မခေါ်ရက်တာပါ …. . ပျော်လျက်ကွယ် မထင်နဲ့
လိုက်မယ်မှန်း သိပေမယ့်
ခေါ်ရက်ပါဘူးကွယ်
ဆူးခင်းတဲ့လမ်း
ကြမ်းတာကို အားနာတယ်။
ခေါ်ချင်မှန်းသိရင်ပဲ
ကျေနပ်တဲ့အဖြစ်မျိုးနဲ့
ကိုယ်ကျိုးနည်း ရှိနေမယ်
ဝေဒနာ သွေးရူးသွေးတန်းနဲ့လေကွယ်။
မလိုချင်ဘူးလို့မထင်စေချင်
မင်းတစ်ယောက် ရှိရင် အရာရာ
ပြည့်စုံမယ်
မင်းတစ်ယောက် လျော့ရင် အရာရာ
ဘာာမှ မရှိ ဗလာပါပဲ
ဒါပေမယ့်
ကိုယ့်ပြည့်စုံခြင်းက
မင်းရဲ့ ချို့တဲ့ခြင်းလို
အို. . . .
ကိုယ် . . .တစ်ယောက်သာ နာတော့မယ် ။
မိုးရွာထဲ. . .
ထီးမပါပဲ လျှောက်ရဲဖို့
မင်းလေးကို သင်ပေးခဲ့ပြီးပြီ
မိုးထဲလေထဲတော့ လှမ်းမခေါ်ရက်ဘူးကွယ်
ကိုယ်ပဲ သွားမယ်။
ဝေးကွာခြင်းက ကိုယ့်ကို ဆွဲဆုတ်
လွမ်းဆွတ်ခြင်းက ကိုယ့်ကို ခွဲထုတ်
သောကဒဏ်ရာကို ရင်မှာ ပိုက်ရင်း
ကိုယ်ဆိုနေကျသီချင်းလေး
ဆိုနေဥင်္ီးမယ် ။
ကိုယ် ပျော်နေတယ်ပဲ မှတ်သွားပါ ။
ချစ်သူဆိုတာ. . .
ကိုယ့်ဘဝရဲ့ ခွန်အား ပါ
ဒါပေမယ့် အခု
ခွန်အားမဲ့ လူတစ်ယောက်
လမ်း မပျောက်ဖို့ ကြိုးစားမယ်
အသည်းကွဲ လွမ်းတေးကဗျာတွေ
ကိုယ် ရေးမယ်
ရောင်နီ မှာ
ကိုယ် ထပ် မငိုချင်တဲ့အကြောင်းးးး
အချစ်မရှိတဲ့နောက်
ဘာမှ လည်း မရှိတော့တဲ့ကိုယ်
ငိုတိုတို မျက်နှာထားတဲ့
မြေကြီးကိုပဲငုံ့ကြည့်မယ်
ကောင်းကင်က ဝေးလွန်းလို ့။
အထီးကျန်ဆန်ခြင်းဆိုတာ
သွေးမထွက်တဲ့ ဒဏ်ရာ ဆိုပေမယ့်
သေလောက်အောင်နာတယ်
ကိုယ်. . .
ခံနိုင်ရည်မွေးမယ် ။
===================
အလင်းဆက်
22 comments
Hnin Thae Phyu
September 5, 2013 at 9:57 am
ဖတ်ပြီး မျက်ရည်တောင် တောက်တောက်ကျတယ်.. 😉
ကောင်းပါတယ်..
အလင်းဆက်
September 5, 2013 at 10:04 am
မျက်ရည်တောင် ကျ ဆိုတော့
အတော် ကောင်းတယ်ပေါ့နော်
စိတ်ညစ်ဖို ့
အဟိ
:kwi:
နှင်းသဲဖြူရဲ့ ကဗျာ တွေ
ကျွန်တော် ကြိုက်တယ်
ငေးလ
September 5, 2013 at 10:14 am
လူတစ်ယောက်ဟာ ဘယ်လောက် စည်းစိမ် ဂုဏ် ပကာသန တွေ နဲ့ပြည့်စုံနေနေ တစ်ယောက်ထဲ အထီးကျန် ဝမ်းနဲ
စိတ်ဆင်းရဲနေရင် ဘာထူးမလဲနော့်
ကိုယ်ချစ်တဲ့သူနဲ့ နှစ်အတူ ဘာမှမရှိတဲ့ သုည ဘဝ စိတ်ချမ်းးချမ်းးသာသာနဲ့နေရရင် ပြီးပြည့်စုံမယ်လို့
အလင်းဆက်
September 5, 2013 at 10:23 am
ဟုတ်ပါ့ ညလေးရယ်
အထီးကျန် ဆန်ခြင်းကို
မကြုံချင်ဘူးးး
:kwi:
အဘ ဖားသက်ပြင်း
September 5, 2013 at 10:22 am
တိုက်မယ်မှန်း သိပေမယ့်
သောက်ရက်ပါဘူးကွယ်
ကန်စွန်း ပလိန်းနဲ့ ကမ်း
ကြမ်းတာကို အားနာတယ်။
ဂလုချင်မှန်းသိရင်ပဲ
ကျေနပ်တဲ့အဖြစ်မျိုးနဲ့
ကိုယ်ကျိုးနည်း ဒေါင်ချာစိုင်းနေမယ်
ဒတ်တိုင် သေးပန်းရင်းနဲ့လေကွယ်။
မမျို ချင်ဘူးလို့မထင်စေချင်
ပုလင်းတလုံးသာ ရှိရင် အရာရာ
ပြည့်စုံမယ်
မင်းတစ်တစ်ယောက် ဇစ်လျော့ရင် အရာရာ
သရေပင် တဝင့်ဝင့်နဲ့
ဒါပေမယ့်
ကိုယ့်လေပျို့သံက
မင်းရဲ့ ဂျို့ထိုးသံလို
အို. . . .
ကိုယ် . . .တစ်ယောက်သာ ပြာတော့မယ် ။
မိုးရွာထဲ. . .
ပုဆိုးမပါပဲ လျှောက်ရဲဖို့
မင်းလေးကို သင်ပေးခဲ့ပြီးပြီ
မိုးထဲလေထဲတော့ လှမ်းမတိုက် ရက်ဘူးကွယ်
ကိုယ်ပဲ ကိုက် မယ်။
လက်တုန်ခြင်းက ကိုယ့်ကို ဆွဲဆုတ်
ခေါင်းကိုက်ခြင်းကက ကိုယ့်ကို ခွဲထုတ်
အသည်းက ဒဏ်ရာကို ရင်မှာ ပိုက်ရင်း
ကိုယ်မျိုနေကျပုလင်းလေး
မျိုနေဥင်္ီးမယ် ။
ကိုယ် ဂေါ်နေတယ်ပဲ မှတ်သွားပါ ။
ရှက်ကီဆိုတာ. . .
ကိုယ့်ဘဝရဲ့ ခွန်အား ပါ
ဒါပေမယ့် အခု
ခွန်အားမဲ့ လူတစ်ယောက်
လေးဘက်မထောက်ဖို့ ကြိုးစားမယ်
အသည်းဆေးရုံအကြောင်း ကဗျာတွေ
ကိုယ် ရေးမယ်
မောင်ဂီ့မှာ
ကိုယ် ရေမရောတဲ့ အကြောင်းးးး
ဘော့ဒ်ဂါ စိမ်းစိမ်းလေးမရှိတဲ့နောက်
ဘာမှ လည်း မရှိတော့တဲ့ကိုယ်
ညိုတိုတို အာလူးချောင်းရယ်နဲ့
မြေပဲကိုပဲငုံ့ကြည့်မယ်
ဘဲကင်က ဝေးလွန်းလို ့။
ရမ်အရက် ဆိုတာ
သေး အလွန်ထွက်တဲ့ အရာ ဆိုပေမယ့်
သေလောက်အောင်မွှေးတယ်
ကိုယ်. . .
သံပုရာရည်လွေးမယ် ။
===================
အဘသက်
KZ
September 5, 2013 at 10:25 am
အလက်ဆင်းးးး
ဒါကို ကူးထားလိုက်။
😀
အလင်းဆက်
September 5, 2013 at 10:31 am
ကဗျာ နာမည်က ဘာတုန်း
အဟင့်
သားကဗျာရဲ့ ရစ်သမ် အတိုင်း ပဲ ။
နိုချင်လိုက်တာ
ချစ်သုဝေကို ဖက်ပြီးးး
:kwi:
ခင် ခ
September 5, 2013 at 11:47 am
“အချစ်မရှိတဲ့နောက်
ဘာမှ လည်း မရှိတော့တဲ့ကိုယ်
ငိုတိုတို မျက်နှာထားတဲ့
မြေကြီးကိုပဲငုံ့ကြည့်မယ်
ကောင်းကင်က ဝေးလွန်းလို ့။´´
အဲဒီမှာ တစ်ခုပြောချင်လို့ မောင်ရင် အလံတိုင်ရှေ့တော့ မဖြစ်စေနဲ့ပေါ့ တော်နေ သူများတွေမြင်ရင် တစ်မျိုးထင်နေအုံးမှာမို့ပါ။
အလင်းဆက်
September 5, 2013 at 11:58 am
အဟီးးး
လေးခ ပြောမှ တွေးမိတယ်
ဟုတ်သား
အလံတိုင် ရှေ့ဆို
အလေးပြု သလိုဂျီးနော့
🙂
kyeemite
September 5, 2013 at 11:53 am
မခေါ်ရက်တာပါ
မျှော်လျှက်ငါဟာ
ဂေါ်လျှက်ပါကွာ
ဆော်ဖက်တာဝါသနာ
အတော်ခက်ပါသကွာ။ 😀
အလင်းဆက်
September 5, 2013 at 11:59 am
အဲဒီ လိုမျိုး
ကျွန်တော်လည်းးး
ဝါသနာပါတယ်
အဟိ
ချစ်သုဝေရယ် လွမ်းထာ
:kwi:
Ma Ma
September 6, 2013 at 7:47 am
ခေါင်းစဉ်လေးက မိုက်တယ်။
စာသားလေးတွေကလည်း ရှယ်ပဲ။
ရင်တွင်းဖြစ် ထင်ပါရဲ့။ 🙂
အလင်းဆက်
September 6, 2013 at 3:44 pm
အန်တီမမရေ
လူတွေဟာ
အချစ်နဲ့တွေ ့ရင်
ကဗျာဆရာ ဖြစ်သွားတယ် ဆိုလားးး
သေချာတာကတော့
ကျွန်တော်က
အချစ်နဲ ့မတွေ ့ခင်ကတည်းက
ကဗျာဆရာ ဖြစ်ချင်နေတာ
အဟိ
YE YINT HLAING
September 6, 2013 at 7:47 pm
“အထီးကျန်ဆန်ခြင်းဆိုတာ
သွေးမထွက်တဲ့ ဒဏ်ရာ ဆိုပေမယ့်
သေလောက်အောင်နာတယ်”
အလင်းဆက်
September 7, 2013 at 9:23 am
ခံစားဖူးသူဆို
သိသာတယ်ပေါ့
🙂
au kyein
September 7, 2013 at 4:52 am
အနာနဲ့ ဆေး ခုထိမတွေ့သေးဘူးလား ကောင်လေးရေ
မင်းကိုလည်းဆေးပေးချင်ပါတယ် ဒါပေမဲ့ ဒီဆေးကငါ့ ကိစ္စတောင်အကင်းမသေ သေးတော့
မင်းပေးဖို့ခက်ပါ့…အမြစ်ပြတ်မဲ့ဆေး ဒီဘဝမှာတော့မှီ……မှီပါအုံးမလားမသိ။
အလင်းဆက်
September 7, 2013 at 9:33 am
ချစ်သော ဦးကြိမ်ရေ
ကျွန်တော့်ဘဝရဲ့ ဒဏ် ရာ တော်တော်များးမများက
ဆေး မရှိတဲ့ ဝေဒနာတွေ ပါ
:kwi:
ခင် ခ
September 7, 2013 at 3:28 pm
Sep 7 / 3:26 pm
See (5)
kai
September 7, 2013 at 3:45 pm
ကဗျာလေးဖတ်ပြီး..
သီချင်းလေးသတိရမိတယ်..
နုစဉ်ကေ ကြွခဲ့ဝေခဲ့တာပေါ့
တကယ်တော့
ချစ်ရင်ယူရဲ ပိုင်ရဲရမယ်
ရွှေလ သာသာမသာသာ.. ။.။
===
ရွှေလသာမှ – ခိုင်ထူး
နေရောင်အောက်က တို့ရဲ့ဘဝမျိုးထဲ မလာချင်ပါနဲ့ကွယ်
အပူဒါဏ်တွေကို မင်းမခံနိုင်ဘူး
ကြယ်ရောင်မလင်းတဲ့ တို့ဘဝ လမိုက်ည မလာချင်နဲ့ဦးကွယ်
မသာယာတာတွေ မင်း မြင်မှာစိုးတယ်
နေရောင်အောက်က တို့ရဲ့ဘဝမျိုးထဲ မလာချင်ပါနဲ့ကွယ်
အပူဒါဏ်တွေကို မင်းမခံနိုင်ဘူး
ကြယ်ရောင်မလင်းတဲ့ တို့ဘဝ လမိုက်ည မလာချင်နဲ့ဦးကွယ်
မသာယာတာတွေ မင်း မြင်မှာစိုးတယ်
ရင်ထဲမှာ ကိုယ်လေ သိပ်ချစ်တတ်တယ်
အတူနေရရင် ပျော်စရာကောင်းမှန်းသိတယ်
ရွှေလမှ မသာသေးခင် အချစ်ရယ်
အတူတူနေမယ် မပြောရက်နိုင်ဘူး
အိမ်ခေါင်မိုးစုတ်အောက်က တို့ဘဝထဲ
မလာချင်ပါနဲ့ကွယ်
ရေယိုလာရင် မင်းငိုမှာစိုး
ရွှေရောင်တောက်ပ မင်းရဲ့ဘဝမျိုးထဲ ပျော်ပျော်နေအချစ်ရယ်
အချိန်မတန်ခင် ဝေးနေကြမယ်
အိမ်ခေါင်မိုးစုတ်အောက်က တို့ဘဝထဲ မလာချင်ပါနဲ့ကွယ်
ရေယိုလာရင် မင်းငိုမှာစိုး
ရွှေရောင်တောက်ပ မင်းရဲ့ဘဝမျိုးထဲ ပျော်ပျော်နေအချစ်ရယ်
အချိန်မတန်ခင် ဝေးနေကြမယ်
ရင်ထဲမှာ ကိုယ်လေ သိပ်ချစ်တတ်တယ်
အတူနေရရင် ပျော်စရာကောင်းမှန်းသိတယ်
ရွှေလမှ မသာသေးခင် အချစ်ရယ် အတူတူနေမယ် မပြောရက်နိုင်ဘူး …………………………။
အလင်းဆက်
September 7, 2013 at 5:27 pm
သဂျီးရေ
ကဗျာအလှ နဲ့ သီချင်းအလှ
အတူဆုံမိပြီေပေါ့
🙂
မောင် ပေ
September 7, 2013 at 7:44 pm
မ ခေါ် ရက် တာ ပါ
ဂျော် မျက် နှာ နာ
ဆော် ထွက် ရှာ ကြာ
အော် တတ် လာ ကွာ
ဖော် ဖက် ကာ ဆာ
အလင်းဆက်
September 7, 2013 at 8:02 pm
ဖော် ဖက် ကာ ဆာ…. တဲ ့..
အဟိ ။
ဂွတ်…
🙂