မျှော်လင့်ဖူးပါရဲ့လား
သက်ဝင်ယုံကြည်မူ့ ယိုင်နဲ့နဲ့လေးမှာ
အချစ်က ဖျားနာဖို့ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး
သူ တိုက်ကျွေးတဲ့ ဆေးခါးခါးတွေထဲ
ပဲတင့်သံ တိုးတိုးလေး ကြားမိသလိုလည်း ရှိပါရဲ့
အဲဒီနေရာက အပျော်တွေဟာလည်း
အသက်ဝင်ချင်မှ ဝင်ပါလိမ့်မယ်လေ…။ ။
အရိပ်စစ်
Post Views: 266
10 comments
lady mobile
April 26, 2013 at 8:56 am
ခံစားနေရတာလားဟင်
စိတ်မကောင်းပါဘူးဟယ်
နာဘာကူညီမလဲ အကူအညီလိုရင်ပြောလေ…..
အရိပ်စစ်
April 26, 2013 at 12:04 pm
ဟိဟိ….ကျေးဇူးပါချင့်
ဗုံ ဗုံ
April 26, 2013 at 12:26 pm
ဘယ့်နှယ် မယ်နုရယ် နင့်ဟာက ချစ်ဖြင့် မချစ်ရသေးဘူး စိမ်းရတယ်လို့ မခံစားနိုင်ဘူးဟဲ့
အရိပ်စစ်
April 26, 2013 at 5:39 pm
ဂလိုပါပဲဟာ..ကုသိုလ်ကံက ဂလိုပဲ
ဟင့်..ရွှတ်..ဖတ်..နိုချင်လာပီနော်
မဟာရာဇာ အံစာတုံး
April 26, 2013 at 7:49 pm
အဲ့ဒီ နှပ်ချေးတွေ ..
ဗုံဗုံ နဖူးမှာ မကပ်စေနဲ့နော် …
ရိပ်လေးရဲ့ ခံစားချက် ကဗျာစုလေးကို
အားပေးသွားပါတယ်တဲ့ဗျားးး
သူကလေး
April 26, 2013 at 2:06 pm
မိုက်တယ် စစ်ရေ
တိုတိုလေးပေမယ့် ရင်ထဲထိသွားတယ်
“ အဲဒီနေရာက အပျော်တွေဟာလည်း
အသက်ဝင်ချင်မှ ဝင်ပါလိမ့်မယ်လေ…။ ။”
ခင်ခ
April 26, 2013 at 4:03 pm
အချစ်ချိုချို ရော မခံစားခဲ့ဘူးလားကွယ်၊
အချစ်စိမ်းစိမ်း တစ်ခါတည်း တန်းဖြစ်တာလားဟင်။
Mr. MarGa
April 26, 2013 at 7:21 pm
ကလေးရယ်……..
အသက်မဝင်ရင် အသက်ဝင်အောင် လုပ်လိုက်လေကွယ်
ဒါလေးများ………….
မောင်တင့် တယ်
April 27, 2013 at 3:42 pm
နားတောင်မလည်လိုက်ဘူး..
ဒါပေမဲ့..ကဗျာ အမျိုးအစားကို ကြိုက်တယ်
အလင်းဆက်
August 5, 2013 at 9:17 pm
ကဗျာလေးကတော့…
အသက်ဝင်ပါတယ် ကွယ်…။