တရက်ရဲ့ တမနက်

တနေ ့တာအစပြုလေပြီ။နေမင်းကြီးသည်ကောင်းကင်ပေါ်သို ့မင်းမူ နိုင်ရန်ရှေ ့မှအတားအဆီး
ဟူသမျှကို ကျော်ဖြတ်နေလေသည်။
” ပဲပြုပ်”
“ကောက်ညှင်းပေါင်း၊ အကြော်စုံပူပူလေး”
အစရှိသည့် နံက်ခင်းဝမ်းဝမ်းဝ အစားပြေ ရောင်းချသော ခေါင်းရ­ွက်ဈေးသည်များ၏တစာစာ
အော်နေသံများကြောင့် အိပ်ရေးမဝတဝဖြင့်နိူးထလာခဲ့ရသော်လည်း စိတ်မှာကြည်လင် လန်း
ဆန်းနေသည်။

အဘယ့်ကြောင့်နည်း။

အကြောင်းတော့ရှိရမည်။

ဒါဆိုဘာအကြောင်းက အိပ်ရေးမဝတဝနဲ့ကိုစိတ်ကြည်လင်လန်းဆန်းနေရပါလဲ။
အကြောင်းရင်းကိုတွေးမိပြန်တော့ ရယ်မလိုစိတ်ကိုပြန်ထိန်းရသည်။
ညကညဉ့်နက်မှအိပ်ဖြစ်သည်။ အကြောင်းကား တရုပ်မင်းသား စတီဖင်ချောင် ၏သိုင်းကား
ကြည့်နေသောကြောင့်ဖြစ်လေသည်။ဇာတ်လမ်းအရ မင်းသားမှာ မိုးနဂါးသိုင်း ၁၈ ကွက်ကို
လေ့ကျင့်တတ်မြောက်ရမည်ဖြစ်သော်လည်း နောက်ဆုံးအကွက် ၁၈ ကိုမကျင့်ဖြစ်နေလေ
သည်။လူဆိုးဖြစ်သူသိုင်းအကျော်အမော်နှင့်လည်းတိုက်ခိုက်ရတော့မည်။ မင်းသားကလည်း
မရနိုင်။မကျင့်နိုင်။အနီးရှိသူများကလည်းအလွန်စိုးရိန်နေကြလေပြီ။ကြည့်နေသောကျွန်ုပ်သည်
ပင်လျင်အားမလိုအားမရဖြစ်နေမိသည်။ဘေးမှလည်းဝိုင်းဝန်းကြိုးစားကူညီပေးနေကြ ပြန်
သည်။
“ဖျက်ကနဲ့”
မီးပျက်သွားလေတော့သည်။
ပြီးခါနီးတဝက်တပျက်နှင့်အိပ်ရာသို့ဝင်ရလေတော့သည်။မီးပျက်လို့သာတော်သေးသည်။
နာရီသံတချက်တီးနေပြီ။မနက်ရုံးသွားရအုံးမည်။ ဇာတ်လမ်းနောက်သို့အလိုက်ကောင်းနေသည်။
စိတ်ကဆောင်နေသော်လည်းကိုယ်က ခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားလေတော့သည်။

“ZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZZ”

အိပ်ကောင်းတုန်းရှိသေး “ထတော့ ထတော့ ” ဟူသော အသံချိုချိုဖြင့်နိုးသောကြောင့် ကျွန်ုပ်
လည်းယောင်တောင်ပေါင်တောင်ဖြင့်အိပ်ရာမှထလေသည်။
“ဝါးးးး”
အိပ်ရေးမဝကြောင်းသိစေရန်တချက်သန်းပြလိုက်သည်။ဘေးဘီသို့တချက်စောင်းကြည့်မိသည်
နှင့်-
“ဟိုက်”
ဘုရား ဘုရား တောထဲတောင်ထဲရောက်နေပါရောလား။မျက်စေ့ကိုပွတ်ကြည့်သည်။မြင်ကွင်းကားပြောင်းမ
သွား။ရေးစီးသံများပင်ကြားနေရသည်။အိုး တောင်ပေါ်ရောက်နေတာပါလား။အနီးမှာလည်း
အတော်မြင့်သောရေတံခွန်ကြီးတခု။
အနီးသို့ချည်းကပ်လာသောခြေသံကိုရုတ်တရက်သတိပြုမိသည်။ပျံလွှားခြေလှမ်း ကိုတဘက်ကမ်းတတ်မြောက်ထားသူပင်ဖြစ်ကြောင်း ကျွန်ုပ်သိရှိလိုက်ရပေသည်။အကယ်စင်စစ်ထိုကဲ့သို့သိရှိနိုင်သောသူကားမိုးနဂါးသိုင်းကွက်
၁ရ ဆင့်အထိတတ်မြောက်ပြီးသူမှသာလျှင်သိရှိနိုင်မည်။
အလိုလေ “ငါ ငါ သိုင်လောကသားတယောက်ပါလား”
မိမိအတွင်းအားများကိုပြန်စစ်ကြည့်သည်။တကိုယ်လုံးသွေးလည်ပတ်နေမူ့ကိုပြန်စစ်မိသည်။
အတွင်းအားအပြည့်။ အနီးရှိ ကျောက်တုံးကြီးကိုလက်ဝါးနှင့်အသာတချက်ရိုက်လိုက်သည်။
“ဝုန်းးးး”
ကျောက်တုံးမှာအစိတ်စိတ်အမွှာမွှာကွဲကြေသွားလေတော့သည်။
“ဟားဟား ဟား”
စိတ်ကျေနပ်အားရစွာတချက်အော်ရယ်မိသည်။
“အခုလောက်လေးနဲ့ရှင်ကကျေနပ်နေတယ်ပေါ့လေ။အဆင့် ၁၈ ကိုရှင်မတက်နိုင်ပဲ သူ့ကို
ရင်ဆိုင်လို့မရဘူး”
အသံရှင်ကိုကြည့်လိုက်တော့ အင်မတန်ချောမောလှပသောမိန်းကလေးတဦးဖြစ်နေလေသည်။
မြင်ဖူးသလိုလိုရှိသည်။မြင်ဖူးသည် ဘယ်မှာပါလိမ့်။ အော်သိပြီ ညကကြည့်နေတဲ့ စတီဖင်ချောင်
သိုင်းကားထဲကမင်းသမီးကိုး။ ဒါဆို ငါ ငါက။
အနီးရှိရေကန်သို့ပြေးကြည့်လိုက်ရာ။
အော် ကျွန်ုပ်သည်ကား မင်းသားစတီဖင်ချောင် ပင်ဖြစ်နေသည်ကိုး။
“ရော့ မြန်မြန်စား ပြီးရင်ကျင့်မယ်”
” ဟုတ်ကဲ့”
ထို့နောက် ထို့နောက်တွင်ကား—–
မင်းသမီးလေး၏အနီးကပ်လေ့ကျင့်သင်ပြမူ့ဖြင့် မိုးနဂါးသိုင်းကွက် ၁၈ ကိုအောင်မြင်စွာတတ်
မြောက်သွားလေသည်။

” ပဲပြုပ်”
“ကောက်ညှင်းပေါင်း၊ အကြော်စုံပူပူလေး”
ထိုအသံများကြောင့် အိပ်ရေးမဝတဝနိုးလာခဲ့ရသော်လည်းစိတ်မှာကြည်လင်လှသည်။
” ၈ နာရီ ခွဲတော့မယ်။မျက်နှာသစ်တော့။ရုံးနောက်ကြနေမယ်”

ထို့နောက်အတွေးရေယဉ်ကိုဖြတ်ပြီးရုံးချိန်အမှီရောက်ရှိရေး ကိုအသော့နှင်ရလေတော့သတည်း။

12 comments

  • အရီးခင်

    September 3, 2013 at 5:03 am

    ဟိုတလော က ကလေးတွေ နဲ့ အခုန်ကောင်း လို့ ဒူးပြဲ တာ မမှတ်သေးဘူးထင်ရဲ့။ 😉

    • မင်းခန့်ကျော်

      September 3, 2013 at 9:47 am

      ဝါသနာ ကိုက အရီးရေ :mrgreen:

  • ဦးကြောင်ကြီး

    September 3, 2013 at 9:21 am

    ထို့နောက်
    ရေတံခွန်ဘေး
    ချုံဖုတ်ထဲတွင်
    အတွင်းအား
    ကျင့်သည်
    မင်းသမီးလေး
    ရေလာချိုးချိန်ဝယ်
    ခန္ဓာကိုယ်တွင်း
    ဝါယောဓာတ်
    အပူလှိုင်း
    ထိန်းမနိုင်
    သိမ်းမရ
    ဖောက်ပြန်ကုန်သည်
    ဘီလူးစည်းသည့်နှယ်
    အာခေါင်ခြောက်
    မျက်လုံးပြာဝေ
    နှာခေါင်းမီးတောက်
    ဘာဆိုဘာမှမသိတော့
    ခွီးဂနဲအော်မြည်ဂါ
    တကိုယ်လုံး
    မြောက်တက်သွားသည်
    သတိရချိန်ဝယ်
    မင်းသမီးလေး
    ကိုယ်ပေါ်သို့
    ရောက်နှင့်နေပြီးပီ
    ထို့နောက်တဖန်
    သတိလစ်သွားပျံသည်
    ဒီတချီတွင်တော့
    လှယာဂျီးနဲ့
    လှယျာဂျီးနဲ့…..

    • မင်းခန့်ကျော်

      September 3, 2013 at 9:42 am

      ဟေ့လူဂျီးးးရဲ့

      ဒါမျိုးရေးလို့အခွင့်မသာဘူးဗျ။

      မဟေသီက လှမ်းလှမ်း check နေလို့ :mrgreen:

  • KZ

    September 3, 2013 at 9:32 am

    အရမ်း စွဲလန်းခဲ့ရတဲ့ မင်းသားထဲ သူလဲပါတယ်။
    ကားတိုင်း က ရီရလို့။

    :mrgreen:

    • မင်းခန့်ကျော်

      September 3, 2013 at 9:50 am

      အဲဒီမင်းသား ရဲ့ ရှေးခေတ် ရှေ့နေ ကားက

      ရီရတယ်။ ဒိုင်ယာလော့ကောင်းတယ်။

      ဖြတ်ထုံးတွေကောင်းတယ်။

  • အလင်းဆက်

    September 3, 2013 at 9:50 am

    ဘာများလဲ..လို ့…။

    အလန့်ထညက်တွေ သိပ်လုပ်….

    လူဇိုးး

    ————–
    :kwi:

    • မင်းခန့်ကျော်

      September 3, 2013 at 9:54 am

      ဖုန်းနဲ့စာရိုက်ရတာအားမရလို့

      ကီးဘုတ်ဆိုလား

      အဲဒါကြီးနဲ့ စမ်းကြည့်တာ။

      မဆိုးဘူးဗျ။ :mrgreen:

  • Inz@ghi

    September 3, 2013 at 9:58 am

    ဖင်ချောင် ဖြစ်နေတာကိုး ..
    ငိငိ

    • မင်းခန့်ကျော်

      September 3, 2013 at 11:09 am

      မိုင်နိမ်းအစ် ဖောင်ချင် ေိေိ

  • kyeemite

    September 3, 2013 at 10:17 am

    ဖစ်မှဖစ်ရပလေ..မင်းသားစတီဖင်ချောင်မင်း ရယ် 🙂

    • မင်းခန့်ကျော်

      September 3, 2013 at 11:11 am

      ဖျစ်လိုက်ရတယ်ထင်တာပဲ :mrgreen:

Leave a Reply