တစ်ခါက တစ်ဘဝ (၆)

MAUNGAugust 6, 20131min31211

တစ်ခါတုံး ကပေါ့ဗျာ။ ကျွန်တော် မောင် တစ်ယောက် ကားငှါးစီးပြီး အာလာဒင် ကို ဂိမ်း ဆော့ဖို့သွားပါရော ။ ကား ကနံပါတ် အနက်ကြီး နဲ့ဗျ ။ ကားဆရာ နဲ့ ထွေရာလေးပါး လေးပြော ရင်းနဲ့ မြေနီကုန်း မီးပွိုင့် နားရောက်လာရော ။ ဗြုန်း ဆိုရှေ့က တက်စီ က မီးပြ ပြီးယာဉ်ကြော ပြောင်းဖို့ ကြိုးစားရော ။ ကျွန်တော် စီးလာတဲ့ ကားဆရာ ကလဲ လုံးဝ လမ်းမပေးဘဲ ရှေ့ ကားကို အတင်းကပ် ၊ တက်စီ ဆရာကလဲ ခေါင်းထိုးဝင် နဲ့ တိုက်မလိုဖြစ် ကြရော ။ အဲဒီ ကစပြီး ကားသမား နှစ်ယောက် အပြန်အလှန် ဆဲ လိုက်ကျ တာ၊ အိုး   ဘာပြောကောင်း မလဲ၊ မိုး ကို မွှန် အောင်မကြား ဝံ့ ၊ မနာသာ ဆဲတာ ဗျာ ကျွန်တော်ဖြင့် ဘေးက လူတွေဝိုင်းကြည့် လို့ရှက် တာနဲ့သေချင်စော် နံရော။ မီး စိမ်းနေတော့ ကားရွေ့ နေလို့သာ၊ မဟုတ်ရင် ကျွန်တော် ကား ပေါ် ကဆင်းပြေးတယ် ။ ဒီလိုနဲ့မီးပွိုင့်  လွန်တော့ ဦးဝိစာရ လမ်းပေါ်မှာ တက်စီ ကရှေ့ ကပြေး၊ ကျွန်တော် ငှါးစီး လာတဲ့ ကားက နောက်က ဒုံးစိုင်းလိုက်၊ ရှေ့ကားက နောက်ကို လှည့်ဆဲ၊ နောက်ကား ကရှေ့ ကိုလှမ်းဆဲ ဘယ်လို ပြောပြရမှန်းတောင် မသိပါဘူးဗျာ။ အဲဒီမှာ တစ်ခု ထူးခြားတာ ဟိုဘက် ကားက အော်လိုက်ဆဲလိုက် လုပ်နေတာ ကားသမား တစ်ယောက်ထဲ ဟုတ်ဘူး ဗျ၊ ခရီးသည် ပါ ပါတယ် ။ အံမယ် သူက ပိုဆိုး၊ ကားပြူတင်းပေါက် ကနေ ကိုယ်တစ်ပိုင်း လုံးနီးပါးထွက် ပြီး၊ လက်သီး လက်မောင်းတန်း ဆဲတာဗျာ ။ သီးမခံနိုင် တဲ့အဆုံး ကျွန်တော့ ကားဆရာ ကို ဟေ့လူ ကားရပ် တော့ဆိုလဲ မရ၊ နောက်ဆုံး ဦးဝိစာရ အဝိုင်း မှာ ကားနှစ် စီးလုံးရပ်ပြီး ဆင်း ဖိုက် ကုန်ရောဗျာ ။ ပထမတော့ သိုင်းကွက်တွေနဲ့ဗျ၊ အံမယ် သိုင်းကွက်ခင်း နေတာများ ကြည့်လို့တောင်ကောင်းသေး ဗျာ ။ ဟိုဘက် ကားက အစောတုံးကဆဲနေတဲ့ ခရီးသည် များ ကိုယ့် ကိုရန်ပြုမလား ကြည့်တော့သူ၊ စောစောက ဟော့ရှော့ လုပ်တာ သူ  မဟုတ်တဲ့ အတိုင်းဗျာ၊ကားထဲ ကတောင် မဆင်းဘူး။ ကျွန်တော် လဲဒီလူ သက်သက် အော်ကြီးဟစ်ကျယ် လုပ်ပြီး သွေးမရှိတာသိတော့ စ ချင်တာနဲ့ ဟေ့လူ ခင်ဗျား ရော ဖိုက်ချင်လား လာခဲ့ ဆိုတော့ ညီလေး အစ်ကို ကခရီးသည် ပါတဲ့ ။ ဒါဆို ခင်ဗျား ခုနက ဘာလို့ လွှတ်ဆဲနေလဲ ဆိုတော့ ညီလေး ကိုဆဲတာ မဟုတ်ဘူး ဆိုဘဲ ။ ကျွန်တော် လဲရီချင် တာကိုမြိုသိပ် ပြီး မရဘူး ကားပေါ် က အခုဆင်း ဆိုတော့ တွန့်ဆုတ် တွန့်ဆုတ် နဲ့ ဆင်းလာတယ်။ ပြီးတော့ မျက်နှာငယ် လေးနဲ့ အဆက်မပြတ် တောင်းပန် နေလို့ ကျွန်တော်လဲ ဆက် မနောက် တော့ပါဘူး ။ သူ မဖိုက် ချင်တာလဲ မပြောနဲ့လေ၊ သူ့ အရပ်အမောင်း နဲ့ အလုံးအထည် က အရပ် ငါးပေ ကိုး၊ ကီလို ခုနှစ်ဆယ် လောက်ရှိ တဲ့ ကျွန်တော့ တစ်ဝက် လောက် ကိုး ။ ကျွန်တော်လဲ ပထမ ဆဲ တုံးက ပုံနဲ့ ကားရပ် ပြီးပုံ ကွာလွန်း လို့သာ စ နေတာ။ ကျွန်တော့စိတ် မှာလဲ ရန်လို စိတ်၊ ရန် ဖြစ်ချင်စိတ် တစ်ကယ်တော့ မရှိပါ ဘူး ။ ရန်ဖြစ် ရတာ ကိုစိတ်ကုန် နေတာဆိုပို မှန် မယ်။

ဘေးက ဖြတ် သွား တဲ့ ကားတွေက အော်လို့ လှည့်ကြည့် တော့မှ …. လား လား ကျွန်တော်စီး လာတဲ့ ကားသမား က ပုဆိုး မရှိတော့ ဘူး. ဒါပေမဲ့ သိုင်းကွက် ထုတ်နေတုန်း ။ ကန်တော့ပါ ရဲ့ ဖင်ပြောင် ကြီးနဲ့ ခုန်ဆွခုန်ဆွ လုပ်နေတာ ကျွန်တော် တော့ စာမဖွဲ့ တတ်ဘူး၊ ရွာသားတွေ စိတ်ကူးထဲ သာမြင်ကြည့် လိုက်ဗျာ (မှတ်ချက်။ ရွာသူများ မပါ :P) ။ နောက်ဆုံးတော့ ရွှေတိဂုံ ဘုရားမှာ ကင်းစောင့် နေတဲ့ စစ်သားတွေ လာမ သွားတာ လေးယောက် တွဲ ဒဂုံ ရဲစခန်း ထဲ ရောက်သွားရောဗျာ ။ ကျွန်တော် လဲအာလာဒင် မရောက်။ ဟိုဘက်ကားက ခရီးသည် (ကို ဟော့ရှော့) မော်လမြိုင် ကို မော်တာတွေ သွားပို့ ရမှာလဲ ရထား လွတ် သွားတယ်။ ကျွန်တော် တို့ နှစ်ယောက်က ခရီးသည် ပါဆိုလဲ မရ၊ ရုပ်ရှင် တွေထဲကလို စခန်း ရောက်မှရှင်း ဆိုပြီး မ သွားတာ၊ အေးရော ။

ရဲစခန်း ရောက်တော့ ဘာဖြစ်တာလဲ၊ ရန်ဖြစ်လာတာလဲပြော ရော အချုပ်ခန်းရှေ့ က ခုံတန်း လေးမှာထိုင်ခိုင်းထား တယ်။ ခရီးသည်ပါ ရှင်းပြလဲ ထိုင်နေ ခဏဆိုတာ နာရီဝက် လောက် ကြာလဲဘာမှ မထူး၊ တောက်ကျိုးနဲ ကိုယ့် ဘေး နားလာထိုင်တဲ့ သူက တပ်ပြေး တဲ့ ၊ ခြေထိပ် တွေ လက်ထိပ် တွေနဲ့ ။ တပ်က လာခေါ်မှာစောင့်နေတာဆို ဘဲ။ တာဝန်မှူး လက်ပါတ် နဲ့ဒု ရဲအုပ်ကလဲ ဟောက်လိုက်တာ ဆိုတာဗျာ ။ မတတ် နိုင်တဲ့ အဆုံး ဖုံးလေး အသာထုတ် ဆက်မယ်လုပ်တော့ ဟေ့ကောင် ဘယ်ဖုန်း ဆက်မလို့ လဲတဲ့။ ဪ ..စစ်ဒေသ ၁ က ဘယ်သူဘယ်ဝါ ကိုဆိုမှ ကိုရွှေတာဝန်မှူး က ငါး မိနစ်လောက် မေးချင်တာ မေးပြီး ပြန်လွှတ်တယ်၊ ကောင်းရော ။

ဘာမဟုတ် တာလေးကို တစ်ယောက်နဲ့ တစ်ယောက် သည်းမခံလို့ အကျယ် အကျယ်တွေဖြစ်ကုန် တာ ဇတ်ပေါင်းတော့ ဘယ်သူမှလဲ အကျိုးမရှိပါ ဘူးဗျာ…:(

 

 

 

11 comments

  • KZ

    August 6, 2013 at 4:28 pm

    သည်းခံနိုင်စိတ်တွေ နည်းပါးကုန်တဲ့ သဘောပေါ့ မောင်ရယ်။ 😀

    • MAUNG

      August 6, 2013 at 8:15 pm

      အဟုတ်ဘဲ KZ ရေ ၊ လူတွေအတော်များများ သီးခံစိတ်နဲ့ ကိုယ်ချင်းစာတရား တစ်နေ့တစ်ခြားနည်းနည်း လာကြပြီ ဗျာ

  • ဦးကျောက်ခဲ

    August 6, 2013 at 5:30 pm

    မျက်စေ့ထဲ မြင်ယောင်ပြီး ရယ်လိုက်ရတာဗျာ…
    အရေးအခင်းပြီးစက လမ်းမတော် စံပြမီးပွိုင့်မှာ ဆိုင်ကယ်ဆောင့်အထွက်၊
    ပြုတ်ကျတဲ့ မဒီလေး၊ ထမီညပ်ပြီးပါသွားတာ ပုဆိုးချွတ်ပြီး ကူညီပေးတဲ့၊
    တိုက်ပုံအနက်နဲ့ ရှေ့နေကြီးကို အမှတ်ရမိတယ်၊ ဖောင်ကြီးပြင်လို့ပေါ့…
    ဦးကျောက် မျက်စေ့ရှေ့တင် ဖြစ်ခဲ့တာလေ…
    နောက်ပိုင်း ကျော်ဟိန်းနဲ့ ခင်ပပလှိုင် ဗွီဒီယိုပြန်ရိုက်သတဲ့…
    😀

    • MAUNG

      August 6, 2013 at 8:18 pm

      ဦးကျောက် ရှေ့နေကြီးက ခုန်ဆွ ခုန်ဆွတော့ လုပ်ဘူး ဟုတ် းP
      ဘာဘဲ ပြောပြော၊ နှစ်မသားချင်း ကိုယ်ချင်းစာပြီးကူညီတာ လေးစားစရာဗျာ

    • MAUNG

      August 6, 2013 at 8:22 pm

      ရီဘာ ရီဘာ
      ဒီမှာ ဖြင့် ခုန်ဆွ ခုန်ဆွလုပ်တာမြင် ပြီး အူတွေ အသဲတွေ တုန်သွားဒါ 😀

  • Mr. MarGa

    August 6, 2013 at 7:14 pm

    အင်း…..
    တစ်ခါက တစ်ဘဝက တစ်ခါဆိုတစ်ခါ မှတ်မှတ်ရရ ပါလား

    • MAUNG

      August 6, 2013 at 8:24 pm

      တစ်ကယ် ကိုမှတ်မှတ် ရရ တွေထဲက မှတ်မှတ်ရရ ပါ ဗျာ။

  • padonmar

    August 6, 2013 at 9:06 pm

    ရွာသူတွေမပါဆိုပေမယ့် ဖတ်မိသွားပြီ၊
    ရီမိသွားပြီ၊
    ဘယ်လိုလုပ်ရမလဲ။

  • MAUNG

    August 7, 2013 at 5:09 am

    ရီပါဗျာ ကျွန်တော် လဲပြန်တွေးမိတိုင်း ပြုံး မိတုန်း 🙂

  • တိန်… ကြုံရဆုံရ ဘုံဘဝရယ် လို့ပဲ ပြောရမယ်… တော်သေးတာပေါ့.. ယောက်ျားလေးမို့လို့.. မိန်းကလေးသာဆို မလွယ်ဝူးနော်…

    လမ်းလယ်ခေါင်ကြီး ဒီလောက်အထိ ဖြစ်ရဲတာ.. စိတ်မထိန်းနိုင်ကြဘူးနော်… ဖြစ်ရလေကွီ.. 🙂

Leave a Reply