ကုသိုလ် မျှယူ တွံတေးအလှူ (ဓါတ်ပုံမှတ်တမ်း)
ဒီဇာတ်လမ်းစခဲ့သူက ကောင်းကင်ပြာ၊
ရွာထဲမှာ ပျောက်တစ်ချက် ပေါ်တစ်ချက် အဆက်အသွယ်တောင် ပြတ်တတ်တဲ့ ကောင်းကင်ပြာက ကိုယ့်အိမ်မှာရှိတဲ့ ဗီရိုလေးတွေကို ဖွင့်ပြီး
ကိုယ်မသုံးဖြစ်တာ၊ ကိုယ်မသုံးတာ၊ အဲဒီလို အဝတ်အစားကအစ လှူလိုက်ကြရအောင်ပါ- ဆိုတဲ့
( ဘီရိုလေးတွေ ရှင်းလိုက်ရအောင် https://myanmargazette.net/187487 ) ပို့စ်လေးကနေ စခဲ့တဲ့ ဇာတ်လမ်းပေါ့၊
ဒီတော့လည်း အလှူဆိုရင် ငွေကြေးဒါနဖြစ်ဖြစ်၊ လုပ်အားဒါနဖြစ်ဖြစ်၊ ဒါနမျိုးစုံနဲ့ ပတ်သက်ရင် လက်မနှေးတတ်တဲ့
ရွာသူရွာသားတွေရဲ့ ဒီခရီးလေး စဖြစ်ခဲ့ပါတယ်။
အစပိုင်းမှာ ကောမန့်တွေ တတ်တာ နည်းလို့ စိတ်မကောင်းဖြစ်မိတယ်ဆိုတဲ့ ကောင်းကင်ပြာဟာ ဒီကနေ့မှာတော့ သူ… တကယ့်ကို ပျော်ရွှင်သွားခဲ့ပါပြီ၊
မသွားခင် ၁ ရက် ၂ ရက် အလိုအထိ စိတ်ထဲမှာ လွဲချော်မှုတွေ ရှိလာမှ ပူပန်ရပေမယ့် အခုတော့ အစစ အရာရာ စိတ်ချမ်းမြေ့စွာ ပြီးပြည့်စုံသွားခဲ့ပါတယ်၊
ဒီအလှူလေးမှာ စေတနာ ထက်သန်စွာ လှူဒါန်းခဲ့သူများ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူများ- သွားလာရေး အဆင်ပြေစေရန် ကူညီခဲ့သူများ…..
အားလုံးသော ကျေးဇူးတင်ထိုက်သူများကို ကျေးဇူး တကယ် တင်ပါတယ်ဗျာ
ဒီကနေ့မှ တွေ့ဖြစ်သူ.. သိသော်လည်းပဲ မတွေ့တာကြာခဲ့သူ….. အလှူဆိုတဲ့ပွဲတစ်ခုမှာ ဆုံဖြစ်ခဲ့သလို
နောင်လာမယ့် အနာဂတ်မှာလည်း အခုလိုပဲ အပျော်ပြည့်စွာ တွေ့ကြပါစေ… လို့ ဆုတောင်းလိုက်ပါတယ်-
ရန်ကုန်မြေမှာ ရှိပေမယ့် အကြောင်း ကိစ္စမျိုးစုံကြောင့် မလိုက်ဖြစ်သူတွေ…
နယ်ဝေးမြေမှာ ရှိနေပေမယ့် ဒီအလှုအပေါ် စိတ်ဝင်တစား မေတ္တာထားကြတဲ့ ရွာသူရွာသားတွေ အားလုံး………
ကျနော်တို့ ပြုခဲ့သမျှ ကောင်းမှုတွေကို
ကုသိုလ်…မျှယူ
ဆတူ…..ခံစား
အကြံများ ပြီးမြောက်ပါစေကြောင်း….
(အားလုံး ကိုယ်စား) ဆုတောင်းပေးလိုက်ပါတယ်ဗျာ
( ရွာသူ ရွာသား အလှုပစ္စည်းများ )
( မနက် ဘရိတ်ဖတ်စ် ( လှိုင်သာယာ သပြေရိပ် )
( မနက် ဘရိတ်ဖတ်စ် ( လှိုင်သာယာ သပြေရိပ် )
( မနက် ဘရိတ်ဖတ်စ် ( လှိုင်သာယာ သပြေရိပ် )
( ဘုန်းကြီးကျောင်းပေါ်အရောက် )
( ကလေးများ နှင့် ကောင်းကင်ပြာ )
( ကျောင်း ဆေးခန်း )
မာလာဆောင် ( ကျောင်းသူများအတွက် )
ဒေဝီဆောင် ( ကျောင်းသူများအတွက် )
သီရိဆောင် ( ကျောင်းသူများအတွက် )
ဒေဝါဆောင် ( ကျောင်းသားများအတွက် )
အလှုသွားခဲ့သော ကားများထဲမှ အချို့ကားများ
ကျောင်းသူကျောင်းသားများအတွက် မနက်စာ ပြင်ဆင်နေပုံ
မနက်စာစားရန် တန်းစီနေသော ကျောင်းသူများ
မနက်စာစားရန် တန်းစီနေသော ကျောင်းသားများ
မနက်စာ မစားမီ အလှုရှင်များကို မေတ္တာပို့နေစဉ်
ကျနော်တို့လည်း ထမင်းစားပြီ
ကျနော်တို့လည်း ထမင်းစားပြီ
အချိုပွဲ
ရွာ့ ဓါတ်ပုံဆရာများ
ရွာ့ ဓါတ်ပုံဆရာများ
ဆရာတော်ကို ဖူးမျှော်ခြင်း
ဆရာတော်၏ ဩဝါဒ
ရွာသူားဝတ္ထုငွေများ ဆက်ကပ်နေသော ကိုစွယ်တော်ရွက်
အမှတ်တရ
ရွာ့ကာလသားများ 😛
နှုတ်ဆက် လက်ပြ ပြန်ခဲ့ကြပြီ ၊
27 comments
ဦးကြောင်ကြီး
December 9, 2013 at 11:23 am
တီရှပ်အပြာနဲ့က လူလား ဝက်ဝံလား…
Wow
December 9, 2013 at 11:25 am
အာ့… ကြောင်…
Wow
December 9, 2013 at 11:24 am
ပျော်စရာကြီး… အလှုအတန်းလက်မတွန့်တဲ့ ရွာသူားတွေ သာဓုပါ…
KZ
December 9, 2013 at 11:35 am
သနားစရာလေးတွေ (ကလေး တွေကိုပြောတာ)
သွား လှူကြတာတော့ တစုတဝေး တပျော်တပါးကြီးပဲ။
🙂
မဟာရာဇာ အံစာတုံး
December 9, 2013 at 11:57 am
လူက အားဗူးဖစ်တွားလို့
လိုက်ဖစ်လိုက်ဘူးဗျာ …
ကျိရဒါ ပျော်စရာဂျီးး
ကုဒို အဖို့ကိုလည်း သာဒု ဘာဗျာ …
ဒါနဲ့ စကားမစပ် …
ဟိုအပြာအိန်းဂျီးနဲ့ လူဂျီးဂလည်း
ဘုန်းဂျီးရှေ့မှာတောင် တင်ပလ္လင်ခွေဂျီးနဲ့ …
မခန့်တာက အိုက်ဂလို …
(ညှောင့်ပေးခဲ့ဘီ .. ခွိခွိ)
TNA
December 9, 2013 at 12:20 pm
ပျော်စရာကြီး။ လူတွေများသားပဲလိုက်ကြတာ။ ကားဘယ်နှစ်စီးသွားတာလဲကိုမျိုးသန့်ရေ။ ကလေးတွေက လဲအများကြီးပဲနော်။ သန့်နေတာပဲ။
Myo Thant
December 9, 2013 at 1:17 pm
ကားက မမတို့က တစ်စီး
ကျနော်တို့က လေးစီး ၊ အားလုံး ငါးစီးပါ ၊
ကလေးတွေက တစ်ထောင်ကျော် ရှိပါတယ် ၊
တစ်ရက်ကို ဆန် ၁ဝ အိတ် ကုန်သတဲ့ ၊
လှုချင်ရင်တော့ ရိုးရိုးတစ်နပ်ကို တစ်သိန်းခွဲ ၊
ရှယ်တစ်နပ်ကို ငါးသိန်းတဲ့ မွသဲရေ ၊
ရှယ်ဆိုတာ အသားဟင်းပါတာကိုပြောတာပါ ၊
Shwe Ei
December 9, 2013 at 2:10 pm
အလှူပစ္စည်းတွေ တပြုံတမရီး တွေ့လိုက်ရလို့ ဝမ်းသာပါအိ
ခလေးတွေကိုလဲ တွေ့ချင်မိပါအိ 🙂
လုံမလေးမွန်မွန်
December 9, 2013 at 2:39 pm
ပျော်စရာကြီး…. လိုက်ချင်တာ မလိုက်ရဘူးဖြစ်သွားတယ်…
သာဓုပါနော်..သာဓု..သာဓု…
kyeemite
December 9, 2013 at 2:49 pm
သမီးအဝတ်လေးတွေစုခိုင်းထားပြီးမှ မလှုဖြစ်လိုက်တာစိတ်မကောင်းပါဘူး ကိုမျိုးသန့်ရေ
နောက်တစ်ခေါက်ပေါ့…သာဓု…သာဓု..သာဓုပါဗျာ 🙂
Ma Ma
December 9, 2013 at 8:37 pm
ဝမ်းသာပျော်ရွှင်စရာ အလှူ လေးတစ်ခု ဖြစ်မြောက်ရပြန်ပြီမို့……..
မိမိပြုခဲ့သမျှ ကောင်းမှုကုသိုလ်တွေကိုလည်း အမျှဝေပါတယ်။
ရွာသူားတွေ စုပေါင်းပြုသမျှ ကုသိုလ်တွေကိုလည်း သာဓုခေါ်ပါတယ်။ 🙂
ကြောင်ဝတုတ်
December 10, 2013 at 10:13 am
ကနိုင်သလောက် ဝိုင်းကပေးလိုက်ရတဲ့အတွက် ဝမ်းသာမိပါတယ်…
အဲ့လိုပဲ ကျွန်တော်တစ်ခါမှမတွေ့ဖူးသေးတဲ့ အရောင်ပြောင်းကင်းကောင်… လို့ခေါ်တဲ့ အင်္ကျီအဝါလေးဝတ်ထားတဲ့
ကောင်းကင်ပြာကို တွေ့လိုက်ရတဲ့အတွက်ဝမ်းသာပါတယ်…
ကဲ… အားလုံး အမျှ… အမျှ… အမျှ…
သာဓု… သာဓု… သာဓုပါဗျာ…
ခင်မင်လျက်-
ဖက်ဖက်ကက်
alinsett
December 10, 2013 at 11:30 am
တကယ့်ကို..ကြည်နူးစရာပါပဲ..ဗျာ…
ဦးကျောက်ခဲ
December 10, 2013 at 12:21 pm
အဝေးရောက်နေလို့ အလှုထဲမပါဝင်ရပေမည့်…
ရွာသူရွာသားတွေကိုကြည့်ပြီး အပျော်တွေ ကူးသွားပါတယ်…
သာဓု သာဓု သာဓုပါဗျာ….
😀
Mr. MarGa
December 10, 2013 at 3:14 pm
အလှူတစ်ခု
အောင်မြင်စွာ ပြီးမြောက်သွားပြန်လေပြီ
ကောင်းလေစွ ကောင်းလေစွ
သာဓု သာဓု သာဓု
Crystalline
December 10, 2013 at 4:04 pm
ကလေးတွေကိုပေးတဲ့အကျီတွေထဲ အပြာဝတ်လူကြီးတစ်ယောက် အင်းကျီရော ပါလားဟင် :)) ဖေ့ဘုတ်မှာ အဝါလေးနဲ့တစ်ယောက်ပုံတွေ့တယ်.. ချစ်စရာလေး 🙂
sorrow weaver
December 10, 2013 at 4:17 pm
ကျော်လဲတွေ့တယ်..မမခွစ်…အဲ့ရာနဲ့ …ရွာထဲကကောင်လေးတွေကို သတိရနေတာ…အောင်ရဲလင်းတို့ တဂျားတို့ အဖြစ်မရှိပုံများနှယ့်…..ဒီလောက်ချစ်စရာကောင်းတဲ့ရွာသူလေး ရွာထဲရှိနေတာကို မသိရကောင်းလားလို့ ….ကျောက်စ် …ကျောက်စ် အပြစ်လဲပါတယ်…မဆိုင်သလိုမနေပါနဲ့….အာဟိ…
Myo Thant
December 10, 2013 at 4:30 pm
အိုက်ဒါ နာ့တူမရေးကွ
မင့်လူတွေက ဂေါ်မစွံတွေ ၊ ဖြစ်ပါဘူး ၊ မဖြစ်ပါဘူး ၊ 🙂 🙂 🙂
sorrow weaver
December 10, 2013 at 4:37 pm
အဟီး…ငါ့နှယ့်…ဦးလေးရှေ့မှာမှ……ဆောတီးပါဂျာ
KZ
December 10, 2013 at 4:28 pm
ဟုတ်တယ်။
အဲလာလေ ကောင်းကင်ပြာလေ။
ချစ်စာလေးလို့။
စိတ်ထားကောင်းတဲ့ မျက်နှာလေးးးး
:chit:
Myo Thant
December 10, 2013 at 4:35 pm
တူမလေး ကောင်းကင်ပြာရေ
ပြောကုန်ပြီနော် ၊
နေသတိ လာသတိ သွားသတိ စားသတိ
ချစ်သုဝေ ထားသွားလို့ ဂယောက်ဂယက်ဖြစ်နေတဲ့ ကောင်လေးကို သတိထား
သဂျားကတော့ ကားခ မရှိလို့ ရန်ုကုန် လာနိူင်မှာ မဟုတ်ဘူး 🙂 🙂
လုံမလေးမွန်မွန်
December 10, 2013 at 5:26 pm
ကဲ..ယောင်းမလောင်းတစ်ယောက် လျာထားပါသည်.. 🙂
Crystalline
December 11, 2013 at 2:28 pm
တကယ်ပြောတာပါ.. FB မှာတွေ့ကတည်းက သတိထားမိတယ်.. ချစ်ဖို့ကောင်းလို့.. ဖိုးသကြားလေးကတော့ အေးဆေးပုံရပါတယ်.. :)) သတိထားရမှာက ဒညင်းဝက်ကလေး.. အမေအရွယ် ဒေါ်ဖွားမေဆိုတာကိုတောင် အလွတ်ပေးတာမဟုတ်ဘူး.. သတိထားပါ ကောင်းကင်ပြာလေးရယ်.. :loll:
padonmar
December 10, 2013 at 6:58 pm
ချစ်စရာကောင်းတဲ့ ကောင်းကင်ပြာလေးတွေ့ရတော့
ရွာသားတွေ ကြောက်လို့ လူရှေ့မထွက်တဲ့ ဆရာမလေး Moezat ကိုသတိရမိတယ်။ပျောက်နေတာကြာပေါ့။
အလှူကလည်း ပျော်စရာ၊သာဓုပါရွာသူားများ
Myo Thant
December 11, 2013 at 12:51 pm
ကောင်းကင်ပြာဆီက မက်ဆေ့ချ် ရပါတယ် ၊
ပို့စ်ကို ဖတ်လို့ရပေမယ့် sign – in လုပ်မရလို့
comment မပေးနိူင်တဲ့အတွက် so sad ပါ တဲ့ ၊
ရွာသားငယ်လေးတွေကိုလည်း သတိနဲ့ ရှောင်ပါ့မယ် တဲ့ ၊
အလင်းဆက် နဲ့ သဂျား ကြားကြတယ်နော် ၊ 🙂
padonmar
December 10, 2013 at 7:03 pm
ကြောင်တကောင် ဆံပင်ဖြောင့်ထားတယ်ဆိုတာ အမှန်ပဲကိုး။
Myo Thant
December 11, 2013 at 12:56 pm
အဲဒီကြောင်က အတော် သန်သဗျာ ၊
အလှုပစ္စည်း ဆာလာအိတ် ၂ အိတ်ကိုများ တစ်ဘရိတ်ထဲ မ သွားတာဗျား ၊
ဒါပေမယ့် ဒီကြောင်ဝတုတ်လေးက ခင်စရာပါ ၊
တစ်လမ်းလုံး သူ့ အသံချည်းပဲ ၊ 🙂
ဟို ဦးကြောင်ကြီးထက်တော့ သာတယ်ဗျ ၊ 🙂