စလင်းမြို့နယ်တွင် တရားမဝင်သစ်များ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ
မင်းဘူးခရိုင်၊စလင်းမြို့နယ် အနောက်ဘက်ခြမ်းတွင် တရားမဝင်သစ်များ ခိုးထုတ်လျှက်ရှိကြောင်းသတင်းအရ အောက်တိုဘာ(၁၀)ရက်နေ့နေ့လည်(၃)နာရီချိန်က စလင်းမြို့နယ်အုပ်ချုပ်ရေးမှူး၏တာဝန်ပေးချက်အရ စလင်းမြို့နယ်သစ် တောဦးစီးမှူး ဦးမျိုးမြင့်ထွန်းနှင့်အဖွဲ့သည် စလင်းမြို့နယ် ကြပ္ပါယ်ကျေးရွာအုပ်စုအနောက်ဘက် စလင်းတမံအနီး၊သရက်တော ဘိနယ်၊အနောက်စလင်းကြိုးဝိုင်းအတွင်းဝင်ရောက်ရှာဖွေခဲ့ရာ အကွက်အမှတ်(၂၇)တွင် ပျဉ်းကတိုး(ဓါးရွှေ) ၁ဝ ချောင်း၊ (၁.၃၂၆၂)တန်၊ကာလတန်ဘိုးကျပ်(၁၉၈၀၀၀)ခန့်အားပိုင်ရှင်မဲ့သိမ်းဆည်းရမိပြီး ၎င်း သစ်များအား စလင်းမြို့နယ်သစ်တောဦးစီး ဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မာ့သစ်လုပ်ငန်းသို့လွဲပြောင်းပေးနိုင်ရေးစီစဉ်ဆောင်ရွက်နေကြောင်းသက်ဆိုင်ရာမှသတင်း ရရှိသည်။