ခရစ်စမတ် ပူပူလေးရမယ်… Hot X-mas
ခွိ။
ခရစ်စမတ်ကို ချစ်ရင် ဘာသာအယူလွဲတော့မဲ့အတိုင်း စိုးရိမ်ပူပန်ကြသော အသိုင်းအဝိုင်းမှာ ကြီးပြင်းလာတဲ့ သူမို့ ခရစ်စမတ်ကို ချစ်ကြောင်း ရဲရဲကြီးမပြောဝံ့တာကိုကြာပါပေါ့။
နို့မို့ မျိုးချစ် ဘာသာချစ်တွေက မြန်မာ့နေ့ကြီး အခါကြီးတွေ သိလို့လားတို့ ဘာတို့မေးမှာလည်း ကြောက်ရသေးးးး :mrgreenn:
ဘာဖြစ်ဖြစ်ပေါ့နော့။
ပြောချင်တာပြောကြပေါ့။
ဆောင်းကိုချစ်လို့ ခရစ်စမတ်ကိုပျော်တယ်။
ကျောင်းရက်ရှည်ပိတ်လို့ပျော်တယ်။
ခရစ်စမတ်မှာ မောင် နှမ အမျိုးတွေ စုံလို့ပျော်တယ်။
အစား မျိုးစုံစားရလို့ ပျော်တယ်။ ရေးဖူးတယ်နော်။ အဲအကြောင်းးးး
အဲ။ စလုံးရောက်တော့ မီးရောင်စုံမြင်ရလို့ပျော်တယ်။
၂၀၀၉ က ခရစ်စမတ်နေ့ကြီး ဟောင်ကောင် ဒစ်စနေလန်း ရောက်ဖူးတော့ အပျော်မျိုးစုံတွေ့ရလို့ပျော်တယ်။
ခရစ်စမတ် ကို ပျော်တယ်ပြောမိလို့ ဗုဒ္ဓဘာသာမစစ်ဘူးးး ဘာဘူးးး လာထင်လို့ကတော့ လဲသေကြလို့ ပြောလိုက်ချင်တယ်။ (အိမ်မက်ထဲမှာပါ၊ အပြင်မှာတော့ ပြောရဲဘူးးး သိပ်သတ္တိကောင်းတယ်။) :mrgreenn:
ဟိ။
စလုံးး မှာ ဒီဇင်ဘာ ၁ လလုံး အောချာတ် လမ်းတစ်လျှောက်လုံး မီးထွန်းပေးထားတာ။ ကြက်ပျံမကျ စည်ကားချက်ကတော့ ကျုပ်တို့ရွာ ဘုရားပွဲ အတိုင်းပဲ။
ဒါမဲ့ ဒီ နှစ် မီးထွန်းတာ ခို ပါတယ်။
အီကွေတာရာသီ ပိုင်ရှင်နိုင်ငံရဲ့ ခရစ်စမတ်မို့ အပြင်မှာ ခံစားရတာသိပ်မကောင်းပါဘူးးး ဆောင်း လိုနေတယ်။ အအေး မရှိဘူးးး
ရိုက်ခဲ့သလောက်ပေါ့။ အားပေးကြပါဦးနော့။




ခါတိုင်းနှစ်က မျိုးစုံထွန်းတယ်။ ဒီ နှစ် တစ်မျိုးထဲပဲတွေ့တယ်။




မဟုတ်ဘူးလို့ :mrgreenn:

လှတယ် မို့လားဟမ်??







အဲ့လူထဲ မတိုးနိုင်လို့အဝေးကပဲ ရိုက်


44 comments
မင်း ခန့် ကျော်
December 23, 2013 at 9:14 am
လှ လိုက် တာ။
ဩဇီးမှာလဲ ခရစ်စမတ် မှာ ချွေး တလုံးလုံးနဲ့
ကျင်းပ ရတယ်ဆိုလားးး။
ကျမ်းစကားနဲ့ အားပေးပါ့မယ်။
“အကြောင်းမူကား
ကာလအချိန် ရောက်လုနီးပြီ”
(ဗျာဒိတ် ၂၂း၁ဝ ခ )
KZ
December 23, 2013 at 11:50 am
အန်လကယ် မင်းမင်း
မန်းလေးမှာ ဘယ်နားနေတာတုန်း??
တော်ကြာ အမျိုးဖြစ်နေမစိုးလို့။
😀
မင်း ခန့် ကျော်
December 24, 2013 at 3:02 pm
အိမ်ရှေ့မှာ စိန်ပန်းပင်ရှိတယ်။အဲသည့်အိမ်ပဲ။
alinsett
December 23, 2013 at 9:22 am
ကျနော်သည်လည်း
ဆောင်းကို ချစ်သောသူမို့
ဆောင်းမှာ ပါဝင်လာသမျှကို ချစ်မိသည်။
:kwi:
KZ
December 23, 2013 at 11:57 am
ဆောင်းမှာ ရှိသမျှ အကုန်ချစ်။
အဆုတ် အအေးမိတတ်တာကလွဲရင်။
:mrgreenn:
မဟာရာဇာ အံစာတုံး
December 23, 2013 at 9:43 am
ဟိုရွှေရောင် မိန်းမဂျီးပုံကို ဘောကျဒယ်
ကေဇီကတော့ ထင်းထင်းဂျီး ထင်နေဒါ
ဝါးဝါးဂျီးဘဲ ..
ဒီတစ်ချက်တော့ လွှဲစ်တွားဒယ်
KZ
December 23, 2013 at 11:56 am
ဟွန့်။
နာ ထင်းထင်းကြီးပြလိုက်လို့ ဟို ကလေးမ ငိုမစိုးလို့။
😀
surmi
December 23, 2013 at 10:11 am
ကျုပ်လည်း ငယ်ငယ်က အဲဒိနေ့ဆို အိမ်မကပ်တော့ဘူးဗျ ..
သူငယ်ချင်းတွေထဲမှာ ချင်း နဲ့ ကရင် လူမျိုးတွေပါနေတော့
ဝါးတီးလဲဆွဲ.. သူတို့နဲ့လည်းလျောက်လည်..
အခုချိန်တောင် အရင်လိုသွားလိုက်ချင်သေး…
KZ
December 23, 2013 at 11:56 am
သွားပါဗျာ။
ချမ်းချမ်းစီးစီး မုန့်လိုက်စားရတဲ့ အရသာကို ရနိုင်သူများ သွားကြပါ။
🙂
လုံမလေးမွန်မွန်
December 23, 2013 at 10:50 am
လမ်းတွေမှာ အလှဆင်ထားတာ အကြိုက်ဆုံးပဲ..
စကားအတင်းစပ်ရရင် ၂၀၀ရ ဒီဇင်ဘာတုန်းက စလုံးကို ခဏလာဖြစ်တော့ ြြြမြန်မာနိုင်ငံမှာ မမြင်ဖူးတဲ့ xmas decoration တွေကို အထူးအဆန်း ြြဖြစ်ဖူးတယ်
KZ
December 23, 2013 at 11:53 am
ဟယ်။
ဟုတ်သလား ၂၀၀ရ ဒီဇင်ဘာက မမဂျီးရဲ့ ပထမဆုံး စလုံး ခရစ်စမတ်ပူပူလေးပဲ။ ဓာတ်ပုံရိုက်လိုက်တာ မမောနိုင်မပန်းနိုင်။
🙂
လုံမလေးမွန်မွန်
December 23, 2013 at 12:37 pm
2007 ဒီဇင်ဘာ (၇) ရက်ကနေ (၁၄) ရက်နေ့အထိ လာတာ..
Sunburb Youth Camp တဲ့… ဂိမ်းဆော့တာနဲ့ ခရစ်စမတ်ပဲ မှတ်မိတော့တယ်… ဟိဟိ…
ခုနေတော့ တစ်ခေါက်လောက် လာလည်ချင်သား.. 🙂
KZ
December 23, 2013 at 12:45 pm
လာလည်လှည့်။
လျှောက်လည်ကြမယ်။
:chit:
မဟာရာဇာ အံစာတုံး
December 23, 2013 at 1:04 pm
ကျော်ရော ..
လိုက်လို့ ရမား မတိဘု ..
KZ
December 23, 2013 at 1:06 pm
ကျော် ပါ ချင်ရင် ခြုံတိုး ပါ။
မိန်းကလေးတွေချည်း လည်မှာ။
ခေါ်ဘူးးးး
:mrgreenn:
အဘရဟူဒီ
December 23, 2013 at 11:45 am
အဲ့ဖုန်း. ကို ပိုလိုချင်လာပီညော်.
KZ
December 23, 2013 at 11:51 am
ဟီးဟီးးးး
ကန်နွန်နဲ့ရိုက်ထားတာလည်း ပါပါတယ်။
ပြင်တာကတော့ ဖုန်းနဲ့ချည်းပဲ။
ဒါကြောင့် တစ်ချို့ပုံတွေ ပြင်ပျင်းလို့ ထားခဲ့ရတယ်။
:mrgreenn:
Wow
December 23, 2013 at 12:32 pm
ဒေါင်းနမိတ်ထွန်းနေဘီ… ထင်တယ်နော်.. :kwi:
KZ
December 23, 2013 at 12:40 pm
ဟိ။
အာ့ကြောင့် မရ အရ ရိုက်လာရတာပေါ့။
:kwi:
အဘရဟူဒီ
December 23, 2013 at 3:18 pm
ဒေါင်းဥ ဆြာယီး မလာသေးပါလားညော်…..
ငိငိ
sorrow weaver
December 23, 2013 at 1:00 pm
နောက်နှစ်တော့ ချစ်သူလေးလက်ကိုဆွဲပြီး ဒီဇင်ဘာခွစ်မက် စလုံးမှာလာလုပ်ပစ်မယ်..အဟိဟိ
KZ
December 23, 2013 at 1:03 pm
လာမဲ့ ရက် ကြိုပြောပါ။
ပုန်းနေမို့။
😀
လုံမလေးမွန်မွန်
December 23, 2013 at 1:33 pm
ခိ..သတင်းပေးရရင် အူးဆာရဲ့မျက်မှန်လေးက I don’t like Christmas ပါတဲ့.. 🙂
KZ
December 23, 2013 at 2:02 pm
ခရစ်စမတ်ကိုချစ်အောင် မမဂျီး တာဝန်ယူပါတယ်။
ဒီကို လွှတ်လိုက်ပါလို့။
:chit:
Crystalline
December 23, 2013 at 2:48 pm
Christmas ကိုချစ်တယ်.. သို့ပေမယ့် အဲဒီ X’mas မှာ မူးရူးသောက်စားပြီး လမ်းမှာသောင်းကျန်းသူတွေကိုတော့မုန်းတယ်.. :)) ဒါ့ပုံလှလှလေးတွေကြည့်ရတော့ လာလည်ချင်သွားတယ်.. နှစ်ကုန်ခါနီး ဟိုမေးဒီမေးလုပ်တဲ့ ဟိုလူကြီးမင်းတွေဆီက ဟိုဟာဒီဟာတွေရပြီးပြီလားဟင်.. :mrgreenn:
KZ
December 23, 2013 at 2:58 pm
ဟိုတွေးဒီတွေးနဲ့ မျှော်ရလွန်းလို့
ဟိုငေး ဒီငေး နဲ့ တွေးရလွန်းလို့
ဟို အကြွေး ဒီ အကြွေး ယူမိလို့
ဟိုပြေး ဒီပြေး ပြေးနေရပါပြီ ခရစ်လေးရယ်။
ဒီ လကုန်ကို စောင့်နေပါတယ်ကွယ်။
😀
kai
December 23, 2013 at 3:46 pm
အာရှနိုင်ငံတွေ..ခရစ်စမတ်..အလှက.. ခရစ်ယန်တိုင်းပြည်တွေထက်.. အပြင်အဆင်ပိုသာနေတယ်ထင်မိတယ်..
တကယ်ပြောတာ..
KZ
December 23, 2013 at 3:57 pm
အဲလာ အနော်ကြောင့် အနော့ကြောင့်။
ရိုက်တဲ့သူကို ကြည့်ပါလားလို့။
ဟေးဟေးဟေးးး
TNA
December 23, 2013 at 4:51 pm
လှလိုက်ချက် တော်တော်လေးကိုအလှဆင်ထားတာကိုး။ ဒါကချင်ကျားပူအစိုးရကလုပ်ထားတာလား။ လုပ်ငန်းရှင်တွေကလုပ်တာလားဟေ။ ဒေါင်းကတော်တော်လှတာပဲ။
KZ
December 24, 2013 at 8:15 am
မွသဲ။
ဟိုတယ်တွေ ရှော့ပင်းမောတွေက ကိုယ့်နေရာကို ကိုယ့်အိုင်ဒီယာနဲ့ အလှဆင်ပြီး လမ်းကတော့ စလုံး အစိုးရက တာဝန်ယူတယ် လို့ သိထားတာပဲ..
🙂
•*¨နန်းတော်ရာသူ •*¨
December 23, 2013 at 7:19 pm
ခရစ္စမတ်ဘယ်လောက်လှလှ အနွေးထည်မှမဝတ်ရရင် လုံးဝမပီပြင်ဘူးလို့ခံစားရတယ်။
တစ်ကမာ္ဘလုံးဘယ်ဘာသာဝင်မဆို (အစွန်းရောက်နိုင်ငံတွေတော့မသိ) ခရစ္စမတ်ကိုချစ်နေကြပါပြီ။
ကိုယ်အလည်းအတူတူပဲ။
ဒီမှာလည်း ပါ့ကညောပေါလို့တော်တော်အလုပ်ရှုပ်နေကြပါပြီ။
တောခရစ္စမတ်ပေါ့။ရိုက်ပြစရာတော့မရှိပါဘူး။
ဘာပဲဖြစ်ဖြစ် နှင်းလေးတွေနဲ့ခရစ္စမတ်နဲ့တွေးမိရင် အရမ်းနေချင်တယ်
🙂
KZ
December 24, 2013 at 8:13 am
ဟုတ်တယ်။
ခရစ်စမတ်ဆိုတာ အနွေးထည် လှလှလေးနဲ့ မာဖလာလှလှလေး လည်မှ အရသာရှိတာ။
အဲ မာဖလာနဲ့ ဆင်တူဦးထုပ်လေးလဲ ပါသင့်တယ်
:kwi:
Mr. MarGa
December 23, 2013 at 7:27 pm
ဒေါင်းတွေ ဝေနေတာကို မြင်သွားပါတယ်။
ကင်မရာနောက်ကလူရဲ့ ရိုက်ချက်ကို မြင်သွားပါတယ်။
ဒီအလှတွေ နောက်ခံထား ပုံကလေးတွေများ မရိုက်ခဲ့ဘူးလား လို့လဲ မေးလိုက်ချင်ပါတယ်။
(မရိုက်ဘဲတော့ မနေဘူးထင့်) :mrgreenn:
KZ
December 24, 2013 at 8:06 am
အဲဒါကို ပြချင်တာပဲ။
အာ့ကြောင့် ကျန်တဲ့ဓာတ်ပုံတွေပါ တင်ရတာ။
ကင်မရာနောက်ကို ဘာတွေမြင်သွားတုန်းးး
ကြိုးကိုင်သူကို မြင်သွားလားးး
😀
ကွကိုယ်လည်း ဓာတ်ပုံရိုက်ခဲ့ပါတယ်။
ဖွဘုတ်မှာ မက်စိနောက်နေကြပြီဆိုလို့ တင်တော့ဘူး
:hint:
padonmar
December 24, 2013 at 12:36 am
ဒေါင်းပျိုမေကိုကြိုက်တယ်။
တခါတုံးကလည်ခဲ့ရတဲ့ ခရစ်စမတ်နဲ့ မိတ်ဆွေများကို သတိရမိပါတယ်။
KZ
December 24, 2013 at 8:07 am
ကျနော်တို့ သီတင်းကျွတ်ပွဲတော်ကို ဂလို မီးထိန်ထိန်နဲ့ ကျင်းပနိုင်တဲ့ နိုင်ငံချမ်းသာတဲ့တစ်နေ့ကို မကြုံဖူးပဲ လွမ်းနေတယ်။
:hint:
ဗုံဗုံ
December 24, 2013 at 10:17 am
ငယ်ငယ်တုန်းက သူတို့တွေသီချင်းလာဆိုရင် ပျော်လိုက်တာ….

ဤအိမ်ပေါ်ကို ကောက်ညှင်းထုပ်တွေ ရောက်စေသော်….ရောက်စေသော်…..
မိဗုံက အစားအသောက် ငမ်းငမ်းတက်နေတဲ့ သူတွေဆိုတော့..
အဲ့လိုချည်းဘဲကြားတာ……
သူတို့ သီချင်းလေးတွေက ချစ်ဖို့ကောင်းတယ်…….
ဆိုတဲ့ ကောင်လေးတွေကလည်း ချစ်ဖို့ ကောင်းတယ်…
KZ
December 24, 2013 at 12:42 pm
ဟယ်။

အာ့မိုးလေး တစ်ယောက်လောက် ပြန်မလွှတ်ပဲ မနေလိုက်ဘူးလားးး
ခင် ခ
December 24, 2013 at 3:52 pm
ငယ်ငယ်က ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ ကရင်တွေကြားထဲမှနေခဲ့ရသေးတော့ X-mas ဆိုရင် သူတို့နဲ့အတူဝိုင်းဖွဲ့ကာ စားသောက်ခဲ့ကြ သူတို့သီချင်းတွေဆိုကြတော့လည်း လိုက်ဆိုကာအားပေးခဲ့ကြနဲ့ အတော်ပျော်ခဲ့ဖူးတာပေါ့ဗျာ။
မကြုံဖူးပေမယ့် ဓာတ်ပုံလှလှလေးတွေကြည့်ခွင့်ရလို့လည်းကောင်းပါ၏ကွယ်။
KZ
December 26, 2013 at 9:11 am
လာ အားပေးတဲ့တွက် ကျေးဇူးပါ ကိုကြီးခ
😀
ကျော်စွာခေါင်
December 25, 2013 at 5:19 am
ခရစ်စမတ်သယ်….အမ
ကျော့်ကို ၁ဝသားရောင်းပေးပါ..ပူပူလေးနော်..
စ”တာပါ..
ဓါတ်ပုံတွေ လှလိုက်တာ..
ဒေါင်းပျိုမေလဲလှ….
ဒေါင်းပျို ကေ လဲ လှ….
ခွိ..။
ခရစ်စမတ်မှာ ဘယ်လို အကြောင်းမျိုးနဲ ့ဘဲဖြစ်ဖြစ် ပျော်ရွှင်ပါစေ။
KZ
December 26, 2013 at 9:12 am
၁ဝ သားပဲနော်။ အဆစ်မတောင်းရဘူးနော်။
:mrgreenn:
ဝှါးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကေဇီ ပုံတင်ထားတာကျ လှတယ်ပြောမသွားဘူးးး
:hint:
ဦးကြောင်ကြီး
December 26, 2013 at 12:56 pm
ဆွိ.. မင်းနဲ့ငါ ဇက်လမ်း ဒီမှာပြတ်ပီ၊ မင်းခြစ်တဲ့သူဆီမှာပဲ နေရစ်ခဲ့ဗေဒေါ့.. ငါ့ကိုတွေ့ချင်ရင် မဟာမြိုင်တောထဲ ခေါင်းတုံး သီလရှင်ဝတ်ပြီးသာ လိုက်ခဲ့ပါ၊ လူဝတ်ကြောင်နဲ့ ရေစက် ဒီမှာဆုံးလဗျီ။
KZ
December 27, 2013 at 4:01 pm
ရက်စက်လိုက်တာကြောင်။
ကျုပ်က ဘယ်သူနဲ့နေခဲ့ရမှာတုန်းးးး
:hint: