Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လူတစ်ယောက်ချင်းစီဟာ..အမှောင်တစ်ခြမ်းစီ ရှိနေတဲ့ လမင်းတစ်စင်းစီပဲ….။

alinsettSeptember 30, 20131min57214
လူတစ်ယောက်ချင်းစီဟာ..အမှောင်တစ်ခြမ်းစီ ရှိနေတဲ့ လမင်းတစ်စင်းစီပဲ….။
လူတစ်ယောက်ချင်းစီဟာ..အမှောင်တစ်ခြမ်းစီ ရှိနေတဲ့ လမင်းတစ်စင်းစီပဲ….။

လူတစ်ယောက်ချင်းစီဟာ..အမှောင်တစ်ခြမ်းစီ ရှိနေတဲ့ လမင်းတစ်စင်းစီပဲ….။

အနောက်တိုင်းက စာရေးဆရာကြီးတစ်ယောက်ပြောခဲ့တဲ ့…..အဲဒီ စကားလေးကို..ဖတ်ဖူးတဲ့နေ့ကဆို…
ခပ်ပြုံးပြုံးလေး လက်ခံခေါင်းညိတ်လိုက်တာပေါ့ ။
ဟုတ်တယ်လေ….။
တခြားသူတွေအတွက်.. ဟုတ်တာမဟုတ်တာ.. အသာထား..

ကျွန်တော့်အတွက်တော့…
အဲဒီ စကားက အမှန်ပဲ.. ။
ဟုတ်တယ်..။
ကျွန်တော်က….
အမှောင်တစ်ခြမ်း ရှိနေတဲ့..လမင်းတစ်စင်းပါ ။

————————————

ကျွန်တော့် ဘဝမှာ.. ဘယ်သူ ့ကိုမှ မပြောဖြစ်တဲ ့…. အမှောင်တစ်ခြမ်း ရှိတယ် ။
အဲဒီ အမှောင်တစ်ခြမ်းဟာ..ကျွန်တော့် ဘဝ့ရဲ ့ လျှို ့ဝှက်ထားသင့်တဲ ့ အချက်တွေဖြစ်တယ် ။
အဲဒီ အရာတွေ အကြောင်း.. တခြားသူတွေ မသိစေချင်လို ့….
ကျွန်တော်…

အဲဒီ အရာတွေကို အမှောင်ချထားတယ်..။

ကျွန်တော်..လျှို့ဝှက်ထားတာတွေကိုများ.. တစ်ယောက်ယောက်က… သိသွားမလား.ဆိုတဲ့ အတွေးကိုလည်း..တွေးကြည့်ဖူးတာပေ့ါ ။
တစ်ယောက်ယောက် သိသွားတဲ့..အခါ…

ရှက်ကိုးရှက်ကန်းများ.ဖြစ်သွားမလား…
အိုးနင်းခွက်နင်းများ.ဖြစ်သွားလေမလား..ပေါ့ ။

နံရံတိုင်းမှာ နားတွေ ရှိ်တယ်..ဆိုတဲ ့.. စကားအရဆိုရင်…
ကျွန်တော့် အမှောင်တစ်ခြမ်းကို… သိသူ ကြားသူတော့.. တစ်ယောက်ယောက်တော့ ရှိလိမ့်မယ် ။
ဒါပေမယ့်…. မကောင်းမှု မဟုတ်တဲ့အတွက်.. ကျွန်တော်.. ကြောက်စရာတော့ သိပ်မလိုဘူး ။

မသိစေချင်လို ့… အမှောင်ချထားရုံပါပဲ…လေ..။

တစ်ယောက်ယောက် က..သိသွားတဲ့..အခါ….
သိသွားသူက..တအံ့တဩနဲ့..

.အော်…အလင်းဆက်..ဆိုတာ..ဒီလို… လျှို့ဝှက်ချက်တွေနဲ ့ပါလား..လို ့..
တွေးလိမ့်မယ် ။
ကျွန်တော်ကလည်း….အော်… ငါ့ အမှောင်တစ်ခြမ်းကို..သူတော့..သိသွားပါပေါ့လား..ဆိုပြီး…. အံ့ဩမိမယ် ။

ဒီလောက်ပါပဲ.. ။

အမှောင်တစ်ခြမ်းကို..ဘယ်သူမှ မမြင်အောင်… ကွယ်ဝှက်ရင်း..

ကျွန်တော်..လမင်းတစ်စင်း ….ပီသဖို ့..ကြိုးစားနေရတာပါပဲ.. ။

လမင်းတစ်စင်းဖြစ်ဖို ့…..။

——————————————-

ဘဝဆိုတာ....
ဘဝဆိုတာ….

 

ဘဝဆိုတာ…တိုက်ပွဲ

အဲဒီ စကားကို လူမှန်းသိတတ်စကတည်းက… မကြာခဏ ကြားရ ဖတ်ရတယ် ။
ပီမိုးနင်းရေးတဲ ့… ဘဝတိုက်ပွဲဆိုတဲ ့..တက်ကျမ်းလေးကို ဖတ်ပြီးချိန်က စပြီး…
ဘဝဆိုတာ ..တိုက်ပွဲတစ်ခု..အသေအချာပါပဲ…လို ့..လက်ခံထားလိုက်တယ် ။

ဘယ်အရာမှ လွယ်လွယ်မရတတ်တဲ ့.. ကျွန်တော့်ထုံးစံအတိုင်းပေါ့…။
ဘဝကို..တိုက်ရင်းခိုက်ရင်း..ဖြတ်သန်းရတယ် ။
တစ်နေ့ပြီးတစ်နေ့… ပိုပို ခက်ခဲရှုပ်ထွေးလာသလား ထင်ရတဲ့…..ပြဿနာတွေနဲ့လည်းရင်ဆိုင်တိုးရတာပေါ့ ။

လူသားဘဝဟာ..ရှေ့တိုးလည်း..အခက်…….. နောက်ဆုတ်လည်း..အခက်နဲ့..ပါလား..လို ့တွေးမိသည်အထိ…
ပြဿနာတွေက..ရင်ဆိုင်ရလည်း..ခက်.. နောက်ဆုတ်ရလည်း.ခက်တဲ ့ အနေအထားတွေနဲ ့..
ထွက်ပေါက်ပိတ် ပြီး..ရောက်လာတတ်တယ် ။

ဘဝဆိုတာကိုက တိုက်ပွဲ ပါပဲ…လို ့..တွေးရင်း…..

အားယူပြန်ထရတာလည်း.အကြိမ်ကြိမ်…။
ဒါပေါ့….. ။

ကျွန်တော်ဟာ…. ဘဝဆိုတဲ့တိုက်ပွဲထဲမှာ.. အလဲလဲအကွဲကွဲ.. ဒူးထောက်ကျဆင်းခဲ့ရတာလည်း..အကြ်ိမ်ကြိမ်ပေါ့..။

ကိုယ့်အားကို ကိုယ်ကိုးပြီး..တောက်ခေါက် အားယူ ပြန်ထခဲ့ရချိန်တွေမှာ….
ကျွန်တော်… သတ္တိအဖြစ်.ထုတ်သုံးမိတဲ ့ စကားက…..

အလင်းနဲ့..တွေ ့ခါနီး အချိန်ဆိုတာ… အမှောင်ဆုံးပါပဲ….. တဲ ့။

————————————————

 

ပြောင်းပြန်စီးတဲ့ မြစ်တစ်စင်း ရှိတယ် ။ လူငယ်လေးတစ်ယောက်ဆီမှာပေါ့...
ပြောင်းပြန်စီးတဲ့ မြစ်တစ်စင်း ရှိတယ် ။ လူငယ်လေးတစ်ယောက်ဆီမှာပေါ့…

လူငယ်တစ်ယောက်ရဲ ့..ခေါင်းထဲမှာ..ပြောင်းပြန်စီးနေတဲ့မြစ်တစ်စင်းရှိတယ်..။

အဲဒီ စကားလေး ဖတ်ဖူးတော့မှ.. ကိုယ့် စိတ်ကူးစိတ်သန်းတွေကို ပြန် ဆန်းစစ်ကြည့်မိတယ် ။
ကျွန်တော်….. ပြောင်းပြန်စီးတဲ့ မြစ်တစ်စင်းကို.. ပိုင်ဆိုင်ထားလေသလားပေါ့ ။

င်္ဒီတော့မှာ..
ကျွန်တော်ကိုယ်တိုင်က..ပြောင်းပြန် စီးနေတဲ့….. မြစ်တစ်စင်းပဲ..ဆိုတာ…..သွား..တွေ ့တယ် ။

ကျွန်တော်… ဟာ…တပါးသူနဲ့မတူတဲ့ဘက်မှာ… ကျကျနန စီးမျောလို ့….

ကိုယ့် ဘာသာ…. ဘာမြစ်မှန်းတောင် မသိတော့တဲ့အထိ….။

ကျွန်တော်…. ဘယ်ဆီင်္ ဘယ်ဝယ် ..စီးဆင်းနေခဲ့ပါသလဲ….။

——————————————————–

သေချာတာကတော့…

ကျွန်တော်.. စီးဆင်းနေတဲ့.. ..ဦးတည်ရာအရပ်ဟာ….

မနက်ဖြန်တွေဆီ….။

ဟုတ်တယ်…။

မနက်ဖြန်တွေဆီ…..။

……………………..။

————————————————————

မနက်ဖြန်...အနာဂတ်နဲ ့...အိပ်မက်
မနက်ဖြန်…အနာဂတ်နဲ ့…အိပ်မက်

 

လူငယ်တစ်ယောက်အတွက်..တော့… မနက်ဖြန်ဆိုတာ.. ..အင်မတန် မက်လို့ကောင်းတဲံ့ အိပ်မက်ပဲ.. ။

ပြီးတော့…… မနက်ဖြန်မှာ .တည်ဆောက်မယ်..ဆိုတဲ ့.. ..

ခပ်မြင့်မြင့်အရာတွေအတွက်…

အသက်ရှင်နေရသလိုလို……တွေးယူ ရှင်သန်ရတာကိုက…

ဘဝ ရဲ ့အနှစ်သာရတစ်ခုလိုလိုပါပဲ..။

မနက်ဖြန်ဟာ..ကျွန်တော့်ကို စောင့်ကြိုနေတဲ ့… လမ်းမ….

မနက်ဖြန်ဟာ..ကျွန်တော့်ကို… ကမ်းလင့်နေတဲ့ လက်……

မနက်ဖြန်ဟာ..ကျွန်တော့် နတ်သမီးအိပ်မက်….

မနက်ဖြန်ဟာ..ကျွန်တော့်… အသက်ရှုနည်းအသစ်ပါ…။

——————————————————————

မနက်ဖြန်တွေ..ကျန်သေးတယ်..ဆိုတဲ ့ အသိလေးကိ်ု.. ခေါင်းထဲမှာထည့်ပြီး…

အနာဂတ်အကြောင်း.အိပ်မက်ကြီးကြီး မက်နေရရုံနဲ ့……

ကျွန်တော်…နေပျော်နေပါပေါ့လား…။

ဒါဖြင့်…. ကျွန်တော်ဟာ….

မနက်ဖြန်တွေကို.. မျှော်လင့်ပြီး…. အိပ်မက် မက်နေတဲ ့…..

မနိုးထသေးသူလား……။

——————————————————————-

အိပ်နေတာပဲ.ဖြစ်ဖြစ်….

အိပ်ချင်နေတာပဲ..ဖြစ်ဖြစ်…

အိပ်လိုက်ဖို ့ကြိုစားနေတာပဲဖြစ်ဖြစ်…..

ဘာပဲဖြစ်ဖြစ်ပါလေ…..

အခုအချိန်ဟာ…….

လန်းလန်းဆန်းဆန်း..နိုးထ လှုပ်ရှားသင့်ပါပြီ…။

 

 

——————————————————————————————————————

လေးစားစွာဖြင့်….

အလင်းဆက်

 

 

——————————————————————————————————————-

14 comments

  • TNA

    September 30, 2013 at 10:15 pm

    ဘဝဆိုတာတိုက်ပွဲ ခယ်မဆိုတာလိုက်ပွဲတဲ့ အဲဟုတ်ပေါင်မှားလို့ သက်ငယ်စကားသက်ကြီးကြားပြန်ပြီအေ မှတ်သားထိုက်တာတွေမို့ မှတ်သားသွားပါတယ် ဒညင်းဝက်ရေ ရှဲ့ရှဲ့ :hint:

    • အလင်းဆက်

      September 30, 2013 at 10:29 pm

      အန်တီသဲတို ့ကတော့ ….လုပ်ပြီ..
      သက်ငယ်စကားသက်ကြီး ကြား…ဆိုတာကြီးပဲ.. ။

      🙂

      ခယ်မဆိုတာ..လိုက်ပွဲ…ဆိုတဲ့စကားကိုတော့..
      အန်တီသဲဆီက.. ပြန် ကြားလိုက်ပြီ .။

      ဒါပဲ…။

      :kwi:

  • Ma Ei

    October 1, 2013 at 10:57 am

    လန်းလန်းဆန်းဆန်း..နိုးထ လှုပ်ရှားနေသော အလင်းဆက်ရဲ့
    တက်ကြွလန်းဆန်းသော စာကောင်းပေမွန်လေးတွေကို
    ဖတ်ချင်လှပါတယ်…
    🙂

    • အလင်းဆက်

      October 1, 2013 at 12:03 pm

      အန်တီ အိ ရေ

      စာတွေ အများကြီး ရေးဖို ့
      ကြိုးစားပါ့မယ်

      အားပေးပါဦးနော်

      🙂

  • KZ

    October 1, 2013 at 1:55 pm

    “Everyone is a moon, and has a dark side which he never shows to anybody.”

    ― Mark Twain

    နာ့ မလည်း အမှောင်ဖုံးရပါများလွန်းလို့
    ဘယ်အပိုင်းက အမှောင်ခြမ်းမှန်းကိုမသိတော့ပါဘူးးးးးးး

    😥

    • TNA

      October 1, 2013 at 2:55 pm

      အောင်မယ်လေး ဒေါ်ကေဇီရေ ပိုရီရတယ်အေ။ ပုံရယ်စာရယ် နာ့မယ်ရီလိုက်ရတာ အူတောင်နာတယ် :mrgreen:

      • KZ

        October 1, 2013 at 2:57 pm

        ဟယ်။
        သများ အမှောင်ဖုံးနေတာကို ရီ ရက်တဲ့ ယောက်ခမသဲ။
        ရက်စက်ချက်။
        :mrgreen:

    • အလင်းဆက်

      October 1, 2013 at 6:02 pm

      မာခ်တွိန်းရေးတဲ့ အဲဒီစကားပေါ့

      ကျွန်တော်တို ့ နဲ့ ကိုက်ညီနေတာ
      :kwi:

  • sorrow weaver

    October 1, 2013 at 3:03 pm

    အသဲကွဲပြီမှ ကလောင်ပိုထက်လာတယ်…အဟီး

  • ကျော်စွာခေါင်

    October 2, 2013 at 2:19 am

    စာလေးက သိပ်လှတယ် အလင်းဆက်ရေ..
    တဦးချင်းဆီက တစ်ခြမ်းမှောင်တဲ့ လတစ်စင်းဆိုပါလား…
    ကိုယ့်ဘဝက တစ်ခြမ်းက အမှောင်ကျပြီး အလင်းထိတဲ့ အခြမ်းက အညာသားမို ့ညိုနေတယ်….
    ကောင်းကြသေးရဲ ့လား….ဘဝ…။ ဘာမှ…မကောင်းဘူး…။

    • အလင်းဆက်

      October 2, 2013 at 1:34 pm

      ဦးခေါင် ရည်

      အက်ဆေးလေးကို
      ဝင်ရောက် ခံစား ပေးသွားလို ့ကျေးဇူးပါ

      ဒါဆို ဦးခေါင်ရည်က အညာသားပေါ့

      :kwi:

  • Ma Ma

    October 2, 2013 at 9:30 am

    များသောအားဖြင့် လမင်းကို ကြည့်ရင် အလင်းဘက်အခြမ်းကိုပဲ မြင်ရတော့ ……………
    လမင်းနဲ့အလင်းကို တွဲမြင်တတ်ကြတယ်။

    လမင်းမှာလည်း တခြမ်းက အမှောင်ဖုံးနေသလို…….
    အောင်မြင်တဲ့သူတစ်ယောက်မှာလည်း ကြိုးစားရုန်းကန်ခဲ့ရတဲ့ ကျော်ဖြတ်လာခဲ့ရတဲ့ ခက်ခဲတဲ့နေ့ရက်တွေရှိခဲ့တတ်ကြတယ်။ 🙂

    • alinsett

      October 4, 2013 at 9:14 pm

      ဟုတ်တယ်.. အန်တီမမရေ…။

      အင်းးး
      ကျွန်တော့်မှာလည်း…
      အမှောင်ခြမ်း ရှိတယ်..။

      :kwi:

Leave a Reply