မွန်မြတ်တဲ့ညတစ်ညကိုရိုက်ချိုးမိခြင်းအတွက် နောင်တ..
မွန်မြတ်တဲ့ညတစ်ညကိုရိုက်ချိုးမိခြင်းအတွက်
နောင်တ..
…………………………………………………..
ကုန်သွားခဲ့ပြီနေ့တစ်နေ့နဲ့ညတစ်ည
ဘယ်အရာတွေများဒီဂရီတက်သွားတာလဲ
ကုသိုလ်လား
အကုသိုလ်လား
နဖူးပေါ်လက်တင်ပြီးစဉ်းစားကြည့်လိုက်ပါအုံး
အပေါင်းအသင်းရောင်းရင်းများနဲ့တွေ့ဆုံတုန်းခဏ
ပျော်လို့မဆုံးမော်လို့မဆုံးပေါ့
လောကကြီးမှာငါတို့သာလျှင်အပျော်ဆုံးထင်ခဲ့မိတာ
သောက်မလား စားမလား
သွားမလား လားမလား(လမ်းသလား)
လာပြီးတော့ပြောမယ်မကြံနဲ့ဂရုမစိုက်ဘူး
လက်ထဲမှာကိုင်ထားတာကြည့်လိုက်ပစ်ထည့်လိုက်မယ်
အော်လိုက်ဟစ်လိုက်စည်းချက်အညီဆိုင်ကယ်လီဘာတွေမြင့်
သံယောင်လိုက်အမှားတွေနောက်ကောက်ကောက်ပါအောင်လိုက်ရင်း
ခဏတာပျော်ရွှင်မှုတွေကိုမက်မောတွယ်တာမိတာပေါ့
ဟုတ်သလိုလိုပျော်သလိုလိုအမှားတွေကိုဖက်တွယ်မိရင်း
တန်ဘိုးရှိလှတဲ့နေ့တစ်နေ့နဲ့ညတစ်ညကိုလက်လွတ်ခဲ့ရပြီ
မြင့်တက်လာတဲ့ဒီဂရီတွေကအကုသိုလ်ပုံရိပ်တွေနဲ့
ဘယ်လိုများဘဝကိုအဆုံးသတ်သွားမှာလဲလို့တွေးပူရင်း
အိပ်မပျော်တဲ့ညတစ်ညကိုငါရလိုက်မိတဲ့နောက်
နောင်တတရားကငါ့ကိုအနိုင်ယူသွားပြီဆိုတာသိလိုက်ရပြီ….။ ။
ဇွဲမာန်(အင်းဝ)
19.10.13(11း7PM)
သီတင်းကျွတ်လပြည့်ညမှာ အပျော်လိုက်စားမိသူတွေအတွက် စိတ်မကောင်းဖြစ်မိခြင်း……။
2 comments
အရိပ်စစ်
October 21, 2013 at 4:42 pm
နောင် မှ မတ ပဲ စောစော တ မိကြပါစေ…
alinsett
October 21, 2013 at 8:59 pm
သီတင်းကျွတ်လပြည့်နေ ့ဟာ…
အပျော်အပါး အတွက် …အားလပ်ချိန်ပေးထားတဲ ့နေ ့မဟုတ်ဘူး..။
တချို ့လူငယ်တွေများ…ပျော်နေလိုက်ကြတာ…။
အပျော်တွေ လွန်နေလိုက်ကြတာ…။
—————
ပိုစ့်လေးကို ကြိုက်ပါအိ ။