“မျှဝေ ပေးဝေ ”
“မျှဝေ ပေးဝေ ”
ပြီးခဲ့တဲ့ရက်က မြို့သစ်ဘက်ကို အသွား ခြံ ကျယ် ဝင်းကျယ်ကြီးထဲမှာ
အမြီးမပါတဲ့ ဒိုဘာမင်ခွေးတွေကို လွှတ်ထားတာမြင်လိုက်တော့ ငယ်ငယ်
တုန်းကဖတ်ဘူးခဲ့တဲ့ မြေခွေးအမြီးပြတ်ပုံပြင်ကိုသွား သတိရလိုက်ပါတယ်။
ဒီပုံပြင်လေးက လဲ မြန်မာ့မူရင်းပုံပြင်တော့ မဟုတ်လောက်ပါဘူး။
မွေးစားထားတဲ့ ပုံပြင်လေး ဖြစ်မယ်ထင်ပါတယ်။
ကြားတော့ လဲကြားဘူးပြီးသားဖြစ်ဘို့များပါတယ်။
တစ်ခါကတောထဲမှာမြေခွေးတစ်ကောင်ကထောင်ချောက်မိပြီး
အမြီးပြတ်သွားပါသတဲ့။
အဲဒီမြေခွေး အမြီးပြတ်နေတာမြင်တော့ ကျန်တဲ့မြေခွေးတွေက
မေးတဲ့အခါ သူက အမြီးပါနေရင် သားကောင်ချောင်းတဲ့အခါ
ရှုပ်လို့အမြီးဖြတ်ထားတယ်လို့ညာပြောပါသတဲ့။
သူပြောတာကို အဟုတ်မှတ်တဲ့ မြေခွေးတွေက သူတို့ အမြီးတွေကို
ဖြတ်လိုက်ကြပါသတဲ့။
ဒီပုံပြင်လေးကို သတိရတော့ ပြီးခဲ့တဲ့နှစ်ကမှကွယ်လွန်သွားတဲ့
ဦးလေးမောင် ကို သတိရလိုက်မိပါတယ်။
ဦးလေးမောင်လို့ သာခေါ်ရတယ်အသက်က သိပ် မကြီးသေးဘူးဆိုနိုင်ပါတယ်။
ငါးဆယ်ပါတ်ဝန်းကျင်မှာကွယ်လွန်သွားတာပါ။
အင်း သူ့ နာရေးမှာတော့ ၉၆ပါး သောရောဂါ လို့ ရေးထားပေမယ့်
သူ့အသက်ကိုနုတ်ယူသွားတဲ့ရောဂါကတော့၉၆ပါးအပြင်ဘက်ကရောဂါနဲ့ပါ။
ဦးလေးမောင်အကြောင်းကို ့ သူ့ သူငယ်ချင်း
ဦးဖုးိတင် ပြောပြ လို့ သူ့ အကြောင်း ကို ကျနော် သိ ခွင့် ရ ခဲ့ တာပါ။ &&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
ဒီကောင့် နာမယ်အရင်းက “ဧမောင်”
ဒါပေမယ့် ကျုပ်တို့က သူ ကို စရင်းနောက်ရင်းနဲ့ ခွေးမောင်လို့ဘဲခေါ်ကြတာ။
ခွေးမောင် လို့ ခေါ် ဆို သူက ခွေးအင်မတန်ချစ်တဲ့ကောင်ကုးိဗျ။
ကျုပ်တို့ နေတာကတော့ အညာဒေသအပူပိုင်းဆိုတော့ တောင်သူလယ်လုပ် ဘဲပေါ့။
ကျုပ်တို့တောသူတောင်သားဆိုတာ ဆင်းရဲကြတာများပါတယ်။
သေစာရှင်စာတတ်တယ်ဆိုကျောင်းထုတ်နွားကျောင်းဆိတ်ကျောင်းကောက်သင်းကောက်ပေါ့။
နောက်တော့လဲ သူရင်းငှား လယ်သမားဖြစ်သွားတာပါဘဲ။
သူ့တိုမိဘတွေကတော့ မရှိမရှား။
လယ်နဲ့ယာနဲ့ ပါဘဲ။
အဲတော့သူ့ မိဘများ က သူ့ကို ကျောင်းထားပေး နိုင်တယ်ပေါ့။
“ဧမောင်”ကတော့ဉာဏ်လေးကလဲ ကောင်း သူတို့ မိဘတွေက သောင်လဲ သောင် သာတယ်ဆိုတော့ မြို့ကျောင်းထိထားပေးနိုင်တော့ ရွာမှာတော ့ သူက
အများ တကာ ထက် ခေါင်း တစ်လုံးမြင့် ပေ သပေါ့။
ဒါပေမယ့် ဆယ်တန်းသုံးခါလောက်ဖြေတာတောင်မအောင်တော့
သူ့အိမ်ကရွာပြန်လာပြီး နေ ခိုင်း တော့ လဲ မြို့ မှာ နေချင်ပေမယ့် ပြန ်လာ ရ တယ်လေ။
ရွာရောက် လဲ သူက မြို့ သားတစ်ပိုင်းဖြစ်နေတော့ လယ်အလုပ ် ကိုင်းအလုပ်လဲစိတ်မပါ။
ရွာရိုးကိုးပေါက်လျောက်လပ်ယားလပ်ယားနဲ့နေသပေါ့။
အဲ ဒီ အကျုးိဆက်ကတော့ “ဧမောင်” လက်ကြော မတင်းဆိုပြီး
ရွာထဲက ဘယ်အပျိုကမှ သူ့ ကိုစိတ်မဝင်စားဘူးပေါ့။
ဒီတော့ လဲ သူ့ မှာအရွယ်သာရောက်လာတယ် သူများလို့ ရီးစားသနာ မရှိ
ငေါင်စင်းစင်းပေါ့။
ခက်တာ က သူ့ မှာ ဒီကိစ္စနဲ့ပါတ်သက်ရင် အထက်မရောက်အောက်မရောက်။
ရွာသူများကတော့ သူ့ ကို လက်ကြော မတင်းတော့ စိတ်မဝင်စား။
မြို့သူများကတော့ ရွာသားမို့ စာရင်းထဲ မထည့်။
ဒီတော့ ဟိုဘက်လွတ် ဒီ ဘက်လွတ်နဲ့ အချိန် တန် အရွယ်ရောက်တာတောင်
ရီးစား သနာ ဆို တာ မူး လို့ မှ ရှုစရာ မရှိ။
ဒါနဲ့ ဘဲ မြို့သွားလိုက် ရွာပြန်လိုက်ဘဲ လုပ်နေပါတယ်။
အဲဒီမှာသူ့ အဖေ က မျက်စေ့နောက်လာတယ်နဲ့ တူပါတယ်။
သူ့တို့ရွာ က အုပ်ချုပ်ရေး ရုံးမှာသူ့ကို စာရေးအလုပ်သွင်းပေးလိုက်ပါတယ်။
ဒီအလုပ်ကတော့ သူနဲ့ အတော်နေရာကျတယ်ပြောရမယ်ထင်ပါတယ်။
သူက မြို့မှာအနေကြာတော့ မြို့ က အလုပ်တွေကို သူသွားလုပ်ရင်အဆင်ပြေပြေနဲ့ပြီးတယ်။
သူက ဖင်ပေါ့တော့ ဘာခိုင်းခို်င်း မညီး မငြူ လုပ်ပေးတယ်။
နောက်ကိုယ့်ရွာကို လဲ တကယ့်ကိုချစ်တဲ့သူ။
ရွာအတွက်ဆိုရင်အပင် ပန်းခံ အနစ်နာ ခံပြီးလုပ်ပေးတတ်သူ။
အဲတော့ လူချစ်လူခင်တော့ပေါတယ်။
ရွာနေနေမြို့နေနေ သူ့ဆိုရင် လက်ဖက်ရည်တိုက်
ကွမ်းကျွေး ဆေးလိပ် ပေး ဆို တဲ့ လူ ပေါ မှ ပေါ။
သူ့ အိတ်ထဲက တစ်ပြားမှ ကုန် စရာ မလို ဘူးဆိုပါစို့။ *********************************************************
ဒီလိုနေလာရင်းတစ်ရက်တော့ သူတို့ရွာက ဆရာတော်ပျံလွန်တော်မူပါတယ်။
သူတို့ နယ်ရဲ့ နာယကဆရာတော်ဆိုတော့ ခန်းခန်းနားနား ကျင်းပဘို့ စီစဉ်ရပါတယ်။
ပျံလွန်တော်မူတဲ့ ဆရာတော့် ရဲ့ ညီမများက တောင်ဘက်ရွာမှာနေကြတာပေါ့။
သူတို့ကလဲ ဆရာတော် ကိစ္စမှာ ဝိုင်းကြ ဝန်းကြဘို့ ရောက်လာကြပါတယ်။
ဒါနဲ့ဘဲ ဆရာတော့် အမျုးိတွေဖြစ်တဲ့ မဆွဲမိ တို့ကို “ဧမောင်” တို့အိမ်မှာဘဲ
အတည်း ခို်င်း ရတော့တာပေါ့။
“ဧမောင်” ကတော ့ ဒီ ဘုန်းကြီးပျံ မှာ မရှိမဖြစ်ပါလေရာငပိချက်ပါဘဲ။
ဧရင့်ကျူးဘို့ မင်းသမီးငှားတာ၊
ကြည့်ချင်ပွဲငှားတာ၊
ပွဲမိန့် ခံ တာ။
ရုံးပြင်ကန႖ား ဟိုကိစ္စ ဒီကိစ္စ လုပ်တာ၊
ဝယ်တာခြမ်းတာ အားလုံးသူ့တာဝန်ဆိုတော့ မြို့နဲ့ရွာနဲ့ကူးလိုက်သန်းလိုက်။
ဒီအထဲက နေ သူ့ အိမ်မှာတည်းနေတဲ့ မဆွဲမိ တို့ကို လည်းဧည့်ဝတ်ကျေလိုက်ရပါသေးတယ်။
သူတို့ရွာဘုန်းကြီး ပျံကလဲ ခုနှစ်ရက်ခုနှစ်လီ ကျင်းပတော့ အတော်ကိုစည်ကားပါတယ်။
ရွာနီးချုပ်စပ် ရှိရှိသမျှ ရွာအားလုံးကလဲ လာကြပါတယ်။
လာဆို ပွဲငတ်နေတာက လဲကြာပြီးကိုးဗျ။
နောက်ဆုံးဒီ ဘုန်းကြီးပျံကြီးလဲပြိးရော “ဧမောင်” လဲ မဆွဲမိ တို့ရွာကို ချောင်းပေါက်မတတ်
သွားပါတော့တယ်။
မဆွဲ မိ ကလဲ တစ်ဦးတည်းသောသမီးအပျိုကြီး။
သူတို့ အိမ ်က လယ် ကို သူဘဲဦးစီးလုပ်တာ။
ငယ်ကတည်းက မျက်နှာကြောတင်းတင်းဆိုတော့ ဘယ်သူမှမထိရဲ မစရဲ။
အဲတော့ အော်တိုမစ်တစ်အပျိုကြီးဖြစ်သပေါ့။
နောက်တော့လူပြောသူပြောနဲ့ သိရတာကတော့မဆွဲမိနဲ့“ဧမောင်”တို့ရည်ငံသွားတယ်ဆိုတာပါဘဲ။
ခက်တာက မဆွဲမိက သုံးဆယ်ကျော် “ဧမောင်”က နှစ်ဆယ်စွန်းစွန်း။
အရွယ်ကွာနေတော့“ဧမောင်” ဘက်က သဘော မတူသလို
မဆွဲ မိ တို့ဘက်က ကြပြန်တော့လဲ လက်ကြောမတင်းတဲ့မြို့လိုလိုတောလိုလို
ကောင်နဲ့ မပေးစားချင်ဘူးဆိုပါတော့။
သူတို့ချင်းက ကြိုက်နေ လူ ကြီးတွေက အင်တင်လုပ်နေ
မဆွဲမိက လဲ အရွယ်လွန်ပြိ ဆိုတော့ နောက်ဆုံးတော့ ခိုးပြေးကြတော့တာပေါ့။
အဲဒီအခါကျ မှ လူကြီးတွေလဲ မတတ် သာ လို့ ပေးစားလိုက်ရပါတော့တယ်။
အိမ်ထောင်ကျတဲ့အခါ ကြတော့“ဧမောင်”ကဘဲ မဆွဲမိတို့အိမ်လိုက်နေရပါတယ်။
မဆွဲမိတို့အိမ်က လူနည်းတာကိုး။
ဒီတော့ “ဧမောင်”က သူတို့ရွာကိုအလုပ်သွားလုပ်။
ည တော့ တောင်ဘက်ရွာပြန်အိပ်။
ဒီလိုနေလာရင်းကလေးက လဲ တစ်ယောက်ကနေ နှစ်ယောက်
နှစ်ယောက်ကနေ သုံးယောက် ဖြစ်လာတော့
မဆွဲမိ က လဲ အိမ် အလုပ်တွေအရင်လို့ မလုပ်နိုင်တော့ဘူးလေ။
အဲဒီအချိန်ရောက်တော့ မဆွဲ မိ က “ဧမောင်” ကို အလုပ်ထွက်ခိုင်းပြီးအိပ်အလုပ်တွေ
ပြန်ဦးစီးခိုင်းပါတယ်။
“ဧမောင်”ကတော့ မထွက်ချင် တော ့ ငြင်းပေမယ့် နောက်ဆုံးတော့ထွက်လိုက်ရ
ပါတယ်။
အလုပ်ထွက်လိုက်ပေမည့်လည်း “ဧမောင်” ကတော့ ရပ်ရေးရွာရေးဆိုလက်မနှေးပါဘဲ။
ငွေအားလူအား တတ်နို်င်သမျှဝိုင်းပါတယ်။
ဒီတော့ ရပ်ရွာက “ဧမောင်”ဆို ချစ်ကြ တာ ဘာဆန်းမလဲ။
“ဧမောင်”ရဲ့သားတွေသမီးတွေကြီးလာ တော့ သူလဲ သူ့လုပ်ငန်းတွေကို
အရင်လောက်သိပ်လုပ်စရာမလိုဘူးဖြစ်လာပါတယ်။
သားသမီးတွေကြီးလာသလို “ဧမောင်” တို့လဲအရွယ်ရလာတယ်ဆိုနို်င်ပါတယ်။
မဆွဲ မိ က နဂိုရ်ကတည်းက “ဧမောင်”ထက်အသက်ကြီးတာရယ်
ကလေးမွေးထားတဲ့ဒဏ်ရယ်ဆိုတော့ ပိုအိုစာတယ်ထင်ရပါတယ်။
နောက် အစကတည်းက တောသူတောင်သားဆိုတော့ ဝတ်တာစားတာ
ရိုးရိုးကြီးဆိုပြန်တော့ အိုတာ ထက ်ပိုအိုတယ်လို့တောင်ထင်နိုင်ပါတယ်။
ဒီလိုနေလာရင်းနဲ့ တစ်ရက်တော့သူတု့ိရွာပေါင်းစုံအတွက်လူကြီးရွေးပွဲကျင်းပဘို့ဖြစ်
လာပါတယ်။
အဲဒီအချိန် တစ်ရွာလုံးက“ဧမောင်”ကို ဘဲ လူကြီးနေရာထားဘို့ ဝိုင်းပြောကြ
တော့ တာပါဘဲ။
ဒီတော့ “ဧမောင်” က ရပ်ရွာ လူကြီးတစ်ယောက်ဖြစ်လာတော့တာပေါ့။
ဒီလိုလူကြီးဖြစ်ပေမယ့် “ဧမောင်” ကအချိုး မပြောင်းတော့ ရပ်ရွာကပိုချစ် ပိုအားကိုး
ကြပါတယ်။
အဲဒီအချိန် “ဧမောင်”အတွက်ကံဆိုးချင်တာလား ကံကောင်းချင်တာလားတော့ မသိ။
“ဧမောင်”တို့ရွာပါတ်ဝန်းကျင်မှာ စီမံကိန်းရှိတယ်ဆိုပြီးအသံတွေထွက်လာပါတယ်။
အဲလိုစီမံကိန်း ရှိတယ် အသံ ကြားရင်မြေဈေးတွေက မြောက် တာထုံးစံလိုဖြစ်နေတော့
အရင်က အဖိုးမတန် တဲ့ မြေ တွေက ဈေး တွေ လှုပ်လာသပေါ့။
ဒီတော့လဲ မြေပိုင်ရှိသူက နောက်မှ ဖြစ်ချင်တာ ဖြစ် ဆိုပြီးကိုယ့်လက်ထဲ
ရှိတာကို ချ ရောင်းကြတော့ တာပေါ့။
ဒီ တော့ လဲ “ဧမောင်” တို့ ရွာကို ပွဲ စား တွေ ဝိုင်းလာကြတာပေါ့။
နောက် ဆုံးတော့ ဒီပွဲ စားတွေနဲ့ “ဧမောင်” ပေါင်းမိ သွားပါတယ်။
ရွာလူကြီးလဲဖြစ် မင်းပေါက်စိုးပေါက်လဲ ဖြစ် အပျော်အပါးလဲကြိုက်တတ်တော့
ပေါင်းလို့ သင်းလို့ အဆင်ပြေ တာ လဲ ပါ သပေါ့။
အဲ တော့ အရောင်း အဝယ် တစ်ခါ တည့်ရင် တစ်ခါဧည့်ခံပွဲလုပ်ဆိုပြန်တော့
“ဧမောင်” ခဗျာမှာ အိမ် မှာ ထမင်းစားတဲ့ရက်ဆို တာမရှိသလောက်ကနေ
အိမ်ပြန် မအိပ်တဲ့ ရက်တွေပါ များများ လာ ပါတယ်။
“ဧမောင်”က အစကတည်းကမှ အပျော်အပါးက ခပ်ကြိုက်ကြိုက်ဆိုပြန်တော့
သူ့ ကို ဝိုင်း နေ သူများ က နေ့စဉ် ဧည့်ခံပေးရ တော့ တာပေါ့။
မြေအရောင်း အဝယ်လုပ်တယ်ဆိုတာက လဲ တစ်ချက်ထဲ မပြတ်တဲ့ကိစ္စကိုးဗျ။
ရုံးပေါင်းစုံ ကို ဟိုဝင်ဒီထွက်သွား ရတယ်လေ။
အဲ တော့ လုပ်ငန်းတွေပြီးတာနဲ့ဘီယာစတေရှင်သွားမယ်။
အဲ ဒီ ကနေ ကေတီဗွီ တစ်လှည့် မာဆတ် ခေါ်တဲ့ အနှိပ်ခန်းတစ်လှည့် ပျော်နေတာပါ။
အိမ်က စီးပွားရေးကလည်း သူလှည့်ကြည့် စရာမလို သလို အဖွားအိုပေါက်စ ဖြစ်နေတဲ့
မဆွဲ မိကို လဲ သူ လှည့်ကြည်စရာမလို ၊
သားသမီးတွေက လဲ သူဟာနဲ့သူဆိုတော့ သူနေချင်သလိုနေလို့ ရ တယ်ဆိုနိုင်ပြန်ပါတယ်။
ဒါကို သိနေတဲ့ သူ့ကိုပါတ်လည်ဝိုင်းနေတဲ့ မြေပွဲစားတွေက “ဧမောင်”ဆိုရင်ရေမီးအပြည့်အစုံ
ဧည့်ခံ ကြပါတော့တယ်။
နောက်ဆုံးပြောရရင်တော့ ကေတီဗီက ကောင်မလေးတစ်ယောက်နဲ့“ဧမောင်”
ငြိသွားတယ်ဆိုပါစို့။
“ဧမောင်”သုံးနိုင်စွဲနိုင်တယ်ဆိုတော့လဲ ကလေးမလေးတွေက အသေကပ်တာပေါ့။
“ဧမောင်”အနေနဲ့ကလဲ အိမ်က မိန်းမနဲ့စာရင်ငယ်ငယ်နုနုလေးနဲ့ နေရတာကို မက်မောတာပေါ့။
နောက်တော့ အိမ်ပြန်မအိပ်သလောက်ဖြစ်လာတော့ တစ်ရက်တော့ မဆွဲမိ က လိုက်ချလာပါတော့တယ်။
အဲဒီအခါမှ“ဧမောင်” တစ်ယောက်လဲ ပြဿနာကြီးမှာစိုးတော့ မဆွဲမိကိုချော့မော့ပြီး
ပြန်ခေါ်လာခဲ့ ပါတယ်။
အဲလိုအိမ်ပြန်လိုက်လာတော့ ဟိုကလေးမ ဖုန်းတစ်ချိန်လုံးဆက်ပြီး တခေါ်တည်း
ခေါ် နေတာရယ် အဲ ဒီကလေးမလေးရဲ့အပြုအစုကို တမ်းတလာတာရယ်ဆိုတော့
အိမ်မှာကြာ ကြာ မနေနိုင်ပြန်ပါဘူး။
အဲတော့ လဲ အလုပ်အကြောင်းပြ ပြိး မြို ့ ပြန်ပြေးတော့ တာပေါ့။
မြို့ အနေကြ ာသွားရင် မဆွဲမိက လိုက် လာရင်ရွာပြန်လာ
ဟို က ဖုန်းလေးနဲ့လှမ်းခေါ်ရင်ပြန်သွားဆိုတော့ ပြေးတမ်းလိုက်တမ်းကစားနေသလိုပါဘဲ။
တစ်ရက်မှတော့ မဆွဲမိ ကို သူ့အမျုးိအဆွေတွေက နည်းးပေးပါတယ်။
ဒီလိုလုပ်နေလို့ ဇာတ်လမ်းက ပြီးမှမဟုတ်ဘူး။
အဲဒီကောင်မလေး အလုပ်လုပ်တဲ့ဆီလိုက်သွားပြီး ရှင်းမှ ရမယ်ဆိုတာနဲ့
“ဧမောင်”ရွာက အိမ်မှာရှိနေတုန်းး မြို့ကိုလိုက်သွားကြပါတယ်။
ဟိုရောက်တော့ ကောင်မလေးခေါ်ပြီး ပါးရိုက်မယ် ပြု မယ်လုပ်ကြတော့တာပေါ။
အကုန်လုံးရှုပ်ရှပ်တွေခပ်ကုန်တော့ တာပေါ့။
ကောင်မလေးကို လဲ သူ့ အလုပ်ရှင်ကထပ်ပြဿနာတက်မှာစိုးတော့
အလုပ်ကထုတ်လိုက်ပါတယ်။
အဲဒီမယ်ကောင်မလေး က“ဧမောင်”ဆီဖုန်းဆက်ပြိး ငိုချင်းတွေ ချတော့ “ဧမောင်” လဲဘယ်ခံနိုင်တော့မလဲ။
တစ်အိမ်လုံးကို ပြဿနာရှာပါတော့တယ်။
နောက်ရက်“ဧမောင်”မြိုု့လိုက်သွားလိုက်တာပြန်မလာတော့ဘူး။
ကောင်မလေးကို အိမ်တစ်လုံးငှားပေးပြီးအတူနေကြပါသတဲ့။
အဲဒီအခါမှ မဆွဲမိ လဲ ငိုချင်းချတဲ့ အလှည့် ရောက်သွားတော့တာပေါ့။
နောက်ဆုံးတော့ “ဧမောင်” ကို ဝိုင်းနားချ ဘို့ ဘဲ စီ စဉ်ရတော့တာပေါ့။
ဟိုမှာ လဲ နေပါ ဒီအိမ်လဲ ပြန် လာပါဆိုပြီး “ဧမောင်”အကြိုက်လုပ်ရတော့တာပေါ့။
ဒီလိုနဲ့ ဇာတ်မျောကြီးဖြစ်နေတဲ့အချိန် တစ်ရက် မဆွဲမိဆီကို ဘယ်သူ့ဆီကမှန်း
မသိတဲ့ ဖုန်းက ဝင်လာပါတယ်။
“ဧမောင်”ကောင်မလေးရဲ့သူငယ်ချင်းပါပေါ့။
“ဧမောင်”နဲ့အတူ နေ နေ တဲ့ကောင်မလေးမှာ အခုခေတ်စားနေတဲ့
ရောဂါ ရ နေတယ်ပေါ့။
“ဧမောင်” မှာလဲဒီရောဂါ ရှိရင် ရှိနေနုိုင်တယ်။
အဲတော့ အမ ယောကျာ်းနဲ့ဆက်ဆံတဲ့အခါ အကာအကွယ်ယူ ဘို့ လှမ်းပြောတာပေါ့။
အဲ ဒီ သတင်းလဲ ရရော မဆွဲမိ က သတင်းပေးတဲ့ကောင်မလေးဆီကိုိုလိုက်သွားပါတယ်။
တွေ့ လဲ တွေ့ ရော အဲဒီကောင်မလေးကို သူ့ယောက်ျားသိက္ခာကျအောင်လုပ်ပါတယ်ဆို
ပြီး ပါးတွေ နားတွေရိုက်တော့ တာပါဘဲ။
သူ့ယောက်ျား မယားငယ် ယူတာ က ယူတာ ဘဲ ဒီရောဂါတော့ ဘယ်လိုမှ မရှိနိုင်
သူတို့ လင်မယားကွဲအောင်လုပ်တာပါဆိုပြီး တော့ ပေါ့။
ဒါနဲ့ဘဲ မဆွဲမိ ရွာပြန်တော့ “ဧမောင်”က ရွာပြန်ပြိးတစ်လှည့်လိုက်နေပါတယ်။
ခဏတော့ “ဧမောင်”လဲ ခြေငြိမ်နေပါတယ်။
မဆွဲမိ နဲ့ အတူတူပြန်နေတယ်ဆိုတော့ မဆွဲမိမှာလဲ တပြုံးပြုံးနဲ့ဝမ်းတွေသာလို့ပေါ့။
နောက်ကြာလာတော့လဲ ခွေးမြီးကောက်ကျည်တောက်စွတ်ပါဘဲ။
နောက်ဆုံးတော့ အိမ်ကို ပြန် မလာဘဲတော့ မနေပါနဲ့ ။
ပြန်လိုက်သွားလိုက်တော့ နေပါ။
ကိုယ်တိုင်က ရပ်ရွာ လူကြီးဖြစ်နေတော့ သူများ မေးငေါ့ စရာ ဖြစ်နေမယ်ဆိုပြီး
ချော့ မော့ ပြော ရတာပေါ့။
ဒါ လေးတော့ လိုက်လျောပါဆိုပြီး “ဧမောင်”ကို တောင်းပန်ရပါတော့တယ်။
ဒီတော့လဲ “ဧမောင်” က ဟိုအိမ်နေလို်က်ဒီအိမ်နေလိုက်နဲ့ ဟန်ကျနေသပေါ့။
နောက်ပိုင်းရောက်လာတော့ “ဧမောင်”ကရွာကအိမ်မှာအနေများလာပါတယ်။
ဟိုအိမ်က အစားအသောက် အဆင်မပြေဘူးဆိုပြီးတော့ပေါ့။
ဒီအိမ်ရောက်တော့ လဲ သိပ် ဟုတ်တိပတ်တိ စားတယ်ရယ်လို့ မရှိလှပါဘူး။
မဆွဲမိကတော့ အရက်အသောက်များလို့ အစားပျက်တာလို့ အပြစ်တင်ပါတယ်။
************************************************************
တစ်ရက်မှာတော့ မဆွဲမိ တိုနဲ့ သားချင်းမကင်းတဲ့တစ်ယောက် အူူ အတက်ပေါက်လို့
မြို့ တက်ခွဲရပါတယ်။
အဲတော့ ငွေကြေးလဲ သောင်သာ ပေါက်လဲပေါက်ရောက်တဲ့ “ဧမောင်”ဘဲ လိုက်ရတော့တာပေါ့။
ဟိုရောက်တော့ ဆေးရုံကလဲ “ဧမောင်”မျက်နှာနဲ့အမြန်လုပ်ပေးကြပါတယ်။
ခွဲ ရမယ်ဆိုတော့ သွေး လို ပါ သတဲ့။
လိုတာကလဲ အိုသွေးပါတဲ့။
ဖြစ်ချင်တော့ “ဧမောင်”တို့ နဲ့ပါလာတဲ့အဖွဲထဲမှာ အိုသွေး က “ဧမောင်” တို့ လင်မယားနဲ့
ကျန်တဲ့ ရွာသား နှစ်ယောက် ဘဲ ပါ ပါတယ်။
ဒီတော့ သွေးလှူဘဏ်မှာသွားပြီး သွေး ထုတ်ပြီး လှူကြတာပေ့ါ။
နောက် “ဧမောင်” တို့ကဘဲ ဒကာခံ ဒီလူတွေကိုကျွေးမွေးပြီး ရွာပြန်ခေါ်သွားပါတယ်။
နောက်ရက် ဆေးရုံကို “ဧမောင်”တို့လင်မယားရောက်တော့ သွေးလှူဘဏ်တာဝန်ခံ
ဆရာဝန်က “ဧမောင်” တို့ ကို သူနဲ့ လာတွေ့ ပါ အုံးလို့ မှာထား ပါ သတဲ့။
ဒါနဲ့ဘဲ သွေးလှူဘဏ်ကိုသွားကြတော့ “ဧမောင်”တို့လင်မယားနှစ်ယောက်လုံး
HIV ပိုးရှိတယ်လို့ စစ်ဆေးတွေ့ရှိတဲ့အတွက် လှူထားတဲ့သွေးကိုအသုံးပြုလို့
မရတဲ့အကြောင်း။
ဒါပေမယ့် ဒီ ရောဂါရှိမရှိသေချာအောင်ပြန်လည်စစ်ဆေးဘို့အတွက်
ခုခံ/ကျ ကာလာသားရောဂါတိုက်ဖျက်ရေးအဖွဲ့နဲ့ဆက်သွယ်ဘို့လိုကြောင်း။
ဒီသွေးလှူဘဏ်ကနေ လွှဲစာရေးပေးလိုက်မယ့်အကြောင်းကိုပြောပြလိုက်တဲ့အခါ
လင်မယားနှစ်ယောက်စလုံးအတော်ကိုတုန်လှူပ်သွားပါတယ်။
ကုရာနတ္ထိဆေးမရှိလို့ အားလုံးကလက်ခံထားတဲ့ ရောဂါဆိုးကြီးသူတို့ဆီမှာစွဲကပ်နေပြီဆိုတာ
သိလိုက်ချိန်မှာတော့ တကယ့်ကိုဆောက်တည်ရာမရဖြစ်သွားပါတယ်။
ဗဟုသုတ နည်း ပါး သူတွေ ဆိုတော့ လဲ အကြောက်ပိုကြ တာ မဆန်းပါဘူး။
ဒါပေမယ့်လည်း ဆရာဝန်လေးက လည်း စိတ်မပူဘို့။
ပိုသေချာအောင်ထပ်မံ စစ်ဆေးပြီးမှ ရောဂါရှိတယ်ဆိုတာကိုအတည်ပြုမှာဖြစ်ကြောင်း
တကယ်လို့များရှိလာခဲ့တယ်ဆိုရင်လဲ သက်ဆိုင်ရာဆရာဝန်ကနေ ပျောက်ကင်းအောင်
ကု သေ ပးမှာဖြစ်တဲ့အကြောင်း၊
စံနစ်တကျ ကု သဘို့ ခံယူဘို့လိုအပ်တဲ့အကြောင်း စိတ်ရှည်လက်ရှည်ရှင်းပြပါတယ်။
သူ ဘယ်လိုဘဲ ရှင်းပြ ရှင်းပြ “ဧမောင်”တို့လင်မယား နားထဲ မဝင်တော့ပါဘူး။
ရှက်ခြင်းကြောက်ခြင်း ဆိုတာ တွေဘဲ ခေါင်းထဲ မှာရှိနေပြန်ပါတော့တယ်။
“ဧမောင်”စိတ်ထဲမှာတော့ သူ ဒီရောဂါ ရှိတယ်ဆိုတာသာ အားလုံးကသိသွားရင်
ရွာလူကြီး ဘဝက နေ အဖယ်ရှားခံရမှာကိုတွေးမိပြီး စိုးရိမ်စိတ်တွေများလာ
ပါတယ်။
မဆွဲမိ မှာလည်းခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တာအမှန်ပါဘဲ။
သေမှာစိုးတာ ထက် လူကြားလို့ မှ မတော်တဲ့ ဒီရောဂါဆိုးကြီး ကြောင့် လူတော
မတိုးမှာကိုတွေးတွေးပြီး ကြောက်နေရှာတာပါ။
ဒါနဲ့ဘဲ သွေးလှူဘဏ်က ဆရာဝန်လေးကို ဒီအကြောင်းသူများကို မသိစေချင်တဲ့အကြောင်း
တောင်းပန်တဲ့ အခါ ဆရာဝန်လေးက
ကာယကံ ရှင်ကလွဲလို့ ဘယ်သူ့မှ ပြော ပြ လို့ မရတဲ့ အကြောင်းလျှို့ဝှက်ထားရတဲ့အကြောင်း
ရှင်းပြမှ စိတ်အေးကြပါသတဲ့။
နောက်သူတို့ ညွှန်လိုက်တဲ့ ဆီကို ဆက်ဆက်သွားပြီး ကုသဘို့ခံယူဘို့ လိုအပ်ကြောင်း
ပြောလိုက်ပါတယ်။
ဒါနဲ့ ဘဲ “ဧမောင်”တို့လင်မယားက ရွာကို ပြန်လာခဲ့ကြပါတယ်။
နှစ်ယောက်လုံးမှာ ထိုင်မရ အိပ်မရ သောကတွေနဲ့ပေါ့။
ဆေးရုံကပြန်လာကတည်းကနှစ်ယောက်လုံး အိမ်ထဲက အိမ်အပြင်မထွက်ကြတော့ပါဘူး။
နောက်ရက်မှာတော့ သူတို့ လင်မယား မြို့တက်ပြီး ခုခံ/ကျ ဆရာဝန်ဆီကိုသွားကြပါတယ်။
ဟိုရောက်တော့ သွေးဖောက်တာ ကိုယ်အလေးချိန် ချိန်တာတွေလုပ်ပြီး ဆရာဝန်နဲ့တွေ့ ဘို့
စောင့် နေကြပါတယ်။
အသိတွေ တွေ့မှာစိုးလို့ ချောင်ကပ်ပြီး ခပ်ကုပ်ကုပ်လေးထိုင်နေကြတာပေါ့။
အဲလို မတွေ့ ချင်ပါဘူးဆိုမှာ သူတို့ ရွာက လူတစ်ယောက်နဲ့ တည့်တည့်ကြီးတိုးပါတော့တယ်။
ဟိုကတော့ သူတို့ ကို ပြုံးပြီုးနုတ်ဆက်ရုံဘဲ နုတ်ဆက်တာပါ။
ဒါပေမယ့် သူတို့က မလုံ မလဲ ဖြစ်ပြီး မျက်စေ့ ပျက် မျက်နှာပျက်တွေဖြစ်နေပါတယ်။
ဆရာဝန်နဲ့ တွေ့ တဲ့ အခါမှာတော့ သူတို့ကိုကောင်းကောင်းမွန်မွန်ရှင်းပြ ပေးလို့
နည်းနည်းလေးတော့ စိတ်သက်သာရာ ရသွားကြပါတယ်။.
ရွာပြန်ပြီးတစ်ပါတ်လောက်ကြာတဲ့အခါ “ဧမောင်”လဲ ကျန်းမာရေး မကောင်းလို့ဆိုပြီး
လူကြီးအလုပ်ကနေ နုတ်ထွက်လိုက်ပါတယ်။
မဆွဲမိကတော့ အိမ်ထဲ က အိမ်ပြင်မထွက်တော့။
“ဧမောင်”လဲ အရင်လို မဟုတ်ဘဲ အိမ်တွင်းအောင်းနေပါတယ်။
အဲလို နေတော့ လူတွေက စိတ်ဝင်စားလာကြတာပေါ့။
နောက် တစ်လ လောက်ကြာတော့ “ဧမောင်”လဲ အိမ်တွင်းမအောင်းနိုင်တော့ပါဘူး။
အရင် လိုဘဲ မြို့ကို ပြန်သွား တော့ တာပေါ့။
သူ့ ကောင်မ လေး က လဲ ဖုန်း တကွီကွီ ဆက် တာလဲ ပါတာပေါ.။
ဒီ တော့ လဲေ ကာင် မလေး နဲ့ အတူ နေလိုက် ရွာပြန် လိုက်ပေါ့။
တစ်ရက် တော့ သူ့ ကောင် မလေး နဲ့ သူ အကြီးအကျယ် စကားများကြပါတယ်။
ကောင် မလေး က သူ ရွာပြန်တဲ့ အချိန်မှာ ဒီပြင် ကောင်လေး တစ်ယောက်နဲ့
ငြိ နေတယ် ဆို ပြီး ဖြစ် တာပေါ့။
“ဧမောင်” က ကောင် မလေး ကို စုတ်ပြတ်နေအောင် ရိုက်ထဲ လိုက်တော့
ကောင်မလေး လဲ ပြန် ပြေး တော့ တာပေါ့.။
အဲလို လဲဖြစ်ပြီးတဲ့အခါ “ဧမောင်” က ရွာပြန်နေလိုက်။
မြို့ လာပြီး နေ လိုက် နဲ့ နေ ချင် သလို နေ ပါတော့ တယ်။
ပိုဆိုးတာက တော့ မိန်း မ လိုက်စား တဲ့ ဒီဂရီက အရင်ထက်စာရင် မြင့် လာတယ်လို့
ဆိုနို်င်ပါတယ်။
အရင်က သူ့ကောင်မလေးနဲ့ ဘဲ စွဲ စွဲ မြဲ မြဲ နေရာက နေ အခုတော့
မိန်း ကလေး ပေါင်း စုံနဲ့ဆက်ဆံ တဲ့ အနေအထားကိုရောက်လာပါတယ်။
သူ့ ကို နိုင်အောင် ပြောနို်င် တားဆီးနိုင်သူလဲ မရှိ။
ခက်တာ က သူ ဒီ ရောဂါ ရ နေတယ် ဆိုတာ လဲ သူ သိတယ်
ဒီ ရော ဂါ က လိင်ဆက်ရင် သူ များကို ကူး နိုင်မှန်း လဲ သူ သိတယ်။
ဒါပေမယ့် သူက တော့ သွားမြဲ ဆက်ဆံမြဲပါဘဲ။
ခက်တာ က သူ က ဘယ် တော့ မှ အကာ အကွယ် မသုံးခဲ့ တာပါဘဲ။
ဒီ တော့ သူ နဲ့ ဆက် ဆံ တဲ့ မိန်း ကလေးများး မှာလဲ ရော ဂါ ကူး တော့ တာပေါ့။
အဲ ဒီ မိန်း ကလေး များ ကလဲ ဒီ ရော ဂါ ရှိနေတာကို မသိတာလား
သိပါလျက် နဲ့ အကာ အကွယ် မယူကြတာလား ဆို တာကတော့ ပြော ရခက်ပါတယ်။
နောက်ဆုံး မတော့ ဆေး ကု သ မူ့ လဲ ကောင်းကောင်း မခံ။
နေ ချင်သလို လဲ နေတယ ် ဆိုတော့ အသေစော တာပေါ့၊
ဒီကောင်အသေ စော တာလဲ ကောင် းပါတယ်ကွာ။
သူက သူ့ ရော ဂါ ကို နောက်ထပ် လူ တွေကိုပါ ကူး အောင် လုပ်နေတာဆိုတော့
မြန်မြန်သေ တော့နောက် လူ ကို ဆက်ဒုက္ခ မပေး နိုင် တော့ ဘူး ပေါ့ ကွာ။
“ဧမောင်” အကြောင်း ကို နား ထောင် ပြီး တဲ့ အခါ မှာတော့
သူ လို လူ တွေ သာ များ လာ ခဲ့ ရင် ဒီ ရော ဂါ ဆိုးကြီး က
ဘယ် တော့ မှ အမြစ် ပြတ် မယ် မထင်ပါဘူး။
တကယ်တော ့ လောက ကြီးမှာ မျှဝေ ပေး တယ်ဆိုတိုင်း
ကောင်းတာ မဟုတ် ပါဘူး။
ကဲ ကျနော်တို့ ပါတ်ဝန်း ကျင် မှာ“ဧမောင်” လို လူ တွေ ရှိ မရှိ
ဆန်း စစ် ကြည့် လိုက်ကြ ရ အောင် ဗျာ။
ကိုပေါက် လက်ဆောင် အတွေး ပါးပါးေ လး။
22-12-13
17 comments
ကိုပေါက်(မန္တလေး)
December 23, 2013 at 1:17 pm
ဒီ ဇာတ် လမ်း လေးက ကျ နော် ကိုယ်ပိုင် ဇာတ်လမ်း မဟုတ် ပ ါ ဆေးဝန် ထမ်း မိတ် ဆွေ တစ်ယောက် က ပြော ပြ တာ လေး ကို ခံ စား ပြီး ရေး ဖွဲ့ ခြင်း ဖြစ ်ပါ တယ်။
KZ
December 23, 2013 at 1:22 pm
အော်ဗျာ။
မျှဝေ ပေးဝေမှတော့ ကောင်းတဲ့ အရာကိုပဲ မျှဝေ ပေးဝေတာ အကောင်းဆုံးပေါ့။
ဒီလိုမျှဝေမှုကြီးကတော့ ဦးနှောက်ရော အသည်း နှလုံးရော မဲ့ လွန်းပါတယ်။
:hint:
ကိုပေါက်(မန္တလေး)
December 24, 2013 at 9:11 am
ကောင်းတာလေးတွေဘဲ ဝေ မျှ ပေး စေချင် လို့ ရေး လိုက် တာ ပါ ကွဲ့
alinsett
December 23, 2013 at 1:39 pm
တော်တော်ဆိုးတဲ့ ဧမောင်
ယူတဲ့သူရော ပေးတဲ့သူပါ
ကောင်းသော ယူခြင်း ကောင်းသောပေးခြင်းနဲ့ သာ မွေ့လျော်စေချင်ကြောင်း. . . .
😆
Mr. MarGa
December 23, 2013 at 3:04 pm
လှူ မျှ ဝေ ၍
သိရဲ့နဲ့ ဖြန့်ဝေသူကိုတော့
မိုက်မဲသည် ဆိုသည့် စကားမှတစ်ပါး
ပြောစရာ မရှိ…………….. 🙁
•*¨နန်းတော်ရာသူ •*¨
December 23, 2013 at 7:33 pm
ကျွန်မတို့ရပ်ကွက်ထဲမှာတော့ အဲဒီရောဂါယောကျာ်းတွေမှာဖြစ်ပြီဆိုရင် သူတို့မိန်းမတွေက အလတ်ကြီးတွေကနေ ထပြီးအရင်သေကုန်ကြရော။နောက်မှ ယောကျာ်းတွေကလိုက်သေတယ်။
ကိုယ့်မှာရှိနေပြီဆိုရင်လည်းငြိမ်ငြိမ်နေသင့်ပါတယ်။နောင်ဘဝမှာအကုသိုလ်ပိုတိုးအောင် သူများကိုမshareသင့်ပါဘူးးး
🙁
ကိုပေါက်(မန္တလေး)
December 24, 2013 at 4:48 pm
ပုန်း နေ တဲ့ လူ ထွက် လာ တော့ သေ ရော အေ့
padonmar
December 24, 2013 at 12:21 am
ဒီရောဂါဆိုးကြီးကိုအံတုပြီး ပရဟိတလုပ်နေတဲ့ ကိုဗလ၊
တနိုင်ငံလုံးကို စက်ဘီးစီးပြီး ခုခံအားကျရောဂါသည်တွေ စိတ်ဓာတ်မကျဖို့ လှုံ့ဆော်နေတဲ့ ကိုစရကို တို့လို ရောဂါသည်တွေကို လေးစားမိသလောက်
ဧမောင်လို လူညစ်မျိုးကို မုန်းတီးမိပါတယ်။
ကိုပေါက်(မန္တလေး)
December 24, 2013 at 4:52 pm
မှန် သည် ကောင်း အောင် လုပ် သူ ရှိ သ လို
အ နှောင့် အဖျက် များ ရှိ သည် မှာ အ မှန်
kai
December 24, 2013 at 3:41 am
သတိထားမိသလောက်.. အဲလို”မျှဝေ”စိတ်ပေါ်စေတာက.. ဘာသာရေးနဲ့ဆိုင်တယ်ပြောချင်တယ်..
ကမ္ဘာ့ဘာသာကြီး၃ရပ်မှာ.. ရှေ့နောက်ဘဝလွဲချတတ်တဲ့ဘာသာတရားမှာ.. “မျှဝေ”စိတ်ပိုပေါ်ပြီး… အဲဒီထဲမှာမှ.. မြန်မာအများစုရဲ့ဘာသာတရားမှာ ပိုဖြစ်တယ်လို့.. သတိထားမိတယ်..
မြန်မာတွေ.. ငယ်ငယ်နဲ့အသေများကြတာ… အဓိက”ပြချက်””အချက်အလက်”တခုပဲ..။
ထာဝရဘုရားသခင်ကိုးကွယ်သူများမှာတော့.. သိသူ..အပြစ်ပေးဆုံးဖြတ်မယ့်သူ “GOD” ရှိနေတဲ့အတွက်… လူသားမဆန်စွာ.. ယုတ်မာမှုပြုဖို့.. ဝန်လေးခက်ခဲကြတယ်…
မယုံဘူးလား..
.. ကိုယ်တိုင်(မလိမ်ပဲ)ခံစားသုံးသပ်ကြည့်….
ကဲ…
စနစ်ကြောင့်မဟုတ်… စနစ်ကြောင့်မဟုတ်…
နောက်ဘဝမှကောင်းစားကြ… ဒါပဲ..
surmi
December 24, 2013 at 9:33 am
သဂျီးကတော့ မဆိုင်တာဂလိုင်ခေါက်နေပြန်ဘီ
ဘာဖြစ်ဖြစ် ထေရဝါဒဘဲလွှဲချနေတော့တာဘဲ..
ဒီကိစ္စဒီဖြစ်ရပ်မှာ လူတစ်ဦးချင်းစီရဲ့တည်ငြိမ်ရင့်ကျက်မှု ၊ စာနာနားလည်မုှ ၊
ခံယူချက်နဲ့ စိတ်ဓတ်အဆင့်အတန်းက ဆုံးဖြတ်သွားတာပါ ။
တကယ်တန်းပြောရရင် နောက်ဘဝတွေကိုအလေးမထား
မယုံသူများသာ တစ်နပ်စားလုပ်ကြတာဖြစ်ပါတယ်။
အခုကိစ္စက ဘယ်ဘာသာဝင်ဖြစ်တာနဲ့ လုံးဝ(လုံးဝ)မဆိုင်ပါဘူး ….
ဘယ်လိုလူဖြစ်တယ်ဆိုတာက သတ်မှတ်တာပါ.။
ညစ်တွန်း တွန်းတဲ့သဘောတွေပေါ့ ……
သဂျီးလည်း ဘာသံကြားကြား ြမြန်မာ ဗုဒ္ဓ မကောင်းဘူးချည့် အလွတ်ကျက်ထားတဲ့အတိုင်းရွတ်နေတော့တာကလား ….
ခက်စ်တယ်ကွယ် 🙁
kai
December 24, 2013 at 3:45 pm
ခင်ညားတို့က.. ခက်စ်တာပါကွယ်…
ဒီလောက်အဖြေတွေ…အကြိမ်ထောင်သောင်းချီမက..ထုတ်ပြ..
.. နှစ်ရာချီ.. ဖြစ်ပြလုပ်ပြနေတာတောင်… မမြင်နိုင်ပဲ.. အတွေးကန်းနေကြတာ…
အင်း..
အယူမှားရင်..သံသရာမှောက်သတဲ့.. မှောက်နေပဟ..
မှောက်လတံ့…။
ကိုပေါက်(မန္တလေး)
December 24, 2013 at 12:50 pm
ဒီ ကို ခိုင် ကို တော့
ပြော ကို………………မ ပြော ချင် တော့ ဘူး ( ဒေါ် မြ လေး လေ သံ ဖြင့်)
ပိန႖ဲ့ ပင် ကို ဘဲ ခဲ နဲ့ ထု ဘို့ စဉ်း စား နေ တော့ တာ ပ ါဘဲ
လုံမလေးမွန်မွန်
December 24, 2013 at 2:35 pm
အော်.. ဒွတ်ခ.. ဒီလိုလူတွေလည်း ရှိသေးသကိုး..
သိလိုက်ရတာကတော့..ဘာပဲဖြစ်ဖြစ်..မိန်းခေးတွေဘက်က ခံဘက်ချည်းပဲ.. 🙁
ကိုပေါက်(မန္တလေး)
December 24, 2013 at 4:53 pm
မိန်း ခေး များ က လဲ ရှောင် သင့် လျင် ရှောင် ရ မည် မော် ရ ကွန် ရေ
TNA
December 28, 2013 at 5:36 pm
အဲလိုလူမျိုးတွေဘယ်လောက်တောင်မှများမလဲမသိဘူးနော်လေးပေါက်ရေ။ စိုးရိမ်စရာပဲ
ကိုပေါက်(မန္တလေး)
December 29, 2013 at 10:10 pm
တကယ် တော့ အဲ လို လူ တွေ များ နေ ပါ ပြီ