ဆယ်ကျော်သက် feeling
ခံစားချက်တွေ
ရင်မှာပြည့်လို့
ချရေးမည်ကြံ
ဘောပင်ကိုထုတ်
စာအုပ်ထုတ်လို့
ထိုင်ငိုင်ကာတွေး
ဘယ်ကစလို့
ဘယ်လိုဖွဲ့နွဲ့
မသိတတ်၍
ထပ်ကာစဉ်းစား
တွေးပါသော်ငြား
ခံစားချက်ကို
မဖွဲ့တတ်၍
နေဝင်သော်သော်
စာအုပ်ထက်၌
စာလုံးလေးလုံး
ဖက်တင်ကျန်ရစ်
ထိုထိုစာကား
နင့်ကိုချစ်ဧ။် ပေတကား…..
8 comments
အလင်းဆက်
September 3, 2013 at 7:00 pm
နင့်ကို ချစ်၏ …တဲ ့…
အရိုးဆုံးနဲ ့ အဆန်းဆုံး… စကားလေး….
ပြောဖူးတယ်…။
ဟိုတလောတုန်းက…..
ဘဝမှာ.. မမေ့နိုင်တဲ ့ စကားလုံးလေးတွေပေါ့…။
————————————
အလင်းဆက်
September 3, 2013 at 7:12 pm
ဒါနဲ ့……
မိတ်ဆွေရေ..
ဂဇက်မှာက..
မန်ဘာတစ်ဦးကို တစ်ရက် လျှင် ပိုစ့်နှစ်ပုဒ်သာ တင်ခွင့်ရှိမယ်လို ့…
စည်းကမ်းထုတ်ထားလေတော့…..
မိတ်ဆွေ တင်လိုက်တဲ ့ ပိုစ့် တွေထဲက
မျဉ်းပြ်ိုင်ရယ်..
ဆယ်ကျော်သက် Feeling ရယ်ကို…
ဒီနေ့ အတွက် ချန်ထားခဲ့ပြီး………..
—————————————-
သူငယ်ချင်းအတွက်…ရယ်..
ကျိန်စာ ရယ်ကို…
မနက်ဖြန် 4 .9 .2013 . မနက် 09 း00 မှာ
တက်လာအောင် ရွှေ့ထားပေးလိုက်ပါတယ် ။
————————————–
အတ္တရယ်..
မျှော်လင့်ချက်ရယ်… ကို
သန်ဘက်ခါ 5 .9 .2013 မနက် 09 း00 မှာ တက်လာအောင်..ရွှေ့ထားပါတယ်။
——————————————
အချစ် – ရှုံးနိမ့်ခြင်း ရယ်…
ချစ်သူအတွက် အိတ်ဖွင့်ပေးစာ ရယ်ကို…
6 .9 .2013 မနက် 09 း00 မှာ တက်လာအောင်..
ကျွန်တော် ရွှေ့ပေးထားခဲ့ပါတယ် ။
အဲဒါလေး..အသိပေးအကြောင်းကြားတာပါနော် ။
——————————-
တင်လိုက်တဲ ့ ပိုစ့်တွေ ပျောက်နေရင်.. စိတ်ပူနေမှာစိုးလို ့ ပါ ။
ချစ်ခင်လေးစားလျက်….
ဆက်ဆက်
Conny Kim
September 4, 2013 at 8:59 am
ကျေးဇူးပါ ကိုအလင်းဆက် rule ကိုမေ့သွားတယ် connection ကောင်းတုန်းဆွတ်တင်လိုက်မိတယ်
ခင် ခ
September 3, 2013 at 10:45 pm
အင်း ရေးအားလေးကိုတော့ ချီးကျုးမိတယ်ဗျ
လက်ရေလေးတော့မကျစေချင်ဘူးဗျ
မဟာရာဇာ အံစာတုံး
September 4, 2013 at 1:33 am
ကဗျာ ဆိုတာ …
ဖွဲ့နွဲ့ဖို့ စဉ်းစားလိုက်တဲ့အခါ
ပျောက်ပျောက်နေတတ်တယ် ….
တစ်ခါတစ်ခါမှာတော့
မထင်မှတ်ပါပဲ စကားလုံးတွေက ထွက်ကျလာတတ်ပြန်ရော …..
ဒီလို .. ဒီလို ….
kyeemite
September 4, 2013 at 9:21 am
တော်တော်ရေးနိုင်ပါလားဗျ..ကြိုဆိုပါတယ်..
ရွာ့စည်းမျဉ်းကိုသတိပြုမိပြီးဝင်ကူပေးတဲ့အလက်ဆင်းကိုလည်းလေးစားပါတယ်…
ခင် ခ
September 5, 2013 at 3:32 pm
5.9.2013 3:30 pm (၄) ခုလို့ မှတ်ထားပါ၏။
မောင် ပေ
September 5, 2013 at 8:21 pm
ဖီလင်
မီတင်
ညှီဂွင်
ပီပြင်
အီချင်
လီစဉ်
ရီနင်