ပြင်သစ်မြို့တော် Paris ပါရစ်က နံမယ်ကျော် Louvre ပြတိုက်
ပြင်သစ်မြို့တော်Paris ပါရစ်က နံမယ်ကျော် Louvre ပြတိုက်ကိုဆက်လက်ပြီး လိုက်ကြည့်ရအောင်၊
ဘုရင့်နန်းတော်ကို Louvreပြတိုက် အဖြစ်သို့ပြောင်းလိုက်ပြီးနောက်
Pyramid ဆိုတဲ့ အောက်ခြေခံကလေးဒေါင့်၊ အနား က သုံးဒေါင့်
အဆောက်အအုံကို ထပ်မံ ဖြည့်စွက်လိုက်တာ၊
——–
ပုံကြီးကြည့်ဘို့ ကလစ်တချက်နှစ်ချက်နှိပ်ပါ၊
Pyramid ပရီးမစ် အသေးသုံးခု က Pyramid အကြီးတခုကို ခြံရံတဲ့
၎င်းဒီဇိုင်းကို ကမ်ဘာကျော် ဗိသုကာ I M Pei က ရေးစွဲစီစဉ် ဖန်တီးခဲ့ကာပါ၊
I M Pei (Chinese-American) ကအမေရိကန်နိုင်ငံသားတရုပ်အနွယ်ဘွားပါ၊
———-
မူလကနန်းတော်ကြီး ပါ
————-
အတွင်းကအနုပညာပန်းချီပန်းပုတွေ
မပြုံ့တပြုံးနဲ့ဘဲအထူးကျော်ကြားတဲ့Mona Lisa မိုနာလီစာ
Mona မိုနာကိုလာကြည့်တဲ့ပရိသတ်က အုတ်အုတ်သဲသဲ
——–
ဓာတ်ပုံရိုက်နေတာက ကြာကူလီ အူးကြောင်အီးနဲ့တူတယ်
ရွာထဲကမိန်းခလေးကိုလိုက်သောင်းကျန်း တဲ့ဏှာအိုးကြီးပေါ့ဗျာ၊
———-
Egyptအီဂျစ်ကသယ်လာတဲ့ အမွေအနစ်တွေ
(ဆက်ရန်ရှိသေးတယ်)
7 comments
TNA
October 21, 2013 at 3:07 pm
ရှေးဟောင်းလက်ရာတွေကိုတခမ်းတနားသိမ်းထားတာ အင်မတန်ဂုဏ်ယူစရာပါ။ ဒို့ပုဂံမှာတော့ နံရံဆေး ရေးပန်းချီတွေကို ထုံးသုတ်ပလိုက်တာ အေးရေ။ အခုမှပြန်ခွာနေတော့ ပျက်ကရောပေ့ါ။ 😥 ဖြုတ်ဦးနှောက်တွေ
Ma Ma
October 21, 2013 at 3:59 pm
အဲဒီပြတိုက်ကို ရွာထဲက အဘဖော ရောက်ဖူးတယ်။
သူလည်း ပုံတွေတင်ဖူးတယ်။
တစ်ယောက်တစ်မျိ ုး ရိုက်ချက်တွေ မတူတော့ ရှု့ထောင့်ပိုစုံအောင် ကြည့်ရတာပေ့ါ။ 🙂
ကြုံတုန်း ကြောင်ကြီးကို ရာဇဝင်ကြွေးဆပ်နေပါလား။
တော်ကြာ ကြောင်လာအော်နေအုံးမယ်။
Foreign Resident
October 22, 2013 at 7:11 am
Ma Ma says:
” အဲဒီပြတိုက်ကို ရွာထဲက အဘဖော ရောက်ဖူးတယ် ”
အဟင့် ၊ မရောက်ခဲ့လို့ ဝမ်းနည်းနေပါတယ် ဆိုမှ ၊ လာနောက်နေတယ် ။
အဲဒီ ပြတိုက်က လက်မှတ် Group Booking တင်တာ အဆင်မပြေလို့ မရောက်ခဲ့ဘူး ။
အဘ တို့ Tour Guide ကတော့ ပြောရှာပါတယ် ။
လက်မှတ် ကို တစ်ဦးချင်း တန်းစီပြီး ဝင်ဝယ်လို့ ရပါတယ်တဲ့ ။
ဒါပေမယ့် ၊ လူတန်းက တမျှော်ကြီး ။
ဒါနှင့်ပဲ ၊ အဲဒီ ပြတိုက် မကြည့်ဖြစ်လိုက်ဘူး ။
KZ
October 21, 2013 at 4:09 pm
ဒက်ဒီကြောင် ထောင်ကျသွားပလားမသိ (အိမ်ထောင်)
ဟိ။
မအားဘူးးး ခရီးသွားတယ်ဆိုလားပဲ။
ပြင်သစ် ဆိုရင် အရင်ဆုံး သတိရတာက ရေမွှေးပဲရှိတယ်။ ဟိ
ခုလို အသိမျှပေးတဲ့တွက် ကျေးဇူးပါ။ 🙂
ကိုရင်စည်သူ
October 21, 2013 at 4:39 pm
ကျနော်တို့ ကြောင်ဘောင်သစ်ပါတီ ကြောင်ကက်ထ သမတလောင်း အူးကြောင်
ပါတီတိုးတက်ရေးအတွက် မျိုးဆက်ပြန့်ပွားရေး ခရီးထွက်နေတုန်း ကြာကူလီလို့ ပြောတဲ့ တရုတ်ကွန်မြူနစ်
ကြေးမုံကြီးကို စည်းရုံးရေးအတွက် အထူးစီးမံထားတဲ့ လျှာဂျီးနဲ့.. လျှာဂျီးနဲ့.. ပြန်လာမှတွေ့မည်ဟု
ပြည်သူ့သမတလောင်း အူးကြောင်မှ ဒူးမချောင်ပဲ ရာဇသံပို့ထားပါကြောင်း….။
alinsett
October 21, 2013 at 5:57 pm
ကိုယ်တိုင်ကိုယ်ကျ သွားချင်လာပြီဗျာ
GARFIELD
October 29, 2013 at 3:23 pm
အဲ့ထဲက ကျွန်တော့် ဓာတ်ပုံတွေကြည့်ဦးမလား….
တစ်နေကုန်နေတာတောင် စုံအောင်မရောက်နိုင်တဲ့ ပြတိုက်…
နောက်တစ်ခါများဆိုရင် နှစ်ရက်လောက်နေလိုက်ဦးမယ်… ခိခိ