Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်တော်ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း(၁၄)

alinsettAugust 19, 20132min4455

ကျွန်တော်ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း(၁၃) ကို ဖတ်ရန်

 

 

001

 

 

ပညာရှိများ
“အနု ပညာမှ ာ ပုံသဏ္ဌ ာန်သာ အဓိ ကဗျ”

“အတွင် းသားကသာ အဓိ က ကွ”

ပညာရှိများ ငြင်းခုန် ကြ၏  ။

အကြာကြီ းကြာမှလူ စု ကွ  ဲသည်။

သူ တို့  ပြန်သောအခါ မို းကြီ းရွာနေပြီ။

အတွင် းသားက အဓိ ကဟုပြောသော ပညာရှင် များက (ထီ းရိုး မပါ ထီ းရွက်ချည် းကိုသာ  ကိုယ်ပေါ်အုပ်၍ ပြန်သွ ားကြလေသည်။

ပုံသဏ္ဌ ာန်အဓိ ကဟုပြောသော ပညာရှင်များက (ထီ းရွက် မပါ) ထီ းရိုးကြီ းကို ပဲကိုင်ဆောင် းပြန်သွ ားကြလေသည်။

 

တာရာမင်းဝေ

 

===============================================================

 

002

 

အကြောင်းအရာ တစ်ခုကို

ငြင်းကြခုန်ကြနဲ့   ပုကျိပုကျိ ဖြစ်နေပြီ ဆိုရင်

အဲဒီ အကြောင်းအရာ နဲ ့ပက်သက်ပြီး သူတို့ ့သေချာ ရေရာ မသိသေးလို့ပဲ ဆိုတဲ့ စကားပုံလေး ကြားဖူးပါတယ် ။

ဟုတ်ကောင်း ဟုတ်ပါလိမ့်မယ် ။

သေချာ သ်ိလို ့ငြင်းတယ် ဆိုလည်းး

အဲဒီ အသိ တွေနဲ ့ပဲ သူတို ့ဟာ တယူသန်ပြီး အစွန်းရောက်နေကြပြီ လို ့ ယူဆရင် ရပြန်ပါတော့တယ် ။

အနုပညာ = ပုံသဏ္ဌာန် နဲ့ အတွင်းသား ကိစ္စကို ဟို ပညာရှိကြီးတွေ ငြင်းခုံနေကြတဲ့ အထဲ . . .

ကျွန်တော်လည်း နည်းနည်း ဝင်ပြောချင်လာပါတယ် ။

သိလို ့ပြောတာ မဟုတ်သလို မသိပဲနဲ ့ဝင်ပြောတာလည်း မဟုတ်ပါဘူး ။

အစွန်း မရောက်ချင်တာလေး ပြချင်လို ့ဝင် ပူညံပူညံ လုပ်တာ လို့ပဲ ယူဆစေလိုပါတယ် ။

=====================
သူတို ့ပြောတဲ့ အနုပညာပုံသဏ္ဌာန်ဆိုတာကို . .

ပုံသဏ္ဌာန်ဝါဒ ( FORMALISM )ခေတ်ဦးက လျှမ်းလျှမ်းတောက်ခဲ့တဲ့

ရှေ ့ဆောင် ပုံသဏ္ဌာန်ဝါဒီ နှစ်ယောက်ဖြစ်တဲ့………….

CLIVE BELL   နဲ ့ ROGER FRY တို ့ရဲ ့အယူဝါဒတွေ ထည့်ပြောနေရင် နားညည်းသွားပါလိမ့်မယ် ။

ပြီးတော့ . . .

THEORY OF ARTISTIC AND AESTHETIC PURITY  ( အနုပညာနှင့် ရသ တို ့၏ သန့်စင်မှု သီဝရီ) ဆိုတဲ ့

ပုံသဏ္ဌာန်ဝါဒ ရဲ ့အုတ်မြစ်ကြီးကိုလည်းး ပြန် မတူးဆွချင်တော့ပါဘူး ။

ဒါပေမယ့် အဲဒီ အုတ်မြစ်ကြီးကို နည်းနည်း အနားကပ်ကြည့်ရပါဦးမယ် ။

တူးဖော်ပြသတဲ ့အဆင့် လို ့မယူဆပါနဲ ့။

အလင်းဆက်ဆိုတဲ ့ ခပ်ညံညံ့ချာတိတ်ကလေးက အဲဒီ အုတ်မြစ်ကြီးကို ဖုန်သုတ်ရုံလောက် သုတ်နေတယ် လို ့ ယူဆရင် အိုကေ ပါပြီ ။

=====================

ပုံသဏ္ဌာန်ဝါဒီတွေရဲ့ သဘောထားတစ်ရပ်အရ . .

စာပေအနုပညာဟာ သန် ့စင်တဲ့ အနုပညာ မဟုတ်ဘူးးးလို ့ သတ်မှတ် ခံခဲ့ရပါတယ် ။

(((CLIVE BELL , ”ART ” , LONDON ,  CHATTOS AND WINDUS , 1974 , စာမျက်နှာ 153 )))

LITERATURE IS NEVER PURE ART.

=====================

ပုံသဏ္ဌာန်ဝါဒီတွေရဲ ့အဆိုအရ . . .

ဥပမာ = ပန်းချီကားတစ်ချပ်မှာ

လူပုံ  ပန်းပွင့်ပုံ   ရှုခင်းပုံနဲ ့အခြား အဖြစ်အပျက် အကြောင်းအရာတွေ မပါပဲ  ရေးဆွဲမှ  သန့်စင်တယ် . . . တဲ့ ။

သဘောကတော့  အကြောင်းအရာတွေ အဖြစ်အပျက်တွေ ပါနေရင်

အဲဒါ . . .သန့်စင်တဲ့အနုပညာ မဟုတ်ဘူးးးတဲ့ ။

ဥပမာ =  ဗိုလ်ချုပ်အောင်ဆန်းပုံ ပုံတူပန်းချီကားတစ်ချပ် / ဗိုလ်ချုပ်အကြောင်း ရေးထားတဲ့ ကဗျာတစ်ပုဒ် /

ခံစား ဖတ်ရှု လိုက်တဲ့အခါ

ခံစားသူအနေနဲ့  ဗိုလ်ချုပ်ရဲ့ ဘဝ နဲ့ ဂုဏ်ရည်သတိ္တများ

ချီးမွမ်းချင်စိတ်  ကဲ့ရဲ့ချင်စိတ် ဖြစ်ခြင်းများ

အတိတ်သမိုင်းရဲ ့ခံပြင်းဒေါသ ထွက်စရာ ကိစ္စများ ကို ပြန် တွေးတော ခံစားမိစေပါတယ် ။

အဲဒီ  ခံစားချက်တွေ  ရတာထက်  ပိုပြီး သန့်စင်တဲ့ အနုပညာခံစားမှု ဖြစ်သော . . .

နှစ်သက်ကြည်န ူးမှ  ု ပေးနိုင်ခြင်း  ကို  ရဖို ့…လိုပါတယ်တဲ့ ။

( ပန်းချီကားတစ်ချပ်မှာ ဆိုရင် )   မျဉ်းတွေ အရောင်တွေ အလင်းအမှောင်နဲ့ ့ထုထည်သဘောတွေ

သီးသန့် (သီးသန့်)နဲ ့  အကြောင်းအရာကိုပစ်ပယ်ပြီး  ရေးဆွဲပြနိုင်ခြင်းကို  သာ

ပုံသဏ္ဌန်ဝါဒီတွေက  သန့်စင်တဲ့ အနုပညာလို ့  သတ်မှတ်ပါတယ် ။

ဂီတဆိုရင်လည်း

စကားလုံးနဲ့ ့အကြောင်းအရာကို ဖော်ပြနေတာတွေ

ဗျည်းသံ  သရသံ တွေ  မပါတဲ့

ဘာသာစကားမပါတဲ့  ( သံစဉ်သက်သက်နဲ ့ သတ်မှတ်ထားတဲ့ )  ခွင်ထဲမှာ   နှစ်သက် သာယာဖွယ်  သံစဉ်တွေကို  စီကာစဉ်ကာ ဖွဲ့ ့စည်းထားတဲ ့

ဂီတသံစဉ်   (သို့မဟုတ်) တီလုံးသက်သက် ကိုသာ

သန့်စင်တဲ့ ဂီတအနုပညာလို ့  သူတို့ ့သတ်မှတ်ပါတယ် ။

( ကျွန်တော်တို ့ဆီမှာ…..  စိန်ဗေဒါတို ့လို ဂီတပညာရှင်ကြီးတွေ ရဲ့ ့ဆိုင်းလက်သံ တီးလုံးတွေ  ရှိပါတယ်။

သူတို ့ပြောတဲ့ သန့်စင်တဲ့အနုပညာစာရင်းထဲ  သွင်းလို ့ရမယ်ထင်ပါရဲ ့လေ )

ဝတ္ထုတို ့ ကဗျာတို့မှာလည်းး အကြောင်းအရာ

( ဇာတ်လမ်း ဇာတ်အိမ် သဘော / အခင်း အခက် အဖြေ ဆိုတဲ့ ရေးဟန်သဘောတွေ ကို )

ပစ်ပယ် ထားမှ  သန် ့စင်တဲ့ စာပေအနုပညာ ဖြစ်တယ် ပေါ ။

(((   IMPRESSIONISM  ဟာလည်း  ပုံသဏ္ဌာန်ဝါဒ  ခေတ်ဦးမှာ

အားကောင်ကောင်းနဲ ့ပျံ ့နှံ ့နေခဲ့ပါတယ် ။ အကြောင်းအရာ ရဲ့အရေးပါမှ  ု   ဆိုတာတွေကို စွန့် ့လွှတ်ကြဖို ့ကြွေးကြော်  လှ  ုပ်ရှားကြတော့တာပါပဲ  ။  ))))

ဆိုတော့ . . . . . . . . အတွင်းသား လို ့ခေါ်တဲ့  အကြောင်းအရာကို ပစ်ပယ်မှ  သန့်စင်တဲ့အနုပညာ ဖြစ်တယ်  ဆိုတဲ့

ပုံသဏ္ဌာန်ဝါဒီတွေရဲ ့အဆိုကို   ဘာပဲ ဖြစ်ဖြစ်  မှတ်သား တွေးခေါ် ခဲ့ ရတာပါပဲ ။

သူတို ့အတွေးအခေါ်ကြီးတွေ ကို ဆက်လက် တွေးခေါ် ပွါးများပြီး  ကျွန်တော်တို ့အနုပညာ သမိုင်းသစ်ကို  ဆက်ရေးဖို့ ့ကြိုးစား ရပါတယ် ။

============================

ကျွန်တော်ကတော့

ဘာဝါဒ အစွဲမှ  စွဲ မထားချင်သူမို ့

ပုံသဏ္ဌာန်ဝါဒီတွေရဲ ့အယူအဆတွေကို  အကြွင်းမဲ ့ လက်မခံပါဘူး။

ဒီ ဝါဒ မှာလည်း  အခြား အခြားသော  အနုပညာ သီဝရီတွေ  နည်းတူ  လှစ်ဟာနေတဲ ့အချက်တွေ  အားနည်းနေတဲ့ ့အချက်တွေ    ရှိနေတာပါပဲ ။

============================

ကျွန်တော့် အလိုအရဆိုရင် . .

ပုံသဏ္ဌာန် ဝါဒ အရ ဖန်တီး ထားတဲ့ အနုပညာပဲဖြစ်ဖြစ် . . .

အတွင်းသားအဓိက အယူအဆအရ ဖန်တီးထားတဲ့အနုပညာ  ပဲ ဖြစ်ဖြစ် . . .

နှစ်မျိုး ရောထွေး နေတဲ့  အနုပညာပဲ ဖြစ်ဖြစ်  . . .

ခံစားသူအတွက်  နှစ်သက်ကြည်နူးမှ ု ဆိုတဲ့  အနုပညာရသ ကို ပေးစွမ်းနိုင်ဖို ့ က  အဓိက ပဲ လို ့ ယူဆမိပါတယ် ။

အနုပညာဟာ  အနုပညာ ဖြစ်နေဖို ့ပဲ လိုတယ်ပေါ့ဗျာ ။

 

ဇာတ်လမ်း ဇာတ်အိမ် ခိုင်ခိုင်နဲ ့ ကျွန်တော်တို ့ အသည်းကို   ချုပ်ကိုင် လွှမ်းမိုးနိုင်စွမ်း  ရှိတဲ့

စာပေလက်ရာတွေလည်း   ရှိခဲ ့ /ရှိနေ ပါတယ် ။

ရှေ့က  ဆရာကြီး ဆရာမကြီး တွေရဲ ့ စာပေလက်ရာတချို့ဟာဆ်ိုရင် . . .ဂန္ထဝင်မြောက်စွာ သမိုင်းမှာ ပစ်ပယ်မရ ပဲ နေရာယူခဲ့တာတွေ ရှိတာပါပဲ ။

အဲဒီလိုပါပဲ ။

ဇာတ်လမ်းဇာတ်ကွက်နဲ ့ အကြောင်းအရာကို  ပစ်ပယ်ပြီးးး  ဖန်တီးထားတဲ့

စာပေလက်ရာတွေကလည်းး

ဆန်းသစ်လွန်းစွာ အံ့ဩစေပြီးးး တသသတဖွဖွ ပြန် သတိရနေစေမယ့်

စာပေလက်ရာ ဖန်တီးအားထုတ်မှ ုတွေ  ရှိခဲ့ / ရှိနေတာပါပဲလေ ။

===============

တကယ်တော့ . . . . .

အစွန်းတစ်ဖက်မှာ  သွားရပ်မိပြီဆိုရင်  ကျန်တဲ့တစ်ဖက်က ထိုးထိုးထောင်ထောင် ဖြစ်ပြီးးး

ကိုယ် ရပ်နေတဲ့  နေရာလေး   ယိမ်းထိုး လှ ုပ်ခတ် / ယိုင်လဲ နိမ့်ကျသွားဖို့ ့အလားအလာတွေ  ရှိနေပါတယ် ။

ဒါကြောင့် . . . . . . .ဘယ်ကိစ္စမဆို  အစွန်းနှစ်ဖက်က လွတ်တဲ့ နေရာကနေ  တွေးခေါ်မျှော်မြင် တာက  အကောင်းဆုံးမို ့

ကျွန်တော်. . . . . .

ကျွန်တော် ……ဒီကိစ္စမှာ  . . . . . .

ခလယ်ကပဲ  နေပါဦးမယ် ။

—————————————————–

 

လေးစားစွာဖြင့်

 

အလင်းဆက်

 

 

=================================================

 

 

မော်ဒန်ပန်းချီမှာ …..

Pointillim / Pointillisime ဆိုတဲ ့ နည်းစနစ်တစ်ရပ်ရှိပါတယ်.. ။

အင်ပရင်ရှင် နစ် လက်သစ် ဝါဒီတွေရဲ ့ နည်းစနစ်လို ့ သိရပါတယ် ။

ဂျော့ဆူးရတ်ဆိုသူက ဦးဆောင်ပြီး.သုံးစွဲခဲ့တယ်…တဲ ့ ။

ပန်းချီကားတစ်ချပ်ကို သေးငယ်တဲ ့…

အစက်အပြောက်လေးတွေနဲ ့ ဖော်ဖောင်ပြခြင်းလို ့….. ခပ်လွယ်လွယ်ပြောနိုင်ပါတယ် ။

အခု…ဆရာတာရာမင်းဝေ… တင်ပြခဲ့တဲ ့ ဝတ္ထုတိုလေးတွေဟာ…. ဇာတ်လမ်းသဘော / ဇာတ်ကွက်သဘောမျိုးတွေ..ကို

အားပြုတာထက်…..

ပွှိုင့် ( Point ) သဘောကို..ဆောင်နေပါတယ် ။

အယူအဆ အတွေးအခေါ်တွေကို…. ခံစားသိနဲ ့..ဖော်ထုတ်ပေးနိုင်မယ် ထင်ပါတယ် ။

အဲဒီလို…ကျစ်လျစ်လွန်းတဲ ့ စာသားတိုတို ဝတ္ထုလေးတွေကို…

ကျွန်တော်…ချစ်မြတ်နိုးမိပါတယ် ။

ဒါကြောင့်…..

ဆရာတာရာ ရဲ ့ ဖန်တီးမှုကို… မဖတ်ရသေး / မသိရသေးတဲ ့ စာဖတ်သူတွေအတွက်..ပြန်လည် ဝေမျှလိုက်ပါတယ် ။

ဖတ်ပြီး/ သိပြီးသူတွေလည်း….. ပြန်လည် သတိရ ပြီး.ခံစားနိုင်အောင်…..

ကျွန်တော့်အတွေး နဲ ့အရေးက်ိုပါ….. ပူးတွဲပြီး… တင်ပြလိုက်ပါတယ် ။

 

 

 

 

တာရာမင်းဝေ

ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း

၁၉၉ရ / နိုဝင်ဘာလထုတ်

 

 

 

 

5 comments

  • Min Zarni

    August 19, 2013 at 11:44 pm

    နင်ရော ငါရော ကိုရွှေဘုန်း ကိုရဲဝင်း ဘယ်တော့မှ မဖြစ်သလို ဆြာဉာဏ် ဗိုလ်ကြည် 2.0 လည်းဘယ်တော့မှ ဖြစ်မလာဘူးပဲ.
    တနေ့ပေါ့ဗျာ.

    ခင်တဲ့
    ဂီ

    • အလင်းဆက်

      August 20, 2013 at 9:15 am

      ဒါပေါ့…သူရို ့က…
      အစားပြန်မရတဲ ့..ကြယ်ပွင့်တွေပဲ. ။
      နာရို ့က…အဲဒီကြယ်ပွင့်တွေ ပေးတဲ ့ အလင်းတချို ့နဲ ့..
      လမ်းလျှောက်နေတဲ ့..ကြယ်ယောင်ဆောင်သူတွေပဲ…

      အဟိ ။

      ဆရာညန်ကို လည်း လွမ်းတယ် ။
      ဆရာ ရွှေဘုန်းကိုလည်း လွမ်မ်းတယ် …
      လွမ်းတယ်…
      အဲဒီကြည်ပွင့်တွေကိုလွမ်းတယ်

  • ဦးကြောင်ကြီး

    August 20, 2013 at 9:40 am

    ဖားကန့်ခေတ် မကောင်းတော့ဘူး… သိပ်တူးနေချင်ရင် ဟောင်ကောင်မြေကြွက်စ် ကုမ္မဏီက ဦးဦးကျောက်နှင့် ဆက်သွယ်ပါ…။ မိန်းမရပြီးရင် ဒူးချောင်မှာ သေချာလို့ သူအယင်လို မြေဂျီး အင်နဲ့အားနဲ့ တူးနိုင်တော့မည် မထင်မထင်….

  • kyeemite

    August 20, 2013 at 3:09 pm

    အလင်းဆက်တို့ တူးဆွထားလိုက်တာမွနေတာပဲဟေ့..
    ဒို့ကတော့…ဒို့ကတော့…သိပ်နားမယဉ်လှဘူးကွယ်
    အနုပညာနဲ့ဒီလောက်ဝေးတာ..အခုမှသိပါရဲ့… 🙁

    • အလင်းဆက်

      August 20, 2013 at 6:52 pm

      အဟီးး
      ကျွန်တော်လည်း.. တွေးလို ့ရသလောက်လေး.. လေပေါကြည့်တာ ။
      🙂

Leave a Reply