သူထွက်သွားဘီ (ဝါ) ကန္နားစီးတို့ ဒေါသ
ဂဇက်ရွာ တရွာလုံး ဒေါသဗုံကျနေလေသည်။
ဟုတ်တယ် ဖြစ်ပုံက ကြည့်အူး။ ဟို ချာတိတ်တယောက် သဂျီးသမီးချာတူးလန်ကို ဗိုက်တလုံးနှင့် ထားပြီး
ထွက်သွားသတဲ့လေ..။
တောက်ခ် …
ဒါက ကန္နားစီး ရဲ့ တက်ခေါက်သံ။
ဘယ့်နှယ့် ငညီမလေးကို …။
ကန္နားစီးပါးပြင်တွင်မျက်ရည်တို့ စီးကျနေ၏။
ရှောက်သီးဆေးပြားအရောင်းထွက်ရာမှ ပြန်လာသော မာဂယောက်ပြားနှင့် ဒညင်းဝက်တို့လည်း မျက်နှာမကောင်းလှ။
မာမီသော်က မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အံကို ဂျစ်ဂျစ်မြည်အောင်ကြိတ်သည်။
မတ်မမ ကတော့ သန်းဝေချင်ယောင်ဆောင်ရင်း သူမျက်ရည်လည်တာကို လူမသိအောင်ပြု၏။
မမအံ့က အိမ်တိုင်ကို ဂျပန်ပါးရိုက်နည်းဖြင့် သမနေ၏။
ဟုတ်သည် မန်းဂဇက် အချော်တကောက်ရွာမှ အစ်ကိုမောင် တသိုက်၏ ချစ်လှစွာသော တဦးတည်းသော
ညီမလေး မဟုတ်ပါလား။ မားခိုမ်ပင် ကိုကြီးကျော် အကြောင်းပြကာ တာကီလာ အမုန်းဆွဲနေသည်။
ချောမမမှာကား သည်တူမလေးအတွက် ယတြာ သွားချေမည်ဟုဆိုကာ အဘစည် ဟူသော
ဘိုးတော်လက်သရမ်း ၏ နတ်နန်းသို့ သွားခဲ့သေးသည်ပင်။ ချာချာကလေးကို အယက်သမား ကိုကိုစွိ လက်မှ
ရေတိမ်မနစ်အောင် ကယ်ဆယ်ခဲ့သည့် တိုက်မမပင်လျှင် ယခင်လို နှုတ်ခမ်းတလန် ပန်းတလန် မစွာနိုင်ချေ။
တကယ်တော့လည်း ဒီ အစ်ကိုမောင်တစ်သိုက်ကပင် ချာချာကလေးကို ဖဲဝိဇ္ဇာ ကိုကိုကြည်၊ ချဲဒိုင် ဦးဝေါင်ဝေါင်၊
နှင့် လူကုန်ကူးသည်ဟု သတင်းသဲ့သဲ့ထွက်သူ အိမ်ဖော်ပွဲစား ကိုယီးသဲနု တို့ရန်မှ စောင့်ရှောက်ထားသည်
မဟုတ်တုန်လော။ ဒီကြားထဲ နှာကိုယ်တော် ကိုကိုပူးချ် ၊ သင်းအုပ်ဆြာ ဦးခရစ်စ်၊ နှင့် ဘတ်စကား ထောက်ထောက်
ကမွန်ကစ် တို့ က အလစ်ချောင်းနေသေး၏။ အစ်ကိုတော် မိုက်ကယ်ပုစ် ၏ ထမိန်အလံထူပလိုက်မယ် တေးသွားကြောင့်သာ
ပေါ်တင်မလှုပ်ရှားရဲခြင်းဖြစ်သည်။
မာဆတ်ပိုင်ရှင် အူးလေးလတ်၊ နှင့် ကေတီဘီ ထောင်ထားသည့် ကိုမာမား တို့ကလည်း ချာချာကလေးကို မိသားဘသားပီပီ
ဟု မကြာခန စကားစတတ်သေးသည်။ ဒင်းတို့ရန်ကြောက်သဖြင့် သမီးတော်ကို ရွှေလိုဥထားသည့် မားခိုင်တယောက်
ဆိုက်လွန်နေသောဟန်းဆက်ပင်ဝယ်ကိုင်ပြီး မျက်နှာ မပြဟူသတတ်။ ယခုတော့ အစ်ကိုမောင်တွေ ကြားက ဒီ ကလေးမကို
တော့စ်ခ်။
ဒီတခါက ဂမမ လက်ချက်ဖြစ်၏။
ငါ မယီးဆန်း ကို အင်တာဗျူးသွားနေတုန်း ဖြစ်ရလေခြင်းဟု စုတ်တသတ်သတ် လုပ်နေ၏။
သဲရန်ကော ဟူသည့် အမူအယာဖြင့် မမကျောက်စ် မီးဖိုထဲ နှုတ်ခမ်းစူ ခြေဆောင့်ရင်း ဝင်သွားလေသည်။
ပါးစပ်မှလည်း တကလည်းတော် တကလည်းတော် နှင့်။
ဒီသတင်းကြားတော့ လီဗြောင်ဟွန်း ပုံ မော်နီတာထက် အာပွားရှလူးနေလေ့ရှိသော မျိုးမမလည်း မနေသာပါပေ။
လွန်ခဲ့သော နှစ်၃ဝခန့်က မီးဆော့ခဲ့တာ သတိပြန်ရသွားသည့် မမမိုက်ခ် လည်း မျက်ရည်လေးတစမ်းစမ်းနှင့်..
လုပ်ရက်ပါပေ့ကွယ်။
အစ်ကိုမောင်တွေ ဝိုင်းချစ်နေသည့် ဒီကလေးမ ကိုများ သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းမယ်မှတ်လို့
ပေးစားလိုက်ပါတယ် ဗိုက်တလုံးနဲ့ ထား ထွက်သွားသဒဲ့။
ဟေ့ .. ဒို့ ဂဇက်ရွာကို ဂလိုကျောလို့ ရမလား…။ တရားနဲ့ မရှင်းရင် ဒါးနဲ့ ရှင်းမတော့…။
ဒါမျိုးကျားကျားယားယား ကြွေးကျော်သူက မာမီသော် (ဆွေးတက္ကသိုလ်)တည်း။
မားခိုမ်ပင်လျှင် ကိုယ်တော်လေးနတ်နန်းက ဒါး၂လက် လွယ်ထားပီးပီ။လူက သိုင်းကွက်နင်းနေဘီ။
တိုက်မမကတော့ ရှင်မတော်နဲ့ ထုလိုက်မယ် ဆိုတာချည်း။
ဒညင်းဝက်နှင့် မာဂယောက်ပြားက ဂျင်ကလိကိုယ်စီနှင့် ။
ကနားစီးက ကြက်ဥလှည့်တချောင်းကိုင်ကာ ရရာလက်နှက်ဆွဲလာဖွယ်ရှိသောချောမမက
ငရုတ်ကျည်ပွေ့နှင့်။
ရွာ့ ဂေါ်မစွံလူပြိုသိုးများဖြစ်သော ကိုကို ဝေါင်။ ကိုကို ကြည် ကိုကိုစွိ နှင့် ခွက်ပုန်း ကိုကိုခရစ်စ် တို့မှလည်း
ဒင်းတို့မရလိုက်သော ရွာ့ကွမ်းတောင်ကိုင် အာပျိုချောကို ဖျင်းဆွဲအောင် ဖမ်းစားသည့် ငတိအား အမှုန့်ခြေမည်
ကြွေးကျော်နေ၏။
လူအေးဖြစ်သည့် လျက်ဆားဖော်ရောင်းသည့် ခါ့စ်မမ ကတော့ တရားရေးဖြင့်ရှင်းပါ လက်မပါပါနှင့်တားသေးသည်။
ချာတူးလေးကို ခေါ်ရချေပီတည်း။ ပင်လယ်ဒမြဂိုဏ်းနှင့်တူသည့် ကနားစီးတို့ လူသိုက်ရှေ့ဝယ်
ကိုဝင်းကြည်နှင့် ချာချာလေး…။
အဲ..။ တိတ်ဆိတ်မှုကို မားခိုမ် က ဖြိုခွင်းလိုက်သည်။
ခိုမ်။ ဟဲ့ သမီး ခေါ်ဇမ်း နင့်ကောင်ကို။
ချာ။ အာ ..အဖေကလည်း ခေါ်လို့မရပါဘူး။
ခိုမ်။ ဒင်း ထွက်သွားတာ ဘယ်လောက်ကြာပတုန်း။
ချာ။ ၃လလောက်တော့ ရှိပီ အဖေရဲ့…။ ဒါနဲ့ အဖေတို့က ဘာဖြစ်နေတာတုန်း။
ခိုမ်။ ဘာ…ကိုယ့်သမီးတယောက်လုံး တနေ့တနေ့ မျက်ရည်လေးတစမ်းစမ်းနဲ့ ဖြစ်အောင် ထားခဲ့တဲ့ကောင်ကို အခဲမကြေဝူးကွ။
မားခိုမ်တဲ့နော… နျူးယောက်က ကြောင်ဖားကြီးကိုတောင် ဟစိဟစိ ဖြစ်အောင် လုပ်နိုင်ခဲ့သေးဒါ စမ်းကျိဇမ်းဘာ..။
ချာ။ အာ အဖေတို့ကလည်း စိတ်ကြီးပဲ။
ခိုမ်။ ဟိုကောင် ကန္နားစီး နင် ဒါမိုးကျ ဘာမှမတတ်နိုင်ဝူးလား ဟမ်။
ဂီ။ ဟုတ်.. သများ ရှီးတော်ကျားနဲ့ တိုက်ပစ်မယ် ဒင်းကို။
ကျောက်စ်။ ဟတ်လူဒွေ ဒကလဲတော် ..စိတ်လေးဘာလေးထိန်းကြပါအူး။ဟဲ့ချာချာ နင့်အကောင်ကို တရားဆွဲမအေ့။
ချာ။ အာ ..မားကျောက်စ်ကလည်း အဲ့ဒါ တရားဆွဲလို့မှမရတာ…..။
တော့စ်ခ် ။
ဂ။ ဘာအေ့ … မိန်းကလေးတယောက်ကို ဗိုက်တလုံးနဲ့ ထားပီး ထွက်သွားတာ တရားဆွဲလို့မရဝူး ဟုတ်စ။
ချာ။ အင်းလေ ဂမမရဲ့ ။
ဂ။ အိုအေ… င ဒုံးကဆို ဟိုမင်းသမီး သင်ချာနွယ်ပင်း တာဝန်ယူလိုက်ရတာကြည့်ပါလား။ ဘာလို့ ဆွဲမရရမှာတုန်း …။အဲ့လို ထားပီးထွက်သွားစရာလား။
ချာ။ အာ.. သူ့အကြောင်းနဲ့သူရှိပါတယ် ကွယ် .. ဟင့် …ဟင့် .. သများလည်း တားမရလို့ပါ….။
ထိုစဉ် ဇာတ်ခေါင်းကွဲ ယွဲစီ တစခန်းထလာသည်။
ယွဲ။ မားယွဲတို့ကတော့ အဲ့လိုကောင်စား တွေ့ရင် ဒချိ . ဒချိပဲ။
ချာ။ အာ… စိတ်ညစ်ပါတယ် မားတို့ရယ်…။
ယွဲ။ နေဇမ်းဘာအူး မိန်းမတယောက်ကို ထား ထွက်သွားရလောက်အောင် ဒင်းက ဘာကိစ္စရှိလို့တုန်း မယားငယ်ယူတာလား။
ချာ။ ဟို လေ ဟို … သူထွက်သွားတာကလေ… ဟင့် ..ဟင့် …
ဂီ။ ပြောလိုက်ဇမ်းဘာ။
ခိုမ်။ ပြောသာပြောချလိုက်သမီး ။
ကျောက်စ် ။ အောင့်မထားနဲ့ ဖွင့်ထုတ်ပိုက် ဖွင့်ထုတ်ပိုက်။
ဆက်။ အို ဆက်စ် တို့လို ပွင့်ပွင့်လင်းလင်းပေါ့… ပြောချလိုက် ပြောချလိုက်
ချာချာလေး ၏ ငိုရှိုက်သံများကြားမှ ဖွင့်ထုတ်လိုက်သည့် စကားကြောင့်ကား
မားတို့တသိုက်မှာ အကုန် ပက်လက် လန်သွားကြပါတော့သဒီး။
ချာချာလေးပြောသောဇဂါးမှာကား..။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ချာ။ ဟိုလေ ဟို သူထွက်သွားတယ် သမီးတားလို့မရသလို တရားလည်းဆွဲဖို့ မဖြစ်နိုင်ဝူးဆိုတာ ..ဟုတ်ပါတယ်..
ဘာကြောင့်လည်း ဆိုတော့ … ဟိုလေ ..ဟို … သူ ထွက်သွားဒါက …
ရှေ့တန်း ….တဲ့…
ငိငိ
ဒချိ ဒချိ
P.S ကာယကံရှင်ဆီ ခွင့်ပြုချက်တောင်းပီးမှ မရေးဖြစ်ဘဲ အကြွေးတင်နေသော ပိုစ့် ဖြစ်ပါသီ။
16 comments
အိမ်လွမ်းသူ
September 4, 2013 at 12:29 pm
:hee: :Kwee:
အိမ်လွမ်းသူ
September 4, 2013 at 12:30 pm
:hee: :Kwi:
ဦးကျောက်ခဲ
September 4, 2013 at 1:11 pm
အား ဟိ… တော်သေးတာပေါ့ ထမင်းချက် မားကျောက်စ် မို့လို့…
ရှောင်တကေ့ တယ်တကန်း ထွယ်တကက် သွားတာဆိုတော့၊ တော်သေးတာပေါ့အေ…
ဒါပေသည့် ဗိုက်တလုံးနှင့် ထားသွားဇယာလား… လူဇိုး..
😀
Shee
September 4, 2013 at 1:18 pm
အားးးးး……………………လုပ်တော့မယ်…ဇိမ်းပါပျက်သွားတာပဲ
Crystalline
September 4, 2013 at 1:23 pm
သင်းအုပ်ဆြာလုပ်ပြီး ခွက်ပုန်းခုတ်တာဘူတုန်း
တို့က ဘုရားနဲ့ဝေးဝေးနေတယ်.. သောက်ရင်လည်း ဦးလေးတွေ..အစ်ကိုတွေနဲ့အပြိုင်ပေါ်တင်သောက်ပါတယ်ရှင့် :kwi:
KZ
September 4, 2013 at 1:41 pm
ဟွန့်။
ကိုကိုစွိ ကို ငြင်းလွှတ်ကြတဲ့ဟာဒွေ။
ခံကြပေါ့။
နာ့ ကို ယူရင် နာ က ဘရန်းဒက်တွေ ဆင်မှာကို။
😀
amatmin
September 4, 2013 at 2:06 pm
နောင်ကျရင် မားစ်.မျက်ရည်လည်တာကို လူမမြင်ဖို့..
ကိုကိုဝေါင်း စရံသတ်မဲ့ တလငါးထောင်နဲ့.
ကိုကိုစွိ ဆီကနေ ဘရန်းဒက်နေကာမျက်မှန် မှာအုန်းမှ ရယ်.. 😀
KZ
September 4, 2013 at 2:18 pm
အွန်။
အဲလာဆို ကိုကိုဝေါင်ပေးမဲ့ စရံကို
ကိုကိုစွိပဲ ယူထားလိုက်တော့မယ်။
😀
Wow
September 5, 2013 at 9:26 am
ကျန်းးးးး ဒီလိုညက်နှာများရင်တော့.. ဟို ရဲတိုက်လို မက်လုံးမိုး… စိုင်းစိုင်းလို ငါးပေးကိုး… နေတိုးလို အသားအရည်မျိုး ကိုပဲ ကိုကိုဝေါင်က ညက်နှာသာပေးလိုက်မာ
Myo Thant
September 4, 2013 at 1:49 pm
ငါ့ဘဝလည်း သူလုပ်မှ မျိုးမမ ကကို မတက်တော့ဘူး ၊
လီဗြောင်ဟွန်းတော့ မလုပ်နဲ့ကွယ် ၊ သူက အတော်ကြမ်း ဆိုပဲ ၊
သေနတ်ပစ်တာလေ ၊ 🙂
ခင် ခ
September 4, 2013 at 2:27 pm
မားခိုင်က ဂီ ကို လိုက်ရှာနေတယ်နော်။
သဂျီးသမီးသတင်း ရွာထဲဖွလို့တဲ့ဗျ။
kyeemite
September 4, 2013 at 3:27 pm
မမမိုက်ခ် ဒို့ကတော့ ခုထိ မီးဆော့တုန်း..
ဆော့လို့ကောင်းတာကိုးတော့..အဟင့်ဟင့် 😀
အရက်ကလေးမူးလာရင် သာတောင်ဆော့ကောင်းသေး..ဟေးဟေး 🙂
အလင်းဆက်
September 4, 2013 at 5:29 pm
ဘာာာာာာ
ရှောက်သီးဆေးပြား ရောင်းပြီးပြန်လာတာ
ဟုတ်သလားးးးး
သကြား ရေ
အောင်မယ်လေး းးးသကြား ရဲ ့ကျုပ်တို့အဖြစ်လည်း ကြည့်လိုက်ပါဦး
မျက်နာမကောင်းတာက
မိတ်စကပ်နည်းနည်း ညံ့လို့ပါကွယ်
🙂
ဒါနဲ ့သများနဲ့ သကြားက
ရှောက်သီးဆေးပြားရောင်းတဲ့ အဆင့်ထက်တော့
နည်းနည်း မြင့်ပါတယ်အေ
ညည်းကလည်း ဝုန်းစရာ မရှိ ကိုယ့် ညီမချင်းချင်းတွေ ဝုန်းနေတာများ
ဝက်ဝက်ကိုကွဲနေတာပဲ ။
သိပ် မပလစ်နဲ့အေ
🙂
:kwi:
lele kyi
September 4, 2013 at 7:26 pm
မားခိုခ်က ဘယ်နဲ့လုပ်လို့ နုူးယောက်ကကြောင်ဖားကြီးက ဟစိဟစဲဖြစ်သွားတာတုန်း။ အဲ့ဒီကြောင်ဖားကြီးက ကြောင်ပါးပါးနဲ့ဖားမားမားရဲ့ ဂျင်နရေးရှင်းလားသိဘူး။ ကိုကြည်ကဖဲဝိတ်ဇာ ဟုတ်ဘူး။ ဂျိုကာတွေပိုကာတွေသိဘူး။ အကောက်ပဲကောက်တာပါ။ ဖဲဝိတ်ဇာကသင်လို့မရလို့လက်လျှော့ထားတာ။ အဲ့ဖဲဝိတ်ဇာရွာထဲရောက်နေတယ်။ သင်ချင်ရင်။ 🙂
YE YINT HLAING
September 4, 2013 at 8:50 pm
“တကလည်းတော် တကလည်းတော် ”
သူ တော်တော်နောက် ။
ခင် ခ
September 6, 2013 at 4:41 pm
Sep 6 / 4:40 pm