Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘဘပြောင် တစ်ယောက် ဘယ့်ကလော ရိုးသား ကျိုးစားတယ် ဆိုတာ..

Kyi LwinJuly 25, 20134min63517

သမ္မတကြီးတကယ်ရိုးသားခဲ့ရဲ့လားဖွင့်ဟချက်


ဆောင်းပါးတပုဒ်ဖတ်ဖူးကြမှာပါ၊သမ္မတကြီးရွှေတြိဂံလိုနေရာမှာတိုင်းမှုးဖြစ်ခဲ့တာတောင်အဂတိကင်းတယ်၊သမ္မတကြီးကတော်ကမုန့်ဟင်းခါး
ရောင်းဖို့တောင်ကြံစည်ခဲ့သေးတယ်စသဖြင့်ရိုးဂုဏ်ဖွဲ့ဆောင်ပါးလေးပါ။ချီးကျူးအားကျသနားခဲ့ရပါသေးတယ်။အခုသမ္မတရာထူးရတော့ရော
အရင်အတိုင်းပဲလားဆိုတာလေးတင်ပြချင်တာပါ။တကယ်တော့ဒီတင်ပြမှုဟာစစ်အာဏာရှင်နဲ့ခရိုနီအသိုင်းအဝိုင်းရဲ့မြန်မာပြည်ကြီးကိုသွေး
စုတ်ဖုတ်ကောင်လိုဂုတ်သားလေးကိုက်စုတ်လိုက်ရမှအရသာရှိတာတွေနဲ့ယှဉ်ရင်ပြောပလောက်မယ်တော့မထင်ပါဖူး။အဖြစ်မှန်တခုအကြောင်း
တင်ပြခြင်းသာဖြစ်သည်။


ဒီလမ်းတဲ့တဲ့ဆင်းသွားရင် ပျဉ်းမနားမြို့ထဲရောက်တယ်။ဆန့်ကျင်ဖက် နေပြည်တော်သွားတဲ့လမ်းနံမည်ကရာဇဌာနီလမ်း၊အမြန်လမ်းမဟုတ်၊
လမ်းဟောင်းအတိုင်းလာရင်လမ်းညာဖက်မှာ ရွှေတိဂုံပုံစံ တည်ထားတဲ့ဘုရားရှိတယ်၊ဆက်သွားရင်နေပြည်တော်မရောက်ခင်လမ်းဆုံမှာသမ္မတခြံ
လို့ခေါ်တဲ့ဧက၅၀ဝကျယ်တဲ့သမ္မတပိုင်ခြံကြီးရှိပါတယ်၊ခွင့်ပြုချက်မရှိပဲအပြင်လူလာလို့မရပါဖူး၊ခွင့်ပြုချက်တခုကြောင့်အခုလိုတင်ပြနိုင်တာပါ။

ပြီးခဲ့တဲ့လလောက်ကဥရောပနိင်ငံတွေသမ္မတကြီးသွားတော့မွေးမြူရေးခြံတွေလျှောက်လေ့လာတာဘာအတွက်လဲဆိုတာလဲသိသာလာမှာပါ။
၂၁၅မိုင် အမြန်လမ်းမှာသရက်ခြံကြီးတခုကိုလည်းသမ္မတပိုင်ပါတယ်ဧကတော်တော်များပါတယ်။အဲ့ဒီခြံကထွက်တာဆိုပြီးတရုတ်သမ္မတဆီအပြင်
ကမျိူးကောင်းသရက်သီးတွေဝယ်ပြီးလက်ဆောင်ပို့ခဲ့ဖူးပါသေးတယ်။လူကြီးပိုင်းတော်တော်များများရဲ့ကိုယ်ပိုင်သတ်မှတ်ထားတာတွေ
အဲ့ဒီ မိုင် တိုင် ပတ်ဝန်းကျင် မှာအပြည့်ပါပဲ။

ဧက၅၀ဝကျယ်တဲ့သမ္မတခြံကြီးထဲမှာဘာတွေရှိလည်းဆိုတော့ဆန်စက်က၂လုံးရှိ၊စပါးစိုက်ခင်း၊သစ်ခွနဲ့နဂါးမောက်အပါအဝင်စိုက်ခင်းများ၊
နွားဝက်ကြက်မွေးမြူရေးခြံကြီးများ၊ဆန်ဂိုထောင်များရှိပါတယ်။ သစ်ခွခြံဆိုကုန်ကျငွေသိန်း ၃၀ဝ ကျော်လောက်ရှိမယ်။

ဆန်စက်ဆို ဒေါ်လာသန်းနဲ့ချီကုန်တာစိုက်ခင်းတွေကလည်းမနည်းမနောဘဲနဂါးမောက်တို့ နေကြာ ပုလဲသွယ်ဆိုတဲ့စပါးမျိုးတွေ
နွားတင်းကုတ်ဆို ရွာကဟာတွေမျက်စေ့ထဲသွားမမြင် နဲ့ ဟင်ဂလန်သံချောင်းတွေ နဲ့တိုင်ထောင်ပြီး အလူမီနီယံသွပ်မိုးထားတာ၊

ဒါက ခရမ်းသီး သခွား မွှေးသီး အသီးအနှံတွေပျိုးဖို့အ ဆောက်အဦးတွေ၊

ဆန်စက်တလုံးကိုအသီးအနှံထားဖို့အအေးခန်းအဖြစ်စကာင်္ပူကအင်ဂျင်နီယာတွေလာဆင်ပေးနေတာပါ။

တကယ်တော့သမ္မတလဲပိုင်ဆိုင်မှုဆိုတာရှိနိုင်ပါတယ်။ဒါပေမယ့်ဘယ်သူပေးတဲ့ဆုလာဒ်ဆိုတာတော့အားလုံးသိကြမှာပါ။
သမ္မတလုပ်လိုက်လို့ရတဲ့ဆုလာဒ်ဆိုတာကလဲအရင်စစ်အာဏာရှင်လက်ထက်မှာမထူးခြားပေမယ့်ပိုင်ဆိုင်မှုပြရတဲ့ဒီမိုကရေစီ
အစိုးရလက်ထက်မှာတော့ထောက်ပြစရာပါ။ဒီထက်ထူးခြားတာကရွှေသံလွင်ကျော်ဝင်းကတာဝန်ခံဆောက်လုပ်တယ်ဆိုပြီးနာမည်
ခံထားပေမယ့်ပြည်သူပိုင်စီမံကိန်းများသာတည်ဆောက်ရတဲ့ဆည်မြောင်းဦးစီးဌာနကလူရောငွေရောအကုန်ခံလုပ်ပေးနေတာပါပဲ။
ဘယ်လိုစာရင်းပြမလဲဆိုတာတော့စောင့်ကြည့်ရမှာပါ။ဝန်ထမ်းအခေါ်တော့(BLACK)လုပ်ပေးတယ်ခေါ်တာပေါ့။
ရွှေသံလွင်ကျော်ဝင်းကတာဝန်ခံဆောက်လုပ်တယ်ဆိုရင်လည်းအပြင်လူငှားလုပ်သင့်ပါတယ်။အစိုးရဝန်ထမ်းတွေက
တဦးတယောက်ပိုင်ခြံကိုဝန်ထမ်းနေတာမြင်မကောင်းပါဖူး။
ဒီကြားထဲ ဝန်ကြီးအတွက်ကဘယ်နှစ်ဧကသမ္မတသားမက်အတွက်ကဘယ်နှစ်ဧကအဲ့လိုဝယ်ပေးရတာလည်းရှိသေးတယ်
ပြောချင် တာက တော့မတရားတွေသုံးနေတာဒီတသက်မ ပြောနဲ့နောင်ဘဝတောင် စားမကုန်ဘူးနိုင်ငံတော်အတွက်
သုံးတာဆိုဘယ်လောက်ကောင်းမလဲ။အဲဒါပါပဲ။

ဒီပုံကတော့သမ္မတခြံထဲကကော်ဖီဆိုင်ပါ။အခုမှဖွင့်စဆိုတော့သောက်တဲ့သူကကျွန်တော်တယောက်ထဲပါပဲ။
နောက်တခါသွားလည်ရင်တော့အငြိမ်းစားသမ္မတကြီးကတော်ရဲ့မုန်ဟင်းခါးလက်ရာလေးစားရကောင်းပါရဲ့ဗျာ….။

(ရဲရင့်ငယ်)
(၂၂-၇-၂၀၁၃)

http://www.yeyintnge.com/2013/07/blog-post_22.html

17 comments

  • Myo Thant

    July 25, 2013 at 10:15 am

    ကောင်းရောကွယ်
    ဘာမှမမြင်ရဘူး

  • sein chu

    July 25, 2013 at 10:56 am

    ဘာမှမမြင် ရတာကိုတင်ထားတာများလား…..။

  • ကိုသု

    July 25, 2013 at 11:05 am

    နွားက မြက်ကိုစားနေတဲ့ပုံ။ မြက်လဲပြောင်။ နွားလဲထွက်သွားရော ဘာမှမကျန်ခဲ့ဘူး ပြောင်ရှင်းရော။

  • Wow

    July 25, 2013 at 11:22 am

    အော် ဘဘပြောင်အကြောင်းဆိုတော့ ပြောင်ရောပေါ့ ဘာမှမရှိ… ဒချိ ဒချိ :mrgreen:

  • Kyi Lwin

    July 25, 2013 at 12:22 pm

    တင်တုန်းက စာတွေရောပုံတွေပါ ပါ ပါတယ်။ ဘယ်လိုဖြစ်တာလဲ မသိတော့ပါဘူး။
    ဂျီမေးလ် လ်ိပ်စာပေး ရင်တော့ ပို့ပေးလိုက်မယ်။

  • အရီးခင်လတ်

    July 25, 2013 at 2:49 pm

    သရက်သီးခြံတွေ၊ နဂါးမောက်သီးခြံ တွေ ပုံလား ????
    အခွန်တရားဝင် ဆောင် နေလို့ ကတော့
    ဒီအတိုင်း အမြိန့်သား ထိုင်စား နေသူ တွေ ထက်စာရင် အပုံကြီး သာသလားလို့။ 😉

  • အလင်း ဆက်

    July 25, 2013 at 8:42 pm

    ဒီလို အကြောင်းအရာမျိုးဆိုတာ လူတွေ သိလေ ပိုကောင်းလေမို့….. င တို့ ငပွကြီး အဲလေ ဘဘပြောင် တစ်ယောက် ဘယ့်ကလော ရိုးသား ကျိုးစားတယ် ဆိုတာ ပြည်သူတွေ သိကြစေရာ။

    ဆိုတာတော့..
    ဖတ်လိုက်ရပါတယ် ။

  • kai

    July 26, 2013 at 12:14 am

    ဒီစာကအရောင်ရင့်မှတ်တမ်းထဲ.. တင်ပြီးသားပါ..
    ဒါပေမယ့်…မေးလ်ပို့တာရတာမို့.. ထပ်တင်ပေးလိုက်ကြောင်း..

    • Kyi Lwin

      July 26, 2013 at 8:56 am

      ခုလို ကူညီတာကျေးဇူးအထူးတင်ကြောင်းပါ။

  • Foreign Resident

    July 26, 2013 at 6:29 am

    သမ္မတ အဆင့်အထိ ရောက်လာတဲ့သူ တစ်ယောက် အတွက်
    ဒါလောက်က သိပ်အများကြီး တော့ ၊ မဟုတ်ပါဘူး ။

    နောက်ပြီး ၊ ဗလိုင်းကြီး ခိုးစား ၊ လာဘ်စား နေသူတွေကြားထဲမှာ ၊
    သူကမှ လုပ်စားဖို့ ကြံနေရှာတာပါ ။

    မိုးပေါ်ထောင် မဖေါက်ဘူးကွ လို့ ပြောကြတဲ့သူတွေ ကြားထဲမှာတော့ ၊
    သူ က လေးစားအပ်ပါသော မိဘ ပြည်သူများ ခညာ လို့ လေပျော့လေးနှင့် ပြောဖေါ်ရသေးတော့ ။

    အနှစ်မရှိတဲ့ တောထဲမှာတော့ ၊ ဒီ ကြက်ဆူပင်လေးပဲ မင်းသား လုပ်နေရတာပေါ့လေ ။

    • Kyi Lwin

      July 26, 2013 at 11:54 am

      ဒါပေါ့လေ။ အနူတောမှာ လူချော လို့တော့ပြောလို့ရသပေါ့။သို့သော်လည်း နေရာတစ်ခု ရောက်ပြီ ရပြီ ဆိုရင်တော့ နေရာနဲ့ ရာထူးနဲ့ ထိုက်တန်တဲ့ တာဝန်ဆိုတာရှိစမြဲ လုပ်ရမြဲမို့ တာဝန်ယူသင့်တာ လုပ်သင့်တာမျိုးကို လုပ်ကိုလုပ်ရမယ့် တာဝန်ယူစိတ်ကလေး ထည့်ပြီး လုပ်ပေးတဲ့ သတ္တိရှိတဲ့ သမ္မတကြီးဆိုပိုကောင်းသပေါ့။
      သမ္မတကြီးက ခြံစိုက်နေတယ်ဆိုတော့ တို့လို သာမန်အရပ်သူအရပ်သားက မိရိုးဖလာ လှေကြီးထိုး ရိုးရိုးထင်မိတာကြောင့် ခုလို တကယ့် ခေတ်မီစီမံကိန်းစိုက်ပျိုးရေးကိုတွေ့လိုက်မိတော့ အော် ဟော် တယ်လည်းရိုးသား ကျိုးစားတဲ့ သမ္မတပေပဲလို့ လူတွေ ပိုသိစေချင်လာလို့ အနူတော က လူချော ကို ပြည်ပေါ်မှာ ရွှေကြော်ငြာ လုပ်လိုက်ရခြင်းပါ။

  • ဦးကြောင်ကြီး

    July 26, 2013 at 8:09 am

    သမဒဂျီးဘောမ မှ နေသာထိုင်သာရှိသူများ ဂူထပ်ရွှေးဂျပါအုံး…

  • DEPARKO DEPARKO

    July 30, 2013 at 11:56 am

    သေချာလို့လားငါ့ကောင်ရာ ဘပြောင်အနားအတင်းကပ် ဓါတ်ပုံလည်းထွက်လာရော ဒင်းလက်ချက်ဘဲလို့ မင်းတကယ်သာမှန်ရင် ဒီလိုင်းပေါ်မှာတောင်ရောက်စရာအကြောင်းမရှိဘူး မြန်မာပြည်က ထောက်လှမ်းရေး မင်းသိပ်အထင်သေးနေလား လူအများလက်ခံနေတဲ့ ခေါင်းဆောင်တစ်ယောက်ကို အပုတ်ချဘို့ကြိုးစား မင်းရိုးသားရဲ့လား ဝမ်းတော်လားနေဦးမယ်ငါ့ကောင်

  • အရီးခင်

    July 30, 2013 at 3:07 pm

    ဦးသိန်းစိန် ကို ဖားနေစရာ အကြောင်းတော့ မရှိပါဘူး။
    ဒါပေမဲ့ ဒီမြင်နေရတဲ့ အအေးခန်း လေးရယ်၊ အဆောက်အဦ တွေ ရယ် ကို ကြည့် ရတာတော့ သာမာန်လူ စီးပွါးရေး သမား တောင် လုပ်နိုင်တဲ့ အနေအထားရှိပါတယ်။
    ရှေးတုန်း က ဆန်စက် တွေ၊ ဆီစက် တွေ လောက်တောင် မခမ်းနားပါဘူး။
    မြေတွေ ကို ဘယ်လို အနေအထားနဲ့ ပိုင် လဲ တော့ မသိဘူး။
    အခု လုပ်နေတာ မြင်ရတာ ကတော့ ပြည်တွင်း လူ တွေလဲ အလုပ်ရ ပါတယ်။
    နိုင်ငံခြား ဝင်ငွေ လဲ ရပါတယ်။

    ဒါထက် ပိုပြီး ဘီလူးသရဲစီး သလို မသမာ စီးပွါးရေး လုပ် နေတဲ့ သူတွေ ရဲ့ အကြောင်းတွေ ကျ ပေါ်ပေါ်တင်တင် ရှိရက် နဲ့ တက်မလာ ပါလား။
    ဟိုတယ် အခန်းတစ်ခု ဟာ ဒီလို ဆန်စက် ထက် ပိုပြီး တန်ဖိုးများ တာ ကိုလဲ စုံစမ်းပြီး ရိုက်ပြ ကြပါဦး။
    အဲဒါလို မျိုးကမှ သာမာန်လူ မမှီနိုင် မလုပ်နိုင်တာ။

    သူ့ကိုလဲ အင်မတန်ရိုးသား သူလို့ မပြောပါဘူး။
    ဒါပေမဲ့ သူထက် ပိုဆိုး နေတဲ့ သူ တွေ ကို အရင် ဂုတ်ဆွဲ ကြည့် ကျပါဦးတော့လား။
    အခုဟာက ရွေးပြီး အပုတ်ချ သလို ရှိလို့ပါ။

  • kai

    July 30, 2013 at 5:17 pm

    အကောင်းဖက်ကလှည့်တွေးရင်တော့.. ဒီလိုရာထူးနဲ့..ဗိုလ်ချုပ်ကြီးဟောင်းတယောက်… ဒီလောက်ပဲရှိတာ.. အံ့ဖွယ်သုတလို့ပါပဲ…
    နဝတ.. နအဖသမိုင်းမှာ..တော်တော်ရှားမယ်… :mrgreen:

  • ကိုရင်စည်သူ

    July 30, 2013 at 5:19 pm

    အဘတို့ ကောင်းရောင် ကောင်းဝယ်လုပ်စားတော့လဲ အကောင်းပြောမခံရ
    အဘတို့ ခိုးတာဝှက်တာ ပြည်ပိုင်သံယံဇာတတွေ ရောင်းတော့လဲ အကောင်းပြောမခံရ..
    အဘတို့.. ဘာလုပ်စားရမလဲဟင်… သမဒလစာ တစ်လ ၁၅သိန်းနဲ့ပဲ ထိုင်စားရတော့မှာလား.. 😆

Leave a Reply