Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“အိ်ပ်မက်လား -တကယ်လား ကစားမှာလား -နားမှာလား “

“အိ်ပ်မက်လား -တကယ်လား ကစားမှာလား -နားမှာလား “

 

၂၀၁၁မှာကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲကတော့

လူစုံတက်စုံမပါဘဲ စစ်အုပ်ချုပ်ရေးဘက်ကနေအရပ်သားအဖြစ်အသွင်ကူး

ပြောင်းလာခဲ့တဲ့ အဘတို့အဖွဲ့ကဘဲ အင်တို်က်အားတိုက်ရွေးကောက်ပွဲဝင်ခဲ့ကြပါတယ်။

ကျန်တဲ့ ပါတီတွေနဲ့ တသီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်သူများရှိပေမယ့် ရပ်တည်မူ့အခြေ

အနေခြင်းက ကွာခြားလွန်းပါတယ်။

အများစုအားကိုးတဲ့ အမေ တို့အဖွဲ့ကတော့ဒီရွေးကောက်ပွဲကို အယုံအကြည်မရှိဘူးဆိုပြီး တော့

ဝင်မယ် မဝင်ဘူးနဲ့ဘဲ ပြီးဆုံးသွားခဲ့။

ရွေးကောက်ပွဲရလာဒ်ကတော့ ဲ   တပ်မတော်အုပ်ချုပ်ရေးဘက်ကနေပြီး လူဝတ်လဲလိုက်တဲ့

အဘတို့ အဖွဲ့ကဘဲသက်တောင့်သက်သာလွယ်လွယ်ကူကူ နဲ့ အနိုင်ရသွားခဲ့ပါတယ်။

 

၂၀၁၂မှာတော့ လစ်လပ်သွားတဲ့နေရာမှာ အစားထိုးဘို့ကြားဖြတ်ရွေးကောက်ပွဲလုပ်

တဲ့အခါအများနှစ်သက်တဲ့ အမေတို့အဖွဲ့  ကဘဲ အားလုံးနီးပါးလောက်အနိုင်ရတော့

လွှတ်တော်ထဲကိုရောက်သွားပြီး တရားဝင်ပြောရေးဆိုခွင့်ရခဲ့ပါတယ်။

 

တိုက်ဆိုင်တာလား တကယ့်ပင်ကိုယ်စိတ်ရင်းနဲ့ဘဲပြောင်းလဲလိုက်တာလားတော့

မသိဘူး သမ္မတကြီးနဲ့ အဖွဲ့ဝင်အတော်များများ ရဲ့ တိုင်းသူပြည်သူအပေါ်မှာပြုမူပုံ

က အရင်ကနဲ့ ဘာမှမဆိုင်ဘဲပြောင်းလဲလာတာကတော့ အတော်လေးအံ့ဩစရာ

ကောင်းလှပါတယ်။

သဘာဝအရင်းအမြစ်တွေဆုံးရှုံးမယ်လို့ ပြည်သူအတော်များများက ယုံကြည်

တဲ့ ကချင်ပြည်နယ်မြစ်ဆုံစီမံကိန်းကိုရပ်တဲ့အကြောင်း တီဗွီကနေကြေငြာလိုက်တဲ့အခါ

ကိုယ်နားကိုယ့်မျက်စေ့တောင်မယုုံနိုင်လောက်အောင် အံ့ဩ ဝမ်းသာခဲ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့

ဒီတစ်သက်တော့ ထောင်ထဲကမထွက်ရတော့ပါဘူးလို့ ထင်ရတဲ့

နိုင်ငံရေး အကျဉ်းသားတွေကိုလဲ  တလွှတ်ထဲလွှတ်၊

စိတ်ထဲရှိတာကိုလဲပြောချင်သလိုပြောကြလို့ ဖွင့်ပေးလိုက်တဲ့အပြင်

“အမဲရောင်လူတန်းစား”တွေကိုတောင်မှ

ကိုယ့်နိုင်ငံကို ပြန်လာချင်ပြန်လာကြပါ လို့ တံခါးလှပ်ပေးလိုက်တော့

ပြန်လာခွင့်မရှိခဲ့လို့ပြန်မလာရသူရော ကိုယ့်ဘာသာကိုကြောက်လန့်ပြီး

မပြန်ရဲခဲ့တဲ့သူတွေပါပြန်လာကြတဲ့အခါ“ပြည်တော်ပြန်”တွေနဲ့စည်ကားသိုက်မြိုက်လို့ပါဘဲ။

နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ ဆွေမျိုးတွေတွေ့ကြဆုံကြ။

ပြည်သူချစ်သောအနုပညာသည်တွေပြန်လာပြီး ဖျော်ဖြေပွဲတွေလုပ်ကြနဲ့ ပျော်ပျော်ရွှင်ရွှင်။

အစိုးရဘက်ကနေ ဝါဒသဘောထားကိုပျော့ပြောင်းစွာနေပြလိုက်တဲ့အခါမှတော့

နိုင်ငံတကာ (အထူးသဖြင့်ဥပနိုင်ငံများ )နဲ့ ဆက်ဆံရေးကောင်းမွန်လာတဲ့အပြင်

တစ်သက်လုံး “ဆန်ရှင်ဆန်ရှင်”လုပ်လာတဲ့ အိုဘားမားတို့တိုင်းပြည်ကတောင်

ပြည်ဝင်ခွင်ဗီဇာတွေပေး ချုပ်ကိုင်မူ့တွေဖြေလျော့ ပေးနဲ့ အတော်ကိုဟုတ်လို့ပါဘဲ။

 

၁၉၈၈နောက်ပိုင်းမှာ မြန်မာပြည်ကို အဆက်အဆံမလုပ်ခဲ့တဲ့ နိုင်ငံတွေကရော

တစ်ချိန်တစ်ခါက အသံလွှင့်ဌာနတွေကနေ တဆဲထဲဆဲနေခဲ့တဲ့သူတွေကရော

အဘသမ္မတ ကို အလည်အပါတ်တွေဖိတ်လိုဖိတ်

နိုဘယ်ဆုဇကာတင်စာရင်းမှာထည့်ရွေးလို့ရွေး

ဆုတံဆိပ်တွေပေးလိုပေးနဲ့  ပြေပြေလည်လည်ဆိုတော့

တိုင်းပြည်အနာဂါတ်ကောင်းဘို့အတွက် မျျော်လင့်ချက်ရောင်နီတွေသန်း

လာပြီလို့ အားလုံးက ပျော်ရွှင်စွာလက်ခံခဲ့ကြပါတယ်။

 

မြန်မာပြည်ရဲ့သမ္မတတွေထဲမှာ နိုင်ငံခြားကိုသွားပြီးလို့ အပြန်မှာ

ဘယ်သူမှ မခိုင်းဘဲ ကိုယ့်အသိစိတ်နဲ့ကိုယ် ကျေကျေနပ်နပ်ကြီး ကြိုဆိုခြင်းခံရတာ လက်ရှိသမ္မတကြီးပါဘဲ။

ဘဘကြီးကျန်းမာပါစေ အသက်ရှည်ပါစေ  ဆိုတဲ့အသံတွေဝေစည်နေတဲ့ အချိန်

အားလုံးကကောင်းချီးဩဘာပေးနေတဲ့အချိန်မှာဘဲ

အဘသမ္မတကြီး က ဒီသက်တန်းပြီးရင်းနားမယ်လို့ပြောတော့

အားလုံးကနှမျောကြတာပေါ့။

အခုမှ ချစ်စ ခင်စကိုးဗျ။

(သူက ကျန်းမရေးမကောင်းဆို နှလုံးစက်နဲ့ အသက်ဆက်နေရတဲ့သူတစ်ယောက်

လဲဖြစ်လို့ပါဘဲ)

နောက်တော့လဲ အများက လိုလားတယ်ဆိုရင်

အားလုံးက ဆက်ပြီး နိုင်ငံအတွက် အလုပ်တွေ လုပ်စေချင်တယ်ဆိုရင်

နောက်ထပ်သက်တမ်းမှာ ဆက်လုပ်မယ်ဆိုပြီး တရားဝင်ပြောကြားခဲ့ပါတယ်။

 

အဘတို့ဘက်က အားကောင်းမောင်းသန်နဲ့ ပြည့်သူ့မေတ္တာကိုခံယူနိုင်အောင်ကြိုးစားနေတဲ့

အချိန် မှာအမေကလဲရပ်မနေပါဘူး။

နိုင်ငံခြား တိုင်းပြည်များကို လှည့်လည်သွားပြီး နိုင်ငံတကာခေါင်းဆောင်များနဲ့ တွေ့ခဲ့သလို

အတိုင်းတိုင်းအပြည်ပြည်က ပေးတဲ့ ဆုတံဆိပ်များကိုလည်း လက်ခံယူနို်င်ခဲ့ပါတယ်။

အခုမှဆုတံဆိပ်တွေယူရတာကတော့ အရင်က ပြည်ပကိုထွက်ခွာခွင့်ပိတ်ခံထားခဲ့ရလို့ပါဘဲ။

ပြည်တွင်းမှာလဲစိတ်တိုင်းကျသွားခွင့်ရှိတဲ့ အတွက်မြန်မာပြည်အနှံ့ခရီးစဉ်တွေကို

အရွယ်နဲ့မမျှှ တက်ကြွစွာ သွားပြီး ရောက်လေရာဒေသမှာမကြောက်တရားအဓိက ထားတဲ့ တရားပွဲတွေကို လည်း

ဆက်တိုက်ကျင်းပနိုင်ခဲ့ပါတယ်။

အမေသွားလို့တဲ့နေရာမှန်သမျှ  အနှောင့်အယှက်ကင်းကင်းသွားလာနိုင်ခဲ့သလို

တခဲနက်ကြိုဆိုခြင်းကို ခံခဲ့ရတော့ တကယ့် ကိုအားတက်စရာဖြစ်သလို

မြန်မာတပြည့်လုံးမှာလဲ အပြင်မှာရော အင်တာနက် စာမျက်နှာများပေါ်မှာပါ

“အမေ”ဆိုတဲ့အသံတွေပျံ့လွင့်ခဲ့ပါတယ်။

အရင်ကတော့ ဒီလိုအမေလို့ရဲရဲဝံ့ဝံ့ခေါ်ဘို့ ခက်သကိုး။

အမေဦးဆောင်ပြီးကျင်းပပေးတဲ့ ရန်ပုံငွေအတွက် အမှတ်တရပစ္စည်းတွေကို လေလံတင်ရောင်းချခဲ့တဲ့အခါမှာတော့

မဖြစ်နိုင်လောက်ဘူးထင်တဲ့ ငွေပမာဏတွေနဲ့ အံ့ဩစရာ လေလံအောင်ခဲ့ပြန်ပါတယ်။

နောက်တစ်ချက်လက်ရှိအစိုးကရပိုင်းကလဲ လွှတ်တော်အတွင်းရောက်လာခဲ့တဲ့ အမေ့ကိုလည်း

နွေးထွေးစွာကြိုဆိုရုံမျှမက နေရာပေး အလေးပေးဆက်ဆံခဲ့တဲ့အတွက်

အဘတို့နဲ့ အမေတို့ကြားမှာဆက်ဆံရေးကလဲ နွေးထွေးကောင်းမွန်ခဲ့ပြန်တော့

အမေကလဲ ဝါဒသဘောထားပျော့ပြောင်းလာပြီး တပ်မတော်ဆိုတာ တိုင်းပြည်အတွက်

လိုအပ်တယ်လို့ လူသိရှင်ကြား ထုတ်ဖော်ပြောခဲ့ပြန်ပါတယ်။

ဒီလို အထက်ပိုင်းတွေ သင့်မြတ်ကြတယ်ဆိုတော့

မြေဇာပင်နဲ့ တူတဲ့ တိုင်းသူပြည်သူများမှာအတော်လေးကို စိတ်ချမ်းသာခဲ့ရပြန်ပါတယ်။

 

*****************************************************************

အသွင်ကူးပြောင်းလာခဲ့တဲ့ အစိုးရအသစ် ရဲ့ ပထမသက်တမ်းအတွင်းမှာတော့

ကောင်းသောဆိုးသောပြောင်းလဲခြင်းများနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

 

ရခိုင်ပြည်နယ်မှာ မိန်းမသားတစ်ဦးကို မတရားကျင့် ပြီးသတ်ဖြတ်လိုက်တာက စပြီး

အပြန်အလှန်လက်စားချေမူ့တွေ့နဲ့ လူမျုးိရေးပဋိပက္ခတွေဖြစ်ပြီး ပြေလည်

အောင်မရှင်းနိုင်သော မီးတောက်တစ်ခုဖြစ်ခဲ့ပါတယ်။

အကောင်းတွေကြောင့်အထက်ကိုတရိပ်ရိပ်တက်နေတဲ့

မြန်မာနိုင်ငံရဲ့ကောင်းသောရလာဒ်တွေကို ဒီအဖြစ်အပျက်က

အောက်ကိုထို်းစိုက်ဆင်းသွားစေတယ်လို့ဆိုနိုင်ပါတယ်။

နိုင်ငံတကာကနေဖိအားပေးခံနေရတဲ့ဒီရခိုင်အရေးအခင်းအတွက်

စုံစမ်းရေးကော်မရှင်ဖွဲ့စည်းချိန်မှာတော့ မြင်တတ်ကြည့်တတ်တဲ့အပြင်

ပြောတတ်ဆိုတတ် ပြောရဲဆိုရဲရှိတဲ့

အနုပညာရှင်တစ်ပိုင်းနိုင်ငံရေးသမားတစ်ပိုင်းဖြစ်သူ နိုင်ငံကျော် ဇာဂနာကို

တာဝန်ပေးဆောင်ရွက်ခဲ့ပေမယ့်လဲ ထူးခြားစွာဖြေရှင်းနိုင်ခဲ့ခြင်းမရှိလို့လဲ

ယခုအထိမပြီးဆုံးသေးသောရိုဟင်ဂျာ ဇာတ်လမ်းများကကျန်ရှိနေဆဲဘဲဖြစ်ပါတယ်။

 

ရစ်ချတ်နစ်ဆင်ဆိုတဲ့ အမေရိကန်ပြည်ထောင်စုသမ္မတမြန်မာပြည်ကိုခဏဆိုခဏလေး အလည်လာပြီးတဲ့နောက်ပိုင်း

ဘယ်သူမှရောက်မလာခဲ့တာနှစ်အတော်ကြာပြီးခါမှာ အမေရိကန်သမ္မတအိုဘားမား မြန်မာပြည်လာပြီး

နိုင်ငံဂုဏ်ဆောင် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမထဲမှာ

မိန့်ခွန်းတွေချွေသွားပါတယ်။

မြန်မာတပြည်လုံးလဲ ဒီအတွက် ဂုဏ်ယူဝမ်းမြောက်ကြသပေါ့။

အရင်က  ဝိုင်းပြီး ဘေတာကိုခံခဲ့ရတဲ့ နို်င်ငံငယ်လေးတစ်ခုအတွက်တော့

ဒီအဖြစ်ပျက် က မျှော်လင့်မထားတဲ့ အဖြစ်အပျက်တစ်ခုပါဘဲ။

 

 

ဦးပိုင်နဲ့ဝမ်ပေါင်တို့လုပ်ခဲ့တဲ့ လက်ပန်းတောင်စီမံကိန်းကို မကျေနပ်နိုင်တဲ့နယ်ခံများရဲ့

မပြီးဆုံးနိုင်သောဆန္ဒပြပွဲကို အကြမ်းဖက်နှိမ်နှင်းတဲ့အခါ ဆန္ဒဖော်ထုတ်သူများထဲက

သံဃာတော်အများစု မှာ ထိခို်က်ဒဏ်ရာရခဲ့တဲ့အတွက် လက်ရှိအစိုးရအနေနဲ့

ပြည်တွင်းကရော နိုင်ငံတကာပါ ပြင်းထန်စွာ ဝေဖန် ပြစ်တင်ခြင်းကို ခံခဲ့ရပါတယ်။

အဲဒီအခါမှာ ပဋိပက္ခကပိုမိုကြီးမားလာခဲ့ပြီး လက်ရှိသမ္မတအပေါ်မှာ ယုံကြည်ကိုးစားခဲ့မူ့တွေ

လျော့ကျခဲ့ရပြန်ပါတယ်။

ဘယ်လိုမှညှိနိုင်းလို့မရတဲ့ အဆုံးမှာအများချစ်ခင်နှစ်သက်တဲ့ အမေ့ကို စုံစမ်းရေးကောင်မရှင်ထဲမှာပါဝင်စေပြီးဖြေရှင်းဘို့ တာဝန်ပေးခဲ့ ပေခဲ့ကြပါတယ်။

ဒီလိုတာဝန်ပေးတာနဲ့ ပါတ်သက်ပြီး အမေ့ကို ချနုင်းတယ်ဆိုတဲ့အသံထွက်ခဲ့ပါတယ်။

အဲဒီအချိန်မှာတော့ သူ့ကိုအသုံးချမှန်းသိပေမယ့် တိုင်းပြည်ကောင်းစားရေးအတွက်

အနစ်နာခံနိုင်တယ် လို့ အဓိပ္ပါယ်ရတဲ့ စကားစုကတော့ အမေ့ကို ပိုမိုချစ်ခင်စေခဲ့ပြန်ပါတယ်။

စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာထွက်လာချိန်မှာတော့ အမေကိုယ်တိုင်အဲဒီပြဿနာဖြစ်ပေါ်နေတဲ့

ဒေသကရွာတွေဆီကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ရှင်းလင်းပြောဆိုခဲ့ပေမယ့်

မထင်မှတ်တဲ့ တုန့်ပြန်မူ့တွေကိုကြုံခဲ့ရပါတယ်။

စီမံကိန်းရပ်ခြင်းမရပ်ခြင်း လျော်ကြေးထိုက်တန်စွာပေးခြင်းမပေးခြင်းထက် သပိတ်စခန်းဖြိုခွဲစဉ်က

အသုံးပြုခဲ့တဲ့ လက်နက်တွေက ဓါတုဗေဒလက်နက်(အရပ်အခေါ်မီးလောင်ဗုံး)ဟုတ်ခြင်း မဟုတ်ခြင်းက အဓိကပစ်မှတ်လိုဖြစ်သွားခဲ့ပါတယ်။

အမေ့ဘဝမှာမြန်မာပြည်နဲ့ပါတ်သက်ခဲ့သမျှ တစ်ချိန်လုံးထောက်ခံလာခဲ့တဲ့ ပြည်သူများဘက်က ဆန့်ကျင့်မူ့ကို ပထမဆုံးအကြိမ်ကြုံတွေ့ရခြင်းဘဲဖြစ်ပါတယ်။

(အခုတော့ဝမ်ပေါင်နဲ့စာချုပ်အသစ်ပြန်ချုပ်လိုက်ပါပြီ နိုင်ငံတော်လဲရပိုင်ခွင့်တိုးတဲ့အပြင်

ဝမ်ပေါင်ဘက်ကနေပြီး ဒေသဖွံ့ဖြိုးရေးအတွက်  ပြန်လည်လုပ်ဆောင်ပေးမှာတွေအများကြီးပါဘဲ။

ဒါပေမယ့် ဒီလိုပြောင်းလဲချုပ်ဆိုတာကို ပွင့်လင်းမြင်သာမရှိဘူး ဒေသခံတွေကို အသိမပေးတာကြောင့်

ဝမ်ပေါင်က ဆက်လက်လုပ်ဆောင်မှာကိုလက်မခံဘူးလို့ ဆိုသူကလဲရှိနေပြန်ပါသေးတယ်။)

ရောင်းသူနဲ့ ဝယ်သူကြားမှာဖြစ်နေကျ မထူးဆန်းသောအဖြစ်အပျက်ကလေးကနေစတင်တဲ့

မိတ္ထီလာ အရေးအခင်းမှာတော့ အချိန်ကာလတိုတိုလေးအတွင်းမှာသေကြေပျက်စီးမူ့တွေများ

ခဲ့ပါတယ်။

အဲဒီကနေစလိုက်တဲ့ ဇာတ်လမ်းရဲ့နောက်ဆက်တွဲကတော့ ကောလဟလများရဲ့ရိုက်ခတ်မူ့ကြောင့်

အနီးအနားမြို့လေးတွေမှာ ပဋိပက္ခဆောင်တဲ့အသေးစား ဆူပူဖျက်ဆီးမူ့တွေက ဆက်သွားလိုက်တာ

လားရှိုးမြို့မှာတော့ ကြီးမားတဲ့မီးပွားတစ်ခုဖြစ်သွားခဲ့ပြန်ပါတယ်။

အဲလို လူမျိုးရေးပဋိပက္ခတွေ ဆူပူမူ့တွေဆက်တိုက် ဖြစ်နေတာကြောင့်  တိုင်းပြည်ကို ဒုတိယအကြိမ်မြောက် ချောက်ထဲကနေကယ်တင်လေမလားဆိုတဲ့သံသယစိတ်တွေ

ကြောင့် အကြီးအကျယ်စိုးရွှံခဲ့ကြပြီး နောက်ကြောင်းပြန်လှည့်လေမလားလို့ လဲစိုးတထိတ်

ထိတ်နဲ့နေခဲ့ကြရပြန်ပါတယ်။

ဒီလို ဘာသာရေးကိုအခြေခံပြီး ပဋိပက္ခတွေကတစ်ဆင့် ဆူပူအုံကြွမူ့တွေ ဖျက်ဆီးမူ့တွေ မကြာခဏကြုံတဲ့အခါမှာတော့ ဒီလိုဖြစ်အောင် ရည်ရွက်ချက်ရှိရှိသွေးထိုးလှုံ့ဆော်သူတွေ

ရှိနေပြီဆိုတဲ့အသံက ကျယ်လောင်လို့လာခဲ့ပါတယ်။

ဒီအခြေအနေရောက်မှာသာ ပဋိပက္ခနောက်ထပ်မဖြစ်အောင်ကိုယ့်လူကိုယ်ပြန်ထိန်းသိမ်း

ကြတဲ့အပြင် ဘာသာရေးခေါင်းဆောင်တွေကလဲ ငြိမ်းချမ်းရေးအသွင်ကူးပြောင်းအောင်

ဝိုင်းဝန်းကြိုးပမ်း ပေးခဲ့ကြတဲ့အတွက် မငြိမ်သက်မူ့တွေက ရပ်ဆိုင်းသွားခဲ့ပါတယ်။

 

စတင်ပေါ်ကာစကတည်းက မတန်တဆဈေးနဲ့ အငှားချထားခြင်းခံခဲ့ရတဲ့

မိုဘိုင်းဖုန်းကိစ္စကတော့ မထင်တာတွေဖြစ်တယ်လို့ပြောနိုင်ပြန်ပါတယ်။

တကယ်တော့ဒီဖုန်းဈေးကွက်ဆိုတာ လုပ်ပိုင်ခွင့်ရှိသူအတွက် လုပ်စားတဲ့

ဖန်တီးခွင်သက်သက်ဖြစ်ခဲ့တာပါ။

ဆယ်လူလာဘဝမှာသိန်းလေးငါးခြောက်ဆယ်

ဂျီအက်စ်အမ်ဘဝမှာ သိန်းနှစ်ဆယ်အထက်

စီဒီအမ်အေဘဝမှတော့ ဆယ့်လေးငါးသိန်း အဲဒီကနေဆက်တိုက်ဆင်းလာလိုက်တာ

ငါးသိန်းက နေ နှစ်သိန်းထိရောက်သွားပါတယ်။

အဲဒီအချိန်မှာ ပုဂ္ဂလိကလုပ်ငန်းတစ်ခုက ကျပ်ငါးထောင်နဲ့လုပ်ပေးနိုင်တယ်လို့ကြေငြာခဲ့တဲ့

အခါ ပွက်ပွက်ညံခဲ့ပြန်ပါတယ်။

ဟိုဈေး ဒီဈေး မပြတ်မသားတွေဖြစ်နေချိန်မှာ ဝေဖန်မူတွေကြုံခဲ့ပေမယ့်

တကယ်တမ်း ရောင်းချပေးချိန်မှာတာ့ လုံးဝမျှော်လင့်မထားတဲ့ဈေးနူန်း

၁၅၀ဝကျပ်လို့ပြောချိန်မှာတော့အားရဝမ်းသာလက်ခုပ်တီးခဲ့ပေ့မယ်

လွတ်လပ်စွာရောင်းဝယ်တာမဟုတ်ဘဲ ကန့်သတ်ချက်တွေ ခွဲတမ်းတွေနဲ့သာ

ရောင်းချပေးပြန်တော့၁၅၀ဝကျပ်တန်ဖုန်းက မှောင်ခိုဈေးကွက်တစ်ခုဖြစ်ပေါ်

စေခဲ့ပြန်ပါတယ်။

 

 

မြန်မာပြည်ရဲ့ လက်ရှိအနေအထားကတော့ မပြီးဆုံးနိုင်သောဖြေရှင်းရခက်ခဲ့သော

ပြဿနာများနဲ့ကြုံတွေ့နေရတယ်ဆိုရင်မမှားပါဘူး။

ကြုံတွေ့နေရတဲ့ပြဿနာအများစုက လက်ရှိအစိုးရလက်ထက်မှာဖြစ်ပေါ်ခဲ့တာမဟုတ်ဘဲ

အရင်အုပ်ချုပ်သူလက်ထက်မှာစတင်ခဲ့တဲ့ ဇာတ်လမ်းဟောင်းတွေလို့ဆိုနို်င်ပါတယ်။

အထူးသဖြင့် မြေယာအသိမ်းခံရတဲ့ ကိစ္စတွေ အလုပ်ရှင်အလုပ်သမားပြဿနာတွေက

အများဆုံးဖြစ်သလိုခုချိန်ထိပြီးပြတ်အောင်မဖြေရှင်းနိုင်သေးတာတွေလဲအများကြီးဘဲ

ဖြစ်ပါတယ်။

အရင်အစိုးရလက်မှာ တပ်မြေ စီမံကိန်းမြေ အမည်တပ်ပြီးသိမ်းခဲ့တဲ့မြေယာတွေက

အတော်များခဲ့ပါတယ်။

လျော်ကြေးနစ်နာကြေးပေးပြီး ဘောင်ဝင်အောင်ဆောင်ရွက်တယ်ဆိုပေမယ့်

တရားမျှတစွာဆောင်ရွက်ခဲ့တာရှိသလို မမျှတာတွေလဲရှိဆိုတော့ပြဿနာပေါင်း

သောင်းခြောက်မက သိန်းခြောက်သောင်းလို့တောင်ပြောရင်ရနိုင်ပါတယ်။

ဒီအထဲမှာ ကျူးကျော်အိမ်ယာများကလဲ မီးပွားလေးတစ်ခုပါဘဲ။

အမှန်တကယ် မိမိပိုင်ဆိုင်သောနေရာလေးပျောက်သွားလို့ အိမ်ယာမဲ့သူများလဲရှိခဲ့ပါတယ်။

ထို့အတူပါဘဲ နို်င်ငံပိုင်မြေထဲမှာ လွတ်နေတဲ့မြေတွေထဲမှာဝင်နေ။

ရပ်ကွက်အုပ်ချုပ်သူများကလဲ နေထိုင်ခ ယူပြီးထား။

အဲ့ကျူးတွေကိုဖယ်တဲ့အခါ နေစရာမြေကွက်ဖန်တီးပေမယ့် ဝေးတယ်အဆင်မပြေ

ဘူးဆိုသွားမနေ.။

နောက်အဲဒီပေးထားတဲ့မြေကွက်ကိုရောင်းစား။

လွတ်နေတဲ့နေရာပြန်ဝင်ပြီး ကျုးဘဝကိုပြန်ရောက်ဆိုပြီးသံသရာလည်နေသူ

တွေလည်းအများကြီးပါဘဲ။

ဒီလူတွေကလဲ နေစရာထိုင်စရာ အပိုင်ရဘို့အတွက် ဆန္ဒဖော်ထုတ်တိုက်ပွဲ

ဝင်ကြသလို လယ်ယာလုပ်ငန်းနဲ့လုပ်ကိုင်စားသောက်တဲ့နေရာတိုင်းမှာလဲ

ထွန်တုံးတိုက်ပွဲတွေ ဆင်နွဲကြပါတယ်။

စကတည်းကရှင်းလင်းအောင်မဆောင်ရွက်ခဲ့တဲ့အကျိုးဆက်ကတော့

နှစ်ဦးနှစ်ဖက် ဘယ်သူမှန်တယ် မှားတယ်ဆိုတာ သက်သေမပြနို်င်ပါဘူး။

လောလောဆယ်တော့ ဆန္ဒပြုပွဲတွေများလေလေ တီရှပ်တံဆိပ်နှိပ်တဲ့သူနဲ့

ဗွီနိုင်းလုပ်တဲ့ သူတွေ လက်မလည်နို်င်အောင်ဖြစ်လေလေပါဘဲ။

 

နောက်တစ်ချက်ကတိုင်းရင်းသားများအရေးပါဘဲ။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်စစ်တပ်ထားရှိနိုင်ရေ ကိုယ်ပိုင် လွတ်လပ်စွာပြည်နယ်ထူထောင်ရေးအတွက် တိုင်းရင်းသားများဘက်က

တောင်းဆိုတဲ့အခါမှာတော့ အစိုးရဘက်ကလဲ တောင်းဆိုသမျှကိုလိုက်လျောနိုင်ခြင်းမရှိတဲ့အခါ

အကြိမ်ကြိမ်ညှိနို်င်းပေမယ့်လဲပြေလည်မူ့မရသေးတာအမှန်ပါဘဲ။

စားပွဲပေါ်မှာညှိနိုင်းနေဆဲမှာဘဲ အပြင်လက်တွေ့မှာတေ့ာအသေးစားတိုက်ပွဲငယ်တွေက

ဖြစ်နေဆဲပါဘဲ။

တိုင်းရင်းသားများဘက်ကလဲ ဒီဆွေးနွေးပွဲမှာ အမေ ပါဝင်ဘို့အများကြီးမျှော်လင့်နေပြန်တော့

အမေသာကိုယ်တိုင်ကိုယ်ကျပါဝင်လို့  စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိခဲ့မယ်ဆိုရင် ငြိမ်းချမ်းရေးရနို်င်မယ်လို့

တထစ်ချယုံကြည်သူကလဲ ယုံကြည်ကြပါတယ်။

 

******************************************************

ဒီလိုပြဿနာပေါင်းစုံနေတဲ့အကြားထဲမှာ အဘသမ္မတ နဲ့ ခေါင်းဆောင်အမေ တို့ ပြောလိုက်တဲ့

စကားများအပေါ်မှာ ပြည်သူများနဲ့ စိတ်သဘောထားမတိုက်ဆိုင်မူ့တွေဖြစ်လာပြန်ပါတယ်။

“အခကြေးငွေယူပြီး ဆန္ဒပြမူ့တွေရှိတယ်” လို့သမ္မတကြီးပြောလိုက်တဲ့စကားတစ်ခွန်းအပေါ်မှာ

မနှစ်သက်သူတွေက လဲပြန်လည်လို့ခွန်းတုန့်ပြန်ကြသလို၊

ရခို်င်ပြည်နယ်မှာနေထိုင်တဲ့ လူမျုးိခြားတွေကို ကလေးမွေးခွင့်ကန့်သတ်မယ်လို့ အသံထွက်

လာတဲ့အခါ “လူ့အခွင့်အရေးချိုးဖောက်တာ”လို့ ခေါင်းဆောင်အမေကဝေဖန်လိုက်တဲ့အခါ

ဒီစကားကို မနှစ်သက်တဲ့အတွက် တုန့်ပြန်သံတွေ (အထူးသဖြင့် တရားဝင်တာလား မဝင်တာလား မသိတဲ့

အင်တာနက် ဖေစ်ဘုတ်(ခ)ဖွဘုတ် စာမျက်နှာများမှာ)ဆူညံပွက်လောရိုက်ခဲ့

ပြန်ပါတယ်။

ဝေဖန်ကြသူများနဲ့ ုတုန့်ပြန်သူများရဲ့စာတွေကတော့

အချို့ကတော့ အချက်ကျကျ

အချို့ကတော့ ထင်ရာမြင်ရာ

အချို့ကတော့ နိုင်းနိုင်းဆဆ

အချို့ကတော့ လက်လွတ်စပယ်

အချို့ကတော့ ယဉ်ယဉ်ကျေးကျေး

အချို့ကတော့ မိုက်မိုက်ရိုင်းရိုင်း ရေးကြ တုန့်ပြန်ကြတာကိုမြင်တွေ့ခဲ့ရပါတယ်။

ပြည်သူပြည်သားတွေရဲ့စိတ်ထဲမှာ “ငါ့တို့အမေက ငါတို့ဘက်က ရပ်တည်ခြင်းမရှိ”လို့

ထင်မြင်ယူဆသွားကြတဲ့အခါ အားကိုးရာမဲ့သွားသလို ခံစားရပါတယ်လို့ ဆိုသူတွေလဲရှိကြပါတယ်။

လက်ရှိအနေအထားအရ အစိုးရနဲ့ လူတန်းစားအလွှာကြားမှာ မပြေလည်သေးတာတွေအများကြီးပါ၊

စာနယ်ဇင်းလွတ်လပ်ခွင့်ဖြေလျော့ပေ့မယ် မီဒီယာသမားများကလက်မခံနို်င်သေးတာတွေ။

အကျဉ်းစံတွေကို တသုတ်ပြီးတသုတ်လွှတ်ပေးနေပေမယ့် ယုံကြည်ချက်ကြောင့်အကျဉ်းခံရသူများ

ကျန်နေသေးတယ်လို့ ဆိုသူက ဆိုမြဲ။

သိမ်းထားတဲ့မြေတွေပြန်ပေးနေတယ်ဆိုပေမယ့် မရသေးတဲ့သူတွေ လျော်ကြေးရပေမယ့် လည်း ကျေနပ်မူ့မရှိသေးတဲ့သူတွေအများကြီး။

အလုပ်သမားတွေနဲ့ပိုင်ရှင်ကြားလုပ်ခလစာနဲ့အလုပ်ချိန်အတွက် ဆန္ဒတွေပြကြလို့

ညှိနိူင်းပေးပေမယ့်မပြီးပြတ်သေးတဲ့ ဆန္ဒပြဆဲရှိနေတဲ့ လုပ်ငန်းတွေရှိနေဆဲ။

တကယ်ပြောမယ်ဆိုရင်တော့ အများကြီးပါဘဲ။

 

မြန်မာပြည်မှာအကြီးဆုံးပါတီနှစ်ခုရဲ့ ဘဏ္ဍာရေးအခြေအနေကိုတွက်စစ်ကြည့်ရင်

လက်ရှိအာဏာရပါတီကတော့ တရားဝင်အဖွဲ့အစည်းအဖြစ်ကနေပြောင်းလဲလာတဲ့

အပြင် နိုင်ငံကိုအုပ်ချုပ်ခဲ့သူများကနေ အသွင်ကူးပြောင်းလာတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက်

ဘဏ္ဍာရေးအင်အားက တောင့်တင်းခိုင်မာလွန်းပါတယ်။

ဒီတော့လဲ ဘယ်အဖွဲ့အစည်းဆီကမှ အလှူခံစရာမလိုအောင်ပြည့်စုံပါတယ်။

 

အခက်အခဲပေါင်းများစွာကြားကနေ ဇွဲရှိရှိရပ်တည်လာခဲ့ရတဲ့ အမေတို့ပါတီအနေနဲ့ကတော့

အကြမ်းဖျဉ်းပြောရမယ်ဆိုရင် ပြိုင်ဘက်အဖွဲ့အစည်းထက်စာရင်ဘဏ္ဍာရေးအင်အားနည်းနိုင်တယ်

လို့ယူဆနိုင်ပါတယ်။

ဒါပေမယ့် အမေတို့ အဖွဲ့အစည်းကိုတော့ လိုလိုလားလားလှူဒါန်းသူတွေများပြားပါတယ်။

ရန်ပုံငွေပွဲတွေမှာ စံချိန်တင်တဲ့ပမာဏနဲ့လေလံအောင်ခဲ့တဲအခါမှာတော့အားလုံးကဝမ်းသာခဲ့ရ။

ဒါပေမယ့် ရန်ပုံငွေလှုဒါန်းတဲ့သူတွေက ခရိုနီအသိုင်းအဝိုင်းကလူတွေဖြစ်နေတဲ့

တာကြောင့် မကျေမနပ်နဲ့ ဝေဖန်ချက်တွေ ထွက်လာတဲ့အခါမှာ အမေ့ရဲ့ပြန်လည်ဖြေရှင်းချက်အပေါ်မှာ

နှစ်သက်သူရှိသလို မနှစ်သက်ခဲ့တဲ့သူတွေလဲ ရှိလာပြန်ပါတယ်။

ဒါကတော့လောက သဘာဝပါဘဲ။

********************************************************

၂၀၁၅ မှာပြန်လည်ရွေးကောက်မယ့် သမ္မတနေရာ ကိုဆက်ခံချင်သူက

သုံးယောက်ဖြစ်လာပါတယ်။

လက်ရှိသမ္မတကြီးကလဲ ပြည်သူများကသာ လိုအပ်တယ်ဆိုရင်လုပ်ချင်ပါတယ်လို့

မိမိကိုယ်မိမိအဆိုတင်သွင်းပါတယ်။

အမေ ကလည်း တိုင်းပြည်ကိုပိုမိုကောင်းမွန်အောင်ဆောင်ရွက်ဘို့အတွက်အာဏာ

လိုအပ်တဲ့အတွက် သမ္မတနေရာကိုလိုချင်တယ်လို့ ဖွင့်ဟပြောလာသလို

ပြတ်သားတယ်လို့ နာမယ်ကောင်းရနေတဲ့ လွှတ်တော်ဥက္ကဌကလဲ သမ္မတဖြစ်ချင်တယ်

လို့ အံ့ဩဘွယ်ရာ ပြောကြားခဲ့ပြန်ပါတယ်။

ဒီလိုအသံထွက်လာတဲ့အခါမှာ ဖွဘုတ်မှာလဲ ဝေဖန်သံတွေနဲ့ဆူညံပွက်လောထသပေါ့။

အခုရက်ပိုင်းအတွင်းမှာ အဘသမ္မတကြီးကလဲ နောက်လာမယ် ၂၀၁၅မှာ မပါတော့ဘူးလို့

ကြေညာလိုက်ပြန်ပါတယ်။

အများစုမျှော်လင့်နေတဲ့ ၈၈မျိုးဆက် မင်းကိုနိုင်တို့အဖွဲ့ကလဲ ရွေးကောက်ပွဲနဲ့ပါတ်သက်လို့

ဘာမှ အသံမပေး။

တသီးပုဂ္ဂလဖြစ်စေ အသင်းအဖွဲနဲ့ဖြစ်စေ နိုင်ငံကိုဦးဆောင်နိုင်မယ်လို့ အောင်ယုံကြည်စရာ

ကောင်းလောက်အောက်ထွက်ပေါ်လာသူကလဲမရှိသေး။

ဒီတော့ တကယ်ထိပ်တိုက်ရင်ဆိုင်ရမှာကတော့ အမေ နဲ့ ဥက္ကဌကြီးတို့နှစ်ယောက်ဘဲကျန်ပါတော့တယ်။

 

ခက်တာက ၂၀၀၈ ကတည်းက အမေ မလာနိုင်အောင်ကြိုကာထားတဲ့ ဥပဒေက မပြင်သေး။

ဒီအချိန်မှာ အမေက တော့ ပြောပါပြီ။

ဒီလိုပိတ်ပင်ထားတဲ့ ဥပဒေကြောင့်ဒုတိယသမ္မတနေရာမှာဘဲနေရမယ်ဆိုရင် မတရားဘူးဆိုတဲ့အကြောင်းပေါ့။

အဲတော့လဲ အခုချိန်မှာ အမေနဲ့အတော်ကို ရင်းနှီးမူ့ရှိနေတဲ့ ဥက္ကဌကြီးက

ပြင်ပေးမယ်လို့ လေသံတွေပစ်ထားပါတယ်။

ဒီကိစ္စနဲ့ပါတ်သက်ပြီး  အမေပြောတဲ့စကားကတော့ တာသွားလွန်းပါတယ်။

၂၀၁၅ မှာလုပ်မယ့်ရွေးကောက်ပွဲက မှန်မှန်ကန်ကန်သာ လုပ်မယ်ဆိုရင် တော့ သူအနိုင်ရမယ်ဆိုတဲ့စကားလုံးလေးပါဘဲ။

ဒီစကားလုံးလေးက နောင်တစ်ချိန်မှာ အရေးပါလာနိုင်မယ်လို့ တွေးနေမိပါတယ်။

 

အားမနာတမ်းပြောရရင်တော့ အသွင်ကူးပြောင်းလာတဲ့မြန်မာနို်င်ငံမှာ

၂၀၁၁ကနေအခု၂၀၁၃ အတွင်း အချို့သောအပြောင်းအလဲများရှိပေမယ့်

တိုင်းပြည်အတွက် ပီပြင်စွာပြောင်းလဲနို်င်ခြင်းတော့ မရှိသေးပါဘူး။

အကြောင်းကိစ္စတစ်ခုပေါ်ပေါက်လာတိုင်း ကော်မရှင်ဖွဲ့စုံစမ်းစစ်ဆေး

နောက်တော့ မှတ်ချက်တွေပေးဆိုတဲ့အဆင့်မှာဘဲရပ်တန့်ခဲ့ရ။

ဒေါက်တာဆိတ်ဖွားလို့ကိစ္စမျိုးပေါ့။

ဝန်ကြီးနေရာတွေအပြောင်းအလဲလုပ်ပြီးဆောင်ရွက်ခိုင်းပေမယ့်လည်း

ထူးခြားစွာအောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်းမရှိ။

ဒါကြောင့်လဲ တရားဥပဒေစိုးမိုးရေး မှာ တာဝန်ပေးထားတဲ့ အမေ ကိုယ်တိုင်ကလဲ

ပြောင်းလဲသင့်သလောက ်မပြောင်းလဲအောင်မဆောင်ရွက်နိုင်သေး။

ဒါပေမယ့် အမေ  ကတော့  သမ္မတကြီးကိုအားမလိုအားမရနဲ့ ဝေဖန်ဆဲ။

 

လာမယ့်ရွေးကောက်ပွဲမှာ သမ္မတဖြစ်ချင်တယ်လို့ပွင့်လင်းစွာဆန္ဒပြုသူနှစ်ဦးကို

ပြန်လည်ဆန်းစစ်ကြည့်တဲ့အခါ မှာတော့

ဥက္ကဌကြီးအနေနဲ့ကတော့ လက်ရှိမြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ

ပြတ်သားစွာ ဦးဆောင်ခဲ့သူဖြစ်သလို ပြောရဲ ဆိုရဲ လုပ်ကိုင်ရဲတဲ့ သတ္တိအပြည့်နဲ့

သူတစ်ဦးဖြစ်ပါတယ်။

ဒါပေမယ့် ထုံးစံအတိုင်း အတိတ်ရဲ့အရိပ်တွေရှိနေတာကြောင့် မယုံမရဲရှိနေရ

ပါသေးတယ်။

အမေ ကတော့ ရိုးသားပွင့်လင်းပြတ်သားတဲ့ နေရာမှာ နှစ်ယောက်မရှိပေမယ့်

ဘာသာရေး လူမျိုးရေး ပဋိပက္ခများမှာ  “လူ့အခွင့်အရေး”ဆိုတဲ့ အချက်အလက်

တွေအပေါ်မှာ အများနဲ့အမြင်မတူတဲ့အတွက် ဆန့်ကျင်သူတွေရှိလာခဲ့ပြန်ပါတယ်။

ပိုခက်တာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမပြင်သေးသမျှ သမ္မတ မဖြစ်နိုင်။

 

တကယ်ပြန်တွက်စစ်ကြည့်ရင်တော့ မြန်မာနိုင်ငံရဲ့အဖြစ်အပျက်အပြောင်းအလဲတွေက

မထင်မှတ်ဘဲမြန်ဆန်တဲ့အတွက် အိပ်မက်လား တကယ်လားလို့ ကိုယ့်ကိုယ်ကို မေးခွန်း

ပြန်ထုတ်နေရဆဲဖြစ်တဲ့အပြင် အခုလုပ်မယ် အခုမလုပ်ဘူး လို့ပြောနေကြတဲ့နို်င်ငံခေါင်းဆောင်

များကိုလဲ ကစားမှာလား နားမှာလားလို့ မဝံ့မရဲနဲ့ပြန်မေးနေရဆဲဖြစ်ပါတယ်။

 

ဘာဘဲပြောပြာ ပြည်သူအားလုံးရင်ထဲမှာကြောက်နေတာကတော့ တစ်ခုထဲပါဘဲ။

အကြောင်းအမျိုးမျုးိကြောင့်ပြန်လည်ကယ်တင်ခံရမှာကိုပါဘဲ။

ပိုအရေးကြီးတဲ့အချက် ကတော့ မြန်မာပြည်မှာ မျိုးဆက်ပြတ်တဲ့ကိစ္စပါဘဲ။

အောင်မြင်မူ့တွေရခဲ့ပေမယ့် နောက်လူကို လက်တွဲ ခေါ်နိုင်ခြင်း မရှိတဲ့အတွက်

မျိုးဆက်ပြတ်တဲ့ အတွက် ကဏ္ဍအသီးသီးမှာ လျောကျနိမ့်ဆင်းနေတာအမှန်ပါဘဲ။

ကဲ ခင်ဗျားတို့ရော ဘယ်လိုထင်ပါသလဲ။

 

 

ကိုပေါ်က်လက်ဆောင်အတွေးပါးပါးလေး

18-8-2013

 

 

 

 

13 comments

  • Mr. MarGa

    August 18, 2013 at 1:25 pm

    မျိုးဆက် မျိုးဆက်
    မျိုးဆက်ကိုကြည့်ပြီး ပြောမယ်ဆိုရင်
    ဟို ဘဘကြီးတွေက မျိုးဆက် မပြတ်ဘူး ဗျ
    ဒီဘက်မှာသာ မရှိတာ
    တကယ့်တကယ် ပြောကြကြေးဆို အခုထိ ဒီဘက်က သေချာတာ မသေချာခြင်းသာ ရှိသေးတယ်
    ဖြစ်ချင်တာ၊ ရချင်တာကို ဖြစ်အောင်လုပ်ဖို့ ကျော်ရဦးမှာ အများကြီး
    သို့ပေမင့်
    အချိန် ကျန်သေးတာမို့ ဒီကြားမှာ ပြောင်းလဲလာမယ့် အပြောင်းအလဲ(ကောင်းသည်ရော ဆိုးသည်ရောကိုပါ) စောင့်ကြည့်နေမိပါကြောင်း။
    လက်ရှိအချိန်မှာ မှတ်ချက်မပေးနိုင်သေးပါကြောင်း

  • မရဏဖွား

    August 18, 2013 at 5:45 pm

    ကျနော်ကနိူင်ငံရေးသမားမဟုတ်တော့နိူင်ငံရေးအကြောင်းကိုထဲထဲ ဝင်ဝင်နားမလည်ပါဘူး…ဒါပေမဲ့
    ဒီနိူင်ငံမှာနေတော့ ဒီနိူင်ငံအကြောင်းတော့နဲနဲပြောချင်တယ်….တိုင်းပြည်အုပ်ချုပ်တဲ့သူတို့ အစိုးရ
    ပြည်သူလူထုအပေါ်မှာတကယ်စေတနာထား ကျွေးမွေးချင်စိတ်ရှိရဲ ့လား…ဗျောင်ချကျွေးဗျာ
    ခုတော့ စားပြီးသားအကြွင်းအကျန်လေးတွေချကျွေး၊ဟိုဟင်းဖွက်ထား ၊ဒီဟင်းဖွက်ထား မြင်လို့တောင်းမှ
    မသထာရေစာ မသေရုံလေး ကျွေးနေတာကိုတကယ့်ကျေးဇူးရှင်ကြီးလို သူတို့ကို သူတို့ လူလုံးပြ
    အသံကောင်းဟစ်နေတယ်ဗျာ…ဒီအသံတွေကိုပြောင်းပြစ်ချင်တယ်….စောင့်ရမဲ့အလုပ်လည်း
    မလုပ်ချင်တော့ဘူး….ကျနော်တို့တွေ ဘယ်လိုနေ၊ဘယ်လိုထိုင်၊ဘယ်လိုပြောလို့ရမလည်း
    သိတဲ့သူ လမ်းညွန်ပေးကြဗျာ……..။

  • ဦးကျောက်ခဲ

    August 18, 2013 at 7:30 pm

    ဆြာပေါက်ရေ အမြင်အတွေးကတော့ရှယ်ပဲ…
    မကျေနပ်နိုင်သေးပေမည့် တစ်စုံတရာကိုတော့ အသိအမှတ်ပြုရမယ်…
    ဆင်းရဲမွဲတေမှူကို မရှင်းနိုင်သေးပေမည့်၊ ဥပဒေစိုးမိုးရေးက အရိပ်မြင်လာပြီ…
    ဆိုတော့ ဆက်ပြောရရင်…
    တပ်ချုပ်မင်းအောင်လှိုင်ကိုလည်း ထည့်တွက်ရမည့်စာရင်းထဲ ပါသေးတယ်…
    မတော် ဒီလူကြီးက ကယ်ပါမယ်လုပ်မှ…
    2015 မလွန်မခြင်း… ဟီး ဟီး
    😀

    • nicolus agral

      August 19, 2013 at 2:52 pm

      မေခလာ အထီးတွေက အကြောက်ရဆုံးပဲ
      ကယ်မယ်တကဲကဲ………….

  • kyeemite

    August 19, 2013 at 11:18 am

    ကျနော်အစိုးရိမ်ဆုံးကလည်း ကိုပေါက်ပြောတဲ့
    “မျိုးဆက်ပြတ်တဲ့ အတွက် ကဏ္ဍအသီးသီးမှာ လျောကျနိမ့်ဆင်းနေတာအမှန်ပါဘဲ။”
    ဆိုတာပါပဲ…
    ပညာရေးပိုင်းကိုအဓိကမပြောင်းလဲသေးသ၍
    မျိုးဆက်တွေခြားသထက်ခြားနေအုံးမှာပါပဲ… 🙁

  • kai

    August 19, 2013 at 2:30 pm

    ဆိုတော့…
    ၂၀၁၅မှာ.. ဒေါ်စုသမ္မတမဖြစ်နိုင်ပါဘူး..
    ဦးရွှေမန်းသမ္မတဖြစ်ပါမယ်…
    တိုင်းပြည်ကံကောင်းရင်ပေါ့…
    ကံဆိုးရင်.. တပိုင်းပြတ်မလား.. ၂ပိုင်းပြတ်မလား.. အစိတ်စိတ်ကွဲမလား… လို့..

    ဒီလောက်ပဲ… :buu:

    • ကိုခိုင်ရေ
      ဝင်ခွင့်မရင်ဖြစ်စေ
      ဝင်ခွင့်ရပါလျက်နဲ့ မရသည်ဖြစ်စေ
      ပြဿနာကြီးမှာ အမှန်ပါဘဲ။

  • nicolus agral

    August 19, 2013 at 3:07 pm

    ကျွန်တော့်ညီက Romance of Three Kingdom Strategic game ကိုကစားပါတယ်
    ကျွန်တော်ကဘေးကနေထိုင်ကြည့်ပါတယ်
    သူကမလိုအပ်ပဲရှိသမျှ Officer တွေအလုပ်ခန့်နေတော့ကျွန်တော်က
    မင်းမသုံးပဲနဲ့ငွေကုန်အောင်ဘာလို့အများကြီးလျှေက်ခန့်နေတာတုံးလို့မေးတော့
    ဟ ငါမခန့်ရင် ပြိုင်ဘက်ကခန့်ဖို့အခွင့်အရေးရသွားမှာပေါ့
    ငါ့အတွက်မလိုပေမဲ့ ပြိုင်ဘက်ကိုကြီးထွားခွင့်မရအောင်ပိတ်ထားတဲ့အနေနဲ့ခန့်ထားတာ
    ငွေကုန်လဲကုန်ပစေတဲ့

    အကျန်ပေးအဖွဲ့တွေကလဲဒီသဘောလား အတိဝူးနော်
    တားကမတိလို့မေးကြည့်တာ

  • Ma Ei

    August 19, 2013 at 4:31 pm

    ဆရာ စံဇာဏီဘို ဟောထားတာတော့
    ၂၀၁၅ မှာ အမေ ကသမ္မတတဲ့…
    မျိုးဆက်ပြတ်တာကတော့ ဒီဖက်မှာ
    နောက်လှည့်ကြည့် အမေ့လို
    နောက်တစ်ယောက် ဘယ်သူမှ မရှိ…

  • ဦးကြောင်ကြီး

    August 20, 2013 at 9:06 am

    နိုင်ငံရေးသမားဦးပေါက်
    ပြိုင်စံရွေးရှားမူးသောက်
    မိုင်တံဝေးသွားဖူးမောက်
    တိုင်ကန်ကြေးစားရှုးခြောက်…

Leave a Reply