ဘဝသစ်ကိုအချစ်နဲ့စသူ New Life
Normal
0
false
false
false
MicrosoftInternetExplorer4
/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”;
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}
ဘဝသစ်မှာအချစ်စစ်နဲ့
ထောင်တွင်းရှိ စိုက်ခင်းတွင် ဖားသက်ပြင်း အလုပ်များလျှက်ရှိသည်။
ထိုအခိုက်တွင်ထောင်အရာရှိတစ်ဦးရောက်လာပြီး ဖားသက်ပြင်းအားရုံးခန်းဆီသို့ခေါ်ဆောင်သွားလေသည်။
ရုံခန်းထဲအရောက်တွင် ထောင်ပိုင်ကြီး ဦးကျောက်ခဲမှ အရေးကြီးသောစာရွက်တစ်ရွက်ပေးသည်။
ဖားသက်ပြင်းအားထောင်မှလွှတ်လိုက်ပြီဟု အသိပေးသောစာ။
ဖားသက်ပြင်းသည် ပျော်ရွှင်ဟန်လည်းမပြ၊ စိတ်ဝင်စားဟန်လည်းမပြပဲ စာရွက်ကိုယူသည်။
အမှန်တော့ သူ လေးနှစ်တိတိထောင်ထဲတွင်နေရမည်ဖြစ်သည်။
အခုသူရောက်ခဲ့သည်မှာ ဆယ်လမျှရှိခဲ့ပြီ။ အမှန်အားဖြင့်သူ ထောင်ကျတိုင်း
သုံးလလောက်သာ ထောင်တွင်းနေခဲ့ရဖူးသည်။
သူ့မိတ်ဆွေအများအပြားသည် ထောင်အပြင်၌ရှိနေ၏။
မိတ်ဆွေအပေါင်းအသင်းများသောလူတစ်ယောက်သည်
ထောင်ထဲ၌ အချိန်ကြာကြာနေရလေ့မရှိ။
ထို့ကြောင့် ဖါးသက်ပြင်းအနေနှင့် ဤမျှလောက် ကြာကြာနေရလိမ့်မည်မထင်ခဲ့။
`မင်းမနက်ဖြန်မနက် ဆိုရင် ထောင်ကလွတ်တော့မယ်´
ဟုထောင်ပိုင်ကြီးဦးကျောက်ခဲမှပြောသည်။
`မင်းအတွက်အခွင့်အလမ်းကောင်းပဲကွ၊ မင်းကိုယ်မင်းလူကောင်းဖြစ်လာအောင်
လုပ်ပါ၊ မင်းဟာစိတ်ရင်းစေတနာဆိုးတဲ့လူမဟုတ်ဘူး၊ မီးခံသေတ္တာတွေဖေါက်တဲ့
အလုပ်ကိုဆက်မလုပ်ပါနဲ့တော့၊ လူကောင်းဘဝနဲ့ပဲနေသွားပါတော့ကွာ။´
`ကျနော် မီးခံသေတ္တာတွေဖေါက်တယ်…ဟုတ်လား..´
ဖါးသက်ပြင်း အံ့အားသင့်သွားသည့်ဟန်ဖြင့် ပြန်ပြောသည်။
`ကျနော့ တစ်သက်မှာ မီးခံသေတ္တာ တစ်လုံးမှ မဖေါက်ခဲ့ဖူးပါဘူး..
ထောင်ပိုင်ကြီးရယ်´
`အော်..ဟုတ်လား..´ ဟုပြောကာ ထောင်ပိုင်ကြီးရယ်သည်။
`မင်း ပဲခူးမြို့မှာ မီးခံသေတ္တာကိုဖေါက်ခဲ့တဲ့အတွက်
ဒီအင်းစိန်ထောင်ကို ဘယ်လိုနည်းနဲ့ရောက်လာခဲ့ရသလဲ ဆိုတာတော့
သတိရပေါ့လကွာ။ မင်းတို့လိုလူစားတွေ ဒီလိုချည်းပါပဲ။
တရားသူကြီးကဘက်လိုက်လို့၊ ဟိုကောင်ကတော့ဖြင့်ကျုပ်ကိုဂျောက်ချလို့၊
…အစရှိတဲ့ အကြောင်းကြောင်းတွေကြောင့် ထောင်ကိုရောက်လာရတာပါလို့ပြောလေ့ရှိကြတယ်၊
မင်းတကယ်လုပ်ခဲ့တဲ့ မီးခံသေတ္တာ ဖေါက်ခဲ့မိလို့ပါ လို့တော့
ဘယ်တော့မှပြောလေ့မရှိကြဘူးကွ။ ဒါဟာထုံးစံပေါ့လကွာ။´
`ကျွန်တော့ တစ်သက်မှာ ပဲခူးမြို့ကိုတစ်ခေါက်တကျင်းတောင်မရောက်ခဲ့ဖူးပါဘူးခင်ဗျာ´
ဟု ဖါးသက်ပြင်က အံ့ဩဟန်ဖြင့်ပြန်ပြောသည်။
`ဒီကောင့်ကိုခေါ်သွားတော့´ ဟုထောင်ပိုင်ကြီးက အမှုထမ်းတစ်ယောက်အားလှမ်းပြောသည်။
`သူလွတ်တော့မယ်၊ လိုအပ်တဲ့အဝတ်အစားတွေ ထုတ်ပေးလိုက်။ မနက်ခုနှစ်နာရီတိတိမှာဒီကိုပြန်ခေါ်ခဲ့၊ ကဲ…ဖားသက်ပြင်း ငါပြောတာကိုမင်းစဉ်းစားပေါ့ကွာ´
နောက်နေ့မနက်ခုနှစ်နာရီတွင် ဖားသက်ပြင်းသည် ထောင်ပိုင်ကြီးရုံးခန်း၌ နောက်တစ်ကြိမ်ရောက်သွားပြန်သည်။ သူ့ကိုယ်ပေါ်တွင် ပွယောင်းယောင်းအဝတ်အစား
အသစ်များဝတ်ထားသည်။ သူ့ခြေထောက်တွင်ဝတ်ထားသောဘိနပ်ကလည်း သေးလွန်း
သဖြင့် မနဲထိုးဝတ်ထားရသည်။ ခြေဖနောင့်ပင်မလုံ။ သို့သော်လည်း သူမတတ်နိုင်၊
ထောင်မှလွတ်လျှင် ထောင်သားတစ်ယောက်သည် ထောင်မှထုတ်ပေးသော အဝတ်များကိုဝတ်၍ ထွက်ရသည်မှာ ထုံးစံတစ်ခု ဖြစ်နေပေပြီ။
ထို့နောက် ထောင်ပိုင်ကြီးက ခရီးစရိတ်ငွေအချို့ ထုတ်ပေးသည်။ စုစုပေါင်းမှ ၁၅၀ဝကျပ်မျှသာ။
ထိုငွေ တစ်ထောင့်ငါးရာကျပ်သည် သူ့အား လူတော်လူကောင်းတစ်ယောက် ပြန်ဖြစ်အောင်လုပ်ရာ၌ အသုံးပြုဖို့ဖြစ်လေသည်။
ထို့နောက်ထောင်ပိုင်ကြီးက ဖားသက်ပြင်းအား လက်ဆွဲနှုတ်ဆက်သည်။
ဤသို့အားဖြင့် အကျဉ်းသားအမှတ် ၃၇၆၄၂ဝ ၊ ဖားသက်ပြင်း၏ အကျဉ်းသားဘဝသည်
နိဂုံးချုပ်သွားသည်။ ဖားသက်ပြင်းသည် အင်းစိန်ထောင်ဗူးဝမှထွက်ကာ နေရောင်အောက်သို့
လျှောက်လှမ်းလာခဲ့သည်။သူသည် ငှက်များ၏တေးဆိုသံများကိုလည်းနားမထောင်၊ စမ်းလန်းသောသစ်ပင်များကိုလည်းမကြည့်၊ ပန်းရနံ့များကိုလည်းမရှု။
သူသည် စားသောက်ဆိုင်တစ်ဆိုင်သို့တန်းသွားသည်။ဆိုင်ထဲတွင် လွတ်လပ်မှု၏
ထူးခြားသော အရသာကို စတင်ခံစားသည်။ အရက်အပေါစားတစ်ပိုင်းနှင့် ခေါက်ဆွဲကြော်
ခပ်ညံ့ညံ့တစ်ပွဲမှာကာစားလိုက်သည်။ ထို့နောက်ဘူတာရုံသို့သွားသည်။
ဘူတာရုံထဲတွင်ပိုက်ဆံတောင်းနေသော မျက်မမြင်တစ်ဦးအား ငွေအကြွေအချို့ပေးလိုက်သည်။ ပြီးတော့ မြို့ပါတ်ရထားပေါ်တက်ခဲ့၏။
နောက်နာရီအနည်းငယ်အကြာတွင် သင်္ဃန်းကျွန်း သို့ရောက်သည့် အခါ ရထားပေါ်မှဆင်းခဲ့သည်။
ဘူတာမှထွက်ကာ ကိုရင်စည်သူ၏ `ယု´စားသောက်ဆိုင်သို့ သွားသည်၊
ဆိုင်ထဲတွင် ကိုရင်စည်သူနှင့် ရဲစည်တို့နှစ်ယောက်ထဲရှိနေသည်။ တစ်ဦးကို တစ်ဦး
လက်ဆွဲနှုတ်ဆက်ကြ အပြီးတွင် စည်သူက `ငါတို့ မြန်မြန်ဆန်ဆန် လွတ်အောင်
လုပ်မပေးနိုင်လို့ စိတ်မကောင်းပါဘူး သူငယ်ချင်းရာ ဒါပေမဲ့
ဟိုမီးခံသေတ္တာကတော့ ပဲခူးမြို့မှာ ရှိနေတုန်းပဲ၊ သိပ်တော့မလွယ်ဘူး၊
ဘယ့်နှယ်လဲ၊ မင်းရောအဆင်ပြေရဲ့မဟုတ်လား´ ဟုပြောသည်။
`ပြေပါတယ်´ `ငါ့အခန်းကတော့ အရင်အတိုင်းပဲ မဟုတ်လား´
ဟုဖားသက်ပြင်းက ပြောသည်။ သူသည် စားသောက်ဆိုင်နောက်ဖက် ထပ်ခိုးရှိ သူ့အခန်းရှိရာသို့ ဝင် လာခဲ့သည်။
အခန်းထဲတွင် ပစ္စည်းအားလုံးခြေရာလက်ရာမပျက်။ သူတို့သည်
ဖားသက်ပြင်းအား ဤအခန်းထဲမှ ဖမ်းမိသွားပြီး ထောင်သို့ပို့ခဲ့ကြခြင်းဖြစ်၏။
ကြမ်းပြင်ပေါ်တွင် ကြယ်သီးတစ်လုံးကရှိနေဆဲ။ ဖားသက်ပြင်းအားလာဖမ်းစဉ်က
သူသည် ရဲလက်ထဲမှ ရုန်းကန်ထွက်ပြေးရန်ကြိုးစားခဲ့သည်။ ထိုစဉ်က ရဲ၏ အင်္ကျီမှ ပြုတ်ကျကျန်ခဲ့ခြင်းပေတည်း။
အိပ်ယာကုတင်သည် နံရံတစ်ဖက်ကပ်၍ချထားသည်။ ဖားသက်ပြင်းသည် ကုတင်ကို
အခန်း၏အလယ်သို့တွန်းပို့လိုက်သည်။ ကုတင်၏နောက်မှနံရံသည် အပေါ်ယံအားဖြင့် အခြားနံရံများနှင့်အတူတူပင်ဖြစ်သည်။ သို့သော်လည်း ဖားသက်ပြင်းသည် နံရံပေါ်မှ တံခါးငယ်တစ်ခုကိုဖွင့်၍ အတွင်းမှ ဖုံတွေတက်နေသော အိတ်တစ်လုံးကိုဆွဲထုတ်လိုက်သည်။
သူသည် အိတ်ကိုဖွင့်ကာ အတွင်းမှ မီးခံသေတ္တာ ဖေါက်သည့် လက်နက်ကိရိယာ တန်ဆာပလာများကို အမြတ်တနိုးကြည့်နေသည်။ ဤမျှလောက် လှပကောင်းမွန်သည့် ပစ္စည်းများကို ဘယ်နေရာမှာမှမတွေ့နိုင်။ လိုအပ်သမျှပစ္စည်းအားလုံး အပြည့်အစုံရှိသည်။
တစ်သီးတသန့် အထူးတလည်ပြုလုပ်ထားသော ပစ္စည်းများချည်းဖြစ်သည်။ အရွယ်အစားလည်းစုံသည်။
ဤပစ္စည်းများကို ဖားသက်ပြင်းကိုယ်တိုင် စီမံပြုလုပ်ထားခြင်း ဖြစ်၍ ဤပစ္စည်းများအတွက် အမြဲတစေ ဂုဏ်ယူသည်။
ယင်းပစ္စည်းများပြုလုပ်ခဲ့စဉ်က ငွေတစ်သိန်းနီးပါးကုန်ကျခဲ့ရ၏။ လုပ်ပေးခဲ့သည့်နေရာမှာ မီးခံသေတ္တာ ဖေါက်ထွင်းရေးအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများအတွက် အထူးပြုလုပ်ပေးသော နေရာတစ်နေရာဖြစ်သည်။
နောက်နာရီဝက်ခန့်ကြာသောအခါ အောက်ထပ်သို့ပြန်ဆင်းခဲ့ပြီး စားသောက်ဆိုင်ထဲသို့
ဝင်ခဲ့သည်။ အခုဆိုလျှင် သူ အဝတ်အစားအသစ်တစ်စုံကိုစမတ်ကျကျဝတ်ထားသည်၊ သူ့လက်တစ်ဖက်တွင် အိတ်တစ်လုံးဆွဲလာသည်။
`မင်းမှာအစီအစဉ်တစ်ခုခုလုပ်ဖို့ရှိနေပြီလား´ ဟု ကိုရင်စည်သူ ကမေးသည်။
`ငါလား´ ဟု အံ့အားသင့်သွားဟန်ဖြင့်ဖားသက်ပြင်း ရေရွတ်သည်။
`မင်းမေးတာငါနားမလည်ဘူး။ ငါက ရန်ကုန်မြို့တော် လမ်း၊ တံတားအခြေနေ တိုးတက်ရေး
ကုမ်ပဏီရဲ့ အမှုဆောင်အရာရှိပဲ၊ လမ်းတွေ တံတားတွေ အကောင်းဆုံးနဲ့ အမြန်ဆုံး
ဖြစ်မြောက်ရေးအတွက် ငါဆောင်ရွက်နေရတာလေ…မင်းဘာတွေလာမေးနေတာလဲ´…
ကိုရင်စည်သူသည် ဖားသက်ပြင်း၏မျက်လုံးကို များစွာသဘောကျသည်။
သူနှင့်အတူတူတစ်ခုခု သောက်ရန် သူတကာခံသည်။ ဖားသက်ပြင်းက ဘလက်လေဘယ် သုံးပက်ခန့် သောက်သည်။ သူ တစ်ခုခု အလုပ်ကိစ္စလုပ်တော့မည်ဆိုလျှင် ဘယ်တော့မှ အရက်မူးအောင် သောက်လေ့မရှိ။
အကျဉ်းသားအမှတ် ၃၇၆၄၂ဝ ၊ ဖားသက်ပြင်း အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်ပြီး
သီတင်းတစ်ပါတ်အကြာတွင် ပဲခူးမြို့မှ မီးခံသေတ္တာ တစ်လုံးအဖေါက်ခံရသည်။
ဘယ်သူဖေါက်သွားမှန်းမသိ။ ခြေရာလက်ရာမကျန်ခဲ့။ ငွေ ၅သိန်းကျော်ပါသွားသည်။
ထို့နောက် သီတင်းနှစ်ပါတ်အကြာတွင် ပြည်မြို့မှ မီးခံသေတ္တာတစ်လုံးအဖေါက်ခံရပြန်သည်။ မီးခံသေတ္တာမှာအမျိုးအစားအသစ်ဖြစ်သည်။ ဘယ်သူခိုး၊ ဘယ်ဖေါက်ထွင်းဝဇ်ဇာမှ မဖေါက်နိုင်အောင် အထူးတလည်စီမံပြုလုပ်ထားသော မီးခံသေတ္တာဖြစ်၏။
သို့သော်လည်း လူတစ်ယောက် မရ…ရအောင် ဖောက်သွားခဲ့ပြီ၊ အထဲမှာ သိန်းတစ်ရာ့ ငါးဆယ်ကိုလည်းယူသွားခဲ့ပြီ။
မကြာမီတွင်ပင် နေပြည်တော်ရှိ အာမခံ မီးခံသေတ္တာတစ်လုံး အဖေါက်ခံရပြန်သည်။
အထဲမှ သိန်း ၂၀၀ဝ ကျော်ပါသွားသည်။ ထိုကဲ့သို့ လုံခြုံရေးစိတ်ချရပါသည် ဆိုသောမြို့ အတွက် အကြီးမားဆုံးသောဆုံးရှုံးမှုဖြစ်သည်။
ထိုကဲ့သို့သော ကြီးမားသည့် ရာဇဝတ်မှုများ ဖြစ်လာလျှင် စီအိုင်ဒီမှ အထူးရဲစုံထောက် `ရာမည´
ဒိုင်ခံတာဝန်ယူမြဲဖြစ်သည့်အားလျှော်စွာ ရာမည သည်ထိုအမှုများကိုစတင် ခြေရာခံသည်။
သူသည် ပဲခူး၊ ပြည်၊ နေပြည်တော် မြို့များသို့ သွားသည်။ ဖေါက်ထားသည့် မီးခံသေတ္တာများကို စစ်ဆေးကြည့်ရှုသည်။ ဖေါက်ပုံဖေါက်နည်း လက်စ လက်နများကို
အသေအချာစူးစမ်းလေ့လာသည်။ လူအများ၏ ပြောသံ ဆိုသံ နှင့် ဝေဖန်သံများကိုလည်း သူနားစွင့်သည်။ ပြီးတော့မှတ်ချက်ချသည်။
`ဒီမြို့တွေကို ဖားသက်ပြင်းလာသွားတယ်။ ဒီအကောင် ဖေါက်ထွင်းလောကထဲကိုပြန်ဝင်လာပြီ။
ဟောဒီသေတ္တာဖေါက်ထွင်းထားပုံကြည့်။ သူ့ဖေါက်ပုံဖေါက်နည်းမျိုးပဲ။ ဒီလိုသေသေသပ်သပ်
လုပ်သွားနိုင်တဲ့ ကိရိယာတန်ဆာပလာတွေကို ပိုင်ဆိုင်တဲ့လူဆိုလို့ သူတို့လောကထဲမှာ ဖားသက်ပြင်း တစ်ကောင်ပဲရှိသည်။ဒီကိရိယာတွေ ကျင်ကျင်လည်လည် သုံးတတ်တဲ့သူဆိုလို့လဲ သူတစ်ယောက်ပဲ ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ ဖားသက်ပြင်း
ကိုမိဖို့လိုတယ်။ ဒီတစ်ခါ သူ့ကိုမိလို့ ထောင်ပို့ရင် ထောင်ထဲမှာ အသက်သေသည်ထိ နေရစေ့မယ်။´
ရာမည သည် ဖားသက်ပြင်း၏ လုပ်ပုံ လုပ်နည်းကိုကောင်းစွာသိသည်။ ဖားသက်ပြင်းသည်
တစ်နေရာထဲတွင် အတည်တကျနေလေ့မရှိ။ တစ်မြို့မှ တစ်မြို့သို့ ကူးသန်းပြောင်းရွေ့ပြီး
လုတ်တတ်သည်။ သူရွေးချယ်သောမြို့များမှာလည်း တစ်မြို့နှင့်တစ်မြို့ များစွာကွာဝေးသည်။
သူလုပ်စရာရှိတာလုပ်ပြီးပါကလည်း ချက်ချင်းထွက်ခွါသွားတတ်၏။ ပြီးတော့ သူသည် လူကောင်း သူကောင်းများနှင့် ပေါင်းသင်းဆက်ဆံတတ်သည်။ ဤအကြောင်းများကြောင့် ဖားသက်ပြင်းအား ဖမ်းမိဖို့မလွယ်။
စီအိုင်ဒီမှ အထူးရဲစုံထောက် `ရာမည´ တစ်ယောက် ဖားသက်ပြင်းနောက်လိုက်နေပြီ
ဟူသောသတင်းထွက်ပေါ်လာသောအခါ ငွေအပြည့်ထည့်ထားသောမီးခံသေတ္တာပိုင်ရှင်များသည် များစွာဝမ်းသာလျှက်ရှိကြ၏။
တစ်ရက်သော မွန်းလွဲပိုင်းတွင် ဖားသက်ပြင်းနှင့် သူ့လက်ဆွဲအိတ်သည် `မြဝတီ´
ဟုခေါ်သော နယ်စပ်မြို့ငယ်လေး တစ်ခုသို့ ဆိုက်ရောက်လာသည်။
ကောလိပ်ကျောင်းသားတစ်ယောက်နှင့်တူလှသော ဖားသက်ပြင်းသည် သွက်လက်ပေါ့ပါးသောခြေလှမ်းများဖြင့် ဟိုတယ်တစ်ခုဆီသို့ လျှောက်သွားလျှက်ရှိ၏။
ထိုစဉ်တွင် မိန်းမပျို တစ်ဦးသည် လမ်းကိုကူးဖြတ်လာပြီး လမ်းထောင့်နားအရောက်တွင်
ဖားသက်ပြင်းရှေ့မှဖြတ်ကာ အဆောက်အအုံတစ်ခု၏ တံခါးပေါက်မှဝင်သွားသည်။ တံခါးပေါ်တွင်မူ `တိုက်ဂါးဘဏ်´ ဟူသောဆိုင်းဘုတ်တစ်ခုချိတ်ဆွဲထားလေသည်။
ဖားသက်ပြင်းသည် မိန်းကလေး၏ မျက်လုံးများကို အသေအချာကြည့်လိုက်မိသည်။
သူ့ကိုယ်သူ… သူဘာကောင်လဲ ဟူသောအချက်ကိုပင်မေ့လို့သွားသည်။ သူမကတော့
မျက်လုံးအကြည့်ကိုလွှဲလို့သွားသည်။ သူမ၏မျက်နှာသည် နီမြန်းပြီး ကြည်လင်သွားသည်။
ဖားသက်ပြင်းလို ဟန်အမူအရာနှင့် သပ်ရပ်ခန့်ငြားသော လူငယ်များကို `မြဝတီ´ မြို့၌ တွေ့ရ မြင်ရ ခဲသည်မဟုတ်ပါလား။
ဖားသက်ပြင်းသည် ဘဏ်တံခါးနားရပ်နေသော လူငယ်တစ်ယောက်ထံ ချဉ်းကပ်ကာ
မြို့ကလေးအကြောင်းကိုလျှောက်မေးသည်။ အတန်ကြာသောအခါ စောစောကဖားသက်ပြင်း တွေ့လိုက်ရသော မိန်းမပျိုသည် ဘဏ်ထဲမှပြန်ထွက်လာပြီး ထွက်ခွါသွားသည်။ သူမသည် အလာတုန်းကလို ဖားသက်ပြင်းကိုမြင်ပုံမရ။
`ဟေ့..အဲဒီအမျိုးသမီးဟာ ဘယ်သူတုန်းကွ´ ဖားသက်ပြင်းကမေးသည်။
`သူ့နာမည်က` နော်ရှီး´ တဲ့၊ သူ့အဖေကဒီဘဏ်ကိုပိုင်တယ်လေ´
ဖားသက်ပြင်းသည် `မင်းဇာနည်´ ဟူသောအမည်ဖြင့် တည်းခိုနေထိုင်သော ဟိုတယ် သို့ပြန်ခဲ့သည်။
ဟိုတယ်ပိုင်ရှင်အား သူစီးပွားရေး လုပ်ငန်းကိစ္စတစ်ခုဖြင့် လာကြောင်းသူပြောထားသည်။ ဒီမြို့မှာ ဆီးတီးမတ် လို ပစ္စည်းအစုံ အလွယ်တကူရနိုင်သော
ဆိုင်များရှိမရှိ ၊ သူ့အနေနှင့် အဲဒီလို ၂၄နာရီဖွင့်သော မီနီမတ် ကလေးများ ဖွင့်ချင်ကြောင်း စကားစထားသည်။
ဟိုတယ်ပိုင်ရှင်သည် ဖားသက်ပြင်း၏ တခန့်တညား ဝတ်စားဆင်ယင်ထားမှုနှင့် အပြုအမူ များကိုကြည့်ကာ အထင်ကြီးသည်။
ဖားသက်ပြင်းနှင့်စကား စမြည်ပြောနေရသည်ကိုသဘောကျသည်။ မြဝတီမြို့ တွင်
ပစ္စည်းအစုံရပြီး ၂၄ နာရီဖွင့်သော ဆိုင်များ လိုနေကြောင်း၊ ဒီမြို့လေးတွင် အခြေချနေထိုင်ဖို့ကောင်းကြောင်း၊ ဒီမြို့ကလူတွေမှာလည်းသဘောကောင်းကြသောကြောင့် အခြေချနေထိုင်ဖို့ကောင်းလှကြောင်း ပြောပြသည်။
ဖားသက်ပြင်းကလည်းသူဤမြို့ ၌ရက်အနည်းငယ်မျှနေထိုင်ရင်း လေ့လာဦးမည်ဟုဆိုသည်။
ပိုင်ရှင်က သူကိုယ်တိုင် ဖားသက်ပြင်း၏ အိတ်ကိုဆွဲ၍ ဟိုတယ်အပေါ်ထပ်အခန်းထဲ
အထိ လိုက်ပို့သည်။ အိတ်ကလေးလှပါဘိခြင်း။
ဖားသက်ပြင်း မြဝတီမြို့တွင်နေထိုင်ရင်း…
စတိုးဆိုင်တစ်ဆိုင် စတင်ဖွင့်လှစ်သည်။ရောင်းကောင်းသောဆိုင်ဖြစ်လာသည်။မိတ်ဆွေ
အများအပြားလည်းရလာသည်။သူသည်ဤမြို့ကိုစတင်ရောက်သောနေ့က
နော်ရှီး နှင့်အမှတ်မထင်ဆုံတွေ့ခဲ့ရ၏။
အခုဆိုလျှင်သူသည်နော်ရှီး အပေါ်သဘောကျလာနေသည်။
တစ်နှစ်ကုန်သွားသည့်အခါတွင်မူ မြဝတီမြို့ပေါ်ရှိလူအားလုံးက မင်းဇာနည်
အပေါ်ခင်မင်နေကြလေပြီ၊ သူ၏ `အင်ဇာဂီစတိုး´ ဆိုင်မှာလည်း အောင်မြင်လှပေသည်။
သူနှင့် နော်ရှီးတို့မှာလည်း နှစ်ကိုယ်တူ ချစ်ရည်မျှလျှက် သီတင်းနှစ်ပါတ်အတွင်း
လက်ထပ်ထိမ်းမြား တောမည့်အနေအထားသို့ ဆိုက်ရောက်နေလေပြီ။
မြို့ငယ်လေး၏ဘဏ်သူဋ္ဌေး နော်ရှီး၏ဖခင် မိုက်ကယ်ဂျော်နီအောင်ရှီး ကလည်း
မင်းဇာနည် ဆိုသော လူငယ်လေးကို များစွာသဘောကျလျှက်ရှိသည်။
သူ့တွင်ထူးခြားသော ဈေးကွက်ကိုပိုင်နိုင်သော အရည်အသွေးရှိသည်။
ရောက်လာသောတစ်နှစ်အတွင်းမှာပင် တစ်မြို့လုံး၏လိုအပ်ချက်ကိုဖမ်းဆုတ်နိုင်ခဲ့သည်။
နော်ရှီးအနေနှင့်လည်း မင်းဇာနည်အတွက်ဂုဏ်တက်နေရ၏။ သူသည်မကြာမီ ရှီးမိသားစုဝင်
တစ်ဦးဖြစ်လာပေတော့မည်။ တစ်နေ့တွင် ဖားသက်ပြင်းသည် သူ့အခန်းထဲ၌ထိုင်ကာ
သူ၏အပေါင်းအသင်းဟောင်းများထဲမှ သူ၏ အရင်းနှီးဆုံး ဖေါက်ထွင်းဝိဇ်ဇာ`ရဲစည်´ ထံသို့
စာတစ်စောင်ရေးနေသည်။
ချစ်သောသူငယ်ချင်းး
လာမယ့် အပတ် ၁ဝရက်နေ့ ညမှာ ငါ မင်းနဲ့ ကိုရင်စည်သူကို
ကိုကမ်းကြီး ရဲ့အိမ်မှာတွေ့ချင်တယ်…ဘရင့်နောင်က တွေ့နေကျအိမ်ပေါ့
မင်းတို့ ဒါတွေကိုရရင် သိပ်ဝမ်းသာမှာပဲ ဆိုတာကို ငါသိတယ်
ဒါတွေကို ငွေ သိန်းပေါင်းများစွာပေးလဲ မင်းတို့ မရနိုင်ဘူးဆိုတာ
မင်းတို့သိပါတယ်။ ငါတော့ အလုပ်အဟောင်းနဲ့ ပြတ်စဲသွားပြီ၊
လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက ဖြတ်ပြစ်လိုက်တယ်။
ငါ့မှာ ဆိုင်တစ်ဆိုင် အပိုင်ရှိနေပြီ၊ ဘဝကောင်းတစ်ခုထဲကိုငါရောက်နေပြီ။
ဒီနေ့ကစပြီးနောက်သီတင်းနှစ်ပါတ် ဆိုရင် ဒီကမ္ဘာလောက ကြီးထဲမှာ
သဘောမနော အကောင်းဆုံး ချစ်စရာအကောင်းဆုံး မိန်းကလေးတစ်ယောက်နဲ့
လက်ထပ်တော့မယ်၊ ငါ့အဖို့တော့ တစ်ခုတည်းသော ဘဝဟာ အဲဒါပဲသူငယ်ချင်း။
သူတစ်ပါးရဲ့ငွေကြေးကို လက်ဖျားနဲ့တောင် မထိမတို့တော့ဘူးလို့ ဆုံးဖြတ်ပြီးပြီ။
လက်ထပ်ပြီးရင် ငါ နော်ရှီးတို့နေတဲ့ ကျေးလက်ကိုသွားတော့မယ်……
ငါ့ရဲ့ အရင်ဘဝဟောင်းက လူတွေနဲ့လုံးဝမတွေ့ မမြင်ရ တော့မဲ့ နေရာကို အပြီးအပိုင်
သွားတော့မှာ။ ငါ့ချစ်သူဟာ အံ့ဩစရာကောင်းလောက်အောင် တော်တဲ့
မိန်းကလေးတစ်ယောက်ပဲ၊ သူဟာ ငါ့အပေါ်မှာ ယုံကြည်အားကိုးရှာတယ်ကွာ။
မင်းရဲ့သူငယ်ချင်းဟောင်း
ဖားသက်ပြင်း
ထိုစာကိုထည့်ပြီးနောက် နောက်တစ်နေ့တွင် စီအိုင်ဒီမှ အထူးရဲစုံထောက် `ရာမည´
မြဝတီမြို့သို့ တိတ်တဆိတ် ဆိုက်ရောက်လာသည်။ သူသည်ရဲစုံထောက်ပီသစွာ
သူ့နည်းသူ့ဟန်နှင့် မြို့ထဲတွင် လူမသိသူမသိ သွားလာလှုပ်ရှားသည်၊ သူသိလိုသမျှ
များကို စုံစမ်းလေ့လာသိရှိခဲ့သည်။ ဆိုင်တစ်ဆိုင်ထဲမှရပ်၍ ကြည့်နေသော ရာမညသည်
ဆိုင်ရှေ့မှဖြတ်ကျော်သွားသော ဖားသက်ပြင်း တဖြစ်လဲ မင်းဇာနည် ကိုမြင်သည်။
`အင်း..မင်းက ဘဏ်သူဋ္ဌေးရဲ့ သမီးကို လက်ထပ်တော့မှာပေါ့လေ…ဟုတ်လား´
ဟု ရာမည သူ့ကိုယ်သူပြောသည်။ `သေချာရဲ့လားဖားသက်ပြင်းရယ်၊ အခုပုံဆိုရင်တော့
မင့်ဟာသိပ်ပြီး မရေရာလှပါဘူး´
နောက်တစ်နေ့နံနက်တွင် ဖားသက်ပြင်းသည် ရှီးတို့ မိသားစုအိမ်သို့ရောက်လာသည်။
သူတို့၏ လက်ထပ်မင်္ဂလာပွဲအတွက် ရန်ကုန်မြို့သို့သွား၍ အဝတ်အစားများဝယ်ရန်
စီစဉ်ထား၍ ဖြစ်၏။ ပြီးတော့သူ့အချစ် သတို့သမီး နော်ရှီး အတွက်လည်း လက်ဆောင်မွန် ပစ္စည်းတစ်ခု ဝယ်ဖို့က ရှိနေသေးသည်မဟုတ်ပါလား…။
မြဝတီမြို့သို့ရောက်ပါပြီဆိုကတည်းက ဘယ်ကိုမှသူမသွားခဲ့။ ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ် မြို့အပြင်သို့ ထွက်မည့်ခရီးဖြစ်၏။ သူ့အနေနှင့် မီးခံသေတ္တာများကို မထိခဲ့ မကိုင်ခဲ့သည်မှာလည်း တစ်နှစ်တိတိရှိခဲ့ပြီ။
ထိုနေ့ မနက်တွင် ရှီး မိသားစု အများစုသည် အတူတူစု၍ ဘဏ်သို့ သွားကြသည်။
`တိုက်ဂါးဘဏ်´ သူဋ္ဌေး မိုက်ကယ်ဂျော်နီအောင်ရှီး၊ ဖားသက်ပြင်း၊ နော်ရှီး နှင့် နော်ရှီး၏အိမ်ထောင်သယ်အမတို့ဖြစ်သည်။ အမလုပ်သူသည် ငါးနှစ်အရွယ်နှင့် ကိုးနှစ်အရွယ်သမီးလေးနှစ်ယောက်ကိုပါ ခေါ်လာသည်။ သူတို့သည် ဖားသက်ပြင်း
နေထိုင်ရာ ဟိုတယ်ရှေ့မှ ဖြတ်လျှောက်လာခဲ့ကြရာ ဖားသက်ပြင်းသည် သူ့အခန်း သို့ခဏဝင်ပြီး လက်ဆွဲအိတ်ကြီးကို ယူလာခဲ့သည်။
မိသားစုဝင်တစ်ဦးအဖြစ်သို့ ရောက်နေပြီဖြစ်သော ဖားသက်ပြင်းအပါအဝင် သူတို့အားလုံးသည် ဘဏ်ထဲသို့ဝင်ရောက်ခဲ့ကြ၏။ ဘဏ်ထဲမှဝန်ထမ်းများသည် သူတို့၏ ဘဏ်သူဋ္ဌေးသမီးနှင့် လက်ထပ်တော့မည့် သဘောမနောကောင်း
လူချောလူလှ ဖားသက်ပြင်းအား မြင်တွေ့သိကျွမ်းခွင့်ရကြသဖြင့် ဝမ်းသာနေကြသည်။
ဖားသက်ပြင်းသည် သူ့လက်ထဲမှအိတ်ကြီးကို သင့်ရာ တစ်နေရာတွင် ချထားလိုက်လေသည်။
နော်ရှီးသည် ဖားသက်ပြင်း၏ ဦးထုပ်ကိုယူ၍ သူမ၏ဦးခေါင်းတွင်ဆောင်းကာ ဖားသက်ပြင်း၏ အိတ်ကြီးဆွဲ၍ ရပ်ပြသည်။ `နော်ရှီးရဲ့ပုံပန်းက ဘယ်လိုဖြစ်နေသလဲ ဇာနည်၊ ဘာနဲ့တူနေသလဲ´ ဟုဖားသက်ပြင်းအားလှမ်းမေးပြီး တခစ်ခစ်ရယ်လေသည်။
`ဇာနည် ရယ် ရှင့်အိတ်ကြီးကလည်းလေးလိုက်တာ လွန်ပါရော ရွှေတုံးတွေများ ထဲ့ထားသလား´
`မောင့် ဆိုင်မှာ အသုံးမလိုတော့တဲ့ပစ္စည်းတွေ ထည့်ထားတယ်´ဟု ဖားသက်ပြင်းပြန်ပြောသည်။ `ဒီနေ့ ရန်ကုန်မြို့သွားရင် ယူသွားပြီး သူတို့လာခဲ့တဲ့ နေရာကို ပြန်ပို့ပေးမလို့ယူလာတာ….ပို့ခစရိတ်သက်သာအောင် ဒီနည်းကိုသုံးရတာ။
မောင်က မကြာခင် အိမ်ထောင်သည်ဖြစ်တော့မှာဆိုတော့ ငွေကိုဘယ်လိုချွေတာရမလဲ ဆိုတာ လေ့လာထားရတော့မယ်မဟုတ်လား´
`တိုက်ဂါးဘဏ်´တွင် အာမခံသေတ္တာကြီးတစ်လုံး ရောက်နေသည်။ ဘဏ်သူဋ္ဌေး မိုက်ကယ်ဂျော်နီအောင်ရှီး သည်ထိုသေတ္တာကြီးအတွက်များစွာ ဂုဏ်ယူလျှက်ရှိသည်။
ဤသေတ္တာကြီးအား လူတိုင်းမြင်တွေ့ စေလိုသော ဆန္ဒလည်း ပြင်းပြလျှက်ရှိသည်။
သေတ္တာကြီးမှာ အခန်းငယ်တစ်ခန်းစာမျှ ကြီးမားပြီး တံခါးကလည်း အထူးတလည်
စီမံတတ်ဆင်ထားသော တံခါးဖြစ်သည်။
ထိုတံခါးကို နာရီဖြင့်ထိန်းချုပ်ထားသည်။ နာရီကိုအသုံးပြုခြင်းအားဖြင့် တံခါးကို
ဘဏ်သူဋ္ဌေးက ပွင့်စေလိုသော အချိန်တစ်ချိန်ကို သတ်မှတ်၍ ပွင့်အောင်ဖွင့်နိုင်သည်။
ကျန်အချိန်များတွင်မူ ဤသေတ္တာကို ဘဏ်သူဋ္ဌေးအပါအဝင် မည်သူမျှဖွင့်၍မရ။
မိုက်ကယ်ဂျော်နီအောင်ရှီးက ထိုသေတ္တာအကြောင်းကို သူ၏သားမက်လောင်း
ဖားသက်ပြင်းအားရှင်းပြနေသည်။
ဖားသက်ပြင်းသည် သေတ္တာအပေါ်တွင် စိတ်ဝင်စားသည့် အရိပ်လက္ခဏာတော့ပြ၏။
သို့သော်လည်း လုပ်နည်းလုပ်ဟန်များအပေါ် နားလည်ပုံမရ။
ကလေးနှစ်ယောက်ဖြစ်သော ရွှေရှီး နှင့် ငွေရှီးတို့ကတော့ သေတ္တာ၏ အဆမတန်လေးလံသော သံမဏိတံခါးကြီးကိုကြည့်ကာ ရွှင်မြူးနေကြလေသည်။
ဘဏ်မိသားစုဝင်များ ယင်းကဲ့သို့ အလုပ်ရှုပ်နေခိုက်တွင် စီအိုင်ဒီမှ အထူးရဲစုံထောက် `ရာမည´ သည် ဘဏ်ထဲသို့ဝင်လာပြီး ဟိုဟို သည်သည်လျှောက်ကြည့်နေသည်။
ဘဏ်မှလူငယ်ဝန်ထမ်းတစ်ယောက်အား သူလာသည်မှာ ဘဏ်နှင့်ပါတ်သက်သော
ကိစ္စရှိ၍ လာခြင်းမဟုတ်၊ ချိန်ထားသည့်လူတစ်ယောက်အား စောင့်ရန်လာခြင်းဖြစ်ကြောင်း
လည်းပြောသည်။ ထိုအခိုက်မှာပင် မိန်းမအုပ်စုဆီမှ အလန့်တကြားအော်သံတစ်သံ ကြားလိုက်ကြရ၏။ သူတို့သည် စကားလက်ဆုံကျနေကြသဖြင့် ကလေးများအားကရုစိုက်မကြည့်မိ။ ကိုးနှစ်သမီး ရွှေရှီးသည် ဆော့ကစားရင်းနှင့်
အာမခံသေတ္တာ တံခါးကြီးကိုပိတ်လိုက်သည်။ ထိုအချိန်တွင် အာမခံသေတ္တာကြီးအတွင်းဖက်ကိုရောက်နေသော ငွေရှီး မှာ အတွင်းမှ ပိတ်မိလျှက်သား ဖြစ်သွားခဲ့လေ၏။
ဘဏ်သူဋ္ဌေး အဖိုုးကြီးသည် တံခါးကို ကသော ကမျောပြေးဖွင့်သည်။ တံခါးကိုအားစိုက်၍ ဆွဲသော်လည်း မပွင့်။
`တံခါးကိုဖွင့်လို့ မရတော့ဘူး´ ဟုအော်ထိတ်လန့်တကြား အော်ပြောသည်။
`နာရီကလည်း အခုထက်ထိမဆင်ရသေးဘူး၊ လုပ်ကြပါအုံး၊ ဘယ်လိုလုပ်ရင်ကောင်းမလဲ´။
ငွေရှီး၏ မိခင်ဖြစ်သူကလည်း အလန့်တကြား အော်ဟစ်ကာ ပြာရာခတ်လျှက်ရှိ၏။
`နေကြစမ်းပါအုံးဟယ်၊ ပါးစပ်တွေပိတ်ပြီး ငြိမ်ငြိမ်နေကြစမ်းပါ´ ဟု မိုက်ကယ်ေဂျာ်နီအောင်ရှီး
ကတားသည်။ သူသည်သေတ္တာတံခါးနားကပ်ခါ `ငွေရှီး´ ဟုအသံကုန်ဟစ်၍ခေါ်သည်။
`ဖိုးဖိုး ပြောတာကြားလား၊ နားထောင်စမ်း´
သူတို့သည် အတွင်းမှ ကလေးသံကိုကြားကြရ၏။ အသံမှာသဲ့သဲကလေးမျှသာ ဖြစ်သည်။
အမှောင်ထုတွင်း၌ရောက်နေသော ကလေးသည် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေလိမ့်
မည်မှာ မလွဲပေ။ `ကယ်ကြပါဦး…ရှင် ကျွန်မသမီးလေး သေရပါတော့မယ်´
ဟု ငွေရှီး အမေက အော်သည်။ `တံခါးကိုဖွင့်ကြပါဦး၊ ရှင်တို့ ယောက်ကျားတွေ ဘာမှ မလုပ်တတ်ကြတော့ဘူးလား´
`ဒီမြို့ထဲမှာတော့ ဒီတံခါးကို ဖွင့်နိုင်တဲ့လူ တစ်ယောက်မှ မရှိဘူး၊ ဒုက္ခပဲ´ ဟု
မိုက်ကယ်ဂျော်နီအောင်ရှီး တုန်ရင်သောအသံဖြင့် ရေရွတ်သည်။
`ဒုက္ခပါပဲဗျာ….၊ဒီမယ် မင်းဇာနည် တို့ဘယ်လိုလုပ်ကြရင်ကောင်းမလဲ..
စဉ်းစားစမ်းပါအုံး… အထဲမှာကြာကြာနေရင် ကလေးသေမှာပဲ၊ လေမရှိတာနဲ့ပဲသေမှာ။
ပြီးတော့ သိပ်ကြောက်ရင်လည်း သေမှာပဲ´
ယခုအခါတွင် ငွေရှီး၏မိခင်သည် အရူး တစ်ယောက်လို ဖြစ်နေခဲ့လေပြီ။
သူမသည် သေတ္တာတံခါးကို လက်သီးများနှင့်ထုကာ ငွေရှီး၏နာမည်ကိုသာ
တကြော်ကြော်အော်ခေါ်နေသည်။ နော်ရှီး သည် ဖားသက်ပြင်းအား လှည့်ကြည့်သည်။
သူမ၏ မျက်လုံးအစုံသည် အားကိုးအားထား ပြုလိုသည့်သဘောပါသည်။
`ကယ်ပါဦး၊ ရှင်မကယ်နိုင်တော့ဘူးလား´ ဟုပြောနေသည့်နှယ်ရှိ၏။
မိန်းမတစ်ယောက်သည် သူချစ်သောယောက်ကျားတစ်ယောက်အပေါ်
အားကိုုးသမှု ပြုတတ်သည်မှာ သဘာဝပင်မဟုတ်ပါလော….။
`ရှင်ဘာမှ လုပ်မပေးနိုင်တော့ဘူးလား ဇာနည် ရယ်…၊ တစ်ခုခုတော့ လုပ်ကြည့်ပါအုံး´
ဖားသက်ပြင်းသည် အလွန်ထူးဆန်းသော အကြည့်ဖြင့် နော်ရှီးအား ပြန်ကြည့်သည်။
သူ့မျက်လုံးများသည် သိမ်မွေ့ခြင်းနှင့် နူးညံ့ပြော့ပြောင်းခြင်း တို့ကို ဖော်ပြနေသည်။
နှုတ်ခမ်းများတွင်လည်း ထူးဆန်းသောအပြုံးရိပ် ဝင်နေသည်။
`နော်ရှီး…မင်းပန်ထားတဲ့ပန်းလေး မောင့်ကိုပေးပါလား´ ဟူ၍ ဖားသက်ပြင်းက လေအေးကလေးဖြင့်ပြောသည်။ နော်ရှီးသည် ကြားလိုက်ရသော စကားအတွက် သူ့နားသူမယုံနိုင်အောင် ဖြစ်နေသည်။
သို့သော်လည်း ကဗျာကရာ ခေါင်းမှာပန်ထားသော ပန်းကို ဖြုတ်ကာ ဖားသက်ပြင်း
လက်သို့လှမ်းပေးသည်။ ဖားသက်ပြင်းသည် ပန်းကို တစ်နေရာ၌ချထားလိုက်သည်။
ထို့နောက် သူ့အပေါ်ဂျာကင်အားချွတ်လိုက်သည်။
ဤအပြုအမူသည် ဤနေရာ၌ `မင်းဇာနည်´ ဆိုသည့်သူ လုံးဝပျောက်ကွယ်သွားပြီး
ထိုနေရာ၌ `ဖားသက်ပြင်း´ဝင်ရောက်သွားပြီဟု ဖေါ်ပြလိုက်ခြင်းပေတည်း။
`အားလုံးသေတ္တာနားက ဖယ်ပေးကြပါ´ ဟုသူကပြောသည်။
သူသည် သူ့လက်ဆွဲအိတ်ကို ယူပြီး စားပွဲပေါ်တင်လိုက်သည်။
အိတ်ကိုဖွင့်ကာ အထဲမှ ပစ္စည်းများကိုထုတ်ယူသည်။
ထိုအချိန်မှစ၍ သူသည် သူ့အနီး၌ လူတွေရှိနေသည်ကို မသိတော့။
သူသည် ကိရိယာများကို စားပွဲပေါ် အစဉ်လိုက်ချသည်။
ဘေးမှလူများသည် လုံးဝ လှုပ်ရှားခြင်း မပြုနိုင်တော့ပဲ သူ့အလုပ်ကိုသာ
စိတ်အား ထက်သန်စွာဖြင့် ဝိုင်းကြည့်နေကြလေသည်။
နောက်တစ်မိနစ်အတွင်း ဖားသက်ပြင်းသည် တံခါးနှင့် အလုပ်ရှုပ်လျှက်ရှိသည်။
ဆယ်မိနစ်ခန့် အကြာတွင်မူ အာမခံသေတ္တာ၏ သံမဏိတံခါးသည် ပွင့်သွားသည်။
သူလုပ်နေကျ အလုပ်များထက် ပို၍ လျှင်မြန်စွာ ပြီးစီးသွားခြင်းဖြစ်၏။
ငွေရှီးသည် သူ၏မိခင်လက်တွင်းသို့ ရောက်သွားခဲ့လေပြီ။
ဖားသက်ပြင်းသည် သူ၏ ဂျာကင်အင်းကျီ ကို ပြန်ယူပြီး ဝတ်လိုက်သည်။
စောစောကချထားသည့် ပန်းကို ကောက်ယူပြီး ဘဏ်တံခါးဆီသို့လျှောက်သွားသည်။
သူ့နောက်မှ `ဇာနည်´ဟုခေါ်လိုက်သံကို ကြားသည်။ သို့သော်လည်း သူသည်
မရပ်တော့ပဲ ဆက်သွားသည်။
`ဟယ်လို…ရာမည´ ဟု ဖားသက်ပြင်းက ထူးဆန်းသောအပြုံးဖြင့်နှုတ်ဆက်သည်။
`နောက်ဆုံးတော့လည်း..ခင်ဗျားကိုယ်တိုင် ဒီနေရာကို ရောက်လာရတာပေါ့လေ…ဟုတ်လား´
`ကဲ…..သွားကြစို့၊ အခုမှတော့ မထူးတော့ပါဘူး၊ ကျွန်တော့အနေနဲ့ ဘာကိုမှ ဂရုမစိုက်တော့ပါဘူး´
ထိုအခါ ရာမညဘက်မှ အလွန်ထူးဆန်းသော အပြုအမူကိုမြင်ရသည်။
`ဒီကိစ္စနဲ့ပါတ်သက်လို့ ခင်ဗျားမှားနေပြီလို့ ကျနော်ထင်တယ် ဦးမင်းဇာနည်´
ဟု…ရာမညက ပြန်ပြောသည်။ `ကျွန်တော်ကတော့ ခင်ဗျားကိုမသိဘူးလို့ ယုံကြည်ထားတယ်´…ထို့နောက်တွင်တော့…..
စီအိုင်ဒီမှ အထူးရဲစုံထောက် `ရာမည´သည် နောက်သို့လှည့်ကာ လမ်းပေါ်အတိုင်း
ခပ်ဖြေးဖြေးလျှောက်သွားလျှက် ရှိလေသည်။
အားလုံးကိုလေးစားခင်မင်လျှက်
လမ်းဆက်လျှောက်နေတဲ့
ကြီးမိုက်။
၁၅၊ ဝ၉၊ ၂၀၁၃
ဝန်ခံချက်။ မူရင်းစာရေးသူ O-HENRY ၏ A RETRIEVED REFORMATION ကို
မောင်ထွန်းသူ ဘာသာပြန်သော `ဒီလိုဆိုမဖြစ်ဘူးကွယ်´ဝတ္ထုကို ပြန်လည်ခံစားရေးသားတင်ပြခြင်းဖြစ်ပါသည်။
29 comments
kai
September 16, 2013 at 3:12 pm
သူလုပ်တဲ့အလုပ်မှာ.. ပရိုပေါ့လေ…။
ဒါပေမယ့်.. သူ့ပရိုကို.. ကလေးအသက်ကယ်တဲ့နေရာ.. လူသူရှေ့တည့်တည့်ကြီးသုံးပြတာကို.. တမျိုးအောင့်သက်သက်ဖြစ်နေမိတယ်….။
ဘာပဲဖြစ်ဖြစ်…
ဒီလိုစိတ်ခံစားမှုရသရစေတဲ့အတွက်…
စာအတွက်.. ကျေးကျေးပါ…။
Myo Thant
September 16, 2013 at 3:17 pm
ဖားသက်ပြင်း နဲ့ နော်ရှီးသာ ပိတ်မိသွားရင်တော့
မိုက်ကယ်ဂျော်နီ ခေါင်းမီးတောက်ပြီ ၊ ဟီး ဟီး
🙂
KZ
September 16, 2013 at 3:18 pm
ဟုတ်။
ဖတ်ဖူးတယ်။
ခု ကိုယ်သိတဲ့ နာမည်တွေနဲ့ ပြန်ဖတ်လိုက်ရတော့ ပိုနားလည်သလိုပဲ၊.
၊မျက်စိထဲ ကွက်ကွက်ကွင်းကွင်းးးးး 😀
ဪ။
ဘာလိုလိုနဲ့ သူတို့တောင် ထောင်ကျတော့မှာပါလားးးးး (အိမ်ထောင်)
မနှင်းဖြူ မှန်မှန်ပြော
September 16, 2013 at 3:33 pm
ကောင်း၏။ အစမှ အဆုံးထိ စာအရေးအသားအရမ်းကောင်းပါ၏။
မူရင်းဘာသာပြန်စာအုပ်လည်း ဖတ်ဖူးတယ်။နာမည်သာ မမှတ်မိတာ …
kyeemite
September 16, 2013 at 3:51 pm
မောင်ထွန်းသူဘာသာပြန်တာကောင်းတာပါ။
အဘ ဖားသက်ပြင်း
September 16, 2013 at 3:34 pm
ကိန်.
နော်ရှီးရေ. မောင်က ကိုသာခိုတဲ့.
အဲ့အူးလေးကိုရန်ကုန်ရောက်မှ. သွားနှိပ်စက်ရအောင်
ဝှားးးး
ဗြဲ.
kyeemite
September 16, 2013 at 4:02 pm
မောင်ရင်ဂီ ရေ…ခွင့်မတောင်းပဲရေးလိုက်တာခွေးလွှတ်ပါ…
ရွာမှာစာမရေးဖြစ်တာကြာလို့ ကြံဖန်ဖန်တီးလိုက်မိတာပါ…
တကဲ့ဇတ်လမ်းကလည်း နင်နဲ့ဟတ်မိနေလို့ပါ….
အောင်မငီးးးးး…..ခါးချိအောင်ထိုင်ရိုက်လိုက်ရတယ်ကွာ… 😀
အဘ ဖားသက်ပြင်း
September 16, 2013 at 4:27 pm
အေးချေးပါအူးလေးရာ. ကျော်က.
If there’s something in a post, it’s only in da post.
သဘောထားသူဘာ. စိတ်ကြိုက်သာ ရေး.
ပျော်တောင်ပျော်သေးသဗျ.
😛
sorrow weaver
September 16, 2013 at 3:35 pm
လူဆိုးတစ်ယောက်၏ စိတ်ရင်းအမှန်ကို လှစ်ကနဲ မြင်တွေ့သွားတဲ့ စုံထောက်တစ်ယောက်ရဲ့ ယောက်ျားပီသသဘောထားကြီးမှုကို လေးစားပါတီ …
ကိုရင်စည်သူ
September 16, 2013 at 4:15 pm
ဦးကြီးမိုက်ရေ… သတိတရနဲ့ ကျနော့်ကို ထည့်ရေးပေးထားလို့
ကျေးဇူးပါနော့်…။ နောက်တစ်ခေါက်ထပ်တက်ဖို့ သင်တန်းကိတ်စနဲ့ အခွန်ကိတ်စလေးတွေ
အလုပ်များနေလို့ စာသိပ်မရေးဖြစ်တာ။ အားနာပါတယ်ညှော်…
အူးကြီးမိုက် ဦးစီးမယ့်… ‘ဒီဇင်ဘာ တွေ့ဆုံပွဲမှ လာရောက်ဂါဝရပြုပါမယ်… 🙂
Mr. MarGa
September 16, 2013 at 5:02 pm
ဇာတ်ကလေးကလဲ ကောင်း
ဇာတ်ကောင်တွေကလဲ မျက်နှာသိတွေ ဖြစ်နေတော့ကာ
ဖတ်ရင်းနဲ့ကို ရုပ်လုံး ပေါ်လာပါတယ်ဗျာ
ဘာသာပြန်တဲ့ ဆရာမောင်ထွန်းသူ ရော
တစ်ဆင့် ပြန်ခံစားပြီးရေးတဲ့ ဦးမိုက် ရော
ဂလိုရေးပေးလို့ ကျေးကျေးဗျာ
ကောင်းတယ် ဆိုတာထက် ပိုပြောစရာမရှိလို့
ရှိရင် ပြောလိုက်ချင်တယ်
Shee
September 16, 2013 at 9:05 pm
အရမ်းကောင်းတယ်…..ရှီး တောင်ဇတ်လမ်းထဲပါမျောသွားတယ်……..
uncle gyi
September 16, 2013 at 11:19 pm
လူ့စိတ်ကိုဘယ်သူမှမမှန်းနိုင်ဖူးဆိုတာဒါပဲ
ဒီအတိုင်းနေရင်သူ့ကိုဘယ်သူကဘာပြောမလဲ
ဘာမှမပြော
ဒါပေမဲ့သူကလူပီသပြလိုက်တယ်
နောက်မှဘာဖြစ်ဖြစ်
Wow
September 17, 2013 at 10:10 am
ဇာတိက ဖုန်းမရဘူးပေါ့… တော်သေးတာပေါ့ ဦးဦးရဲကြီးကယ်လို့
KZ
September 17, 2013 at 10:15 am
ဖုန်း မ ရဘူးးးးး
တာဝါတိုင်မရှိသေးလို့။
ဗုံဗုံ
September 17, 2013 at 12:06 pm
တော်ပါသေးရဲ့ ကလေးက ဖားသက်ပြင်းရဲ့ အိတ်ကြီးဆွဲပြီးဝင်မသွားလို့
နို့မို့ဆိုရင် မြွေပါလည်းဆုံး သားလည်းဆုံး ဖြစ်တော့မှာဘဲ…
အလင်းဆက်
September 17, 2013 at 1:36 pm
အဲဒီ ဇာတ်လမ်းကို ဘာသာပြန် ဖတ်ဖူးတာတောင်
အခု ဦးကြီးရေးတာ ပြန်ဖတ်တော့လည်း
ဂီရဲ့ ဘဝ အဖြစ်မှန်လ်ု ခံစားလိုက်ရတယ်
:kwi:
အရီးခင်
September 17, 2013 at 2:54 pm
ကကြီးမိုက် – Idea နဲ့ လက်စွမ်းကတော့ မိုက်သလားမမေးနဲ့။
ဖားသက်ပြင်း ကိုမဖမ်းလိုက် တဲ့ ရာမည ဟာ တကဲ့ ပရို ဟုတ်မဟုတ် ငြင်းကြမလေး ဟေ့။ 😉
ရာမည
September 18, 2013 at 2:16 pm
ဝတ်ထုထဲမှာဖြစ်လို့ပေါ့ ဗျာ
အပြင်မှာဆို ရမန်ကြီးတစ်ပတ်လောက်ဆွဲလိုက်မှာ
ဘဏ်သဌေးယောက်ခမလောင်းကြီး ရွေးလိမ့်မှာပေါ့ ..
ကုသိုလဲရ ဝမ်းလည်းဝ …. ဟီဟိ
kyeemite
September 17, 2013 at 3:24 pm
ကိုခင်လတ်ကြီး ဝင်ဖတ်ပေးလို့ သိုင်းကျူးပါဗျာ
ဒီဘာသာပြန်ဝတ္ထုလေးက ဖတ်ဖူးတာကြာပါပြီ
တလောက ပြန်ဖတ်မိတော့ ဖတ်ရင်း စိတ်ကူးပေါက်လာတာနဲ့
ရွာသားတွေဖတ်ဖြစ်အောင်ရေးတင်တာပါ…
လူနာမည်နဲ့ မြို့နာမည်ကလွဲလို့ မူရင်းဇတ်လမ်းကို
လုံးဝ ပြင်မထားပါဘူး..မူရင်းအရသာပျက်မှာစိုးလို့…
မူရင်းအဖွဲ့အနွဲ့တွေကိုက မစ္စတာဂီရဲ့ စတိုင်ရယ်
သူရွှေလက်တွဲတော့မယ့် ရှီး ရယ်နဲ့ အလွန်လိုက်နေလို့ပါ..
Ma Ei
September 17, 2013 at 4:32 pm
ဒီဇာတ်လမ်း ရုပ်ရှင်လဲ ရှိသလိုဘဲ
သေချာမမှတ်မိတော့ဘူး…
ကိုမိုက်က ဒါမိုးတွေလဲ ရတာဘဲကိုး….
🙂
kyeemite
September 18, 2013 at 10:57 am
မအိရေ..ဖတ်ရှုအားပေးလို့ကျေးကျေးပါနော
ဟုတ်တယ်..ဗမာကား ရုပ်ရှင်လည်းရှိပါတယ်
မင်းသား ကျော်ဟိန်လို့ထင်တာပဲ..သိပ်မမှတ်မိတော့ဘူး.. 🙂
Ma Ma
September 18, 2013 at 7:26 am
အဲဒါကြောင့် မှတ်သားဖူးတဲ့ စာတစ်ခုက…….
မတတ်အပ်သည့်ပညာ မရှိ
မသုံးအပ်သည့်ပညာသာ ရှိသည် တဲ့။ 🙂
ဦးကြောင်ကြီး
September 18, 2013 at 9:04 am
ကျင်းသားအမှတ် သုံးခွန်ခြောက်ဖိုးတွမ်တီးဆိုဒေါ့ လူသတ်လုယက်မုဒိမ်းမှုထက် တဆင့်ဗဲနိမ့်ဒယ်… ဂုံယူဗာဒယ် ဖားသက်ဂီ…
surmi
September 18, 2013 at 11:54 am
ဘူဒူအိုခေတ်က
သော့ချက်များ၏ကျိန်စာဆိုပြီး ရိုက်ခဲ့ဖူးတယ် ….
စောရသက်ပြင်းရေ .. ဂုဏ်ယူပါတယ် 🙂
မကြာမကြာ ဦးမိုက်လက်ရာလေးများ မြင်ချင်ပါဘိ ….
လုံမလေးမွန်မွန်
September 18, 2013 at 1:47 pm
အောင်မယ်လေး..မျောသွားလိုက်တာ… ငိုတောင်ငိုမိတော့မယ်…
တော်လိုက်တဲ့ အူးမိုက်…
ဒါနဲ့ သမီး အဲ့လိုပုံစံလေး ဇာတ်လမ်းကြည့်ဖူးတယ် ထင်တယ်… သူကကျတော့ သူဌေးက မီးခံသေတ္တာဖွင့်နေတဲ့အချိန်မှာ မတော်တဆတွေ့သွားရင်းနဲ့ လျို့ဝှက်နံပါတ်ကို သိသွားတာ.. သိပ်မကြာဘူး… ပိုက်ဆံတွေပျောက်တယ်… နောက်ကျ သူဌေးသမီးနဲ့လားမသိဘူး အိမ်ထောင်ကျတယ်.. နှစ်အတော်ကြာတော့ ကလေးတစ်ယောက်က အဲဒီထဲမှာ ပိတ်မိသွားတယ်..သူဌေးက ဆက်သွယ်လို့မရတဲ့နေရာကို ခရီးထွက်သွားတယ်… ကလေးအသက်ကို ကယ်ဖို့ သူက ဖွင့်ပေးလိုက်တဲ့အချိန်မှာ တစ်ရုံးလုံးရဲ့ အကြည့်တွေ…. ဘာကားလဲတော့ မမှတ်မိတော့ဘူး.. 🙂
ခင် ခ
September 18, 2013 at 9:08 pm
တစ်ခုတစ်လေတောင် မနီလေတော့ ခင်ခပိုမိုးရှင်းမှတ်တမ်းမဝင်ပါ
kyeemite
September 19, 2013 at 8:16 am
တစ်ယောက်ယောက်ပြန်စိမ်းပေးနေပုံရတယ်ဗျ..ကိုခရ
ဘာပြောပြောပါ..ကိုခရဲ့ လက်ဆောင်အစီအစဉ်စမှ
အနီနည်းသွားတာတော့ အသေအချာပဲဗျို့ 🙂
TNA
September 22, 2013 at 5:44 pm
ဆွဲခေါ်သွားလိုက်တာ အသက်တောင်မရှုနိုင်ဘူး။ တကယ်ဖတ်လို့ကောင်းတယ် ဦးမိုက်ရေ။ ဟို ကိုသာခိုက အလျှောက်ကောင်းလို့အထောင်းသက်သာဆိုတာလို အကယ်ကောင်းလို့ စုတ်ကောလာဘ်ကောဝင်တွား ဒပေါ့။ မိုက်ဒလယ်