အလွမ်းများနှင့်အိပ်စက်သူ
အချစ်ရေ
စနစ်တွေဘယ်လိုပြောင်းပြောင်း
ခေတ်တွေဘယ်လိုဟောင်းဟောင်း
မနှောင်းတဲ့ ချစ်ခြင်းတွေနဲ့အတူ
မင်းလိုလူဟာ ထာဝရပါ ၊
ရှေးဘဝကံဇာတာ မဟန်ပါပြန်လေတော့
လက်လျှော့လို့ နောက်မှာကျန်
ခံစားရပြင်းထန်လှပေမယ့်
ငြင်းဆန်ခဲ့ပြီဆိုမှ
ငိုမရတဲ့ ဒီမျက်နှာ
အလွမ်းဆိုတာကိုထွေးပွေ့
ဘယ်တစ်ကွေ့မှာမှ တွေ့တော့မှာ မဟုတ်သော်လည်း
မျှော်မြဲသာမျှော်ရင်း မတော်ခြင်းကိုလည်း နားမလည်
အပါးဝယ် မရှိနိူင်သူကိုမှ စွဲမိတဲ့ ဘဝမှာ
ငါ
အလွမ်းတွေနဲ့သာ အိပ်စက်တာ
ဘာဆန်းသလဲ အချစ်ရေ ၊
6 comments
ရာမည
October 9, 2013 at 11:55 am
တိုရှည်သည်ကပြောတယ်
ငါ့တိုရှည်စားကြည့်ပါလား တဲ့
.
.
ပေါက်စီသည်ကပြောတယ်
ပေါက်စီလေးပူပူနွေးနွေး တဲ့
.
.
အချစ်ရယ်
မင်းကိုသတိယရင်းဘာစားရမှန်းမသိတော့ဘူး… 🙂
TNA
October 10, 2013 at 2:43 pm
နံပြားစား
kyeemite
October 11, 2013 at 2:21 pm
ခံစားချက်တွေ အံထွက်သပေါ့လေ
ဆွဲထား ဆရာရေ့ 😀
Myo Thant
October 11, 2013 at 3:09 pm
မဟုတ်ပါဘူး ကိုမိုက်ရယ်
စိတ်ရူးပေါက်ပြီး လျှောက်ရေးမိတာပါ ၊
တစ်ခါ တစ်ခါတော့ အလွမ်းသား 🙂
sorrow weaver
October 11, 2013 at 3:08 pm
အလွမ်းဆိုတာ ဆေးခါးအုပ်ထားသော သကြား 😛
alinsett
October 11, 2013 at 4:52 pm
အလွမ်းဆိုတာ
အလွမ်းး