သပွတ်အူတို ့ ၏အာဏာ
” ဟေ… ဟုတ်လား ‘.. အေးအေး သားတို ့အဖေကိုပြောလိုက် ။ မနက် ဆယ်နာရီခွဲ ရောက်အောင် လာခဲ့မယ်လို ့…ကြားလား ”
ဟုတ် ဟုပြောဆိုကာ.. ဆယ်အိမ်မှူးသား ..လှစ်ခနဲ..ပြေးထွက် သွားသည် ။
ရာအိမ်မှုးကြီးမှာ တအံ့တဩ ဝမ်းပမ်းတသာ မျက်နှာနှင့် သူ ့မိန်းမကို
“‘ ဟိုဘက်ရပ်ကွက်က ဝါဆိုသင်္ကန်း ကပ် ဒံပေါက် ကျွေးမယ်ဆိုလို ့.. လာဖိတ်တာလေ ..” ဟု အားပါးတရ ပြောလိုက်သည် ။
ဟိုတလောက နာရေးတစ်ခု ဖြစ်သည် ။ နာရေးဖြစ်သေ ာအိမ်က အနည်းငယ် ဆင်းရဲသည် ။ ရပ်ကွက် ရဲ ့ သာရေးနာရေး ကူညီမှု အသင်းက
ကူညီတာကို ကောင်းကောင်း ကြည့်နေပါသော ရာအိမ်မှူး ။
ရက်လည် ဆွမ်းသွတ်ကို 1500 ကျပ် ကူငွေ ထည့်ကာ ဆယ်အိမ်မှူ း သုံးယောက်ကိုခေါ်ပြီး .သွားခဲ့သည် ။
( ရှက်ဖို ့ပင် မေ့နေသည် )
ယခု ..ဝါဆိုသင်္ကန်းကပ်ရန်… နံနက်ဆယ်နာ ရီခွဲတွင် လူစုကာ.. သွားစားဖို ့.. ဟန်တပြင်ပြင် အဆင်သင့်ဖြစ်နေချိန်..
သွားမယ့်လူ စုစုပေါင်း က( မရှိဘူးဆို ..ဆယ့်နှစ်ယောက် ဆယ်သုံးယောက်လောက်ပင် ရှိမလား..မသိ )
ဆယ်တစ်နာရီ ဘုန်းကြီး သီလပေးနေသောကြောင့် ..ရပ်ကွက် ဥက္ကဌ နှင့် အပေါင်းအပါများ မိုးတိုးမတ်တပ်နှင့် စောင့်ဆိုင်းနေသည် ။
( ရှက်ရကောင်းမှန်းမသိ )
ဟိုတလောက ကျွန်တော်တို ့လမ်းထဲတွင် မိသားစုအချင်းချင်း အိမ်တွင်းရန် ဖြစ်နေကြသည်မှာ မောင်နှင့်အစ်မ သားနှင့်အမိ မကြားဝံ့မနာသာ
အော်ဟစ် ဆူပူနေသည်မှာ.. တာဝတိ ံသာမှ ဦးမာဃ တောင် ကြားရမလောက်ပင် ။ ဂဇက်မှ ဦးမာ ဃ မဟုတ်ပါ ။
ရာအိမ်မှူးရောက်လာကာ.. မင်းတို မတိတ်ကြသေးဘူးလား..ငါဖုန်းဆက်လိုက်ရမလားဟေ့ လို ့.. အော်တာပင် သူတို ့အသံကို မလွှမ်းမိုးနိုင်ပါ ။
ဆယ်အိမ်မှူး.ရောက်လာကာ.. ” ဟာ အဘ သူတို့ က ဒီလိုဖြစ်နေကျပါ…။ ရိုးနေပြီ ။ လာ အဘ ဆိုင်သွားရအောင် ” ဆိုပြီး.ခေါ်ထုတ်သွာေးလသည်။
ဆယ်အိမ်မှူးဆီ ရန်ဖြစ်နေသော အိမ်က မနက်မနက်ဆို မုန့်ဟင်းခါး သုံးပွဲ အမြဲရောက်နေကျ ။
ရန်ဖြစ်သော အိမ်က မုန့်ဟင်းခါးရောင်းသည်လေ ။
ယခု တန်ဖိုးနည်းဖုန်း ဆင်းကဒ်များ မဲဖောက်ပေးတော့.. ရာအိမ်မှူး ဆယ်အိမ်မှူးတို ့ မတည့်ကြတော့ပေ။
သူ ့လူက ဘယ်နှစ်လုံး ။ ကိုယ့်လူက ဘယ်နှစ်လုံ းပဲ.. ရလိုက်တာ..ဆိုပြီး…. ( တိတိတိတ် ရန်ပွဲများ ) ဖြစ်နေကြသည် ။
ရာအိမ်မှူးက ဆယ်အိမ်မှူး မကောင်းကြောင်းပြောသလို … ဆယ်အိမ်မှူးကလည်း. ရာအိမ်မှူး.အရှက် တကယ်ပင် မရှိကြောင်း..
တစ်ယောက်ကွယ်ရာတစ်ယောက် ပြောနေကြသည် ။ သူတို့တွေ ကြားမှာ.. ရင်ကြားဝင်စေ့ပေးသူကိုတောင် ရန်သူကြိးတစ်ယောက်လို..
ဆက်ဆံနေကြသည် ။
” ဒီကောင်တွေ အကြောင်း လာမပြောစမ်းပါနဲ ့ကွာ..” လို ့… ပြောသူက ရာအိမ်မှူး ။
” ဒီကောင်ကြီး..ဒီနေရာက မြန်မြန် နှုတ်ထွက်အောင်လုပ်ရမယ်.လို ့… လက်ခမောင်းခတ်နေသူများက ဆယ်အိမ်မှူးတွေပင် မဟုတ်ပါလား ။
ကျွန်တော့် ရဲ ့ရပ်ကွက်ထဲမှာ.. ရာအိမ်မှူး..အာဏာရသူနျင့် ဆယ်အိမ်မှူး.အာဏာ ရသူများကိုသာပြောဆ်ိုခြင်း ဖြစ်ပါသည် ။
ဘယ်မြို ့နယ် ဘယ်ရပ်ကွက် မှ ရာအိမ်မှူး ဆယ်အိမ်မှူးများကို မရည်ရွယ်ပါ ။
အာဏာ ပါဝါ တွေ ရူးကြပေတော့သကိုး….
ချစ်ခြင်းမေတ္တာဖြင့်
မိုးမင်းသား
10 comments
အလင်းဆက်
August 13, 2013 at 7:23 pm
အာဏာရူး
ပလာတူးများ..
ကျန်းမာချမ်းသာကြပါဇေ..
သူတို ့.. ကျန်းမာနေမှ
သူတို ့ထက် ဆိုးတဲ ့ ဟာတွေ..
မြန်မြန် ရောက်မလာမှာ..
:kwi:
မရဏဖွား
August 13, 2013 at 8:14 pm
ကျွန်တော်တို့အစိုးရ ရဲ ့လက်ဆင့်ကမ်းပေးနေသောကျက်သရေတုံး အမွေတွေကတော့အံ့မခန်းစရာ…
ပေါ်တင်ခိုးနည်း၊ပေါ်တင်လိမ်နည်း၊ကလိမ်ကကျစ်ကျနည်း၊ဗျောင်လိမ်နည်း၊ဗျောင်ညာနည်း၊
ခိုးချောင်ခိုးဝှက်လုပ်နည်း၊မသထာရေစာ စားနည်း၊မသထာရေစာမြိုကျနည်း၊…..
ရေးရင်ကုန်နိူင်ဖွယ်ရာမရှိ…….။
Wow
August 14, 2013 at 9:51 am
ရွာ့ဆယ်အိမ်ခေါင်းရွေတိုက်တော့ဒီထဲ မပါလောက်ဝူးထင်ဒယ်
garfield
August 14, 2013 at 11:51 am
သပွတ်အူ ကမှ ချေးတွန်းလို့ ရသေးအေ။
လုံမလေးမွန်မွန်
August 14, 2013 at 11:55 am
ဒါ သူတို့ရဲ့ နောက်ဆုံးစားပေါက်ဆိုပြီး အပီလုပ်နေကြတာ နေမှာပေါ့… လုပ်ကြပါစေ… ကုသိုလ်ရတယ်ပဲ မှတ်ထားတယ်.. 🙂
kyeemite
August 14, 2013 at 11:59 am
ရွာ့ဆယ်အိမ်ခေါင်း ဒီအချိန်လောက်ဆို အနှီးလျှော်နေရလောက်ပီ.. 😀
မိုး မင်းသား
August 14, 2013 at 7:03 pm
ဆက်ဆက်ရေ…..
တောင်းတဲ ့ဆုနဲ ့ပြည် ့ဝမှာပါလေ…….
မိုး မင်းသား
August 14, 2013 at 7:07 pm
မရဏဖွားရေ……
ရေးရရင်တော ့…မရဏပြောသလိုပါပဲ…
ရေးလို ့..ဆူံးနိူင်မယ်မထင်ပါ……
ရေးလို ့တော ့မဆုံးဘူကွယ်…….(မေတ္တာတုံးတွေအကြောင်းလေ)
မိုး မင်းသား
August 14, 2013 at 7:13 pm
ကိုရွှေတိုက်ကိုပြောတာမဟုတ်တဲ ့အတွက်…..
သူအေးအေးဆေးဆေး…အနှီးလျှောပေစေလေ…….
မိုး မင်းသား
August 14, 2013 at 7:18 pm
ဂါဖီးလ်ရေ….
ပြောတာမှန်လိုက်တာ…..
အမှန်ဆိုရင်…နှူူှိင်းစရာမရှိလို ့ပြောလိုက်ရတာ…..စကောလောက်ဖောက်မနက်တဲ ့လူမျိုးတွေပါအေ…..