အမင်္ဂလာ အက်ဆေး. . . .
အမင်္ဂလာ အက်ဆေး
___________________________________
ညက မှောင်မှောင် ။
ကြယ်ရောင်တောင် မလင်းပါလား။
အင်းးး
ဒီလို ညအမှောင်ထု နဲ့ အခုလို ည ဆယ့်တစ်နာရီအချိန်အခါမျိုးဟာ . . .
မကောင်းမှုတစ်ခုခု ဖြစ်ပျက်သွားဖို ့ ဖြစ်နိုင်ခြေ အရှိဆုံးပဲ မဟုတ်လား။
ကျွန်တော် ဒီအချိန်မှ အိမ်ပြန်မိတာ မှားပြီလား ။
စိတ်ထဲမှာ. . . . . မသိုးမသန့်ဖြစ်လာတော့အမှန်ပဲ။
မနေ ့က ဟိုဘက်ရပ်ကွက်မှာ . . . ဆိုးဝါးပက်စက်တဲ့ လူသတ်မှုတစ်ခု ဖြစ်သွားခဲ့တယ် ။
ကိုးနှစ်အရွယ် ကလေးမလေးတစ်ယောက်ကို အိပ်နေတုန်းမှာ အတင်းချုပ် /မုဒိမ်းကျင့်တယ်တဲ ့။
ပြီးတော့ သတ်ပစ်တယ်တဲ ့ ။
ကလေးမလေးကို သတ်နေတဲ့အချိန်မှာ ကလေးမလေးရဲ့အမေဖြစ်သူက မြင်သွားပြီး အော်ဟစ်အကူအညီ တောင်းဖို ့ကြိုးစားမယ်ကြံတုန်းမှာပဲ. . .
အဲဒီ မိန်းမကိုပါ ထပ်သတ်သွားတယ်တဲ့။
ဖြစ်ချင်တော့ အဲဒါ သားအမိနှစ်ယောက်ထဲနေတဲ့ အိမ်မှာ ဖြစ်သွားတာ ။
မနက်ရောက်မှ
သားအမိနှစ်ယောက်ရဲ ့အလောင်းကို
ဒဏ်ရာတွေနဲ ့တွေ ့ကြရတာ ။
တော်တော်ဆိုးတဲ့ မုဒိမ်းကောင်လူသတ်သမားပဲ ။
အဲဒီ လူသတ်သမားဟာ ဒီဘက် ကျွန်တော်တို ့ရပ်ကွက်ကရော မဖြစ်နိုင်ဘူးလား ။
အခုထိ. . .ဘယ်သူဘယ်ဝါမှန်းမသိနိုင်သေးဘူး ဆိုမှတော့. . . . မသင်္ကာစရာလူတွေအများကြီးတွေ ့ရမှာပဲ။
နောက်ထပ် . . . . ဘယ်ကလေးမလေးကိုများ . . . မုဒိမ်းကျင့်ပြီး . . .
ထပ် သတ်ဖြတ်ဖို ့ရည်ရွယ်နေပြီလဲ ။
ဒါနဲ ့. . .
ဟိုဘက်ရပ်ကွက်မှာ ပဲ
ဟိုတလောက ကိုရင်လေးတစ်ပါး ရေကန်ထဲမှာ သေနေတာ
ဆယ် ခဲ့ကြသေးတယ်။
အဲဒီတုန်းက . . .
ကိုရင်လေးရဲ ့အလောင်း ကို ဆယ်တော့ ကိုရင်လေးရဲ ့ပါးစပ်ထဲမှာ သွေးတွေနဲ ့တဲ ့ ။
ရေနစ်ရင် ပါးစပ်ထဲက သွေးတွေ စိမ့်ထွက်နေသလား ။
ဒါပေမယ့် မသင်္ကာစရာလို ့ယူဆဖို့တောင် သတိမရကြပဲနဲ ့ ချက်ချင်း
ရေဝေးကိုပို ့လိုက်ကြတယ်မဟုတ်လား ။
အတွေးတွေနဲ ့မွန်းကျပ်လိုက်ရတာ။
နေပါဦး . . .
အနောက်ဘက်က ခြေသံလိုလို ကြားလိုက်ရသလားလို ့ ။
ဘယ်သူလဲ ။
တစ်ယောက်ယောက် လမ်းလျှောက်လိုက်လာသလား ။
ပြန်လှည့်ကြည့်တော့လည်း
ဘယ်သူ ့မှ မမြင်ရ ။
မှောင်နေလို့မမြင်ရတာလည်းဖြစ်နိုင်တယ်။
အဟမ်း လို ့အသံတစ်ချက်ပေးလိုက်ဦးမှ ။
ဒီလမ်းက လူပြတ်နေတယ် ။
ဒီလမ်းမှာ . . . . .
ဟိုအရင်က လုယက်မှ ုတွေ ဖြစ်ဖူးတယ် ။
လက်ပတ်နာရီကအစ ဓါးထောက်ပြီး လုယူကြတာမျိုး . . . လူတချို ့ခံရဖူးတယ် ။
ကျွန်တော့် မှာ . . .
နာရီအပေါစားတစ်လုံး ပါတယ် ။
ကျောပိုးအိတ်ထဲမှာ ကင်မရာလေးတစ်လုံးပါတယ် ။
ပြီးတော့ ရွှေလက်စွပ်ပါးပါးလေးတစ်ကွင်း ပါတယ် ။
ပြီးတော့ . . .
ဖုန်းနဲ ့ပိုက်ဆံတစ်သောင်းလောက် ပါတဲ့ ပိုက်ဆံအိတ် ပါတယ် ။
ဒါတွေကို လိုချင်တဲ့ မသမာသူတစ်ယောက်ယောက်များ ကျွန်တော့်ကို ရန်ရှာလေမလား ။
ဖျတ်ခနဲ အရိပ်ဖြူဖြူတစ်ခု . . .
မြင်လိုက်ရတယ် ထင်တယ် ။
ရင်ထဲမှာ ဒိုင်းခနဲ တုန်သွားတယ် ။
ကြက်သီးတွေ ဖျန်းခနဲထတယ် ။ နှာခေါင်းထဲမှာ ညှီနံ့တစ်ခုခုရနေတယ်။
ဘုရားရေ. . .
သွေးညှီနံ ့ ။ ဟုတ်တယ် ။ သွေးညှီနံ ့ ။
အခုလေးတင် သေသွားတဲ့ လူသေအလောင်းတစ်လောင်းဆီက ထွက်နေသလိုပဲ ။
ဟိုအစိမ်းသေသားအမိနှစ်ယောက် တစ္ဆေဖြစ်နေပြီလား ။
ဟိုကိုရင်လေးရော . . .
————————-
ရုတ်တရက်. . .
ဘွားခနဲ များ သရဲတစ္ဆေတစ်ကောင်ကောင်ကို
တွေ ့လိုက်ရမှာလား ။
တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို သတ်ဖြတ်ထားလို ့ လမ်းမှာ လဲကျသေဆုံးနေတဲ့ ့အလောင်းကောင်ကြီးကိုများ တက်နင်းမိလေမလား ။
သွေးညှီနံ ့က . . . ပို ညှီလာသလိုပဲ ။
အနားမှာ . . .
မကောင်းဆိုးဝါးတစ်ခုခု ရှိနေပြီ ထင်တယ်။
အခြေအနေကို သိပ်မသင်္ကာဘူး ။
မကြာခင် ဆိုးဆိုးဝါးဝါးတစ်ခုခု ဖြစ်လာတော့မယ့် အရိပ်အယောင်တွေများလား ။
——————————
ည ဟာ . . .
အေးစက်စက်နဲ ့မှောင်မှောင်မိုက်မိုက် ။
လမ်းလျှောက်နေရာကနေ ပြေးလိုက်ချင်တယ် ။
ဒါပေမယ့် ပြေးတဲ့သူဟာ ကြောက်တတ်မှန်း မသမာသူက သိသွားမှာပဲ ။
မသမာသူဆိုတာက ကြောက်မှန်းသိလေ ပို ခြောက်လေပဲ ။
မပြေးဘူး ။
ရန်ပြုမှ ုတစ်ခုခုဖြစ်လာရင် . . . .ကျွန်တော့်မှာ လက်နက်တစ်ခုခုပါသလား ။
ဟင့်အင်း . . . မပါဘူး ။
” အခုခေတ်အခြေအနေနဲ ့ ဓါးတိုတိုလေးတစ်ချောင်းတော့ ဆောင်ထားသင့်ပြီ ထင်ပါတယ် ။ ”
အော်. . . ခေါက်ထီးလေးပါသားပဲ ။
ထီးတစ်ချောင်းဟာ ရန်သူကို တစ်ချက်နှစ်ချက်တော့ ပြန် ရိုက်နှက် ကာကွယ်နိုင်မှာပါလေ ။
ထီးကို အိတ်ထဲက ထုတ်ပြီး ကျစ်ကျစ်ပါအောင် အဆင်သင့် ကိုင်ထားမှ ။
———————————
အခုပဲ အင်တာနက်ဆိုင်မှာ . . .
FB သုံးရင်းနဲ ့ဆိုးယုတ်မှ ု ပုံရိပ်တွေ မကောင်းဆိုးဝါးသတင်းတွေ မြင်ခဲ့ရတယ်။
ရခိုင်ပြည်နယ်ထဲက ဆယ့်နှစ် နှစ်အရွယ် မိန်းကလေးတစ်ယောက် ရဲ့ ့အောက်ပိုင်းသွေးသံရဲရဲ အလောင်းးး
ယောကျာ်းယုတ်လေးငါးယောက်က ဝိုင်းပြီးမုဒိမ်းကျင့်လို ့တဲ့ ။
ဒါပေမယ့် . . .
FB ပေါ်က သတင်းတွေလည်း စိတ်ချလက်ချ ယုံလိုက်လို့မရသေးဘူးလေ။
ရခိုင်ပြည်နယ်ထဲက . . .
လူမျိုးရေးမုန်းတီးမှ ု ပြဿနာတွေကြောင့်
အပြစ်မဲ့ပြည်သူလူထုတွေ ဘယ်လောက်များအသက်ပေးခဲ့ရပြီလဲ။
လူဖြစ်ပါလျက်နဲ ့လူလို မသေရပဲ ခွေးသေ ဝက်သေ သေခဲ့ရသူတွေ. . .
နှမြှောတသ ပူဆွေးသောကရောက် ကျန်ရစ်ခဲ့သူတွေ. . .
သွေးရူးသွေးတန်း ပြေးထွက် ရှောင်တိမ်း
ကူကယ်ရာမဲ့သွားတဲ့ ဘဝတွေ. . .
လူမျိုးရေးမုန်းတီးမှ ုတွေ
စီးပွားရေး ပြုန်းတီးမှ ုတွေ
အလိုလောဘကြီးသူတချို ့(တစ်ဖွဲ ့)ရဲ ့ အတ္တမာန စစ်ပွဲတွေ. . .
အစွန်းရောက်ဝါဒတွေ ကိုင်စွဲပြီး
တယူသန်တဇွတ်ထိုး ထင်တိုင်းကြဲလုပ်ရပ်တွေ ကြောင့်. . .
လူ ့အသက်တွေ သွေးစက်တွေ
ဒီမြေ ဒီ ရေမှာ . . .
မြောင်းကြီးတွေ ဖြစ်
ချောင်းစီးနေရစ်ခဲ့ပြီ ။
———————————
ဘယ်သူ ကူမှာလဲ ။
လူတိုင်းရဲ ့ အသိထဲမှာ လူသားချင်းစာနာထောက်ထားမှုနဲ့ တစ်ယောက်ကို တစ်ယောက် နာကျင်အောင်မလုပ်မိစေဖို ့. . . .
အသေဆိုးနဲ ့သေကြပျက်စီးနေတာတွေ ရပ်တန့်စေဖို ့. . .
ဘယ်သူ ကူမှာလဲ ။
ကူမယ့်သူ . . . .
ထိထိရောက်ရောက် မရှိဘူး ဆိုရင် . . . .
ကိုယ့် အသိနဲ ့ . . .ကိုယ့်လူသားအချင်းချင်းကို စာနာထောက်ထား. . . . . .
တစ်ဦးကိုတစ်ဦး မနာကျင်စေအောင် မေတ္တာ ထားမှ ဖြစ်တော့မယ် ။
ဒါပေမယ့် . . . .
အခုအချိန်ထိတော့
အော်ညည်းသံတွေ မရပ်သေးဘူး ။
သွေးစက်တွေ မတိတ်သေးဘူး ။
ပိုးစိုးပက်စက် သေကြေနေတဲ့ လူသေအလောင်းတွေ တွေ ့နေရတုန်းပဲ ။
အပြစ်မဲ့တဲ့ကလေးငယ်တွေ အနာဂတ်ပျောက် လမ်းမှောက်နေဆဲပဲ ။
ဒီတိုင်းပြည် ဒီမြေပေါ်မှာ . . . .
မုဆိုးမတွေ . . .
ဟောတစ်ယောက် ဟောတစ်ယောက် ဖြစ်ပေါ်လာနေတုန်းပဲ ။
မီးတောက်တွေ ကြားမှာ
ကျွန်တော်တို ့မီးခိုးမွှန်ပြီး အသက်ရှူရ ခက်နေတုန်းပဲ ။
ဘယ်တော့ လာမှာလဲ . . .သန့်ရှင်းကြည်လင်မှ ု. . .
ဘယ်တော့ရောက်မှာလဲ. . .
ငြိမ်းချမ်းသော ပန်းတိုင် . . .
ဘယ်တော့ ဖြစ်လာမှာလဲ. . .
ဖွံ့ဖြိုးတိုးတက်မှ ု. . . .
ဘယ်တော့ ပေါ်လာမှာလဲ. . .
ကျွန်တော်တို ့မျှော်လင့်ထားတဲ့အနာဂတ်။
အနာဂတ်အတွက် အခုဆိုတဲ့အချိန်ကို အသုံးချပြီး . . .
ကိုယ်ကျိုးစွန့် လို ့. . . .ထုဆစ်ပုံဖော်ပေးနေသူ
မျိုးချစ်ပုဂိ္ဂုလ်တွေရဲ့ လက်တွေလည်း. . .
သွေးချင်းချင်းနီနေပြီ ။
လွှတ်ချလိုက်ရတော့မလားးး
ဆက် ဆုပ်ကိုင်ထားရမလားးး
တကယ်တော့ ဒီဆိုးယုတ်မှ ုတွေ ကြားမှာ
ကျွန်တော်တို ့ ထိတ်လန့်တုန်လှုပ်လာပါပြီ။
ကြောက်ခြင်းမဟုတ်ဘူးဆိုရင်တောင်
ရွံ ့ ့ခြင်း တော့ ဖြစ်နေကြပါပြီ ။
မကြာခင် ပြီးသွားမှာပါလေ ဆိုပြီး . . . . မျှော်လင့်ကြပေမယ့်. . . .
ကျွန်တော်တို့ရဲ ့မျှော်လင့်ချက်တွေဟာ ဝေဝါးမှ ုန်ရီ . .
ကျွန်တော်အခု လမ်းလျှောက်နေတယ် ။
ည ဆယ့်တစ်နာရီရဲ ့အမှောင်ထုထဲ. .
လမ်းမီးတိုင်မရှိ . . .
ခြုံအကွယ်ကနေ ဘွားခနဲ ထွက်လာပြီး အန္တရယ်ပေးလာမယ့် မကောင်းဆိုးဝါးတစ်ခုခု ကိုမျှော်လင့်ရင်း…
ဒါပဲ . . .
အခုအချိန်ထိ ကျွန်တော့်မျှော်လင့်ချက်ဆိုတာ. . . .
အိမ်ကို ချောချောမွေ ့မွေ ့ရောက်သွားဖို ့ပဲ။
မနက်ဖြန်အတွက်တောင် ကျကျနနမျှော်လင့်ထားလို့မရတဲ ့ မြေပေါ်မှာ. . .
ကျွန်တော့်မျှော်လင့်ချက်တွေလည်း
တဖြည်းဖြည်း ပါးလျလာပါပြီ။
ဟိုးးတလောက. . .
စာရေးဆရာမဂျူး ရေးတဲ့ စာအုပ်တစ်အုပ် ဖတ်ခဲ့ရတာ ပြန်သတိရမိတယ် ။
အဲဒီ ဝတ္ထုထဲက ဇာတ်ကောင်အမျိုးသမီး
( မြဝန်းရံ ) နဲ ့ဇာတ်ကောင်အမျိုးသား (ပြေမိုးငြိမ်း) တို ့နှစ်ယောက်သား
စိန်ခေါ်မှ ုတစ်ခု နဲ ့ အလောင်းအစားလုပ်ကြတယ် ။
အမျိုးသမီးက. . . နေရာတိုင်းမှာ ဆိုးယုတ်မှု အဖြစ်အပျက်တွေ ရှိခဲ့တယ် ရှိနေတယ် လို ့ယူဆတယ် ။
အတိတ်မှာရော အခုလက်ရှိမှာပါ. . ဆိုးယုတ်မှ ုတွေ ရှိတယ်ဆိုတဲ့ ့အယူအဆကို ” နေရာတိုင်းမှာ ” ဆိုပြီး ပြောတော့ . . .
ဇာတ်ကောင်အမျိုးသားက လက်မခံချင်ဘူး ။
နေရာတိုင်းမှာတော့ မဟုတ်ဘူး ။
အတိတ်ကလည်း ဆိုးယုတ်မှု မရှိခဲ့ အခုလက်ရှိလည်း အေးချမ်းနေတဲ့ နေရာတစ်ခုတော့ ရှိပါတယ် တဲ့ ။
အဲဒီနေရာက မြန်မာနိုင်ငံထဲကပဲ တဲ့ ။
အမျိုးသမီးက . . .
အဲဒီနေရာ က ဆိုးယုတ်မှ ုကို ရှာဖွေဖော်ထုတ်ပြမယ် ဘာကြေးလောင်းမလဲ ဆိုပြီး
အလောင်းအစားတစ်ခု ဖြစ်ခဲ့ပါလေရော ။
နောက်ဆုံးမှာတော့ . . . .
ဆိုးယုတ်မှ ုမဖြစ်ခဲ့လောက်ပါဘူးလို့ ့မျှော်လင့်ထားတဲ့ အဲဒီ နေရာမှာလည်း ထင်မှတ်မထားတဲ့ဆိုး ယုတ်မှ ုတွေ ဘွားခနဲ ပေါ်လာအောင် ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပါတယ် ။
(ဂျူး /ပိုချစ်ရတဲ့လူ ကိုယ်ပဲဖြစ်ပါစေ)
ဇာတ်ကောင်အမျိုးသမီးရဲ့ ့အလောင်းအစားအတွက်တော့ အနိုင်ရလိုက်ခြင်း. .
ဒါပေမယ့်. .
လူသားတွေရဲ ့ သမိုင်းအတွက်တော့ အရှုံးပါပဲ ။
ဆိုးယုတ်မှ ုတွေဟာ နေရာတိုင်းမှာ ရှိနေတယ် . .
ရှိခဲ့တယ် ဆိုတဲ ့ သတ်မှတ်ချက်တစ်ခုကိုပဲ
လက်မခံချင်လည်း လက်ခံရတော့တာပဲ။
တကယ့်လက်တွေ ့မှာတော့ . . .
အဲဒီ ဝတ္ထုထဲမှာ ထည့်ရေးဖို့ရာတောင် မဖြစ်နိုင်တဲ့ ဆိုးယုတ်မှ ုတွေ ဖြစ်နေတာပါပဲ ။
ဆိုးဝါးပက်စက်တဲ့ . . . .
ယုတ်မာရက်စက်မှ ုတွေကို နှစ်အဆက်ဆက် ခေတ်အဆက်ဆက် ဒီပြည်သူတွေ ကြုံခဲ့ရတာပဲ ။
သွေးအမျိုးအစား မျိုးစုံ . . .
ဟောဒီမြေကြီးထဲ စိမ့်ယိုခဲ့တာပဲ ။
Aသွေး B သွေး ဆိုတာထက်. . .
ကျောင်းသားသွေး. . .
သံဃာ သွေး. . . .
အလုပ်သမားသွေး. . . . .
အိမ်ရှင်မသွေး တွေအပြင်. . .
အာဇာနည်သူရဲကောင်းတွေရဲ ့သွေးတွေ
ပါဝင်တဲ့ သွေးအမျိုးအစားပေါင်းစုံ. . .
ခန္ဓာကိုယ်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ချေမှုန်းခံရလို ့
ဟောဒီ မြေကြီးထုတောင် နီမြန်းမြန်းဖြစ်လုပြီ ။
———————————-
ဟော. . .
တွေးရင်းမောရင်းနဲ ့. . .
အိမ်နားရောက်တော့မယ် ။
မြတ်ပင်တွေ ထူထပ်နေတဲ့ အဲဒီလမ်းကြားကလေးကို ဖြတ်ပြီးရင် ရောက်ပြီ ။
အဲဒီ လမ်းကြားဟာ စိုင်းထီးဆိုင် သီချင်းထဲက ချစ်သူလမ်းကြား မဟုတ်ဘူး။
သာယာ နာပျော်ဖွယ်သတင်းမရှိသော
လမ်းကြားပဲ ။
ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး အဒေါ်ကြီးတစ်ယောက် ပိုးစိုးပက်စက်သေဖူးတဲ့လမ်းကြား ။
အရက်မူးသမားတစ်ယောက် ခွေးသေဝက်သေ သေဖူးတဲ့လမ်းကြား။
ရန်ဖြစ်ပြီး ယောကျာ်းတစ်ယောက် ဓါးထိုးခံရလို ့ သေဖူးတဲ့လမ်းကြား . . .
လမ်းကြားဟာ မီးတိုင်မရှိ ။ အမှောင်စစ်စစ်။
ဘုရားးးးး
ဘာနံ ့လဲ ။
ပုပ်အက်အက်အနံ ့ဆိုးတစ်ခု ။
လူသေအလောင်းတစ်လောင်းဆီက ထွက်နေသလိုမျိုးးးး
အစိမ်းသေတွေ တစ္ဆေသရဲဖြစ်ပြီး. . . .
ဒီလမ်းကြားမှာ ပြေးလွှားနေကြသလိုမျိုး
မငြိမ်းချမ်းမှ ုကို ခံစားရတယ် ။
ဒီလမ်းကြားကို
မသတီမှ ုနဲ ့ဖြတ်ကျော်ပြီးရင်တော့
အိမ်ကို ရောက်ပြီ ။
အိမ်မှာ ကျွန်တော့်ရဲ ့မေမေ ရှိတဲ့အတွက်
အမေ့မေတ္တာရိပ်က နွေးထွေးလုံခြုံမှ ုတော့
ကျွန်တော်ရမှာ သေချာတယ် ။
အနည်းဆုံးတော့ ဒီတစ်ညတာအတွက်ပေါ့။
အမေ့မေတ္တာ နဲ ့
ကျွန်တော် လုံခြုံပါလိမ့်မယ် ။
*********************************
အလင်းဆက်
4 .12 .2013 / 11 :00 pm
27 comments
ဦးကျောက်ခဲ
December 5, 2013 at 9:22 am
ကျောက်စ်ပဲ မှားပါတယ် ဒညင်းဝက်ရယ်…
အမင်္ဂလာ အက်ဆေးကိုဖတ်ပြီး အကြည်ဓာတ်လေးပျက်သွားလို့…
ဘယ်မှာလဲ… လူတွေရဲ့ ကိုယ်ကျင့်တရားနဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ…
🙁
alinsett
December 5, 2013 at 12:11 pm
ဟုတ်တယ် ဦးကျောက်စ် ရယ်
ကိုယ်ကျင့်တရား မကောင်းသူတွေရဲ ့
ထင်ရာစိုင်း လုပ်ရပ်တွေကြောင့်
တရားသော ဥပဒေရဲ့ ထိန်းကွပ်မှုကလည်း အားမကိုးနိုင်တဲ့အခါ. . . .
အပြစ်မဲ့ လူသားတွေရဲ့ ဘဝ
လုံခြုံမှုပျောက်ဆုံးခဲ့ရတယ်
အဲဒီ အတွေးလေး ဝင်မိလို့ပဲ
ဟေ့ာဒီ ့ အမင်္ဂလာအက်ဆေးကို
ရေးလိုက်ရပါတော့တယ်
😥
KZ
December 5, 2013 at 9:32 am
အပြစ်မဲ့ ပြည်သူတွေရဲ့ ဘဝတွေ မလုံခြုံတဲ့နိုင်ငံ။
အပြစ်ရှိဆုံးသူတွေ အာဏာရ လက်နက်ကိုင်တဲ့နိုင်ငံ
🙁
alinsett
December 5, 2013 at 12:15 pm
အစစ်ပေပါ့ မမဂျီးရယ်
အာ့ဂျောင့်
ဟိုကဗျာကို ရေးလိုက်တာ
ဒီမှာ လူဖြစ်ရတာ နာတယ်
လူနာ ကဗျာလေ. . .
——
လုံခြုံမှုကို
ပြင်ပမှာ ရှာလို ့မဖြစ်တော့လို ့
ကိုယ်တွင်းမှာပဲ ပြန်ရှာရင်းးး
တောထွက်ချင်စိတ်လည်း ပေါက်ခဲ့ပြီ
🙁
nozomi
December 5, 2013 at 12:41 pm
အကြောင်းအရာ အရ ဖတ်ပြီးတဲ့ နောက် စိတ်မကောင်း စိတ်မချမ်းသာ ဖြစ်ရပေမဲ့
လက်တွေ့ဘဝ ကို ထင်ဟပ်နေတဲ့ အကြောင်းအရာပိုင်း နဲ့ ကိုယ်တိုင်ခံစားနေရသလို ပေါ်လွင်လာအောင် ရေးနိုင်တဲ့ အရေးအသားအတွက်
လေးစားမိပါတယ်
ဒီ မနက်တင် မြောက်ဥက္ကလာ ကုန်းဆင်းနား လိုင်းကားဘရိတ်ပေါက်လို့ ဝင်တိုက်တာ
လူ ၄ ယောက် သေသွားတယ်တဲ့ ကြားရတာတင် စိတ်မချမ်းသာ စရာ
နေ့စဉ် သွား လာ နေရတဲ့ ဘဝ တွေ အတွက်လဲ ဘယ်အချိန် တွေ့ မြင် ရပါ့ မလဲ နဲ့
စိတ်တော်တော် ညစ် ရှုတ် ရတယ်
alinsett
December 5, 2013 at 1:05 pm
အဲဒီ ကား မတော်တဆမှုတွေမှာ
မသေသင့်ပဲ သေသွားရတဲ့လူတွေ ရှိတယ်ဗျာ
အဲဒါနဲ့ပက်သက်ပြီး
ကိုယ်တိုင်တွေ ့ကြုံထားရတာလေးကို
နောက်ထပ်အက်ဆေးတစ်ပုဒ် ထပ်ရေးချင်နေတာ
အရေးအသားကို အသိအမှတ်ပြုသွားလို ့
ကျေးကျေးပါ
sorrow weaver
December 5, 2013 at 1:36 pm
အင်း..ဘိုပြောရမလဲ …ကျုပ်တို့ပဲတိုင်းပြည်မှားလူဖြစ်လာသလားပဲ … 🙁
alinsett
December 5, 2013 at 3:47 pm
မှားနေတဲ့ မြေပေါ်မှာ
လူမှန်တွေ လာ ဖြစ်နေတာ ထင်ပါရဲ ့
ဦးဆောရယ်
:kwi:
လုံမလေးမွန်မွန်
December 5, 2013 at 2:38 pm
အောင်မယ်လေး..အောင်မဲလင်း..
နာ့ကို ကယ်လိုရီကျအောင်များ လုပ်လေသလား.. (ထိတ်လန့်စရာကားတွေကြည့်ရင် ကယ်လိုရီလောင်ကျွမ်းမှုများတယ်တဲ့)
နင့် စာထဲ ငါကိုယ်တိုင်ရောက်သွားတယ်ဟဲ့..
မုန်းထှာ… 🙂
alinsett
December 5, 2013 at 3:42 pm
ဒါတောင်
ကျွန်တော် ဆိုပြီးရေးလိုက်လို့
ကျွန်မ ဆိုပြီး နာမ်စားသုံးလိုက်ရင်
မွန်မွန်တို ့ဒီ့ထက်ပိုပြီး စာထဲနစ်ဝင်သွားမှာပေါ့နော်
Shwe Ei
December 5, 2013 at 4:11 pm
ဆိုင်သလိုလို မဆိုင်သလိုလိုနဲ့ တခုစဉ်းစားမိတယ်…အသက်အာမခံထားတဲ့ ကိတ်စလေ…..
KZ
December 5, 2013 at 4:15 pm
ဘယ်ကမ်ပဏီက ဘယ်ပေးမတုန်းးး
အစိုးရက အစ
စစ်တပ်အလယ်
အရပ်ထဲ အဆုံးးး
တန်ဖိုးမထားဆုံးက ဒီ အသက် အုပ်စာကို။
:hint:
alinsett
December 5, 2013 at 5:23 pm
ကျွန်တော်တို ့မြင်ရသလောက်တော့
တန်ဖိုးအထားမခံရဆုံးအရာတွေထဲမှာ
ဟောဒီပြည်သူတွေရဲ ့အသက် ပါတယ် ။
မသေသင့်တဲ့အခြေအနေကလေးတွေနဲ ့လည်း သေရတာပဲ
မချွေအိရယ်
အသက်အာမခံဆိုတာလည်းးးးးးးး
ဆင်းရဲသားလူတန်းစားတွေနဲ့
တော်တော် ဝေးပါတယ်။
🙁
alinsett
December 5, 2013 at 5:51 pm
ဟုတ်ပါ့
ဒီမှာက
မသေသင့်ပဲသေကြေပျက်စီးကြရတာ
အသက်ဆိုတာ တန်ဖိုးမရှိသလိုပဲ
🙁
Paing Lay
December 5, 2013 at 8:38 pm
ငါ့ကိုမှ မကြောက်ရင် ကြည့်မရဘူးဆိုတဲ့ ဆရာတွေကို မုန်းခဲ့တဲ့သူတွေက အခုချိန်မှာတော့ အဲဒီဆရာတွေ ဖြစ်မှန်းမသိ ဖြစ်ကုန်ကြပါပြီ။ So Terrible 🙁
alinsett
December 6, 2013 at 1:22 pm
🙂
🙂
🙂
padonmar
December 5, 2013 at 11:44 pm
အိမ်မှာ မေမေရှိတာတော်သေးတာပေါ့။:D
(အလင်းဆက်စာတွေ ခေတ်ကို ထင်ဟပ်လာပြီ။)
alinsett
December 6, 2013 at 1:13 pm
ဟုတ်
အန်တီ
ခံစားချက်တွေက ပေါက်ထွက်လာတာ
အဲသလို ဖြစ်နေတယ်
:kwi:
ဗုံဗုံ
December 6, 2013 at 12:20 pm
အဟွတ်..ခြေထောက်နာနေလို့
နို့မို့ရင် ဆွေးနွေးအူးမှာ..
alinsett
December 6, 2013 at 1:20 pm
ခြေထောက်နာတာက
ခုထိ ပျောက်တေးဝူးလား
:kwi:
နာ့ကို ရီးဇားစကား ပြောမှ ပျောက်မယ်ထင်တယ်
နီပြောရင် နာစဉ်းစားပေးပါ့မယ်
:kwi:
sorrow weaver
December 6, 2013 at 2:08 pm
ဒီပို့စ်ထဲမှ ခြေထောက်နာပြတယ်ဆိုတော့ကာ…….အောင်ရဲလင်းဆီက အကြင်နာတွေမျှော်လင့်သလားကွယ်…ခုခွိခုခွိ…..
ဗုံဗုံ
December 6, 2013 at 2:23 pm
အေးဘာာ…… ပူလင်းတူဗူးဆို့ဒွေ…
ကရိုး..ဟိုက နင့်ဂို ခြေထောက်ပေးပြီလား
ဒါဂျောင့် နင့်နဖူးဂျီး ဘုထွက်နေပါဒယ်
အောက်မေ့နေတာ…
alinsett
December 7, 2013 at 10:20 am
ပုလင်းတူ ဗူးဆို ့တဲ့လား
kai
December 6, 2013 at 5:26 pm
အဲဒါ… ဝဋ်လို့ခေါ်မယ်..
လူလူချင်း… လူသားအချင်းချင်း… တန်းတူမှုညီမျှမှုကိုသာထားပါ…။
ကိုယ်တိုင်လည်း…လိုက်နာပါ…
အေးချမ်းသာယာတဲ့..လူ့လောကသစ်ကိုမြင်ရတွေ့ရ..ကိုယ်တိုင်ခံစားရလိ်မ့်မယ်…လို့…။
alinsett
December 7, 2013 at 10:07 am
လူသားချင်း စာနာထောက်ထားခြင်း
အလိုအပ်ဆုံးပေါ့ဗျာ
တစ်ယောက်ရဲ့ လုပ်ရက အခြားသူတစ်ယောက်အတွက် ဝန်ထုပ်ဝန်ပိုးး ဖြစ်စေနေသ၍တော့
ဒီလိုအခြေအနေတွေထဲက မရုန်းသာ. . .
ချီတက်ကြပါစို ့
လောကသစ်ဆီ. . . .
•*¨နန်းတော်ရာသူ •*¨
December 6, 2013 at 7:06 pm
စာကျဲကျဲကို အရှည်လိုက်ကြီး တောက်လျှောက်ဖတ်လာလိုက်တာ
အသက်ရှုတောင်အောင့်လာတယ်
ဒီအကြောင်းတွေကိုတွေးမိတိုင်း ရှေ့ဆက်ရှေ့ဆက် လုံခြုံမုှအတွက် ဘယ်လိုမှစိတ်မအေးနိုင်၊စိတ်မချနိုင်ဘူး။
အဓိကက မသိနားမလည်သေးတဲ့ ကလေးလေးတွေအတွက်အပူဆုံးပဲ
ရင်မောပမ်းလျသွားပါတယ်အလက်ဆင်းရေ
🙁
alinsett
December 7, 2013 at 9:50 am
ကျွန်တော်လည်း
ဒီစာကို ရေးနေရင်းနဲ့
မောပန်းခဲ့ရတာ. . .
ဒီလိုအက်ဆေးမျိုးးး
ထပ်မရေးချင်တော့ဘူး မမနန်းရယ်
ဒါပေမယ့်. . . .
အခြေအနေတွေက. . .
ရေးစရာတွေ ရှိနေသေးတယ်
😥