သကြားလုံးကြော်တွက် သကြားရုပ်(ဂျုံရုပ်)လက်ဆောင်နဲ့ တခါတုန်းက မူကြို
မှီရဲ့ မိဘဝတ်(သို့)ဝဋ် ထဲမှာ သကြားလုံးကြော်က ဒီလိုမန့်ထားပါတယ်။
သကြားလုုံးကြော် says:
ဖတ်လိုု့ကောင်းလိုုက်တာ။
ကလေးဘဝက အစောဆုုံး ကိုုယ်တိုုင် မှတ်မိတာပြောပါလိုု့ မေးရင် မူကြိုမသွားချင်တဲ့ နေ့တနေ့ကိုုပဲသတိရတယ်။ အဖိုုးက မူကြိုကိုုစက်ဘီးစီးပြီးလိုုက်ပိုု့တယ်။ မသွားချင်တာကိုုသိလိုု့ထင်တယ် အဖိုုးက လမ်းမှာရောင်းနေတဲ့ သကြားရည်နဲ့ပုုံဖော်ထားတဲ့ မျောက်ရုုပ် တုုတ်ထိုုးသကြားချောင်းလေးဝယ်ပေးပြီး မူကြိုပိုု့လိုုက်တယ်။ မူကြိုဆရာမက နေ့လည်မှ/ကျောင်းဆင်းမှ စားရမယ်ဆိုုပြီး နံရံမှာ ထိုုးထားတယ်။ နေ့လည် ကလေးတွေအကုုန်အိပ်ချိန်မှာ အဖိုုးဝယ်ပေးသွားတဲ့ နံရံပေါ်က မျောက်ရုုပ်ကလေးကိုုပဲကြည့်ပြီး ငါ့အဖိုုးဝယ်ပေးသွားတာဆိုုပြီး အဖိုုးကိုုပဲသတိရနေတာ မှတ်မှတ်ရရပဲ။
ကျမအဖိုုးမရှိတော့ပါဘူး။ ဒါပေမဲ့ ငယ်ငယ်က ကျမကိုု မူကြိုလိုုက်ပိုု့ပေးပြီး နှစ်သိမ့် မျောက်ရုုပ်ကလေးဝယ်ပေးတာကိုု စဉ်းစားမိတိုုင်း အဖိုုးကိုုချစ်လိုု့မဆုုံးဘူး။အန်တီမှီ့သားလေးကိုု ကျောင်းပိုု့ရင် သူ့အနားမှာယူသွားစရာ အမေ့ကိုုယ်စားဆိုုပြီး အရုုပ်သေးသေးတခုုခုု ထည့်ပေးလိုုက်ပါလား။ something to hold onto.
မကြာသေးခင်က တနင်္ဂနွေတမနက် မိသားစုတွေ ပြည်ထောင်စုရိပ်သာလမ်းက Feelစားသောက်ဆိုင်မှာ လက်ဖက်ရည်သောက်ထွက်ရင်း သကြားလုံးကြော်ကွန်မန့်ထဲက သကြားရုပ်(ဂျုံရုပ်)ကလေးတွေ လုပ်ရောင်းတာတွေ့ပါတယ်။
ဒီအရွယ်ကြီးရောက်ပေမယ့် ကလေးစိတ်မပျောက်ဘူးလို့ ပြောချင်ပြော၊အဲသလို အရုပ်ကလေးတွေများတွေ့ရင် အင်မတန်စိတ်ဝင်စားပါတယ်။
အထူးသဖြင့် ဂျုံရုပ်လုပ်တာ အနုပညာပါပါတယ်။ခေတ်နဲ့လည်း အမီလိုက်ရပါတယ်။
ပါဝါရိန်းဂျားပေါ်ရင် ပါဝါရိန်းဂျား၊လိုင်းယင်းကင်းဆို လိုင်းယင်းကင်းပေါ့။ဒါမှလည်း ကလေးတွေလည်းလိုချင်၊ဝယ်ပေးမယ့် မိဘလည်း လိုချင်ဖြစ်မှာပေါ့နော်။
ဂျုံရုပ်ကလေး တရုပ်မှ ၅၀ဝ ပါ။စားလို့လည်းမရ၊အလှထားရင်လည်း ကြာကြာမခံပေမယ့် နိုင်ငံခြားဖြစ် အရုပ်တွေထက်စာရင်တော့ အများကြီးသက်သာပါတယ်။
ဒီလို ဂျုံရုပ်လုပ်တတ်တဲ့ ပညာလည်း နိုင်ငံခြားသားအလာများတဲ့နေရာနဲ့ ကလေးတွေလာတတ်တဲ့ နေရာတွေမှာတောင် အမြဲမရောင်းနိုင်ပါဘူး။အဲသလို ပညာရှင်ရှားလာသလို ဝယ်ယူအားပေးသူလည်း နည်းလာပါပြီ။
ဒါလေးကို ရေရှည်ခံမယ့် နည်းလမ်းလေးများ ဆန်းသစ်တီထွင်ပေးနိုင်ရင်တော့ မြန်မာ့လက်မှုပညာလေး မတိမ်ကော၊မပျောက်ပျက်နိုင်တော့ဘူးပေါ့။ကျမတော့ တွေ့တဲ့အခါတိုင်း တရုပ်တော့ အားပေးလိုက်တာပါပဲ။ဒီထဲက ကျမတရုပ်ရွေးဝယ်လာပါတယ်။ဘာရုပ်ဖြစ်မယ်ထင်ပါသလဲ.
သကြားလုံးကြော်လေးကို အဖိုးပေးခဲ့တဲ့ အရုပ်လေးမျိုး အန်တီက လက်ဆောင်ပေးပါတယ်။မျောက်ရုပ်ကလေးတော့ မဟုတ်ဘူးပေါ့။
အဖိုးကိုယ်စား နတ်မြင်းပျံလေး လက်ဆောင်ပေးပါတယ်။
………….
မူကြိုဆိုလို့ ကျမတူမအကြီးဆုံးလေး မူကြိုတက်ခါစကို သတိရမိပါသေးတယ်။
ကျမတူမလေးက ငယ်ငယ်ကတည်းက `ဉာဏ်သိပ်ကောင်းပါတယ်။သူ၁၁လမှာ စကားနည်းနည်းစပြောနေပါပြီ၊ငှက်မြင်ရင်Bird၊ကြောင်မြင်ရင် Catလို့သင်ပေးတာကို မှတ်မိပြောတတ်နေပြီ။လမ်းလည်းစမ်းလျှောက်နေပြီ။
မူကြို ကျောင်းက တက်တက်ချင်း ကဗျာသင်ပေးတာကို ညနေကျပြန်ဆိုပြနိုင်ပါတယ်။သားဦးအရူးဆိုတဲ့အတိုင်း မိဘတွေရော၊အဖိုးအဖွားတွေ အဒေါ်တွေရော ကလေးပထမဆုံးကျောင်းအပြန်ကို ဘာတွေ သင်လိုက်တယ် ဆိုတာ သည်းသည်းလှုပ်စောင့်မေးကြတာပေါ့။ သူဆိုပြတဲ့ကဗျာထဲ `ယမင်းတွေနဲ့ ကင်းကွိုင်´ လို့အခါခါပါတော့ ဘာအဓိပ္ပါယ်မှန်းမသိကြဘူး။နောက်နေ့ မူကြိုဆရာမကို ဘာတွေသင်တာလဲမေးတော့မှ `ရန်ဘေးတွေလည်း ကင်းကွာ´ပါတဲ့။ဘုရားရှိခိုးသင်တာကို သူကြားသလိုဆိုလိုက်တာသိရမှ တအုံးအုံးရီကြရပါတယ်။
မူကြိုမှာ သင်တဲ့
မြေကြီးကို တူးကာယက်၊
ညအခါမှာ လမ်းလျှောက်ထွက်၊
လူတွေမြင်ရင် ကျနော့်ကို နှက်၊
အမြီးတန်းလန်းနဲ့ ကြွက် ဆိုတဲ့ ကဗျာလေးရွတ်ပြပြီး အမြီးလေးယမ်းတဲ့ပုံလုပ်ပြရင်
ချစ်စရာကောင်းလွန်းလို့ဆိုပြီး ကလေးကို ဝိုင်းနမ်းကြရသေးတယ်။
(ကိုရီးယားကားထဲက ဖေဖေဝက်ဝံ၊မေမေဝက်ဝံ၊သားလေးဝက်ဝံဆိုပြီး ကတာလေးလာရင် တူမလေးမူကြိုအမူအရာသတိရမိပါတယ်)
အဲသလို ကဗျာလေးတွေသင်ပြီးရင် ဆော့ကစား၊နေ့လည်ဆို တရေးအိပ်၊နေ့လည်စာ အာဟာရကြွေး၊ညနေကျရင် ကဗျာလေးတွေဆိုကြ၊ကကြ။ကလေးတွေ ကျောင်းတက်ရမှာ ပျော်လွန်းလို့။
အော်…အဲဒီခေတ် မူကြိုတောင် ကလေးတွေကို စာတွေချည်းဖိသင်တဲ့ ခေတ်မဟုတ်ခဲ့သေးဘူး။နောက်တူတွေ တူမအငယ်တွေ လက်ထက်ရောက်မှ မူကြိုကောလိပ်ကို ကျောပိုးအိတ်ကြီးနဲ့ ပို့ပြီး စာရေးစာဖတ်သင်ရတဲ့ ခေတ်ထဲရောက်ခဲ့ရတာပါပဲ။
အနှစ် အစိတ်ကျော် ရှိခဲ့ပြီကိုး။……….
23 comments
ဦးကျောက်ခဲ
December 9, 2013 at 8:24 am
သကြားလုံးကြော်လည်း ရွာထဲမှာပျောက်နေတာ အတော်ကြာပြီ…
ဆက်ပြောရရင် အဲသည့်အရုပ်တွေကို စားမရလည်း ငေးဖူးသူမို့…
အတော်လေး လွမ်းသွားတယ်… ဘယ်သူမှလည်း ဝယ်မပေးဖူးဘူးလေ…
🙂
padonmar
December 10, 2013 at 8:56 pm
သနားစရာ ဦးကျောက်
မယ်နှင်းကို သကြားရုပ်ဝယ်ပေးဖို့ ပြောပေးပါမယ်။
surmi
December 9, 2013 at 8:37 am
ငယ်ငယ်က လိုချင်လိုက်တာစက်စက်ယိုပေါ့ဗျာ..
ရတဲ့မုန့်ဖိုးနဲ့မလောက်လို့ ငေးခဲ့ရတာပါပဲ ။
ကျနော့ကလေးတွေခေတ်မှာပြန်တွေ့ရတော့ သူတို့ကိုဝယ်ပေးရတာအမော ..
ကျနော်လည်းအဲဒီအရုပ်တွေသဘောကျတယ်လေ။
ဒါနဲ့.. စီးတီးမတ်က အဲဒီအရုပ်လုပ်တဲ့ ပျော့စိစိအတူံးလေးတွေဝယ်ပြီးပြန်လုပ်ကြည့်တာ..ဟဲဟဲ…
ဆရာသုမောင်တို့အဖေသာဓုစွန်ချိုးသလိုဖြစ်သွားတယ်ဗျို့ …
ဦးကြောင်ကြီး
December 9, 2013 at 8:53 am
ငယ်ငယ်က အဲလို ဂျုံရုပ်အရောင်စုံ မြင်ရင် သွားရည်ကျတယ်၊ တကယ်တော့ စားလို့လည်းမရ။
နံပြား၊ ပလာတာ လုပ်တဲ့ ဂျုံလုံးတွေမြင်ရင်လည်း အားကြီးသဘောကျတယ်။ အဲလို ဂျုံလုံးတွေ စားပွဲပေါ် အစီအရီချထားရင် သူတို့အပေါ် တက်လှဲအိပ်ချင်စိတ်တောင် ပေါက်တယ်။ မရှိမဲ့စုမဲ့ ပိုက်ဆံလေး ပေးပီး နံပြားဂျုံလုံး ဝယ်ကြည့်တော့ ဘာမှလုပ်လို့မရ၊ မုန့်ဖိုးသာ ဆုံးသွားတယ်။ ဒီလိုပဲ လပြို အာပြိုဂျီးများ အိမ်ထောင်ပြုမယ်ကြံရင် ဂျုံလုံး ဂျုံရုပ် ဥပမာ သတိရဂျပါ။
padonmar
December 10, 2013 at 11:45 pm
ကဆာနဲ့ ကကြောင်ကို
အရုပ်လုပ်တမ်းကစားတဲ့ ရွှံ့ဝယ်ပေးပြီး အရုပ်ပြိုင်လုပ်ခိုင်းရမယ်။
KZ
December 9, 2013 at 9:14 am
အဲလာမျိုးက ၂ မျိုးရှိတယ် အာတီဒုံ။
ကပ်ဆေးနဲလိုမျိုး စားလို့ရတဲ့ သကြားရုပ်လေးတွေရယ်။
ဆေးဆိုးထားတဲ့ဂျုံနယ်ပြီးသား ရောင်စုံတွေကို လုပ်ထားတဲ့ဟာရယ်။
ငယ်တုန်းက နယ်ဘက်တွေမှာ တွေ့တယ်။
သကြားရုပ် ကပ်စေးနဲရုပ်တွေတော့ ဝယ်မပေးဘူးးးး စားမှာစိုးလို့။
ဂျုံရုပ်လေးတွေတော့ ဝယ်ပေးတယ်။
ကိုယ်ကြိုက်တဲ့ အရုပ်လည်းလုပ်ခိုင်းလို့ရတယ်။
သိပ်ကျွမ်းကျင်တာမို့ ထိန်းသိမ်းသင့်တဲ့ လက်မှုပညာထဲပါတယ်နော်။
ဟိုနေ့ကကို တွေးမိသေးးးး
အဲလိုမျိုး လက်မှုပညာ ရပ်ကွက်လေး ဖန်တီးပြီး တိုးရစ် အထရက်ရှင်း လုပ်စားရရင် ကောင်းမယ်လို့။
😀
မြင်ရတော့ ငယ်ဘဝ ကို လွမ်းပြီး ရင်ခုန်သားးး
padonmar
December 10, 2013 at 10:58 pm
ကေဇီပြောမှ သကြားလုံးကြော်ပြောတဲ့ အရုပ်ကို သေချာသိပြီ။
တခါတလေ ကလေးမွေးနေ့ပွဲလိုမျိုးမှာ အရုပ်သည်ခေါ်ပြီး ကလေးတွေ ကြိုက်ရာ အရုပ်လုပ်ပေးတာမျိုးတော့ ကြားဖူးတယ်။
မဟာရာဇာ အံစာတုံး
December 9, 2013 at 10:14 am
ငယ်ငယ်က ကျောင်းတက်တုန်းက
လမ်းဘေးမှာ အိုက်လို အရုပ်လေးတွေ လုပ်နေတာမြင်ရင်
ထိုင်းပြီး ငေးကျိခဲ့တာပေါ့ ခညာ …
ကျုပ်တို့တုန်းကဆို ဝူခုန်းရုပ်တွေက သိပ်ခေတ်စားတာ …
ဒီနောက်မှာ …
ဓားလေးနဲ့ ဟိုခြစ်ဒီခြစ်လုပ်ပီး
သဘာဝ တောပုံလေးတွေ ဖြစ်ဖြစ်သွားတဲ့ ပန်းချီပုံလေးတွေ ခေတ်စားလာရောဗျ …
padonmar
December 10, 2013 at 11:38 pm
အဲဒီ ပန်းချီကားသည်လေးတွေလည်း တွေ့ရင် အားပေးပါတယ်။
kyeemite
December 9, 2013 at 11:51 am
အဲဒီဂျုံရုပ်သယ်တစ်ယောက်ကို ကြောင်ဝတုတ်ထင်ရဲ့..ရေးတင်ဖူးသေးတယ်..
ဟုတ်တယ်အာတီဒုံရေ..အခုသိပ်မတွေ့မိတော့ဘူးဗျ…
ကျုပ်တို့ငယ်ငယ်ကတော့ မူကြိုဆိုတာမရှိခဲ့ပါဘူးဗျာ..၅နှစ်တင်းတင်းပြည့်မှ
သူငယ်တန်း(ကျက်ချေးတန်း) စတက်ခဲ့ရတာ..
သားတို့ သမီးတို့ခေတ်ကျတော့…မထားမဖြစ်ထားကြရပြီ…
padonmar
December 10, 2013 at 11:48 pm
ဦးမိုက်ရေ
မူကြိုဆိုတာ ရှိသင့်ပါတယ်။ဒါပေမယ့် စာသက်သက်သင်တဲ့ မူကြိုဆိုရင်တော့ မဖြစ်သင့်ပါဘူး။
ကလေးတွေကို အိမ်ပြင်ပမှာ ပေါင်းသင်းဆက်ဆံနည်း စသင်ပေးတဲ့ ပျော်စရာ နေရာလေးပဲ ဖြစ်သင့်ပါတယ်။
လုံမလေးမွန်မွန်
December 9, 2013 at 2:32 pm
သာမီးရောပဲ..ငယ်ငယ်က ပိုက်ပိုက်မချိလို့ မဝယ်ရဘူး… အရုပ်ကို လိုချင်တာထက်..အရုပ်လုပ်တာကို ထိုင်ကြည့်ရတာ ပိုသဘောကျတယ်…
padonmar
December 10, 2013 at 11:41 pm
လုံကလေးရေ၊
အရုပ်လုပ်တာ သိပ်ကြည့်ကောင်းတာ၊
မျက်စိရှေ့တင် ဂျုံလုံးရောင်စုံကနေ ချစ်စရာအရုပ်ကလေးတွေ ဖြစ်ဖြစ်သွားတာ သိပ်သဘောကျတာပဲ။
သကြားလုုံးကြော်
December 9, 2013 at 2:37 pm
ဒီအရုုပ်တွေ ဒီခေတ်မှာရှိသေးတာဝမ်းသာစရာပဲ။ နတ်မြင်းပျံအတွက် ကျေးကျေးပါ။ နတ်မြင်းပျံနဲ့ မျှားပြီး ရွာထဲပြန်ခေါ်လိုုက်သလိုုပဲ။
အဖိုုးဝယ်ပေးတဲ့ မျောက်ရုုပ်က KZ ပြောသလိုု သကြားနဲ့လုုပ်ထားတာ။လျှာနဲ့ရက်လိုု့ရတယ်။ သကြားပါးပါးကြည်ကြည် မျောက်ရုုပ်ကလေးကိုု မစားရက် မသောက်ရက် ကိုုင်ထားလိုု့ ဆရာမက နံရံမှာ ချိတ်လိုုက်တာ။ လမ်းပေါ်က ဆေးဆိုုးသကြားလုုံးတွေ ဘယ်တော့မှ ဝယ်မကျွေးတဲ့ ကြားက ဝယ်ပေးတာဆိုုတော့ တော်တော် သနားသွားလိုု့ထင်တယ်။
padonmar
December 10, 2013 at 11:03 pm
အဲဒီသကြားနဲ့လုပ်တဲ့ ပါးကြည်လေးက ပါးစပ်နဲ့ မှုတ်ရတယ်။
သကြားပျော့ပျော့ အတုံးလေးကို သစ်သားမိုထဲ မှုတ်ထည့်ပြီး သစ်သားနှစ်ခြမ်းခွာလိုက်ရင် အရုပ်လေး ထွက်လာရော။
မြို့က အဲဒီအရုပ်သည်က တီဘီရှိတယ်လို့ ကြားတော့ ကလေးတွေကို ပါးစပ်နဲ့ မှုတ်တာ ဝယ်မပေးဘူးလေ။
အခု ဂျုံရုပ်သာတွေ့သေးတာ၊အဲဒီ သကြားရုပ်က လုံးဝမတွေ့တော့ဘူး။
•*¨နန်းတော်ရာသူ •*¨
December 9, 2013 at 8:16 pm
ဒီအရုပ်တွေကိုကျမတို့ငယ်ငယ်ကလည်းအတော်ဝယ်ဖူးတဲ့အပြင်၊အရုပ်သည်ဘေးမှာလည်းသွားငေးနေဖူးပါတယ်။
အဲဒီတုန်းကတော့ အခုလို ပါဝါရိန်းဂျားတို့ဟဲလိုကစ်တစ်တို့မရှိပါဘူး
ရွှေခဲတို့၊ပန်းသီးတို့၊နှင်းဆီပန်းတို့၊မျောက်တို့ပေါ့။
စားလို့ရမရတော့မသိဘူး ကျမတို့ကတော့ လျှာနဲ့လျက်နေတာပဲ..အရောင်ရင့်ရင်အတော်ခါးတယ်။
အခုနောက်ပိုင်းတော့ မတွေ့တာကြာပါပြီ။
အိမ်ကကလေး၂ယောက်ဆို မြင်တောင်မမြင်ဖူးပါဘူး။
၅၀ဝကတော့ နည်းနည်းများနေလားလို့အန်တီရေ။
padonmar
December 10, 2013 at 11:18 pm
ဒီအရုပ်ကလေးတရုပ် ၅၀ဝ ကတော့ ပေးထိုက်ပါတယ်ကွယ်။
San Hla Gyi
December 9, 2013 at 8:57 pm
ဟုတ်တယ် ဒေါက်တာရေ
အဲဒီ အရုပ်ကလေးတွေက သိပ်လက်ရာမြောက်တာ။ တကယ့် အနုပညာ ပစ္စည်းတမျိုးလို ကြည့်လို့ သိပ်လှတာပဲ။ ကျနော်လည်း သိပ်သဘောကျတယ်။
မြန်မာ့သမိုင်းမှာတော့ ဦးအောင်ဇေယျကို သူ့မယ်တော်က ကိုယ်ဝန်ရှိတုန်းက သူ့ကို ဆန့်ကျင်ဖက်လုပ်တဲ့ ရန်သူဆိုရင် အသွေးအသားကို စားပစ်လိုက်မယ် ဆိုတဲ့ စိတ်မျိုး ခဏ ခဏ ဖြစ်ပြီး ခက်ထန်နေလို့ မုန့်ညက်ကို လူပုံစံ အရုပ်ချိုးပြီး မကြာခဏ ပွဲတော် ဆက်ရတယ် ဆိုတာပဲ။ အဲဒါလည်း လူပုံစံ ဒီအရုပ်ကလေးတွေလို ချိုးထားတာ ဖြစ်မှာပေါ့ဗျာ။
padonmar
December 10, 2013 at 11:23 pm
ကိုစံလှကြီးရေ
အလောင်းဘုရားငယ်ဘဝအကြောင်း ခုမှ ကြားဖူးတာ၊သိရတာ ကျေးဇူးပါ။
ဒါဆို သူက ငယ်စဉ်ထဲက သတ်ချင်ဖြတ်ချင်ပေါ့နော်။
ကိုယ့်ဖက်ကကြည့်တော့ သူရဲကောင်း၊သူများဖက်ကကြည့်တော့ လူသတ်သမားဆိုတာလည်း မမှားလောက်ဘူးပေါ့။
San Hla Gyi
December 11, 2013 at 8:19 pm
ဟုတ်မှာပေါ့ ဒေါက်တာရယ် ကျနော်က သတင်းစာဆရာ ဦးသိမ်းမောင်ရေးတဲ့ မြန်မာသူရဲကောင်းစာအုပ် ထဲမှာ ပါတာကို ပြန်ပြောပြတာ။ သူကလည်း အဲဒါကို သုသောဓိတရာဇဝင်တို့ မှန်နန်းတို့ကို ကြည့်ပြီးမှ ပြန်ကိုးကားတာ။ တကယ်တော့ ရှင်ဘုရင် ဆိုတာကလည်း အမြင့်စံတဲ့ လူသတ်သမားပဲ မဟုတ်လား။ ဦးအောင်ဇေယျ ဖြစ်နေတဲ့ ခေတ်အခြေအနေကတော့ သူက မသတ်ရင် သူ့ကိုသတ်မယ့် အခြေအနေမျိုးပဲ မဟုတ်လား။ သူ ရွေးချယ်စရာ သိပ်တော့ မရှိဘူးလို့ ထင်တာပဲ။
အဲဒါ ဦးအောင်ဇေယျ ဖြစ်လာမည့် သူငယ်ကို ဖွားတော့ ရုတ်တရက် မဖွားနိုင်လို့ အိမ်ဦးခန်းမှာ သံဃာတွေ ပင့်ပြီး ပရိတ်တွေ ဘာတွေ ရွတ်သေးတယ် ဆိုတာပဲ။ စာထဲမှာ ပါတာတော့ သံဃာတွေက ဩောင်း အဌဇေယျ မင်္ဂလံဆိုတဲ့ ဂါထာကို ရွတ်လိုက်တဲ့ အချိန်မှာပဲ တချိန်တည်း တင်းတိမ်ထဲက အူဝဲဆိုတဲ့ ကလေးငိုသံ ကြားရလို့ အောင်ဇေယျဆိုပြီး နာမည်မှည့်ခဲ့တာတဲ့။
အဲဒါကြောင့် ပညာရှိတွေက အဌဇေယျ မင်္ဂလံဆိုတဲ့ အသံနဲ့ မွေးလို့ သူ မင်းဖြစ်ရင် ထီးနန်းစည်းစိမ် ၈ နှစ်ပဲ ခံစားရမယ်ဆိုပြီးတောင် နိမိတ်ဖတ်ခဲ့တယ်လို့ ပြောတယ်။
Ma Ma
December 9, 2013 at 9:14 pm
ကိုယ်တွေတုန်းကတော့ မိဘတွေက သားသမီးများတော့ ဘယ်လိုဘယ်နည်းနဲ့ ကျောင်းရောက်သွားမှန်းတောင် မသိလိုက်ဘူး။
မှတ်မှတ်ရရ တူမလေးကို သူ့အမေမူကြို ပို့တုန်းကတော့ ကလေးက မူကြို မသွားချင်လို့ အမေက ချီသွားတာ။ ကလေးက အမေ့ရဲ့ စုစည်းထားတဲ့ဆံပင်ကို အတင်းဆွဲတော့ သူ့အမေခမျာ ယက်ကန်ယက်ကန်နဲ့ ရှေ့ဆက်သွားလို့မရဖြစ်နေတာကြည့်ပြီး မိသားစုတွေခမျာ ငိုရမလို ရီရမလို 😀
padonmar
December 10, 2013 at 11:27 pm
ချစ်မရေ
အဒေါ်အပျိုကြီးတွေဆိုတာ တူတူမတွေကို ကျောင်းပို့ရတဲ့ တာဝန်အလိုလိုရရော။
ဒီလို ကျောင်းကို ချော့ပို့ခံချင်ရင် သားဦးဖြစ်မှ။(မှီ့သားလေးလို)
alinsett
December 9, 2013 at 9:19 pm
အဲဒါ..လည်း..အနုပညာပဲ.နော်..