Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပြော မပြောချင်ဘူး….

johnnydeerDecember 9, 20131min45213

နိုင်ငံတကာ သတင်းလေး ကြည့်မိပါတယ်….စိတ်ပျက်လိုက်တာကွာ… ဆန္ဒလေး လေးငါးရက် ပြကာရှိသေး….ဟို မိန်းမကြီးပေါ့…သိလား…ဒေါ်ရင်လှလေ…လွှတ်တော်ကို ဖျက်သိမ်းပြီး ပြည်သူတွေဆီ အာဏာ ပြန်လွှဲအပ်သတဲ့….အဲ့ဒါကြောင့် မိန်းမတွေကို စိတ်ပျက်တာ…ဇွဲကိုမရှိဘူး…သူက အာဏာအပ်တယ်ဆိုတော့ ပြည်သူတွေကပဲ အာဏာရူးနေသလိုလို… တို့တိုင်းပြည်ဆို ကြည့်စမ်း…ယောက်ကျားရင့်မကြီးတွေ အုပ်ချုပ်တာ ဘယ်လောက်ကောင်းလဲ…အဝတ်အစားဝတ်တာကလဲ ထိပ်တန်း…စမတ်ကို ဂွပ်လို့…လုံချည်ဆိုလဲ စံပြ…ချိတ်လုံချည် လှလှကြီးတွေ ဝတ်ပြသွားလိုက်တာများ….ပြည်သူတွေတောင် ဟာ…ကနဲ ဖြစ်သွားရတယ်…မိုက်လွန်းလို့…သူတို့လို ဝတ်ချင်လို့ အမရပူရ တခွင်ပြဲပြဲစင်အောင် လိုက်ရှာတာ ရှာမတွေ့ခဲ့ပါဘူး….ပြောလိုက်တဲ့ စကားလုံးတွေဆိုလဲ လှလိုက်တာ…အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်တို့…ဥပဒေအထက်တွင် မည်သူမျှမရှိတို့…ဆိုတာတွေနဲ့ အများကြီး…အများကြီး….တိုင်းပြည်ကိုလဲ စိတ်ရှည်လက်ရှည် နှစ်ပေါင်းများစွာအုပ်ချုပ်ပြသွားလိုက်တာများ…လေးစားစရာပါပဲ…တော်ယုံလူဆို ဒီလောက်နှစ်အကြာကြီး ဘယ်သူက အရှုံးခံပြီး အုပ်ချုပ်ချင်ပါ့မလဲနော့….ကျေးဇူးကြီးလိုက်တာ… ပြည်သူတွေကလဲ ကျေးဇူးသိတတ်ပါတယ်နော်…ဒီလောက်အရှုံးခံ လုပ်ထားတဲ့တို့အစိုးရကို တို့ထောက်ခံတယ်ဆိုပြီး ၂၀၀၈ တုန်းက မုန်တိုင်းကြားထဲကကို ဇွတ်ထောက်ခံလိုက်ကြတာ ၉၉ ဒသမ…ဘယ်လောက်ရာခိုင်နှုန်းတောင် ထောက်ခံလိုက်ကြပါပကော… ဒီလောက် ပျော်စရာကောင်းတဲ့ တိုင်းပြည်ဘယ်မှာရှိမှာလဲနော….မီးလာရင်လဲ ဟေး ကနဲ…ဖုန်းကဒ်ပေါက်ရင်လဲ ဝါးကနဲ…ကွန်နက်ရှင်လေး ကောင်းပြန်ရင်လဲ ပျော်လိုက်တာ ပျော်လိုက်တာနဲ့….အပျော်တွေ အပျော်တွေ…တခြား ဘယ်တိုင်းပြည်မှာ ရမလဲနော… တော်ပြီ…နောက်ဆို နိုင်ငံတကာသတင်းတွေ မကြည့်တော့ဘူး…ပျော်လက်စ အပျော်တွေ ပျောက်သွားလိမ့်မယ်… ဘုရား…ဘုရား…တော်ပါသေးရဲ့…ငါ မြန်မာပြည်မှာ လူလာဖြစ်လို့…စင်္ကာပူတို့…ထိုင်းတို့…အမေရိကားတို့မှာသာ လူဖြစ်ကြည့်…စိတ်ညစ်လို့ ကိုယ့်ကိုကိုယ် သတ်သေမိမလားမသိ….

13 comments

  • surmi

    December 10, 2013 at 7:56 am

    ဟားးးး ဟားဟား ……
    မိုက်​တယ်​ဗျာ

  • KZ

    December 10, 2013 at 8:51 am

    အဟုတ်ပါ့အဟုတ်ပါ့။
    တို့လူဂျီးညား သများတို့ကို နေပျော်အောင်ထားထားတာ။
    ဟွန့်။
    ရုတ်ရုတ် ရုတ်ရုတ်တော့ မလုပ်နဲ့။
    တေတွားမယ်။
    စစ်တပ်တို့ရဲတို့ စွမ်းအားရှင်တို့ဆိုတာ နိုင်ငံနဲ့ပီဒူကို ကာကွယ်ဘို့ဟုတ်ဘူးးးး
    အဘတို့ အာနာ လျှာနာ ခွါနာကို ကာကွယ်ဖို့ဟဲ့။
    အဘတို့မှ နှစ် ၂ဝ အနစ်နာခံပြီး တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေရတာလွယ်တယ်မှတ်လို့။
    သနားတတ်ရင် နေ့တိုင်း တွေးတွေးပြီး မက်ရည်ဘူးသီးလုံးလောက် ကျလို့ရသဟဲ့။
    အဘတွေမှာ နန်းတော်ကြီးလောက် အိမ်ထဲကနေပြီး ပီဒူတွေ ဆင်းရဲသထက် ဆင်းရဲအောင် နည်းမျိုးစုံ ကြိုးစားရတာ အရမ်းပင်ပန်းတယ်။
    ဘာသိတုန်းးးး?၊
    ဟင်းးးးး
    ပြော ကို မပြောချင်တာ။

  • alinsett

    December 10, 2013 at 11:56 am

    အွန်…
    ဒီမှာ..လူဖြစ်ရတာလည်း…….
    ပြောကို……မပြောချင်ပါဘူးးးးး
    :kwi:

  • ဦးကျောက်ခဲ

    December 10, 2013 at 12:13 pm

    ထိုင်းနိုင်ငံရေးက စိတ်ပျက်စရာကြီးပါဗျာ…
    တစ်ဖွဲ့တက် တစ်ဖွဲ့က ဆန္ဒပြ ဆွဲချ…
    အနီတွေ အဝါတွေ မရမ်းရောင်တွေနဲ့ စည်းကမ်းမရှိ…
    ဒေါ်ရင်လှတော့ ပုလဲခပြီး ဒေါသအမျက်ခြောင်းခြောင်းထွက်နေလေရဲ့…
    ရွှေပြည်ကြီးမှာ ဒါမျိုးလုပ်ရင် မီးလောင်ဗုံးနဲ့ ဂိသွားမယ်…
    😀

  • Paing Lay

    December 10, 2013 at 3:24 pm

    ဒီထက်ပိုပျော်စရာကောင်းအောင် ပြည်လုံးကျွတ် ဆိုင်းဘုတ်ကိုင် လမ်းလျှောက်ပွဲ လုပ်ဖို့ အစီအစဉ်ထည့်ရင်ကောင်းမယ်ညော်……အခုလက လူထုအားကစား လမို့လေ 😀 :mrgreen:

  • လုံမလေးမွန်မွန်

    December 10, 2013 at 5:37 pm

    ဟေးးးးးးးးး..ပျော်တယ်ဟေ့…ပျော်တယ်…
    အူးဂျွန်နီပြောလို့ ပိုတောင်ပျော်ရကောင်းမှန်းသိတယ်… ပျော်လိုက်တာ… ဟိဟိ…

  • johnnydeer

    December 10, 2013 at 6:19 pm

    ဟုတ်ပါ့…တို့တိုင်းပြည် တယ် ပျော်စရာကောင်းတာကိုး…အရာရာ ပျော်စရာကြီးတွေကြီးပဲ…

  • ဦးကြောင်ကြီး

    December 11, 2013 at 10:24 am

    အစရှိ အနောင်နောင်ဒဲ့.. ထိုင်းမှာ အဲဒီ အစဉ်အလာ ဖြစ်သွားပြီ.. နောင်နှစ်ပေါင်းများစွာတိုင်အောင် ဆက်ဦးတော့မည်။ ဒါကြောင့် မြန်တျန့်ပြည်မှာ စစ်တပ် ဘုရားထူးနေရတဲ့ အစဉ်အလာ ပျက်အောင်ဖျက်ကြပါ။

    • kai

      December 12, 2013 at 1:26 pm

      စစ်တပ်မှမဟုတ်ပါဘူး…
      ဘယ်သူ့မှဘုရားမထူးရရင်..အကောင်းဆုံးတွေဖြစ်မှာပါ..။

      အခုက.. ထေရဝါဒတို့တိုင်းပြည်တိုင်း.. ဘုရားထူးနွံနစ်နေတယ်… :kwi:
      ဘုရား…ဘုရား…

  • Shwe Ei

    December 12, 2013 at 2:34 pm

    ခုချိန်ထိ လွှတ်တော်ဆိုတာရီးကို ကြားရုံကြားဖူးတာလဲပျော်တယ်

    အပေါ်ပိုင်းက လူကြီးတေ ကိုဖာသာဆွေးနွေး ကိုဖာသာ ထောက်ခံပီး ကိုဖာသာ လုပ်ချင်ရာ လုပ်သွားကြတာလဲပျော်တယ်

    ကားကျပ်လဲပျော် ပွိုင့်ပျက်လဲပျော် မီးပျက်လဲ ပျော် မီးလာလဲပျော်

    ကုန်ဈေးနှုန်းတက်လဲပျော် လယ်သိမ်းခံရလဲပျော်……

    ပျော်…ဟော်…ဟော်…ဒယ် တော်ရေ့ :mrgreen:

  • Ma Ma

    December 12, 2013 at 5:38 pm

    ကိုဂျော်နီတစ်ယော် အဲဒီလို အကောင်းမြင်တတ်လာတော့…….
    နှစ်ပေါင်းများစွာလေ့ကျင့်ပေးလာရကျိ ုး နပ်ပါပေတယ်။ 😀

Leave a Reply