မြေမျိုပျောက်ကွယ်ခြင်း
“မြေမျိုပျောက်ကွယ်ခြင်း”
ဂျာနယ်တွေမှာ မန်းလေးမြို့တည်နန်းတည်မှာပါတဲ့ (၇)ဌာနကိုပြန်လည်ဖော်ထုတ်မယ်ဆိုတာကိုဖတ်ရပါတယ်။
အဲဒီ(၇)ထဲမှာပျက်စီးပျောက်ကွယ်နေဆဲ့ဖြစ်တာကတော့သိမ်တော်နဲ့ ပိဋကတ်တိုက်တော်ဖြစ်ပါတယ်။
ပိဋကတ်တိုက်တော်ကတော့ မန်းလေးတောင်ခြေ ဦးခန္တီဇရပ်အနီးမှာရှိပြီး အခုချိန်မှာတော့အဲဒီနေရာမှာ
စာသင်ကျောင်းဖြစ်လို့နေပါတယ်။
ပဌာန်းသိမ်တော်ကတော့ မန်းလေးတောင်ခြေက မဟာသကျမာရဇိန်(ခ)ကျောက်တော်ကြီးဘုရားရှေ့မှာ
ဖြစ်ပါတယ်။
အရင်ကတော့သံတိုင်တွေကာရံထားတဲ့ဒီနေရာလေးက ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ရှုပ်ထွေးပြီး
လူဝင်လို့ရတဲ့နေရာ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ရက်က ကျောက်တော်ကြီးဘုရားကိုရောက်သွားတော့ အရင်ကနဲ့မတူဘဲ
ရှင်းလင်းသေသပ်။
ပြန်လည်တည်ဆောင်ရေးအတွက် လုပ်သားတွေနဲ့ အပူတပြင်းဆောင်ရွက်။
တိမ်မြုတ်နေတဲ့ အုတ်ရိုးနေရာတွေကို စနစ်တကျပြန်လည်တူးဖော်နေတာက
ပိဋကတ်တိုက်နေရာမှာရော ပဌာန်းဟောသိမ်နေရာမှာပါ တစ်ပြိုင်တည်းလုပ်ဆောင်နေတာကိုမြင်ရပါတယ်။
မရဘူးသေးတဲ့ ကျောက်တော်ကြီးဘုရားပုံတော်ကိုတောင်ရခဲ့ပါတယ်။
အဲဒီမှာဘာတွေ့ခဲ့ရသလဲဆိုတော့ လှဲထားတဲ့ သစ်မြစ်ဆုံကြီးထဲမှာ သိမ်တော်အမှတ်အသား
ကျောက်တိုင်လေးကို မျိုထားတာ တွေ့ရပါတယ်။
နောက်ရက် မိတ်ဆွေတစ်ယောက်ကိုတောင်သမန်အင်းလိုက်အပို့
မန်းလေးကန်တော်ကြီးရဲ့မြောက်ဘက်ဘောင်ပေါ်ကနေအသွား ကပ်ကျော်ဘုရားမရောက်ခင် အနောက်ဘက်လမ်းမှာ
ဟိုရက်က တိုက်ခဲ့တဲ့လေပြင်းဒဏ်ကြောင့် ပြိုလဲနေတဲ့ညောင်ပင်အောက်ခြေမှာ အုတ်ခဲ့တွေ
ညျပ်နေတာ မြင်ရပြန်ပါတယ်။
ညောင်ပင်က ပင်စည်တွေဖြတ်ပြီးလှဲထားတာ မြင်ရတော့ နှစ်အတော်ကြာပြီလို့ခန့်မှန်းရပါတယ်။
ဘေးနားမှာတော့ အပင်ကြီးလဲသွားလို့ထွက်လာတဲ့အုတ်ပုံတစ်ပုံ။
ကျနော်ဆင်းလာခဲ့တဲ့လမ်းကလေးကိုကြည့်မိတော့ အုတ်ခဲအပိုင်းအစတွေကိုတွေ့ရ။
အဲဒီနားမှာခြံလုပ်ငန်းလုပ်သူကိုမေးကြည့်မိတော့ အရင်က တံတိုင်းအဟောင်းလိုလို
ဘာလိုလိုနဲ့သူလဲသေချာမသိ။
ရှေးဟောင်းသုတေသီများမြင်ရင်တော့ ဘယ်ခေတ်ကဆိုတာ ပြောပြနိုင်မယ်ထင်ပါတယ်။
ကျနော်တို့နိုင်ငံအနေအထားက ဆင်းရဲတာရယ် ရှေးဟောင်းပစ္စည်းကိုထိန်းသိမ်းရကောင်းမှန်းမသိတာ
ရယ်ကြောင့် ရှေးဟောင်းပစ္စည်းများက နှမျောစရာ တိမ်မြုတ်။
လွန်ခဲ့သောနှစ်တစ်ရာ့ငါးဆယ်လောက်စွန်းစွန်းသာ
ရှိနေတဲ့နေရာများမှာ ရှိနေတဲ့ သမိုင်းဝင် အဆောက်အဦးတွေ လမ်းတွေ စေတီတွေ
က လူမသိသူမသိနဲ့ကွယ်ပျောက်နေသလိုပါဘဲ။
အခုလိုလူအမြဲဖြတ်သန်းနေတဲ့နေရာမှာရှိနေတဲ့ နေရာမှာတောင်ဒီလိုသစ်ပင်တွေက
မြိုထားလို့ပျောက်ကွယ်နေတာရှိတယ်ဆိုရင် လူမသိ သူမသိနေရာများမှာ ကျနော်တို့ရဲ့
သမိုင်းဝင်ပစ္စည်းတွေအများကြီး ရှိနေမယ်လို့ယူဆစရာပါဘဲ။
ပညာရှင်များနဲ့ငွေကြေးတတ်နိုင်သူ ဝါသနရှင်များ ပူးပေါင်းမိမယ်ဆိုရင်
ဒီလို့ ရှေးဟောင်းနေရာတွေကို ပြန်လည်ဖော်ထုတ်ခွင့်ရကြမယ်ထင်ပါတယ်။
အဟောင်းတွေကို ရှာဖွေပြသပြီး နိုင်ငံတကာက ဧည့်သည်တွေကို ကြိုဆို
စေချင်ပါတယ်။
ကိုပေါက်(မန္တလေး)
ကိုပေါက်လမ်းသလားနေသည်
17-5-2013
25 comments
မဟာရာဇာ အံစာတုံး
May 21, 2013 at 1:53 pm
ကျုပ်တို့ မြန်ပြည်မှာ
ရှေးဟောင်းတွေ ပြန်ဖော်ရင်
အတော်ကြီး ထွက်လာနိုင်မလားပဲ …
စကားမစပ် .. ကျုပ်သာ ဖော်မယ်ဆို …
ပုဂံခေတ်က ဟို ဓါတ်အောင်သွားတဲ့လူ အင်း .. အရှင် ပေါ့နော် … ဟီး ..
သူနေဂဲ့ဒဲ့ နေရာကို ဖော်မယ် …
ဓါတ်လုံး ထွင်မယ် …
အံဇာ ကနေ ဝိတ်ဇာ ဖြစ်အောင် လုပ်ပလိုက်မယ် …. ငွင်းးး ငွင်းး
Khaing Zar Win
May 21, 2013 at 2:14 pm
နာ့ မောင် အန်စရာဂလေး ဝိတ်ဇာဂျီးဖစ်ရင် မမဂျီးကို မမေ့နဲ့နော်။
ခုလောလောဆယ်တော့ ရေးခိုင်းထားတဲ့ စာလေးတစ်စောင် အရင် ရေးပေး။
ko pauk mandalay
May 21, 2013 at 3:07 pm
ဆင်းရဲခြင်းလွတ်ကင်းအောင်………………………………
ရှင်အဇ္ဇဂေါန………………………………………….
ဆူး
May 21, 2013 at 2:01 pm
နှစ်ကြာလာတော့ မြေမြို သွားတတ်ကြတာပဲ..
ဘုရား တဆူ နှင့် တဆူ ကြားမှာ လူသေ အလောင်းပေါင်း တခုပေါ် တခု ထပ်ပြီးရင်းနဲ့ ၁၃ယူဇနာ အမြင့်တက်ပြီးမှ နောက်ထပ် ဘုရားတဆူ ပွင့်ပါသတဲ့..
ko pauk mandalay
May 21, 2013 at 3:12 pm
ဒါဆို အကြာကြီးနေမှာအပေါ့အေ့
အရီးခင်လတ်
May 21, 2013 at 2:40 pm
အဲဒါမျိုးတွေ လုပ်ပြီး ရှေးမူမပျက်အောင်တော့ ဆက်ပြီး စောင့်ရှောက်ပေးသင့်ပါတယ်။
တော်ကြာ မော်ဒန် ပုံ ထွင်ပြီး ပြောင်းလိုက်ကြမှဖြင့်။
မသိနိုင်တဲ့ သတင်းလေးမျှပေးလို့ ကျေးဇူးပါ ကပေါက်ကြီးရေ။
ko pauk mandalay
May 21, 2013 at 3:11 pm
မှန်ပါတယ်ကိုလတ်ကြီးရေ
ပြန်လည်ဖော်ထုတ်ပေးတာ ကောင်းတာမှန်ပေမယ့်
တလွဲတွေလုပ်လိုက်မိမှာတော့ စိုးရိ်မ်ပါတယ်။
ဒါပေမယ့် တစ်ခုခုပြန်လည်တည်ဆောက်မယ်ဆိုရင်
ဆရာကြိးတော်စိန်ခိုရဲ့ မှတ်တမ်းမှတ်ရာတွေနဲ့ တမ္ပဝတီဦးဝင်းမောင်တို့ရဲ့
လေ့လာ့ဆန်းစစ်ချက်များကို အကြံဉာဏ်ယူပြီးလုပ်တဲ့အတွက်
သိပ်တော့ မလွဲလောက်ဘူးလို့ထင်ပါတယ်။
Mr. MarGa
May 21, 2013 at 7:47 pm
ဒါမျိုး ဖြစ်သင့်တာ ကြာပါပြီ
စနစ်အမျိုးမျိုး မူအမျိုးမျိုးကြားမှာ တဖြည်းဖြည်း တိမ်မြုပ်သွားတာ ကြာပေါ့
အခုလို ပြန်လည်ဖော်ထုတ်တဲ့ သတင်းကို ကြားရတဲ့အတွက်
တကယ် ဝမ်းသာမိပါတယ်
မြင်ရတဲ့ ပုံကလေးတွေကို ကြည့်ရင်းလဲ
တရားသဘောကို နည်းနည်း မြင်မိသွားတယ်
ဘာပဲဖြစ်ဖြစ် ကျေးကျေးပါ လေးပေါက်ရေ
ko pauk mandalay
May 22, 2013 at 6:19 pm
ရောက်တဲ့နေရာလေးကို ဖျပ်ကနဲ လက်ဆော့တာ အကျင့်ဖြစ်သွားပြီ
ဃဃ ရေ
Mr. MarGa
May 22, 2013 at 6:21 pm
သေချာတယ်
လေးပေါက် လက်ဆော့စရာတွေ အများကြီး ကျန်ဦးမယ်
ဝမ်းသာစရာတွေရော
အမြင်မတော်တာတွေရော
ကျွန်တော်ကို ဖြတ်သွားဖြတ်လာ တွေ့နေတာတွေက အများကြီးဗျ :kwi:
မောင် ပေ
May 21, 2013 at 7:57 pm
မြေမျိုပျောက်
ပေချိုသောက်
နေညိုမှောက်
ရွှေတိုကြောက်
မေငိုခြောက်
လုံမလေးမွန်မွန်
May 21, 2013 at 9:16 pm
နှမြောစရာကြီးနော်… ပြန်ဖော်ကြတာ ဝမ်းသာစရာပါပဲ..
ko pauk mandalay
May 22, 2013 at 6:21 pm
ဒီလိုပါဘဲ အဟောင်းတွေ မသိမသာပျောက်ကုန်တာလေ
TNA
May 21, 2013 at 9:39 pm
အဟောင်းတွေကို အသစ်ဖြစ်အောင်လုပ်လုပ်နေတာခက်တယ်လေးပေါက်ရေ။ ပျောက်တာတွေကပျောက်၊ သစ်တာတွေကသစ်ဖြစ်ကုန်တော့ အဟောင်းရယ်လို့မယ်မယ်ရရပြစရာမရှိတော့ဘူးရယ်။ နှမျောစရာ။
ko pauk mandalay
May 22, 2013 at 6:24 pm
ကျနော်ကတော့ ပျောက်နေတဲ့ အဟောင်းတွေဖော်စေချင်တယ်။
ဒါပေမယ့် အဟောင်းတိုင်းထား မပြင်နဲ့
အဲဒါပိုကောင်းတယ်
uncle gyi
May 21, 2013 at 10:00 pm
သက်မဲ့သာဟောင်းရင်တန်ဖိုးရှိတာကိုပေါက်ရေ
သက်ရှိကဟောင်းရင်
တန်ဖိုးမဲ့သွားရော
ko pauk mandalay
May 22, 2013 at 6:25 pm
သက်မဲ့အဟောင်းမှာ သမိုင်းတွေရှိသလို
သက်ရှိအဟောင်းမှာလဲ ခံစားချက်များရှိနေပါ၏
သမိုင်းရော ခံစားချက်ပါ တန်ဘိုးရှိပါ၏
kai
May 21, 2013 at 11:42 pm
မြန်မာလူထုအများစုရဲ့.. အခြေခံအသိသညာ.. ပညာရေးစနစ်နဲ့.. ပြန်မဖေါ်တာကကောင်းတယ် ထင်နေမိတယ်..။
သူ့ဖာသူ.. မြေမျိုနေပါစေ.. လို့.. :kwi:
(မတူတဲ့အတွေး)
ko pauk mandalay
May 22, 2013 at 6:28 pm
ကိုခိုင်ရေ
မှန်ပါ၏
မြန်မာလက်ရှိလူထု အတော်များများမှာ အခြေခံအသိပညာ နည်းပါးနေပါသေးသည်။
သို့သော် ပျောက်ကွယ်နေတာကို မဖော်ရင် နောက်ပြန်ရှာလို့မရ။
အရင်လူတွေဒီလိုတော်ခဲ့တာကို ပြပြီး နောက်လူကိုလဲ
ကြီုးစားကြဘို့ စံနမူနာထားပြီးတိုက်တွန်းနို်င်ပါတယ်။
မြန်မာပင်ကိုယ်မညံ့ပါ။
ရေသာခိုရင်း အတိတ်ကိုပြန်လွမ်းရင် းအပြစ်ဖို့ရင်း လက်တွေ့အလုပ်မလုပ်ရင်းနဲ့
လူတွေက စုန်းစုန်းမြုပ်ကုန်တာပါ။
ဦးကြောင်ကြီး
May 22, 2013 at 9:39 am
မြေမျို
လေခို
ရွှေအို
ခြေတို
နေညို
ဂွေချို
စေလို
ငွေဗိုလ်..
kyeemite
May 22, 2013 at 10:25 am
ညောင်ပင်ကတော့ တော်တော်ဆိုးသဗျ..ရသမျှမျိုတာပဲ
ရှေးဘုရားစေတီတွေဆို လုံးဝမျိုပစ်တာ…
ဗမာတွေကလည်းတော်တော်ခက်တယ်…ညောင်ပင်လေးတွေ
အုတ်ပုံပေါ်စပေါက်ကတည်းက မနှုတ်ကြဘူး…အယူသီးတာပေါ့
ရန်ကုန်ကတိုက်တော်တော်များများပေါ်မှာလည်း တွေ့နေရတာကတော့
ညောင်ပင်ပေါက်တွေပဲ…အဲဒီအပင်တွေက တိုက်ကိုဖြိုမှာ..ကြာရင်တော့မျိုမှာပေါ့…
အင်း…ခက်ပါ့
ko pauk mandalay
May 22, 2013 at 6:29 pm
မှန်တယ် အိမ်နား ကျောင်းနား ဘုရားနားမှာ မျိုတတ်တဲ့ ညောင်ပင်မရှိသင့်သလို
လူတွေနားမှာလဲ အတွေးအခေါ်တွေကို ဝါးမျိုပြစ်မယ့် လူတန်းစားတွေလဲ မရှိသင့်ပါဘူး.
အလင်း ဆက်
May 22, 2013 at 8:40 pm
ပုံရိပ်ကလေးတွေ..နဲ ့..
အသိ / အမြင်
ဖော်ထုတ်ပေးတဲ့ လေးပေါက် အား..
ကျေးဇူးတင်ပါ၏
padonmar
May 23, 2013 at 7:03 am
ကိုပေါက်ပုံတွေကြည့်ပြီး ကြောက်မိတယ်။
နှစ်ပေါင်းတစ်ရာဆိုတာ စဉ်းစားကြည့်ရင် ခဏလေးလေ။
ကိုယ့် စိတ်ထဲ မင်းတုန်းမင်းတို့ သိပေါမင်းတို့ ဆိုတာ မဝေးသေးဘူးလို့ ထင်တာ။
ခုတော့ မြေတွေဖုံးနေပြီ။
တစ်ခေတ်လောက် ထိန်းသိမ်းမှု အားလျော့လိုက်တာနဲ့ ပျောက်ပျက်သွားနိုင်တယ်နော်။
နှစ်ပေါင်း 2600 ကျော်တဲ့ ဗုဒ္ဓဂါယာ နေရာမှာ ပျောက်ပျက်ကုန်သလို မြန်မာပြည်က အဆောက်အဦတွေလည်း တစ်နေ့ကျ…
ko pauk mandalay
May 23, 2013 at 2:04 pm
မမာရေ
လမ်းသလားနေရင်းက ဘာသွားတွေ့ပြန်သလဲဆိုတော့
ဘုရားတွေကိုရောက်တဲ့အခါ
ဆိုင်းဘုတ်တွေလျောက်ဖတ်မိရင်
အရာကျ တယ် ဆိုတဲ့ စကားလေးနဲ့အတူ
လောကဓံဆိုတာကြီးကို ပြေးပြေး မြင်မိတယ်။