Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လူဝင်မှု နှင့် ဦးစော – မောင်သန် ့

kaiSeptember 4, 20133min6488
လူဝင်မှု နှင့် ဦးစော မောင်သန် ့
( ၂၄ – ရ -၂၀၁၃ )
စတေးတပ်တစ်ခု တင်လိုက်တယ်။ ဒါကို အကျယ်ရှင်းပါဆိုရင်တော့ ခေါင်းနဲနဲစားတယ်ဗျ။ ဘာလို့လဲဆို ကိုယ်က အချက်အလက်တွေ အလွတ်ကျက်ထားတာ မဟုတ်တော့ကာ ပြန်ပြန်ရှာရတယ်လေ။ တစ်ကယ်တော့ စိတ်ကူးထဲမှာ ဘယ်သူမှ မမေးလည်း ကိုယ့်ဟာကိုယ် ရေးချင်နေတဲ့ နုတ်တွေက အများကြီးပါ။ တစ်ကယ်တမ်း လက်တွေ့မှာတော့ မရေးဖြစ်ပါဘူးဗျာ။ အရင်တုန်း ကတော့ ဘယ်အကြောင်းအရာ ဘယ်စာအုပ်မှာ ပါတယ်ဆိုတာ မှတ်မိနေပေမယ့် အခုတော့ တစ်ခါတစ်လေ စာအုပ်နာမည်တောင် မေ့မေ့နေတယ်။
ထားတော့။ လိုရင်းပဲပြောတော့မယ်။ လက်ရှိ လဝက ဥပဒေဆိုတာက ၁၉၄ရ ခုနှစ်က ပြဋ္ဌာန်း ထားတာပေါ့။ ၁၉၉ဝ နဝတ လက်ထက်မှာတော့ ဒါကို ပြင်ဆင်ချက်ဥပဒေ ထပ်ထုတ်တယ်။
အထွေအထူးတော့ မဟုတ်ပါဘူး။ ဒဏ်ငွေနဲ့ ပြစ်ဒဏ် ပြင်ဆင်တာလောက်ပါပဲ။
ဒါလည်း အခုထပ်ပြင်ရမှာပဲ။ ဒါကတော့ လွှတ်တော်ကိစ္စပေါ့။
ပြောရမှာက ဒီ့မတိုင်မီက လူဝင်မှုကိစ္စကို ပြောရမှာဆိုတော့ ဒီဥပဒေတွေ ကိုတော့ သိချင်ရင် ရှာဖတ်ကြည့် လိုက်ပါတော့ဗျာ။

အင်္ဂလိပ်-မြန်မာ စစ်ပွဲ သုံးကြိမ်နွှဲပြီး ၁၈၈၅ မှာတော့ ကျုပ်တို့နိုင်ငံက ဗြိတိသျှလက်အောက် တစ်ပြည်လုံး ရောက်ပြီးတဲ့အခါမှာ သူတို့က မြန်မာပြည်ကို အိန္ဒိယရဲ့ ပြည်နယ်တစ်ခု အနေနဲ့ပဲ သတ်မှတ်ခဲ့တာကိုး။ အဲတော့ အိန္ဒိယသားတွေအဖို့ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်ပေါ့။ ရန်ကုန်ဆိုပိုဆိုးတာပေါ့ သူကအရင် ကျသွားတာကိုး။ အဆိုးဆုံးကတော့ ရခိုင်ပေါ့။

အဓိက ဝင်ရောက်လာတဲ့ အကြောင်းရင်းကတော့ ဆန်စပါးစိုက်ပျိုးမှုပေါ်မှာ အခြေခံတယ်လို့ပဲ ပြောရမှာပဲ။ ခေါ်သွင်းလာတဲ့သူကတော့ ဘယ်သူရှိရမလဲ သူတို့ဗြိတိသျှ ကုန်သည်ကြီးတွေ ပဲပေါ့ဗျာ။ ပထမဆုံးခေါ်လာတာကတော့ ၁၈၇၄ ခုနှစ် လောက်မှာ ဘီဟာနယ်က ဇမိန်ဒါခေါ် မြေရှင်လူတန်းစားတွေပဲဗျ။ သူတို့ကို မြေတွေချပေးတယ်။ ပြီးတော့ ၁၈၇၆ ခုနှစ်မှာ မဒရပ်မှာ ကိုယ်စားလှယ်တွေ ခန့်ပြီးတော့ကို လယ်ကူလီတွေ သဘောင်္နဲ့အလုံးအရင်းကို သွင်းတော့တာပဲ။ အဲဒီတုန်းက မြန်မာပြည်မှာ အလုပ်သွားလုပ်မယ့် အိန္ဒိယသားမှန်သမျှ သဘောင်္ခတောင် ပေးစရာ မလိုဘူး။ အင်္ဂလိပ် ကုမ္မဏီတွေက အကုန်အကျခံပြီးတော့ကို ပို့ပေးတာ။ အဲဒီမှာ ပြန်တဲ့လူလည်းပြန်၊ မပြန်တော့ပဲ မြန်မာပြည်မှာပဲ အခြေချတဲ့လူလည်းချပေါ့။ ၁၉၂၁ ခုနှစ်မှာ ကောက်ယူတဲ့ သန်းခေါင်စာရင်းအရဆိုရင် ရန်ကုန်မြို့ လူဦးရေရဲ့ ၆ဝ ရာခိုင်နှုန်းဟာ အိန္ဒိယသားတွေ ဖြစ်နေပြီတဲ့။ အစိုးရရုံး၊ မီးရထားဌာနမှာရှိတဲ့ စားရေးစာချီတွေ၊ ဈေးဆိုင်ရှင်၊ ကုန်သည်နဲ့ စက်မှုပညာသည်တွေမှာ ဘင်ဂါလီ။ သဘောင်္၊ သမ္ဗန်၊ စက်ရုံ၊ ဆိပ်ကမ်းတွေမှာ အစ္စလာမ်ဘာသာဝင် စစ်တကောင်းသားတွေ။ ရုံးစာရေး၊ ဆန်စက်နဲ့ လယ်ယာ စိုက်ပျိုးရေး ဘက်မှာ တမီလ်။ မီးရထားနဲ့ ကုန်းလမ်းပို့ဆောင်ရေးမှာဆို ဝူးရီးယားတွေအပြင် အခြားလုပ်ငန်း တွေမှာလည်း ဟိန္ဒူစတန်နီ၊ တေလ်ဂူ၊ ဂေါ်ရခါး အများအပြားပေါ့ဗျာ။ ဒါ့အပြင် ဂူဂျရတ်တီ၊ မာလဝါရီ၊ စူရတီ ကုန်သည်ကြီးတွေ ငွေတိုးချေးစားတဲ့ ချစ်တီးတွေ၊ ပန်ချာပီ ဆရာဝန်တွေ အများအပြားပါပဲ။
၁၉၃ဝ ခုနှစ်အရောက်မှာတော့ မြန်မာပြည်အနှံ့မှာ ချစ်တီး ငွေချေးဌာနပေါင်း ၁၆၅၅ ခုတောင် ရှိနေပြီတဲ့။ ၁၉၄၁ မှာတော့ မြန်မာတစ်ပြည်လုံးမှာ ချစ်တီးပိုင် လယ်မြေဟာ ဧက ၃,၀၀၀,၀၀ဝ အထိ ရှိသွားပါတော့တယ်။

ဘယ်လောက်တောင် ကြီးစိုးသွားသလဲဆို ၁၉၄၁ စာရင်းအရ မြန်မာတစ်ပြည်လုံးမှာရှိတဲ့ အလုပ်သမားဦးရေရဲ့ ၆၉ ရာခိုင်နှုန်းဟာ အိန္ဒိယသားတွေချည်းပဲတဲ့။ ဒါတောင် အလုပ်သမား မဟုတ်တဲ့ တစ်ခြားလူတန်းစား မပါသေးဘူးနော်။
မြန်မာပြည်မှာ မြန်မာတွေ မလုပ်တဲ့ အလုပ်သာရှိမယ် ကုလားတွေ မလုပ်တဲ့ အလုပ်ဆိုတာ မရှိသလောက်ပါပဲ။ မြန်မာနိုင်ငံသား တစ်ယောက်ဟာ ရန်ကုန်မှာနေမယ်ဆိုရင် ကုလားစကား မတတ်ရင် အဆင်မပြေလောက် အောင်ကို ဖြစ်သွားခဲ့တာ။ ဒါကြောင့်လည်း တို့ဗမာအစည်းအရုံး ပေါ်လာတော့ ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကားဆိုတဲ့ ကြွေးကြော်သံ ထည့်လာရတယ် ထင်ပါရဲ့။

ရန်ကုန်တင် မဟုတ်ပါဘူး ကုလားတွေ တစ်ပြည်လုံးကို ပြန့်သွားတာ မြောက်ဘက် ပူတာအို၊ တောင်ဘက် ကော့သောင်၊ အရှေ့ဘက် တာချီလိတ်အထိပဲတဲ့ဗျား။ ဒီလောက်ဆို တရားခံ ဘယ်သူလဲဟေ့ ဆိုတာ သိလောက်ပါပြီ။ ထူးခြားတာက ရန်ကုန်မြို့မှာရှိတဲ့ အိန္ဒိယ အမျိုးသား ဦးရေဟာ အမျိုးသမီး ဦးရေထက် လေးဆကျော်ရှိတယ်တဲ့။ ဒါကြောင်လည်း ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း ကောက်တော့ ရန်ကုန်မြို့မှာ ကုလားကပြားဦးရေ ၁၂,၅၆ဝ ဖြစ်နေပြီတဲ့။ (ပြောရင်းပဲ ဓါးနဲ့ ထခုတ်ချင်စိတ် ပေါ်လာပြီ။ အဲဒီ ဘိလပ်ကကောင်တွေကို ပြောပါတယ်) ဒီကြားထဲက ဒိုင်အာခီ၊ ၉၁ ဌာနစတဲ့ နိုင်ငံရေးဖြစ်စဉ်တွေကိုတော့ ကျော်လိုက်တော့မယ်။ လိုရင်း မြန်မြန်ရောက်အောင်လို့။ ဒါပေမဲ့ ကုလား-ဗမာ အဓိကရုဏ်း နှစ်ခုအကြောင်းတော့ နည်းနည်း ပြောမှရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အဆက်အစပ် မမိမှာဆိုးလို့။ ဒီလောက် လွှမ်းမိုး ချယ်လှယ် လာတော့လည်း ပြဿနာတွေက ဖြစ်ပြီပေါ့ဗျာ။
ပထမ ကုလား-ဗမာ အဓိကရုဏ်းကတော့ ၁၉၃ဝ ခုနှစ်မှာ ဖြစ်တယ်။ ရန်ကုန်ဆိပ်ကမ်းမှာ ရှိတဲ့ မြန်မာအလုပ်သမားနဲ့ ဂေါ်ရင်ဂျီအလုပ်သမားတွေ အုပ်စုဖွဲ့ရိုက်ကြတာက စတာပဲ။

ဖြစ်ရတဲ့ အကြောင်းခံကတော့ စီးပွားရေးကြောင့်လို့ ပြောရမှာပဲ။ ဒါပေမယ့် ခွဲရေး၊ တွဲရေး နိုင်ငံရေး ပယောဂတွေ၊ ကုန်သည်တွေ (အခုခေတ်ဆို ခရိုနီပေါ့ဗျာ) က ဓာတ်ဆီလောင်းပေး တာကလည်းပါတာပေါ့။ ဆိပ်ကမ်းရိုက်ပွဲကနေ ရန်ကုန်တစ်မြို့လုံးပြန့်သွားပြီး အဓိကရုဏ်းကြီး ဖြစ်လိုက်တာ လေးရက်ကြာတယ်၊ လူ ၁၂ဝ ကျော်သေပြီး အများအပြားဒဏ်ရာရကြတယ်လို့ အစိုးရက သတင်း ထုတ်ပြန်ခဲ့တယ်။ ဒါပေမယ့် ဒီအဓိကရုဏ်းဟာ နယ်တွေအထိတော့ မကူးဆက်ခဲ့ပါဘူး။

ဒုတိယ ကုလား-ဗမာ အဓိကရုဏ်းကတော့ ၁၉၃၈ ခုနှစ်မှာဖြစ်တယ်။
ဒီတစ်ခါကတော့ ဘာသာရေးပါ ပါလာပြီ။ ရွှေဘိုခရိုင် မြေဒူးက အစ္စလာမ်ဘာသာဝင် ဦးရွှေဖီက မော်လဝီနှင့် ယောဂီစာတမ်းကို ၁၉၃၁ ခုနှစ်မှာ စာအုပ်ထုတ်တယ်။ ဒါပေမယ့် စောင်ရေနည်းပြီး လူသိ နည်းတော့ ဘာမှမဖြစ်ဘူး။ အဲဒါကို ၁၉၃ရ မှာ မူဆလင်သူဌေး ပတေးက ဒုတိယအကြိမ် စောင်ရေအမြောက်အများ ထုတ်ဝေဖြန့်ချီလိုက်တာမှာ ပြဿနာကစတာပဲ။
ဒီစာအုပ်မှာပါတဲ့ ဗုဒ္ဓဘာသာကို ထိခိုက်တဲ့ အရေးအသားတွေကို ဗုဒ္ဓဘာသာဝင်တွေက မကျေနပ်ဘူး။
သတင်းစာတွေ စာစောင်တွေကလည်း အမျိုးမျိုးရေးသား ကန့်ကွက်ကြတယ်။

ဒါကို အစိုးရက မသိကျိုးကျွန်ပြုနေတယ်။ မြန်မြန်ဆန်ဆန် အရေးမယူဘူး။ အဲဒီအချိန်က အာဏာရအစိုးရက ဒေါက်တာဘမော်၊ ပြည်ထဲရေးဝန်ကြီးက ဆာပေါ်ထွန်းပေါ့ဗျာ။ ဒီလိုနဲ့ တအုံနွေးနွေး မခံမရပ်နိုင် ဖြစ်နေရာကနေ ၁၉၃၈ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့၊ ရွှေတိဂုံဘုရား ကုန်းတော်ပေါ်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများအဖွဲ့ချုပ်က ဦးစီးပြီး ကန့်ကွက် ရှုံ့ချကြောင်း ဆုံးဖြတ်ပြီး စီတန်းလှည့်လည်ကြရာကနေ အဓိကရုဏ်းကြီးစတာပါပဲ။ ဒီတစ်ခါတော့ ရန်ကုန် တင်မက မန္တလေး၊ စစ်ကိုင်း၊ ရေနံချောင်း၊ ရွှေဘိုအပြင် တစ်ခြား မြို့ကြီးတော်တော်များများကို ကူးဆက်သွားတော့တာပဲ။ လူပေါင်း ၁၀၈၄ ယောက်သေတယ်။ အဲဒီထဲမှာ ပုလိပ်ပစ်လို့သေတာ ၁၇၁ ယောက်မှာ မြန်မာက ၁၅၅ ယောက်သေတယ်တဲ့။
အဓိကရုဏ်းနဲ့ ပတ်သက်ပြီး မျိုးချစ်လူငယ်တွေက အစိုးရကို လက်ညှိုးထိုးတယ်၊ ဒေါက်တာ ဘမော် ဂိုဏ်းသားတွေက ဦးစောကို လက်ညှိုးထိုးတယ်၊ အင်္ဂလိပ် အစိုးရက သတင်းစာ တွေကို လက်ညှိုးထိုးတယ်။ မှတ်သားစရာကတော့ ဒီအဓိကရုဏ်းကြီးမှာ တို့ဗမာ အစည်းအရုံးရဲ့ ပယောဂ လုံးဝမပါကြောင်း ဗြိတိသျှ အာဏာပိုင်တွေက ထုတ်ဖော် ပြောဆိုတဲ့ အချက်ပါပဲ။
ဇူလိုင်လက စလိုက်တဲ့ အဓိကရုဏ်းဟာ ရန်ကုန်မှာ စက်တင်ဘာလလယ်လောက်မှ ငြိမ်းအေး သွားတယ်။ ပြီးပြီဆိုတော့လည်း ထုံးစံအတိုင်း စုံစမ်းရေးကော်မတီဖွဲ့တာပေါ့။ သဘာပတိနဲ့ အတွင်းရေးမှူးက အင်္ဂလိပ်၊ အဖွဲ့ဝင်တွေက အစ္စလာမ်ဘာသာဝင် အမျိုးသားနှစ်ဦး၊ မြန်မာ အမျိုးသားနှစ်ဦး ပါတယ်လို့ဆိုပါတယ်။

စုံစမ်းရေးကော်မတီရဲ့ အဆိုမှာတော့ “မြန်မာသတင်းစာများ၏ တာဝန်မဲ့ လှုံ့ဆော် ရေးသားခြင်းနှင့် အချို့သော ရဟန်းများနှင့် လူများက သွေးထိုးပေးခြင်းသည် အနီးကပ်ဆုံး အကြောင်းဖြစ်သည်။
အောက်မြန်မာပြည်တွင် လယ်ယာပြဿနာ မပြေလည်သဖြင့် မြန်မာတို့ စီးပွားရေး ကြပ်တည်းကြသည်။ အိန္ဒိယအမျိုးသား မြေပိုင်ရှင်များနှင့် ငွေချေးစားသူများ၏ လုပ်နည်း လုပ်ဟန်ကြောင့် မြန်မာတို့သည် ကုလားများကို မုန်းတီးလာကြသည်။ နောက် တစ်ကြောင်းမှာလည်း အိန္ဒိယအမျိုးသားများနှင့် အိမ်ထောင်ကျသော မြန်မာအမျိုးသမီးများ အဖို့ ဗုဒ္ဓဘာသာ တရားဥပဒေအရ အခွင့်အရေး ဆုံးရှုံးကြရသဖြင့်လည်း အိန္ဒိယတို့အပေါ် မြန်မာတို့ စိတ်နာကြပြန်သည်။
ပုလိပ်အဖွဲ့ကို လူအပေါင်းက မယုံကြည်ခြင်း၊ သံသယရှိခြင်း သည်လည်း အကြောင်းတစ်ကြောင်းဖြစ်သည်” လို့ ဆိုပါတယ်။

ဒီကြားထဲမှာ ပြောရဦးမယ်။ အဲဒီ အဓိကရုဏ်းဖြစ်ပြီးတော့ ဒါဒါချန်ဂျီနဲ့ တယဘ်ဂျီဆိုတဲ့ မူဆလင် အမျိုးသား နှစ်ယောက်က အိန္ဒိယကို အပြေးအလွှားသွားပြီး အိန္ဒိယအမျိုးသား ကွန်ဂယက်နဲ့ မူဆလင်လိဂ်ကို သွားတိုင်ကြသတဲ့။ မြန်မာပြည်မှာ သူတို့အမျိုးသားတွေ ဘယ်လို ဘယ်ပုံ ညှင်းပန်းနှိပ်စက် ခံနေရကြောင်း ဆိုပြီးတော့ပေါ့။ (ငပြူး မှန်ရင်တော့ ပြဲတာချည်းပဲ၊ အရင်တုန်း ကလည်း ပြဲတယ်၊ အခုလည်း ပြဲတယ်၊ နောင်လည်း ပြဲမှာပဲ။) ဒါနဲ့ ၁၉၃၉ ခုနှစ် ဧပြီ ၉ ရက်နေ့ အိန္ဒိယ ပြည်လုံးဆိုင်ရာ ကုန်သည်ကြီးများ အသင်းချုပ်က “မြန်မာနှင့် အိန္ဒိယအစိုးရသည် ပင်လယ်ရပ်ခြား အိန္ဒိယအမျိုးသားများ၏ အသက်စည်းစိမ်၊ လွတ်လပ်မှု၊ တရားဥပဒေအခွင့်အရေးများ ကာကွယ်စောင့်ရှောက်မှု ပျက်ကွက်သည်” ဆိုတဲ့ ရှုံ့ချတဲ့အဆိုကို အတည်ပြုလိုက်တယ်တဲ့။ ပြီးတော့ အိန္ဒိယ အမျိုးသားများ၏ အကျိုး စီးပွားကို ကာကွယ်ရန် မြန်မာပြည်မှာ ဌာနတစ်ခုဖွင့်ဖို့ အိန္ဒိယအစိုးရကို တိုက်တွန်း တောင်းဆို ကြတယ်တဲ့။ (အခု အိုအိုင်စီလို နေမှာပေါ့နော်) တစ်ခါ အိန္ဒိယအမျိုးသား ကွန်ဂယက် အဖွဲ့ကြီး ကလည်း “မြန်မာပြည်ရှိ အိန္ဒိယ အမျိုးသားများ၏ အသက်စည်းစိမ်အတွက် အန္တရာယ်ရှိသဖြင့် စိုးရိမ်ကြောင်း” မှတ်တမ်းတင်တယ် ဆိုပဲဗျာ။ (ဒါတောင် ကုလသမဂ္ဂအဖွဲ့ချုပ်က အဲဒီတုန်းက မပေါ်သေးလို့ပေါ့ဗျာ)
(၁) အိန္ဒိယအမျိုးသားများ မြန်မာပြည်သို့ တံခါးမရှိ၊ ဓားမရှိ ဝင်ရောက်ခြင်းကိစ္စကို ဂျိမ်းစ်-ဘတ်စကာ ဦးဆောင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်း စုံစမ်းစေသည်။
(အစောကြီး ကတည်းက လုပ်ရမှာ၊ သူတို့ဟာသူတို့လုပ်ပြီး ပြန်စုံစမ်းနေရသေးတယ်နော်)

(၂) အိန္ဒိယအမျိုးသားများ မြန်မာပြည်သို့ ဝင်ရောက်ခြင်းကို မည်သို့မည်ပုံ ကန့်သတ် သင့်သည်ဆိုသည့် အချက်ကိုကား အန္ဒိယအစိုးရနှင့် မြန်မာအစိုးရတို့ တိုင်ပင်ဆွေးနွေးမှုများ လုပ်ဆောင်ရမည်။
(ဒီဟာကနေ ဗြိတိသျှလက်အောက် မြန်မာပြည်မှာ ပထမဆုံး လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ် ဖြစ်ပေါ်လာတာပေါ့။
ဦးဆောင်သူကတော့ ဇာတ်လိုက်ကြီး ဦးစောပေါ့။)

(၃) မြန်မာနိုင်ငံရှိ အစိုးရအမှုထမ်း၊ အရာထမ်းများသည် အဂတိ လေးပါးစလုံး လိုက်စား သည်ဟု သံသယရှိဘွယ်များ တွေ့ရှိလေသဖြင့် လာဘ်ပေးလာဘ်ယူ စုံစမ်းရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်းစုံစမ်းစေရသည်။ မြန်မာဘာသာဖြင့် ရေးသားသော ဦးရွှေဖီ၏ စာအုပ်ကို ပြည်ထဲရေး ဝန်ကြီးသည် ဖတ်၍ ချက်ခြင်း သင့်သလို အရေးယူနိုင်ပေသည်။ သို့သော် ကြိုးနီ စနစ်အရ ယင်းစာအုပ်ကို ပုလိပ်အဖွဲ့ကသိမ်း၊ စုံထောက်အဖွဲ့သို့ပို့၊ စုံထောက်အဖွဲ့က ယင်း စာအုပ်ကို မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ပြန်၊ ထိုပြန်ပြီးသော စာအုပ်ကိုမှ မှတ်ချက်နှင့် ပြည်ထဲရေး ဝန်ကြီးထံ တင်ပြ၊ အမိန့်တောင်းရသည်။ ဤသို့ပြုမူခြင်းသည် အဂတိ တစ်ခုခုကြောင့် တမင် ရှောင်၍ နှောင့်နှေးအောင် လုပ်သည်ဟု ယူဆကြသည်။ (ဗြူရိုကရက်တွေပေါ့နော်) (၄) ကျေးရွာများတွင် လက်ရှိအုပ်ချုပ်နေသော စနစ်မှာ သင့်လျော်ခြင်း မရှိတော့သဖြင့် ယင်းပြဿနာ ဖြေရှင်းရန် ကော်မတီတစ်ရပ်ဖွဲ့၍ စစ်ဆေးရသည်။ ကုလား-ဗမာ အဓိကရုဏ်းမှာ တောရွာ ကျေးလက်များတွင်ပါ ဖြစ်ပွားလေသည်။ ဒီ ကုလား-ဗမာ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး ဥရောပသတင်းစာတွေ၊ အိန္ဒိယ သတင်းစာ တွေက အတော်လေးကို ဘက်လိုက်ရေး သားကြတယ်တဲ့။ အိန္ဒိယအမျိုးသားတွေရဲ့ သေဆုံးသူ၊ ဒဏ်ရာရသူ၊ ပစ္စည်းဆုံးရှုံးမှုတွေကို အကျယ်တဝင့် ရေးသားဖော်ပြကြပြီး မြန်မာတွေ ထိခိုက် သေဆုံးတာတွေ၊ ပစ္စည်းဆုံးရှုံးတာတွေကိုတော့ တမင်မဖော်ပြပဲ ထားတယ်။ မြန်မာတွေဟာ အတော်ပဲ ဆိုးဝါးရက်စက်ကြောင်း ပုံကြီးချဲ့ ရေးသားဖော်ပြ ခဲ့ကြပါတယ်တဲ့။ (အခုလည်း ဒီလိုပါပဲနော်) ဦးစောနဲ့ လူဝင်မှုကိစ္စမဆက်ခင် အဲဒီအချိန်က လွှတ်တော် အကြောင်းလေးလည်း နည်းနည်းတော့ ထည့်ပြောမှ ဖြစ်မယ်ထင်တယ်။ နုတ်တစ်ပုဒ်ထဲနဲ့ အားလုံးခြုံမိအောင် ရေးဖို့ လုပ်ပေမယ့် မတတ်နိုင်ဘူး ပြောလက်စနဲ့ ဆက်ပြောရတော့မှာပဲ။
ဒါကြောင့် ဒုတိယပိုင်းကို နောက်မှ ဆက်တာပေါ့လေ။
မောင်သန် ့
===================
လူဝင်မှုနှင့် ဦးစော (၂ )  မောင်သန် ့
( ၂ – ၈ -၂၀၁၃ )

၁၉၃၅ ခုနှစ်မှာ ဩဂုတ်လမှာ ဗြိတိသျှအစိုးရက မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှု အက်ဥပဒေ (၉၁ ဌာန အုပ်ချုပ်ရေး) ကို ထုတ်ပြန်ခဲ့တယ်။ စက်တင်ဘာလမှာ အိန္ဒိယအစိုးရ အက်ဥပဒေကို ပြဋ္ဌာန်းခဲ့တယ်။ စတင်အာဏာတည်တာကတော့ ၁၉၃ရ ခုနှစ် ဧပြီ ၁ ရက်နေ့မှာ ဖြစ်ပါတယ်။

ဒီအချိန်ကစပြီး မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခု မဟုတ်တော့ဘဲ ဗြိတိသျှ အင်ပါယာအတွင်းက သီးခြားနိုင်ငံတစ်ခု ဖြစ်လာတယ်ပေါ့။ ၉၁ ဌာန အုပ်ချုပ်ရေးလို့ ခေါ်ရခြင်း ကတော့ ဌာနပေါင်း ၉၈ ခုရှိရာမှာ ဘုရင်ခံက ရ ခုကိုကိုင်ပြီး ကျန်တဲ့ ၉၁ ခုကို ပြည်သူ့ ကိုယ်စားလှယ် အမတ်တွေလက်ထဲ ထည့်တယ်ဆိုတဲ့ သဘောပါ။

ဒါကလည်း အမည်ခံ ဟန်ပြ သက်သက်လို့ပဲ ဆိုရမှာပါပဲ။ ဘုရင်ခံလက်ထဲမှာ ဗီတိုအာဏာကို ကိုင်ထားပြီး လွှတ်တော်ကိုလည်း ရုတ်သိမ်းနိုင်တယ်၊ ကက်ဘိနက်ကိုလည်း ဖြုတ်ပစ်နိုင် ပါတယ်။ ဒီ ၉၁ ဌာန အုပ်ချုပ်ရေးကိုတော့ တို့ဗမာအစည်းအရုံးကြီးနဲ့ ကျောင်းသားသမဂ္ဂတွေက အပြင်းအထန် ကန့်ကွက်ခဲ့တာပေါ့။ နိုင်ငံရေးအင်အားစုတွေ အတွင်းမှာလည်း ပူးသတ်မယ်တို့၊ ခွာသတ်မယ်တို့ အယူအဆ အမျိုးမျိုးဖြစ်ပြီး ကွဲကြတာပါပဲ။

ဒါကြောင့် ၁၉၃၈ ဒုတိယ ကုလား-ဗမာ အဓိကရုဏ်း ဖြစ်ချိန်ဟာ ၉၁ ဌာန အုပ်ချုပ်ရေးကာလမှာ ဖြစ်တယ်လို့ ဆိုရမှာပေါ့။ ဒါတင်မက ရေနံမြေသပိတ်နဲ့ တတိယ ကျောင်းသားသပိတ်ကြီးဟာလည်း ဒီကာလမှာ ဖြစ်တာပါပဲ။ ရေနံမြေသပိတ်ကို အာရုံလွှဲလို၍ ကုလား-ဗမာ အဓိကရုဏ်း ဖန်တီးတယ်လို့လည်း အဆိုရှိပါတယ်။

၁၉၃ရ ဧပြီ ၁ ရက်နေ့မှာ ဒီစနစ်ကို စတင်ကျင့်သုံးဖို့အတွက် အောက်လွှတ်တော် ရွေးကောက်ပွဲ ကိုတော့ ၁၉၃၆ ခုနှစ် နိုဝင်ဘာမှာလုပ်ခဲ့တယ်။ ၁၉၃ရ မတ်လ ၁၁ ရက်နေ့မှာတော့ အစိုးရအဖွဲ့ စာရင်းကို အတည်ပြုတယ်။
ဒီအုပ်ချုပ်ရေးစနစ်မှာ ပထမဆုံး အမတ်ချုပ် (နန်းရင်းဝန်) ကတော့ ဒေါက်တာဘမော်ပေါ့။ ပြောရဦးမယ် ကျုပ်တို့ လူမျိုးတွေအကြောင်း။ အစိုးရအဖွဲ့ အတည်ပြုပြီး နောက်တစ်နေ့မှာပဲ ဦးဘဘေတို့ ငါးပွင့်ဆိုင်အဖွဲ့က ညွန်ပေါင်းအစိုးရတစ်ဖွဲ့လုံးကို အယုံအကြည်မရှိ အဆိုတင်သွင်းပါလေရောဗျာ။ လွှတ်တော်ဥက္ကဋ္ဌ ဦးချစ်လှိုင်က ဧပြီ ၁ ရက်နေ့မှ စတင် တာဝန် ထမ်းဆောင်ရမှာဖြစ်လို့ ဘောင်မဝင်ဘူးဆိုပြီး ပယ်ချခဲ့တယ်။ ဖြစ်ပုံ ပြောပါတယ် အစိုးရတာဝန်ဖြင့် မယူရသေးဘူး အယုံအကြည်မရှိအဆိုက စတင်တော့တာပဲ။

ဒါတင်လားဗျာ ဒီကြားထဲမှာ သူတစ်ပြန် ငါတစ်ပြန် အယုံအကြည်မရှိအဆိုတင်ပြီး ဖြုတ်ချ နေလိုက်ကြတာ ဖေဖော်ဝါရီ ၁၉၃၉ မှာတော့ နန်းရင်းဝန် ဒေါက်တာဘမော် အစိုးရပြုတ်ကျပြီး နန်းရင်းဝန်ဦးပု ဦးဆောင်တဲ့အစိုးရတက်၊ နောက်တစ်ခါ ၁၉၄ဝ စက်တင်ဘာမှာ နန်းရင်းဝန် ဦးပုအစိုးရ ပြုတ်ကျပြီး နန်းရင်းဝန်ဂဠုန်ဦးစော ဦးဆောင်တဲ့ အစိုးရတက်ပေါ့။ (ဘုရင်ခံကြီး ခမျာတော့ လွှတ်တော်ကိုကြည့်ပြီး သဘောတွေကျနေမှာပဲဗျာ။)

အစိုးရတစ်ရပ်ကို ဖြုတ်ချဖို့ဆိုတာလည်း လုံလောက်တဲ့ ပြဿနာတွေ ဖန်တီးနိုင်ဦးမှကိုး။ ဒါပေမယ့် ဒီနေရာမှာ ပြဿနာကို ဖန်တီးသူလို့ မစွပ်စွဲလိုပါ။ ဆက်စပ်၍သာ စဉ်းစားကြ ပါလေ။ မြန်မာပြည်မှာ ပြဿနာဖြစ်စေမယ့် လောင်စာတွေက အဆင်သင့်ပါ သောက်လက်စ ဆေးလိပ်တိုလေးကို တစ်ချက်တောက်လိုက်ရုံနဲ့ မီးဟုန်းဟုန်းထတောက်မယ့် ကောက်ရိုးပုံ တွေက အများသားလားဗျာ။
ကုလား-ဗမာ အဓိကရုဏ်း အပြီးမှာ ဒေါက်တာဘမော် အစိုးရကို ဖြုတ်ချဖို့လုပ်တယ်။ ဒါပေမယ့် ထောက်ခံမဲ ၆၁ မဲ၊ ကန့်ကွက်မဲ ၆၆ မဲနဲ့ မအောင်မြင်ခဲ့ဘူး။

အလုပ်သမားသပိတ်တွေ ကျောင်းသားသပိတ်တွေ ဖြစ်တယ်။ ဗိုလ်အောင်ကျော်ကျတယ်။
ဒါနဲ့ ဒေါက်တာဘမော်အစိုးရကို ထပ်ဖြုတ်ချတယ်။ ဒီတစ်ခါတော့ ထောက်ခံမဲ ၇ဝ မဲ၊ ကန့်ကွက်မဲ ၃ရ မဲနဲ့ ဒေါက်တာဘမော်အစိုးရ ပြုတ်ကျတယ်။ ဦးပု အစိုးရတက်တယ်။ ဦးပု အစိုးရကိုလည်း အကြိမ်ကြိမ်ဖြုတ်ချကြတာပဲ။
ဒီကြားထဲ မြန်မာပြည်နိုင်ငံရေး အခင်းအကျင်း တွေတော့ မပြောတော့ပါဘူး။ နောက်ဆုံး ဦးပုအစိုးရလည်း ထောက်ခံမဲ ၈၁ မဲ၊ ကန့်ကွက်မဲ ၃၂ မဲနဲ့ ပြုတ်ကြတာပဲ။ ဦးစောအစိုးရ တက်တယ်။ ဦးစောအစိုးရကိုလည်း ဖြုတ်ချဖို့လုပ်တာပဲ။

၉၁ ဌာနခေတ် လွှတ်တော်တွင်းက အိန္ဒိယအမျိုးသားတွေနဲ့ဆိုင်တဲ့ ဥပဒေကြမ်းတွေအကြောင်း မပြောခင် ဒိုင်အာခီခေတ်က ဥပဒေကြမ်းလေးနှစ်ခု အကြောင်း ပြောဦးမယ်။ ဘာလို့လဲဆို အဲဒီဥပဒေကြမ်းနှစ်ခုကလည်း အိန္ဒိယအမျိုးသားတွေကြားမှာ အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားလို့ပါ။ အဲဒါက ပင်လယ်ရေကြောင်း ခရီးသည်များအပေါ် အခွန်ကောက်ခံရေး ဥပဒေကြမ်းနဲ့ ပြစ်မှုကျူးလွန်သူများ ပြည်နှင်ဒဏ်ပေးရေး ဥပဒေကြမ်းတို့ပဲ ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းနှစ်ခု ဥပဒေပြုကောင်စီမှာ တင်တယ်ကြားရင်ပဲ အိန္ဒိယအမျိုးသားတွေဟာ ကုလားသိုက် ကျားဝင်ကိုက် ဆိုသလို ပွက်လောရိုက်ကုန်တာပေါ့။

ပထမ ဥပဒေကြမ်းဟာ ၁၉၂၂ မတ်လမှာ တင်တာပါ။ ပင်လယ်ရေကြောင်းမှ မြန်မာပြည်ကို ဝင်လာသူတိုင်း တစ်ဦးလျှင် အခွန်တော်ငွေ ငါးကျပ် ပေးဆောင်စေဖို့ပါ။ (ငါးကျပ်ကတော့ များတာပေါ့နော် အခုတောင် မှတ်ပုံတင်က ခြောက်ကျပ်ပဲ ရှိတာ။)
ဥပဒေနှစ်ခုလုံးကို အိန္ဒိယ အမျိုးသားတွေက အကြီးအကျယ် ကန့်ကွက် ကြတာပေါ့။ နောက်ဆုံး ဥပဒေပြုကောင်စီက အတည်ပြုပေမယ့် အခွန်ကောက်ယူမယ့် ဥပဒေကို ဘုရင်ခံက ဗီတိုအာဏာသုံးပြီး ပယ်ချ လိုက်ပါတော့တယ်။ ပြည်နှင်ဒဏ်ဥပဒေဟာလည်း ဩဇာရှိတဲ့ အိန္ဒိယ ကုန်သည်ကြီးများနဲ့ အိန္ဒိယအမတ်တွေက သူတို့လိုချင်သလို ပြင်ဆင်ပြီးမှ ၁၉၂၆ ခုနှစ်မှာမှ ဥပဒေအဖြစ် ထွက်လာ ပါတော့တယ်။

၉၁ ဌာန အုပ်ချုပ်ရေးခေတ်ဟာ ငါးနှစ်တောင်မခံပါဘူး။ တိတိကျကျပြောမယ်ဆိုရင် လေးနှစ် ရှစ်လနဲ့ ခုနစ်ရက်လို့ ပြောလို့ရပါတယ်။
ဒီနောက်ပိုင်း ဂျပန်ဝင်တာပေါ့လေ။ ဒီကြားထဲ လွှတ်တော်ထဲ တင်သွင်းတဲ့ ဥပဒေကြမ်းတွေမှာ ခေါင်းစဉ်နဲ့ဆိုင်တဲ့ အကြောင်းအရာတွေကိုပဲ

အဓိက ပြောပါမယ်။

ပထမ ပြောချင်တဲ့ ဥပဒေကြမ်းက နေထိုင်မှု ဥပဒေကြမ်းပေါ့။ ၁၉၃ရ ခုနှစ် ဩဂုတ်လ ဥပဒေပြု လွှတ်တော်မှာ ဦးဘဖေက မြန်မာပြည်တွင် နေထိုင်မှု ဥပဒေကြမ်းကို တင်သွင်းတယ်။

ဒီဥပဒေအရ မြန်မာပြည်တွင်နေထိုင်သော နိုင်ငံခြားသားများ၏ အခြေအနေအရပ်ရပ် ခွဲခြမ်း စီစစ်ရန်နှင့် မြန်မာပြည်တွင် နေထိုင်ခွင့်အတွက် အခကြေးငွေပေးရန် ဖြစ်ပါတယ်။
ဒီဥပဒေဟာ အိန္ဒိယ အမျိုးသားများ အစိုးရအမှုထမ်းခွင့်နဲ့ အခြား အခွင့်အရေးတွေကိုတော့ ကန့်သတ်တာ မရှိပါဘူး။ ဒါကြောင့်လည်း အိန္ဒိယအမတ် တော်တော်များများက လက်ခံကြပါတယ်။

ဒါပေမယ့် ဒါကို အပြင်းအထန်ကန့်ကွက်သူကတော့ အိန္ဒိယအမျိုးသား မူဆလင်အမတ် အက်စ်အင် ဟာဂျီပေါ့။ သူက “၁၉၃၅ ခုနှစ် ဥပဒေအရ အမျိုးမျိုးသော လူနည်းစု အမျိုးသားများ၏ (အဲဒီ လူနည်းစု လူနည်းစုနဲ့ပဲ အခုအချိန်အထိ လုပ်စားနေတုန်းပဲ) လုံခြုံမှုကို အကာအကွယ် ပေးထားချက်များ လုံးဝပျက်စီးသွားစေမည့် ဥပဒေဖြစ်သည်။

မကောင်းဆိုးဝါးများ ဆက်ကာ ဆက်ကာ လာစေရန် သန္ဓေတည်ခြင်းသာဖြစ်သည်။ ၁၉၃၅ ခုနှစ် ဥပဒေကို ချိုးဖျက်သည့် ဥပဒေဖြစ်၍ ဤလွှတ်တော်က အတည်မပြုနိုင်။ ဘိလပ် ပါလီမန်ကသာ အတည်ပြုနိုင်သည်” ဆိုပြီး ပြောပါတော့တယ်။

ဒါ့ပြင် အမတ်ဖြစ်တဲ့ လွယ်အိပ်ကြီး ဦးဘလှိုင်ကိုလည်း ပုတ်ခတ်ပြောဆိုတဲ့အတွက် ဦးဘလှိုင်က “အိန္ဒိယသားတို့သည် မြန်မာပြည်သို့လည်း လာရောက်ငွေရှာသေးသည်။
မြန်မာ့အရေးအခင်း များတွင် ဝင်ရောက်စွက်ဖက်ရန်လည်း ဘယ်တော့မှ လက်မနှေး။ ဒီလိုသာ ဆက်လုပ်နေဦးမည် ဆိုလျှင် အဓိကရုဏ်းများဖြစ်၍ ဆုံးမည်မဟုတ်ကြောင်း သတိပေးပါသည်။
အကယ်၍ အဓိကရုဏ်းသာ စတင်ဖြစ်ပွားမည် ဆိုလျှင် တစ်တိုင်းပြည်လုံး အုပ်ထိန်းမရ ငရဲပြည်ကဲ့သို့ တစ်ပြည်လုံး ပျံ့နှံ့သွားပေလိမ့်မည်” ဆိုပြီး ပြန်လည် ချေပပြောဆိုပါတယ်တဲ့။ ဦးဘလှိုင် သတိပေးပြီး တစ်နှစ်မပြည်မီမှာပဲ ဒုတိယ ကုလား-ဗမာ အဓိကရုဏ်းကြီး ဖြစ်ခဲ့တာပါပဲ။

ထူးခြားတာက ဟာဂျီရဲ့ ပြောဆိုချက်ကို အဲဒီအချိန်က လွှတ်တော်ဥက္ကဋ္ဌ ဦးချစ်လှိုင်က လက်ခံခဲ့တယ်တဲ့။ ဘာကြောင့်လက်ခံလည်း ဆိုတာတော့ မသိပါ။ ဒီဥပဒေကြမ်းကတော့ ချောင်ထိုး ခံလိုက်ရတော့တာပါပဲ။

လွှတ်တော်ပြင်ပမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ အားကောင်းနေတုန်း လွှတ်တော်တွင်းမှာလည်း အစိုးရကို အားစမ်းတဲ့နည်းကတော့ ဥပဒေကြမ်းတွေ တင်သွင်းတာပေါ့ ဦးစောဟာ လယ်ယာမြေ ဥပဒေကြမ်းတွေ တင်ခဲ့တယ်။ သူ့ကိုထောက်ခံသူတွေကတော့ ငါးပွင့်ဆိုင် အမတ်တွေပေါ့။ ဦးစောက မျိုးချစ်ပါတီကို ၁၉၃ရ ဩဂုတ် ၁၄ မှာ တည်ထောင်ခဲ့တာ။ ရွေးကောက်ပွဲလုပ်တုန်းက မျိုးချစ်ပါတီ မရှိသေးဘူး။
ဒီနေရာမှာ ငါးပွင့်ဆိုင်ဆိုတာဘာလဲ ဆိုတာ တစ်ချို့ မသိတဲ့လူလည်း ရှိမှာမို့ ပြောပါ့မယ်။
(လိုရင်းကို မရောက်နိုင်တော့ဘူးနော်။ သည်းခံပါဗျာ။)

ငါးပွင့်ဆိုင်အဖွဲ့ဆိုတာ အဖွဲ့ငါးဖွဲ့ ပေါင်းထားတဲ့ အဖွဲ့ပါ။ ၁၉၃၆ ခုနှစ် ဧပြီ ၃ဝ ကနေ မေ ၂ ရက်ထိ မန္တလေးမှာ ညီညွတ်ရေး အစည်းအဝေး ကျင်းပတဲ့အခါ နိုင်ငံရေးအဖွဲ့ တွေဖြစ်တဲ့ ပြည်သူပြည်သားအဖွဲ့၊ အမ်အေမောင်ကြီး ဦးစီးတဲ့ ခွဲခွာရေးအသင်းကြီးကို အမည် ပြောင်းထားတဲ့ မြန်မာပြည် လွတ်လပ်ရေးအဖွဲ့ (Free Burma)၊ ရေဦးဆရာတော် ကြီးမှုးတဲ့ ဗဟိုဂျီစီဘီအေအဖွဲ့၊ ဦးဘစီ ဦးစီးတဲ့ သပိတ်မှောက် ဂျီစီဘီအေအဖွဲ့၊ ဦးဘဦး ဦးစီးတဲ့ မန္တလေး ၂၁ ဦး အဖွဲ့တွေကိုပေါင်းပြီး ညီညွတ်ရေး မူလဂျီစီဘီအေ အဖွဲ့ချုပ်ဆိုပြီး ဖွဲ့ထားတာပါ။

Five Flowers Party လို့လည်း ခေါ်ပါတယ်။ အဖွဲ့တွေကလည်း အများသားနော်။ အလျဉ်းသင့် ရင်တော့ ဒီအကြောင်းတွေ သတ်သတ်ရေးပေးပါ့မယ်။
ဒီအဖွဲ့ကြီးရဲ့ အကြီးအမှူးကတော့ ရေဦးဆရာတော် ဦးဩဘာသပါ။
ဥက္ကဋ္ဌကတော့ မက္ခရာမင်းသားနဲ့ ဒေါ်ခင်လေးတို့ရဲ့ သားငယ် ထိပ်တင်ဝ မင်းသားပေါ့။ ရွေးကောက်ပွဲမှာလည်း ဒီအဖွဲ့ကြီးက အမတ်နေရာ ၄၆ နေရာနဲ့ အများဆုံးနိုင်ထားတာပါ။

ခုနကပြောခဲ့တဲ့ လွှတ်တော်တွင်း အားစမ်းတဲ့ လယ်ယာမြေ ဥပဒေတွေထဲက တစ်ခုကတော့ ၁၉၃ရ ခုနှစ်မှာ ဦးစောတင်သွင်းတဲ့ လယ်ယာမြေ ဥပဒေကြမ်းပေါ့။ ဒီဥပဒေကြမ်းအရ လယ်ယာမြေအားလုံးကို နိုင်ငံတော်ပိုင် ကြေညာပြီး လယ်လုပ်သူများကို လယ်ယာမြေများ ဝေခြမ်းပေးရန် ဖြစ်ပါတယ်။ လယ်လုပ်သူသာ လယ်ပိုင်ရမည်ဆိုတဲ့ စနစ်ပေါ့နော်။ အဲဒီမှာ အပြင်းအထန် ကန့်ကွက်သူကတော့ ဘယ်သူရှိမလဲ ချစ်တီးကိုယ်စားလှယ် ဗယ်လယန် ချစ်တီးယားပေါ့။ ဒေါက်တာဘမော် အစိုးရကလည်း ဒီဥပဒေကြမ်းကို ပယ်ချခဲ့ပါတယ်။
အကြောင်းပြချက်ကတော့ ၁၉၃၅ ခုနှစ် ဥပဒေနဲ့ လွန်စွာ ဆန့်ကျင်နေလို့ပါတဲ့။

ဒါကိုမကျေနပ်တဲ့ ဦးစောက နောက်တစ်ခါ သီးစားခ ထိန်းသိမ်းရေး ဥပဒေကြမ်းကို နောက်ထပ် တင်ပြန်ပါတယ်။
(တောင်သူလယ်သမားအရေး အကျိုးတော်ဆောင်ကြီးပေါ့ဗျာ။)
ဒီဥပဒေကြမ်းအရ လယ်တစ်ကွက်မှ ထွက်ရှိတဲ့ စပါးရဲ့ လေးပုံတစ်ပုံကိုသာ လယ်ခအဖြစ် ပိုင်ရှင်ကိုပေးရန် ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကို လက်ခံဆွေးနွေးဖို့လည်း လက်မခံပါဘူး။
မကျေနပ်လို့ ၁၉၃ရ စက်တင်ဘာမှာ လွှတ်တော်ကို ထပ်တင်ပြန်ပါတယ်။ ဒီတစ်ခါတော့ လယ်ရှင်ကြီးတွေရဲ့ ကိုယ်စားလှယ် အမတ်တွေက အပြင်းအထန် ကန့်ကွက်ကြပါတော့တယ်။
ဘယ်လောက်ထိလဲ ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ အိန္ဒိယကုန်သည်ကြီးများ အသင်းက ဘိလပ် အစိုးရ မြန်မာပြည်ဆိုင်ရာ အတွင်းဝန်ထံကို စာရေးသားကန့်ကွက်တဲ့ အထိပါပဲ။

အမတ်ဟာဂျီကလည်း ဒီဥပဒေကြမ်း တင်သွင်းတာဟာ ဦးစောအနေနဲ့ ကိုယ်ကျိုးအတွက် စတန့်ထွင်တာဆိုပြီး ပြောဆိုတိုက်ခိုက် တာပေါ့။ ဦးစောကလည်း ဒီဥပဒေကြမ်းကို မရုတ်သိမ်းပေးနိုင်တဲ့အပြင် အိန္ဒိယအမျိုးသား အသင်းအဖွဲ့မှာ ဟာဂျီလိုလူမျိုး ခေါင်းဆောင် မလုပ်သင့်ကြောင်း၊ ဟာဂျီကြောင့် ဒီတိုင်းပြည်တွင်းမှာ အပြန်အလှန် ရန်ငြှိုးထား မုန်းတီးမှုတွေ ဖြစ်လာနိုင်တယ်ပေါ့။ ဘိလပ်သား အမတ်တွေကိုလည်း လိုတစ်မျိုး မလိုတစ်မျိုး လုပ်တဲ့ သူတွေလို့ ပြောပြီး လွှတ်တော် ထဲမှာ အပြန်အလှန် ဖြဲကြတာပေါ့ဗျာ။
(မျိုးချစ် ခေါင်းဆောင်ကြီးပေကိုး။)

အစိုးရအနေနဲ့လည်း ၁၉၃၈ သီးစားချထားရေး ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပါသေးတယ်။
ဒါကိုလည်း ချစ်တီးတွေနဲ့ နတ်တူကွတ်တိုင် ချစ်တီးယားအသင်းက အပြင်းအထန်ကန့်ကွက်ပြီး ဟိုက်ကုတ် တရားလွှတ်တော်ကို လျှောက်ထားကြရာမှာ တရားလွှတ်တော်က ငွေမျက်နှာ ကြည့်ပြီး မြေရှင်တွေကို အနိုင်ပေးလိုက် တယ်တဲ့ဗျား။

ဒီလောက်ဆိုတော်ပါပြီ။ ခေါင်းစဉ်နဲ့လည်း တော်တော်လွဲသွားပြီလားမသိ။ ပြောချင်တာက ၉၁ ဌာန အုပ်ချုပ်ရေးခေတ်က နိုင်ငံရေးအားပြိုင်မှုတွေမှာ ဘာကို အသုံးချလည်းဆိုတာ နည်းနည်းလောက် သိစေချင်လို့ပါ။
အဓိကက လူမျိုးရေး၊ ဘာသာရေးပြဿနာ ကောက်ရိုးပုံ၊ လယ်ယာမြေပြဿနာ ကောက်ရိုးပုံ၊ အလုပ်သမားပြဿနာ ကောက်ရိုးပုံ၊ ကျောင်းသား ပြဿနာ ကောက်ရိုးပုံတွေပါပဲ။
ဒီပြဿနာတွေကို မီးထိုးပေးတာကတော့ သတင်းစာတွေ ပေါ့ဗျာ။ အဲဒီအချိန်က ဦးစောဟာ သူရိယ သတင်းစာကြီးရဲ့ အယ်ဒီတာချုပ် ဖြစ်သလို အခြား နိုင်ငံရေး အဖွဲ့အစည်းတွေမှာလည်း လက်ကိုင်တုတ် သတင်းစာတွေ အသီးသီး ရှိကြပါတယ်။ ဒီအကြောင်းတွေကိုလည်း နုတ်သပ်သပ် ရေးပါဦးမယ်။ (ခုခေတ်နဲ့ ဘာကွာလဲဟင်၊ ကျုပ်ကတော့ မသိ။)

ကဲ အခုတော့ လိုရင်းကို သွားကြရအောင်။ နေဦးဗျ တစ်ခုတော့ ပြောချင်သေးတယ်။
အခု ခေတ်စားနေတဲ့ မျိုးစောင့်ဥပဒေ ဆိုတာကိုပါ။ အဲဒါလေးလည်း ထည့်ပြောဦးမှပေါ့နော်။

နားဦးမယ်ဗျာ။
နောက်တစ်ပုဒ်ဆိုရင်တော့ ပြီးပါပြီ။

မောင်သန် ့
===============
မှတ်ချက်။  ။အီးမေးလ်မှရသည်ကို အများသိစေလို၍တင်ခြင်းဖြစ်ပါသည်။ စာရေးသူမှခွင့်ပြုပါရန်တောင်းပန်လိုပါကြောင်း..။

8 comments

  • Myo Thant

    September 4, 2013 at 2:40 pm

    မသိတာသေးတာတွေ သိလိုက်ရ၍
    ကျေးဇူးပါဗျာ
    စောင့်ဖတ်ဦးမယ်

  • Zaw Thant

    September 4, 2013 at 2:44 pm

    .. အင်း တန်းလန်းလေးရပ်သွားတယ်.. email ထဲ့ကရရင် ဆက်တင်ပါဦးဗျ..

  • ခင် ခ

    September 4, 2013 at 2:54 pm

    “ကဲ အခုတော့ လိုရင်းကို သွားကြရအောင်။ နေဦးဗျ တစ်ခုတော့ ပြောချင်သေးတယ်။ အခု ခေတ်စားနေတဲ့ မျိုးစောင့်ဥပဒေ ဆိုတာကိုပါ။ အဲဒါလေးလည်း ထည့်ပြောဦးမှပေါ့နော်။ နားဦးမယ်ဗျာ။ နောက်တစ်ပုဒ်ဆိုရင်တော့ ပြီးပါပြီ။´´
    ဆိုကာ ခေတ္တရပ်တာ ဇာတ်ရှိန်ယူတဲ့သဘောလားကွယ် ရှေ့ဆက်ရေးမည့်ထိုအကြောင်းကမှ အနှစ်ဖြစ်မယ်လို့ ထင်ပါတယ်။ မျှော်လင့်ကာနေလျှက်ပါ။

    ( ဒါနဲ့ စကားပါးမလို့ သဂျီးရေ ရွာနည်းနည်းလူသွားလူလာနည်းနေလို့ အပျော်သဘော ဟေးလားဝါးလား ပရိုရှင်း ကျုပ်လုပ်ထားပါတယ် သဂျီးရွာမို့ အမှားဖြစ်နေမယ်ဆိုရင်လည်း သည်းခံကာခွင့်ပြုအုံးဗျာ။)

  • koyinmaung

    September 4, 2013 at 3:00 pm

    သဂျီးရေ ကျုပ်တို့မသိမမှီလိုက်တဲ့ အကြောင်းအရာတွေပါဘဲ…
    စိတ်ဝင်စားတယ်ဗျာ စောင့်ဖတ်နေပါတယ်..

  • kyeemite

    September 4, 2013 at 4:00 pm

    စာရေးသူ “မောင်သန် ့” ဆိုတာဘယ်သူတုန်းလည်းမိတ်ဆက်ပေးပါအုံးသဂျီးရ…

    • kai

      September 5, 2013 at 4:03 am

      “မောင်သန့်”ဆိုတာဘယ်သူမှန်းမသိပါခင်ဗျ…
      ကုလအတွင်းရေးမှုချုပ်ဦးသန့်နဲ့ရောချင်စရာလို့တော့.. ကျုပ်လည်းထင်မိပါတယ်.. ရေးတာကလည်း.. ဦးစောအမည်ခေါင်းစဉ်တင်ရေးတာကိုး..

      အဲဒီစာတွေကို.. သမိုင်းအထောက်အထားရှာရလွယ်အောင် တင်ပေးထားလိုက်တာပါ…။
      စာထဲမယ်.. ကုလားဆိုတာကို.. မွတ်စလင်နဲ့ရောသိမ်းကြုံးထားတဲ့သဘောကိုတော့ တွေ့ရပါတယ်..

      တကယ်က..
      ကုလားရဲ့.. မဂျောရတီ(လူများစု)က.. ဟိန္ဒူဘာသာဝင်တွေပါ..
      မြန်မာတွေ နွားသားမစားရဲအောင်.. ပြုစားသွားတဲ့.. ချစ်တီးတွေကလည်း.. ဟိန္ဒူဘာသာဝင်တွေပါပဲ..။ အိန္ဒိယတောင်ပိုင်းသားတွေပေါ့…။

      မွတ်စလင်တွေနဲ့.. ဗမာတွေအဓိကရုန်းဖြစ်ပြီးရင်.. ဟိန္ဒူနဲ့မွတ်စလင်လည်း… ရိုက်ကြတာမျိုးမြန်မာပြည်မယ်ဖြစ်ခဲ့ဖူးတယ်လို့.. သမိုင်းထဲဖတ်ဖူးတယ်..
      တကယ်က.. ကုလား(ဟိန္ဒူ)နဲ့.. မွတ်စလင်ဟာ.. မူလအိန္ဒိယတိုင်းပြည်၃ပိုင်းပြတ်သွားတဲ့အထိ.. ချနေကြတဲ့.. ရန်သူတော်ဟောင်းများဖြစ်ကြပါကြောင်းရယ်လို့.. သမိုင်းအချက်အလက်ကြည့်ပြောချင်မိပါတယ်..
      ( ပါကစ္စတန်၊အိနိ္ဒယ၊ဘင်္ဂလားဒေ့ရှ်)

      ဒါကိုဖတ်ကြည့်ရင်.. မြန်မာတွေ.. စကားအသုံးမနပ်တာ.. မြင်ကြရလိ်မ့်မယ်..
      အဲဒီမနပ်တာကြောင့်ပဲ…
      အင်း..မနပ်တာတွေကြောင့်ပဲ… :kwi:

  • အလင်းဆက်

    September 4, 2013 at 8:08 pm

    တန်းလန်းကြီး..
    အရှိန် မြင့်ပြီဆို.. လုပ်ပြီ..
    ဟွန်း
    :kwi:

  • โทรศัพท์มือถือ

    September 6, 2013 at 11:56 am

    ဖတ်ပီးဗဟုသုတရတဲ့စာလေးတွေဖြစ်နေလို့ သိမ်းထားလိုက်တယ်ဗျာ…
    စောင့်မျှော်အားပေးချင်ပါသည်။။။။။။

Leave a Reply