အတုယူစရာကောင်းတဲ့ဘဝ
ကျွန်မအိမ်မှာကြောင်ကလေးတွေမွေးပါတယ်။ ကျွန်မအိမ်အနေအထားနဲ့ က အဲဒီကြောင်လေးကောင်ကိုကြီးသည်အထိဆက်မွေးဖို့မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့်လဲ online ကနေ ကြောင်မွေးချင်တဲ့သူများကိုဖိတ်ခေါ်ခဲ့ပါတယ်။ နှစ်ကောင်တတွဲ ဓါတ်ပုံရိုက်တင်လိုက်တာမှာ အမလေးတတွဲကိုတစ်ယောက်ကမွေးဖို့ယူသွား ပါတယ်။ နောက်ကျွန်မ အချစ်ဆုံးနဲ့ ကျွန်မကိုအချစ်ဆုံးအထီးလေးနဲ့အမလေးအ တွဲကိုတော့ ကောင်မလေးတစ်ယောက်ကမွေးဖို့တောင်းပါတယ်။ သူအားမဲ့နေ့ ကျွန်မအားမဲ့နေ့တွေဖုန်းဆက်ချိန်းပါ တယ်။ သူ့ FB page ထဲလဲကျွန်မဝင်ကြည့်ပါတယ်။ ပထမတော့အမှတ်တမဲ့ပါပဲ။ သူ့အမျိုးသားလေးနဲ့ ချစ်ချစ်ခင်ခင်နှစ်ယောက်တွဲပုံလေးတွေ သူ့ရဲ့အကောင်းမြင်တတ်တဲ့ စာလေးတွေဖတ်ရင်းကျွန်မ သားလေးနဲ့သမီးလေးကိုပေးရမှာစိတ်ချခဲ့ပါတယ်။ နောက်နှစ် ရက်လောက်နေတော့ကျွန်မတခုခုကိုသတိထားလိုက်မိတယ်လို့ထင်ပြီး ရင်တုန်သွားပါတယ်။ ကျွန်မမသေချာတာနဲ့ သူ့ပုံတွေအစအဆုံးပြန်ကြည့်တော့မှ သူဟာလက်နှစ်ဖက်မွေးရာပါမပါတာတွေ့လိုက်ရပါတယ်။ လက်မောင်းရင်းကနေ တထွာစီလောက်ပဲပါပါတယ်။ သူလုပ်တဲ့နေရာကိုကြည့် လိုက် တော့ရွှေမင်းသားဖောင်ဒေးရှင်းဖြစ်နေပါတယ်။ ကျွန်မအဲဒီရွှေမင်းသားဖောင်ဒေးရှင်းကိုလဲကောင်းကောင်းသိသလို သူတို့ မသန်စွမ်းတွေရဲ့ ဇွဲလုံးလကိုလဲ အရမ်းချီး ကျူးခဲ့ဖူးပါတယ်။ အခုတိုက်တိုက်ဆိုင်ဆိုင် အဲလိုမိန်းကလေးမျိုးကိုတွေ့လိုက်ရတော့ ကျွန်မရင်ထဲတမျိုးဖြစ်သွားပါတယ်။ သူတို့ဘဝတွေကို မြင်ဖူးကြားဖူးပေမဲ့တေ့တေ့ ဆိုင်ဆိုင် မတွေ့ဖူးတော့ စိတ်လဲလှုပ်ရှားသွားပါတယ်။ နောက်ကျွန်မကလေးတွေသွားပို့တော့ သူတို့လင်မယားထွက်ခေါ်ပါတယ်။ ပြုံးနေတဲ့သူ့မျက်နှာလေးတွေ့လိုက်တဲ့ အချန်မှာ ကျွန်မ စိတ်ထဲမယ်ဂုဏ်ယူမိသွားပါတယ်။ ဘဝကိုအရှုုံးမပေးပဲ သာမာန်လူတွေလိုဖြစ်အောင်ကြိုးစားနေတဲ့သူ့ကိုအားကျမိတဲ့စိတ်ကလေးဖြစ်သွားပါတယ်။ သူ့ဟာ သာမာန်လူတွေလိုပဲ ကွန်ပြူတာသုံးပါတယ်။ ကျွန်မနဲ့ချက်တင်ထိုင်ပါတယ်။ ကျွန်မစာရိုက်သလောက်နှုန်းနဲ့သူစာရိုက်ပါတယ်။ ဖုန်းလဲအကျပြောပါတယ်။ ကျွန်မဖုန်းဆက် လိုက်တိုင်းသူကိုင်နိုင်ပါတယ်။ အပြင်မှာ သူများတန်းတူကျောင်းတက်ပါတယ်။ ပုသိမ်ကနေဘွဲ့လဲရပြီးပါပြီ။ ကျွန်မကသူဘွဲ့ရပြီးပြီဆိုလို့ သာမာန် သမိုင်းလို မြန်မာစာလို ဟာပဲထင်ခဲ့မိပေမဲ့ တကယ်တော့ သူဟာ Stats ဆိုတဲ့ အီကိုဘွဲ့ကိုရထားတာ သိလိုက်ရတော့ ကျွန်မအားနာသွားမိပါတယ်။ ကွန်ပြူတာသင်တန်းလဲ သူများနည်းတူ အပြင်မှာ တက်တယ်လို့သိရပါတယ်။ ဘတ်စ်စကားစီးပါတယ်။ တခါတလေကျွန်မဖုန်းခေါ်လို်က်တဲ့အချိန် ဘတ်စ်စကားပေါ်ရောက်နေရင်တောင် ဖုန်းကိုင်ပါတယ်။ အရမ်းကိုချီးကျူးဖို့ကောင်းပါတယ်။ သူ့ကိုတွေ့ရင်အမြဲပျော်နေတာတွေ့ရပါတယ်။ နောင်ကျွန်မချီးကျူးတာက သူဟာ အိမ်ထောင်ရှင်မဘဝကိုလဲအောင်မြင်အောင်တည် ထောင်ထားနိုင်တာကိုချီးကျူးသလို သူ့ကိုချစ်လွန်းသော သူ့ကိုချစ်နို်င်သော သူ့ခင်ပွန်းကိုလဲအ ရမ်းလေးစားမိပါတယ်။ သာမာန်ယောကျင်္ားလေးတွေဟာ မိန်းကလေးတွေကို စံတွေ နှုန်းတွေနဲ့ရွေးနေချိန်မှာ သူကတော့ တကယ့်ကိုဖြူဖြူစင်စင်နဲ့ချစ်မြတ်နိုးတာလို့ ခံစားမိပါတယ်။ သာမာန်လူတွေအတွက်တောင်ခက်ခဲတဲ့ ကွန်ပြူတာလုပ်ခြင်း ရုုံးအလုပ်လုပ်ခြင်း ဘတ်စ်ကာစီးခြင်းတွေကို ခက်ခဲပေမဲ့ အပြုံးမပျက်လုပ်နိုင်တာကြည့်ပြီး ကျွန်မ အသိတခုရလိုက်ပါတယ်။ ဘယ်အရာကများငါတို့အတွက်ခက်ခဲတာလဲ လို့။ ပြည့်စုံနေတဲ့ကျွန်မတို့ ခက်ခဲတယ်ဆိုပြီးစိတ်ပျက်အားငယ်ညီးညူနေချိန်မှာ သူတို့တွေ ကတော့ မျှော်လင့်ချက်တွေနဲ့ရှေ့ကိုဘယ်လိုရောက်မလဲလို့ကျိုးစား ချီတက်နေတာတွေ့ရတော့ရှက်မိပါတယ်။ တကယ်ပါ။ အခုဆိုရင်ကျွန်မမကြာခဏသူနဲ့ စကားပြော ဖြစ်ပါတယ်။ အရမ်းကိုဖြူစင်ပွင့်လင်းပြီး အားငယ်နေတဲ့ပုံတခါမှမမြင်မိပါဘူး။ သူက သူများတန်းတူအချိန်တပြည်းညီမလုပ်နို်င်တာတော့ရှိတာပေါ့။ ဒါပေမဲ့ဒါကိုကျွန်မအအံ့ဩပါဘူး။ အဲဒါကိုသူများတန်းတူမလုပ်နိုင်ရကောင်းလားလို့လူပုံအလည်ပြောတဲ့သူကိုတော့ အံ့ဩမိပါတယ်။ သူတို့ဘဝကို စာနာနားမလည် ပေးပဲနဲ့ပညာ ဂုဏ်မောက်နေတဲ့သူတွေကိုတော့ကျွန်မအထင်သေးမိပါတယ်။ အခုဆိုရင် သူကိုသဘောကျတဲ့ အမေရိကန်မတစ်ယောက်က သူ့အကြောင်းကို ၄၅ မိနစ်စာ Documentary ရိုက်ဖို့ကမ်းလှမ်းထားတယ်လို့သိရပါတယ်။ ဒါဟာသူ့အောင်မြင်မှု့ပဲပေါ့။ သူဘဝကိုအရှုံးမပေးပဲကျိုးစားခဲ့တဲ့ရလာဘ်ပေါ့။ ဒါကိုဒီလိုဘဝကိုအောင်မြင်အောင်ဘယ်လိုကျိုးစားခဲ့သလဲ ကျိုးစားနေသလဲ ဘယ်လောက်တောင်ကျိုးစားရသလဲဆိုတာမတွေးပဲ သူများတန်းတူလုပ်နိုင်ရမယ် ဒါလေးတောင်မတတ်ဘူးလားလို့ သူ့ကိုပြောတဲ့ ပညာတတ်ပါတယ်ဆိုတဲ့သူကိုကျွန်မဘယ်လိုမြင်ကြည့်လိုက်ရင်ကောင်းမလဲရှင်။
22 comments
KZ
September 9, 2013 at 5:02 pm
အမရေ။
ဟုတ်ပါ့။
ကျနော်တို့ ခြေလက် အပြည့်အစုံနဲ့ ကိုယ့်ဘဝကို ညည်းနေချိန်မှာ ဒါမျိုးလေးတွေ ဖတ်လိုက်ရရင် အတော်ကို အတုယူစရာရပါတယ်။
ကိုယ့်ချင်းချင်းက မလုပ်နိုင်ရကောင်းလား ကိုယ်ချင်းမစာ ပြောနေချိန်မှာ သူများက Documentary ရိုက်ပေးဦးမှာဆိုတော့ ဘာပြောရပါ့။
စကားမစပ် Nick Vujicic ဆိုတဲ့ ခြေရော လက်ရော မပါတဲ့ လူကို စလုံးက ဖိတ်ခေါ်ပြီး စကားပြောပွဲ လုပ်မှာပါ အမရေ။
ဒီလထဲမှာပဲထင်ပါတယ်။
TNA
September 9, 2013 at 5:10 pm
ဟုတ်ပါ့အေ။ ကိုယ်တွေတခါတလေခက်ခဲလှတယ်ဆိုညီးနေချိန်မှာ သူတို့မညီးမညူကျိုးစားနေတာတွေ ့ရတော့ ရှက်တောင်ရှက်မိသေး။ အဲဒါကိုကိုယ်ချင်းမစာပြောတဲ့သူတွေကိုတော့ နင်တို့ မရှက်ဘူးလားလို့မေး လိုက်ချင်တယ်။
ဦးကျောက်ခဲ
September 9, 2013 at 5:17 pm
မသဲရေ အဲသည့်အမျိုးသမီးအတွက် ဂုဏ်ယူမိပါတယ်…
ဘဝမှာ အလဲလဲအပြိုပြိုနဲ့ စိတ်ဓာတ်ကျပြီး အမှောင်တိုက်ကို ဇောက်ထိုးဆင်းနေမိချိန်…
စိတ်ဓာတ်ပြင်းပြင်းပြပြ ဇွဲနဘဲကြီးစွာနဲ့ ကြိုးစားအောင်မြင်နေကြတဲ့သူတို့ကိုကြည့်ပြီး…
ရှက်အားလည်းပို နောင်တလည်းရမိတာမို့၊ ပြန်ရုန်းတက်နိုင်ခဲ့တာပါ…
တကယ်တော့ ကာယဒုက္ခိတထက် စိတ္တဒုက္ခိတမဖြစ်ဖို့က ပိုအရေးကြီးသလားလို့…
TNA
September 9, 2013 at 5:35 pm
ဟုတ်ပါ့ဦးကျောက်ရေ။ ကျွန်မလဲ အဲဒီကောင်မလေးနဲ့ခင်မင်ခွင့်ရတော့မှ ကိုယ်ဘာလဲဆိုတာသိခွင့်ရလိုက် တာပါပဲ။ သူ့ကိုကျေးဇူးလဲတင်မိပါတယ်။
au kyein
September 9, 2013 at 8:56 pm
အင်မတန် လေးစား အားကျ အတုယူဖွယ်ကောင်းတဲ့သူတွေပါ
ကျွန်တော်တို့ဘဝမှာ စိတ်ပျက် လက်ပျက် အားလျော့တဲ့အခါတိုင်း သူတို့အကြောင်းတွေကို
သူတို့ဆီကများများနားထောင်သင့်တယ်…သူတို့အကြောင်းတွေပါတဲ့စာအုပ်တွေ များများဖတ်သင့်တယ်
သူတို့ဟာလူသားအများစုအတွက်တော့စံပြပုဂ္ဂိုလ်တွေပါ။
TNA
September 12, 2013 at 10:05 am
ဒို့လူကောင်းတွေ ဘဝကိုအရှုံးပေးနေချိန်မှာ သူတို့ကတော့ ဘဝကိုအအောင်မြင်ဆုံးဖြစ်အောင်ကြိုးစားနေကြ တာအတုယူစရာပါ au kyein ရေ။
အလင်းဆက်
September 9, 2013 at 9:13 pm
အင်းးး
ဘယ်လို ဝေဖန်ရမှန်းတောင် မသိတော့ဝူးးး
။
ဒါနဲ ့…. ပုံကြီးက..အကြီးးးကြီးပဲနော် ။
အားရစရာကြီး..ဟီဟိ
:kwi:
TNA
September 12, 2013 at 10:11 am
အေးပါအေ နာ့အာဗာတာဘာဖြစ်တယ်မသိ သူများအာဗာတာတွေသေးသေးလေးရယ်။ ဘယ်လိုလုပ်ရမယ်မသိ။
ခင် ခ
September 9, 2013 at 9:27 pm
ပိုစ့်ထဲမှာရေးထားတဲ့ အတိုင်းဆို အတော်ကို ချီကျုးစရာကောင်းတဲ့မိန်ခလေးပါဘဲ။
ဘဝဆိုတာ အရှုံပေးရင် ပိုပြီရှုံးတတ်တာမို့ လက်ရှိအခြေအနေထက် နိမ့်ကျမသွားအောင် သရေတော့ရအောင်လုပ်ပါ။ ဒါဆိုနိုင်တဲ့အခါ သာစမြဲပေါ့လေ။
TNA
September 12, 2013 at 10:25 am
တကယ့်ကိုချီးကျူးစရာပါကိုခင်ခရေ။ သူနဲ့စကားပြောကြည့်လေ သူ့စိတ်ဓါတ်ကိုလေးစားမိလေပါပဲ။ အများတန်းတူဖြစ်အောင်ကြိုးစားနိုင်တယ်ဆိုတာနဲတဲ့ဇွဲမှအဟုတ်တာနော်။ သူများအတွက်အသေးအဖွဲက သူတို့အတွက်ကခက်ခဲတဲ့ဟာတွေကို အောင်မြင်အောင်လုပ်နိုင်တာတကယ့်ကိုတော်ပါတယ်။
kai
September 10, 2013 at 12:14 am
တကယ်တော့ လူသားတယောက်ဟာ.. အသိဉာဏ်မကန်း..မပြတ်ဖို့ပဲလိုတာပါ…။
အသိဉာဏ်များ “ထိ”နေရင်တော့.. လက်ခြေခန္ဓာအပြည့်နဲ့လည်း..
ဘာမှသုံးမရ..လုပ်မရ.. သူ့နဲ့သူ့ပါတ်ဝန်းကျင်..လူ့လောကအတွက်.. ဒုက္ခ…
မဟာရာဇာ အံစာတုံး
September 10, 2013 at 1:40 am
အောက်မျက်လေးးး တိုးရီးသဲရယ် …
အဗေတာ ပုံဂျီးကိုလည်း သေးဘာအုံး …
ဘယ့်နှယ့် …
သူ့အဗေတာပုံဂ နည်းတာဂျီး မီဟုတ်ဘူးးးး
အိုက်ဒါ လာပေါဒါ ….
TNA
September 14, 2013 at 1:00 pm
အထုတေးလိုက်ဘာဘီ။
Ma Ma
September 10, 2013 at 8:01 am
အဲဒီလိုလူတွေရှိလို့ ဟိုးအရင်က မသန်မစွမ်းလို့ ခေါ်ရာက အခုတော့ မသန်သော်လည်း စွမ်းရမည်ဆိုတဲ့ ဆောင်ပုဒ်နဲ့ မသန်စွမ်း လို့ ပြောင်းလဲ ခေါ်တွင်နေကြတာပေ့ါ။
တချို့ဆို မသန်မစွမ်းဟန်ဆောင်ပြီး လမ်းဘေးမှာ တောင်းစားနေကြတာတောင်ရှိသေး။
လူချင်းတူပေမယ့် အသက်ရှုချင်းကွဲပြားကြပုံတွေများ အံ့ဩဖို့ ကောင်းတယ်။
ဘဝအကျိုးပေးကို အပြစ်တင်မနေပဲ ကိုယ်စွမ်းကိုယ်စရှိရှိနဲ့ စွမ်းဆောင်နိုင်တာ ချီးကျူးစရာပါ။
ဒီစာကိုဖတ်ပြီး ဘဝအတွက် အားမာန်ကို ရစေလို့ အကျိုးများလှပါတယ်။ 🙂
kyeemite
September 10, 2013 at 8:51 am
စိတ်ဓါတ်ခွန်အားပြည့်တဲ့မိန်ကလေးကို ချီးကျူးပါတယ်
သူ့ကိုချစ်ကြင်နာသော အမျိုးသားကိုလည်းလေးစားမိပါတယ်.. 🙂
ဦးကြောင်ကြီး
September 10, 2013 at 9:38 am
မသန်စွမ်း
ပုဂံလမ်း
နားပန်ဝမ်း
စလံမြန်း…။
Crystalline
September 10, 2013 at 10:13 am
အဲဒီရွှေမင်းသားဖောင်ဒါကိုယ်တိုင်လည်း မွေးရာပါပိုလီယိုရောဂါသည်ပဲထင်တယ်အစ်မရဲ့.. သူ့အကြောင်းဖတ်ဖူးတယ်.. မသန်ပေမယ့်စွမ်းသူတွေပေါ့..
ဝင့်ပြုံးမြင့်
September 10, 2013 at 11:52 pm
ဒုက္ခိတတွေဟာ သူများထက် ဉာဏ်ပိုသုံးတတ်တယ် မသဲနုအေးရေ။ ပြီးတော့ အဲလို ဉာဏ်သုံးတာကိုလည်း နေရာတိုင်းမှာ ကျင့်သားရသွားတတ်တယ်။
ခင် ခ
September 11, 2013 at 3:28 pm
ပိုမိုရှင်းအတွက် မှတ်တမ်း (၆)ခုတွေ့၏ ညနေ ၃း၂၆
TNA
September 12, 2013 at 10:03 am
အနီများမွှချရမွှာ အနီများပါဇီလို့ဆုတောင်းရမိုဘဲ ဟီဟိ
TNA
September 14, 2013 at 10:13 pm
ချိန်းတွားဘီ နီတော့ဝူးရယ်
ရွှေ ကြည်
September 15, 2013 at 5:44 pm
မသဲရေ အဲဒီလိုလူတွေ ကို လေးစားတယ် သူတို့ကြိုးစားမှုကို အသိအမှတ်မပြုပဲကိုမနေနိုင်တာ။
တခါတလေဆို ကိုယ့်ကိုယ်ကိုတောင်ရှက်မိတယ် ဇွဲလုံ့လ နဲ့ ကြိုးစားအားထုတ်မှုမှာသူတို့ကိုဘယ်လိုမှမမှီနိုင်။