိုဖတ်ပြီး အင်တာဗျူးလေးသွားဖို့ ဒီ လောက် အကျယ်ချဲ့ရလား မထင်စေချင်ပါဘူး။

ကိုယ်တိုင်ကလည်း “First Sight is Important” လို့ အမြဲ ခံယူထားလို့လားမသိ။ ကိုယ့်အကြောင်းကို မသိနိုင်၊ ကိုယ်နဲ့ စကားကို မပြောဖူးသေးတဲ့ သူမျိုးနဲ့သွားတွေ့ရမယ် ဆိုတဲ့အခြေအနေမျိုးကို အရမ်း အားစိုက်တတ်လို့ ပြောမိတာပါ။

နောက်ဆိုလည်း ကိုယ့်နိုင်ငံကို နိုင်ငံတကာ ယဉ်ကျေးမှုတို့၊ အလုပ်အကိုင်အခွင့်အလမ်းတို့၊ စီးဆင်းလာတော့မယ်မဟုတ်လား။

ကံကောင်းပါစေ။

:hee:

အင်တာဗျူးသွားကြမယ် (၃) https://myanmargazette.net/171263

အင်တာဗျူးသွားကြမယ် (၄) https://myanmargazette.net/171299

17 comments

  • ဖားသက်ပြင်း

    March 25, 2013 at 9:12 am

    တခါက အတွင်းရေးမှူးမ တယောက်ရှိပါသတဲ့…။
    အန်မတန် ဟိုက်တာ ဝိုက်တာ ဖော်တာ လှစ်တာ သူ့အကျင့်ပါတဲ့ ..။
    တနေ့ ..သူ့ဘော့စ် က အခန်းထဲခေါ်ပြီး စကား၂ခွန်းလောက်ပြောလိုက်တာ
    ဝတ်ပုံစားပုံ နော်မယ် ဖစ်သွားပါသဒဲ့..။
    ဘာပြောခဲ့ကြလဲဆိုတော့ ..

    ဘော့စ်။ (ဒေါင်းဥခန့်မျှ အိမွမွကို လက်ညှိုးထိုးရင်း) အဲ့ဒါတွေ ဘယ်ဈေးလဲ..။
    စက်ကပ်ကြေး။ (မျက်နှာပေါ်ရှက်သွေးဖြာသွားရင်း..) ဟာ .. ဆရာကလည်း။
    ဘော့စ်။ ဝယ်မလို့မေးနေတယ်လေ.. ဘယ်ဈေးတုန်းဆို..။
    စက်ကပ်ကြေး။ မနောက်ပါနဲ့ ဆရာရယ်။ ကျမ မရောင်းပါဘူး။
    ဘော့စ်။ အေး .. မရောင်းဘူးဆိုရင် အဲ့ဒါတွေ Promotion လုပ်တာ ရပ်တန်းကရပ်တော့..။

    ဟူသတတ်..
    အော်.. အဝတ်အစားအရေးပါပုံပြောပါတယ်။
    အာ..ဟိ..

    :kwi:

    • KZ

      March 25, 2013 at 12:51 pm

      အဲ။
      ဒီ အဝတ်အစားအကြောင်းကို ဆွေးနွေးမဲ့ အတွေးရှိထားတယ်။
      ဒီမှာတော့ မသင့်တော်လို့ ပြောတော့ဘူးအေ။
      နောက် ဘရုတ်သုတ်ခ ပို့(စ) မှပဲ ပြောမယ်။
      :mrgreen:

      ဘာပဲဖြစ်ဖြစ် ဒီဟာသတော့ သဘောကျသအေ။
      နာ့ မင်းသားကြီးနွယ်ဝင်ပါအေရဲ့။ ဂလောက် အပြောမဆိုးတာပဲရှိတယ်။
      ကျုပ်ဆို ရုံးမှာ လုံခြုံ အိန်ဒါရေရသော ဝတ်စုံတစ်စုံ အမြဲထားရ၏။
      :kwi:

  • johnnydeer

    March 25, 2013 at 9:30 am

    အဲ့ဒီ…ဒေါင်းဥခန့် အိမွမွကို ရောင်းမယ်ဆို အဲ့ဒီ ဘော့စ် ဘာလုပ်မလဲ မသိဘူး…ဟီး..ဟီး တွေးကြည့်မိတာပါ…

    • KZ

      March 25, 2013 at 12:45 pm

      အမြတ်တင်ပြီး ပြန်ရောင်းမို့ နေမှာ။ :mrgreen:

  • ဦးကြောင်ကြီး

    March 25, 2013 at 10:34 am

    အင်တာဗျူးသူက ဆန့်ကျင်ဖက်လိင်ဆိုရင် နှစ်ကိုယ်ကြား ဖြစ်တဲ့အခါ အခွင့်ရရင် ချွတ်ပြလိုက်ပါ။ ပြီးတော့ ဘယ်လောက်ကောင်းကြောင်း ပြလိုက်။။ စမ်းချင်သလောက် စမ်းပလေ့စေ..
    အဲဒါဘာဂျီးလည်း၊ လိုတိုရှင်းဖြေပါ။ (၁ဝမှတ်)

    • KZ

      March 25, 2013 at 12:44 pm

      မျက်မှန်။
      (နေကာ မျက်မှန်)

      :kwi:

  • မောင် ပေ

    March 25, 2013 at 11:47 am

    မဇာရေ
    ဦးကြောင်ကြီး ပြောသလိုတော့ လုံးလုံး မလုပ်လိုက်ပါနဲ ့ဗျာ
    စကားမငရုတ်
    ဘယ်သောအခါမှ ၊ ဘယ်ကုမ်ပဏီမှာမှ အလုပ်လုပ်မှာ မဟုတ်တဲ့အတွက် ၊ ကိုယ်နဲ ့လုံးဝ မဆိုင် ၊ ဆိုင်လာစရာလဲ မရှိဘူး ဖြစ်ပေမယ့်လဲ
    ကိုယ့်ပတ်ဝန်းကျင်က
    အလုပ်ရှာနေတဲ့ ဘော်ဒါ မိတ်ဆွေများအတွက်
    မဇာရဲ ့ ပို ့စ်တွေကို လင့်ခ်ကူးသွားပါတယ်
    အဲဒါ…အဲဒါ

    • KZ

      March 25, 2013 at 12:42 pm

      စိတ်ချပါ ကပေ။
      အောင်ကြူးပြောသမျှ ဘာမှလိုက်မလုပ်ဘူး။
      :harr:

  • amatmin

    March 25, 2013 at 12:26 pm

    တကယ်ကြီး ကူးသွားတယ်ဗျို့..
    ညီမတယောက် နက်ဖြန်ခါ အင်တာဗျူးတခုရှိပ..
    ကိုယ်တိုင်လည်း..ပို့စ်မှာပါ လုပ်သင့်တဲ့ အချက်တွေထဲက
    တဝက်ကျော်လောက်တော့ ..
    ဂရုတစိုက်ရှိတတ် တာရယ်..
    ဒါနဲ့ စကားမစပ်..အသံတွေ ထွက်လွန်းလို့ဆိုပီး.
    ဖုန်းဆိုင်းလင့်က အမြဲလုပ်ထားတာဆို.. ဟုတ်ဘူးလားး.. !
    :kwi:

    • KZ

      March 25, 2013 at 12:41 pm

      ဘယ်ကညီမ ပေါ်လာပြန်ပြီတုန်းရယ်။
      :mrgreen:

      ကူးပါ။ ကူးပါ။ ရပါတယ်။
      တစ်ဝက်ကျော်တင်မက အကုန်လုံးလည်း ဂရုစိုက်နိုင်ရင် ပိုကောင်းပါတယ်။

      အဟမ်း။
      ကျုပ်ဖုန်းက အသံထွက်လွန်းလို့ ဆိုင်းလင့်လုပ်ရတာမဟုတ်။
      အသံ/ရင်းတုန်း ပေးစရာမလိုအောင်ကို ဖုန်းနဲ့ မျက်လုံး မခွါလို့ပါ။
      အဆက်မပြတ်တဲ့သဘောပေါ့လေ။
      သူငယ်ချင်းတွေက အဲဒီထဲမှာကိုး။
      :harr: :harr:

  • ခင်ခ

    March 25, 2013 at 1:25 pm

    ဖြေခဲ့ဘူးတဲ့ အလုပ်အင်တာဗျုးတွေမှာ မြန်မာဆန်စွာဝတ်တဲ့အခါ တိုက်ပုံတော့ တစ်ခါမှ မဝတ်ခဲ့ဘူးဗျ။
    ရှပ် အင်္ကျ ီ၊ ပုဆိုး လောက်ကို သပ်သပ်ရပ်ရပ်လေးဘဲ ဝတ်ခဲ့ဖူးပါတယ်။
    ကိုယ်ကပြန်လည်ပြီး အင်တာဗျုးလုပ်ရွှေးချယ်ရပြန်တော့လည်း တိုက်ပုံဝတ်ပြီး အင်တာဗျုးလာဖြေတဲ့သူ ခုထိတော့မကြုံဖူးသေးဘူးဗျ။ အဲ ကုမ္မဏီအင်တာဗျုးမို့လားတော့မသိဘူး၊ ဗိုလ်လောင်းရွှေးချယ်ဖို့ အင်တာဗျုးသွားဖြေမယ့်သူတွေကတော့ အဲလို တိုက်ပုံတွေဘာတွေ အပြည့်ဝတ်ပြီးသွားကြသလို ဆံပင်တွေတောင် အတိုညှပ်သွားကြ ပါရဲ့လေ။

    • KZ

      March 25, 2013 at 1:36 pm

      ဟုတ်တယ် ကိုခ။
      အဓိက က သပ်သပ်ရပ်ရပ်လေးဖြစ်ရင်ကို မဆိုးပါဘူးနော့။
      ဗိုလ်လောင်း အင်တာဗျူးတော့ မမြင်ဖူးဘူးဗျ။

      :hee:

  • Mr. MarGa

    March 27, 2013 at 5:27 pm

    မြန်မာနိုင်ငံမှာ အင်တာဗျူးဖြေရင်တော့
    မြန်မာဝတ်စုံလေးနဲ့သွားတာပဲ ကောင်းမယ့်ပုံ။
    ဟုတ်တယ်နော……………….

    • KZ

      March 27, 2013 at 5:32 pm

      ဒါပေါ့ကွယ်။
      ဝရဇိန် လက်နက်ကြီး ထားခဲ့ဖို့မမေ့နဲ့ဦး၊။
      မသွားခင် အဝတ်အစားတွေကို နတ်သမီးတွေကို မီးပူတိုက်ခိုင်းဦးနော်။
      ဝတ်စုံပြည့်ဝတ်ပြီးရင် ကျုပ်ဆီ ဓာတ်ပုံလေးပို့လိုက်ဦးတော့။
      :harr:

      • Mr. MarGa

        March 27, 2013 at 5:36 pm

        အင်
        မှာကြားချက်တွေ များလှချေလား
        အဆင်ပြေရင် ဖြည့်ဆည်းပေးပါမယ် လို့ :hee:

  • MaMa

    March 27, 2013 at 6:18 pm

    ( ပူရှိန်းလို မင့် လို မျိုး ထည့်ထားပြီး အင်တာဗျူး အဆောက်အဦးထဲမဝင်ခင် စားနိုင်/အသုံးပြုနိုင်အောင်ပါ။)
    ဆိုတာလေး သဘောကျတယ်။
    အင်တာဗျူးဖြေဖို့ မဟုတ်ပေမယ့် လူကြားထဲမှာ စကားပြောခါနီးမှ ခံတွင်းက နံများနေမလားလို့ ထင်မိရင် ကသိကအောက် ဖြစ်တတ်လွန်းလို့။
    ကံကောင်းချင်တော့လည်း ကိုယ်က ဆောင်သွားစရာမလိုပဲ သူငယ်ချင်းတွေ မိတ်ဆွေတွေက ယူလာတတ်ပြီး အမြဲကျွေးနေလို့ စိတ်ချမ်းသာစရာ။ :hee:

    • KZ

      March 27, 2013 at 8:03 pm

      ဟုတ်ပါ့ ချစ်မမ။
      ဒီမှာတော့ အိတ်ထဲ ထည့်ထားရတဲ့ မရှိမဖြစ် အရာလေးပေါ့ဗျာ။
      :hee:

Leave a Reply