ကုလားအုတ်ပုံပြင်…
ပြောရဦးမယ်ဗျာ…ဟိုအကြောင်း၊သည်အကြောင်း ကြုံခဲ့ရ၊ဆုံခဲ့ရတဲ့အကြောင်းတွေပေါ့။ ဒီလိုပါ… ဦးကျောက် ကျောင်းပြီးထဲက သမုဒ္ဒရာ ဝမ်းတစ်ထွာနဲ့ မိသားစုအရေးအတွက် နိုင်ငံခြားကိုထွက်ပြီး အလုပ်လုပ်လာတာ အခုဆို ဆယ်စုနှစ် နှစ်ခုလောက် ရှိပါတော့မယ်ခင်ဗျာ။ အဲဒီတော့ အတော်စုမိဆောင်းမိ ရှိပြီပေါ့လို့ဆိုရင် သိဟ်ရာသီဖွားပီပီ ကြွားရသေးတာပ။ ဟုတ်ကဲ့… မိသားစုကိုထောက်ပံ့ရတဲ့အပြင်၊ ကိုယ်တိုင်ကလည်းလက်ဖွာ၊ လက်ထဲနည်းနည်းစုမိပြန်ရင်လည်း “သမင်မွေးရင်း ကျားစားရင်း” ဆိုတော့ ဘာမှ စုမိဆောင်းမိ မရှိပါဘူးခင်ဗျာ။ အခုတော့…. အခုတော့ပေါ့လေ အကြောင်းကြောင်းတွေ ရှိလာပြီဆိုတော့ အသည်းအသန် စုရတော့မှာပေါ့။ မတော် “ဘိုင်ကောင်” ဆိုပြီး “ဘေးကန်” ထားခဲ့မှ၊ “လေးဆယ်ကျော် ဦးကျောက်ခဲရဲ့ အသဲကွဲတမ်းချင်း” တွေဖြစ်ကုန်ဦးမယ်။
အနှစ် နှစ်ဆယ်နီးနီးမှာ စုမိတာ တစ်ခုတော့ရှိပါတယ်ဗျာ။ နိုင်ငံတော်တော်များများမှာ အလုပ်လုပ်ဖူးသွားပြီမို့ လုပ်ငန်းကျွမ်းကျင်မှုရယ်၊ လူအမျိုးမျိုးစိတ်အထွေထွေရဲ့ အကြောင်းတွေပါ။ ဒီလိုပေါ့ဗျာ….ရေခံမြေခံ မတူကြတဲ့ လူသားတွေကြားမှာ အလုပ်လုပ်ရတာ ပေါင်းသင်းဆက်ဆံမှုနဲ့ စီမံခန့်ခွဲမှုအနုပညာက အတော်ကိုအရေးပါတယ်ခင်ဗျ။ ဦးကျောက်ဘဝမှာ စိတ်အညစ်ရဆုံးအချိန်တွေက အာရပ်နိုင်ငံများမှာ အလုပ်တာဝန်ကျတဲ့ သုံးနှစ်တာကာလပါ။ ရာသီဥတုကလည်းဆိုး၊ ဆက်ဆံရတဲ့လူတွေကလည်း “ရှိက်ခ်” လို့ခေါ်တဲ့ စော်ဘွားတွေကနေ အလုပ်သမားအထိ စကားကမတည်၊ ဘာပဲမှာမှာ “အင်းမ်…ရှာအလ္လာ” ၊ မြန်မာလိုတော့ “ဘုရားသခင် အလိုတော်ရှိရင်ဖြင့်” ဆိုတဲ့ အလုံးကြီးနဲ့ပဲ မိတော့တာပဲဗျို့။ နောက်ပိုင်း နည်းနည်း သူတို့အကြောင်းကိုသိလာတော့ ဘယ်ရမလည်း၊ သူတို့အလုံးကြီးနဲ့ သူတို့ကို ပြန်ကိုင်ပေါက်ရတာပေါ့။ စော်ဘွားတွေ သူဋ္ဌေးတွေအလုပ်အပ်ချင်သလား… စရံပေးပါ၊ ငွေမှန်မှန်ချပါ။ ဒါမှမဟုတ်ရင် အလုပ်ပြီးဖို့ “အင်းမ်…ရှာအလ္လာ”။ အလုပ်သမားများ အလုပ်တာဝန်ကျေပါ။ မကျေရင်တော့ လစာရဖို့ “အင်းမ်…ရှာအလ္လာ”။ မဆိုးဖူးဗျို့… သူတို့ရဲ့ “အင်းမ်…ရှာအလ္လာ” အကြောင်းကို သူတို့သိလေတော့ အဲသည်တော့မှပဲ အဆင်ပြေပြေ အလုပ်လုပ်လို့ရတော့တယ်။
အဲဒါက အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများဆီက အကြောင်းပါ။ အခုတော့ စိနပြည်၊ ရှမ်းကန်လို့ တရုတ်လိုခေါ်တဲ့ ဟောင်ကောင်ကျွန်းမှာ တာဝန်ကျနေပြန်တာမို့ ဒီအရပ်က အကြောင်းလေး ဖောက်သည်ချပါရစေဦး။ ဟောင်ကောင်ကို တာဝန်ကျတော့ မိခင်ကြီးနဲ့နှမများက သူတို့ကြည့်ရတဲ့ ဓာတ်ရှင်တွေထဲမှာ လူဆိုးဂိုဏ်းတွေအများကြီးနဲ့ ခုတ်ကြသတ်ကြဆိုတော့ သားလှရွှေသွေး မောင်ကျောက်ခဲလေးအတွက် အတော်စိတ်ပူကြပါတယ်။ သူတို့ဟာသူတို့ပူချင်ပူ၊ မပူချင်နေ။ ဦးကျောက်ကတော့ ပျော်ပျော်ပါပဲ။ “ဝက်ဖြစ်မှတော့ မစင်ကြောက်လို့မဖြစ်” သူ့ဆန်စား ရဲရပေမှာပေါ့။ အဲသည်ဇာတ်လမ်းကလည်း ဒီကိုရောက်မှပြီးပါတယ်။ အဟုတ်ပါခင်ဗျာ… တရံရောအခါက လူမိုက်ဂိုဏ်းတွေ ရှိခဲ့ဖူးတယ်ဆိုပေမယ့် အခုတော့ အေးအေးဆေးဆေးပါ။ မအေးရင်လည်း ကွန်မြူနစ်ပြည်ကြီးအစိုးရက အသေနှိပ်ကွပ်မှာလေ။ ရာဇဝတ်မှုဆိုတာ နိုင်ငံတိုင်းမှာရှိပေမယ့် ဓာတ်ရှင်ထဲကလို ဆိုးဆိုးဝါးဝါး မဟုတ်ပါဘူးဆိုပြီး လုပ်ဖော်ကိုင်ဖက်များက ရယ်ပါတယ်။
တကယ့်ပြဿနာက အလုပ်ခွင်ထဲရောက်မှ ဟောင်ကောင်ရုံးခွဲက အထက်အရာရှိနဲ့ ငြိတဲ့ကိစ္စပါ။ ဒီငတိက ဖအေ အာဏာရှိ ဟောင်ကောင်သူဋ္ဌေးသား၊ စကားပြောလည်ပေမယ့် အလုပ်အကြောင်း နားမလည်ပါဘူး။ အကျိုးသင့်၊အကြောင်းသင့် ရှင်းပြပေမယ့် ဦးကျောက်ကို နောက်ခံမရှိတဲ့ ရွှေပြည်ကြီးက မြန်မာဆိုပြီး အကြောင်းအရင်းမှန်လည်းမသိ၊ တာဝန်လည်းမယူနိုင်ဘဲနဲ့ ငါ့စကားနွားရ “ကုလားအုတ်ကို တဲထဲမောင်းသွင်းတဲ့ဇာတ်လမ်း” စပါတယ်။ ဒီတော့လည်း မှန်တယ်ထင်ရင် နောက်မဆုတ်တဲ့ ဦးကျောက်နဲ့ အကြီးအကျယ်ငြိကြတာ လူမိုက်ဂိုဏ်းသာရှိရင် ဦးကျောက်လည်း အသတ်ခံရပြီးသားခင်ဗျ။ နောက်ဆုံး ပြင်သစ်ရုံးချုပ်ကို သတင်းရောက်သွားပြီး ဆရာသမားများက ခေါ်ကြိမ်းမှ ဒီငတိလည်း အတော် “ကျွတ်ကျဲ” သွားပါတယ်။ အဲသည်တော့မှ လေပြေလေးနဲ့ အလုပ်ဝါကြီးပြီး နောက်ကြောင်းရှိတဲ့ ဦးကျောက်ကို ပြန်ချော့ပါတယ်။ အဟဲ…သည်တော့လည်း ဒီငတိကို ဘုမသိဘမသိ “ကုလားအုတ်ကို တဲထဲမောင်းသွင်း”တာ ဘယ်လောက်အန္တရာယ်ရှိကြောင်း ပြန်ပြောပြရတာပေါ့ခင်ဗျာ။
စီနီယာကြီးတစ်ယောက် ပြောပြဖူးတဲ့ “ကုလားအုတ်ကို တဲထဲမောင်းသွင်းတဲ့ဇာတ်လမ်း”လေး ပြန်ပြီးတော့ ဖောက်သည်ချပါရစေ။ ဒုတိယကမ္ဘာစစ် မဖြစ်မီအချိန်ကလေးမှာ ဗြိတိသျှတပ်ရင်းတစ်ခုက ဆာဟာရ သဲကန္တာရအစပ်မှာ တပ်စွဲပါသတဲ့။ တစ်နေ့တော့ တပ်မှူးအသစ်တစ်ဦး တပ်ကို အုပ်ချုပ်ဖို့ရောက်လာပါတယ်။ ထုံးစံအတိုင်း တပ်ရေးဗိုလ်ကြီးက တပ်တစ်ခုလုံးကို လိုက်လံပြသတဲ့အခါ ဘာပြဿနာမှ မရှိပေမယ့် တပ်ရဲ့ဘားတိုက်နားမှာ စာရင်းထဲမပါတဲ့ “ကုလားအုတ်” တစ်ကောင်ကို တပ်မှူးအသစ်က တွေ့သွားပါသတဲ့။
“ဗိုလ်ကြီး တပ်က ဝန်တင်စာရင်းထဲမှာ မပါတဲ့ ဒီကုလားအုတ်က ဘာဖြစ်လို့ဘားတိုက်နားမှာ ရောက်နေရတာလဲ” လို့မေးလိုက်တဲ့အခါ တပ်ရေးဗိုလ်ကြီးက မျက်စိပျက်မျက်နှာပျက်နဲ့ ပြန်ဖြေပါတယ်…
“ဗိုလ်မှူးကြီးခင်ဗျား… ကျွန်တော်တို့တပ်က ရဲဘော်တွေခမျာ သားမယားနဲ့ခွဲပြီး ကန္တာရထဲမှာ စစ်ဆင်ရေးတာဝန်ကျနေတာပါခင်ဗျာ”
“အေး… ငါသိတယ်၊ လိုရင်းတိုရှင်းပြော”
“အဲသည်တော့ သူတို့မှာ မိန်းမနဲ့အတူနေချင်လာရင် ဒီကုလားအုတ်ကို…..”
“တော်..တန်..တိတ်၊ ဒမ်ဘလယ်ဒီဖူး… မောင်မင်းတို့ လူမဟုတ်၊ မင်းတို့ကို ဂရိတ်ဗြိတိန်ရဲ့ တော်ဝင်စစ်သားတွေလို့ ပြောရမှာငါရှက်တယ်”
“မ မဟုတ်ပါဘူးခင်ဗျ၊ ရှင်းပြပါရစေ ဗိုလ်မှူးကြီး”
“ဒမ်အဒ်… ဘာမှမရှင်းနဲ့။ ငါ ဘာမှမကြားချင်ဘူး”
ဗိုလ်မှူးကြီးလည်း ပြောပြောဆိုဆို နှာခေါင်းနီကြီးပွတ်ရင်း ဆဲဆိုပြီး ထွက်သွားပါသတဲ့။
ဒီလိုနဲ့ သုံးလလောက်ကြာတော့ ဗိုလ်မှူးကြီးလည်း တပ်ရေးဗိုလ်ကြီးကို ခေါ်ခိုင်းပြီး ရောက်လာတော့…
“ဗိုလ်ကြီး…… ကျုပ်မှားသွားတယ်၊ ကန္တာရထဲမှာနေရတဲ့ ရဲဘော်တွေရဲ့ဘဝကို ကိုယ်ချင်းစာပါပြီဗျာ။ ကိုင်း… ကျုပ်အတွက် အဲသည် ကုလားအုတ်ကို သွားဆွဲခဲ့ပါတော့”
ဗိုလ်ကြီးလည်း အခုမှသဘောပေါက်သွားပြီဖြစ်တဲ့ ဗိုလ်မှူးကြီးအတွက်ဝမ်းသာအားရ ကုလားအုတ်ကို သွားဆွဲလာတာပေါ့။ ဗိုလ်မှူးကြီးရဲ့ တဲရှေ့ရောက်တယ်ဆိုရင်ပဲ…
“မောင်မင်း… တဲထဲကိုသွင်းခဲ့။ မပြေးနိုင်အောင် ကြိုးချည်ပြီး အပြင်ကစောင့်နေ”
ဗိုလ်ကြီးလည်း အမိန့်အတိုင်းလုပ်ပေးပြီး အပြင်ကစောင့်နေပါသတဲ့။ ခဏအကြာမှာတော့ တဲထဲက ကုလားအုတ်ရဲ့ စူးစူးဝါးဝါးအော်သံနဲ့အတူ ဗြောင်းသတ်တဲ့အသံတွေကိုပါ ကြားရအပြီး၊ ဗိုလ်မှူးကြီးက ဘောင်းဘီဇစ်ကို ပင့်တင်ပြီး ထွက်လာပါသတဲ့။ ဗိုလ်ကြီးလည်း တဲထဲကို ကပျာကယာ ပြေးကြည့်လိုက်တော့၊ ကုလားအုတ်ခမျာ လောကကြီး ဘာတွေဖြစ်ကုန်ပါလိမ့်ဆိုတဲ့ ကြောင်စီစီမျက်နှာပေးနဲ့ ဗိုလ်ကြီးကို ကြောက်ကြောက်ရွံ့ရွံ့ ကြည့်နေတာ တွေ့လိုက်ရပါသတဲ့။ ဗိုလ်ကြီးလည်း မနေသာတော့ပဲ….
“ဗိုလ်မှူးကြီးခင်ဗျား… ကုလားအုတ်ကို ဘယ်လိုလုပ်လိုက်တာလဲ ခင်ဗျ”
“ဟ… မင်းတို့လုပ်သလို xxx လုပ်တာပေါ့ကွ”
“အိုး… မိုင်လော့ဒ်၊ ကျွန်တော်တို့က မိန်းမနဲ့နေချင်ရင် ဒီကုလားအုတ် စီးပြီးအနီးဆုံး အိုအေစစ်က ကြေးစားတွေဆီသွားတာ ဗိုလ်မှူးကြီးရဲ့”
“ဟေ……”
ဦးကျောက်ရဲ့ ကုလားအုတ်ပုံပြင်အဆုံးမှာ မောင်မင်းကြီးသား ဟောင်ကောင်တရုတ် အထက်အရာရှိလည်း တခွီးခွီးနဲ့ ရယ်ပါတယ်။ အဲသည်နေ့ကစလို့ အလုပ်ထဲမှာ အဆင်ပြေသွားလိုက်တာ ဒီနေ့အထိဆိုပါတော့။ နောက်ဆုံး မီတင်သွားလို့ ဘုမသိဘမသိနဲ့ ဖြီးနေတဲ့ သူ့ကိုတွေ့ရင် “ဟိုကောင်တော့ ကုလားအုတ် တဲထဲမောင်းသွင်းနေပြီ” ဆိုပြီး ကြိတ်ရယ်ကြတဲ့အထိပါ။
အင်း… သူတစ်ပါးမို့ ရယ်မယ့်သာ ရယ်ရတာ။ ဦးကျောက်တို့ရွှေပြည်ကြီးမှာလည်း ခေတ်အဆက်ဆက် ကုလားအုတ်ကို တဲထဲမောင်းသွင်းလာကြတာ အခုလည်းပဲ ဘယ်က အထောက်အပံ့ ရကြတယ်မသိ၊ ဘာဖြစ်နေတယ်၊ ဘာဖြစ်သင့်တယ်ဆိုတာမစဉ်းစား၊ ဘုမသိဘမသိနဲ့ ထစ်ကနဲဆို ဆန္ဒပြကြ၊ တူညီဝတ်စုံ ဝတ်ပြီး လမ်းလျှောက်ရ၊ ဟိုတံဆိပ် သည်တံဆိပ်တွေ ကပ်ကြ၊ ဒီမိုး၊ဒီရေ၊ဒီလူတွေနဲ့ ကြားက ကုလားအုတ်လို ရိုးသားတဲ့နင်းပြားတွေ ဘဝမပျက်ပါစေနဲ့လို့…..
38 comments
ရာမည
April 11, 2013 at 3:11 pm
အခုချိန်မှာတော ့ ဗုဒ္ဓဘာသာက အသုံးချခံနေရပါတယ်
ဝင်ပြောရင် နကန်းတစ်လုံးနားမလည်တဲ့ကောင်က ဘာသာရေးဆိုတာကြီးနဲ့
ကိုင်ပေါက်လိုက် ၊ အမျိုးဘာသာအတွက်ဆိုပြီးကြိမ်းမောင်းလိုက်နဲ့
မပြောရဲပါခင်ဗျာ ။
ဦး ကျောက်ခဲ
April 12, 2013 at 8:14 am
စိတ်ကုန်တာ အဲဒါပဲ ရဲကိုကိုရေ…
လူတွေက “အများယောင်လို့ယောင်၊ အမောင် တောင်မှန်း မြောက်မှန်းမသိ”…
ပြောပြန်ရင်လည်း ကိုယ်ပဲ ရွာ့ပြင်အထုတ်ခံရမှာ…
kai
April 13, 2013 at 4:47 pm
မှန်တာပြောလို့.. ရွာပြင်ထုတ်မယ်ဆို.. ကျုပ်လည်းရွာပြင်ထွက်ပြီး.. ရွာသစ်တည်မဟေ့.
ဂွမ်.. ဂွမ်.. ဂွမ်..
Foreign Resident
April 13, 2013 at 2:51 pm
” ပြောပြန်ရင်လည်း ကိုယ်ပဲ ရွာ့ပြင်အထုတ်ခံရမှာ ”
ဟယ် ၊ ဒုက္ခ ပါပဲတော် ။
အဘ မှာ ၊ မသိနိုးနား ၊ မလည်မဝယ် နှင့် ၊
အခုလေးတင်ပဲ ၊ စဉ်းစားကြစေလိုပါတယ် ( ၅ဝ ) ဆိုပြီး ၊
နိုင်ငံရေး ၊ ဘာသာရေး အကြောင်း ၊ ရေးလိုက်မိတယ်ကွယ် ။
ဒါဆို ၊ အဘ ကို ရွာပြင် ထုတ်ကြတော့မှာပေါ့နော် ။ ဒုက္ခ ပါပဲ ။
အောင်မယ်လေး ၊ ကယ်ကြပါဦး ၊ အရပ်ကတို့ရဲ့ ။
ဦး ကျောက်ခဲ
April 13, 2013 at 3:21 pm
အဲဒါဆိုလဲ အဘရယ်…
ရွာပြင်မှာတဲထိုးပြီး ဘုဂလန့်တိုက်ကြတာပေါ့…
ကျွန်တော် ဝင်ပြောလေ့မရှိပေမယ့် အခု မခံစားနိုင်တော့လို့ပါ…
:kwi:
TNA
April 11, 2013 at 3:58 pm
အူးရီးကျောက်ရယ်ပြောလဲပြောတတ်ပါပေ့။ အဲဒီပုံပြင်ခုမှကြားဖူးတော့တယ်။ စကားလုံးတလုံးတိုးသွား လို့ကျေးဇူးပါ။ နိုင်ဂံရေးဂဒေါ့ များတို့ပြောရဲဘူးရယ်။
ဦး ကျောက်ခဲ
April 12, 2013 at 8:20 am
ဟီး ဟီး မသဲနု (ဒီတစ်ခါ မမှားတော့ဘူး)
ပုံပြင်တစ်ခုတိုးတယ်ဆိုလို့ ဝမ်းသာပါ၏…
အနီးဆုံးဥပမာပေးရရင် ဈေးဝယ်တာတောင် နိုင်ငံရေးမို့…
နိုင်ငံ့အရေးကို မျှော်ချင့်လို့ မကြောက်ပါနဲ့လေ…
:kwi:
cobra
April 11, 2013 at 4:04 pm
ဗိုလ်မှူးကြီးက တယ်လည်းလက်သွက်ခြေသွက် ရှိတာပဲ
ဦးကျောက်ရေ ကုလားအုတ်လိုရိုးသားတဲ့နင်းပြားတွေ တဲထဲအမောင်းခံနေရတာ
အများကြီးပါ
ဦး ကျောက်ခဲ
April 12, 2013 at 8:27 am
ကို့ညီ cobra ရေ…
အကြောင်းအရင်းကို သေသေချာချာ ဂဃနဏ စကားဆုံးအောင်နားမထောင်တတ်တဲ့ သူတွေအတွက် အကောင်းဆုံးပုံပြင်တစ်ခုပါ။ ကုလားအုတ်လိုရိုးသားတဲ့နင်းပြားတွေ တဲထဲမောင်းသွင်းမခံရဖို့ကတော့ ညီတို့ ဦးကျောက်တို့မှာတာဝန်ရှိတယ်လေ။ တစ်ခုပါ… ကိုယ်လုပ်တဲ့အလုပ်ရဲ့ ရည်ရွယ်ချက်ကို ကိုယ့်ကိုယ်ကို သိပါစေ…
:kwi:
nature
April 11, 2013 at 6:32 pm
စိန်ခဲကျောက်ခဲကတောက်ပတယ် အဖိုးထိုက်တယ်။ လမ်းခင်းတဲ့ကျောက်ခဲကတော့ အသွေးအရောင် မပြောင်မွဲ ။ တန်ဘိုးမှာလည်းနဲ…။ ဒါပေမဲ့လည်းမင်းဘဝခရီးတလျှောက် တည်ဆောက်သူက ဒီကျောက်ခဲ…။မင်းသွားမဲ့လမ်းခရီးဖြောင့်ဖြူးစေမှာမလွဲ…။
ကျောက်ခဲက အနုအလှစာသားလေးတွေနဲ့လမ်းခင်းပေးလို့ရသလို့ ဘုကျသူကြရင်လည်း ကောက်ထုပြစ်လို့ရတယ်။ စွယ်စုံရကျောက်ခဲလေ..။ ငှဲ..ငှဲ…ငှဲ 😛
ဦး ကျောက်ခဲ
April 12, 2013 at 8:31 am
အဟီး ကိုကြီး nature ကလည်း…
အချင်းချင်းတွေ မမြှောက်ပါနဲ့လေ…
မောင်ကျောက်လည်း လူထဲလူ… အဲ.. ကျောက်ထဲက ကျောက်ပါ…အား ဟိ…
:harr:
မောင် ပေ
April 11, 2013 at 7:12 pm
ကျန်တာတွေ အပထားလို ့
ကုလားအုတ်စီးချင်မိတယ်ဆိုတာလေးပဲ ပြောပါရစေဗျား
ဖအု ဖအု
ဦး ကျောက်ခဲ
April 12, 2013 at 8:34 am
ကိုပေ…
ကုလားအုတ်စီးရတာ ကုန်းနှီးမထူရင် အတော်မနိပ်ဘူးဗျ…
အနှီသတ္တဝါက အိပဲ့အိပဲ့လျှောက်လေတော့ ကြာကြာစီးရင် အိပ်ငိုက်တယ်…
:harr:
mobile
April 12, 2013 at 12:57 pm
ကပေ က ကုလာအုပ်ပဲ စီးချင်တာလား………..
ကုလာအုပ်နဲ့ ခပ်ဆင်ဆင်တူတဲ့ လား လေးဘာလေးတော့
မစီးချင်ဘူးလားလို့ပါ…………………..
uncle gyi
April 11, 2013 at 11:22 pm
ကုလားအုတ်လို ရိုးသားတဲ့နင်းပြားတွေ ဘဝမပျက်ပါစေနဲ့လို့…
ဘရာဗိုပါကိုကျောက်
သယ်လာလိုက်တာ
စီမံလိုလို
ဟာသလိုလိုနဲ့
နောက်ဆုံးမှစာလုံး၁ဝလုံးကျော်လေးနဲ့လိုရင်းပြောသွားတာ
လေးစားပါတယ်ဗျာ
ဦး ကျောက်ခဲ
April 12, 2013 at 8:37 am
uncle gyi မင်္ဂလာပါ…
သာသာလုပ်ပါ ဆရာရယ်…
မောင်ကျောက် ရေးတတ်သလိုလေးရေးတာပါ…
ဆိုလိုရင်းကို ဖမ်းမိတယ်ဆိုလို့ ကျေးဇူးပါခင်ဗျာ…
:harr:
ဦးကြောင်ကြီး
April 12, 2013 at 9:11 am
မိန်းမအလွယ်မရတဲ့ အဲဒီဒေသတောပိုင်းမှာ ဆိတ်မတွေကို ဟဝှာပြုတဲ့ ထုံးစံရှိတယ်တဲ့.. ကုလားအုတ်လည်း ပါချင်ပါမှာပေါ့ဗျာ..။ မဖက်လိုက် မိုက်ဖက်ပါကုန်တာပေါ့ဗျာ.. ဦးကျောက်ခဲလဲ အဲသလို မဖောက်ပြန်မိစေနဲ့…. ပြောသာပြောရတာ အခုတောင် လေသံအတော်ပြောင်းနေပီ… ပါတီအပေါ် သစ္စာဖောက်ဝံ့သလော…
ဦး ကျောက်ခဲ
April 12, 2013 at 9:41 am
ကိုကြောင်ရေ ညစ်တီးညစ်စုတ်ပြောရရင်…
အဲသည်အရပ်က မောင်မင်းကြီးသားများ “မြည်း” တွေကိုတောင် ချမ်းသာမပေးဘူးခင်ဗျ…
ဟဲ ဟဲ … မိုက်ဖက်လည်းမပါ လေသံလည်းမပြောင်း သစ္စာလည်းမဖောက်ဝံ့ပါဘူးဗျာ…
ဒါပေမယ့် ကျုပ်တို့ဆရာကြီး အချိုးတွေကြည့်ပြီး စိတ်ပျက်မိတာတော့အမှန်…
ကျုပ်တို့က စပြီး “လေ” ဟမိရင်၊ အနောက်က “ဝါးတန်းချည်” မယ့်သူ အပုံကြီးမို့လို့….
:kwi:
mobile
April 12, 2013 at 1:02 pm
ဦးကျောက် တို့လို လူပျိုကြီးတွေရဲ့ အတွေးလေးတွေက အဆန်းပါလားဗျ……..
ဦးကျောက်ဒီလိုအတွေးတွေ များများတွေးပြီး လူပျိုကြီးများ () မိန်းမ မရှိသူ / ဝေးနေသူများအတွက်
ဆိုပြီး လမ်းညွှန်စာအုပ်ထုတ်ရင် ……….. ဦးကျောက်တို့လို ဂေါ်မစွံ့တဲ့ လူပျိုကြီးတွေ
ဝယ်ဖတ်လိုက်ကြမယ့်ဖြစ်ခြင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဦး ကျောက်ခဲ
April 12, 2013 at 1:24 pm
ဒီလိုပေါ့ ကိုရင်mobile ရယ်…
တစ်ယောက်တည်းသမားဆိုတော့…
တောင်တောင်အီအီ လျှောက်တွေးမိတာပေါ့…
ကိုရင့်လို ကြင်ယာပေါရင်လည်း တမျိုးပေါ့ဗျာ… အား ဟိ
:harr:
P chogyi
April 12, 2013 at 6:22 pm
ပုံပြင်ပြောသလိုလိုနဲ့ ကြော်ငြာဝင်သွားတာပဲ။
ဦး ကျောက်ခဲ
April 13, 2013 at 9:29 am
မီဟုတ်ရပါဘူး ကိုချိုရယ်…
ကြော်ငြာဝင်ဖို့လိုသေးလို့လား…လို့… အားဟိ
:harr:
နေဝန်းနီ
April 12, 2013 at 9:13 pm
ကိုကျောက်လည်း ရပ်ဝေးမှာ ကုလားအုပ်တဲထဲ ညတိုင်းမောင်းသွင်းနေတယ် မဟုတ်လား လူကြီး မညာနဲ့နော် မှန်မှန်ဖြေ……….။ ဟင်းးးးး
ဦး ကျောက်ခဲ
April 13, 2013 at 9:32 am
ဆရာနေရယ်… မသွင်းရပါဘူး…
မောင်ကျောက် ညတိုင်း သတင်းပို့နေရတဲ့ လူရိုးလေးပါခညာ…
:harr:
ရွှေ ကြည်
April 13, 2013 at 12:55 pm
ကြော်ပြီး မညာချင်ပါ ညာပြီးမကြော်ချင်ပါ တိုက်တွေကားတွေမပေးပါ ကံစမ်းမဲလဲမပေးပါ
ကြော်ငြာ ကြော်ငြာဗျိုး ကြော်ငြာ
အူးကျောက်ရေ ကုလားအုတ်တွေက ရွှေကြည်တို့တိုင်းပြည်မှာ မောင်းသွင်းစရာမလိုဘူးဗျ သူများမောင်းအသွင်းခံရတာမြင်ရုံနဲ့ ဘာမှန်းမသိညာမှန်းမသိ ကိုယ့်ဘာသာလိုက်ဝင်နေကြတာ
ဦး ကျောက်ခဲ
April 13, 2013 at 2:46 pm
အဲဒါပဲ မိရွှေကြည်ရေ
ဒို့လူမျိုးကလည်းခက်ပါ့… သူများယောင်တိုင်း လိုက်ယောင်ကြတာလေ…
ဆရာဒေဝဒတ်တွေကလည်း နောက်ကွယ်ကနေမြှောက်ပေး… ရင်လေးပါသေးရဲ့…
မေးကြည့်လိုက်တော့ ကိုယ့်ဟာကိုယ် ဘာလုပ်နေမှန်းတောင်မသိ…
ဘာတဲ့… ပျော်လို့ပါဆိုတာက ရှိသေး….
:buu:
မဟာရာဇာ အံစာတုံး
April 13, 2013 at 1:42 pm
စုထား ဥရေးရေ .. စုထားဂျ …
ကံကြမ္မာ ညက်နှာသာ ပေးဒုန်းလေး …
အမိအရ အတိအကျ အထိအလှ ငိငိငင လုပ်ထားဂျ …
အင်းး ပြောမယ့်ဒါ ပြောရတာပါ ..
ကိုယ့်ဥရေး အကြောင်း သိပီးဒါးဆိုဒေါ့ ..
ယုံဘီးဒါးဘာ …
ဦး ကျောက်ခဲ
April 13, 2013 at 2:48 pm
ဘိုအံ…အချင်းချင်းတွေ မြှောက်ပေးနေပြန်ပြီ
ခီညားကို အွန်လိုင်းကနေ သင်တန်းပို့ချမယ် ဟီ ဟိ…
:harr:
ကိုရင်စည်သူ
April 13, 2013 at 2:01 pm
ဦးကျောက်လည်း အာရပ်ပြန်ကြီးပဲပေါ့…
ကုလားအုတ်သား မနေ့ကတင်စားရတယ်..
နူးညံ့တယ်ဂျ… အာရပ်ဒန်ပေါက်လိုမျိုးနဲ့တီးတာ..
ဦးကျောက်ခဲ့ အသိပေါ့..။ ဗဟု သုတ ရတဲ့
ပို့စ်အတွက် ရွှတ်ခန်ရန်.. ပါခင်ည..
ကျနော်လည်း လူပြိုကြီးမဖြစ်အောင်လို့.. (အာရပ်သံဖြင့်..)
အင်မ်း.. ရှားလား…
ကူ့လူ့တားမန်း..
အဟန်းဒူလာ…
ကွိုက်စ်…
မြန်မြန်… :kwi: :kwi:
ဦး ကျောက်ခဲ
April 13, 2013 at 3:11 pm
ဟီ ဟိ ကိုရင်စည်ပြောမှ
သံပုရာသီးခြောက် အလုံးလိုက်နဲ့ချက်ထားတဲ့ အာရပ်ဒန်ပေါက် (MACHBOOS) စားချင်လာပြီ…
ကုလားအုတ်သားကတော့ ယာဉ်တိုင်မှုနဲ့ အချုပ်ထဲတစ်နေ့ နေရတုံးကစားဖူးတာ…နူးညံ့ပါ့ဗျာ…
အချုပ်ထဲမှာ “မီနူးနဲ့” ကြွေးတာဗျ… နောင်မှ အဲသည့်အကြောင်းရေးဦးမယ်…
“ဟမ်သ်ဒူလာ ဟာဘီဘီ”
:harr:
အရီးခင်လတ်
April 13, 2013 at 9:18 pm
မတူသောဘက်က မန့်မယ်ဗျား။
ဒီလို စကားဆုံးအောင်နားမထောင်တတ်တဲ့ Boss ကို ဘယ်လို နားထောင်အောင် ပြောရမယ် ဆိုတာ မသိတဲ့ သူတွေကြောင့် ရော နင်းပြားတွေ ဒုက္ခရောက်နေရတာလဲ တစ်ချက်ပေါ့။
တစ်ခါတစ်ခါကျ ပြောတဲ့စကား ကလဲ အရေးကြီးပါရဲ့။
အဲဒါကို ဘယ်လိုပြောရမယ် ဆိုတဲ့ နည်းလမ်း က ပိုပြီး အရေးကြီးသလားလို့။
ဒါထက် စကားမစပ်
အိမ်ထောင်ဦးစီးချုပ် Boss က ကိုယ်မဟုတ်ဘဲ သူဖြစ်တော့မယ် ဆိုရင် ပိုပြီး သတိထားပေရော့။
:kwi:
ဦး ကျောက်ခဲ
April 15, 2013 at 8:33 am
မတူတဲ့ဘက်ကမန့်သွားတဲ့ အရီးလတ်… ကျေးဇူးပါ ခင်ဗျာ…
အိမ်ထောင်ဦးစီးချုပ်ကိစ္စကတော့ အရီးလည်း သတင်းရပြီးဖြစ်ပါလိမ့်မယ်…
:kwi:
Fall Guy
April 14, 2013 at 12:18 am
ဦးကျောက်ရေ
စိတ်ထဲမှာ ဘဝင်မကျဖြစ်နေတဲ့ အကြောင်းရာတွေကို ရယ်စရာအဖြစ်နဲ့ခိုင်းနှိုင်းသွားလို့ သဘော
ကျမိတယ်…..။ ဒါနဲ့ရွာပြင်ထုတ်ခံရမယ့်ဆိုရင် ကျနော်လဲ စာရင်းဝင်တယ်ဗျို့….။
ဦး ကျောက်ခဲ
April 15, 2013 at 8:36 am
ကိုရင် Fall Guy ရေ
သဘောကျတယ်ဆိုလို့ ကျေးဇူးပါခင်ဗျာ…
လိုအပ်တယ်လို့ယူဆရင် ရွာ့အပြင်အထုတ်ခံရင် ခံရပါစေ… ပြောမှာပဲ…
:kwi:
ရွာစားကျော် မင်းနန္ဓာ
April 15, 2013 at 4:07 pm
ဦးကျောက်
ဟောင်ကောင်ကျွန်းရောက်တော့ ဘာအကောင် တဲထဲဆွဲခေါ်နေလဲ…
:harr:
ဦး ကျောက်ခဲ
April 16, 2013 at 8:50 am
ဟမ်မလေး ကိုရင်ရွာစားရယ်…
ဒီကျွန်းမှာတော့ ကိုယ်ကတဲထဲဆွဲခေါ်ဖို့နေနေသာသာ…
သူများ တဲထဲဆွဲသွင်းတာမခံရအောင် ကြည့်ရှောင်နေရတယ်ဗျိုး…
:harr:
KZ
April 16, 2013 at 9:16 am
ဟမ်။ ကံကောင်းလို့ပါလား။
ခေါင်းစဉ်က အုတ် သာ စာလုံးပေါင်းမှားလို့ကတော့ ဒီ လူကြီးမလွယ်ဘူးပဲ။
:harr: :harr: :harr:
ဦး ကျောက်ခဲ
April 16, 2013 at 9:23 am
မှားစရာလားအေ…
စကားပြော မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းရထားပြီ…
အခု ဦးကျောက် စာလုံးပေါင်းမမှားတော့ဘူး…
:harr: