Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

မြသဲ ( 17082011 )November 8, 20131min74930

တနေ့မှာပေါ့ ကျွန်မလဲ အဖော်ကောင်းတော့ကျောက်မြောင်းတခေါက်ဆိုသလို ဗိုလ်ချုပ်ဈေးကို အမတစ်ယောက်က အဖော်လိုက် ခဲ့ပေးပါဆိုတာနဲ့ အဖော်လိုက်သွားခဲ့ တာပေါ့ရှင်။ ကိုယ်ကတော့ ဗိုလ်ချုပ်ဈေးထဲမှာ ဈေးဝယ်ဖို့စိတ်ကူးမရှိတာနဲ့ ဟိုမော့ဒီမော့နဲ့ပဲ လိုက်သွားတာပေါ့။ အဲဒါနဲ့ အမက သူ့အသိ ဆိုင်တခုမှာဝင် ထိုင်ရင်းဈေးဝယ်တော့ ကျွန်မကလဲဆိုင်ရှေ့ကခုံလေးမှာ သူတို့ကျွေးတာစားရင်းဟိုကြည့် ဒီကြည့်ပေါ့။ ကျွန်မထိုင်နေတဲ့ဆိုင်ရဲ့မျက်နှာချင်း ဆိုင်မှာက မြန်မာလက်မှု့ ပစ္စည်းတွေရောင်းတဲ့ဆိုင်ပေါ့ရှင်။ အဲအချိန်မှာပဲ ပြင်သစ်စုံတွဲက အဲဆိုင်ထဲဝင်လာတယ်။ သူတို့ကိုင်လိုက်တာက ခြင်းကလေးထဲမှာထည့်ထားတဲ့ လက်တညှိုး လောက် ရှိတဲ့သစ်သားပန်းပုရုပ်ကလေး။ ကျွန်မလဲစိတ်ဝင်စားတာနဲ့ကြည့်နေမိတယ်။

ပြင်သစ်အမျိုးသမီး။ ။အရုပ်ကလေးကိုင်ရင်းနဲ့ ဆိုင်ပိုင်ရှင်ကို ( အကူကောင်မလေးတွေကရှိတယ် )
“How much?”
ဆိုင်ရှင်အမျိုးသမီး။ ။ ခပ်တည်တည်ပဲ
“21 dollars”
ဘုရားဘုရား။ ဒါလေးကို။ :harr:

ပြင်သစ်အမျိုးသမီး။ ။ ကြိုသိထားဟန်နဲ့ “No No No” လက်နှစ်ချောင်းထောင်ရင်း
“2 dollars”
မြတ်စွာဘုရား :harr:
ဆိုင်ရှင်အမျိုးသမီး။ ။ ခပ်တည်တည်ပဲ
“No No 15 dollars”
အောင်မယ်ငိ မြန်တာ :mrgreen:
ပြင်သစ်အမျိုးသမီး။ ။ “No No No” လက်နှစ်ချောင်းထောင်ရင်း “2 dollars”
သူကမရဘူးဘဲ လက်ကိုမချဘူး
ဆိုင်ရှင်အမျိုးသမီး။ ။ မျက်နှာမလျှော့ဘူး ဒါပေမဲ့
“No No last price 10 dollars”
အာဟိ ဈေးတော့လျှော့တယ် 🙂
ပြင်သစ်အမျိုးသမီး။ ။ “No No No No No No” လက်နှစ်ချောင်းထောင်ရင်း “2 dollars”
ဒီတခါ သူ့ No ကပိုများလာတယ်။ သူကတော့ဈေးမတင်ဘူးပဲ။ :buu:
ဆိုင်ရှင်အမျိုးသမီး။ ။ လေသံလေးတိုးသွာတယ်။ မကြားရတော့ဘူး။ ဒါပေမဲ့ အရုပ်ကလေးကိုအိပ်နဲ့ထုပ်ပေးလိုက်တယ်။ ပါးစပ်ကလဲ Thank you တဲ့။
ဈေးဘယ်လောက်တည့်သွားလဲမကြားလိုက်ရဘူး။ ဒါနဲ့ပိုက်ဆံဘယ်လောက်ပေးလဲကြည့်လိုက်တော့ တဒေါ်လာတန်နှစ်ရွက်။ 😆
အောင်မယ်လေးရှက်လိုက်တာကို။ သူကတော့မရှက်ဘူး။ Thank You တွေအကြိမ်တရာလောက်ပြောနေတယ်။ :boss:

အလင်းဆက်ရဲ့ ကျိုက်မှော်ဝန်းက ထမင်းဆိုင်ကလေးကိုဖတ်မိလို့ တခါတုန်းကဟာလေးသွားသတိယလို့ပါ။ မည်သူကိုမှမရည်ရွယ်ပါဘူး။ ကြုံဖူးတာလေးပါ။

30 comments

  • KZ

    November 8, 2013 at 9:45 pm

    ဟယ်။
    ဒါလေးဖတ်ပြီးတော့ ဘယ်သူရေးတဲ့ ဝတ္ထုတိုလေးလည်းမသိဘူးးး
    ပုဂံဈေး ဆိုတာလေး သွားသတိရတယ်။
    နိုင်ငံခြားခရီးသည် ဆိုတာ များသောအားဖြင့် နိုင်ငံ အရပ်ရပ် လှည့်လာတာ။
    ကိုယ့်ဈေးကလွဲရင် ဟို တညင်ဘက်ကမ်းတောင် မကူးဖူးတဲ့ သူတွေထက် အပုံကြီးလည်သေးတယ်။
    မလှည့်စားသင့်၊
    မညာစားသင့်၊
    မဖားသင့်ဘူးးးး
    ဟိ။
    အနော် နောက်မှ ရေးပါဦးမယ်။
    အနော့မှာ ဇာတ်လမ်းရှိသေးတယ်။

    😀

    • TNA

      November 9, 2013 at 3:43 pm

      လုပ်ပါအေ တွေ့မရှောင်ရဲ့ဇာတ်လမ်းတွေက မိုက်တယ် မျှော်နေဘာတီ

  • Don Juan Ronald

    November 8, 2013 at 10:09 pm

    ဒါ မျိုး တွေ များ သွား ရင် ၊ တကယ် တမ်း ဈေး မှန်မှန် ရောင်း တဲ့ လူ တွေ က သေ ကုန် တော့ သာ ပေါ့ ။
    ဒါကြောင့် ခေါင်းစဉ် အင်း ကို ဒီ လောက် အရှည်ကြီး ဆွဲ ထား တာ ၊ ဆွဲ လည်း ဆွဲ ချင် စရာ ကြီး ပေါ့ ။

    • TNA

      November 9, 2013 at 3:46 pm

      ကျွန်မပြောချင်တာကလဲ အမြတ်မတင်နဲ့မပြောဘာဘူး။ တင်ပါ သို့သော်လဲ ကြည့်ကောင်းအောင်တော့ လုပ်သင့်တာပေါ့နော်။ အခုဟာက အရမ်းကိုမျက်နှာပြောင်တိုက်လွန်းတာဖြစ်နေသလိုပဲ။ မြန်မာဈေး သည် တွေအားလုံးဒီလိုပဲလို့ကောက်ချက်ဆွဲသွားမှာစိုးပါတယ်။

  • ခင် ခ

    November 8, 2013 at 10:20 pm

    အဲလိုတွေ များများလုပ်လေ အထင်သေးမှုတွေ များလာလေလေဘဲဖြစ်မယ်ဆိုတာ မစဉ်းစားကြပုံဘဲ။
    ဒါကြောင့်လည်း ဖြတ်စားရိုက်စား မြန်မာများလို့ ခရီးသွားလောကမှာ ဘန်းစကားဆိုခံရတာလေ။

    • TNA

      November 9, 2013 at 3:52 pm

      နိုင်ငံတကာမှာလဲရှိတတ်ပေမဲ့ကိုယ့်နိုင်ငံမှာအဲလိုကြီးဆိုတော့ စိတ်ထဲမှာတမျိုးကြီးဖြစ်သွားတယ်ကိုခင်ခရေ။ နဲနဲလဲရှက်မိသလိုပဲ။ သူကတော့ရိုးနေပြီဆိုတဲ့မျက်နှာနဲ့အေးဆေးပဲ။ ဈေးတင်တယ်ဆိုလဲ ကြည့်တော့ကောင်း သင့်တယ်ထင်တာပဲနော် ၅ ဒေါ်လာလောက်ဆိုရင်တောင် ဟိုက ၂ ဒေါ်လာဆစ်ရင် နဲနဲကြည့်ကောင်းမလားလို့ပါ။

  • Mလုလင်

    November 9, 2013 at 1:03 am

    ဗိုလ်ချုပ်ဈေး မိန်းလမ်းရဲ့ ဆိုင်ခန်း ဈေးနှုန်းက အခုဆို သိန်း ထောင်ချီ နေပါပြီ။ အဲ့လို ပန်းပု ရုပ်မျိုးကိုလဲ ဘယ်မြန်မာ လူမျိုးကမှ ဝယ်ဖို့ စဉ်းစားမှာမဟုတ်ပါဘူး။ တစ်ဦးစ ၊ နှစ်ဦးစ ပေါ့လေ (လက်ဆောင်ပေးဖို့ လောက်ပဲ)။ ညောင်ဦး ဘက်က အသိပြောတာတော့ ဖော်ရိန်နာ တွေ က ဒေသထွက် ကုန်နဲ့ သူတို့ ပစ္စည်း နဲ့ လဲပါမယ် ဆို တော်တော် သတိထားရတယ်ပြောပါတယ်။ အတု တွေနဲ့ လဲလဲ သွားတတ်ကြလွန်းလို့ပါတဲ့။ ဆိုတော့ . . . လောဘ ကို မောဟ ဖုံးတာ . . လူ့ သဘာဝ ပါ။ မြန်မာပြည် က မြန်မာလူမျိုးတွေ အတွက် သီးသန့် Register လုပ်ထားတယ်လို့ မထင်စေလိုပါကြောင်း . . . .။

    • TNA

      November 9, 2013 at 3:55 pm

      အခုဟာက မြန်မာလူမျိုးဈေးသည်ဈေးဝယ်ဆိုတာထက် ကျွန်မဆိုလိုချင်တာက ဆိုင်ခန်းခဈေးကြီးလို့ အမြတ်တင်တယ်ဆိုတာထက် သူ့ဟာက ရရင်ရိတ်လို်က်မယ်ဆိုတဲ့စိတ်ဓါတ်ကိုဆိုလိုချင်တာပါ။ မရလဲမရရော ချက်ချင်းကိုလျော့ချပလိုက်တာဟာ ကျွန်မတို့မြန်မာဈေးသည်တွေရဲ့ သိက်ခါနဲ့များဆိုင် မလားလို့ပါ။ ဒီလိုပစ်စည်းတွေရောင်းတဲ့ဈေးသည်တွေရဲ့ဒုတ်ခကိုသိပါတယ် သို့သော်လဲ လိုချင်တယ်ဆိုလဲ နဲနဲလေးကြည့်ကောင်းအောင်ပေါ့။ အဲဒါလေးပါ။

  • padonmar

    November 9, 2013 at 1:08 am

    နိုင်ငံခြားသားမြင်ရင် ဈေးတင်ချင်တာ နိုင်ငံတကာမှာ ရှိသလားလို့၊
    ရှက်စရာတော့ ကောင်းပါ့၊
    မရှက်တတ်ကြတာခက်..

    • TNA

      November 9, 2013 at 3:57 pm

      ခက်တာက ရိုက်စားလုပ်ချင်တဲ့စိတ်တွေ နေရာတကာမှာရှိနေတာ နောက်ကဘာကျော်ဈေးဖြစ် တဲ့ဗိုလ်ချုပ်ဈေး မှာ ကိုယ့်လူမျိုးကိုတောင် ပြန်ရိုက်စားလုပ်နေတာ စိတ်ပျက်စရာပါအန်တီဒုံရေ။

  • ကျော်စွာခေါင်

    November 9, 2013 at 3:11 am

    အင်းးးးးးးးးးးးးးးးးးးးးးးးးး
    ဘယ်လို ပြောရမလဲတောင် မသိ…
    မြန်မာကတော့ ဈေးပိုတင်တာလေးဘဲ..အချဉ်ဖမ်းကြည့်တာပေါ့လေ… မရတဲ့ အဆုံးတော့လဲ ဈေးချရတာဘဲ…။
    ကိုယ့်တိုင်းပြည်ထက်ဆိုးတာ တူရကီနိုင်ငံ ဗျ… ဈေးမမေးမိစေနဲ ့ ဈေးမေးပြီးရင် ယူကို ယူရမယ်..မယူဘူး မဝယ်ဘူးဆိုရင် ဆွဲလားရမ်းလားကို ရန်လုပ်ပြီး ဝယ်ခိုင်းတာ..။ ဈေးဆစ်လို ့တော့ ရတယ်..။

    • TNA

      November 9, 2013 at 4:00 pm

      အချဉ်ဖမ်းမယ်ဆိုလဲ သိက်ခါရှိရှိလေးပေါ့ဆြာခေါင်ရယ်နော့။ အဲလိုလေးဖြစ်စေချင်တာပါ။ အခုဟာက သူလိုဈေးရောင်းပါးဝနေတဲ့သူမပြောနဲ့ ကျွန်မတောင် ဒီအတွဲကိုမှန်းမိတယ်။ ဘယ်တိုးကုန်ပဏီနဲ့မှချိတ်မ ထားပဲ ပရိုက်ဗိတ်ဂိုက်တောင်မပါပဲ နှစ်ယောက်ထဲလာတာ။ မြန်မာအကြောင်းကို မွတ်နေအောင်လေ့ လာပြီး မြေပုံတခုကိုင်ပြီး မှလာတယ်ဆိုတာအရမ်းထင်ရှားပါလျှက်နဲ့ ကြည့်မလုပ်ဘူး။

      • sorrow weaver

        November 10, 2013 at 5:04 pm

        လွန်လေပြီးသောကာလ နှစ်နှစ်သုံးနှစ်လောက် ကာလက …Lonely planet မှာဘယ်လိုရေးထားသတုန်းသိလား..မမ…ငွေလဲရင် ဧမာနွေလ ဘုရားကျောင်းနားမှာလဲပါ ။ အစိုးရကောင်တာတွေဆီမှာမလဲပါနဲ့လို့ ရေးထားသဗျာ ။ ရုံးမှာလာအလုပ်လုပ်တဲ့ အဖြူကောင် က လာပြတာ..ရှက်လွန်းလို့ အခွက်တောင်ဘယ်နားထားရမလဲမသိ…. 🙁

        ဂုဏ်ယူစရာလေးပြောလိုက်ပါအုံးမယ်…ဗမာသူဌေးကုန်ပဏီမှာလုပ်နေတီ.. ကျော်တို့ဆီမှာ အဖြူကောင်တွေ အညိုကောင်တွေ ဂျာပွန်တွေပါအလုပ်ခန့်ထားတီ အာဟိ …အဲ့ကောင်တွေ ဗမာဆိုအထင်သေးတဲ့စကားမပြောရဲဘူး….စားနေတာ ဗမာသူဌေးကျွေးတဲ့လစာလေ…အဟိဟိ

        • TNA

          November 11, 2013 at 11:02 am

          ပြောရရင်တော့ ကုန်နိုင်ဖွယ်မရှိပါပဲ။ ဗမာသူဌေးကျွေးနေတာမို့ မကောင်းမပြော တာပါအေ။ နိုင်ငံခြားသားသူဌေးဆီမှာလုပ်နေတဲ့ မလေးတရုတ်ဆိုမြန်မာတွေကိုနှိမ့်ချလိုက် သမှ ရိုက်တောင်ပစ်လိုက်ချင်တယ်။ ဘာတဲ့ လေဆိပ်ထဲဝင်လာကတဲက ပုဆိုးတွေနဲ့တွေ့ လိုက်ရတာ စိတ်ပျက်စရာဆိုတာကနေအစချီတော့တာပဲ။

  • Ma Ma

    November 9, 2013 at 9:54 am

    နိုင်ငံခြားသားမို့ ဈေးတင်တယ်မထင်နဲ့။
    ပြည်တွင်းကလူလည်း ဈေးမသိရင် အချဉ်မိမှာပဲ။
    အဲဒါကြောင့် ဈေးသွားနေကျ ဝယ်နေကျ မဟုတ်ရင် ဈေးဆစ်စရာမလိုတဲ့ စူပါမားကက်တွေမှာ ဈေးဝယ်ရတာ စိတ်ချမ်းသာတယ်။ 🙂

    • TNA

      November 9, 2013 at 4:02 pm

      ပြောမနေပါနဲ့ မမရေ။ ကျွန်မဆရာတစ်ယောက် ဖိနပ်သွားဝယ်တာ။ ခုနစ်သောင်းခွဲတဲ့ သူက နှစ်သောင်းခွဲဆစ်တာ ပေးလိုက်တယ်တဲ့။ ကျွန်မကတော့ဗိုလ်ချုပ်ဈေးမှာဈေးဆစ်ရမှာခေါင်းကိုက်လို့ ဘယ် တော့မှမဝယ်ဘူး။

  • alinsett

    November 9, 2013 at 2:14 pm

    အင်းးးးးး
    ဖတ်ဖူးတဲ့ဟာသလေးတစ်ပုဒ် သတိရသွားလို ့ပြန်ပြောပြပါဦးမယ်။
    🙂
    တခါတုန်းက
    ရှေးဟောင်းပစ္စည်းအရောင်းဆိုင်တစ်ခုထဲမှာပေါ့

    ဈေးဝယ်သူက လူအရိုးခေါင်းတစ်ခေါင်းကို ဈေးနှုန်းမေးတယ်။
    ရောင်းသူက ဒေါ်လာတစ်ရာ
    လို ့ပြောတယ်
    ဒါ ဘယ်သူ ့အရိုးခေါင်းမို ့လို ့
    လဲလို ့ပြန်မေးတော့
    ဒိုင်ယာနာရဲ့ခေါင်းခွံ ပါတဲ့

    နောက်ထပ်ခေါင်းခွံ ခပ်သေးသေးတစ်ခုကို ဘယ်လောက်လဲလို့ ့ထပ်မေးပြန်တယ်

    ရောင်းသူကလည်း စိတ်ရှည်ပါတယ်။ ဒေါ်လာငါးဆယ် ပါတဲ့

    ဒါကကော ဘယ်သူ ့ခေါင်းခွံလဲလို ့ဝယ်သူက မေးတော့ ပြန်ရှင်းပြတယ်

    ဒိုင်ယာနာငယ်ငယ်တုန်းက ခေါင်းခွံပါ တဲ့

    *******

    🙂

    ဘာရယ်မဟုတ်
    အဲဒီ ဟာသလေး သတိရသွားလို ့

    • TNA

      November 9, 2013 at 4:03 pm

      အခုလဲ ၂၁ ဒေါ်လာကနေ နှစ်ဒေါ်လာတန်းဆင်းသွားတာ ဘယ်သစ်သားနဲ့လုပ်လို့ပါလိ်မ့် :mrgreen:

  • ကပ္ပိယ သာဒင်​

    November 9, 2013 at 2:44 pm

    ဒါဆို ဗိုလ်​ချုပ်​​ဈေးက​ပြောတဲ့​ဈေးကို တစ်​ဆယ်​နဲ့စားပြီး ​ဈေး​ပေးရ​တော့မယ်​

    • TNA

      November 9, 2013 at 4:04 pm

      တကယ်ပါ မျက်နှာဗျောင်တိုက်ပီးသာဆစ်ချ အားမနာနဲ့။

  • ဦးဦးပါလေရာ

    November 10, 2013 at 3:15 pm

    ဈေးတင်ပြီးမှ ဈေးဆစ်ရင် လျှော့ပေးတာချင်းတူရင်
    နိုင်ငံခြားသားဆို လိုက်လိုက်လျောလျောရျိသေးတယ်-
    ကိုယ့် မြန်မာချင်းများဆို ဈေးဆစ်လို်က်တာနဲ့ စိတ်ဆိုးပြ စိတ်ပျက်ပြရတာနဲ့၊ လူကို ခနိုးခနဲ့ စော်ကားမော်ကား မထိခလုပ်ထိခလုပ် ပြောရတာနဲ့…

    ကျုပ်ကတော့ ဗိုလ်ချုပ်ဈေးထဲကို အနောက်ဆောင်ကြားက အစုံသုတ်နဲ့ သုံးရောင်ချယ် မုန့်စိမ်းပေါင်းဝယ်စားဖို့ပဲ သွားတယ်
    ဈေးဝယ်ဖို့ကတော့ ဆောရီး ဗျောတီး…..

    • TNA

      November 10, 2013 at 4:00 pm

      ဟုတ်တယ်ဦးပါရေ။ မြန်မာတွေများဈေးဆစ်မိရင် မတန်မရာလာမေးတဲ့ပုံစံမျိုး ဝယ်နိုင်မှာလားဆိုတဲ့ဒီဇိုင်းမျိုး နဲ့။ ကျွန်မကတော့ဗိုလ်ချုပ်ဈေးကို မုန့်ဟင်းခါးထုပ်ဝယ်ချင်မှသွားတယ်။ ကျန်တာတော့ တခြားမှာပဲဝယ်တယ်။

  • လုံမလေးမွန်မွန်

    November 10, 2013 at 3:22 pm

    အူးခေါင်ပြောဖူးတာလား မသိဘူး….
    နိုင်ငံခြားငွေနဲ့ မြန်မာငွေနဲ့က ကွာခြားချက်များတော့ ကိုယ်တွေရဲ့ ဈေးက သူတို့အတွက်ကတော့ ပေါပေါလောလောလို့ ထင်သွားတာတွေရှိတယ်.. အဲဒီလိုပဲ.. နိုင်ငံခြားသားဆိုရင် တောင်းပစ်လိုက်မယ်ဟဲ့ ဆိုတာတွေလည်းရှိတယ်…
    ဆိုတော့ ကိုယ့်နိုင်ငံမှာဈေးဝယ်ရင် ပြည်တွင်းငွေပဲသုံးရမယ်ဆိုတာမျိုး လုပ်လိုက်ရင်ရောဟင်င် 🙄

    • TNA

      November 10, 2013 at 4:05 pm

      အောင်မယ်လေး ကိုယ့်ဟာကိုယ်လာတဲ့နိုင်ငံခြားသားတွေကလဲလည်မှလည် ရောက်တာနဲ့မြန်မာငွေ လဲပြီး မြန်မာငွေနဲ့ပဲစကားပြောတာ။ တရာနှစ်ရာ တထောင်နှစ်ထောင် အကုန်သိသတော့။

  • အဘ ဘုတ်ကလုံ

    November 10, 2013 at 4:19 pm

    သမီးလေးသဲနု နားပါလိုက်တာကွယ်။ အသက်နဲ့တောင် မလိုက်ဘူးနော်။ အဘဘုတ်ဆို ဘာမှကြားရမယ်မထင်ဘူး။
    အင်း… အင်း.. ခက်နေတာက မြန်မာဈေးသည် တွေအများစုက နိုင်ငံခြားသားတွေဆို ဈေးတင်လို့ရမယ်
    ဂျင်းထည့်လို့ရမယ်ထင်နေတာ..။ တကယ်က ဟိုက ကမာ္ဘပတ်နေတာ..
    အရင်းရှင်နိုင်ငံတွေ အမွဲနိုင်ငံတွေကို ဘယ်လို ခေါင်းပုံထိန်းထားလဲ တကွက်ကျော်မမြင်ဘူး။
    ရိုးသားခြင်းဟာ အကောင်းဆုံး မြင့်မြတ် ကျော်ကြားမှုပါကွယ်။ အဘဘုတ်လေး
    ကို်ယ့်လူမျိုးတွေကို ရိုးသားစေချင်တယ်။ မှန်ကန်စေချင်တယ်။ အဲ့လို စစ်မှ
    အဘဘုတ်တို့ တကယ်ဒီမိုကရေစီကို တက်လှမ်းနိုင်လိမ့်မယ်ကွဲ့

    • TNA

      November 11, 2013 at 9:56 am

      နားပါးတာမဟုတ်ဘူးအဘရေ။ ဗိုလ်ချုပ်ဈေးတန်းထဲကဆိုင်တွေက မျက်နှာချင်းဆိုင်ကပ်နေတာကိုး။ အဲတော့ မကြားချင်ပဲကြားနေရတာရယ်။ မတင်နဲ့မပြောလိုပါဘူးအဘရယ်။ တင်ပါ။ ကြည့်ကောင်းအောင် ငါးဒေါ်လာလောက်ဆိုမဆိုးဘူးလားလို့။ ဟိုကဆစ်တော့လဲရုပ်မပျက်ဘူးပေါ့နော့။ မဆစ်တော့လဲ ပဲခူးမှာဆို ၅၀ဝ လောက်ပဲပေးရတဲ့အရုပ်ကလေးမို့ သူအတော်မြတ်ပါတယ်။ အဲဒါကိုတအားလောဘကြီးတာ ကျွန်မဖြင့်ရှက်လိုက်တာ။

  • kyeemite

    November 11, 2013 at 9:41 am

    အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    ဗိုလ်ချုပ်ဈေးများ..ကိုယ်နဲ့မဆိုင်သလိုနေလာတာ ကြာပေါ့

    • TNA

      November 11, 2013 at 9:58 am

      သူများခေါ်လို့လိုက်သွားတာပါဦးမိုက်ရေ။ ကျွန်မလဲ ဗိုလ်ချုပ်ဈေးကိုဘာမှမဝယ်ဘူးလို့ဆုံးဖြတ်ထားတာရယ်။ မုန့်ဟင်းခါးထုပ်ကလေးပဲဝယ်တာ။ ကျန်တာတော့အဝေးကသာရှောင်ပါတယ်။

  • ရဲစည်

    November 12, 2013 at 7:41 pm

    အင်း … ဘယ်လိုပြောရမလဲပေါ့နော် …
    အနော့်အမြင်ကတော့ ၂ဒေါ်လာတန်တာကို ဒေါ်လာ၂ဝလိုချင်ရင် ..
    ရွှန်းရွှန်းဝေအောင် ရွှီးတတ်ဖို့လိုတယ်ပေါ့
    ဟာ ဒါရိုးရိုးသစ်သား မဟုတ်ဘူး ဘာ … ညာပေါ့
    ဆိုတော့
    အဲ့လို မဟုတ်ရင်ဖြင့် သိက္ခာရှိရှိ ရောင်းတာမှ ပိုကောင်းမယ်ထင်၏ …. ။

    • TNA

      November 25, 2013 at 5:20 pm

      အင်္ဂလိပ်လိုကလဲရွှန်းရွှန်းဝေအောင်တတ်ဟန်မရှိဘူး ဆိုင်ရှင်က။ နဲနဲပါးပါးလောက်ပဲတတ်ပုံရတယ်။ ရွှန်းရွှန်းဝေအောင်ပြောရင်တောင်ခံသာသေး အခုဟာက ရှက်လိုက်တာကိုအရမ်းပဲ။

Leave a Reply