ရွာအလွမ်းပြေ လှူခဲ့စဉ်က
ရွာထဲကိုမရောက်တာကြာနေတဲ့ရွာသားတစ်ယောက်
ရွာကိုလွမ်းလွန်လွန်းလို့ အလှူသေးသေးလေးတစ်ခုကိုရွာအမည်သုံးပြီးလုပ်ခဲ့လိုက်မိပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ အတွင်း မန္တလေးမှာရောက်နေရတုံး ရွာနဲ့ဝေးနေရတုံးကပါ။
ရွာထဲက ရွာလူကြီးတွေ စွယ်တော်ရွက် အတွက် လှမ်းပြီး စိတ်ပူပေးခဲ့ကြလို့ပေါ့။
လုံးဝထင်မှတ်မထားခဲ့တဲ့ မန်းဂဇက်ရွာကြီးရဲ့နွေးထွေးမှုတွေ ရခဲ့လိုက်လို့ ရွာ့နာမည်သုံးပြီး ရွာအလွမ်းပြေပေါ့ခင်ဗျာ။
မန္တလေးမြို့။ အလုပ်သမားဆေးရုံကြီး မှာ တက်ရောက် ကုသမှုခံယူနေကြတဲ့ လူနာ ၉ဝ ကျော် အတွက် မနက်စောစာ ကြက်သားကြာဇံချက် လှူခဲ့တာပါ။
လူနာစောင့်တွေဘဲလာယူကြတာမို့ အမျိုးသမီးတွေ ပါတွေ့နေရတာပါ။ စည်းကမ်းလုပ်ထားတာမို့ တန်းစီစနစ် အသက်ဝင်နေပါတယ်။
နံနက်စောစာက ထမင်းပူ ဆီဆမ်းနဲ့ပဲပြုတ်ပါ။ အလှူရှင်ရှိရင်ရှိသလို ကြက်သားဆနြ်ပုတ်၊ ဆန်ပြုတ်နဲ့အီကြာကွေး၊ ကော်ဖီမစ်ထုပ်လေးတွေ၊ ကြက်သားကြာဇံချက် စသဖြင့် စားဖိုဆောင်ကတာဝန်ယူချက်ပြုတ်ဝေငှပေးပါတယ်။
နေ့လည်စာက ကြက်သားဟင်းနဲ့ ဟင်းချိုပါ။ ညနေစာက ငါးဟင်း သို့မဟုတ် ကြက်ဥပါ။ ဆိတ်သား၊ဝက်သား အလျင်းသင့်သလိုလောက်လောက်ငှငှ ကျွေးမွေးပါတယ်။ ထမင်းကိုတော့ ကိုယ်ကုန်နိုင်သလောက် ( အဝ )ယူနိုင်ပါတယ်။
စွယ်တော်ရွက် ရွာအလွမ်းပြေ လှူတုံးက အပြီးအစီး ၂ သောင်း ကျပ်ဘဲ ကျပါတယ်။လူနာ ၉ဝ ကျော်ပါ။
နေ့လည်စာ သို့မဟုတ် ညနေစာ ဆို ရသောင်းပတ်ဝန်းကျင်ကုန်ကျပါတယ်။ လူနာအရေအတွက် နဲ့ ကိုယ်ကျွေးချင်တဲ့ဟင်းလျာပေါ်မူတည်ပြီး စာရင်းတွက်ချက်ပေးပါတယ်။
ကွန်မကောင်းလို့ ပုံများများမတင်နိုင်တာ၊ ချက်ချင်းမတင်နိုင်ခဲ့တာ ( အခုတောင် ရန်ကုန်ရောက်ပြီးမှ Draft ကနေပြန်တင်ရတာ )
ရွာနာမည်ကိုသုံးပြီးလှူခဲ့တာတွေကို ခွင့်လွှတ်ကြပါ။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
With respect,
Swal Taw Ywet.
10 comments
KZ
September 4, 2013 at 2:40 pm
ဟယ်။ ကို ၂ လွှာပေါင်း ၁ ရွက်ရယ်……..
နောက်ခါလှူရင် ပြောပါတော့။
ကြည်နူးစရာပဲ။
သာဓု သာဓု သာဓု!
🙂
ဦးကျောက်ခဲ
September 4, 2013 at 2:48 pm
ရေများရာမိုးမရွာပဲ လိုအပ်နေတဲ့နေရာမှာ ထိထိမိမိလှုနိုင်ခဲ့တာမို့…
သာဓု… သာဓု… သာဓုပါ ကိုစွယ်တော်ရွက်…
နောင်များလည်း အခွင့်သင့်ရင် နိဗ္ဗာန်ဆော်လုပ်ပါဦး…
😀
ခင် ခ
September 4, 2013 at 3:09 pm
ဘဝတစ်ကွေ့မှာ ခဏတွေ့လာ
ဒီဂဇက်ရွာဆိုပေမယ့်
အလှတွေ့ကြတာမဟုတ်ဘဲ
ဘဝမမေ့စရာတွေနဲ့
ဆုံစည်းခဲ့ရာ
တဒင်္ဂ အပြင်ဘဝ……….. လို့ဆိုရင်လည်း မှားမယ်မထင်ဘူးဗျာ ကိုစွယ်တော်ရွက်ရေ။
kyeemite
September 4, 2013 at 3:46 pm
သာဓု…သာဓု…သာဓု…ပါဗျာ
အင်မတန် ကြည်နူးစရာကောင်းတဲ့ အလှူလေးပါပဲ…အကျိုးရှိအောင်လှူနည်းပေါ့ဗျာ…
အလင်းဆက်
September 4, 2013 at 5:37 pm
သာဓု ပါဗျာ သာဓု သာဓု
အရီးခင်
September 4, 2013 at 5:42 pm
ဒီခေတ်မှာ နှစ်သောင်း နဲ့ ကြာဇံချက် တစ်အိုးကြီးရတာ၊ လူ ၉ဝစာကို နေ့လည်စာ သို့မဟုတ် ညနေစာ ဆို ရသောင်းပတ်ဝန်းကျင် ဆိုလို့ အံ့ဩသွားတယ်။
အသေအချာ စီစဉ်ပြီး ချက်ပေးတာ ဖြစ်ရမယ်။
ကိုစွယ်တော်ရွက် ရဲ့ ရွာအပေါ်ထားတဲ့ သံယောဇဉ် ကို လေးစားပါတယ်။
စေတနာ အပြည့်နဲ့ အလှူအတွက်လဲ သာဓုပါရှင်။
ခင် ခ
September 6, 2013 at 3:57 pm
Sep 6 / 3:56 pm
ကိုပေါက်(မန္တလေး)
September 7, 2013 at 9:26 am
ကိုစွယ်တော်ရွှက်ရေ အမှတ်ရစရာတွေပါဗျာ။
ကိုခရေ ရွာသူားတွေဆုရမှာ မနာလို လို့နေမှာ မနီတော့ပြန်ဘူး
koyinmaung
September 8, 2013 at 12:03 pm
သာဓု..သာဓု…..သာဓုပါဗျာ
ဝမ်းသာစရာ အားကျစရာပါ ကိုစွယ်တော်ရွက်ရေ……
Ma Ma
September 8, 2013 at 3:16 pm
ဆေးရုံက အဟာရကျွေးမွေးတယ်ဆိုတာ အံ့ဩစရာဖြစ်နေသလိုပဲ။
တန်းစီယူစနစ်လေးရှိတာတော့ သဘောကျတယ်။
သိသလောက်တော့ ရန်ကုန်က ဆေးရုံတွေဆိုရင် ဆေးဝါးတောင် အနိုင်နိုင်ရယ်။
အဟာရမကျွေးနိုင်ကြတော့ဘူး။
အဟာရကျွေးတာဆိုလို့ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံပဲ သိတယ်။
အဲဒီဆေးရုံတောင် လူနာ ထောင်ချီဖြစ်နေလို့ ဆက်လက်ရပ်တည်ဖို့ ခဲယဉ်းနေတယ်တဲ့။