ရုန်းကန်လှုပ်ရှား ဘဝများ
“ငါးယူဦးမလား အစ်ကို” …..
“ငါးယူဦးမလား အစ်ကို” ….
ဒူးခေါင်းထိရောက်နေတဲ့ ရေတွေထဲ လမ်းလျှောက်ရင်း မရဲတရဲ အသံနဲ့ ကျွန်တော် လိုက်မေးပါတယ် ။ တချို့က မိသားစု နဲ့ ၊ တချို့ က သူငယ်ချင်းမိတ်ဆွေတွေနဲ့ အကြော်တွေ၊ ထမင်းဆီဆမ်းတွေ မှာစားကြ ၊ ပျော်ပျော်ပါးပါး စကားတွေပြောလိုက်ကြ ၊ ရယ်မောပျော်ရွှင်လိုက်ကြ နဲ့ ကျွန်တော် နေ့စဉ်မြင်တွေ့နေရတဲ့ မြင်ကွင်းပေါ့ ။ ကျွန်တော် သူတို့ကို အားကျလိုက်တာဗျာ ….
ဒါပေမယ့် မဖြစ်သေးပါဘူး ။ ကျွန်တော် က ဦးပိန်တံတားမှာ ငါးရောင်းရတာဗျ ။ ကျောင်းလား … နှစ်တန်းထိတော့ နေဖူးတယ်ခင်ဗျ ။ နောက်တော့လဲ အိမ် က အဆင်မပြေတော့ ကျောင်းထွက်လိုက်တာပေ့ါဗျာ ။ ကျွန်တော့် မှာ ညီလေး တစ်ယောက် ၊ ညီမလေးတစ်ယောက်ရှိသေးတယ်ဗျ ။ ကျွန်တော့်အသက်လား … ဆယ့်တစ်နှစ်ရှိပြီဗျ ။ ဆယ့်တစ်နှစ်ဆိုလို့ ငချွတ်ဆိုပြီး အထင်မသေးနဲ့ဗျနော် ။ ကျွန်တော် ပိုက်ဆံရှာနိုင်ပြီဗျ ။ ကျွန်တော် ရွက်ထားတဲ့ ဗန်းပေါ်မှာ ငါးတွေပါတယ်ဗျ ။အများကြီးတော့ မဟုတ်ပါဘူး အားလုံးပေါင်း ဆယ်ကောင်လောက်တော့ကျန်သေးတယ် ။
ကျွန်တော့အဖေ က ငါးဖမ်းတယ်လေဗျာ ။ ငါးဖမ်းတယ်ဆိုပေမယ့်လည်း အတည်တကျအလုပ်ကြီးတော့မဟုတ်ပါဘူးဗျာ ။ ငါးဆိုတာမျိုးကလဲ တောင်သမန်ဒီလိုရေတက်ချိန်မျိုးမှာမှ ပေါတာကိုး ။ ပြီးတော့လဲခိုးဖမ်းရတာဗျ ။ ကျန်တဲ့အချိန်တော့ အဖေလဲ တောက်တိုမယ်ရ အကုန်လုပ်တာပေ့ါဗျာ။
ညနေလဲစောင်းနေပြီဗျာ။ မြန်မြန်ရောင်းကုန်ချင်လှပြီဗျ ။ ဒီငါးတွေအကုန်ရောင်းရရင် ငွေ တစ်ထောင်လောက်တော့ရမှာပဲဗျ ။ အဲ့ကျမှ အိမ်စားဖို့ ညနေစာ ဆန်ဝယ်ရမယ်ဗျ ။
ကျွန်တော် က ငါးယူဦးမလားမေးတော့ အကြော်စားနေတဲ့ အစ်မကြီး က ကျွန်တော့်ဗန်းပေါ်က ငါးတွေကို သနားသလိုကြည့်ပြီး ခေါင်းတွင်တွင်ခါတော့တာပဲဗျ။ ငါးတွေက မသေသေးဘူးကိုဗျာ ။ ဗန်းထဲထည့်ခံထားရတော့ ပါးစပ်တွေ ဟစိ ဟစိ လုပ်ပြီး သူတို့တတ်နိုင်သလောက် အသက်ဆက်ရှင်နိုင်ဖို့ကြိုးစားနေကြတာနေမှာပေ့ါဗျာ ။
ကျွန်တော်လဲ သနားတတ်ပါတယ်ဗျာ ။သူတစ်ပါးအသက်မသတ်ချင်ပါဘူးဗျ ။ကျွန်တော်တို့ ရွာက ဘုန်းဘုန်းကလည်းမှာတယ်ဗျ သူများအသက်မသတ်ရဘူးတဲ့ ။ သနားပေမယ့်လည်း မတတ်နိုင်ဘူးပေ့ါဗျာ ။ ကျွန်တော်လဲ ကျွန်တော် တို့ မိသားစု ထမင်းတစ်နပ် စားရဖို့ အတွက် ၊ ထမင်းနပ်မှန်ဖို့အတွက် ၊ အသက်ဆက်ရှင်ဖို့အတွက် ဒီငါးတွေကို ကုန်အောင် ရောင်းမှဖြစ်မယ် မဟုတ်လား ……
“ဟောဒီက ငါးယူဦးမလား ဗျ အကို ရ “
(တစ်စုံတစ်ရာရှင်သန်ဖို့ အတွက် တစ်စုံတစ်ရာ က စတေးပေးရတာ လောက ရဲ့ ဓမ္မတာ )
19 comments
ချစ်လင်းအိမ်
August 14, 2013 at 4:43 pm
ရှိတဲ့ ပိုက်ဆံ နဲ့ရသလောက်လွတ်လိုက်ပါလားဟင်
တရုတ်ကိုပို့မဲ့ခွေးတွေကိုလည်းရသလောက်လိုက်ကယ်နေကြတယ်
ထပ်တူထပ်မျှဝမ်းသာပီတိဖြစ်ရပါတယ်။
ရွှေမိုးတိမ်
August 15, 2013 at 10:30 am
နောင်တအရမိဆုံးက အဲ့ကိစ္စပါပဲ။ ကိုယ့်ရှေ့မှာ အဲ့မြင်ကွင်းကိုမြင်လိုက်ရတုန်းက ကလေးလေးကိုလည်းသနားတယ် ငါးတွေကိုမြင်ရတော့လည်း စိတ်မသက်သာဘူး ။ စိတ်ထဲမှာဘယ်လိုကြီးခံစားလိုက်ရမှန်းကို မသိတာ။ ဒါပေမယ့် ခေါင်းထဲမှာ ငါးတွေဝယ်ပြီးလွှတ်လိုက်ရင် …ဆိုတဲ့အတွေးက အဲ့ဒီအချိန်ပေါ်ကိုမလာခဲ့ဘူး…. ချစ်လင်းအိမ် ပြောသလိုလေး တကယ်သာလုပ်ဖြစ်လိုက်ရင် နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ ကုသိုလ်အလုပ်လေးဖြစ်ခဲ့မှာ။
garfield
August 14, 2013 at 5:09 pm
မနေ့ကမှ စာအုပ်ထဲက ကိုကြီးမိုက်ရဲ့ ပို့(စ) ဖတ်ပြီး ငိုချင်ထားတာကို
အဟင့်!!!
😥
အလင်းဆက်
August 14, 2013 at 6:01 pm
န်ိုနဲ့
တိ
တိ
🙂
ရွှေမိုးတိမ်
August 15, 2013 at 10:31 am
ငိုနဲ့ ငိုနဲ့ ။ လိမ်မာတယ် 🙂
အလင်းဆက်
August 14, 2013 at 8:18 pm
အော်….
ဘဝ အထွေထွေ…..
kyeemite
August 15, 2013 at 2:05 pm
ငါ့ဝမ်းပူဆာမနေသာတဲ့….
ငါးကြော်တော့ကြိုက်ပြီး ငါးအရှင်သနားသူတွေကို ကိုကိုးသိပ်မုန်းတာပဲမီးရယ်…ဟီဟိ :loll:
ရွှေမိုးတိမ်
August 15, 2013 at 2:40 pm
ငါးကြော် က လှုတ်မှမလှုတ်တော့တာကိုးလို့ ……ငါးအရှင်ကြီးက လှုတ်တုတ်လှုတ်တုတ်နဲ့ဆိုတော့ တနားတာပေါ့ရို့……. တိပ်မမုန်းဘာနဲ့ ကိုကြီးမိုက်ရယ် 😀
မဟာရာဇာ အံစာတုံး
August 15, 2013 at 3:32 pm
“…….
သူတည်းတစ်ယောက်
ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ
ပျက်လင့်ကာသာ
ဓမ္မတာတည်း။
…….”
Mr. MarGa
August 16, 2013 at 8:16 pm
သူလဲ သူ့အမြင်
ကိုယ်လဲ ကိုယ့်အမြင်
အမြင်မတူတာမို့
ဒီလို အဖြစ်တွေ ကြုံလာတာပါ
ဒီအမြင်နှစ်ခုရဲ့ကြားမှာ ညှိနိုင်သူကတော့
ဒီလိုတွေ မကြုံရတော့ဘူးပေါ့
ရွှေမိုးတိမ်
August 17, 2013 at 10:53 am
ဟုတ်ပ ကိုမာဃရေ။ အဲလိုညှိနိုင်ဖို့ဆိုတာကလဲ သိပ်တော့မလွယ်ပဲကိုးနော် ။
ကိုပေါက်(မန္တလေး)
August 17, 2013 at 9:53 am
စာလုံးတွေထပ်ပြီး ဖတ်လို့မရဖြစ်နေတာကို ပြင်ဆင်နိုင်ခွင့်ရှိသောသူများက ပြင်ပေးစေလိုပါတယ်။
ရွှေမိုးတိမ်
August 17, 2013 at 10:36 am
ဟုတ်သားပဲ ။ ဘယ်နားချိန်ရလဲဟင် ကိုပေါက် ။ နောက်ခေါက်သေချာရေးပါ့မယ် 😀 ပြီးတော့ စာတွေအပေါ်ဆုံးမှာ အင်္ဂလိပ်လို်တွေပေါ်ပေါ်နေတာ ဘာလို့လဲမတိဘူး ….
ကိုပေါက်(မန္တလေး)
August 18, 2013 at 11:41 am
ရွှေမိုးတိမ်က အက်ဒစ်မရလောက်သေးဘူး။
ရွာထဲမှာ ပြင်ပေးနိုင်တဲ့သူတွေရှိပါတယ်.။
သူတို့က အမြင်မတော်ရင် ပြင်ပေးပါလိမ့်မယ်။
ရွှေမိုးတိမ်
August 19, 2013 at 11:27 am
ကိုပေါက်ရေ … ပြင်ပေးတယ်ဗျ နှစ်ထပ်တွေဖြစ်တော့ဘူး ။ အင်္ဂလိပ်လိုတွေလဲမပေါ်တော့ဘူး … 🙂
kai
August 18, 2013 at 2:43 pm
လတ်ဆတ်တဲ့ငါးမို့… ဝယ်စားသင့်ပါတယ်..
သေနေရင်တော့.. တွေးစရာပေါ့…
ဆိုတော့…
သနားချင်ယောင်.. မဆောင်သင့်ကြကြောင်း..။ :kwi:
ရွှေမိုးတိမ်
August 19, 2013 at 11:24 am
heee ဟုတ်ကဲ့ ။ 😀
ကိုရင်စည်သူ
August 18, 2013 at 3:47 pm
ဝဋ်တွေ လှည့်ခံနေကြပါလား… အော်.. သံသရာ…
ရေထဲရောက်ချိန်ရယ်. ငါးတော့ ဘယ်တော့မှ မစားဘူး…
ဇာတ်တူသားလို ခံစားရလို့… 😥
ရွှေမိုးတိမ်
August 19, 2013 at 11:19 am
ကိုရင်စည်သူ က သင်္ဘောသားလားဗျို့ …. ဇာတ်တူသားလိုခံစားရတယ်ဆိုလို့ 😀