ကျနော် အသက် (၂၀) တုန်းက …
ကျနော် အသက် (၂၀) တုန်းက …
အားအင်အပြည့်နဲ့ လူငယ်တစ်ယောက်ပေါ့။
ကျနော် အသက် (၂၀) တုန်းက …
ကျောင်းသားဘဝကို အဆုံးသတ်ခဲ့တယ်။
ကျနော် အသက် (၂၀) တုန်းက …
လုပ်ငန်းခွင်ကို စ ဝင်ခဲ့တယ်။
ကျနော် အသက် (၂၀) တုန်းက …
ပြင်ပလောကကြီးကို အမြင်တစ်မျိုးနဲ့ ကြည့်တတ်နေပြီ။
ကျနော် အသက် (၂၀) တုန်းက …
မထင်မှတ်တဲ့နေရာတွေက ထင်မှတ်မထားတဲ့သူတွေနဲ့ ခင်မင်ခွင့်ရခဲ့တယ်။
ကျနော် အသက် (၂၀) တုန်းက …
သူတို့ဆီကနေပဲ အကူအညီတွေ၊ အားပေးစကားတွေ၊ လောကအကြောင်းတွေကို သိခွင့်ရခဲ့တယ်။
ကျနော် အသက် (၂၀) တုန်းက …
ဘဝရည်မှန်းချက် ဝေဝါးဝါးကို ပို ထင်ရှားအောင် ပုံစဖော်နေပြီ။
ကျနော် အသက် (၂၀) တုန်းက …
ရှေ့ဆက်မယ့် လမ်းအတွက် ခြေလှမ်းတချို့ကို စ လှမ်းခဲ့ပြီးပြီ။
ကျနော် အသက် (၂၀) တုန်းက …
ကိုယ်ရွေးတဲ့လမ်းကို မှန်သလား မှားသလား သံသယ ဝင်ခဲ့ဖူးပြီ။
ကျနော် အသက် (၂၀) တုန်းက …
ရှေ့ဆက်ဖို့ တွေးထားတာတွေကို နောက်ဆုတ်ခဲ့ရဖူးတယ်။
ကျနော် အသက် (၂၀) တုန်းက …
ဆုံးရှုံးမှုတွေကိုလဲ ကြုံခဲ့ဖူးတယ်။
ကျနော် အသက် (၂၀) တုန်းက …
ပတ်ဝန်းကျင်ကို ကောင်းကောင်း ဂရုစိုက်တတ်ခဲ့တယ်။
ကျနော် အသက် (၂၀) တုန်းက …
အိမ်တွင်းပြဿနာတွေကို စပြီး စိတ်ပူတတ်ခဲ့တယ်။
ကျနော် အသက် (၂၀) တုန်းက …
လူတွေအကြောင်း တဖြည်းဖြည်း ပိုသိလာခဲ့တယ်။
ကျနော် အသက် (၂၀) တုန်းက …
ရွယ်တူတချို့ထက် ရှေ့ကို ကြိုမြင်နေပြီ။
ကျနော် အသက် (၂၀) တုန်းက …
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ဖို့ အစပြုတုန်းပဲ ရှိသေးတယ်။
ကျနော် အသက် (၂၀) တုန်းက …
အိမ်ရဲ့ အထောက်အပံ့ကိုတော့ လက်ဖြန့်ခံနေရတုန်းပဲ။
ကျနော် အသက် (၂၀) တုန်းက …
အပေါင်းအသင်းတွေရဲ့ အဆင်မပြေမှုတွေကို အတူပေါင်းလို့ အဖြေရှာပေးခဲ့ဖူးတယ်။
ကျနော် အသက် (၂၀) တုန်းက …
အပေါင်းအသင်း မမှားခဲ့တာတော့ သေချာတယ်။
ကျနော် အသက် (၂၀) တုန်းက …
လူမှုရေးကိစ္စတွေကိုတော့ နားမလည်သေးပါဘူး။
ကျနော် အသက် (၂၀) တုန်းက …
နိုင်ငံရေးကိုတော့ စိတ်ဝင်စားစ ပြုနေပြီ။
ကျနော် အသက် (၂၀) တုန်းက …
ဘာသာရေးအကြောင်း ဟိုတစ်စ ဒီတစ်စ တွေးလာပြီ။
ကျနော် အသက် (၂၀) တုန်းက …
တခြားဘာသာအကြောင်းတွေကိုလည်း စူးစမ်းနေမိပြန်တယ်။
ကျနော် အသက် (၂၀) တုန်းက …
ငါးပါးသီလ မလုံသေးတာတော့ ဝန်ခံပါတယ်။
ကျနော် အသက် (၂၀) တုန်းက …
ရှေးရိုးစွဲနဲ့ ခတ်သစ်အယူအဆတွေကြား လူးလာခေါက်တုံ့ ဖြစ်ခဲ့ဖူးတယ်။
ကျနော် အသက် (၂၀) တုန်းက …
ခေတ်မီတာနဲ့ ခတ်ဆန်တာကိုတော့ ခွဲသိနေပြီလို့ ထင်တာပဲ။
ကျနော် အသက် (၂၀) တုန်းက …
အစွန်းရောက် တစ်ဦးတော့ မဟုတ်ခဲ့ဘူး။
ကျနော် အသက် (၂၀) တုန်းက …
ဂျစ်ကန်ကန်နဲ့ မခန့်လေးစား အပြုအမူတွေလည်း လုပ်ခဲ့ဖူးသပေါ့။
ကျနော် အသက် (၂၀) တုန်းက …
ဟော့ဟော့ရမ်းရမ်း လူငယ်တစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။
ကျနော် အသက် (၂၀) တုန်းက …
အခွင့်အရေးတွေကို ဖမ်းယူဖို့ တွန့်နေခဲ့ဖူးတယ်။
ကျနော် အသက် (၂၀) တုန်းက …
မျောက်သစ်ကိုင်းလွတ် မဖြစ်အောင်တော့ နေတတ်ခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ်…
ကျနော် အသက် (၂၀) တုန်းက ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုက သာမန်လူငယ်တစ်ယောက်ထက် ဘာမှ ပိုမနေခဲ့တာတော့ သေချာပါတယ်။
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တလူ့ပြည်)
53 comments
TNA
November 23, 2013 at 4:21 pm
အင်း နာ အသက် ၂ဝ တုန်းကဘာလုပ်ခဲ့ပါလိမ့်။ ငါအသက် ၂ဝ ဆိုတော့ အောင်မယ်ငိ ဒုတိယံပိ ကျောင်းသားအရေးအခင်းမှာ အသက်လုပြေးခဲ့ရသကိုး မှတ်မိပီမှတ်မိပီ။ ၁၉၉၆ အင်း ဘယ်လိုမှ မမေ့နိုင်တဲ့နှစ်ပေါ့ကွယ်။ အဲဒါအသက် ၂၀။ ချာချာဒုံကလေးအဆိုအရ စစ်တပ်ရဲ့ကျေးဇူးကြွေးတင်ခဲ့ တဲ့ နှစ်ပေါ့။ 😥
Mr. MarGa
November 23, 2013 at 4:26 pm
နောက်ဆုံးတော့
တိုင်းပြည် ချောက်ထဲကျမှာ စိုးလို့
ထပ်မံကယ်တင်ခံလိုက်ရတယ်ပေါ့
စကားမစပ် အဲဒီတုန်းက အတွေ့အကြုံလေးတွေ သိချင်သဗျာ….
ရေးစေချင်စမ်းပါဘိ….
TNA
November 23, 2013 at 4:58 pm
http://myanmargazette.net/134156
အိုက်မယ် ဖတ်ကျိ
Mr. MarGa
November 23, 2013 at 5:38 pm
နောက် နှစ်ရက်လောက် ခရီးမှာ ထပ် ကြာသွားရင်
တစ်မျိုး ဖြစ်သွားနိုင်တယ် နော်……
မဟာရာဇာ အံစာတုံး
November 23, 2013 at 4:57 pm
နင် တစ်ခု မေ့နေခဲ့သေးတယ် …
ကျနော် အတက် ၂ဝ ဒုန်းက
မဟာရာဇာ အံစာတုံးကို ချာကြီး အခါ ၁၀၀ဝ ခေါ်ခဲ့ရတယ် ….။
အိုက်ဒါ .. အိုက်ဒါ …
ဟီဟိ
Mr. MarGa
November 23, 2013 at 5:15 pm
ဟုတ်ပ
အခါ (၁၀၀၀) တောင် ကျော်ဦးမယ်
ချာလွန်းလို့ ချာကြီး ချာကြီးနဲ့ ခေါ်ရတာလေ…. :mrgreenn:
ဗုံဗုံ
November 23, 2013 at 7:36 pm
နင့်အသက်20 တုန်းက ဆိုတော့……
အဲ့တုန်းက နင် အိမ်ထောင်မကျသေးဘူးနော်…
အော်..အေး ဟုတ်သားဘဲ…
အခုဆို အကြီးကောင်လေးတောင်
သဂျိုုးဖြစ်နေပြီဘဲ…
ဂျူးနဲ ့ဘာမှ မဆိုင်တဲ့ ရာဂျူး
November 23, 2013 at 7:47 pm
နာ..အသက်နှစ်ဆယ်တုန်းကတော့….
ဆရာကြိ်ီးပီမိုးနင်းရဲ ့ တက်ကျမ်းတွေ..ကို..ဖတ်ပြီး..
တက်ကြွသလိုလို… ကြက်ဖလိုလို ဖြစ်နေတာ..ပဲ..။
:kwi:
Mr. MarGa
November 25, 2013 at 2:28 pm
လှေကားတွေ့ရင် တက်ချင်စိတ်တွေ တဖွားဖွားးနဲ့ပေါ့ ဟလား…
Mr. MarGa
November 25, 2013 at 2:33 pm
ဒီမှာ ဂျီးဒေါ်ဗုံ
သူများသာ ပြောနေ
ဂျီးဒေါ် အသက်နှစ်ဆယ်တုန်းက ဘာတွေလုပ်နေလဲ
ဗုံဗုံ
November 25, 2013 at 7:54 pm
နာ့ အသက်နှစ်ဆယ်တုန်းကလား
သေချာတာတော့ ရည်းစားမရှိတာဘဲ….
ဂိမ်းဆော့နေတုန်းချိသေးဒယ်…
အဲ့တုန်းက ဘာမှသိဘူး
အခုလည်းဘာမှသိဘူး…
sorrow weaver
November 25, 2013 at 9:45 am
နာအသက်နှစ်ဆယ်တုန်းက ဆိုတာမျိုး က နောက်နှစ်နှစ်မှပြောလို့ရမှာ…အဟိဟိ….ခုမှ 18
Mr. MarGa
November 25, 2013 at 2:35 pm
အဲဒါကို နှစ်ဆယ်ထပ်ပေါင်းပေးရမှာလားဟင်
(သူများတွေ 18 ဆို ယုံတယ် နင့်တော့ မယုံ) :mrgreenn:
လုံမလေးမွန်မွန်
November 25, 2013 at 9:53 am
ငါ အသက် ၂ဝ တုန်းက ရည်းစားလက်မဲ့ဖြစ်နေတယ် … 🙂
ဘာပဲဖြစ်ဖြစ် အသက် ၂ဝ လူငယ်တစ်ယောက်အနေနဲ့ ဦးမာဃက တော်တယ်ပြောရမယ်၊…
Mr. MarGa
November 25, 2013 at 2:43 pm
ရည်းစားလက်မဲ့ ဆိုတာကို အဓိပ္ပါယ်ဖွင့်ကြည့်လိုက်တော့
ဟိုမရောက် ဒီမရောက် ကြားကာလလို့ နားလည်သွားတယ်
အိုက်ဒါ ဟုတ်လားဟင်…
ဒါနဲ့
တော်တယ် မတော်ဘူး ဆိုတာကို
ဘယ်ပေတံနဲ့များ တိုင်းလိုက်ပါလိမ့်ဗျာ…… :kwi:
ဦးကြောင်ကြီး
November 25, 2013 at 10:45 am
အသက်၂ဝတုံးက ကောင်းကောင်းထုခဲ့တယ်.. ဆိတ်ပါလက်ပါ ထုခဲ့တာ၊ တက်ကြွတဲ့ ကြက်ဖအရွယ်ကွာ.. တီးပစ်မယ် ဆော်ပစ်မယ် ဆိုဒါကြီးဗဲ..။ သာမီးလေးတွေ အပြစ်လည်း မကင်းဘူး.. သူတို့က ကလူအိသို့ မြူအိသို့ တယ်လုပ်သကိုး.. လိုက်လေ ဝေးလေ ဆိုဒေါ့ ဒေါကန်ပီး စားပွဲခုံကို တဒုန်းဒုန်း ထုမိတောဒါပေါ့.. ကမာဃရော ထုဖြစ်တယ် မဟုတ်လား.. ဓာတ်ပုံထဲမှာ နားထင်တွေကို ချိုင့်လို့.. ကျန်းမာရေး ဂရုစိုက်ပါ..။
Mr. MarGa
November 25, 2013 at 3:10 pm
တိန်
တော်သေးတာပေါ့ စားပွဲခုံပဲ ထုလို့
ကျနော်ကတော့ ရင်ပဲ ထုတာပါဗျာ
မော်ဒယ်လေးတွေ ငါနဲ့မှ လွဲလေခြင်း ဆိုပြီး
ရင်ထုမနာ ဖြစ်လွန်းလို့
kyeemite
November 25, 2013 at 11:27 am
ကျုပ်အသက်နှစ်ဆယ်တုန်းကတော့ ရဲဇားတစ်ယောက်ရှိနေပြီ..လွမ်းတောင်လွမ်းသွားတယ် 😀
Mr. MarGa
November 25, 2013 at 3:15 pm
အခုလောက်ဆို ဘယ်များရောက်နေပါလိမ့်နော်…. :mrgreenn:
Foreign Resident
November 25, 2013 at 12:37 pm
အဘ က အသက် ၂ဝ မှာ ၊ သင်္ဘောပေါ် ရောက်နေပြီကွဲ့ ။
အထုထောင်း ၊ အနှိပ်စက်ခံ Cadet လေးဘဝနှင့်ပေါ့ ။
ဒီလိုပါဘဲ ၊ စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရတဲ့ အချိန်တွေပေါ့ ။
Mr. MarGa
November 25, 2013 at 3:31 pm
အဘရေ
အသက် ၂ဝ မှာ Cadet ဆိုတော့
ဘယ်အရွယ်မှာ Captain ဖြစ်တာလဲဟင်
ဘယ်နှနှစ်လောက် ကြိုးစားလိုက်ရတယ်ဆိုတာ သိချင်လို့ပါဗျ
Foreign Resident
November 26, 2013 at 6:39 am
Mr. MarGa says:
” အဘရေ
အသက် ၂ဝ မှာ Cadet ဆိုတော့
ဘယ်အရွယ်မှာ Captain ဖြစ်တာလဲဟင် ”
ပုံမှန်လေးသာ ကြိုးစားသွားရင်တော့ ၊
၂ဝ လောက်မှာ Cadet နှင့် သင်္ဘော စ လိုက်တဲ့ သူတွေဟာ ၊
၃၅ လောက်မှာ Captain ဖြစ်ကြပါတယ် ။
Mr. MarGa
November 26, 2013 at 6:37 pm
ကျေးကျေးပါ အဘ
ဗဟုသုတ တစ်ခု တိုးသွားပါတယ်။
ပညာရပ်တစ်ခုမှာ ကျွမ်းကျင်ဖို့ ဆယ်စုနှစ်တစ်ခုလောက် အချိန်ပေးရတဲ့သဘောပေါ့…
•*¨နန်းတော်ရာသူ •*¨
November 25, 2013 at 7:08 pm
အသက်၂ဝတုန်းက တက္ကသိုလ်မှာဗိုလ်ကျနေသည်
အသက်၂ဝတုန်းက သူငယ်ချင်းတွေနဲ့အသကုန်ကဲသည်
အသက်၂ဝတုန်းက ရဲဇား၂ယောက်နဲ့ကွဲခဲ့ပြီးပြီ
အသက်၂ဝတုန်းက လေယာဉ်မယ်လည်းပြုတ်ကျဖူးသည်
အသက်၂ဝတုန်းက ………………………………………
အသက်၂ဝတုန်းက ………………………………………
အသက်၂ဝတုန်းက ………………………………………
အသက်၂ဝတုန်းက ………………………………………
အသက်၂ဝတုန်းက ………………………………………
အသက်၂ဝတုန်းက ………………………………………
အသက်၂ဝတုန်းက ………………………………………
အသက်၂ဝတုန်းက ………………………………………
အသက်၂ဝတုန်းက ………………………………………
အသက်၂ဝတုန်းက ………………………………………
အသက်၂ဝတုန်းက ………………………………………
အသက်၂ဝတုန်းက ………………………………………
အသက်၂ဝတုန်းက ………………………………………
Mr. MarGa
November 25, 2013 at 7:37 pm
ဒါဆိုရင် တမျိုးပြောင်းမယ် ယောက်ခမ
အသက် ၃ဝ တုန်းက………
:mrgreenn:
Don Juan Ronald
November 25, 2013 at 7:29 pm
အသက် ၂ဝ တုန်း က စံရွှေမြင့် ကာတွန်း ကို ဖတ် နေ တယ် ။
Mr. MarGa
November 25, 2013 at 7:39 pm
ကောင်းပါလေ့ ဦးယေးရယ်
အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းပေါ့…. 🙂
ဦးကျောက်ခဲ
November 25, 2013 at 8:25 pm
ကျောက်စ် အသက် ၂ဝတုန်းက…
အိမ်ပေါ်က အမွေပြတ်ကန်ချခံရလို့ ဆင်းရဲချင်းကြီးစွာနဲ့ အသက်မွေးရတယ်…
လမ်းဘေးမှာ မော်တော်ကား ရေဆေးဖူးတယ်၊ အောက်ဆိုက်ကားမောင်းဖူးတယ်…
မီးကြိုးရိုက်ဖူးတယ်၊ ဝက်ရှော့လုပ်သားဖြစ်ဖူးတယ်၊ ထမင်းငတ်ဖူးတယ်…
ပြောတော့ပါဘူး… 😀
Mr. MarGa
November 26, 2013 at 6:17 pm
အင်းးး
တို့ ဦးကျောက်လဲ ဘဝ အတော်စုံတာပဲ
ဒါဆို အတွေ့အကြုံလဲ စုံမယ့်ပုံ
အားကျပါဘိ….. :mrgreenn:
Phoe Thitsar
November 25, 2013 at 9:38 pm
ဖိုးသစ္စာတို့ကတော့ အသက်၂ဝ မှာ အမရာတစ်ယောက်ကို တစ်ကောက်ကောက် လိုက်ပိုးနေတာပေါ့
သူသာယောက်ျားရသွားတယ် ကိုကတော့ အရင်အတိုင်း ၎င်းအတိုင်း
Mr. MarGa
November 26, 2013 at 6:20 pm
ဒါဆိုရင်
အခုထိ
အရင်လိုပဲ အရင်အတိုင်းပဲ မပြောင်းလဲသေးပါ ပေါ့ 🙂
အဘရဟူဒီ
November 25, 2013 at 11:59 pm
အသက် ၂ဝ တုန်းက သူ့ အသက်၂ဝ မှာ အရည်အချင်း အသက် ၄ဝ စာ လို့ လူတွေ ချီးကျူးကြတဲ့ ဘဲနာတကောင် ကို လေးစားအားကျဖူးတယ်…
သေချာတာက အဲ့ထက် ၁ဝနှစ်စောပြီး သူ့ပရိတ်သတ်ဖြစ်မှန်းမသိ ဖြစ်ခဲ့ဖူးတာ အင်း … အဲ့အသက်၂ဝ ကပြန်တွက်ရင်
နောင် အနှစ် ၂ဝ ကြာတောင် ရုန်းထွက်နိုင်မယ်မထင်ဘူးရယ်…
အော်… မိုက်ကယ် ဒဲလ် အကြောင်းပြောပါတယ်…
Mr. MarGa
November 26, 2013 at 6:24 pm
ဪ….
မိုက်ကယ် ဒဲလ် တဲ့လား….
ဒါပေမင့်ဗျာ
သူ့ လက်ပကျွတ်တွေက အမြင် ရိုးလွန်းနေသလား လို့
ကျန်တဲ့ OEM တွေကတော့
လန်းချက်…..
KZ
November 26, 2013 at 8:59 am
အသက် ၂ဝ တုန်းက ဘာ မဆို အလေး အနက် ထားတတ်တဲ့ သူ တစ်ယောက် ပေါ့ကွယ်။
အသက် ၃ဝ ကျတော့ ဘာမဆို ခပ်ပေါ့ပေါ့ပဲ တွေးတတ်တော့တယ်။
အဲလာ ရင့်ကျက်လာတာလားဟမ်?
:kwi:
sorrow weaver
November 26, 2013 at 9:21 am
လွတ်တွားတာ..အဲ့တာ ပလပ်လွတ်သွားတာ…အဟီးဟီး
KZ
November 26, 2013 at 9:37 am
အချင်းချင်း အဲလို မပြောသင့်ပါဘူး ယောက်ဖ ရယ်။
:kwi:
Wow
November 26, 2013 at 9:46 am
၃ဝ ကျော်သွားတော့ ဘူ့မ တောက်ခရု စိုက်ချင်တော့ဝူး … ပိုရင့်ကျက်လာဒါ
KZ
November 26, 2013 at 9:50 am
အဲ့ တိုင်း သာ ဆက်သွားးးးးးး ၄ဝ မှာ သူဘုန် ဗို ဖစ်ပြီ။
Mr. MarGa
November 26, 2013 at 6:31 pm
အသက်ကြီးလေ အရိုးရင့်လေဆိုတာ ဒါမျိုးနေမှာ…… :mrgreenn:
ဦးကြောင်ကြီး
November 26, 2013 at 9:53 am
အဲတာ ကြက်ရင့်လာသာ ခေါ်ဒယ်..
Mr. MarGa
November 26, 2013 at 6:27 pm
ဟုတ်ဖူးဗျ
အတွေ့အကြုံက စကားပြောပေးသွားတာ
ဘယ်နေရာမှာ ဘယ်လိုလုပ်သင့်တယ် ဆိုတာကို
သူ့အလိုလို သိနေတဲ့အထိ
အကျင့်ပါ သွားလို့ :mrgreenn:
Paing Lay
November 27, 2013 at 7:34 pm
အနော် အသက် ၂ဝ ပြည့်တုန်းက အခြေအနေနဲ့ အချိန်အခါကို ကြည့်တတ်လာတယ်။ သို့ပေသိ အထာ ကောင်းကောင်း မနပ်သေးပါ ဒချိ ဒချိ 😀 😀
Mr. MarGa
October 2, 2014 at 7:24 pm
အဲဒါ အတွေ့အကြုံပဲ 🙂
ဦးကြောင်ကြီး
November 28, 2013 at 12:36 pm
န အသက် နှစ်ဆယ်မှာ..
၁။ အသဲကွီးခဲ့ဖူးပီ (အဲဒီစော် ခုထိ အာပြိုဂျီးဗျ ၊ မျှော်လင့်ဂျက် အကုန်သေးဗူး)
၂။ အရက်၊ မူးယစ် သုံးခဲ့ဖူးပီ (နာမည်ပျက်ယုန်)
၃။ တို့အရေး လုပ်ခဲ့ဖူးပီ (ဝေလေလေနောက်လိုက်အဆင့်)
၄။ ထောင်ဒဲရောက်ခဲ့ဖူးပီ (ဒါလဲ လူထင်ကြီးယုန်)
၅။ ကမ္မဌာန်းရိပ်သာ သုံးလေးကြိမ် ဝင်ခဲ့ပီးပီ (တရားမတွေ့ဂဲ့)
၅။ ဆယ်ဒန်းအောင်ခဲ့ပီးပီ (၁ဝတန်းအောင် နောက်ကျလို့၊ တက္ကသိုလ် တက်ခါနီး (သို့) တက်ခါစ)
၆။ ရုံးမှာစာရေး ဝင်လုပ်နေပီ (ကိုယ်ပိုင်အရည်အချင်းနဲ့ မီဟုတ်)
၇။ ဘီစီမှာဖြေဒဲ့ နိုင်ငံဂျား ဆာတီဖီကိတ် ပညာရေး စနေပီ (ဘဏ်စုဖို့ပေးတဲ့ပိုက်ဆံ အကုန်ပြောင်)
၈။ ကိုယ့်အသုံးစားရိတ် ကိုယ်ရှာနိုင်နေပီ (အောက်ဆိုက်+ဆန်ဖိုးပေါင်းရင် နှစ်လခစာ ရလို့)
၉။ ဆေးလိပ် ဖြတ်ခဲ့ပီးပီ (အရက်၊ မူးယစ် သုံးဖူးယုန်)
၁၀။ ကွန်ပြူတာသင်တန်း တက်ခဲ့ဖူးပီ (အဲဒုံးက lotus spreadsheet)
Mr. MarGa
October 2, 2014 at 7:23 pm
အင်းး
အူးကြောင် ခေသူမဟုတ် :a:
Mr. MarGa
October 2, 2014 at 7:27 pm
ဘာရယ်မဟုတ် ကနေ့ 7Day မှာ ဖတ်မိလို့ ဆွဲပြီး ဆက်စပ်လိုက်တယ် :mrgreenn:
http://7daydaily.com/story/21907#.VC1JG_mSzAQ
ကမာ္ဘကျော် အောင်မြင်ထင်ရှားသူတွေ အသက်(၂၀)ကျော် အရွယ်တုန်းက ………
အောင်မြင်ကျော်ကြားသူတွေမှာ တချို့က ကိုယ်ဘာလုပ်ချင်တယ် ဆိုတာကို ငယ်ငယ်ကတည်းက သိခဲ့တယ်။ အဲဒီ အသိကိုပဲ တစိုက်မတ်မတ် မမှိတ်မသုန် အကောင်အထည်ဖော်တယ်။ တချို့ကတော့ အချိန်ကာလ တစ်ခုမှာ သင့်တော်တဲ့ အပြောင်းအလဲ တစ်ရပ်ရပ်ကို ရှာတွေ့သွားတယ်။ အသက်မွေးဝမ်းကြောင်းအလုပ်နဲ့ ရပ်တည်မှု ပုံစံသစ် တစ်ခုခုကို အစပြုပြီး အောင်မြင်ကြွယ်ဝလာတယ်။
ဘီလျံနာသူဌေး မာ့ခ်ကူဘန်ဟာ သူ့အသက် (၂၅)နှစ် အရွယ်လောက်တုန်းက အရက်ဘား တစ်ခုမှာ ဝန်ထမ်းအဖြစ် အလုပ်လုပ်နေခဲ့တယ်။ Wall Street မှာ လူတကာ လေးစားရတဲ့ အမေရိကန် အမျိုးသမီး လုပ်ငန်းရှင် သူဌေးကြီး မာသာ စတီးဝပ်ဆိုရင် အသက်(၂၅)နှစ် အရွယ်မှာ စတော့ရှယ်ယာ ပွဲစားတစ်ယောက်သာ ဖြစ်နေခဲ့တယ်။ အဲဒီမတိုင်ခင်တုန်းက သူဟာ မော်ဒယ်လ်တစ်ယောက်အဖြစ် ရပ်တည်ဖို့ ကြိုးစားခဲ့သေးတယ်။
ဒါပေမဲ့ သူတို့အားလုံးဟာ အလှည့်အပြောင်း တစ်ခုခုကို ခိုင်ခိုင်မာမာ ရွေးချယ်ရင်း အောင်မြင်လာကြတယ်။ ကြီးပွား တိုးတက်လာကြတယ်။ သူတို့ရဲ့ အသက်(၂၀)ကျော် အရွယ်ဟာ မျက်မှောက်ကာလနဲ့ ခြားနားလွန်းတဲ့ အတိတ်မျိုး ဖြစ်သွားပြီ။ ကမာ္ဘ့အကျော်ကြားဆုံး စာရင်းဝင် လုပ်ငန်းရှင် ပုဂ္ဂိုလ်ကြီး တချို့ရဲ့ အသက်(၂၀)ကျော် ငယ်ဘဝက ဘယ်လိုဘယ်ပုံ ရပ်တည်ခဲ့ဖူးတယ် ဆိုတာကို Business Insider က ဆောင်းပါးတစ်ခု အနေနဲ့ စုစည်းဖော်ပြထားပါတယ်။
မာ့ခ်ကူဘန် (ITနှင့် အားကစားဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်)
How to win at the Sport of Business စာအုပ်မှာ “ကျွန်တော် ဒဲလက်စ်ကို ရောက်လာတော့ အရမ်းရုန်းကန်ခဲ့ရတယ်။ အိပ်ခန်း(၃)ခန်း ပါတဲ့ တိုက်ခန်းတစ်ခုမှာ လူ(၆)ယောက် စုနေပြီး ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရတယ်”လို့ ကူဘန်က ရေးထားခဲ့ပါတယ်။
အသက်(၂၅)နှစ် အရွယ်တုန်းက ကူဘန်ဟာ အင်ဒီယားနား တက္ကသိုလ်ကနေ ဘွဲ့ရပြီး ဒဲလက်စ်ကို ပြောင်းရွှေ့ အခြေချလာပါတယ်။ အဲဒီအချိန်မှာ သူဟာ ဘားဆိုင်တစ်ခုမှာ အရက်စပ်ပေးရတဲ့ ဝန်ထမ်းတစ်ယောက် အဖြစ်သာ ရှိခဲ့တယ်။ နောက်တော့ တစ်ကိုယ်ရည်သုံး PC ကွန်ပျူတာ Software တွေ လက်လီရောင်းချတဲ့ Your Business Software ကုမ္ပဏီမှာ အရောင်းဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့တယ်။ တစ်နှစ် မပြည့်ခင်မှာပဲ အလုပ်ဖြုတ် ခံလိုက်ရတယ်။
အကြောင်းရင်းကတော့ ဖောက်သည် တစ်ယောက်နဲ့ တွေ့ဆုံရာမှာ ကုမ္ပဏီနဲ့ ချိတ်ဆက်ဖို့ထက် ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်ဖို့ အကြံပေးခဲ့လို့ပါ။ ဘာပဲဖြစ်ဖြစ် အဲဒီဖြစ်ရပ်ကနေ သူ့ရဲ့ ပထမဆုံး လုပ်ငန်းဖြစ်တဲ့ MicroSolutions ကို ဖွင့်လှစ်ဖို့ စိတ်ကူးရခဲ့တယ်။ အဲဒီလုပ်ငန်းအတွက် သူ့ရဲ့ အလုပ်ဟောင်း Your Business Software ဆီကနေ အထောက်အပံ့တွေတော့ ရခဲ့ပါတယ်။ (၁၉၉၀)ပြည့်နှစ်မှာ MicroSolutions ကို CompuServe ဆီ ဒေါ်လာ(၆)သန်းနဲ့ ထုတ်ရောင်းလိုက်တော့ ကူဘန်တစ်ယောက် အခွန်နုတ်ပြီး ဒေါ်လာ(၂)သန်းလောက် အမြတ်ထွက်သွားတယ်။
အခုဆိုရင် ကူဘန်ရဲ့ ခန့်မှန်းခြေ ကြွယ်ဝမှုဟာ ဒေါ်လာ (၂.၆)ဘီလီယံလောက် ရှိနေပါပြီ။ သူဟာ ဒဲလက်စ် အခြေစိုက် NBA ဘက်စကက်ဘောအသင်း Dallas Mavericksကိုလည်း ဝယ်ယူထားပါတယ်။
မာသာစတီးဝပ် (စီးပွားရေးလုပ်ငန်းရှင်၊ စာရေးဆရာမ၊ ရုပ်မြင်သံကြား အစီအစဉ်မှူး)
အမေရိကန်မှာ သူ့နာမည်ကို လူတိုင်းလိုလို သိနေတဲ့ အချိန်အခါမျိုး မရောက်ခင်တုန်းက စတီးဝပ်ဟာ Wall Street မှာ သာမန် စတော့ရှယ်ယာ ပွဲစားတစ်ယောက် အနေနဲ့ (၅)နှစ်လောက် အလုပ်လုပ်နေခဲ့ပါတယ်။ အဲဒီမတိုင်ခင်တုန်းက သူဟာ မော်ဒယ်လ်တစ်ယောက်ပါ။
“အဲဒီအချိန်တုန်းက Wall Street မှာ ထဲထဲဝင်ဝင် လှုပ်ရှားနေတဲ့ အမျိုးသမီး အရေအတွက် အရမ်းနည်းသေးတယ်။ ကျွန်မအနေနဲ့ကတော့ အမျိုးသားတွေနဲ့ တူတူညီညီ ယှဉ်ပြိုင်နိုင်စွမ်း မရှိဘူးလို့ ဘယ်တုန်းကမှ မခံစားမိခဲ့ဘူး။ ပြီးတော့ စတော့ရှယ်ယာ ပွဲစားတစ်ယောက် ဘဝမှာ ကျွန်မ အများကြီး ပညာရခဲ့တယ်လို့ ထင်ပါတယ်”လို့ စတီးဝပ်က PBSရဲ့ Makers အစီအစဉ် အင်တာဗျူးမှာ မှတ်ချက်ပေးခဲ့ဖူးပါတယ်။
အခုအချိန်မှာတော့ သူဟာ ဒေါ်လာသန်း(၇၀၀)လောက် ကြွယ်ဝတဲ့ အမျိုးသမီး လုပ်ငန်းရှင်ကြီး ဖြစ်နေပါပြီ။ သူ့လက်အောက်မှာ အရောင်းဆိုင်တွေနဲ့ လုပ်ငန်းအမျိုးမျိုး ရှိနေတယ်။ Martha ဆိုတဲ့ နာမည်နဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကို (၇)နှစ်ကြာ ထုတ်လွှင့်ခဲ့ဖူးပြီး စာရေးဆရာမ တစ်ယောက်အနေနဲ့လည်း အမေရိကန်မှာ Bestseller တန်းဝင်ခဲ့ပါတယ်။ ပြီးတော့ Martha Stewart Living မဂ္ဂဇင်းကိုလည်း ဦးစီးထုတ်ဝေနေပါတယ်။
ရက်ဖ်လော်ရန် (နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ)
Ralph Lauren Corporation အမည်နဲ့ ဖက်ရှင် အဝတ်အထည် ကုမ္ပဏီကြီး တစ်ခုကို မတည်ထောင်နိုင်ခင်တုန်းက လော်ရန်ဟာ စစ်သားတစ်ယောက် ဖြစ်ခဲ့တယ်။ စတိုးဆိုင် ဝန်ထမ်းတစ်ယောက်လည်း ဖြစ်ခဲ့သေးတယ်။
လော်ရန်ကို နယူးယောက်မှာ မွေးဖွားခဲ့ပြီး အဲဒီတုန်းက ရက်ဖ်လစ်ရှစ်ဇ်ဆိုတဲ့ နာမည်နဲ့ပါ။ အသက်(၁၅)နှစ်မှာ မျိုးရိုးနာမည်ကို လော်ရန်အဖြစ် ပြောင်းလဲလိုက်တယ်။ နောက်ပိုင်းမှာတော့ သူ့နာမည် Lifshitz ဆိုတဲ့ စကားလုံးမှာ Shit ဆိုတာ ပါဝင်နေလို့ မကြိုက်တဲ့အကြောင်း လော်ရန်က အော်ပရာ ဝင်းဖရေးကို ပြောပြခဲ့ပါတယ်။ ဘာရုချ်ကောလိပ်မှာ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ အထူးပြု သင်ယူခဲ့ပြီး နောက်တော့ စစ်တပ်ထဲမှာ အမှုထမ်းခဲ့တယ်။ အသက်(၂၄)နှစ်မှာ တပ်ကထွက်ပြီး စတိုးဆိုင် တစ်ခုမှာ အရောင်းဝန်ထမ်း လုပ်ခဲ့တယ်။
သူ့အသက် (၂၆)နှစ်မှာ လော်ရန်ဟာ ဥရောပ အငွေ့အသက် လွှမ်းနေတဲ့ လည်စည်း ဖက်ရှင်ဒီဇိုင်း တစ်ခုကို တီထွင်ခဲ့တယ်။ သူ့မှာ ဖက်ရှင်အမြင် ရှိနေမှန်း သိသွားတဲ့နောက် တန်ဖိုးကြီး ဖက်ရှင်တွေ ထုတ်လုပ်ရောင်းချတဲ့ Neiman Marcus ကုမ္ပဏီက ချိတ်ဆက်လာခဲ့တယ်။ (၁၉၆၇)ခုနှစ်မှာ မက်ဟန်တန်က ဖက်ရှင်လုပ်ငန်းရှင် သူဌေးကြီး နော်မန် ဟီလ်တန်ရဲ့ အထောက်အပံ့နဲ့ ပထမဆုံး လည်စည်း ဖက်ရှင်ဆိုင်ကို လော်ရန် ဖွင့်လှစ်နိုင်ခဲ့တယ်။ အဲဒီကစပြီး Poloဆိုတဲ့ ဖက်ရှင် အမှတ်တံဆိပ်ကို အသက်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့အချိန်မှာတော့ လော်ရန်ရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုဟာ ဒေါ်လာ (၇)ဘီလီယံဖိုးလောက် ရှိနေပါပြီ။
ဂျေကေရိုးလင်း (စာရေးဆရာမ)
ကမာ္ဘကျော် Harry Potter ဇာတ်လမ်းတွေကို ဖန်တီးရေးဖွဲ့ခဲ့သူ အနေနဲ့ ရိုးလင်းကို လူတိုင်းလိုလို သိခဲ့ပြီးသား ဖြစ်မှာပါ။ သူ့အသက် (၂၅)နှစ်လောက် မှော်ဆန်ဆန် ဇာတ်လမ်းတစ်ခုအကြောင်း ပထမဆုံးအကြိမ် စိတ်ကူးရလာခဲ့တယ်။ Harry Potterနဲ့ ပတ်သက်ပြီး ရိုးလင်း စိတ်ကူးမိလာပုံက အဆန်းပါ။ ရထားစီးရမယ့် ခရီးစဉ် တစ်ခုမှာ (၄)နာရီလောက် နောက်ကျနေတဲ့ အချိန်မှာ ဟိုတွေးဒီတွေး စိတ်ကူးယဉ်ရင်း Harry Potter ဇာတ်လမ်းရဲ့ ကျောရိုးကို ပုံဖော်မိခဲ့တာ ဖြစ်ပါတယ်။
အဲဒီနေ့ ညနေခင်းမှာပဲ Harry Potter ရဲ့ ပထမဆုံး စာအုပ်ကို အကြမ်းထည်အဆင့် အဖြစ် ရိုးလင်းက ရေးခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်း အပြီးသတ်ချိန်ထိ ရောက်လာဖို့ကတော့ နှစ်နဲ့ချီ ကြာမြင့်ခဲ့တယ်။ ရိုးလင်းဟာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ လန်ဒန်ရုံးမှာ အလုပ်လုပ်နေတာပါ။ ဒါပေမဲ့ သူ့စိတ်က Harry Potter ဆီပဲ ခဏခဏ ရောက်နေတော့ အလုပ်မှာ လွဲချော်မှုတွေ ရှိလာပြီး အလုပ်ထုတ်ခံလိုက်ရတယ်။ အလုပ်က ရတဲ့ လျော်ကြေးကို အမှီပြုရင်း ရိုးလင်းဟာ Harry Potter ဝတ္ထုတွေကို ဇောက်ချ ရေးဖြစ်ခဲ့ပါတယ်။
အဲဒီနှစ်ပိုင်းတွေမှာ ရိုးလင်းအနေနဲ့ အိမ်ထောင်ပြုခဲ့ပြီး သမီးလေးတစ်ယောက် ရလာတယ်။ နောက်တော့ အိမ်ထောင်ဘက်နဲ့ ကွာရှင်းဖြစ်ခဲ့တယ်။ Harry Potter ကို ဖန်တီးနေတဲ့ အတောအတွင်းမှာ ရိုးလင်းဟာ စိတ်ကျဝေဒနာကိုလည်း ကြုံတွေ့ခဲ့ရသေးတယ်။ အခက်အခဲတွေကြားကနေ (၁၉၉၅)ခုနှစ်မှာ Harry Potter ဝတ္ထုကို အပြီးသတ်နိုင်ခဲ့တယ်။ နောက်(၂)နှစ် အကြာမှာ ထုတ်ဝေရောင်းချတော့ ကမာ္ဘကျော် ဝတ္ထုတစ်ခု ဖြစ်လာတယ်။ ရုပ်ရှင်ဆက်ရိုက်တော့ ဝက်ဝက်ကွဲ အောင်မြင်တယ်။ Forbes မဂ္ဂဇင်းက (၂၀၀၄)ခုနှစ်မှာ ရိုးလင်းဟာ စာရေးဆရာ တစ်ဦးအနေနဲ့ ပထမဆုံး ဘီလီယံနာ သူဌေးဖြစ်လာသူလို့ အသိအမှတ် ပြုခဲ့ပါတယ်။
ဂျေးဇီး (အဆိုတော်၊ ဂီတပရိုဂျူဆာ)
ရှောင်ကာတာဆိုတဲ့ လူငယ်လေး တစ်ယောက်ဟာ နယူးယောက်မြို့က ဘရွတ်ကလင်း အရပ်မှာ ကြီးပြင်းလာခဲ့တယ်။ နောက်တော့ သူဟာ ကမာ္ဘ့ဂီတ လောကမှာ ဩဇာအကြီးဆုံး ကြယ်တစ်ပွင့် ဖြစ်လာပါတယ်။ အသက်(၂၀)လောက် အရွယ်မှာ ဂျေးဇီးဆိုတဲ့ နာမည်ကို လူသိများလာပါပြီ။ နောက်ထပ် နှစ်နည်းနည်း အကြာမှာတော့ သူဟာ အမေရိကန်ရဲ့ တက်လမ်းရှိတဲ့ Rapဂီတ အဆိုတော် တစ်ယောက်လို့ အသိအမှတ်ပြု ခံလာရတယ်။
ဂျေးဇီးဟာ အသက်(၂၇)နှစ် အရွယ်မှာ သူငယ်ချင်းနှစ်ယောက်နဲ့ ပူးပေါင်းပြီး သီချင်းတစ်ပုဒ် ဖန်တီးသီဆိုခဲ့တယ်။ အဲဒီနှစ်မှာပဲ သူ့ရဲ့ ပထမဆုံး အယ်လ်ဘမ်ဖြစ်တဲ့ Reasonable Doubt ကို ထုတ်ဝေဖြစ်ခဲ့တယ်။ သူတစ်ယောက်တည်းရဲ့ ဒီကနေ့ ကြွယ်ဝမှုဟာ ဒေါ်လာ သန်း(၅၂၀)လောက် ရှိနေပြီ ဖြစ်ပါတယ်။ ဇနီးဖြစ်သူ အဆိုတော် ဘီယွန်းဆေးရဲ့ ကြွယ်ဝမှုနဲ့ ပေါင်းစပ်လိုက်ရင်တော့ နှစ်ယောက်ပေါင်း ကြွယ်ဝမှုဟာ ဒေါ်လာ သန်း(၉၀၀)နီးပါးလောက် ရှိလာပါတယ်။
မယ်ရစ်ဆာမေယာ (Yahoo ၏ အမှုဆောင် အရာရှိချုပ်)
သူ့အသက် (၂၄)နှစ်မှာ မေယာဟာ Google ကုမ္ပဏီ (Yahoo ၏ ပြိုင်ဘက်)ရဲ့ အယောက်(၂၀)မြောက် ဝန်ထမ်းအနေနဲ့ အလုပ်ရခဲ့ပါတယ်။ သူဟာ Googleရဲ့ ပထမဆုံး အမျိုးသမီး အင်ဂျင်နီယာလည်း ဖြစ်ပါတယ်။ Googleမှာ (၁၃)နှစ်ကြာအောင် တာဝန် ထမ်းဆောင်ပြီးတဲ့နောက် (၂၀၁၂)ခုနှစ်မှာ Yahoo ကို ကူးပြောင်းခဲ့ပါတယ်။ အမှုဆောင်ချုပ် ရာထူးနေရာနဲ့ပါ။
မေယာဟာ ဒီကနေ့ အအောင်မြင်ဆုံး နည်းပညာ လုပ်ငန်းစုကြီး တစ်ခုဖြစ်နေတဲ့ Google မှာ အခြေခံ အကျဆုံး အစပြုခဲ့တဲ့ ဝန်ထမ်းတစ်ယောက်ပါ။ သူ့ရဲ့ အင်တာဗျူး တစ်ခုမှာ မေယာက “(၁၉၉၉)ခုနှစ်၊ ဧပြီလတုန်းက ကျွန်မကို Google က အလုပ်အတွက် အင်တာဗျူးခေါ်တယ်။ ပင်ပေါင်ကစားတဲ့ စားပွဲတစ်လုံးမှာ ကျွန်မ အင်တာဗျူး ဖြေခဲ့ရတယ်။ အဲဒါက ကုမ္ပဏီရဲ့ အစည်းအဝေး စားပွဲလည်း ဖြစ်ပါတယ်။ အဲဒီတုန်းက Google မှာ အလုပ်လုပ်နေတာ လူ(၇)ယောက်ပဲ ရှိသေးတယ်”လို့ ပြောခဲ့ပါတယ်။ မေယာဟာ Google မှာ ရာထူးအမျိုးမျိုး တာဝန်ယူခဲ့ပြီး Google ရဲ့ ဖန်တီးမှု အများစုမှာ အဓိက နေရာကနေ ပါဝင်ခဲ့ပါတယ်။
Yahoo ကို ပြောင်းရွှေ့ခဲ့တဲ့နောက် မေယာဟာ ကုမ္ပဏီရဲ့ အမှုဆောင်ချုပ်၊ ဥက္ကဋ္ဌ ရာထူးတွေကို တာဝန်ယူခဲ့တယ်။ ဒါရိုက်တာ ဘုတ်အဖွဲ့မှာလည်း နေရာပေး ခံခဲ့ရပြီး Forbes မဂ္ဂဇင်းက မေယာကို ကမာ္ဘပေါ်မှာ ဩဇာအကြီးဆုံး အမျိုးသမီးတွေ စာရင်းအရ အဆင့်(၃၂) သတ်မှတ်ပေးခဲ့တယ်။ Yahoo ဟာ ပထမဆုံး (၅)နှစ်အတွက် ဒေါ်လာ (၁၁၇)သန်း လုပ်ခပေးပြီး မေယာကို ခေါ်ယူခဲ့တာပါ။ အခုအချိန်မှာ အသက်(၃၉)နှစ်ပဲ ရှိသေးပေမယ့် မေယာရဲ့ ကြွယ်ဝမှုက ဒေါ်လာသန်း(၃၀၀) အထက်မှာ ရှိနေပါပြီ။
ဝါရန်ဘတ်ဖတ် (ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး လုပ်ငန်းရှင်)
ကမာ္ဘကျော် သူဌေးကြီးတစ်ယောက် ဖြစ်မလာခင်က ဘတ်ဖတ်ဟာ အရောင်းသမား ဝန်ထမ်းလေး တစ်ဦးပါ။ သူ့အသက် (၂၀)ကျော် အရွယ်မှာတော့ နယူးယောက်မြို့ကို ပြောင်းရွှေ့လာပြီး အသက်(၂၆)နှစ်မှာ လုံခြုံရေးဆိုင်ရာ ဆန်းစစ်သူ ပညာရှင် တစ်ယောက်အဖြစ် အလုပ်လုပ်ခဲ့တယ်။ အဲဒီအတောအတွင်းမှာ သူဟာ Buffett Partnership Ltd ကို တည်ထောင်ခဲ့တယ်။ အဲဒီလုပ်ငန်းက အိုဟားမားမှာ ရှိခဲ့စဉ် သူအလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ အစပြုခဲ့ပါတယ်။
ဘတ်ဖတ်ဟာ ငယ်စဉ်ကတည်းက ငွေရမယ့် နည်းလမ်းတွေကို ရှာဖွေ အကောင်အထည် ဖော်ခဲ့သူပါ။ ပီကေ (Chewing Gum)တွေ ရောင်းချဖူးသလို အပတ်စဉ်ထုတ် မဂ္ဂဇင်းတွေကိုလည်း တစ်အိမ်တက်ဆင်း လိုက်ပို့ပေးပြီး ဝင်ငွေရှာခဲ့တယ်။ ပြီးတော့ ပိုက်ဆံကို ကျစ်ကျစ်လစ်လစ် စုဆောင်းခဲ့တယ်။ သူလုပ်ခဲ့ဖူးတဲ့ အလုပ်တွေမှာ ဂေါက်သီးဘောလုံးတွေ လိုက်ရောင်းတာလည်း ပါတယ်။ ငွေကြေးတန်ဖိုးကို အခြေခံကျကျ နားလည်ပြီး ခြိုးခြံစုဆောင်းတဲ့ အကျင့်ကောင်းက လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာချိန်မှာ ဘတ်ဖတ်ရဲ့ တက်လမ်းကို ကြီးကြီးမားမား အထောက်အပံ့ ပေးခဲ့ပါတယ်။
ဘတ်ဖတ်ဟာ Berkshire Hethaway ကုမ္ပဏီကြီးရဲ့ အဓိက ရှယ်ယာရှင် ဖြစ်လာပြီး အမှုဆောင်ချုပ် အနေနဲ့လည်း တာဝန်ယူနေပါတယ်။ သူ့ကို မွေးဖွားတဲ့ အိုဟားမား ဒေသမှာတော့ ဘတ်ဖတ်ကို အိုးဟားမားရဲ့ ကဝေ၊ အိုဟားမားရဲ့ နတ်ဆရာ စသဖြင့် ညွှန်းဆိုဂုဏ်ပြု ခေါ်ဝေါ်ကြပါတယ်။ ဘတ်ဖတ်ရဲ့ လက်ရှိ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ (၆၇)ဘီလီယံအထက် ရှိနေပါပြီ။ (၂၀၁၂)ခုနှစ်မှာ Time မဂ္ဂဇင်းကြီးက ဘတ်ဖတ်ဟာ ကမာ္ဘပေါ်မှာ ဩဇာအကြီးဆုံး ပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ် ဖော်ပြခဲ့ပါတယ်။
အာဆူလာဘန်းစ် (Xerox ၏ အမှုဆောင် အရာရှိချုပ်)
ဒီဂျစ်တယ် ပုံရိပ်ဖော် နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Xerox ရဲ့ အမှုဆောင်ချုပ် ဖြစ်မလာခင်မှာ ဘန်းစ်ဟာ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေကို အံတု ကျော်ဖြတ်ခဲ့ရသူပါ။ နယူးယောက်မြို့ ခပ်ကြမ်းကြမ်း ပတ်ဝန်းကျင်မျိုးနဲ့ စီမံကိန်းအိမ်ရာ တစ်ခုမှာ ကြီးပြင်းလာတဲ့နောက် နယူးယောက် ပိုလီနည်းပညာဌာနကနေ စက်မှု အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ကိုလံဘီယာ တက္ကသိုလ်ကနေ မဟာဘွဲ့ကို ရရှိလာခဲ့တယ်။
အဲဒီနောက် (၁၉၈၀)ပြည့်နှစ်မှာ သူဟာ Xerox ကို ရောက်ရှိလာပြီး တစ်ဘဝလုံး အဲဒီကုမ္ပဏီမှာ မြှုပ်နှံ ဖြတ်သန်းခဲ့ပါတယ်။ အသက်(၂၂)နှစ်အရွယ်မှာတုန်းက ဘန်းစ်ဟာ အလုပ်သင် ဝန်ထမ်းအဆင့်လောက်သာ ရှိသေးတယ်။ မဟာဘွဲ့ ရပြီးတဲ့နောက်မှာတော့ သူ့ကို Xerox က အချိန်ပြည့် ဝန်ထမ်းအဖြစ် ခန့်အပ်ခဲ့တယ်။ ဘန်းစ်ရဲ့ ကြိုးစား အားထုတ်မှုနဲ့ လုပ်ရည်ကိုင်ရည်တို့ကြောင့် ရာထူးမြန်မြန် တက်လာခဲ့ပြီး (၂၀၀၉)ခုနှစ်မှာ အမှုဆောင် အရာရှိချုပ်အဖြစ် ခန့်အပ်ခံလိုက်ရပါတယ်။
“Xerox ကို ကျွန်မ ရောက်စတုန်းက ဒီအလုပ်ကို ရွေးလိုက်တယ် ဆိုတာထက် မပိုဘူး။ တစ်ယောက်ယောက်က အခြေအနေ ဘယ်လိုလဲလို့ မေးလာရင် မဆိုးပါဘူးလို့ ပြန်ဖြေပြီး အလုပ်ခန်းထဲ ဝင်သွားရုံလောက်ပဲ။ နောက်တော့ တစ်ယောက်ယောက်ဆီကနေ လုပ်ငန်းအစီအစဉ် ချမှတ်ပုံ သဘောတရားတွေ သိလာတယ်။ နောက်တော့ ကျွန်မရဲ့စိတ်က ကမာ္ဘလုံးဆိုင်ရာ ကြုံတွေ့နေရတဲ့ System ပိုင်းဆိုင်ရာ ပြဿနာတွေဆီ ယိမ်းသွားတယ်။ တကယ်တော့ အဲဒီ ပြဿနာတွေကိုက လုပ်ငန်းတစ်ခုပဲလေ”လို့ ဘန်းစ်က ဆိုပါတယ်။ ဘန်းစ်ဟာ Fortune မဂ္ဂဇင်းက ရွေးချယ်တဲ့ အမေရိကန်ရဲ့ ထိပ်တန်းကုမ္ပဏီ (၅၀၀)ထဲက တစ်ခုမှာ ပထမဆုံးအကြိမ် အမှုဆောင်ချုပ် တာဝန်ယူဖူးတဲ့ အာဖရိကန်အနွယ် အမျိုးသမီးလည်း ဖြစ်ခဲ့ပါတယ်။
မာ့ခ်ဇက်ကာဘာ့ဂ် (Facebook ၏ အမှုဆောင်အရာရှိချုပ်)
မြန်မာနိုင်ငံမှာရော၊ တစ်ကမာ္ဘလုံး အတိုင်းအတာနဲ့ပါ လူသုံးအများဆုံး Social Networking ဝက်ဘ်ဆိုက်ဖြစ်တဲ့ Facebook ကို ထူထောင်သူ ဇက်ကာဘာ့ဂ်ဟာ သူ့ရဲ့ အသက်(၂၀)ကျော် အရွယ်တွေကို Facebook အတွက်ပဲ ကြိုးကြိုးစားစား မြှုပ်နှံ အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။ သူ့အသက် (၂၅)နှစ်အရွယ် (၂၀၀၉)ခုနှစ်မှာ Facebook ဟာ ငွေကြေးအရ အကျိုးအမြတ် စရလာခဲ့ပြီး အသုံးပြုသူ သန်း(၃၀၀)လောက် ရှိလာပါပြီ။
အဲဒီတုန်းက ပျော်ရွှင် စိတ်လှုပ်ရှားနေတဲ့ ဇက်ကာဘာ့ဂ်က ဒါဟာ Facebook အတွက် အောင်မြင်မှု အစပျိုးနေတုန်း အဆင့်သာ ရှိသေးတယ်လို့ ပြောခဲ့ပါတယ်။ “လူတွေအချင်းချင်း ချိတ်ဆက်ပေးဖို့ ကျွန်တော်တို့ ကြံဆထားတဲ့ နည်းလမ်းတွေအတွက် ဒါဟာ အစပြုမှု အဆင့်သာ ရှိပါသေးတယ်”လို့ ဇက်ကာဘာ့ဂ်က သူကိုယ်တိုင် အစပြု ပျိုးထောင်ခဲ့တဲ့ Social Networking ဝက်ဘ်ဆိုက်ပေါ်မှာ ဂုဏ်ယူစွာနဲ့ ရေးသားခဲ့ပါတယ်။ နောက်တစ်နှစ်မှာတော့ ဇက်ကာဘာ့ဂ်ဟာ Time မဂ္ဂဇင်းရဲ့ တစ်နှစ်တာ အထူးချွန်ဆုံး ပုဂ္ဂိုလ်အဖြစ် ဂုဏ်ပြုရွေးချယ် ခံခဲ့ရပါတယ်။
ဇက်ကာဘာ့ဂ် အပါအဝင် လူ(၅)ယောက်က စတင်တည်ထောင်ခဲ့တဲ့ Facebook ဟာ အခုဆိုရင် ကမာ္ဘပေါ်မှာ အသုံးပြုသူ (၁.၃)ဘီလီယံအထက် ရှိနေပြီး လစဉ်လတိုင်း တိုးပွားနေတုန်းပါပဲ။ ဇက်ကာဘာ့ဂ်ဟာလည်း အသက်(၃၀)အရွယ်မှာ ဒေါ်လာ (၃၃.၁)ဘီလီယံလောက် ကြွယ်ဝနေပါပြီ။
ဟောင်းဝပ်ရှုတ်ဇ် (Starbucks ၏ အမှုဆောင် အရာရှိချုပ်)
မြောက်ပိုင်း မစ်ချီဂန် တက္ကသိုလ်ကနေ ဘွဲ့ရပြီးတဲ့နောက် ရှုတ်ဇ်ဟာ Xerox ကုမ္ပဏီမှာ အရောင်းဝန်ထမ်း တစ်ယောက်အဖြစ် စပြီး အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီမှာ သူ့အရည်အသွေးကို သတိပြုမိလာတဲ့နောက် Hammerplast ဆိုတဲ့ ဆွီဒင်ကော်ဖီမှုန့် ကုမ္ပဏီ တစ်ခုက ရှုတ်ဇ်ကို ခေါ်ယူခဲ့ပါတယ်။ Hammaerplast ကို ရောက်ခဲ့ချိန်မှာ ရှုတ်ဇ်ရဲ့ အသက်က (၂၆)နှစ်ပါ။
အဲဒီမှာ အလုပ်လုပ်ရင်း သူဟာ ဆီယက်တဲလ် မြို့ပြင်က Starbucks အမှတ်တံဆိပ် ဆိုင်လေးတွေကို ပထမဆုံး သတိထားမိလာတယ်။ သူ့အသက် (၂၉)နှစ်မှာတော့ Starbucks နဲ့ ပူးပေါင်းလိုက်ပါတော့တယ်။ အဲဒီနောက်ပိုင်းမှာ Starbucks ရဲ့ ကော်ဖီလုပ်ငန်းဟာ တဖြည်းဖြည်း တွင်ကျယ်ကြီးထွားလာပြီး ဗြိတိန်က Costa Coffeeနဲ့အပြိုင် ကမာ္ဘ့အကြီးဆုံး ကော်ဖီ လုပ်ငန်းကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။ ရှုတ်ဇ်ဟာ Starbucks ရဲ့ ကော်ဖီဆိုင်တွေကို နယ်မြေဒေသအလိုက်၊ ရာသီဥတုအလိုက် အံဝင်အဆင်ပြေအောင် ဖန်တီးခဲ့ပါတယ်။
ရှုတ်ဇ်ဟာ ပညာတတ် မိသားစုက ပေါက်ဖွားလာသူ မဟုတ်ပါဘူး။ သူ့မိသားစုထဲမှာ ပထမဆုံးအကြိမ် ကောလိပ်ကျောင်း တက်ခွင့်ရဖူးတာဟာ သူပါပဲ။ သူဟာ အမေရိကန် ပရော်ဖက်ရှင်နယ် ဘက်စကက်ဘောအသင်း Seattle SuperSonics ကိုလည်း ဝယ်ယူပိုင်ဆိုင်ခဲ့ဖူးပါတယ်။ ရှုတ်ဇ်ရဲ့ လက်ရှိ ကြွယ်ဝမှုဟာ ဒေါ်လာ (၁.၅)ဘီလီယံလောက် ရှိနေပါပြီ။
ရိုမန်အေဗရာမိုဗစ်ချ် (စီးပွားရေး လုပ်ငန်းရှင်နှင့် ချယ်လ်ဆီး ဘောလုံးအသင်းပိုင်ရှင်)
ကလေးဘဝတုန်းက အေဗရာမိုဗစ်ချ်ဟာ မိဘမဲ့ တစ်ယောက်အနေနဲ့ ကြီးပြင်း လူလားမြောက်ခဲ့ရတာပါ။ အေဗရာမိုဗစ်ချ်ကို သူ့ရဲ့ဦးလေးက ပျိုးထောင်ပေးခဲ့တယ်။ သူ့အသက် (၂၁)နှစ် အရွယ်မှာတော့ ရုရှားလူငယ်လေး တစ်ယောက်ဟာ မှောင်ခိုဈေးကွက်တွေထဲမှာ လှုပ်ရှားနေပါပြီ။ သူဟာ ဇနီးဖြစ်သူရဲ့ မိဘတွေက လက်ဖွဲ့ခဲ့တဲ့ ငွေကြေးတွေကို အရင်းအနှီးလုပ်ပြီး စီးပွားရေး ချဲ့ထွင်ခဲ့ပါတယ်။ (၁၉၉၀)ပြည့်နှစ်တွေမှာတော့ သူ့ရဲ့ လုပ်ငန်းတွေဟာ ရုရှားမှာ ခြေကုပ်ကောင်းကောင်း ရနေပြီး အီဗရာမိုဗစ်ချ်ပိုင် ကုမ္ပဏီပေါင်း (၂၀)ထက်မနည်း ရှိလာခဲ့ပါတယ်။
သူ့အသက်(၂၆)နှစ် အရွယ်မှာတော့ အစိုးရ ပိုင်ဆိုင်မှုတွေကို ခိုးယူမှုနဲ့ အဖမ်းခံရပြီး ထောင်ကျခဲ့ပါတယ်။ ဒါပေမဲ့ အသက်(၃၅)နှစ် အရွယ်မှာတော့ ရုရှားရဲ့ ချူကော့ကာ ပြည်နယ်မှာ အုပ်ချုပ်ရေးမှူး ဖြစ်လာပါတယ်။ အီဗရာမိုဗစ်ချ်ကို ကမာ္ဘသိ ထင်ရှားလာစေတဲ့ အချက်တစ်ခုက (၂၀၀၃)ခုနှစ်မှာ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးကလပ် ချယ်လ်ဆီးကို သိမ်းသွင်း ဝယ်ယူလိုက်တာကြောင့်လည်း ဖြစ်ပါတယ်။ အီဗရာမိုဗစ်ချ်ဟာ ငွေကြေး အလုံးအရင်း သုံးစွဲပြီး ချယ်လ်ဆီးကို ကမာ္ဘကျော် ဘောလုံးကလပ် တစ်ခုဖြစ်လာအောင် ပြောင်းလဲစေခဲ့တယ်။
အသက်(၂၀)ကျော် အရွယ်တွေမှာ မှောင်ခိုသမားလေး တစ်ယောက်အဖြစ် ကျင်လည်ခဲ့တဲ့ အေဗရာမိုဗစ်ချ်ဟာ လက်ရှိအသက် (၄၇)နှစ်မှာတော့ ဒေါ်လာ(၁၄.၂)ဘီလီယံလောက် ကြွယ်ဝတဲ့ သူဌေးကြီးတစ်ယောက် ဖြစ်လာပါပြီ။ အေဗရာမိုဗစ်ချ်ကတော့ သူ့ဘဝရဲ့ အတိတ်က အမည်းစက်နဲ့ ပတ်သက်ပြီး အပြစ်မရှိကြောင်း ငြင်းဆန်နေဆဲပါ။ “အဲဒီတုန်းက ဘဏ်စနစ်မှာ ပြဿနာတွေ ရှိခဲ့တယ်ဗျ။ အစိုးရဆီ တင်သွင်းရမယ့်ငွေ မရောက်လို့ဆိုပြီး ကျွန်တော် အဖမ်းခံလိုက်ရတာပါ။ နောက်တော့ သူတို့လက်ထဲ ငွေရောက်လာတဲ့အခါ ကျွန်တော့်ကို ပြန်လွှတ်လိုက်ပါတယ်”လို့ အေဗရာမိုဗစ်ချ်က ဆိုပါတယ်။
Source: Businessinsider
ကေဇီ
October 3, 2014 at 5:26 am
နာ အသက် ၂ဝ တုန်းက ဘရီးးဘရားးးရယ်
စားးဖို့ လောက် သိ တာ။
ခုမှပဲ……
စားးးဖို့ ပဲ သိတာပါပဲလေ……
:kwi:
Mr. MarGa
October 3, 2014 at 9:18 am
ဘာမဆို အလေးအနက်ထားပြီး စားဖို့လောက်ပဲ သိတာပေါ့ :mrgreenn:
ခင် ခ
October 2, 2014 at 9:00 pm
ကျုပ် အသက် ၂ဝ တုန်းက ရန်ကုန် လမ်း၃ဝ ဝန်းကျင် ပုံနှိပ်တန်းမှာ အိမ်ကမုန့်ဖိုးလက်ဖြန့်မတောင်းချင်လို့ ကိုယ်အသုံးစရိတ်ကိုယ်ရှာ စက္ကူထုပ်သယ် ညဝယ်ကျုရှင်လိုက်ပြ ရုန်းခဲ့ရပေါ့။
Mr. MarGa
October 3, 2014 at 9:20 am
တစ်ချိန်က ခင်ခ ပေါ့နော် 🙂
kyeemite
October 3, 2014 at 11:41 am
.ကျုပ်အသက်၂ဝ မှာ ဒေသကောလိပ်တက်နေပီ
.ကျုပ်အသက်၂ဝ မှာ ချစ်တတ်ကြိုက်တတ်နေပြီ
.ကျုပ်အသက်၂ဝ မှာ ဘာသာရေးနဲ့ အတွေးအမြင်စာပေတွေ လောဘတကြီးဖတ်နေပြီ
.ကျုပ်အသက်၂ဝ မှာ မိဘတွေနဲ့ အမြင်တွေကွဲလွဲပြီးနေပြီ
.ကျုပ်အသက်၂ဝ မှာ ရှေ့ဆက်ရမဲ့ခရီးအတွက် အသည်းအသန်ကြိုးစားနေမိပြီ
.ကျုပ်အသက်၂ဝ မှာ အောက်ခြေသိမ်းအလုပ်မျိုးစုံအောင်လုပ်ဖူးခဲ့ပြီ
.ကျုပ်အသက်၂ဝ မှာ ပရဟိတအနေနဲ့ ပါတ်ဝန်းကျင်ကကလေးတွေကို ဖရီးကျူရှင်ပေးနေပြီ
.ကျုပ်အသက်၂ဝ မှာ ရန်ကုန်မြို့ကြီးကိုအနှံ့မရောက်ဖူးသေးဘူး
.ကျုပ်အသက်၂ဝ မှာ ဘာသာပြန်ဝတ္ထုတွေအသဲအသန်စွဲနေပြီ
.ကျုပ်အသက်၂ဝ မှာ ဆေးလိပ်သောက်တတ်နေပြီ..ယမကာတော့မသောက်တတ်သေး
:boss: :k:
ကိုပေါက်(မန္တလေး)
October 3, 2014 at 12:20 pm
ကျုပ်အသက်20တုံးက ကို သိချင်ရင်
ဖြတ်သန်းခဲ့ သောတွေကို …………….ဖတ်ပါ
Yae Myae Tha Ninn
October 3, 2014 at 1:34 pm
ကြာပြီပဲ ဒီပို့စ်က အခုမှ တကြော့ပြန် ပြန်လည်ဆန်းသစ်လာတာပေါ့… လူတွေ လဲ တော်တော်စုံတာပဲ… 🙂
တခု သတိထားမိပြီး ဝမ်းသာသလို တာဝန်လဲ ကြီးသွားသလိုပဲ… ဘာလဲ ဆိုတော့ ပို့စ်တွေကို ပြန်ရှာဖတ်တဲ့ သူတွေ ရှိတယ်.. တချို့က စာမရေးဘဲ စာပဲ ဖတ်တယ်.. ကော်မန့်မပေးလဲ ဆိုင်းလေးတွေ ထည့်ခဲ့တယ် ဆိုတာပဲ… ဒါဆို ဘယ်လောက်ဖတ်နေကြတယ်ဆိုတာ.. ကောင်တာ မပြထားလဲ မှန်းကြည့်နိုင်တာပေါ့… 🙂
အဲတော့ စာကောင်းလေးတွေနဲ့ ကိုယ့်သမိုင်းကို ဖော်ဆောင်သလိုပဲပေါ့နော်… ဟီး… လျှာဝင်ရှည်သွားတယ်ဗျိုး…. 😛
အတည်မန့်ချင်တာကတော့ ကျွန်တော် အခုပဲ ၁ဝ တန်းပြီး… April ၁ ရက်ဆိုတာနဲ့ သူများကျွန် ကုမ္ပဏီမှာ စလုပ်နေပါပြီ…. ခုတော့ လုပ်သက် ၁၂ နှစ်လောက်နဲ့ အရင်ဆုံးလုပ်ခဲ့တဲ့ အလုပ်ကို လွမ်းတယ်… 🙂