Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရလဒ်က အရေးမကြီးဘူးလား…..။

alinsettApril 23, 20131min54914

444
—————

နေ ့ ရက်တွေမှာ ဖြတ်သန်းရင်…ကျွန်တော်တို့ကိုယ်တိုင် ကိုယ် ထိလိုက်ရောက် ပြုလုပ်မိတတ်တဲ ့ ပြုလုပ်ချက်တချို့ ကို

အကြောင်းပြချက် နှစ်မျို း…နဲ ့ ပြုလုပ်ခဲ့ပါတယ် ။
—————

သူ ့အကျိုးလိုလားပြီး. ပြုလုပ်မှု နဲ ့ ကိုယ့် အကျိုးအတွက် က်ိုယ် ပြုလုပ်မှုတွေပါ ။
—————
သူ ့အကျိုး အတွက် ပြုလုပ်ခြင်း မှာတော့… ပြောစရာတွေ တသီတတန်းကြီး ရှိ နေပါတယ် ။

ကျွန်တော်တို ့ဟာ… သူတပါး အကျိုးကို လိုလားပြီ.. စွှန့်လွှတ် အနစ်နာ ခံပေးတတ်တဲ ့ ယဉ်ကျေးမှု စိတ်ဓါတ်တွေ ကိုယ်စီ ..ရှိနေကြတာပါပဲ ။

သူ ့အကျိုး ဖြစ်ထွန်းပါစေ…ဆိုဆဲ ့ စိတ်နဲ ့ ကူညီ ဆောင်ရွက်ပေးလိုက်လို ့.. တကယ်လည်း… သူတပါးမှာ.. အဆင်ပြေ ချောမွေ ့သွားတဲ ့အခါမှာ

ပေးဆပ်သူ / ကူညီခွင့်ရလိုက်သူအနေနဲ ့ ဝမ်းသာပီတိ ဖြစ်ရပါတယ် ။

ကိုယ် ့လုပ်ဆောင်ချက်ရဲ ့ ေအောင်မြင်မှု / မြင့်မြတ်စင်ကြယ်မှု ကလေးကိုလည်း… ကိုယ်တိုင် အားရကျေနပ်ပြီး ဂုဏ်ယူစိတ်တွေ ဖြစ်ပါတယ် ။

ကိုယ် ကူညီပေးလိ်ုက် လို ့ …/… ကိုယ့် စေတနာကြောင့်… သူ အဆင်ပြေသွားစေတယ်..ဆိုတာကို မြင်ရ ရုံနဲ ့ ပီတိတွေ ဖြစ်ပြီး …

နောက်တစ်ကြိမ်း..မှာ နောက်တစ်ယောက်ကို.. ကူညီ ပေးလိုက်ချင်သေးတဲ ့ အားအင်တွေ..ရလာပြန်ပါတယ် ။

———————

ဒါဟာ..မြင့်မားပြီး..လှပတဲ ့ အခြေအနေ တစ်ရပ်ပါ ။ ဒါပေမယ့်………

………

——————–

ဒါပေမယ့်…

ကိုယ်က သူ ့အကျိုးလိုလားတဲ ့စေတနာနဲ ့ လုပ်တော့ လုပ်ပေးလို်က်ပါရဲ ့ ။

ရလဒ်က ထင်သလို ဖြစ်မလာဘဲ..

အဆိုးတစ်ခုခု ဖြစ်သွားတယ်..ဆိုရင်ကော……

——————–

ရပ်ကွက်ထဲက လူတွေ ပြောသလို ပြောရရင်တော့..

ပြဿနာက အဲဒီမှာ စတွေ ့တာပါပဲ ။

555
——————–

ရလဒ်က အရေးကြီးသလား… ဘာလားတွေ မစဉ်းစားနိုင်သေးခင်မှာ…

ကျွန်တော်တို ့ ( ကူညီပေးလိုက်သူတွေ ) ဘာကို အရင် စဉ်းစားသလဲ…..။

——————–

တချို ့က….

ငါကတော့ စေတနာနဲ ့ လုပ်ပေးလိုက်တာ ပဲ ။ ဖြစ်မလာတာတော့ မတတ်နိုင်ဘူး ။

ဆိုြုပီး….လက်လျှော့စကား.ဆိုပါတယ် ။

ဖြစ်သွားတဲ ့ရလဒ်ရဲ ့အခြေအနေ အပေါ်မှာ..သုံးသပ်မှု နည်းပါးပြီး… ကိုယ့်သဘောထားနဲ ့ ကိုယ့် စေတနာ တွေက်ိုပဲ ရှေ ့တန်း..ပစ်တင်လိုက်တတ်ပါတယ် ။

———————

တချို့ကတော့….

ငါ တကယ့်ကို စေတနာ ထားပြီး.လုပ်ပေးလိုက်တာပါ…။ အခုလိုကြီးဖြစ်သွားတော့လည်း.. တကယ့်ကို စိတ်မကောင်း ပါဘူး…ဆိုပြီး..

ဝမ်းနည်းနာကျင် နေမိပြန်ပါတယ် ။

ဒါကလည်း….. ကိုယ့် စေတနာ ဆိုတာကြီးရယ်….၊ ကိုယ် ့ ခံစားချက် တွေရယ်ကိုပဲ… ရှေ ့တန်း ပစ် တင်လိုက်တာ မဟုတ်လား ။

ရလဒ်ရဲ ့ ဆိုးကျိုး အပေါ်မှာရော… ကိုယ် ဘာများ.ထပ် ပြီး.. ပြုပြင်ပြောင်းလဲ ပေးနိုင်ဦးမလဲ… ဆိုတဲ ့ အနေအထားဆီ..သွားဖို ့…

အမေ့မေ့ အလျော့လျော့…. ဖြစ်တတ်ပါတယ် ။

———————-

ဒါဖြင့်… ကိုယ် ကူညီ ဆောင်ရွက်ပေးလိုက်တဲ ့အကြောင်း / ဖန်တီးမှု ကနေ ဖြစ်လာတဲ ့

ရလဒ် ( သို့မဟုတ် ) အကျိုးသက်ရောက်မှု အခြေအနေက

အရေးမကြီးဘူးလား ။

————————

တကယ်တော ့

ရလဒ်က သိပ် အရေးကြီးပါတယ် ။

ကိုယ်က… ဘာသဘောကြီးနဲ ့ပဲ… လုပ်ပေးလိုက်ပါစေ..။

တစ်ဖက်မှာ.. ရ သွားတဲ ့ ရလဒ်က အဓိက ကျပါတယ် ။

ကိုယ့်စေတနာနဲ ့ ကိုယ် ့ လုပ်ဆောင်ချက်က ဘယ်လောက် ကောင်းကောင်း..

လာတဲ ့ရလဒ်က ဆိုးနေရင်….

အဲဒါ…ကိုယ့်လုပ်ဆောင်ချက် တစ်ဝက်ကျဆုံးခြင်းပါ ။

————————-

ဒီတော့…..

ကျွန်တော်တို ့ရဲ ့.. စေတနာဆိုတာကြီးကို..

ရလဒ်ကောင်း ထွက်ပေါ်လာတဲ ့ အထိ..

ထိထိရောက်ရောက် ပေးဆပ်ဖို ့..လိုပါတယ် ။

ဒီ အတွက်…..

စေတနာ…နဲ ့ / သူ ့အကျိုးလိုလားမှု သန့်သန် ့ရှိရပါမယ် ။

ကိုယ် ့စေတနာ…. ကို ပေးဆပ်နိုင်မယ် ့….

ပေးဆပ်ရဲမယ့်.. အစွမ်းသတ္တိ လည်း…ကိုယ့်မှာ ရှိရပါမယ် ။

————————-

စေတနာ နဲ ့အစွမ်းသတ္တိကို…

ဉာဏ်ပါပါ နဲ ့ သုံးပြီး…ရေဆုံးရေဖျား….

ကူညီလိုက်နိုင်ပြီဆိုရင်တော့…..

ကိုယ့် ရဲ ့ကို်ယ်ကျိုး စွန့်မှု က….

အောင်မြင်ဖို ့ရာ…..

% များနေပါပြီ ။

666

————————-

ခြွင်းချက် အနေနဲ ့ကတော့…

ကိုယ် က ဘယ်လောက်…စေတနာပါပါပဲ ့

အစွမ်းသတ္တိပါပါနဲ ့…..

ဉာဏ်ပါပါနဲ ့ … ပေးဆပ် ကူညီပေးခဲ့ပါစေ….

ကျှရှုံးခြင်းဆိုတာလည်း.ရှိနိုင်ပါတယ် ။

ဒါမျိုး….ကိစ္စ ကျတော့လည်း… ဗမာတွေ ပီပီ…ပဲ…

သူ ့ကံပေါ့…လို ့…..

မှတ်လိုက်ရုံပါပဲ ။

ကိုယ်က ဉာဏ်နဲ ့ ဝီရိယ နဲ ့…. အစွမ်းသတ္တိ / စေတနာတွေနဲ့ ့..ကူညီပေမယ့်….

ရလဒ်က အဆိုးပဲ.ဖြစ်နေတယ် ဆိုရင်တော့…… အဲဒါ..သူ ကံဆိုးလို ့ပဲပေါ့ ။

သူ ့ကံဆ်ိုးမိုးမှောင်ကျမှု ကို…

ကိုယ်က ဘာများ..ထပ် ကူညီပေးနိုင်မလဲ….ဆိုတဲ ့အနေအထားဆီ..ဆက်သွားရုံပါပဲ ။

ကဲ… သူက လဲကျသူဆိုရင်…

ကိုယ်က… ကမ်းလက်ပေးကာ. ..တွဲ ထူပေးနိုင်မယ့် …အားပေးနှစ်သိမ့်သူ ပေါ့ ။

777

——————————–

စာကြွင်းအနေနဲ ့… ဆက် တွေးမိတာလေးပါ..ပြောခဲ့ရရင်တော့…

သာမန် အနေအထားမှာ….. ကျွန်တော်တို့ ဟာ….

ကိုယ့်စေတနာနဲ ့ ( ဝမ်းနည်းစိတ်မကောင်းဖြစ်မိပါတယ်…ဆိုတဲ ့ ) ကိုယ် ့ ခံစားချက်တွေကိုပဲ….

ရှေ ့တန်း တင်ပြီး….

ရလဒ်ကို မျက်ကွယ်ပြု ထားတတ်ကြပေမယ့်……..

ရလဒ်ကိုပဲ….. စောင့်ကြည့် ခံစားမိတဲ ့ အချိန်တစ်ချိန်….ရှိပါတယ် ။

အဲဒီ ..အချိန်…

ရလဒ်ကသာ. အရေးကြီးတယ်…လို ့ မလွဲမသွေ ခံစားမိတဲ ့ အချိန်တစ်ချိန်ဟာ…

ကိုယ့်အကျိုးအတွက်… ကိုယ် ပြုလုပ်နေတဲ ့ အချိန်ပါပဲ ။

ကိုယ် ့အကျိုးအတွက်..ကိုယ် ကြိုးစား လုပ်ဆောင်နေချိန်မှာတော့…..

ရလဒ်က အရေးကြီးပါတယ် ။

တခြားဘာကများ..ကိုယ် ့အကျိုး / ရလဒ်လောက် အရေးကြီးနိုင်မလဲ. ။

—————————-

အင်းလေ..ကျွန်တော်တို ့ကိုယ်တိုင်ကိုက…..

လူသားတွေပဲ…လေ ။

လူပီပီသသ….. စိတ်ဓါတ်တွေ..

လူ ပီပီ သသ…. လုပ်ရပ်တွေနဲ့ ့…

လူပီသတဲ ့ခံစားချက်တွေ..နဲ …….

လူပီပီသသ ပဲ… နေထိုင် ရှင်သန်ခဲ့ရမှာ……..

………………………………

………………………………

………………………………

………………………………

………………………………

………………………………

———————————————————————————-

လေးစားစွာဖြင့်..

အလင်းဆက်

alinsett.art@gmail.com

——————————

14 comments

  • kyeemite

    April 23, 2013 at 1:08 pm

    တကယ်တော ့ ရလဒ်က သိပ် အရေးကြီးပါတယ် ။
    လူတိုင်းအဲဒီ ရလဒ် အတွက်ကြိုးစားနေကြတာပါ…
    အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပီး လုပ်တာမှန်ပေမဲ့
    ရလဒ်က အဆိုးပဲ.ဖြစ်နေတယ် ဆိုရင်တော့ ဘာကြောင့်ရလာဒ်မကောင်းလဲဆိုတာကို
    ချက်ချင်းပြန်သုံးသပ်ရပါလိမ့်မယ်
    ပြီးတော့ ရလာဒ်ကောင်းရနိုင်မဲ့နည်းလမ်းကိုရှာပြီး
    ချက်ချင်းပြောင်းလဲလုပ်ဆောင်ရပါလိမ့်မယ်….
    အတွေးလေးကိုအားပေးသွားပါတယ်..အလက်ဆင်းရေ..

  • S@i S@i Fin K@i

    April 23, 2013 at 2:26 pm

    ရူပဗေဒမှာတော့ Workdone မရှိရင် အလုပ်ဖြစ်တယ် မသတ်မှတ်ပါဘု
    ရလာဒ်က အရေးကြီးပါတယ်လို့…

    :harr:

  • အရီးခင်လတ်

    April 23, 2013 at 4:48 pm

    ဘယ်လောက်သောက်သောက် မမူးရင်လဲ အရက်လို့ မခေါ်ဘူးတဲ့။
    စိုင်းခမ်းလိပ် ရေးပြီး စိုင်းထီးဆိုင် ဆိုထားတာ။ 😛

  • Ma Ei

    April 23, 2013 at 5:01 pm

    ရလဒ်က အရေးမကြီးဘူးလား…
    အမေး နဲ့ အဖြေ ပေးသွားတဲ့ အလင်းဆက်ရေ…
    စေတနာနဲ့ ပေးလှူခဲ့တာတွေ အတွက် ရလဒ်ကို စောင့်မကြည့် ဖြစ်ခဲ့မိပါဘူး…
    ကိုယ့်အတွက် ရလဒ် အပြင် ပေးဆပ်ထားတဲ့အတွက် ရမယ့် ရလဒ်ကိုလည်း
    ရလဒ်ကောင်း ဖြစ်ဘို့လိုတာလေး သတိပေးလို့ ကျေးဇူးတင်ပါတယ်…

  • Mr. MarGa

    April 23, 2013 at 6:49 pm

    အင်း…………………
    ကူညီတယ် ဆိုတဲ့ အဓိပ္ပာယ်ကို သေချာ ပြန်တွေးလိုက်ဦးမယ်…………….
    ရလဒ်အတွက် အဓိက ကူညီတယ်ဆိုတာကိုတော့ မှတ်မှတ်သားသား ရှိသွားပါတယ် အလက်ဆင်းရေ…………

  • များတဲ့ထဲက နည်းတဲ့ဟာ နှုတ်ရင်
    ရလာဒ်က တစ်စုံတစ်ခု တန်ဖိုးရှိတဲ့ဟာတော့ ထွက်လာမှာပါပဲ …
    နည်းတဲ့ထဲက များတဲ့ဟာ နှုတ်မယ်ဆိုရင်တော့
    ရလာဒ်က အနှုတ် လက္ခဏာ ဆောင်လို့ ထွက်လာမှာပါ …
    ပြောချင်တာကတော့ဗျာ …
    စေတနာ ကသာ အဓိကပါ …
    စေတနာ ဆိုတာ ကံ …
    စေတနာ ကောင်းရင် ကံကောင်းမယ် ..
    စေတနာ ဆိုးရင် ကံဆိုးမယ် ..
    ကိုယ့်ရဲ့ ကံကောင်းမကောင်း၊ ရလာဒ် ကောင်းမကောင်းဆိုတာ
    စေတနာပေါ်မှာ မှတ်ကျောက် တင်ကြည့်ရမှာပါပဲ ….။

  • အလင်းဆက်

    April 23, 2013 at 7:03 pm

    ကျွန်တော့် အတွေးကို
    ဖတ်ရှု ခံစား..အားပေးကြသော..
    ကျွန်တော် ချစ်သော…

    ဦးကြီး…မိုက်

    မိုးမင်းသမီး

    စိုင်းစိုင်း ဘာ..ဆိုလား….

    အရီးခင်လတ်

    အန်တီ အိ

    သိကြားမင်း နဲ ့ ချစ်သော အံစာတုံး….

    အားလုံး အားလုံးကို…
    ကျေးဇူးတင် ခင်မင်လေးစားလျက်ပါဗျ ။

    🙂

  • KZ

    April 24, 2013 at 11:32 am

    အရေးကြီးတယ်ပဲ ထားလိုက်ပါ။
    ငြင်းချင်တာရှိတယ်။
    အချိန်မရလို့ မငြင်းတော့ဘူး။
    :harr:

  • Mလုလင်

    April 25, 2013 at 9:16 pm

    စာကျက်တာ မကျက်တာ ငါ မသိ . .
    စာရဖို့ က အဓိက ……………………………..
    စာရတာ မရတာ ငါမသိ . .
    စာမေးပွဲ အောင်ဖို့က အဓိက ………………………………
    ရလဒ် ကိုပဲ ကြည့်တာပါနော့ . . .
    အဲ့ဒီတော့ ဘာဖြစ်သလဲ . . အဲ့ဒီတော့ . . ရေဗူးပေါက် ပေမယ့် ရေ ပါလာတာ ပေါ့ . . . . . . .။
    အဲ့ဒီတော့ ဘာဖြစ်သလဲ . . . အဲ့ဒီတော့ . . ရေပါလာတာ နည်းတာပေါ့ . . ရေဗူးကိုလဲ ကြာရှည် မသုံးရတော့ဘူးပေါ့ . . . .
    ဂုံးကျော် တံတား တော့ ပြီးတယ်ပေါ့ . . . . မပြုမပြင် နဲ့ အကောင်းအတိုင်း ဘယ်လောက်ကြာကြာ ခံ မလဲ ပေါ့ . . . ။

    အဲ့ဒီတော့ ဘာဖြစ်သလဲ . . . အဲ့ဒီတော့ .. .. .. ရလဒ် ကို ဘယ်လောက် ကြာကြာထိမ်းထား နိုင်သလဲ . . ဆိုတာလေး ကို စောင့်ကြည့်ရမယ် ဆိုတာ ဖြစ်လာတာပေါ့။

  • အလင်းဆက်

    April 25, 2013 at 9:30 pm

    ကို လုလင် ရေ

    ရလဒ်က ဘယ်လောက် ကြာကြားခံမလဲ…ဆိုတဲ ့ အထိ..လည်း.
    ဆက် သွား ဖို ့လိုသေးတယ် ..ဆိုတာလေး…

    ဟုတ်တယ်..ဗျိုူ ့…။
    🙂

Leave a Reply