Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Fight ဂျာနယ်တာဝန်ခံအယ်ဒီတာ ဦးဖွ ရောဂါရခြင်း

nicolus agralApril 28, 20131min5679

Fight ဂျာနယ်အယ်ဒီတာကြီး ဦးဖွသည် ချောင်းဆိုးသဖြင့် ဓာတ်မှန်ရိုက်ရာမှ အဆုတ်တွင် အလုံးသေးသေးလေး တစ်လုံးတွေ့သဖြင့်ကင်ဆာအထူးကုဆရာဝန်တစ်ဦး၏ ဆေးခန်းသို့ရောက်လာလေသည်။

“လာဗျာ။ဦးဖွ.. ထိုင်ပါ။လူကိုတော့ မမြင်ဖူးသေးဘူး။နာမည်ကတော့ ကြားဖူးနေတာကြာပါပြီ။”ဟု ကင်ဆာဆရာဝန်

က ကြိုဆို လေ၏။ရောဂါရာဇဝင်ကိုမေးမြန်း နှင့်ဓာတ်မှန်နှင့် လိုအပ်သည်များကို ကြည့်ရှူစစ်ဆေးပြီးသည့်အခါ ဆရာဝန်က ဦးဖွကိုပြောလေသည်။

“ကဲ..ဦးဖွ။ရင်ဘတ်ထဲက အကျိတ်လေးကိုတော့ ကင်ဆာလို့ထင်တယ်။ ကင်ဆာလို့ ကျွန်တော်မပြောသေးဘူးနော်

ဦးဖွ။အသားစယူဖို့လိုတယ်။ ကွန်ပြူတာဓာတ်မှန် ရိုက်ဖို့လိုတယ်။ ကျွန်တော့်အတွေ့အကြုံအရ ကင်ဆာထင်ပေမယ့် နောက်ကင်ဆာမဟုတ်ဖူး အဖြေထွက်လာရင် ကျွန်တော့်နာမည်ကြီး ဂျာနယ်ထဲပါလာဦးမယ်။ ကင်ဆာလို့ ညာကုတဲ့ ကင်ဆာ

ဆရာဝန်ဆိုပြီး။ ဒီတော့ ခင်ဗျား အသားစယူဖို့ ဓာတ်မှန်ဆရာဝန်တစ်ယောက်ဆီလွှဲလိုက်မယ်။ သူက ကွန်ပြူတာဓာတ်မှန် အကူအညီနဲ့ ခင်ဗျားရင်ဘတ်ထဲက အကျိတ်ကို အပ်ကလေးနဲ့ စုပ်ပြီး အသားစယူပေးလိမ့်မယ်။” ဟုပြောဆိုလျက် လွှတ်လိုက်လေသည်။

ဦးဖွသည် ဓာတ်မှန်ဆရာဝန်ဆီ ရောက်လာသည်။ ဓာတ်မှန်ဆရာဝန်က “ကဲ..ဦးဖွ။ ခင်ဗျားရင်ဘတ်ထဲက အကျိတ် ကလေးကို ကွန်ပြူတာဓာတ်မှန်အကူအညီနဲ့ အပ်နဲ့စုပ်ပြီး အသားစယူပေးမယ်။ ဒီမှာ ဖြစ်တတ်တဲ့ နောက်ဆက်တွဲဆိုးကျိုး

တွေကို ဖတ်ပါ။ပြီးရင် လက်မှတ်ထိုး ပါ။ ဒီထဲမှာရေးထားတဲ့အတိုင်း အဆုတ်ထဲကအကျိတ်ကို အပ်နဲ့ထိုးပြီး အသားစယူရင်

၂%က အဆုတ်ထဲ သွေးယိုတတ်တယ်။ ကျွန်တော့်ဓာတ်မှန်ဆရာဝန် သက်တမ်းတလျှောက်တော့ ၉၈ယောက် အသားစ ယူပေးခဲ့ပြီးပြီ။ ဘာမှမဖြစ်ခဲ့ဖူး။ ကဲ.. ဒီအန္တရာယ်ကို သိရှိကြောင်း လက်မှတ်ထိုးပါ။” ဦးဖွသည် ရင်ဘတ်ကအောင့်သလို၊

ကျောက အောင့်သလို အောင့်သက်သက်ဖြင့် စာကိုဖတ်ရှုပြီး လက်မှတ်ထိုးလိုက်ရလေသည်။

အသားစယူခြင်းသည် အဆင်ပြေချောမောစွာ ပြီးဆုံးသွားလေသည်။ နောက်အပတ်အသားစအဖြေရသည့်အခါ

ဦးဖွသည် ကင်ဆာဆရာဝန်ထံ ပြန်သွားသည်။ကင်ဆာဆရာဝန်က တစ်ရက်ကို လူနာ ၃ဝသာလက်ခံသည်ဆိုသည်။ ဦးရာ

လူစနစ်၊ကြိုတင်ဘွတ်ကင်စနစ်မရှိသဖြင့် ဦးဖွသည် နှစ်နာရီ၊သုံးနာရီခန့် ကြိုသွားရလေသည်။ဦးဖွ မဝင်ခင် မိသားစု အိမ်သားများက ဆရာဝန်နှင့် အရင်တွေ့ရန် ဝင်သွားကြလေသည်။

ကင်ဆာဆရာဝန်က ပြန်ဖြေသည်။“တခြားသူဆိုရင်တော့ ရမယ်။ ဦးဖွ ဆိုရင်တော့ မညာနိုင်ဘူးဗျ။ တော်ကြာ.

သူ့မှာ ကင်ဆာဖြစ်နေတာကို ဆရာဝန်က ထိန်ချန်တယ်ဆိုပြီး တရားစွဲ၊ဂျာနယ်ထဲ ထည့်တဲ့အခါကျတော့ ခင်ဗျားတို့

တာဝန်ယူမှာလား။”

ဆရာဝန်သည် ဦးဖွကို ပြောလေသည်။“ဦးဖွ ..ခင်ဗျားဆီမှာ အဆုတ်ကင်ဆာတော့ ဖြစ်နေပြီ။အသားစ အဖြေက ကင်ဆာပဲ။ဘယ်လောက်နေရမလဲ ခင်ဗျားသိချင်နေပြီမဟုတ်လား။ ရှင်းပြမယ်။ ဆေးဘယ်လိုကုရမယ်။ဘယ်လောက်နေရ မယ်ဆိုတာသိချင်ရင် ကင်ဆာပျံ့နှံ့မှု နှုန်းကို သိအောင်လုပ်ရတယ်။ ခင်ဗျား တကိုယ်လုံးကို ကွန်ပြူတာဓာတ်မှန်ရိုက်မယ်။

အဲ.. ခေါင်းတော့ မပါသေးဘူး။ အဲ..ခင်ဗျား ခေါင်းကိုက်တယ်ဆိုတာနဲ့ ခေါင်းကိုပါ ရိုက်မယ်။အဲဒီကွန်ပြူတာဓာတ်မှန်အဖြေ

ထွက်မှ ခင်ဗျားသိချင်တာတွေ ပြောနိုင်မယ်။ကဲ..ဘာမေးဖို့ရှိသေးလဲ။”

“ဆရာ ဘာလို့ လူနာအများကြီးမကြည့်တာလဲဆရာ။ ပြချင်တဲ့ လူနာတွေက အများကြီး။ ဆေးခန်းကလည်း

ဒီတစ်ခုထဲ ထိုင်တယ်ဆိုတော့။”

“အထူးကုဆရာဝန် တစ်ယောက် ဆေးခန်းတစ်ခုပဲ ထို်င်ရမယ်လို့ ခင်ဗျားတို့ပဲ ရေးခဲ့တာမဟုတ်လား။ကျွန်တော်က ဆေးရုံမှာလည်းလူနာတွေ ကြည့်ရသေးတယ်ဗျ။ အခွန်ဆောင်ရလွန်းလို့ ဆရာဝန်အလုပ်ကို ဘယ်သူမှ မလုပ်ချင်လို့

ဆေးရုံမှာ ဆရာဝန်အင်အား မပြည့်စုံ ဘူး။ပြီးတော့ ဆရာဝန်ကြီးလူတန်းစား ဖျောက်ဖျက်ရေးဆိုပြီး ခင်ဗျားတို့ ဦးဆောင် ဆန္ဒဖော်ထုတ်ခဲ့ကြလို့ အထူးကုဆရာဝန်မှန်သမျှဆရာဝန်ကြီး မဖြစ်တော့ဘူးလေ။ ကျေနပ်တယ်မဟုတ်လား။ကျွန်တော့်

ကိုကြည့်၊ နိုင်ငံခြားပြန် ကင်ဆာအထူးကုဆရာဝန်ကလေးပဲ။ ဆရာဝန်ကြီး မဟုတ်ဘူး။”

ဦးဖွသည် ထိုဆရာဝန် ဘာတွေပြောနေပါလိမ့်ဟု တွေးတောပြီး အိမ်ပြန်လာခဲ့သည်။ နောက်နေ့ ကွန်ပြူတာ ဓာတ်မှန်ပြန်ရိုက်တော့လည်း လက်မှတ်ထိုးခိုင်းတာ ဝါသနာပါသည့် ဓာတ်မှန်ဆရာဝန်နှင့်ပြန်တွေ့ရပြန်သည်။

“ကဲ..ဦးဖွ။ထုံးစံအတိုင်းပဲ။ တကိုယ်လုံး ကွန်ပြူတာဓာတ်မှန်ရိုုက်ရမှာ ဆိုတော့ ဓာတ်မှန်ပုံထွက်ကောင်းအောင်

Contrast ဆိုတဲ့ဆေးတစ်မျိုး ထိုးပြီး ရိုက်ရမယ်။ အဲဒီဆေးနဲ့ မတည့်တဲ့နှုန်းက ဝ.၅% ရှိတယ်။ ခင်ဗျားကို မထိုးခင်မှာ

တည့်၊မတည့် အရင်စမ်းမှာပါ။ဒါပေမယ့်အဲဒီဆေးတွေထိုးပြီးရင် ကျောက်ကပ်ပျက်စီးသွားတတ်တာ ရှိသေးတယ်။ သူလဲ ရာခိုင်နှုန်းနည်းနည်းပါပဲ။ကဲ..သိရှိကြောင်း လက်မှတ်ထိုး ပါဦး။ ကျွန်တော့်မှ ခင်ဗျားလက်မှတ်တွေ အကုန်ရှိတယ်နော်။

နောက် ဆေးထိုးပြီး ကျောက်ကပ်ဒဏ်ရာရတော့မှ ကင်ဆာကြောင့် ဘာမှ မဖြစ်ပဲ ဓာတ်မှန်ဆရာဝန်လုပ်လို့ဓာတ်မှန်

ရိုက်ပြီး ဒုက္ခရောက်ရတယ် အပြောခံနေရဦးမယ်။”

ဦးဖွသည် လက်မှတ်ထိုးအတော်ဝါသနာကြီးတဲ့ ဆရာဝန်ဟု သုံးသပ်လျက် လက်မှတ်ထိုးရပြန်လေသည်။

နောက်တစ်ရက်မှာ ကင်ဆာဆရာဝန်ဆီပြန်ရောက်လာသည်။ ထုံးစံအတိုင်း အစောကြီးကြိုသွားရသည်။ အထူး

ကုဆရာဝန်ကြီးတွေဆေးခန်းပေါင်းများစွာမှာ လူနာတွေတိုးကျိပ်စောင့်ရသလို အခု အထူးကုဆရာဝန်ကြီး လူတန်းစား မရှိတော့သော်လည်း အခြေအနေက ပိုဆိုး နေပါလားဟု တွေးနေမိသည်။

ကင်ဆာဆရာဝန်သည် ဦးဖွ၏ ကွန်ပြူတာဓာတ်မှန်ကို ကြည့်ပြီး ပြောသည်။ “ပုံမှန်လူနာဆိုရင်တော့ ဒီလိုအဆင့်

မျိုးက ခွဲစိတ်ဆရာဝန်ဆီလွှဲ၊ အဆုတ်ကအလုံးလေးကို ခွဲထုတ်လိုက်ရင် လုံလောက်ပြီ။ဒါပေမယ့် အခုက ခင်ဗျားဆိုတော့။

PET scan ဆိုတဲ့ဟာ နိုင်ငံခြားမှာသွားရိုက်လိုက်ဦးဗျာ။ ဖြစ်နိုင်ချေနည်းသော်လည်းပဲ မသင်္ကာဆရာ အကျိတ်လေးတွေ ဗိုက်ထဲမှာတွေ့နေရတယ်။ PET scan ဆိုရင်တော့ ပိုရှင်းတယ်။ မရိုက်လို့တော့မရဘူး။တော်ကြာ..ခွဲစိတ်ပြီးနောက် နှစ်လ

၊သုံးလ အဲဒီအကျိတ်တွေ ကြီးလာရင် ကင်ဆာအဆင့်(၄)ဖြစ်သွားမယ်။ အဲဒီအခါကျရင် အဆုတ်ကင်ဆာ အဆင့်၄ကြီးကို ငွေလိုချင်လို့ ခွဲစိတ်ဆရာဝန်နဲ့ ကင်ဆာဆရာဝန် ပေါင်းခွဲတယ် ဖြစ်နေမယ်။ဒီတော့ နိုင်ငံခြား မသွားနိုင်ရင် ဒီမှာလက်မှတ်

ထိုး။ ဆရာဝန်က PET scan လိုအပ်ကြောင်း ရှင်းပြသော်လဲပဲ မိမိဆန္ဒအလျောက် မသွားခဲ့ပါလို့ရေး”ဟု ဆိုလျက် ကင်ဆာ

ဆရာဝန်က ရှည်လျားစွာရှင်းပြသည်။.

ဒီလိုနှင့် ဦးဖွသည် ခွဲစိတ်ဆရာဝန်ထံ ရောက်လာရပြန်သည်။ ခွဲစိတ်ဆရာဝန်က“ကဲလာ ဦးဖွ။ ကျွန်တော့်သူငယ်

ချင်း ကင်ဆာအထူးကုကတော့ ခင်ဗျားမျက်နှာမြင်တိုင်း သူ့စာတွေ မေ့မေ့သွားတယ်ပြောတယ်။ခင်ဗျားကို ခွဲစိတ်မှု အကြောင်းရှင်းပြမယ်။”

သဘောကောင်းပုံရသည့် ခွဲစိတ်ဆရာဝန်သည် ခွဲစိတ်မှုအကြောင်း ဦးဖွကို ရှင်းပြလေသည်။“ အရင်တုန်းကတော

့ ဦးဖွရဲ့။ဒီလို အကျိတ်အရွယ်လောက်ဆို ရင်ဘတ်ဖွင့်ပြီးခွဲစရာမလိုဘူး။ Video-assisted Thorascopic Surgery

(VATS) ခေါ်တဲ့ မှန်ပြောင်းလေးထည့်ပြီး အကျိတ်လေးကို ခွဲထုတ်လိုက်လို့ရတယ်။ အခုတော့ အဲဒီလိုခွဲတတ်တဲ့ ဆရာဝန်

က တစ်နှစ်အခွန်သိန်းတစ်ရာဆိုတော့ ပြေးပြီဗျ။ ဟိုမှာက ဒီ့ထက် လစာဆယ်ဆ၊အဆ ၂ဝ ပိုများပေမယ့် အခွန်က ဒီလောက်မများဘူးလေ။ပြီးတော့ လူနာတစ်ယောက်ခွဲပြီး ထွက်လာပြီဆို မီဒီယာတွေက လူနာနားမှာ ဘာဖြစ်လေမလဲ

ဆိုပြီး ဝိုင်းအုံနေကြတော့ သူလဲမခံနိုင်တော့ဘူးထင်ပါရဲ့ဗျာ။”

ခွဲစိတ်ဆရာဝန်က ဆက်ပြောသည်။ “ကျွန်တော်လား။ဟဲဟဲ။ ကျွန်တော့်ကိုတော့ ဘယ်သူမှမတိုင်ကြဘူးဗျ။

တိုင်လဲ အရေးမယူရဘူးလို့ အထက်လူကြီးများက အမိန့်ထုတ်ထားတယ်။ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ ကျွန်တော် တစ်ယောက်ထဲ အဆုတ်ခွဲတတ်တဲ့ ဆရာဝန်ရှိတော့တာကိုး။ ကျွန်တော့်သူငယ်ချင်း ကင်ဆာဆရာဝန်ကတော့ ခင်ဗျား

ကိုတွေ့ရင် စာတွေ မေ့မေ့ကုန်တယ်ဆိုတာ။ကျွန်တော်ကတော့ ဘာမှမဖြစ်ပါဘူးဗျာ။အခြေအနေတွေက ဒီလိုရှိတာကိုး။ကျွန်တေ်ာက ကြောက်စရာမလိုဘူးလေ။”

နောက်တစ်နေ့တွင် အယ်ဒီတာကြီးဦးဖွကို သူ့အခန်းထဲတွင်ပင် ကြိုးဆွဲချလျက် သေဆုံးနေသည်ကို တွေ့ရ

သည်။သူရေးထားခဲ့သည့်စာထဲတွင် အကျိတ်သေးသေးလေးအတွက် ရင်ဘတ်တစ်ခုလုံး ဖွင့်ပြီး ခံရမှာ အလွန်ကြောက်

မိကြောင်း၊သွားတိုင်း လက်မှတ်ထိုးနေရသည့် ဓာတ်မှန်ဆရာဝန်နှင့်လည်း ထပ်မတွေ့ချင်တော့ကြောင်း၊ သေစကား

ချည်း လွှတ်ပြောတတ်သည့် သူ့ကိုမြင်ရင် ဂျာနယ်ထဲအထည့်ခံရမှာအလွန်ကြောက်သော ကင်ဆာဆရာဝန်နှင့်လည်း စကားမပြောချင်တော့ကြောင်း စသည်ဖြင့် ရေးသားထားလေသည်။

ဦးဖွ၏ ရေးသားထားချက်များကို သူ၏ ဂျာနယ်တိုက်က အထူးသတင်းအဖြစ် (ထည့်စရာသတင်းမရှိသော

ကြောင့်) ခေါင်းစီဆောင်းပါး အဖြစ်ထည့်လိုက်လေရာ Fight ဂျာနယ်ကြီး ရောင်းမလောက်အောင် ပေါက်သွားပါ

ကြောင်း။

(တာဝန်သိ ဆရာဝန်တစ်ဦး၏ ပြောပြမှုကို အခြေခံလျက် ပျော်ရွှင်ရယ်မောနို်င်ကြစေရန် ရေးပါသည်။)

၂၈/၄/၂၀၁၃

Credit to Dr Hlwan Moe Han

9 comments

  • nicolus agral

    April 28, 2013 at 6:54 pm

    Conversation started today
    5:48pm
    Nicolus Agral

    Dear Dr
    Let me share (Fight ဂျာနယ်တာဝန်ခံအယ်ဒီတာ ဦးဖွ ရောဂါရခြင်း)
    If you can permit ,please reply me.
    With respect
    Nicolus Agral
    6:39pm
    ဒေါက်တာလွှမ်းမိုးဟန်(Dr Hlwan Moe Han)

    ခွင့်တောင်းစရာ မလိုပါ။ကျွန်တော့်ပေ့ဂျ်ပေါ်က စာအားလုံးကို Share ခွင့်ရှိပါတယ်။ ပညာပေးဖို့ ရည်ရွယ်ချက်နဲ့ လုပ်ထားတဲ့ Page ပါ။

  • lady mobile

    April 28, 2013 at 9:04 pm

    ရင်တမမနဲ့ဖတ်လိုက်တာ နောက်ဆုံးတော့
    ဖိုက်ဂျာနယ်ပဲအလုပ်ဖြစ်သွားတာပေါ့နော်…..

  • ဦးကြောင်ကြီး

    April 28, 2013 at 9:50 pm

    ဟား ဟား ဟား.. ကျုပ်တို့အယ်ဂျုပ်သဂျီး အဲလိုတေမှာဗျ… ဒါနဲ့ စကားအတင်းစပ် တနှစ်အခွန် သိန်းတရာဆိုတာ အထူးကုဆရာဝံတွေအတွက် အတော်နည်းနေသဗျာ.. တဆယ်နဲ့မြှောက်မှ နည်းနည်းပိုနီးစပ်မယ်ဗျို့…

  • Foreign Resident

    April 29, 2013 at 12:23 am

    ” အခုတော့ အဲဒီလိုခွဲတတ်တဲ့ ဆရာဝန် က တစ်နှစ် အခွန်သိန်းတစ်ရာဆိုတော့ ပြေးပြီဗျ ။
    ဟိုမှာက ဒီ့ထက် လစာ ဆယ်ဆ၊အဆ ၂ဝ ပိုများပေမယ့် အခွန်က ဒီလောက်မများဘူးလေ ”

    နဲနဲ လွဲနေတာလေးတွေရှိလို့ ထောက်ပြပါရစေ ။

    ၁ ။
    ” ဟိုမှာက – – – – – – အခွန်က ဒီလောက်မများဘူးလေ ”

    ဩဇီမှာ အဘ ရဲ့ အုပ်ထိန်းသူဟာ ဝင်ငွေခွန် တစ်ခုတည်း ပဲ ၄၆.၅ % ဆောင်ရပါတယ် ။
    ( ရေခွန် မီးခွန် မြေခွန် စည်ပင်ခွန် ကားခွန် စတာတွေ မပါသေးပါဘူး )

    အဘ ရဲ့ အုပ်ထိန်းသူဟာ နှစ်စဉ် ဒေါ်လာ တစ်သိန်း ဝန်းကျင် ဝင်ငွေခွန်ပေးရပါတယ် ။
    ( အဲဒါဟာ တစ်နှစ် ဝင်ငွေခွန် သိန်း ကိုးရာ နှင့် သွားညီပါတယ် )

    ဟိုမှာက အခွန်က ဒီလောက်မများဘူး ဆိုတာ မှားကြောင်း ပြောတာပါ ။

    ၂ ။
    ” ဟိုမှာက ဒီ့ထက် လစာ ဆယ်ဆ၊ အဆ ၂ဝ ပိုများပေမယ့် ”

    အဘ ရဲ့ အုပ်ထိန်းသူဟာ ဩဇီမှာ ဝင်ငွေ အလယ်အလတ် မျှသာ ရှိတဲ့ ၊
    Fellowship ဆရာဝန် တစ်ဦးပါ ။
    ( ဩဇီမှာ ၊ သူ့ထက် ဝင်ငွေများတဲ့ ဆရာဝန်ကြီးတွေ ၊
    သူ့လောက် အခွန် မဆောင်ကြတာလဲ ရှိပါတယ် ၊ ထားပါတော့ )

    The Voice ဂျာနယ် က ပေးစာ ရေးသူဟာ ၊
    သာမန်ဆရာဝန်တွေကို မရည်ရွယ်ဘူးလို့ ပြောထားပါတယ် ။
    သူက မြန်မာ နိုင်ငံက ထိတ်ထိတ်ကျဲ ဆရာဝန်ကြီးတွေ ကိုသာ ရည်ရွယ်တယ်လို့ ပြောပါတယ် ။

    အဘ သိသလောက် မြန်မာ နိုင်ငံက ထိတ်ထိတ်ကျဲ ဆရာဝန်ကြီးတွေဟာ ၊
    အဘ ရဲ့ အုပ်ထိန်းသူ ထက် ဝင်ငွေ အများကြီး ပိုကောင်းပါတယ် ။
    ( မြန်မာ နိုင်ငံက တစ်ချို့ ဆရာဝန်ကြီးတွေ ရဲ့ လစဉ် ဝင်ငွေဟာ သိန်း ၅၀ဝ ကျော်ပါတယ် )

    အဘ ရဲ့ အုပ်ထိန်းသူ တောင် တစ်နှစ် ကို ဝင်ငွေခွန် သိန်း ကိုးရာ လောက်ဆောင်ရရင် ၊
    အဘ ရဲ့ အုပ်ထိန်းသူ ထက်တောင် ဝင်ငွေ ပိုကောင်းလှတဲ့ ၊
    မြန်မာ နိုင်ငံက ထိတ်ထိတ်ကျဲ ဆရာဝန်ကြီးတွေ တစ်နှစ် ဝင်ငွေခွန် သိန်း တစ်ရာ ၊
    ဆောင်ရမယ် ဆိုတာ ၊ အရမ်းနည်းလွန်းနေပါတယ် ။

    For Your Information & Consideration ပါ ။
    ဒေါက်တာ ခင်မောင်ဝင်း ( အသည်း ) ဟာ ၊
    သူ ပိုင် ဘဏ် တစ်ခု ဖွင့်လိုက်ပြီ ဆိုတာ သိကြရဲ့လားဟင် ။

    • kai

      April 29, 2013 at 3:24 pm

      ယူအက်စ်မှာ.. ဆရာဝန်တွေက.. လူနာတရားစွဲရင်ပြန်ဖိုက်ဖို့.. အာမခံပါဝယ်ရတယ်..
      ဒေါ်လာသန်းဂဏန်းတန်ပေါ့..
      အမှတ်မမှားရင်.. အဲဒါအတွက်တင်.. တနှစ်သိန်းချီအာမခံကြေးအတွက်ပေးသွင်းရတယ်..

      သာဓု..။

    • TNA

      April 29, 2013 at 10:54 pm

      ဟုတ်ပါ့အဘရယ်။ သူတို့တွေက မကိုက်ဘူးဆိုပီးလူနာကြည့်ခကိုတိုးတိုးယူကြတယ်။ ၃၀၀ဝ ကနေစလိုက်တာ ဒီနှစ် ၆၀၀ဝ ဖြစ်နေပြီ။ မကိုက်ဘူးဆိုတာဘာမကိုက်တာလဲတော့မသိပါဘူးအဘရယ်။ အဲဒါ အခွန်မဆောင်ခိုင်းခင်ကနော်။ အခုအခွန်ဆောင်ရမယ်ဆိုရင်သူတို့ထဲကတော့ထိမှာမဟုတ်ဘူး။ လူနာတွေကိုပဲတိုးယူအုံးမှာ။ ဒေါက်တာ ခင်မောင်ဝင်း ( အသည်း ) ဆို သူ့ဆေးခန်းသွားပြရင် တယောက် ၁၅၀၀ဝ ဆိုလားပဲ။ သူနဲ့ခွဲမှ daily round ကို တနေ့ ၁၀၀၀ဝ ပဲယူတာတဲ့။

  • Mr. MarGa

    April 29, 2013 at 7:46 pm

    တွေးစရာလေးတော့ ထွက်သွားပြီ
    ကောင်းပါလေ့

  • နေဝန်းနီ

    April 29, 2013 at 9:37 pm

    ဒီတစ်ခုတော့ မှန်သွားပြီ ဆရာဝန်မဖြစ်ခဲ့တာ ………..။ နို့မို့ ဆေးကု ရတာ မရတာအသာထား အခွန်က နေမှာမဟုတ် ………….။ ဒီနိုင်ငံက အခွံဦးစီးတွေကလည်း သိတော်မူတဲ့အတိုင်း……..။ :harr:

Leave a Reply