အဲဒီ ကောင်မလေးပေါ့. . . .
သနပ်ခါးလေး လိမ်းပြီးတော့
ဆံပင် ရှည်ရှည်ကို
ဆံထုံးလေး ထုံးလိုက်သည်။
ဆံထုံး ထုံးရင်းဖြင့်
သီတာ. . .ကိုမြို့ကြီးသားအကြောင်း
တွေး လိုက်မိသေးသည်။
သီတာ့ကို အလွန်ချစ်ခင် စွဲလမ်း သည့် ဟန်ဖြင့် တယုတယ ရှိလှပါသော
ထို မြို ့ကြီးသား ။
သီတာ့ကို တကယ် ချစ်မြတ်နိုးတာမှ ဟုတ်ပါလေစ ဟု သံသယ မဝင်ရက်လောက်အောင်ကို
သူ ့ပုံစံက ရိုးသားဖြူစင်နေသည် မဟုတ်လား။
မြို့ကြီးသား. . . မာယာများပြီး
သီတာ့လို တောသူမရိုးရိုးအအကို
ချစ်တမ်း လာကစားတာတော့ မဖြစ်ပါစေနဲ့ လို ့. . .
မနေ့ကမိဗုံတို့နဲ့ ရွာဥင်္ီးစေတီ မှာ ဘုရားရှိခိုးရင်း ဆုတောင်းထားပါရဲ့ ။
အဲဒီ မြို့ကြီးသား ကိုလင်း နဲ့ သီတာ . . .အခုလို သမီးရည်းစား အဖြစ်
ရင်တခုန်ခုန် အခြေအနေရောက်အောင် မိဗုံတို ့ပဲ တွန်းပို ့ခဲ့တာပေါ့။
အင်းးး
မိဗုံတို ့အောင်သွယ်ကောင်းတာနဲ့ပဲ . . . မြို့ကြီးသားတစ်ယောက်ကို
ချစ်မိတဲ့ တောသူမ တစ်ယောက် အလွမ်းအဆွေးတွေနဲ ့ကျန်ရစ်ခဲ့ရမှာတော့
စိုးမိပါရဲ့ ။
မြိူ့ကြီးသားရဲ့ နူးညံ့ ညင်သာတဲ့
စကားချိုချို တွေ . . .
ရင်တလှပ်လှပ် ခုန်စေတဲ့
မထိတထိ အထိအတွေ ့တွေ ကြောင့် ဘယ်ယောကျာ်း တစ်ယောက်နဲ့မှ ရင်းရင်းနှီးနှီး မနေဖူးခဲ့တဲ့ သီတာ. . .
ဒီလို အချိန်လေးတွေ ပျောက်ပျက်မသွားချင်တော့။
အမြဲတမ်းသာ . . ..
တွေ ့နေချင်ရဲ့ မြို ့ကြီးသား ရယ် ။
မြို့ကြီးသား ကိုလင်းက . . . .
ဘကြီးပေါက် ရဲ့ တူတော်မောင်။
ရန်ကုန်မှာ မွေး ရန်ကုန်မှာ ကြီးပြီး
အခုမှ ဘကြီးပေါက် ဆီမှာ
လာနေတာ တစ်နှစ်နီးပါးတောင် ရှိပါပေါ့။
—————-
ဟိုတလောက မိဗုံတို ့ မိလုံ တို ့နဲ့ ရေခပ်ဆင်းတော့ . . . .
ကိုလင်းနဲ့ ရွာထဲက ကာလသား ကိုရွှေတိုက်
ရေချိုး အပြီး ပြန်မလို့ ့ပြင်နေတာနဲ့သွားကြုံတာ။
မိဗုံက တော်တော် ကဲတယ်။
” ဟဲ့ သီတာမ . . .
နင့်လူကြီး ကိုလင်းက
နေထက်လင်းနဲ့ တူတယ်ဟဲ့။ အသားကလည်း ဝါဝင်းပြီး
ဗလကလည်း တောင့်ပါ့တော်။ နင်မြန်မြန်သာ ပြန်ကြိုက်လိုက်ပါအေ . . .”
အဲဒီလိုပြောလို ့ကြားသွားရင် အခက်ဆိုပြီး မိဗုံ ခါးကို တောင် ဆွဲလိမ်ခဲ့ရသေး။
သီတာတို ့ရေလာခပ်တာ မြင်တော့ ကိုလင်းတို့က မပြန်သေးပဲ
ရေအိုးထဲ ရေတွေ ကူဖြည့်ပေးရော ။
မိဗုံနဲ့ မိလုံ ကလည်း ခပ်စပ်စုစု ဆိုတော့ ကိုလင်းကို စကားရောဖောရောနဲ့ ပွဲကျနေတော့တာ။
သီတာကတော့ ရှက်ကိုးရှက်ကန်း ဖြစ်နေလို ့ ဘာမှ ဝင်ပြောဖြစ်ဘူး ။
မိဗုံက . . .
” ကိုလင်းကြီး. . . မြို ့ ဘယ်တော့ ပြန်မလဲ တော့်” လို ့မေးလိုက်တော့. . .
” မြို့ကို မပြန်တော့ပါဘူးဗျာ ။ ဒီရွာသူလေးတစ်ယောက်ကို ယူပြီးဒီရွာသားအဖြစ်ပဲ နေတော့မှာ . . .” တဲ့။
ရိုးရိုး ပြောတာ မဟုတ်ဘူးတော့် ။ သီတာ့ကို ပြုံးစိစိလေး ကြည့်ပြီး ပြောတာ ။
သီတာဖြင့် ရင်တုန်ပန်းတုန်ဖြစ်လာလို ့
ခေါင်းကိုငုံ ့ချပြီး စပ်စုတဲ့ မိဗုံကိုသာ စိတ်ကနေ ဆဲနေမိရော။
မိဗုံတို့ အလှော်အခတ်ကောင်းတာရော သီတာ ကိုယ်တိုင်ကလည်း ထိမ်းမနိုင်သိမ်းမရ ရင်ခုန်တာရော . . .
ကိုလင်းကိုယ်တိုင်ကလည်း ချစ်ခင်မက်မောစရာ ယောကျာ်းတစ်ယောက် ဖြစ်နေတာကြောင့်ရော ပေါ့။ သမီးရည်းစား ဆိုတဲ့ အခြေအနေဆီကို ခပ်သုတ်သုတ်လေး ရောက်သွားတာပေါ့ ။
———————–
ဒီနေ ့ ညနေ . . . .
ရွာထိပ်က ခရေပင်ကြီးအောက်မှာ ချိန်းတွေ့ကြမည် ။
ချစ်ရသူ ကိုလင်းနဲ ့
တွေ ့ရဖို ့. . .
ကိုလင်းရဲ ့ရင်ခွင်မှာ မှီတွယ်ခိုနားခွင့်ရဖို ့. . အတွေးထဲမှာပင် ရင်ခုန်ကြည်နူးနေမိပြီ ။
———————–
ကိုလင်း က မြန်မာဆန်ဆန် တောသူအလှ ရိုးရိုးရှင်းရှင်းလေးကိုမှ မြတ်နိုးတာ . . .တဲ့။
(ဒါပေမယ့် ကိုလင်းကိုယ်တိုင်ကတော့ . . .မြန်မာဝတ်စုံ တိုက်ပုံနဲ ့ပုဆိုးကိုတောင် ကောင်းကောင်း မဝတ်တတ် ။)
ကိုလင်းသည် . . ဂျင်းဘောင်းဘီ နှင့် ရှပ်အကျီ င်္လက်ရှည်ကို လက်ခေါက်ဝတ်ထားသော ဝတ်စုံများသာ အဝတ်များသည်။
သူ ဝတ်စားဆင်ယင်ပုံက ခေတ်ဆန်သော်လည်း
သူကြိုက်သော သီချင်းများမှာ ရှေးမြန်မာသီချင်းကြီးများဖြစ်နေသည်။
သူကြိုက်သည့် အဝတ်အစားများမှာလည်း ရှေးမြန်မာဝတ်စုံများ . . . ပါ တဲ့ ။
အင်းလေ . . .
သီတာဖြင့် . . ယောကျာ်းတစ်ယောက်အကြောင်း ကောင်းကောင်း မသိသေးပါဘူး ။
———————–
ဒီနေ ့ညနေ ကိုလင်း နဲ့တွေ ့ဖို ့ မြန်မာဆန်ဆန်လေး ပြင်ဆင်လိုက်သည်။
အပြာနုနုအောက်ခံပေါ်မှာ ပန်းပွင့်အဖြူရောင် သေးသေးနုတ်နုတ်လေးတွေ
ခပ်ကျဲကျဲ ပါသော ရင်ဖုံးအကျီ င်္ကို
နက်ပြာရောင် လုံချည်ကလေးနှင့်
တွဲ ဝတ်လိုက်သည်။
ပုံတော်ဖိနပ် အနက်ရောင်လေး ကို စီးပြီး ကျော့ကျော့လေး ထွက်လာသော သီတာ့ကို . . . .
အရီးလတ်က မေးတော့သည်။
”မိသီတာ . . အလှအပတွေ ပြင် လို ့. . . ဒါကဘယ်တုန်း ”
” မိဗုံတို ့နဲ့ ရွာဦးစေတီကို သွားမလို့ပါ အရီးလတ် ”
ပြောသာပြောရတာ ။
သီတာ စိတ်မလုံပါ။
အရီးလတ်ဆိုတာ သီတာ့ အဖေနဲ့အမေ ဆုံးပါးသွားချိန်ကတည်းက သီတာ့ကို သမီးရင်းလေးလို စောင့်ရှောက်ခဲ့သူ အဖေရဲ့ ညီမ ဖြစ်သည်လေ ။
အပျိုကြီးပီပီ တူမလေး ကို တအားချစ် တအားအလိုလိုက်သည်။
အခုလည်း
သီတာ ညာပြောတာကို ယုံပြီး
ပြုံးပြုံးကြီး ကျန်ခဲ့ပြီ ။
သီတာ . . . ခြံရှေ့က ဆွဲနှုတ်လာသော မြက်ပင်ရိုးကလေးကို ဟိုရမ်းဒီရမ်းပြီး သီချင်းကလေးညည်းကာ ညည်းကာ နဲ့ မြူးမြူးကြွကြွ လျှောက်လာသည်။
ကိုလင်းဆီ. . . .သို ့. . . . .
———————-
ရွာထိပ်က ခရေပင်ကြီးအောက်မှာ ကိုလင်းရောက်နေပြီလား။
သီတာ့အတွက်များ
ခရေပန်းအကြွေတွေ ကောက်ပေးထားလေမလား။
ခရေပန်း အကြွေတွေ မကောက်ပဲ အပင်ပေါ်များ တက်ခူးနေလေမလားးး။
အို . . . . ခရေပင်ပေါ်တက်ခူးမှာကိုတော့ စိတ်ပူပါသည်။
မြို့ကြီးသား ဆိုတော့
အပင်တွေပေါ်တက် တတ်မှာ မဟုတ်ဘူး။
မတော်တဆ ပြုတ်များကျရင် ကျိုးရပဲ့ရချည်ရဲ ့။
အဲဒီ ခရေပင်ကြီးကလည်း မြင့်ပါဘိသနဲ့။
အတွေးနဲ့အတူ သီတာ့စိတ်တွေ လေးပင်သွားသည်။
ကြက်သီးလည်းဖြန်းခနဲ ထသွားသည်။
ရင်ထဲမှာ တမျိုးကြီးဖြစ်လာသည်။
အတွေး က မရှင်းး။
အနောက်မှာ တစ်ယောက်ယောက်လိုက်လာသလိုလို တစ်စုံတစ်ခုက စူးစူးရဲရဲကြည့်နေသလိုလို အာရုံခံစားမှုတစ်ခု . . . ။
ဖျတ်ခနဲ လှည့်ကြည့်လိုက်တော့လည်း ဘာမှ မရှိ။
ဆိုးဝါးတာတစ်ခုခု . . . .
ဖြစ်တော့မှာကို ကြိုခံစားမိနေသလိုပဲ ။
စိတ် ထင်လို့နေမှာပါပဲလေ ဆိုပြီး ဆက်အလျှောက်မှာ . . . .
ခြေထောက်က တစ်စုံတစ်ခုနဲ့ ဒုတ်ခနဲတိုက်သည်။
ခြေထောက်တစ်ဖက် ခြေမလေးအတော်နာသွားသည် ။
ခလုတ် တိုက်သည့်အရှိန်ဖြင့် သီတာ ယိုင်လဲကျမလို အဖြစ်မှာ . . . . .
လက်ကြီးတစ်ဖက်က လှမ်းဆွဲလာသည်။
နှာခေါင်းထဲ ချဉ်စူးစူးအနံ့ များ ရလိုက်သည်။
သီတာ. . . လှမ်းဆွဲလိုက်သည့်လက်ပိုင်ရှင်ကို မော့ကြည့်လိုက်တော့ တုန်ခနဲဖြစ်သွားသည်။
ကိုဂီ ။
ထုံးစံအတိုင်း မူးရူးနေသည့်ပုံ ။
ပြီတီတီမျက်နှာကြီးက အဆီပြန်ပြီး အော်ဂလီ ဆန်ချင်စရာ ။
” သာဂိ ”ဆိုသော နာမည်ကနေ
ဂီ လို ့တောင် ပြင်ခေါ်ထားကြရသည့်
သူ ့ကိုသူ ဂိကလေ ဂိကလေ ဟု ပြောပေမယ့် ထန်းရည်မူးနေသော အာလေးလျှာလေး လေသံဖြင့် ဂီကလေ ဖြစ်ဖြစ်နေသော အသံ. . . . . .
” မသီဒါ. . . ဘယ်သွားးးးးမလို့လဲဟ. . . . အေ့ . . . . . ဂီ လိုက်ခဲ့မယ်လေ. . . .”
ပြောပြောဆိုဆို နဲ့သီတာ့လက်ကို အတင်းဆွဲတော့သည်။
” ကိုဂီ ဖယ်စမ်း ။ ရှင်ကြီး မူးနေရင် ကိုယ့်လမ်းကိုယ် အေးအေးသွားပါတော့်။ ကျုပ်ကို မနှောင့်ယှက်ပါနဲ့ ”
သီတာ ခပ်ကြမ်းကြမ်းအော် ငေါက်ရင်း အတင်းရုန်းလေ ကိုဂီက ပိုတင်းတင်း ဆွဲခေါ်လေ ဖြစ်လာသည်။
” သီတာ့ကို ဂီချစ်နေတာကြာပြီ. . .ဂီ့ကိုလည်းပြန်ချစ်ပါ သီတာရဲ့ . . . . ”
ကိုဂီက မူးမူးရူးရူးနဲ့ တောတန်းဘက် အတင်းဆွဲခေါ် . . . .
သီတာက အတင်းရုန်း. . .
သူတို့နှစ်ယောက် ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို ဘယ်သူမှလည်း မတွေ့နိုင်လောက်အောင် လူသူပြတ်သည့်နေရာမှာ ဖြစ်နေသည်။
ဗီဒီယိုဇာတ်ကားတွေထဲကလို ကယ်တင်မယ့် မင်းသားများ ပေါ်လာမလားဟု
သီတာ မျှော်လင့်သော်လည်း
ဘယ်သူမှ ရောက်မလာ ။
သီတာ ရင်တုန်ပန်းတုန်ဖြစ်လာသည်။
ယောကျာ်းအားကို မိန်းမနုနုနယ်နယ်
အားလေးဖြင့် ဘယ်လိုမှ ရုန်းကန်လို့မရ။
ကိုဂီ ရဲ ့ကြမ်းကြမ်း ရမ်းရမ်း ဆွဲခေါ်မှုနောက် . . . .
တရွတ်တိုက်မတတ် ပါသွားရသည် ။
———————–
သီတာ့ကို ကိုဂီက လူသူအရောက်အပေါက်မရှိသလောက်
ဖြစ်သော သရက်ပင်အုပ်အုပ်ဆိုင်းဆိုင်းတွေ အနောက်အတင်းဆွဲခေါ်လျက်ရှိသည်။
သရက်ပင်တန်း ခပ်အုပ်အုပ် သစ်ပင်တွေအောက်
ရောက်သော အခါ. . . . . . .
. . . .
. . . .
သီတာ့ကို . . . . .
ထန်းရည် မူး နေသော ကိုဂီက. . . .
အလိုမတူပဲ . . . .
. . . . . . . . . . . . . .
————————–
ကြမ်းတမ်းသော ယောကျာ်းတစ်ယောက်ရဲ့ ကာမဆန္ဒ အောက် ရုန်းကန်၍ မရပဲ အရှုံးပေးခဲ့ရသည် ။
သီတာ ငိုသည် ။
အတိုင်းမသိ ငိုသည်။
ပူလောင်သည်။
သီတာ့ အပျိုစင်ဘဝ
မရှုမလှ ဆုံးရှုံးပြီလေ။
ချစ်သော ကိုလင်းကို ဤမသန့်ရှင်းတော့သော ကိုယ်ဖြင့် ဆက်ချစ်နေရမည်လားးး
ဆက် အချစ်ခံသင့်ပါသေးသလားးး
သီတာ့ရင်ထဲ ဗြောင်းဆန်နေပြီ။
ဘာ ဆက်လုပ်ရမလဲ ။
သီတာ့ ငိုကြွေးသံများ အဆက်မပြတ်. . .။
ဘာ ဆက်လုပ်ရမလဲ ။
သီတာ့ သွေးရူးသွေးတန်းဖြစ်လာသည်။
ချစ်သော ကိုလင်းးးး
ခရေပင်ကြီးအောက်မှာ . . . .
စောင့်နေတော့မည်။
ကိုလင်းဆီ အပြေးကလေးသွားလိုက်ချင်သည်။
ဒါပေမယ့် ဒီခန္ဓာကိုယ်နှင့်မဟုတ် ။
ဒီလို မသန့်ရှင်းတော့သော ကိုယ်ဖြင့် ကိုလင်းဆီ ဘယ်လို သွားရဲပါ့မလဲ။
ကိုလင်း ရင်ခွင်ထဲခိုဝင်ဖို့ရာ သီတာ လိပ်ပြာမလုံတော့ . . . .။
ချစ်သူနဲ့ ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက်နိုင်ဖို့ သီတာဘက်က လိပ်ပြာမလုံတော့. . .။
ချစ်သောကိုလင်းအတွက်
သန့်ရှင်းသော ဘဝလေး မှ မပေးနိုင်တော့သော သီတာ. . .. . .ကိုယ့်ဘဝ အဖြစ်အပျက်တွေကို ပြန်တွေးရင်း . . .
ပူလောင်ပြင်းပြစွာ ငိုကြွေးမိသည်။
ဆိုးဝါးရက်စက်မှုကို
အလိုမတူ အနိုင်ကျင့်ခံလိုက်ရသော မိမိအဖြစ်သည် အဆုံးစွန်ထိ နာကျင်ကြေကွဲစရာပဲ မဟုတ်လား။
ဒီလို အဖြစ်မျိုး. . . ဒီလို ပုံစံမျိုးနဲ့ ချစ်ရသော ကိုလင်း ရင်ခွင်မှာလည်း မခိုဝင်ချင်တော့ ။
ဒီလို အဖြစ်ဆိုးလှသော
ဘဝ အခြေအနေမျိုးဖြစ်လာပြီးမှ ရှေ့လျှောက်လည်း ဘယ်လိုမှ သာယာလှပနိုင်မှာမဟုတ် ။
အရှက်တကွဲ အကျိုးနည်း ဖြစ်ပြီး လူတကာရဲ့ တံတွေးပေါ်မှာ ပက်လက်မျောရတော့မယ့် ဘဝကို လည်း ရှေ ့မဆက်ချင်တော့. . . ။
ဘာလုပ်ရမလဲ ??????????
ဘာလုပ်ရမှန်းမသိ သွေးရူးသွေးတန်းသာ ပြေးထွက်ခဲ့သည် ။
ပြေးရင်းလွှားရင်းဖြင့် ချောင်းစပ် ကို ရောက်သည်။
ချောင်းစပ်မှာ. . .
ကြိုးချည် ရပ်ထားသော လှေငယ်လေးတစ်စင်းတွေ ့သည်။
ဘာမှ စဉ်းစားမနေတော့ပါ။
ချည်ထားသော ကြိုးကို ဖြုတ်၍ ချောင်းရိုးအတိုင်း လှော်သည်။
သွေးရူးသွေးတန်းမို ့လှေ ကလည်း ဟိုရမ်းဒီရမ်း ရမ်းခါလျက်
တရွေ ့ရွေ ့ မျောနေသည် ။
ရေနက်ပိုင်း ရောက်သောအခါ . . . .
ဘာတစ်ခု ထပ်စဉ်းစားမနေတော့ပဲ ပူပင်သောက နှင့် ငိုကြွေးခြင်းကို အဖော်ပြုကာ
ရေထဲ. . . . .
ဗွမ်းခနဲ . . ..
ခုန်ချ. . . . .
ကျဆင်းးးး
နစ်မြုပ်. . . . .
မျက်ရည်နှင့် ချောင်းရေ . . .ရောသွားးးး
ပါးစပ်ထဲ နှာခေါင်းထဲ
ဇွတ်တိုးဝင်လာသော ရေများ . . . .
ထိန်းမနိုင်သိမ်းမရ နင့်သီးးးးး
အသက်ရှူရခက်ခဲလွန်းမက ခက်ခဲ. . .
မွန်းကျပ် . . .
ဆို့နင့်. . . .
ရင်ဘက်ထဲ. . .မှာ. . . .
မျက်နှာနှင့် ခေါင်းထဲမှာ . . . ပေါက်ကွဲထွက်မတတ် ပိတ်ဆို ့ . . .နစ်မွန်းးးးးးးးးးးးးးးးးးးးးး
အာရုံထဲမှာ ပြာခနဲ ဖြစ်သွားခြင်းရဲ ့ အဆုံးမှာ. . . . . . .
ဘာဆိုဘာမှ မသိတော့. . . . .
မှောင် မိုက်ခြင်းးးးးးးးးးး
အမှောင်ထု. . . . . . . . .
. . . . .
. . . . .
. . . . .
********************************
အဲဒီကောင်မလေးပေါ့. . .
ကံကြမ္မာဆိုး . . .လက်သည်းချွန်တွေရဲ့
ကုတ်ဆွဲ ခံခဲ့ရတာ. . . . .
အဲဒီကောင်မလေးပေါ့. . .
မိုးတိမ်မည်းကြီးရဲ့ ရင်ခွင်မှာ
အလိုမတူပဲ မွန်းကျပ်ခဲ့ရတာ. . .
အဲဒီကောင်မလေးပေါ့ . . . .
အဆုံးသတ်မလှတဲ့ ဇာတ်လမ်းထဲမှာမှ
ခေါင်းဆောင်မင်းသမီးဖြစ်ခဲ့တာ. . .
အဲဒီကောင်မလေးပေါ့. . . .
အချစ်သစ်သီးရဲ့ ချိုမြိန်မှုအစား
ရူးသွပ်စေတဲ့မာယာကို စားသုံးခဲ့ရတာ. . .
အဲဒီကောင်မလေးပေါ့. . . .
သူချစ်တဲ့ကောင်လေးရဲ့ အဖြစ်ဆိုးကိုလည်း
သိတောင် မသိလိုက်တာ. . .
အဲဒီကောင်မလေးပေါ့. . .
ငိုကြွေးခြင်းနဲ ့မွန်းကျပ်ပူလောင်မှုကို
ဝတ်ရုံလို ခြုံခဲ့ရတာ. . .
အဲဒီကောင်မလေးပေါ့. . .
မိုးချုပ် အိမ်ပြန်
ချစ်သူခူးပေးမယ့် ခရေတွေပန်ပြီးး
ငြိမ်းချမ်းစွာ အိမ်ပြန်ခွင့် . . .မရခဲ့တာ . . .
အဲဒီကောင်မလေးပေါ့. . .
သူ ့ချစ်သူရဲ့ ခရေပွင့်တွေ. . .
သွေးစွန်းသွားမှန်းးး သိတောင်မသိလိုက်တာ. . .
အဲဒီကောင်မလေးပေါ့. . . .
. . . . . .
. . . . . .
. . . . .. .
. . . . . . .
. . . . . . .
. . . . . . .
**********************************
တစ်ခါတုန်းကပေါ့. . .
ကောင်မလေးတစ်ယောက်အတွက် . . .
ခရေပန်းတက်ခူးပေးတဲ့ကောင်လေးးးး
ခရေပင်ပေါ်က ပြုတ်ကျပြီးးး
အသက်ပျောက်သွားခဲ့ဖူးတယ်။
အဲဒီ အချိန်မှာပဲ
တိုက်ဆိုင်စွာနဲ့. . .
ချောင်းရိုးထဲမှာ . . .
လှော်ခတ်သူလည်း မရှိတော့တဲ့ လှေငယ်လေးတစ်စင်းးးး
ဦးတည်ရာမဲ့ မျောနေခဲ့တယ် . . .
ချောင်းရေပြင်ထုရဲ့ အောက်မှာတော့. . .
ချစ်တဲ့ကောင်လေး. . .
ဘာတွေ ဖြစ်သွားမှန်းတောင်မသိလိုက်တဲ့
ကောင်မလေးတစ်ယောက်. . .
ရွာထိပ်က ခရေပင်ကြီးအောက်မှာလည်းးးး
သွေးစွန်းနေတဲ့ ခရေပန်းပွင့်လေးတွေ. . .
. . . . . . . .
. . . . . . . .
********************************
((( အရင် ဝတ္ထုတိုတစ်ပုဒ် တင်ဖူးတာ မှတ်မိကြမှာပါနော် ။ အဲဒီကောင်လေးပေါ့ ဆိုတဲ့ ဝတ္ထုလေး လေ။
အဲဒီကောင်လေး က ခရေပင်ပေါ်က ပြုတ်ကျသွားတဲ့ ကောင်လေးတစ်ယောက်ရဲ့ နေရာက ရေးထားတာပါ။
အခု အဲဒီကောင်လေး ခရေပင်အောက်မှာ စောင့်နေတဲ့ သူ ့ချစ်သူကောင်မလေး ခရေပင်အောက်ကိုအလာ . . . ဖြစ်ပျက်သွားတဲ ့ ဘက်ကနေ ပြန်ရေးကြည့်တာပါ။
တွဲဆက် ဖတ်ကြည့်စေချင်ပါတယ်နော်။
နောက်တစ်ချက် ပြောချင်တာက. .
အရင် ဝတ္ထု အဲဒီကောင်လေးပေါ့ ထဲက ဇာတ်ကောင် ကောင်မလေး နာမည်က
” နှင်း ”ပါ။
တိုက်ဆိုင်စွာပဲ . . . ဦးကျောက်စ်ရဲ့ နှင်းးနဲ့ နာမည်တူနေလေတော့. . . ကျွန်တော် ရေးတဲ့ ဇာတ်ကလည်း ဇာတ်နာဖြစ်နေလေတော့ အားနာပြီးးးး
နှင်း ဆိုတဲ့ နာမည်ကို ပြောင်းလိုက်ပါတယ်။
သီတာ. . . .လို ့။
ဒီထဲက သီတာ နဲ ့ ဟိုထဲက နှင်း အတူတူသာဖြစ်ပြီးး
ဦးကျောက်စ်ရဲ့ နှင်းနဲ ့မည်သို့မည်ပုံမှ မသက်ဆိုင်ပါကြောင်းးးး
🙂
ကျွန်တော့် စိတ်ကူးယဉ် ဝတ္ထုများသာ ဖြစ်ပါကြောင်းးးး
ဤဝတ္ထုလို ဇာတ်လမ်းမျိုးက အပြင်မှာ ပုံစံတူ ရှိဖို ့ မဖြစ်နိုင်သောကြောင့် စိတ်ကူးယဉ်ဇာတ်လမ်း ဆိုသည်မှာ ရှင်းပြစရာပင် မလိုလောက်ပါကြောင်းးးး
:kwi:
*******************************
လေးစားစွာဖြင့်
အလင်းဆက်
3 . 10 . 2013 .
21 comments
alinsett
October 3, 2013 at 7:20 am
ပြောရဦးမယ်
ဒီ ဝတ္ထုတိုထဲမှာ
လေးလေးပေါက်
အရီးခင်လတ်
ကိုဂီ
ကိုရွှေတိုက်
လုံမလေးမွန်မွန်
မိဗုံ တို ့ရဲ့ နာမည်လေးတွေကို ဇာတ်ဆောင်တွေအဖြစ်ထည့်ရေးထားမိပါတယ်
ဒီနေရာကနေပဲ ခွင့်တောင်းပါတယ်နော်
(ရေးချင်တာ ရေးပြီးမှ )
———
ကိုဂီကတော့ နည်းနည်း လူကြမ်းဆန်တဲ့နေရာက ပါလိုက်ရတာပေါ့
:kwi:
———-
ပြီးတော့ . . .
အဲဒီ ကောင်လေးပေါ့ နဲ့
အခု အဲဒီကောင်မလေးပေါ့ ဆိုတဲ့ ဝတ္ထုတွေ ဟာ
ကျွန်တော် စမ်းရေးကြည့်လိုက်တဲ့ စာပေပုံစံသစ်တစ်ခုပါ။
ဝတ္ထုတို နဲ့ ကဗျာ
ကဗျာနဲ့ အက်ဆေး . . . .
အက်ဆေးနဲ့ပုံပြင်
ပုံပြင်နဲ့ ပြဇာတ်. .
စတဲ့ နယ်နိမိတ် စည်း တံတိုင်းတွေကို
ပါးပါးလေး ဖြိုချကြည့်လိုက်တာပါ
အစမ်းသဘောပါ
နောက်ပိုင်းမှာ တကယ် ရေးကြည့်ပါဦးမယ်
ဖတ်ရှု ခံစားသူ စာပေချစ်သူများအား
အစဉ်လေးစားလျက်ပါဗျ
DEPARKO DEPARKO
October 3, 2013 at 8:28 pm
တော်သေးတာပေါ့ နာနဲ့နာမယ်တူနေလို့ ရင်တောင်ထိတ်သွားတယ် နာ့နာမည်တိုလင်းဟဲ့ မဟုတ်တာတွေမရေးနဲ့နော် နာက အထုမှ အိမ်ထောင်ပြုမယ်ကျံတုန်း ဖွဟဲ့ လွဲပါစေ ဖယ်ပါစေတော်
alinsett
October 3, 2013 at 9:42 pm
အဟိ…။
ဦးလေးနာမည်က..တိုလင်းတဲ့လား..။
ဒါရှို…..
ဒီဝတ္ထုထဲက..တိုလင်းဆိုတာ… ဦးဦးတိုလင်းနဲ ့…မည်သို ့မည်ပုံမျှ မသက်ဆိုင်ပါကြောင်း….ပေါ့…
:kwi:
ဖတ်ရှု အားပေးသွားတဲ့အတွက်ကျေးဇူးပါ ဦးတိုလင်း..အဲ…
🙂
KZ
October 3, 2013 at 8:40 am
ဟယ်။
အရေးတို့ ဇာတ်လမ်းတို့က ကောင်းသော်လည်းးးး
ရွာထဲက နာမည်တွေမသုံးရင် ပိုပြီး ခံစားလို့ ကောင်းမယ်ထင်ပါတယ်ကွယ်။
🙂
alinsett
October 3, 2013 at 12:57 pm
မမခိုင်ဇာ ရေ
ဟုတ်တယ်ဗျ
ရွာထဲက မိတ်ဆွေတွေ နာမည်မြင်တော့
ပျော်ပျော်ရွှင်ရွှင် ပြောဆို ရေးသားနေတဲ့ ရွာသူားတွေကို
မြင်လာရော
အခု ဇာတ်ကလည်း အလွမ်းအဆွေးဆိုတော့ ရွာသူားတွေနဲ့
သိပ်မလိုက်ဖက်သလ်ို ဖြစ်သွားတယ်နော်
:kwi:
Foreign Resident
October 3, 2013 at 9:31 am
ဟင်း ဟင်း ဟင်း ။
သူ့ကိုယ်သူကျတော့ မက်မောစရာ မြို့ကြီးသား ကိုလင်း တဲ့ ။
အင်းးးးး ။
အဘတို့မလဲ ၊
ကဗျာကို အခုလို ရှင်းလင်းချက်လေး နှင့် တွဲဖါတ်ရမှပဲ ၊
ကောင်းကောင်း ခံစားနိုင်တော့တယ်ကွယ် ။
ဒိတ်အောက် ၊ ရွယ်လွန် ၊ အဖိုးကြီး ဆိုတာ ၊ အဲဒါပဲလေ ။
alinsett
October 3, 2013 at 12:54 pm
🙂
ဝတ္ထုထဲက ကိုလင်းဂျီးလည်း
တေပါပေါ့ အဘ ရေ
အဟိ
အဘ လာလို ့ပျော်သွားပြီ
sorrow weaver
October 3, 2013 at 11:14 am
ဗီလိန်နေရမှာ ..နာ့ကိုထည့်ရမှာ …အဟိဟိ
alinsett
October 3, 2013 at 12:34 pm
တော ဆန် တဲ့ နာမည်လေးကို
မနည်း ရှာ ထည့်ရေးလိုက်ရတာပါ
:kwi:
လုံမလေးမွန်မွန်
October 3, 2013 at 3:40 pm
မိဗုံက မိလုံထက် ပိုစပ်စုတယ် 🙂
အလက်ဆင်းရေ . . . တကယ်မဟုတ်လို့တော်သေးတယ်။ ဖတ်ပြီးအတော်လေး ခံစားလိုက်ရပါကြောင်း။ ရေးဟန်ကို သဘောကျပါကြောင်း
alinsett
October 3, 2013 at 9:56 pm
တူတူပဲ…ဟုတ်ဘူးလားဟ ။
🙂
မိဗုံ မလာသေးဘူး ။
လာရင်.. ဘယ်လိုများ.. ပြန်ဖဲ့ဦးမလဲ..မသိ ။
:kwi:
မွန်မွန်ရေ…ချီးကျူးစကားလေးအတွက်..ကျေးဇူးပါ။
အားတက်လာပြီ…။
TNA
October 3, 2013 at 5:16 pm
တူ့ကျတော့ အကောင်းစား။ တူညားတွေကျတော့မွှ ဟင်းပြောချင်ဘူးအေဒညင်းဝက်ရေ။ 😀
ဇာတ်လမ်းလေးကတော့ အလွမ်းဇာတ်ပါပဲ။ ဒါပေမယ့်ရွာထဲကလူတွေနာမည်နဲ့ဆိုတော့အေ ဖတ်ရင်း ရီရီမိသွားတယ်။ တတ်နိုင်ဘူးအေ။ တနားရမှာသိပေမဲ့ရီချင်နေတယ်။ ငို၍ရီ၍မရသောမျက်နှာဆိုတာမျိုးဖြစ် နေတယ်အေ :kwi:
alinsett
October 3, 2013 at 9:52 pm
အလက်ဆင်းတို ့…ရေးလိုက်ရင်.. အက်သလို.အန်တီရေ…
ငိုစရာ ရေးရင်း..ရီရမယ်..။
ရီစရာရေးရင်…မရီရဘူး..။
ဖြစ်ပုံ…
:kwi:
kyeemite
October 4, 2013 at 1:22 pm
မောင်ဂီတစ်ယောက်
ခပ်ပေါက်ပေါက်
အမှုက ၃၇၆ 😀
အလင်းဆက်က
ရေခပ်ပေး
လူကခပ်သေးသေး
တွေးချင်ရာတွေး
ရေးထားတာ
ဘယ်သူလဲတဲ့ဗျာ
သေသေချာချာမှတ်ကာထား
ဒညင်းဝက်တဲ့ဗျား။
alinsett
October 4, 2013 at 9:12 pm
တွား..လူဇိုး..
အနော့ကို ဒညင်းဝက်တဲ ့…
တိုတိုလင်း ပါဆို..
🙂
ဖွတ်ပြောင်
October 4, 2013 at 2:26 pm
အောင်မငီး
မုဒိန်းကောင် ၁ကောင် လုံး ဖြစ်တာတောင်
နဲနဲ လူကြမ်းဆန်တာတဲ့
များများ များ လူကြမ်း ဆန်ရင် ဘယ်လိုနေမယ် မတိ
ဒချိ ဒချိ
alinsett
October 5, 2013 at 2:37 pm
ဂီက ဒီဇာတ်လမ်းမှာ အမြတ်ထွက်တွာဒါပေါ့
အဟိ
:kwi:
ဦးကျောက်ခဲ
October 4, 2013 at 2:38 pm
တော်သေးတာပေါ့ ကျောက်စ် မူပိုင်ရှင်လေးကို ဘေးမဲ့ပေးလိုက်လို့…
😀
ဦးကြောင်ကြီး
October 7, 2013 at 10:01 am
တောင်မလေး
ပေါင်လှဖွေး
ယောင်ဂကျွေး
ဂျောင်မပြေး.။
sorrow weaver
October 7, 2013 at 12:05 pm
အဲ့ရာလေး ..ရုပ်ရှင်ရိုက်ပါရား….နာမင်းသားလုပ်ချင်လို့ …အဟိဟိ
Thint Aye Yeik
March 25, 2016 at 2:56 pm
မင်းသမီးကို ဘု အစားထိုးပေးရမဲ အတိုရီးစိုင်း
:k: