Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခေါက်ဆင့်လို့ခေါ်တဲ့ ရှမ်းမုန့်တီချက်စားမယ်

Yin Nyine NwayAugust 13, 20131min87133

ရှမ်းရိုးရာအစားအစာမှာ နာမည်ကြီးတဲ့ အစားအစာတခုဖြစ်တဲ့ ခေါက်ဆင့်ချက်နည်းလေးပါ
ခေါက်ဆင့်ကတော့ ကျိုင်းတုံနယ်ဘက်မှာ တွင်တွင်ကျယ်ကျယ် မနက်စာအဖြစ်စားတဲ့အစားအစာလေးပါ
ခေါက်ဆင့်ဆိုတာကတော့ ခေါက်ဆိုတာက ထမင်း …ဆင့်ဆိုတာကတော့ အမျှင် ထမင်းမျင်လို့ပြောရင် ရီချင်စရာကြီးပေါ့
ဆန်နဲ့လုပ်တဲ့ အမျင်ဆိုမှတော့ မုန့်တီပေါ့
အလွယ်ဆုံးပြောရရင် ရှမ်းမုန့်တီပါ …
ရင်ငြိမ်းအရမ်းကြိုက်တဲ့ အစားအစာ တခုဖြစ်သလို
အိမ်ပြန်ရောက်တိုင်း မဲ့မဲ့ရဲ့ ခေါက်ဆင့်ကို မစားမနေနိုင်တဲ့ အစားအစာတခုပါ…

ခေါက်ဆင့်ကို နည်း၂ မျိုးနဲ ့ချက်စားတတ်ကြပါတယ်။
ပထမနည်းက ခေါက်ဆိန် ့ဂျိန်း(မ်)(မုန် ့တီဟင်းအချို)လို ့အဓိပ္ပါယ်ရတဲ့ ကျိုင်းတုံမုန် ့တီပေါ့။
အဓိကပါဝင်တာကတော့
(1) ပဲပုပ်ချပ်၊
(2) ခရမ်းချဉ်သီး
(3) ကြက်သွန်ဖြူနီ
(4) ဂျင်း
(5) ဝက်သား
(6) ဝက်သွေးခဲ..ဒါတွေနဲ့ချက်ပြီး
အထဲမှာ ထည့်စားတဲ့ အရွက်တွေကတော့
(7) ရွှေပဲရွှက်၊
(8) လက်ပံပွင့်ခြောက်ပြုတ်
(9) ပဲပင်ပေါက်
(10) ကြက်သွန်မြိတ်
(11) နံနံပင်
(12) နှမ်းထောင်း ဆိုရင်ဖြင့် အရောင်အသွေးစုံတဲ့ ခေါက်ဆင့်လေး ရပြီပေါ့….

နောက်တနည်းကတော့ ခေါက်ဆိန် ့ကျန် လို ့ခေါ်တဲ့(မုန် ့တီအပေါ့) ပေါ့
သူကျတော့ ဟင်းအနှစ်မလိုဘဲ ဝက်အူတွေကိုနေလှမ်းပြီး ကျွတ်နေအောင်ကြော်ထားတာလေးကို အပေါ်ကနေဖြူးစားတာပါ။
အဓိကတော့ဝါထိန်နေတဲ့ ဆီချက် နမ့်ဆန်းတိုဖူး ဝက်ဆီနဲ ့ချက်တာ၊ ခဲပြစ်ပြစ်ကြီးပေါ့
ဲပီးတော့ ကျွတ်ကျွတ်ကြော်ထားတဲ့ကြက်သွန်မြိတ်ကြော်(ဒါလည်းနေလှမ်းပြီးပြန်ကြော်တာ)။
ဟင်းရည်ကလည်း ကြက်သွန်ဖြူနီဂျင်းနဲ ့ပြုတ်ထားတဲ့ ဝက်ရိုးပြုတ်ရည် အထဲကိုဝက်သွေးခဲလည်းထည့်တတ်ကြပါတယ်။

ခေါက်ဆင့်ချက်ဖို့ ပဲပုတ်ချပ်လေးများလိုပါတယ်(မုန် ့တီ ၁ ပိသာလျှင် ၄ ချပ်နှုန်းထည့်ရပါတယ်) နူးအိသွားတဲ့ပဲပုတ်ချပ်များကို ကြိတ်ပြီးရေဖျော်ထားပါတယ်
လက်ပံပွင့်ခြောက်များကိုလည်း နာရီဝက်ခန် ့ရေစိမ်ထားပြီး နူးအောင်ပြုတ်ထားပါတယ်
ဟင်းအနှစ်ချက်ဖို့ ခရမ်းချဉ်သီးများနဲ ့ပဲပုတ်ချပ်များကို ဆနွင်းမှုန် ့အနည်းထည့်ပြီး နူးအောင်ပြုတ်ထားပါတယ်
ကြက်သွန်နီ/ဖြူတို ့ကို ကြိတ်ထားပါတယ် ဝက်နံရိုး ၂၅ကျပ်သားကိုရေဆေးသန် ့စင်ပြီး ပြုတ်ထားပါတယ်။
ဝက်သားအဆီနဲနဲ အသားများများ ၂၅ကျပ်သားကို ရေဆေးသန် ့စင်ပြီး လက်မဝက်အတုံးလေးများ လှီးထားပါတယ်။
ကြက်သွေးခဲ (ပဲသွေးပေါ့) ၃ တုံးကို အတုံးလေးများလှီးထားပါတယ်
ပြီးရင် ကြက်သွန်နီ/ဖြူ တို ့ကိုဆီသတ်ပြီး အနံ ့မွှေးလာလျှင် ဝက်သားအတုံးလေးများကိုထည့်ပါ ၊ ဆားအနည်းငယ် ၊ ဆနွင်းမှုန် ့အနည်းငယ် ထည့်ပါ။ အသားကျက်ရင် ခရမ်းချဉ်သီး ထည့်ပါ။ ဆီပြန်လာရင် ပဲပုတ်အရည်ထည့်ပြီး ဆီထပ်ပြန်လာလျှင် ကြက်သွေးခဲများထည့်ပါ။ တခဏလောက်မွှေပြီးလျှင် အရသာအပေါ့အငံမြည်းပြီး ဟင်းအနှစ်ကို ဝက်ရိုးပြုတ်ရည်အိုးမှာ လောင်းထည့်ပြီး ပွက်ပွက်ဆူအောင် နာရီဝက်ခန် ့တည်ထားပါ။
သုံးဆောင်ခါနီး ဟင်းရည်ပူပူကို ဒီလိုကျိုင်းတုံမုန် ့တီပေါ်မှာ လက်ပံပွင့်နဲ ့ ရွှေပဲရွက်ထည့်ပြီး လောင်းထည့်လိုက်ပါ။ ဟင်းရည်များ မုန် ့တီထဲစိမ့်ဝင်ပြီး အရသာပိုရှိစေရန်အတွက် ဟင်းရည်ပူပူကို မုန် ့တီပန်းကန်လုံးထဲလောင်းထည့်လိုက် အိုးထဲပြန်သွန်လိုက်နဲ ့ ၂ ကြိမ်ခန် ့လုပ်ပေးပါ။
ဒါဆိုရင်တော့ အရသာ အရမ်းရှိလှတဲ့ ရှမ်းမုန့်တီရပြီပေါ့
သူကို ဝက်ခေါက်ကြော်လေးနဲ့ တွဲဖက်ပြီးစားသုံးနိုင်ပါတယ် ……

အရသာရှိလှတဲ့ ရှမ်းမုန့်တီလပြ်စားတဲ့နေ့ကျရင် ဖိတ်ဖို့မမေ့နဲ့နော်

နွေးသီး
ရုံးတွင်းမဆာတဆာချိန်

33 comments

  • garfield

    August 13, 2013 at 1:17 pm

    ဆာဒယ်။
    ဆာဒယ်။
    နွေးတီးလေး ချက်ကျွေးပါ။
    :mrgreen:

    • Yin Nyine Nway

      August 13, 2013 at 1:43 pm

      ချက်တော့ ချန်ထားပေးပါ….
      အောက်မှာပြောထားတယ်လေ …ချက်စားရင် ဖိတ်ဖို့မေ့နဲ့လို့ … အာဟိ
      လွယ်လွယ်ကူကူချက်စားလို့ရလို့
      အားတဲ့တနေ့ ချက်စားပေါ့ 😛

  • ဦးကျောက်ခဲ

    August 13, 2013 at 1:17 pm

    တိန်… ခေါက်ဆင့်တော့ ကြိုက်ပါ့…
    ပျင်းရင် ချက်စားဖြစ်တယ်၊ ဒီမှာတော့ ဗီယက်နမ်ကလာတဲ့ မုန့်တီဖတ်ရတယ်…
    ခက်တာက ဝက်သွေးခဲ၊ လက်ပံပွင့်ခြောက်နဲ့ ပဲလိပ်ပြာရွက် မရလို့…
    ရွှေဖရုံညွန့်ထည့်စားတာ အဆင်မပြေဘူး… အရသာ တမျိုးကြီးဖြစ်သွားတယ်…
    ရွာပြန်ရင် လက်ပံပွင့်ခြောက် သယ်ဦးမှ…
    မိဗိုက်မို့ အားနာလို့ ချက်ကျွေးပါ မပြောတော့ဘူး… ဟီး ဟီး
    😀

    • Yin Nyine Nway

      August 13, 2013 at 1:46 pm

      ဦးကျောစ်ကလဲ
      ဝက်သွေးမရရင် ပဲသွေး
      လက်ပံပွင့်မရလဲ မထည့်နဲ့ပေါ့
      ပဲလိပ်ပြာရွက် မရင်နေပါ ရွှေပဲရွက်ရရင် ရပြီကို …
      နှင်းကလေးကို ပြောပြီး ချက်ကျွေးခိုင်းပေါ့ :mrgreen:

      • ဦးကျောက်ခဲ

        August 13, 2013 at 1:53 pm

        ကျောက်စ်က ခိုင်းမစားပါဘူး…
        နှင်းကလေးစားချင်ရင် ချက်ကျွေးဖို့ပါ… ဟီ ဟိ
        😀

        • Yin Nyine Nway

          August 13, 2013 at 2:11 pm

          ဂလိုပဲ ပြောကြတာပဲ
          ဘီးရင် 2လောက်ကျတော့
          မင်းလက်ရာလေးက ကောင်းလို့ စားချင်လိုက်တာ (ကိုယ်တွေ့)
          ဂလိုပဲ မြောက်မြောက်ပြီး ခိုင်းတွားတာပဲ 🙁

  • မဟာရာဇာ အံစာတုံး

    August 13, 2013 at 1:26 pm

    တစ်နေ့ နေ့ကျ …
    သည်းလေး ချက်ကျွေးတာ စားမယ် …
    :mrgreen:

    • Yin Nyine Nway

      August 13, 2013 at 2:02 pm

      အသဲနဲ့ ချက်စားလဲ ကောင်းတယ် ဟိဟိ :mrgreen:

  • Crystalline

    August 13, 2013 at 2:28 pm

    မစားဖူးဘူး.. စားချင်တယ်.. ကျိုင်းတုံကဆိုရင် ဝက်ခေါက်ကြော်၊ ကျိုင်းတုံဝက်အူချောင်းနဲ့ အမဲလုံးခေါက်ဆွဲဆိုသိပ်ကြိုက်.. :mrgreen:

    • Yin Nyine Nway

      August 13, 2013 at 2:58 pm

      Crystalline လေးရေ ….
      အမဲလုံးခေါက်ဆွဲ လုပ်နည်းလေးလည်း တင်ဖို့လုပ်ထားပြီးသား
      ကျိုင်းတုံကတော့ အဲအစားအစာတွေမှာ နာမည်ကြီးပေါ့
      ရှမ်းမုန့်တီကတော့ တော်တော်စားကောင်းတယ်
      အမဲသားလုံးခေါက်ဆွဲကို ကြိုက်ရင ်မုန့်တီလဲ ကြိုက်မှာသေချာတယ် …

    • ဦးကြောင်ကြီး

      August 14, 2013 at 8:28 am

      ဦးကြောင်ကြီး အမဲသား အစားဗူး… ခရစ်စတယ်လေး စားရင်တော့ သေခန်းပြတ်ပဲ… ဝက်ခေါက်နဲ့ ဝက်အူချောင်းကတော့ လာထား.. ဂျီးတော်နွေးသီးရေ သူ့ကိုရှမ်းစာ ချက်ပြုတ်နည်း သင်ပေးထားပါဗျာ….။ အိမ်ဦးနတ် ဦးကြောင်ကြီးကို သူပြုစုရတော့မှာ… ချက်ထားကွ… ရှမ်းမုန့်တီနဲ့ အခေါက်ကြော် စားပြီးရင် ခရစ်စတယ်လေးကို အချိုတည်းမယ်….. 😳

  • အရီးခင်

    August 13, 2013 at 2:44 pm

    ရင်ငြိမ်း ရေ
    တောင်ကြီးမှာ ဘဲ စားခဲ့ရဘူးတဲ့ ရှမ်းမုန့်တီ ပါ။
    ရန်ကုန် မှာ မစားရတော့ပါဘူး။
    အဓိက ရွှေပဲရွက် လတ်လတ်ဆပ်ဆပ် ကိုလွမ်းပါတယ်။
    ဒါထက် Due Date က ဘယ်တော့ လဲ။
    ရွှေတိုက် ရဲ့ အုပ်အုပ် တစ်ယောက် လဲ အတော် နီးပြီ ထင်ရဲ့။

    • Yin Nyine Nway

      August 13, 2013 at 2:55 pm

      အရီးရေ … အုပ်အုပ်က သမီးလေး မွေးပြီးသွားပါပြီ
      အနော်က ဒီဇင်ဘာနောက်ဆုံးပတ်ပါ … (သတိတရလေး မေးလို့ ကျေးဇူးပါ)
      ရွှေပဲရွက်က တောင်ကြီးမှာသာ လက်လက်ဆက်ဆက်ရတာ အရီးရ
      ဒီမှာ မရဘူး
      ရွှေပဲရွက်ရယ် လပ်ပံပွင့်ခြောက်ကြောင့် အရသာပိုထူးသွားတာ
      ဗိုက်ကြီးသည်မို့လားမသိ … ခုတလော ရှမ်းစာတွေသာ စားချင်ရင်း စားချင်နေလို့
      လုပ်လုပ်စားဖြစ်တယ် အရီး …

      • TNA

        August 13, 2013 at 9:29 pm

        ရွှေပဲရွက်ကလှည်းတန်းမှာရတယ်။ ဈေးတော့ကြီးတယ်။ စားချင်တော့လဲဝယ်စားရတော့တာပဲ။

    • kyeemite

      August 13, 2013 at 3:02 pm

      လုပ်ပြီ..ကိုခင်လတ်ကြီးတို့ကတော့..
      ရွှေတိုက် ရဲ့ အုပ်အုပ် ကဖြင့်မွေးပီးလို့ ခလေးတောင်ကျောင်းထားတော့မယ်.. :mrgreen:

      • အရီးခင်

        August 13, 2013 at 3:13 pm

        အဲ့
        သများ က ဘိုလို သိနိုင်ပါ့မလဲ။
        ဘယ်တုန်းက ထွက်လာတာလဲ။
        ဒါ့ပုံလေးများ မျှပါဦး။
        မောင်တိုက် ဆီ စာပို့ လိုက်ပါဦးမယ်။

  • kyeemite

    August 13, 2013 at 2:57 pm

    အင်း..နွေးတီးရေ..ကျောက်စ် တို့ နောက်တစ်ယောက်ရှိသေး..ဘာတဲ့ တရှီးရှီးအော်နေတဲ့ဟိုတစ်ယာက်လေ
    သူတို့တော့ သွားမစလေနဲ့ လေနဲ့တင် သေသွားနိုင်တယ်
    လေပြင်းတွေတိုက်နေကြတာလေ…အချစ်လေပြင်းပေါ့.. 😀

    • Yin Nyine Nway

      August 13, 2013 at 3:08 pm

      အဲ လေးမိုက်
      ရှီးကိုယ်တိုင်ကိုက အားကျချင်စရာ ပြန်ပြန်စနေတာ ချစ်စရာလေး
      ဖေ့ဘုတ်မှာ သူစကိုယ်စနဲ့
      ကော်မန်းဖတ်ရတောတောင် တော်တော် ပျော်စရာကောင်းနေဘီ
      တော်တော်ပျော်တတ်မဲ့ ရှီး
      မာနလည်း ရှိမဲ့ပုံမပေါ်
      ရုပ်နဲ့ စိတ်နဲ့ လိုက်ပါပေတယ်
      ဒါ့ကြောင့်လည်း တရှီးရှီးနဲ့ ပြောတဲ့သူက ပြောအားရှိတာပေါ့ 🙁

      • Min Zarni

        August 13, 2013 at 3:12 pm

        ဟောဒီရွာထဲက ကြက်သရေအရှိဆုံး ကောမန့်ပိုင်ရှင် ပါကလားကွယ်…
        မြောက်အမေရိက တိုက်က မျက်စိအမွဲဆုံး မြေဖုတ်ကဝေ ဂျီးနဲ့ များကွာထှာ…
        ဒချိ ဒချိ

        • Yin Nyine Nway

          August 13, 2013 at 3:42 pm

          ဟိုက်….
          အနော်က ဘွင်ဘွင်ဘဲ ပြောတတ်လို့ဘာ ….
          ကြည့်လဲ မြောက်အုန်း
          တော်ကြာ နံရံနဲ့ခေါင်းတို်က်မိနေအုန်းမယ်

        • TNA

          August 13, 2013 at 9:31 pm

          အောင်မယ်လေး အစဆွဲထုပ်ကြဗျန်ဘီ။ ဘယ်သွားသွားလွတ်ကိုမလွတ်ပါဘူးဆို။ ဒီမုန့်ပိုစ့် မှာလဲလာတွေ့ဗျန်ဘီ။ ခက်စ်ဘီ ခက်စ်ဘီ။

      • ဦးကျောက်ခဲ

        August 13, 2013 at 3:25 pm

        တွားပြီ တွားပြီ … မြှောက်ပေးတာ လက်လွန်သွားလို့…
        မောင်ဂီ တစ်ယောက် ကနေရင်း “_ တက်” သွားပြီ…ဟီ ဟိ
        😀

        • Min Zarni

          August 13, 2013 at 3:28 pm

          အဟွာတက် သွားဒါဘာ..
          ကြွက်စ်…

  • Ma Ei

    August 13, 2013 at 3:14 pm

    ရှမ်းစာတွေထဲ ရှမ်းခေါက်ဆွဲ၊ ငါးထမင်း ဘဲစားဖူးတာ…
    fb ထဲက ပုံလေးကြည့်ရတာ စားချင်စရာလေးရယ်…
    ရှမ်းခေါက်ဆွဲလဲ ပဲပုပ်မထဲ့တာ ပိုကြိုက်တယ်…
    :hee

  • GARFIELD

    August 13, 2013 at 3:53 pm

    မယုံဘူး…
    ယုံအောင်လုပ်ပြ… ဒါဗြဲ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • Yin Nyine Nway

      August 13, 2013 at 5:39 pm

      ချွှင် ချွှန် ချင် ….
      ကိုဝတုတ်တို့ တောင်ကြီးအိမ်နားက
      အ.ထ.က(4)ကျောင်းဘေးက ရှမ်းမုန့်တီ လွတ်ကောင်း
      နောက် ကျောင်းအောက်ဘက်က တိုင်းဆိုင်တဲ့ တိုဖူးနွေးဆိုင်
      သူ့ရှေ့တဲ့တဲ့က မောခမ်းနွံ က ရှမ်းစာတွေ
      မြို့မဈေးထဲက ချဉ်ငံစပ်
      သူအိမ်နီးနားမှာ စားချင်စရာတွေချဉ်းပဲ

  • ရွှေမိုးတိမ်

    August 13, 2013 at 4:03 pm

    မစားဖူးဘူး ….စားကြည့်ချင်လိုက်တာ 🙂

  • သျှားသက်မာန်

    August 13, 2013 at 6:42 pm

    ရှမ်းအစားအစာဆိုအရမ်းကြိုက်ပါတယ်…ဒီဟာလေးလည်းအပြင်မှာရောင်းရင်သိပ်ကောင်းမယ်..ဆိုင်များသိရင်ပြောပြပေးစေချင်ပါတယ်…

    • Yin Nyine Nway

      August 14, 2013 at 10:44 am

      ရန်ကုန်မှာ ဘယ်မှာရမှန်းမသိဘူး
      တောင်ကြီးဆိုရင်တော့ ဆိုင်တွေ ပေါတယ် ….
      တရုတ်တန်းမှာ ရမလားတော့မပြောတတ်ဘူး
      အရင်တုန်းကတော့ မြေနီကုန်းနားမှာ ရသေးတယ်
      ခုတော့ ဆိုင်မရှိတော့ဘူး ပြောင်းသွားဘီ

  • ငေးလ

    August 21, 2013 at 5:25 pm

    မြေနီကုန်း ရှမ်းကုန်းလမ်းက ရွှေပန်ဆိုင်း ဆိုင် မှာ ရနိုင်ပါတယ်
    အဲ့ဆိုင်ရောက် ရင် နာမည်ကြီးတဲ့ ရှမ်းအစားအစာတွေ အများရီး ရတဲ့ဆိုင်လေးပေါ့
    ခေါက်ဆင့်ကို ဆာ့ခုမ် နဲ့ တို့စားရတာလဲ အရမ်းကောင်းပါတယ်

  • kai

    August 22, 2013 at 2:51 pm

    စီအန်အန်ရဲ့.. မြန်မာ့စားစရာစရင်း၁ဝမျိုးထဲ.. ရှမ်းနွယ်အစာက.. ၃မျိုးပါနေတာတွေ့ရတယ်..။
    ကျုပ်အတွေ့အကြုံအရလည်း.. မြန်မာ့အစားအစာထဲ.. ရှမ်းစာကသာ.. ကမ္ဘာတန်းတိုးပေါက်ဖို့ရှိတယ်လို့.. မြင်တယ်..။

    ဆိုတော့…
    စကားအတင်းစပ်ပြောရရင်…
    လွတ်လပ်ရေးရပြီး.. မြန်မာ့ပထမသမ္မတဟာ.. ရှမ်းလူမျိုး..
    အခုလည်း.. ဒုသမ္မတက.. ရှမ်း..။
    အခုလောလောဆယ်မှာကို.. သီရိလင်္ကာမှာ.. ဘာသာရေးနဲ့ဒေါက်တာဘွဲ့(တကယ်ကျောင်းတက်ပြီး) ယူတွေထဲ.. ရဟန်း၆ပါးရှိတာမှာ.. ၃ပါးက… ရှမ်းတဲ့…
    တပါးကရခိုင်.. တပါးကဗမာ.. တပါးက.. မွန်..

    သခင်မျိုးဟေ့.. ရှမ်း.. အဲ.. အဲ.. ဘားမန်င်း..။ :mrgreen:
    =

    Tea leaf salad
    Shan-style rice
    Burmese curry
    Burmese tea shop meal
    Burmese sweet snacks
    Deep-fried stuff
    Shan-style ‘tofu’ noodles
    Nangyi thoke
    Mohinga
    Shan-style noodles

    http://travel.cnn.com/myanmar-food-669416

    • Yin Nyine Nway

      August 28, 2013 at 4:21 pm

      တရုတ်နဲ့ရှမ်းနဲ့ က အစားအစာ ခပ်ဆင်ဆင်ရယ်
      တလုတ်လောက်တော့ အစားမသောင်းကျန်းပေမဲ့ ရှမ်းစာလေးတွေက စားကောင်းတယ်
      တမျိုးရတမျိုး စိတ်ကူရတိုင်းတင်နေတာ

Leave a Reply