Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဂုဏ်ယူစရာ Paris ပါရစ်နေ မြန်မာပြည်ဖွား ဒေါ်ရင်ရင်မြင့်

KyaemonDecember 9, 201311min5095

 

pts6pts6a

 

ဒေါ်ရင်ရင်မြင့်အကြောင်းနဲ့
သူ့အတွက်ဘာပြုလို့ဂုဏ်ယူထိုက်တဲ့အကြောင်းကို
မပြောခင်၊

 

သမတဦးသိန်းစိန်ကပြင်သစ်နိုင်ငံရောက်ခဲ့တဲ့
အရင်ကဇာတ်လမ်းလေးကိုပြန်ကောက်ရပါ့မယ်၊

 
သမတဦးသိန်းစိန်ရဲ့ပြင်သစ်နိုင်ငံခရီးစဉ်ကို အကြောင်းပြုပြီး၊

ဂေဇက်ဝင်တို့အား ပါရစ်ရှုခင်းတွေကိုလိုက်ပြတာ
ပုံတွေကတော်တော်များများပါ၊  

လိုက်ကြည့်တာ တော်တော်ပင်ပန်း မျက်စိညောင်း သွားပုံရတယ်၊


 

Pts5

 

တောင့်ထားနော်၊ တောင့်ထား၊
မပြီးသေးပါ၊
ကြည့်စရာတွေလဲ အများကြီး ရှိပါသေးတယ်၊

—————-

ယင်း မြို့တော်ပါရစ်မှာ၊ မြန်မာနဲ့ပြင်သစ် သမတ နှစ်ဦးတို့က

ဘာတွေဆွေးနွေးခဲ့တယ် ဘာတွေအောင်မြင်ခဲ့တယ် ဆိုတာကို
အများက သိပြီးဖြစ်မှာပါ၊

မသိရသေးသူတွေအတွက် အောက်ပါ သတင်းလေးကို

ပြန်ပြီး ကောက်နုတ်လိုက်ပါတယ်၊

 

 

———-

Thursday, 18 July 2013 16:37

မြန်မာ့ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများတွင် အကူအညီ ပေးမည်ဟု ပြင်သစ် ကတိပြု

 

  မြန်မာလို link လင့်ခ

မြန်မာ့ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများတွင် အကူအညီ ပေးမည်ဟု ပြင်သစ် ကတိပြု

 

 

PTS1

….သမ္မတ ဦးသိန်းစိန်မှာ ဗြိတိန်နိုင်ငံ ခရီးစဉ်အပြီးတွင် ပြင်သစ်နိုင်ငံသို့ ထွက်ခွာခဲ့ခြင်း ဖြစ်ပြီး၊

သူ၏ ပထမဆုံး ပြင်သစ် ခရီးစဉ်လည်း ဖြစ်သည်။

မြန်မာနိုင်ငံအတွက်

 

အနောက်ဥရောပမှ နောက်ထပ် အထောက်အပံ့များနှင့် ရင်းနှီးမြှုပ်နှံမှု

များ ရရှိလာစေရန်

 

ရည်ရွယ်၍ ဥရောပ ခရီးစဉ်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

 ……..မြန်မာနိုင်ငံ၏

 

ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက် လာစေရန်

 

အတွက်

 

ပြင်သစ်နိုင်ငံ အနေဖြင့်

မြန်မာနိုင်ငံအား အကူအညီပေးရန် ဆန္ဒရှိကြောင်း

ကိုလည်း

 

တစ်နာရီခန့် ကြာမြင့်သည့် ဆွေးနွေးပွဲတွင်

ပြင်သစ် သမ္မတ က မြန်မာ သမ္မတအား ပြောကြားခဲ့သည်။

 PTS2

ဆွေးနွေးပွဲတွင်၊

စိုက်ပျိုးရေး၊

ရေအရင်းအမြစ် စီမံခန့်ခွဲရေး၊

သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး၊

စွမ်းအင်ကဏ္ဍ၊

ခရီးသွားလုပ်ငန်း

စသည့် ကဏ္ဍများမှ စီမံကိန်းများတွင်

 

ပြင်သစ်နိုင်ငံက

ရင်းနှီးမြှုပ်နှံနိုင်မည့် အလားအလာများ

ကိုလည်း

ဆွေးနွေးခဲ့ကြကြောင်း ပြင်သစ် မီဒီယာများက ဆိုကြသည်။

Pts4 

ပြင်သစ်သမ္မတ Hollande နှင့် ဗုဒ္ဓဟူးနေ့က မတွေ့ဆုံမီကလည်း

မြန်မာသမ္မတ ဦးသိန်းစိန်သည် ပြင်သစ် ဝန်ကြီးချုပ် Jean-Marc Ayrault အပြင်

စီးပွါးရေး ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။

—————–

 

 

အင်ဂလိပ်လိုlink လင့်ခ

 

France pledges health, education aid to Myanmar

——————–

 

 

 

 

 

သမတနှစ်ဦးပါဝင်တဲ့ဆွေးနွေးပွဲပုံကိုတစိတ်လောက် ပြန်ကြည့်ပါ၊

ဦးသိန်းစိန်ရဲ့လက်ဝဲဘက်က နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်ပါ၊     

ဦးသိန်းစိန်ရဲ့ညာဘက်မှာထိုင်ပြီး မြန်မာလိုဝတ်စုံနဲ့ အမျိုးသမီးက ဒေါ်ရင်ရင်မြင့်ပါ၊

 

သူက ဘာတွေလုပ်နေလဲလို့သိချင်မှာပါ၊


သူက မြန်မာသမတနဲ့အဖွဲ့ဝင်တွေ၊
ပြင်သစ်သမတနဲ့အဖွဲ့ဝင်တွေ ဆွေးနွေးကြတာကို
ဘာသာပြန်ပေးနေတာပါ၊

 

 

တိုင်းရေးပြည်ရေးဖွံ့ဖြိုးရေး၊

အထောက်အပံ့အကူအညီရယူရေး ဟာ

အရေးကြီးတာကြောင့်

ခုလိုဘာသာပြန်ပေးနိုင်စွမ်းရှိသူ၊

ဒီတာဝန်ကိုထမ်းဆောင်ဘို့ရွေးချယ်ခံရသူ ဖြစ်လို့လဲ

အထူး ဂုဏ်ယူ ချီးကျူးရပါကြောင်း၊

———-
ရွှေလမ်းငွေလမ်းဖောက်ပေးမဲ့
မေတ္တာ ပေါင်းကူးတံတားလို

————–
အရေးရယ် အကြောင်းရယ်မှာ
လွန်စွာမှ အရေးပါ တဲ့ ကဏ္ဍမှာ
တာဝန်ထမ်းဆောင်နိင်ခဲ့သူ
လို့ ပြောနိုင်တာပါ၊

 

 

pts7pts8

 

 

 

 

 

နယ်ဘက် အရပ်ဘက်မှာ စွမ်းဆောင်တာ၊အောင်မြင်တာတွေကို

ဂုဏ်ယူချီးကျူးရတာပါ၊

သို့ပေမဲ့

တိုင်းပြည်အရေး၊နိုင်ငံအရေး အတိုင်းအတာ အနေနဲ့ဆိုရင်

ပိုလို့သာ ဂုဏ်ယူချီးကျူးရမှာပါ၊

——————-

 

 

ဒေါ်ရင်ရင်မြင့်ရဲ့အောင်မြင်မှုဂုဏ်ပုဒ်က

ဖော်ပြပါလို ဘာသာပြန်တာ တခုထဲ မဟုတ်၊

 

သူက အခြားပြင်သစ်ပါမောက္ခတွေနဲ့ပူးပေါင်းပြီး၊

 

ပြင်သစ်မြန်မာ အဘိဓာန်ကို၎င်း၊

 

ပြင်သစ်ပရိသတ် အတွက်

 

မြန်မာဘာသာ လက်စွဲကျမ်း

မြန်မာစာသင် ကျမ်း

မြန်မာဒါ္ဒ ကျမ်းစာအုပ် တွေကို၎င်း

 

ပြုစုခဲ့တယ်၊
အောက်တွင်ရှုစားနိုင်ရန်
—————————————–

ပြင်သစ်မြန်မာ အဘိဓာန်

frb2frb2bfrb2c

 

———————–

မြန်မာဘာသာ လက်စွဲကျမ်း

 

 

 

 

frb3frb3bfrb3c

 

 

———————————-

မြန်မာဒါ္ဒ ကျမ်းစာအုပ်

 

 

 

frb1frb1bfrb1c  

 

——————–

 

 

 

 အရှင် အာနန်ဒါ Rev V Lustig က မြန်မာကဗျာလက်ရွေးစဉ်တွေကို

အင်ဂလိပ်လိုဘာသာပြန်ပေးပြီး

 မြန်မာယဉ်ကျေးမှုကိုကမ်ဘာ စင်မြင့်ပေါ်သို့ ပွဲတင်မိတ်ဆက်ပေးသလို၊

 

အပေါ်က ဒေါ်ရင်ရင်မြင့်တို့ရဲ့ ကျမ်းစာအုပ် တွေကိုလဲ အလားတူ တန်ဘိုးထားရမှာပါ၊
ပရိသတ် နဲ့ထိတွေ့အကြုံးဝင်မှုကို၎င်း၊
နှစ်ပေါင်းများစွာ အဓွန့်ကြာရှည်ခံနိုင်မှု ကို၎င်း၊
ပေကြိုးတွေနဲ့ တိုင်းတာရရင်

ပို၍ပင် တန်ဘိုးထားရမယ်လို့ယူဆရမှာပါ၊

 

————————

 

မြန်မာစာသင် ကျမ်း

 

frb4

 

 

ဒေါ်ရင်ရင်မြင့်အကြောင်း

 

ဒေါ်ရင်ရင်မြင့်ရဲ့ မိဘတွေကတော့ ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်း

အောက်လမ်း နေခဲ့တဲ့ နံမယ်ကျော် ရွှေတီးဆပ်ပြာစက်ရုံပိုင်ရှင်

ဦး တန်ဖိတ်ဟု နဲ့ ဒေါ် ချီကမ်းတုန် တို့ဖြစ်ကြပြီး၊


မြန်မာပြည်ဖွား တရုပ်အနွယ် တွေပါ၊

 


ရန်ကုန်မြို့ တရုပ်တန်းကရပ်ရေးရွာရေးမှာ

တက်တက်ကြွကြွပါဝင်ကြတဲ့

လူကြီး ရွာခံမျက်နှာဖုံးတွေပါ၊

 

 

 

 

 ဒေါ်ရင်ရင်မြင့်ကတော့ ဝါဏိဇဗေဒဘွဲ့ရသူပါ၊


ငယ်နံမယ် က  တန်ဘိန်ကြုံး ပါ၊

 

မိမိတို့ရဲ့ စက်ရုံအလုပ်ရုံတွေကို ပြည်သူပိုင်သိမ်းခံရပြီး နောက်ပိုင်း၊

ဟောင်ကောင်သို့ပြောင်းရွှေ့နေထိုင်

အစပြန်လဲ ပျိုးထောင်ရကာ၊

 

ထိုမှတဆင့် ပြင်သစ်နိုင်ငံသို့တဖန်

ပြောင်းရွှေ့လို့

 

ပြင်သစ်မှာ နှစ်ပေါင်း (၄၁) နှစ် ထက်မနဲ

အခြေကျခဲ့ပြီလို့ယူဆရပါတယ်၊

 

သူက ပြင်သစ်နိုင်ငံက နိုင်ငံခြားဘာသာသင်တန်း တက်ကသိုလ် မှာ 

မြန်မာစာပေဋ္ဌာနရဲ့ တွဲဘက်ဋ္ဌာနမှူး ရာထူးနဲ့ မြန်မာစာကို

သင်ကြားပို့ချ တာဝန်ထမ်းဆောင်လျက်ပါ၊

 

ဒေါ်ရင်ရင်မြင့်ရဲ့ခင်ပွန်းက ဟောင်ကောင် သတင်းစာ


တခုမှာ အုပ်ချုပ်ရေးမှူးဖြစ်ပြီး

 

သားက အထက်တန်း ကွန်ပြူတာ အင်ဂျင်နီယာ၊

သမီးက ဆရာဝန်ဖြစ်ကြတယ်၊  

 

သားသမီး နှစ်ဦးစလုံးဟာ US ယူအက်စ်

ထိပ်သီး တက်ကသိုလ်တွေ ကနေ အောင်မြင်ကြတာပါ၊

 

 

 

———————

 

 ပြင်သစ်နိုင်ငံက နိုင်ငံခြားဘာသာသင်တန်း တက်ကသိုလ်

 

Institut National des Langues et Civilizations Orientales –

INALCO (known as LanguesO’), 2 Rue de Lille, 75343, Paris, France.

Phone +33 (1) 49 26 44 20 Fax +33 (1) 49 26 42 57. 

 

Courses in Burmese language, literature and linguistics are taught by Mme Marie-HŽl’ne Cardinaud or

Mme Yin Yin Myint. See the Inalco website for full details of teaching programmes available:

 

 www.inalco.fr//pub/enseignements/langues/ase/birman/index.html

 

http://www.soas.ac.uk/sea/burmese/teaching/centres/

 

  ============

  

၁၉၇၂ တုန်းက ဒေါရင်ရင်မြင့်က ပြင်သစ်ကို ရောက်ရှိလာပြီး

အဲဒီ တက်ကသိုလ်မှာ ကျောင်းသူကျောင်းသားတွေကို 

စ တင် သင်ကြားပို့ချ ခဲ့တာ

 

In 1972, in order to continue language instruction at the

Institut National des Langues et Civilisations Orientales

together with Marie-Hélène Cardinaud,

Daw Yin Yin Myint arrived from Burma. 


၁၉၉ဝ ကထဲက စာအုပ် ထုတ်

 

As a result of their collaboration together with Denis Bernot,

the first Burmese language textbook was published in French: 

 

Bernot,D., M-H Cardinaud,and Yin Yin Myint, Manuel de birman,

langue de Myanmar (Paris: L’Asiathèque, 1990). 

 
၁၉၉၃ မှာ နောက် တအုပ်

 

It was followed in 1993 by Parlons birman, by

Cardinaud, M-H, and Yin Yin Myint (Paris: L’Harmattan). 

 
၂၀၀၁ မှာလဲ တအုပ်

The same, in collaboration with Denise Bernot, are now completing

a Burmese grammar (end of 2001).

 

 

Burmese language instruction currently involves

555 hours per year for the three levels.

Apart from their Manuel de birman, students can also work with audio cassettes,

recorded both in Myanmar and in Paris by Burmese native speakers,

and video cassettes

provided by Daw Yin Yin Myint, who uses them as a living part

of her teaching of the spoken language.

 

The library at 4 rue de Lille in Paris has a collection of

Burmese-related material that includes

more than three thousand volumes, periodicals, and monographs

in Western languages as well as in Chinese, Japanese,etc. 

 

 

These books have been collected since the nineteenth century,

long before Burmese had been taught or even studied in France.

As early as in 1952, Denise Bernot had been the first specialist

to work with the Burmese material,

for which she used Duroiselle’s system of transliteration to classify the books.

 

 

 

http://www.asiatheque.com/en/book/manuel-de-birman-volume-2-burmese-language-manual-volume-2

 

 

 

 

 

 

 

 

5 comments

  • kai

    December 9, 2013 at 5:34 pm

    စာအတွက်..ကျေးဇူးပါဗျာ..
    အမှတ်မမှုားရင်.. မင်းတုန်းမင်းခေတ်က ပညာတော်သင်တွေ ပြင်သစ်လွှတ်တာမှာ.. မြန်မာပြည်ပြန်မလာပဲ.. ပြင်သစ်မှာအခြေချနေသွားတဲ့.. မြန်မာ့အမတ်မင်း.. ပညာတော်သင်တွေရှိတယ်တဲ့..။ ဘယ်ရောက်ကုန်တယ်မသိ..။

    အမှတ်ထပ်မမှားရင်.. လွန်ခဲ့တဲ့.. ၁၂နှစ်လောက်က.. ဝက်ဘ်ဆိုက်တခုလုပ်ပြီး မြန်မာစာအုပ်တွေရောင်းဖူးတယ်..။ အဲဒါ.. တရက်မှာAmazon ကဖုန်းဆက်အီးမေးလ်ပို့လာပြီး..”မင်းသားလေး”ဆိုတဲ့ ပြင်သစ်ကနေမြန်မာဘာသာပြန်စာအုပ်တွေ အများကြီးမှာဖူးတယ်..။ ရန်ကုန်ကတဆင့်မှာပေးခဲ့ဖူးတာပေါ့…။
    အဲဒါ… တလောကတင်.. အဲဒီဘာသာပြန်ဆရာမဒေါက်တာခင်လေးမြင့်လည်း ကွယ်လွန်သွားတာဖြစ်ကြောင်းသိရတယ်..။
    စိတ်မကောင်းစရာပါ…။

    ဆိုတော့…
    သူတို့တွေမလုပ်နိုင်တဲ့.. အလုပ်ကို.. မြန်မာဇာတိနွယ်တဦးကစွမ်းဆောင်ပေးတာ.. ဂုဏ်ယူပါတယ်လို့..။
    ခုလထွက်မယ့်.. သတင်းစာထဲ “ဂုဏ်ယူစရာမြန်မာကဏ္ဍ”မှာဓါတ်ပုံ ပုံနှိပ်ဖေါ်ပြပါမယ်လို့..။ ခွင့်ပြုချက်လေးတောင်းပေးနိုင်မလားလို့..။
    ဓါတ်ပုံနဲ့ အပေါ်ကညွှန်းချက်လေးတွေနည်းနည်းကူးယူပါမယ်လို့..။

    • Kyaemon

      December 10, 2013 at 8:07 am

      Comment

      ==================
      “….kai says:

      ဆိုတော့…
      သူတို့တွေမလုပ်နိုင်တဲ့.. အလုပ်ကို.. မြန်မာဇာတိနွယ်တဦးကစွမ်းဆောင်ပေးတာ.. ဂုဏ်ယူပါတယ်လို့..။
      ခုလထွက်မယ့်.. သတင်းစာထဲ “ဂုဏ်ယူစရာမြန်မာကဏ္ဍ”မှာဓါတ်ပုံ ပုံနှိပ်ဖေါ်ပြပါမယ်လို့..။….”
      ==================
      သူကြီး

      အားပေး ထောက်ခံ ပါကြောင်း

      ==========================
      “…ခွင့်ပြုချက်လေးတောင်းပေးနိုင်မလားလို့..။…”
      ===========================
      ကမ်ဘာတခြမ်းဝေးနေလို့ …..

      ကာယကံရှင်ထံမှခွင့်ပြုချက်ရဘို့
      သူငယ်ချင်း မိတ်ဆွေတွေက Long Distance အဝေးပြောဖုံးနဲ့
      တဆင့်ပြီးတဆင့် ဆက်သွယ်လျက်ပါ၊

      ========================

      “…ဓါတ်ပုံနဲ့ အပေါ်ကညွှန်းချက်လေးတွေနည်းနည်းကူးယူပါမယ်လို့..။…..”
      ========================

      ကျနော့သဘောပြောရရင်
      ကြိုက်သလောက်ကူးယူပါ၊

      ကျနော်လဲမပိုင်ပါ၊ (သူများဟာတွေပါ)
      သူများဆီက ရလာတာပါ၊
      ဟဲဟဲ
      (စီးပွါးဖြစ်တော့မဟုတ်ပါ၊)

      တချို့GTy အမှတ်အသားနဲ့က Getty Images ကပိုင်ပြီး၊

      တချို့ဟာက မြန်မာသမတရုံး Facebook ဝက်ဒ်ဆိုက်
      ကပါ၊ (Mizzima News လဲ အဲဒီက ရတာပါ၊)

      ပုံတပုံ က France24 ပြင်သစ်အသံလွှင့်ရုံကပါ၊

      စာအုပ်အကြောင်း ဓာတ်ပုံတွေ က
      နိုင်ငံခြားဘာသာသင် ပြင်သစ်တက်ကသိုလ်
      INALCO က ပါ၊

      ကန့်ကွက်ကြမယ်လို့မထင်ရပါ၊
      (သူတို့အတွက်လဲ ကြော်ငြာ အချောင်ရလို့ဘဲ)

      • ဦးကြောင်ကြီး

        December 10, 2013 at 8:57 am

        မှုန်ဂျီး အပိုတွေ သာလိကာ လုပ်မနေနဲ့.. ကိုကိုကြောင်ကြီး မှန်ကြည့်စရာ မရှိလို့ ကြေးမုံခဏ ငှားချင်တယ်.. ဖြစ်ရင် အကြောင်းပြန်.. မပြန်ရင် လာလုမည်။
        Wednesday, November 27, 2013
        အရှေ့တရုတ်ပင်လယ်ပေါ် အမေရိကန်စစ်လေယာဉ်ပျံသန်း

        ရေပိုင်နက် အငြင်းပွားနေကြတဲ့ အရှေ့တရုတ်ပင်လယ်ပေါ်ကနေ တရုတ်ကို ကြိုတင်အသိမပေးဘဲ အမေရိကန် စစ်လေယာဉ် ၂ စင်း ဖြတ်ပြီး ပျံသန်းခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။ လေကြောင်းရန် ကာကွယ်ရေးဇုန် သတ်မှတ်ဖန်တီးဖို့ တရုတ်တို့ ကြိုးစားနေတာကို ပထမဆုံး တိုက်ရိုက် စိန်ခေါ်လိုက်တာလို့ မြင်နိုင်ပါတယ်။

        အငြင်းပွားစရာဖြစ်နေတဲ့ ကျွန်းတွေအပေါ်မှာ တနင်္လာနေ့တုန်းက B52 ဗုံးကြဲလေယာဉ် ၂ စင်း ပုံမှန်လေ့ကျင့်ရေး လုပ်ခဲ့တယ်လို့ Pentagon စစ်ဌာနချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ တရုတ်အစိုးရဘက်က တစုံတရာ တုံ့ပြန်မှု မရှိသေးပါဘူး။

        အမေရိကန်စစ်လေယာဉ်တွေအနေနဲ့ တရုတ်ရဲ့ ပြဌာန်းချက်အသစ်အတိုင်း လိုက်ပြီး သူတို့လေယာဉ်တွေနဲ့ ပါတ်သက်လို့ အသိပေးမှာ မဟုတ်ဘူးလို့ အမေရိကန်က အစောပိုင်းက ကြေညာပြီး မကြာခင်မှာပဲ အခုလို လုပ်ခဲ့တာဖြစ်ပါတယ်။ တရုတ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးဇုန် သတ်မှတ်မှုကို အသိအမှတ် မပြုဘူးလို့ အမေရိကန်နဲ့ ဂျပန်တို့က အခိုင်အမာ ပြောကြားထားပါတယ်။

        တရုတ်ကတော့ သူတို့ရဲ့သတ်မှတ်ချက်အတိုင်း အရပ်ဖက် စစ်ဖက် လေယာဉ်တွေအားလုံးက လိုက်နာပြီး ပျံသန်းမှုအစီအစဉ်တွေကို တရုတ်အာဏာပိုင်တွေကို အသိပေးစေချင်တာ ဖြစ်ပါတယ်။ ဂျပန်ပိုင်နက်ကို ကာကွယ်ဖို့ လိုအပ်တဲ့ ဆောင်ရွက်မှုတွေ မှန်သမျှကို လုပ်သွားမှာဖြစ်သလို အမေရိကန်အစိုးရနဲ့လည်း အနီးကပ် ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီး Itsunori Onodera က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

        တရုတ်က လေကြောင်းရန်ကာကွယ်ရေး ဇုန်သတ်မှတ်တဲ့ ဆောင်ရွက်မှုကို ရန်စမှုအဖြစ် အမေရိကန်နဲ့ ဂျပန်တာဝန်ရှိသူတွေက အပြစ်တင်ခဲ့ပြီး အဲဒီဒေသမှာ သူတို့လုပ်ငန်းတွေအပေါ် သက်ရောက်မှာ မဟုတ်ဘူးလို့ အလေးအနက် ပြောကြားခဲ့ကြပါတယ်။

        ဗွီအိုအေ (မြန်မာပိုင်း)

  • alinsett

    December 10, 2013 at 11:17 am

    ဂုဏ်ယူပါတယ်…

    ပိုစ့်အတွက်ကိုရော.ပဲ…

    :kwi:

  • padonmar

    December 10, 2013 at 11:35 pm

    အားကျဂုဏ်ယူမိပါတယ်။
    သူကြီးလိုပဲ အမှတ်မမှားရင်တော့ ရွှေတီးဆပ်ပြာစက်ရုံအဆက်အနွယ်တွေက အခု ဗျူတီခေါင်းလျှော်ရည်လုပ်နေတယ်လို့ သိထားပါတယ်။
    ရန်ကုန်မှာ သူ့အမျိုးတွေ ရှိနေပါသေးတယ်။

Leave a Reply