တစ်ခါက နှင့် ဝိညဉ် လေလား .. တစ္ဆေ လား !!!??
ဒီလိုမိုးတွေစွေနေရင် ကျုပ်အတိတ်ကိုပြန်ရောက် သွားတတ်တယ်ဗျ ။ သတိယတိုင်းလည်း စိတ်မသက်မသာနဲ့ ကျုပ်ရင်ဘတ်ကြီးပွင့်မတတ် ပါဘဲဗျာ ….
ကျုပ်မြင်ခဲ့ရတဲ့မြင်ကွင်းတွေဟာ ရုပ်ရှင်အနှေးပြသလို တရိတ်ရိတ်ပေါ်လာတာဘဲဗျို့ ….
ကျုပ်ပြောရင် ခင်ဗျားတို့ ယုံပါ့မလားမသိဘူး….. …..
တစ်ခါကပေါ့ …. ….
အဲဒီညကမိုးတွေ စွေလိုက်တာဗျာ …….
×××××××××××××××××××××××××××××××××××××××××××
ကျုပ် ပထမဆုံးသစ်လုံးတင်ကားနဲ့ လိုက်လာတဲ့ အခေါက်ကပေါ့ဗျာ …
သစ်လုံးတင်ကားဆိုတော့ ၂၂ဘီးတပ်ဆင်ထားတဲ့ PRIME MOVER ကြီးနဲ့ပေါ ့။ အရပ်ထဲခေါ်တာကတော့ ထွေလာကားလို့အလွယ်ခေါ်ကြတာပါပဲ ။
ကျုပ်ကအရင်တုန်းက အဝေးပြေးဘတ်စ်ကား နဲ့ ဘုရားဖူးကားဘဲမောင်းတာလေ ။ အခုမှခေတ်မကောင်းလို့ သစ်လုံးကားပြောင်းမောင်းတာဗျို့ …
အင်းးးး ဆိုးတော့မဆိုးဘူးဗျ … နားနားနေနေ စားလိုက် အိပ်လိုက်နဲ့ ဆိုတော့ အရင်ကားတွေလောက်မပင်ပန်းဘူးပေါ့ဗျာ ။
လမ်းပေါ်မှာ လိုက်စရာလည်းမလိုဘူး ၊ ဖိုက်စရာလည်း မလိုဘူး … အဲ အဲ တစ်ခုပဲ အိပ်မငိုက်ဖို့ဘဲလိုတာ 🙂
ငိုက်ရင်တော့ သိတဲ့အတိုင်း…
အခုရာသီကလည်း ဇွန်လဆန်းပိုင်းဆိုတော့ မိူးလေးဖွဲဖွဲနဲ့ ကားသမားအကြိုက်ဖြစ်နေတာပါဘဲ ။
ကျုပ်ကတော့ အေးအေးလူလူမောင်းလို့ရလို့ ကြိုက်တာပါ …
ဟို .. ကျောက်ပန်းတောင်းသား တွေကတော့ အမဲခြောက်ဖုတ်ဝါးလိုက် ..
အာမီရမ်လေးပက်လိုက်နဲ့ ဟုတ်နေတာပဲ ….
ဒါပေမယ့် ..ဒီနေ့ မိုးကတစ်မျိုးဗျ ။ညနေက ထမင်းဆိုင်ကရေဒီယိုမှာကြားလိုက်ရတာ ဘာတဲ့.. ဘင်းဂလားပင်လယ်အော်မှာ မုန်တိုင်းဆိုလား ???
ဒါကြောင့်ထင်တယ် ..မိူးကစွေပြီးရွာရင်း တဖြည်းဖြည်းသည်းလာတာဗျို့ ….။
ုကျုပ်လည်း မောင်းရင်းနဲ့ ငိုက်ချင်သလိုဖြစ်လာပါရော …
အပြင်ကလည်းအေးး .. မိုးကလည်းသည်းနေတော့ ငိုက်ချင်စိတ်ကို ထိန်းရင်း စကားပြောဖို့
စပယ်ယာကိုကြည့်လိုက်တာ …
လား လား အိပ်တာတောင် အတော်အချိုးကျနေပြီဗျို့ …။
ဒါနဲ့ ကျုပ်လည်း ကွင်းကျယ်ကျယ် လွတ်လွတ်မှာထိုးရပ်လိုက်တော့တာပဲ ။
မိုးတွေလေ တွေတိုက်နေရင်တော့ သစ်ပင်အောက်မှာမရပ်နဲ့ဗျို ့ …. သစ်ပင် လဲလို့ အိပ် ရာကမနိုးပဲနေသွားမယ် …
နေ့လည်နေ့ခင်း တစ်ရေးတမောအိပ်ရင်တော့ သစ်ရိပ်ကောင်းကောင်းမှာ ရွေးအိပ်သဗျ ။
တစ်ခုတော့ရှိတယ် …ဘယ်သောအခါမှ ကားအောက်တော့ဝင်မအိပ်ဘူး။ ကားသမား ကားကြိတ်တဲ့ ဇတ်လမ်းတွေမြင်ရတာများလွန်းလို့ ဗျာ …
စပယ်ယာတွေလည်း ကျုပ်ကားမှာတော့ အောက်ကိုဝင်မအိပ်ခိုင်းဘူးဗျ ။ ခက်တာက ကားသမားတွေက ကားအောက်မှာအိပ်တာအလွန်ကြိုက်တာကလား ….
ကျုပ်တို့ သစ်လုံးတင်ထွေလာကားတွေမှာက စပယ်ယာနှစ်ယောက်ထားသဗျ ။ တစ်ယောက်တလှည့် ခေါင်းခန်းထဲအိပ်ခိုင်းရတာပေါ့ … …ဒီလိုနဲ့ ….
ကျုပ်လည်း မိုးအေးအေးနဲ့ အိပ်လိုက်တာ အချိန်ဘယ်လောက်ကြာမှန်းမသိအောင်ပါပဲ …။?
ရုတ်တရက် … အိမ်မက်လိုလို ဘာလိုလိုနဲ့ တံခါးခေါက်သံကြားလိုက်ရတယ် …
ကျုပ်မျက်လုံးတွေဖွင့်မရသေးဘူး ၊ တံခါးခေါက်သံ ဆက်ကြားရပြန်တယ် ။
အိပ်တဝက်နိုးတစ်ဝက်နဲ့ ကျုပ်လည်း ကုန်းရုန်းထပြီး အသံလာရာကိုလည်းကြည့်လိုက်ရော …
အာာားးးးးးးး………….
ကျုပ် …ကျုပ် ……မအော်မိအောင် ကျုပ််ပါးစပ်ကို လက်ထိုးထည့်လိုက်ရတယ်ဗျို့ …….
ရုတ်တရက် မြင်လိုက်ရတဲ့မြင်ကွင်းဟာ ကျုပ်ဆံပင်တွေကိုထောင်ထ သွားစေတယ်…
ကျုပ်ခန္ဓာကိုယ် မှာလည်း ကြက်သီးဖုတွေထလို့ ……………
ကျုပ်လက်တွေ တဆတ်ဆတ် တုန်နေတယ်……
ကမန်းကတန်း ကားဒက် ရှ်ဘုတ်ထဲက နှစ်တောင့်ထိုးဓတ်မီကိုစမ်းရင်း တာယာလီဗာသံချောင်းကိုလည်း
ရှာနေမိတယ် ……
သွားပြီ ….. ဒီတချီတော့ အပြီးဘဲ ….
ကျုပ် စိတ်ထဲမှာ ဆဲနည်းပေါင်းစုံကိုအကျယ်ကြီးဆဲနေပေမယ့်
ကျုပ် ဆဲသံက အပြင်ကို ထွက်မလာဘူး …. မပီမသ ခတ်တိုးတိုး ထွက်သွားမယ်ထင်တယ် …. ….
ကျုပ်…. ကျုပ် …ဆုံးဖြတ်လိုက်ပြီ ..
တံခါးကို ဆွဲဖွင့်ပြီးတာနဲ့ သံတုတ်နဲ့ ရိုက်ချလိုက်မယ်ဆိုပြီး လက်ကိုမြှောက်လိုက်တာပေါ့ ….
“ ဆရာ !!!! မလုပ်နဲ့ !!!
ကျုပ်တပည့် ကြွက်နီက ကျုပ်လက်ကိုအတင်းဆွဲထားတယ်ဗျ
ဆရာ…ဆရာ … စိတ်ထိန်းဦးလေ ¡¡¡
ပြီးတော့…… ကားတံခါးပေါက်ဖက်ကို လက်ဝှေ့ယမ်းပြလိုက်ရင်းးး…..
သွားတော့…သွားတော့ ………..တဲ့..။
ကြွက်နီရဲ့ အမိန့်ကိုနာခံတဲ့ အရိပ်သဏ္ဍန်ဟာ တဖြည်းဖြည်းဆုတ်ခွါသွားတယ်…..
ကျုပ်လည်း ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားတဲ့သံ
တုတ်ကို ပစ်ချလိုက် ရင်း ……. ဘယ်လိုလဲ ? ဆိုတဲ့သဘောနဲ့ ကြွက်နီကို ကြည့်လိုက်တော့ ………???
.
ေဩာ်……. ဒါနဲ့ …..
ကျုပ်တွေ့ လိုက်ရတာလေး ပြောရဦးမယ်ဗျို့ ။
ခတ်ပြင်းပြင်းတံခါးခေါက်သံ ကြောင့်ကျုပ်ခေါင်းထောင်ကြည့်မိတယ်…
ပြတင်းပေါက်အပြင်ဘက်က မုှန်ဝါးဝါးအလင်းရောင်အောက်မှာ ဖြူဖြူသဏ္ဍန်တစ်ခု…..
မိုး မုှန်လေးတွေကြားမှာ မျက်နှာဖြူဖြူကြီးက ပြတင်းပေါက်မှန်နားတိုးကပ်လာပြီ ။
…..တစ်လှမ်း ….
……နှစ်လှမ်း ……
ရုတ်တရက် …… မီးတောက်ငယ်တစ်ခုက မျက်နှာဖြူဖြူကြီးနားမှာ ..ရဲ ကနဲ …
မီးရောင်အောက်မှာ တွေ့လိုက်ရတာကတော့ ခတ်နီနီနုှတ်ခမ်းထူထူ ကြီး ။
ပြီးတော့ …… မီးအလင်းရောင်နဲ့အတူ ကျုပ်ကို သွားဖြဲပြတယ်….ဟီးးး ဟီးးး…တဲ့ …..
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြွက်နီက ကျုပ်ကိုရှင်းပြတော့ ကျုပ်မှာ ငိုရအခက် …ရီရအခက် ..။
ရှက်လည်း ရှက်မိပါရဲ့ …။
ဘယ့်နှယ်ဗျာ …. ည ကြီးသန်ကောင် အိပ်ကောင်းတုန်းမှာ မျက်နှာဖြူဖြူကြီးက တံခါးလာခေါက်တော့ ကျုပ်လည်း လန့်သွားတာပေါ့ ….
ပြီးတော့မှ …. ကုန်းပေါ်က စင်ရော်တွေ တဲ့ ……
ညငှက်မလေးတွေပေါ့ဗျာ …။
သူတို့မှာ အသွေးအသားအငှါးလိုက်ရင်း လမ်းဘေး ကားသမားတွေကြားမှာရှာစားနေရတော့
ထိုက်ထိုက်တန်တန် ဘယ်ရပါ့မလဲ ။ ဒါကြောင့် …
အပေါစား သနပ်ခါးပေါ်မှာ အပေါစားပေါင်ဒါမှုန့်တွေကိုလိမ်း …….
နှုတ်ခမ်းနီ အပေါစားကို ရဲရဲ တောက်နေအောင်ဆိုး …….
ညဖက် ဟိုက်ဝေးလမ်းပေါ်မှာကားသမားတွေမြက်အောင် ဓာတ်မီးရောင်လေးပြ……
ညငှက်တွေမှန်းသိအောင် စီးကရက်အပေါစားတွေ ဖွာပြ ……
ဒီလို ……ဒီလို နဲ့ . ……
ကျုပ်ကားနားကိုလာပြီး တံခါးခေါက် ၊ ပြီးတော့ မျက်နှာကိုမှန်တံခါးနားကပ် ၊ ကျုပ်မြင်အောင် မီးခြစ်နဲ့ မျက်နှာနားမှာခြစ်ပြလိုက်တာ …..
ဟင်းးးးး…..ကျုပ်လည်း ဇိုးဇိုးဇတ်ဇတ် တုန်သွားတာဘဲဗျို့ ……..
သူ့မှာတော့ … ညကြေးမကိုက်သေးလို့ …..
ကျုပ် ကတော့ …… ဝိညဉ် လေလား …. တစ္ဆေ လား ….. … လို့ ……
တစ်ခါက
မောင်ဆာမိ
34 comments
Myo Thant
September 16, 2013 at 3:03 pm
ပြီးတော့ကော ဟင် ?
ဆက်အိပ်မယ်တော့ မထင် 🙂
sorrow weaver
September 16, 2013 at 3:11 pm
ဦးဦးမျိုးသန့်…ပေါက်ကရမမေးရ …အဟီး
surmi
September 18, 2013 at 10:55 am
ဘယ်အိပ်လ်ို့ ရတော့မလဲ ကိုမျိုးသန့်ရဲ့
လန့်စ် သွားတာကိုးးး 🙂
ပြောလိုက်စမ်းပါ sorrow weaver ရယ် 🙂
ကျေး ကျေး ..
KZ
September 16, 2013 at 3:08 pm
ဟမ်မလေးးးး
ဆာဆာ ရယ်။
ကံကောင်းလို့ပါလားးးးးး
ကြောက်ကြောက်နဲ့ ဖတ်လာတာ စင်ရော်တွေဖစ်နေလို့ တော်သေးးးးး
:kwi:
MAUNG
September 16, 2013 at 3:09 pm
ဟားဟား ဖြစ်မှ ဖြစ်တတ် ပလေ
တော်သေး တာပေါ့၊ မရိုက် လိုက် ခင်တားမိလို့
နို့မို့ဆို သက်သက် အလုပ် ရှုပ် ကုန်မယ် 🙂
surmi
September 18, 2013 at 11:04 am
မခိုင်ဇာ ..
မကြောက်ပါနဲ့ဗျို့ …
စင်ယော်က ပိုကြောက်ဖို့ကောင်းတာ ….
@Maung
ဟုတ်ပဗျာ …
တစ်ခါတလေ အိပ်ချင်မူးတူးမှာ အာရုံမှားတတ်တယ်လေ
ကြောက်ကန် ကန်တဲ့သဘောမျိုးပေါ့
အဓိက က လူလို့မထင်ထားတာပဲ .. 🙂
kyeemite
September 16, 2013 at 3:49 pm
ကိုရင်ဆာမိရေ…ဟုတ်ပါ့
ကျုပ်လည်း အသိတစ်ယောက် အဝေးပြေးကုန်တင်ကားနဲ့ ကားကြုံလိုက်စီးဖူးတယ်
ဟုတ်သဗျို့…ဒီကားနဲ့ပါလာလိုက် ၊ နောက်ပြန်သွားတဲ့ကားနဲ့ ပြန်လိုက်သွားလိုက်နဲ့
ခေါက်တုန့်ပြန်သွားလာနေကြတာဗျို့.. ရင်းနှီးနေကြတဲ့ ကားသမားတွေက တစ်စီးနဲ့
တစ်စီး လက်ဆင့်တောင်ကမ်းနေကြသေးတာ… 😀
surmi
September 18, 2013 at 11:10 am
ဟုတ်လိုက်လေ ဦးမိုက်ရယ် …
မယုံဘူး ကြုံဖူးမှသိ ဆိုသလိုဘဲဗျ ။
အရင်တုန်းက ပျဉ်းမနားတဝိုက်က ကားလမ်းပေါ်တွေမှာဆို
ပေါလိုက်သမှ အောလဘုံ ဆိုပဲ (cd / ကိုပု) 🙂
@မဗုံဗုံ
ကျုပ်ကို အချွန်တွေ ဆူးသွားတွေနဲ့ မ နေပါလား …
ဗုံဗုံ
September 16, 2013 at 4:00 pm
အဲ့ဒီညက အိမ်ပြန်ရောက်တော့ အူးဆာအကျီကော်လံမှာ နှုတ်ခမ်းနီတွေဆိုလား
တံခါးဘောင်ကနေ ပေသွားတာပါတဲ့..အူးဆာပြောတာ..
ခင် ခ
September 16, 2013 at 4:42 pm
အဲ ကြောက်ကြောက်နဲ့ဘဲ တအားဖက်ထားလိုက်တယ်မလား
ရှေ့ပေါင်ပေါ်တင်ထားတဲ့ ဘေးလွယ်အိတ်ကလေးကို ပြောပါတယ်။
surmi
September 18, 2013 at 11:15 am
ဦးခ ခင်ဗျ …..
ကြောက် ကြောက်နဲ့တော့ မဖက်ဘူးဗျာ
ရမ်း ပစ်လိုက်မှာ 🙂
@သဂျား
မယုံရင် လိုက်ပြမယ်
သရဲ မကြောက်ဘူး ဆိုရင်ပေါ့.. ဟဲဟဲ
Mr. MarGa
September 16, 2013 at 6:36 pm
အီးးးဟီးးးးးးး
ကြောက်ပါတယ် ဆိုမှ
ဒီ ဦးဆာကလဲ ဘာတွေရေးမှန်းမသိ
နောက်တစ်ခါဆို သူရို့ကို ပြောလိုက် မီးခြစ်နဲ့ မခြစ်နဲ့ ဓါတ်မီးနဲ့ ထိုး လို့
မှော်ဆရာ
September 16, 2013 at 6:53 pm
ဘာမှန်းမသိခင်တော့ ကြောက်မှာပေါ့နော် ..ဘာမှန်းလဲ သိသွားရော .. 😛
surmi
September 18, 2013 at 11:20 am
ကမှော်ကြီး …
မသိခင်ကလည်းကြောက် …
သိသွားတော့လည်း …… ကြောက် ပါ ြပြီ ဗျ!!!!!!!!!!!!
@ကိုကျော်စွာ
အဟမ်းးးးး!!!!
အသားတွေတုန်တာပါဆရာရယ် 🙂
တမျိုးမထင်ပါနဲ့ ..
ကျော်စွာခေါင်
September 16, 2013 at 10:21 pm
ဒီလို ……ဒီလို နဲ့ . ……
ကျုပ်ကားနားကိုလာပြီး တံခါးခေါက် ၊ ပြီးတော့ မျက်နှာကိုမှန်တံခါးနားကပ် ၊ ကျုပ်မြင်အောင် မီးခြစ်နဲ့ မျက်နှာနားမှာခြစ်ပြလိုက်တာ …..
ဟင်းးးးး…..ကျုပ်လည်း ဇိုးဇိုးဇတ်ဇတ် တုန်သွားတာဘဲဗျို့ ……..
….. ကဲ…မှန်မှန်ပြော…
ဘာတုန်တာလဲ….။
uncle gyi
September 16, 2013 at 10:55 pm
အံမာသူကပဲကြောက်နေသေး
ဟဝါပြုမလားလို့ဟဝါပြုတာ
သူကပဲငပြူးကပြဲရသေးတယ်လို့
တော်ပြီအိပ်ရေးပျက်တာပိုသေး
အိမ်ပြန်အိပ်တာပဲကောင်းတယ်
surmi
September 18, 2013 at 11:25 am
အန်ကယ်ကြီး 🙂
အဲသလို ြြြဖြစ်သွားတာပေါ့နာ ….
@Wow..
ဝတ်ညင် လည်းမဟုတ်ရော ……
ဘာပြောကောင်းမလဲ …..
ရေတစ်ပုလင်းလုံးသောက်ပလိုက်တာပေါ့ ဗျာ ….ဟဲဟဲ ..
ခင် ခ
September 18, 2013 at 4:47 pm
အနီမပါရင် ခေတ်မမှီမှာစိုးလို့ တစ်ခုတော့အားပေးထားတာတွေ့ပါ၏။
Wow
September 17, 2013 at 9:30 am
အာ့နဲ့ ဝတ်ညင် မဟုတ်မှန်းလဲသိရော ဆာဆာ ဘာဆက်လုပ်လဲ
cobra
September 17, 2013 at 11:39 am
ရိုက်မိလိုက်လို့ကတော့
ဦးဆာမိရေ.. လျော်ထားပဲ
ပီးတော့ဘာဆက်ဖြစ်ကြလဲ ဆက်ပြောဦးလေ
surmi
September 18, 2013 at 11:30 am
ဘာမှ ဆက်မဖြစ်ဘူး ညီလေးမြွေမင်းသားရေ…
ဆက်မတွေးနဲ့ …ဆက်မတွေးနဲ့ .. 🙂
Hi !!! အရီးလတ် …
မတွေ့တာတောင်ကြာလို့ဗျာ
သတိတယ လာအားပေးတာ ကျေး ကျေး …
အရီးပြောသလို ဒီတခါ သဂျီးဆီပို့ရမယ်
ဒါမှ …. သဂျီးဗိုက်ခေါက် အလိမ်ခံရမှာ 🙂
အရီးခင်
September 17, 2013 at 2:57 pm
ကဆာမိ
အရေး ကတော့ ထုံးစံအတိုင်း တကဲ့ ရှယ်ပါဘဲ။
နောက်ဆို အဲလို သရဲ ထင်တာနဲ့ ဆွဲဖမ်း ပြီး သူကြီးဆီ ကိုသာပို့လိုက်။
ကျန်တာ သူကြည့်ရှင်းလိမ့်မယ်။
😉
အလင်းဆက်
September 17, 2013 at 8:10 pm
ဦးဆာတို ့များ…
အလန့်သကြား..ဖြစ်အောင်..ရေးတတ်ပါပေ့..။.
🙂
surmi
September 18, 2013 at 11:33 am
မကြောက်ပါနဲ့ကွယ်…
ဆက်အိပ်…ဆက်အိပ် 🙂
kolumbus
September 17, 2013 at 10:07 pm
ကိုဆာမိ အဗာတာက ကိုဆာမိသား လက်ရာများလား။ အခုမှပဲ မြင်ရတော့တယ်။ ကျနော့ မျက်စိထဲမယ် ဂဇက်ရွာလားထင်မိတယ်။ အရောင်စုံ ပုံစံစုံတစ်နေရာထဲမှာစုထားလို့။
surmi
September 18, 2013 at 11:38 am
ဟုတ်ပ အစ်ကို Kolumbus ရေ
ကျနော့သားပေါက်စန လက်ဆော့ထားတာ
သူဟာထည့်ပေးရမယ်ဆိုလို့လေ…
အစ်ကိုပြောမှဘဲ ဂဇက်နဲ့ တူတာ သတိထားမိတယ် 🙂
@ဦးကြောင်
ကျုပ်နေရာမှာ ဦးကြောင်သာဆိုရင် ¿¿¿¿¿¿ 🙂 ♥♥♥♥
ဦးကြောင်ကြီး
September 18, 2013 at 8:16 am
အဲသာမျိုး ဆော်ထည့်လိုက်ရမှာဗျ…
Novy
September 18, 2013 at 3:35 pm
ကိုရင်ဆာတယောက် ဂဲ့ ဝိညဉ်နဲ့တြွေ့ပီအောင်းမေ့နေတာ
အခုတော့ ဇိုးဇိုးဇတ်ဇတ် တုန်သွားတာပဲအဖက်တင်တယ်ပေါ့ :harr:
ဦးကြောင်ကြီး
September 19, 2013 at 7:50 am
အမ်တီနိုဗွီ…. ကြောင်ကြီးကို မခြစ်တော့ဝူးလား… မခြစ်ရင်လဲနေ… ခရစ်စတယ်လေးနဲ့ အောင်သွယ်ပေးရင် အမ်တီနိုဗွီ့ သာမီးလေးဂို ချမ်းသာရာပေးမယ်… နို့မို့လိုဂဒေါ့.. ကြောင်ကြီး အဆိုး မဆိုနဲ့…
Ma Ma
September 19, 2013 at 1:44 pm
ကြွက်နီစကားကို နားထောင်တယ်ဆိုတော့ ကြွက်နီကပဲ သရဲနိုင်ဂါထာ တတ်သလိုလို ထင်လိုက်မိတာ……. :kwi:
•*¨နန်းတော်ရာသူ •*¨
September 20, 2013 at 9:47 am
ဦးဆာမိနော် လျို့ဝှက်ချက်တွေချန်မထားနဲ့ဦး ဟဲဟဲ
အလကားနောက်တာပါ ဥဆာတို့ကဒါမျိုးတွေဝါသနာပါမှာမှုတ်ဘူးမို့လား ေိေိ
Crystalline
September 20, 2013 at 2:19 pm
ဦးဆာမိရယ်.. သူတို့ဘဝတွေက မလုံခြုံလိုက်တာနော်… အခြေအနေအမျိုးမျိုးမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေကလည်း နှစ်ဖက်စလုံးအနည်းနဲ့အများတော့ခံစားရမှာပဲ.. 🙁
ကိုရင်စည်သူ
September 20, 2013 at 8:36 pm
အုဆာ မှန်မှန်ပြော… လန့်လန့်နဲ့ မအိပ်ရဲလို့ စင်ရော်မှန်မှန်ဖောလိုက်တယ်မဟုတ်လား…။
ဟိုနေ့ကတောင် ဒေါပုံက ပြန်တော့ ကားအတူစီးလာတာ ပန်းဆိုးတန်းမှာ ဆင်းသွားတာ
တော်တော်လှသဗျာ.. ကိုယ်တွေက ရိုးတော့ မျက်လုံးချင်းဆုံဖို့တောင် ရင်ခုန်သေးတယ်။
ဘေးက သင်္ဘောသီးက နင့်ကို ပစ်နေပီဆိုမှ.. ရှက်ရှက်နဲ့.. ဟဲဟဲ…
နောက်တစ်ကားပြောင်းစီးလိုက်ပါတယ်လို့….
TNA
September 21, 2013 at 2:25 pm
သားသား လန့်လန့်။ အောင်မညေးချိုပီး ဆက်လန့်လိုက်တာပေါ့ ဘာရမလဲ ဟဲဟဲ ဟုတ်တယ်ဟုတ်ဦးဆာ