အလိမ်ခံရခြင်း။
အလိမ်ခံရခြင်း။
တနေ့သောအခါ
မန်းဂေဇက် ကမ္ဘာ
စာ – ပြည်သာ ဝယ်
မွှေကာ နှောက်ဆဲ
ခေါင်းစဉ်တစ်ခု
ဆွဲဆောင် ပြု၏။
´ကျွန်တော် လူလိမ်´
သိချင်စိတ်ကဲ
ဖတ်မိဆဲဝယ်
များလှ မှတ်ချက်
ထို အချက်ကြောင့်
ဝင်ဖတ်မိသော်
ကျွန်မ ဖတ်မိ
အပြစ်ရှိ။
ဘာညာဘာညာ
မဟာရာဇာ
ပညာရှိ ငတိ
သူအလွန်သိ
လိမ်လျှင် ခံကြရသူ
များလှပါဘိ။
၁၉.၉.၂၀၁၃
မှတ်ချက်။
စာ- ပြည်သာ ( ရွှေပြည်သာ နှင့် မဆိုင်ပါ။)
အလိမ်ခံရသူထဲတွင် တစ်ယောက်အပါအဝင်ဖြစ်ကြောင်း မှတ်တမ်းတင်ခြင်း။
နောက်ပြီး သည်းခံ ဖတ်ရှုတော်မူကြပါရန်ရှင့်။ လူကြီးမင်း ယခု ဖတ်နေသော စာ သည် စာပေ ပေတံနှင့် တို်င်းလျှင် ပေမီ ဒေါက်မီ ကဗျာ မဟုတ်ကြောင်း သိစေအပ်ပါသည်။ အလိမ်ခံလိုက်ရသဖြင့် ရှက်ပြုံးဖြင့် ရေးရကြောင်းပါ။
မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့
ကြည်လွင်
ရန်ကုန်မြို့။
7 comments
အလင်းဆက်
September 19, 2013 at 2:20 pm
စာ ပြည်သာ ဆိုတဲ့ စကားလုံးလေးကို
သဘောကျမိတယ်။
:kwi:
အံစာ တော့ ကဗျာတောင် အဖွဲ့ခံရ
အံ့ပါ့
🙂
Mahar Myanmar
September 19, 2013 at 4:44 pm
ဟေဟေ့..
အဖေါ် တွေ ဟ….
lele kyi
September 19, 2013 at 8:35 pm
မြန်မာစာဆြာ. ဘယ်တွေ ဂန်ဒါရီလှည့်နေသတုံး။ ရွာထဲမှာမြေဈေးတွေတက်နေတယ်။ ဘုန်းကြီကျောင်းဘေးကမြေကွက်ကို တာယာပွကြီးရဲ့ ညီ ကျောရိုး ဝီဝါ လာဝယ်နေတယ်။ အကျိုးဆောင်ခပေးနော် ရောင်းပြီးရင်။ 🙂
sorrow weaver
September 20, 2013 at 9:40 am
ဘယ့်နှယ့် ..ရုပ်ချောချောကောင်လေး ကိုပဲ လိုက်ရန်လုပ်နေရသတုန်း…ရုပ်ချောတာပဲ အပြစ်လိုလို..ဘာလိုလို …အာဟိ
sorrow weaver
September 19, 2013 at 3:00 pm
လိမ်ချင်အုံးလေ ..နာတို့အံစာများကတော့ …အဟီး
Ma Ma
September 19, 2013 at 3:07 pm
ငါတို့ မဟာရာဇာကြီးကိုများ စွပ်စွပ်စွဲစွဲ………..
TNA
September 22, 2013 at 5:25 pm
လူလိမ်ကဗျာထဲရောက် ခြောက်ညက်နှာနာမည်ကြီးချက်