Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သဘာဝတွင်းထွက် ကျောက်မျက်/အတုနဲ့အစစ် ခွဲခြားနည်း

alinsettDecember 23, 20137min128935

သဘာဝတွင်းထွက် ကျောက်မျက်/အတုနဲ့အစစ် ခွဲခြားနည်း

 

 

ကျွန်တော်တို့ဟာ သာမန်ရွှေဆိုင်တွေမှာ တွေ ့ရလေ့ရှိတဲ့

ကျောက် အနီအပြာ ရောင်စုံလေးတွေကို . .

သဘာဝကျောက်လိုလို ထင်မှတ်ဖူးကြပါတယ် ။

တကယ်တမ်းမှာတော့ . . . အများအားဖြင့်တွေ ့မြင် ဝယ်ယူမိကြတာက

ချက်ကျောက်လို့ခေါ်တဲ့ သဘာဝမဟုတ်တဲ့ ကျောက်အတုတွေများပါတယ် ။

ဘာတန်ဖိုးမှ မရှိတဲ့ ကျောက်အတုတွေ ကြားကနေ သဘာဝ ကျောက်မျက် ရတနာအစစ်ကို ရှာဖွေဝယ်ယူနိုင်ဖို ့ အချက်အလက်တွေ သိရှိထားဖို့လိုပါပြီ ။

 

သဘာဝကျောက်မျက်ရတနာအစစ်ဟာ အင်မတန် ရှားပါးလာပါပြီ ။

အထူးသဖြင့် ကျွန်တော်တို့နိုင်ငံက ထွက်တဲ့ သယံဇာတဖြစ်တဲ့ သဘာဝတွင်းထွက်

မိုးကုတ် ပတ္တမြား နဲ့ နီလာ ဟာ ဆိုရင် အရည်အသွေးကောင်းလွန်းလို ့ရှားပါး လွန်းလို့ နာမည်ရနေတဲ့ တန်းဝင်ကျောက်တွေပါ ။

 

တွေ ့နေမြင်နေကျ. . .ချက်ကျောက် (သို့မဟုတ်) အပူပေး / အရောင်ပြောင်း / ဆေးသွင်း ထားတဲ့ Imitation တွေထဲကနေ. . . .

သဘာဝတွင်းထွက် ကျောက်မျက် အစစ်ကို ရွေးချယ် ဝယ်ယူနိုင်ဖို ့ အတုနဲ့ အစစ် ကွာခြားချက် တွေကို ပြောပြချင်ပါတယ် ။

 

*********************

 1

ကျောက်အမျိုးမျိုးကို

အစစ်လို ့ထင်ရလောက်အောင် ချက်လုပ်/ဖန်တီး ရောင်းချနေကြပြီ မို ့. . .

အတု နဲ့အစစ် ခွဲခြား သိနိုင်ဖို ့ အချက်အလက်တချို ့ကတော့ . .

 

 

ကျောက်အတု / ချက်ကျောက် ဟူသမျှက

သဘာဝတွင်းထွက် မဟုတ်ပဲ. . . အပူဓါတ်နဲ့ ချက်လုပ်ကြရတာကြောင့်. . .

ကျောက်တစ်ခုလုံးမှာ ပူဖောင်း (သို့မဟုတ်) အမြုပ်လို ့ခေါ်တဲ့ Gas Bubble လေးတွေ ပြည့်နှက်နေတတ်ပါတယ် ။

 

ကျောက်ကြည့် မှန်ဘီလူးနဲ့ ကြည့်မှ မြင်ရမှာပါ ။

သာမန်အတိုင်း ကြည့်ရင်တော့ . . .အရောင်အသွေးလှပပြီး အပြစ်အနာအဆာ

ကင်းစင်နေတာကိုပဲတွေ ့ရပါလိမ့်မယ် ။

အဲဒီလို အပြစ်အနာအဆာကင်းပြီး အရောင်အသွေးလှပလွန်းနေပြီဆိုရင် သတိထားရတော့မှာပါ ။

ကျောက်အတုဖြစ်ဖို့ များပါတယ် ။

သဘာဝတွင်းထွက်ကျောက်မျက်တွေဟာ ဘယ်တော့မှ အပြစ်အနာအဆာမကင်းပါဘူး ။

ဂေါ် တို့ မှတ်စာ တို ့ Inclusion လို သဘာဝ အမှတ်အသားလေးတွေ ပါနေတတ်ပါတယ် ။

 

သဘာဝကျောက်အစစ်တွေမှာ

Gas Bubble လို ့ခေါ်တဲ့ အမြုပ်ကလေးတွေ ပူဖောင်းလေးတွေ တစ်ခုတလေ ပါတတ်ပေမယ့်

ချက်ကျောက်အတုမှာလို ကျောက်တစ်ခုလုံး ပြည့်နှက်မနေပါဘူး။

တစ်နေရာ လောက် တစ်ခုလောက်ပဲ ပါတတ်တာပါ။

 

ထင်သာမြင်သာ ရှိအောင်

မှန်ဘီလူးနဲ့ ကြည့်သင့်ပါတယ် ။

 

********************************

 2

 

နောက်တစ်ချက်ကတော့. . . . .

 

မှန်ဘီလူးကောင်းကောင်းနဲ ့ကြည့်တဲ့အခါ..

သဘာဝတွင်းထွက် ကျောက်အစစ်ရဲ့ အသားကြောဟာ မကွေ ့မကောက်ပဲ တဖြောင့်တည်း တန်းနေတာကို

တွေ ့ရပါလိမ့်မယ် ။

 

ချက်ကျောက် အတုတွေရဲ ့ ကျောက်အသားကြောတွေကတော့ . . ကွေ့ကောက် ရှုပ်ထွေး နေတတ်ပါတယ် ။

 

************************************

 3

နောက်တစ်ချက် သိသင့်တာက အရောင်ပါ။

သဘာဝကျောက်မျက်အစစ် တွေဟာ အရောင် မညီပါဘူး ။

အရည်မညီဘူး အရည်ကွက်တယ် စသည့်ဖြင့် ကျောက်မျက်လောကမှာ ပြောကြဆိုကြပါတယ် ။

 

ဥပမာ ပတ္တမြားတစ်ပွင့်ဆိုပါစို ့ ။

 

ရုတ်တရက် သာမန်ကြည့်ရင် . . . .အနီရောင် တပြင်တည်းလို့ မြင်ပေမယ့်

မှန်ဘီလူးနဲ့ သေချာထောင်ကြည့်ရင် မီးထိုးကြည့်ရင် . . .

အထဲမှာ . . .

အရည်မညီတာ တွေ ့ရပါလိမ့်မယ် ။

 

အနီရောင်ထဲမှာကိုပဲ . . .

အနုအရင့် ကွာခြားတဲ့နေရာတွေ ပန်းရောင် ခရမ်းရောင် ကွက်နေတာတွေ တွေ့ရပါလိမ့်မယ် ။

 

ကျောက်တစ်ပွင့်လုံး အရောင်တပြေးညီ ဖြစ်နေတဲ့ကျောက်အစစ်ဆိုတာ မရှိသလောက်ကို ရှားပါတယ် ။

 

အရည်ညီ ပြီး အပြစ်အနာအဆာကင်းတဲ့ကျောက်ဆိုတာ အပွင့်ရေ ထောင်း သောင်းထဲမှာတောင် တစ်ပွင့် ရဖို့ မလွယ် / ရှားပါးလှပါတယ် ။

 

ချက်ကျောက် သို့မဟုတ် အပူပေးပြီး ပြုပြင်ပြောင်းလဲထားတဲ့ မီးဖုတ်ကျောက်တို့ကတော့ . .

အရောင်ဟာ ကွက်ခြင်းမရှိ. . .

မပြောင်းလဲပဲ တပြေးညီ ဖြစ်နေတတ်ပါတယ် ။

 

***********************************

 4

 

နောက်တစ်ချက်ရှိပါသေးတယ် ။

 

သဘာဝတွင်းထွက် ကျောက်မျက်ရဲ့ အသားဟာ သိပ်သည်းကျစ်လစ်ပါတယ်။

 

ကျောက်အတု ရဲ့ ကျောက်သားကတော့

သိပ်သည်းကျစ်လျစ်မှု မရှိပဲ. . .

ဖုံပွပွ ဖြစ်နေမှာပါ ။

 

ကျောက်အစစ်နဲ့ ယှဉ်ပြီး ကြည့်ရင် ပိုသိသာပါတယ် ။

 

ကျောက်အရွယ်အစားကြီးရင်

လက်နဲ့ ကိုင်ဆကြည့်တာနဲ့သိသာပါတယ် ။

 

ကျောက်အတုနဲ့ သဘာဝကျောက်မျက်အစစ်

ဆိုဒ် အရွယ်အစား တူနေရင် . . . .

အလေးချိန်မတူပါဘူး ။

 

ကျောက်အစစ်က လေးလေးပင်ပင် ရှိပြီး

ကျောက်အတုကတော့ ပေါ့ရွှတ်ရွှတ်ဖြစ်နေမှာ သေချာပါတယ် ။

 

ကြုံတုန်း . . . .

ကျောက်မျက်ရတနာတချို့ရဲ့ သိပ်သည်းဆကို ပြောပြလိုက်ပါ့မယ် ။

 

—————-

ကျောက်မျက်ရတနာတို့ရဲ ့…သိပ်သည်းဆ

___________________________________

 

ပတ္တမြား( Ruby) = 3 . 99

နီလာ(Sapphire) = 3 . 99

ဥဿဖရား(Topaz) = 3 . 56

စိန်(Diamond) = 3 . 52

မြ(Emarald) = 2 . 71

ပုလဲ(Pearl) = 2 .70

 

*********************************

 5

 

 

ကျောက်မျက်အတု ကို ခွဲခြားသိနိုင်ဖို့ . . .

နောက်ထပ် အချက် တစ်ချက် ရှိပါသေးတယ် ။

 

အဲဒါကတော့ . . . . .

သဘာဝကျောက်မျက်အစစ်တွေမှာက

မာဆင့် ရှိတဲ့အတွက် . . . .ကျောက်သားမျက်နာပြင်ဟာ တော်ရုံ ပွတ်တိုက်မိရုံနဲ့ ပွန်းပဲ့ စင်းရာ မထင်နိုင်ပါဘူး ။

 

ကျောက်အတု တွေ ဟာ. . . .

မာဆင့် မာနှုန်း မာဂုဏ် မရှိတဲ့ အတွက် . . . အဝတ်စကြမ်းကြမ်းနဲ့ ဖြစ်ဖြစ် ပွတ်တိုက်ကြည့်ရင်

အစင်းရာ ပွန်း ထင်သွားပါလိမ့်မယ် ။

 

ဒီနေရာမှာလည်း . . .

တလက်စတည်း . . .

ကျောက်မျက်တွေရဲ့ မာဆင်စကေး တွေကို

ပြောပြခဲ့ပါ့မယ် ။

 

—————

 

 

 

 

 

 

 

 

 

 

 

 

ကျောက်မျက်ရတနာတို့ရဲ့မာဆင့်

___________________________

 

စိန် (Diamond) = 10 .0

 

နီလာ(Sapphire) = 9 .0

 

ပတ္တမြား(Ruby) = 9 .0

 

ဥဿဖရား(Topaz) = 8 .0

 

ဂေါ်မိတ်(Pyrope) = 7 .9

 

မြ(Emerald) = 7 .8

 

ကျောက်စိမ်း(Jade) = 6 .5

 

**********************************

 သတိ

 

ကျောက်တစ်ပွင့်ဟာ. . . .

အရောင်လည်း တပြေးညီ အရည်ကွက်ခြင်းမရှိ /

အထဲမှာလည်း အပြစ်အနာအဆာ လုံးဝကင်းနေမယ် . . .

ဆိုရင် . . . .

အဲဒါ အတု ဖြစ်နိုင်ချေ များပါတယ် ။

 

သေချာအောင် မှန်ဘီလူးနဲ့ ကြည့်ရင် . . .

ကျောက်အတွင်းပိုင်းမှာ

အသားကြောတွေ ကွေ ့ကောက်နေမယ်…

အမြုပ်(Gas Bubble)တွေ လည်း

ရှိနေမယ်. . . .

ကျစ်လျစ်သိပ်သည်းမှုလည်း မရှိ မာဆင့်လည်း မရှိဘူး ဆိုရင်တော့ . .

အဲဒါ . . ကျောက်အတု ဆိုတာ သေချာပါပြီ ။

 

————————

 စစ်ဆေးခြင်း

 

မီးထိုးကြည့်ခြင်း . . .

နေရောင်မှာ ထောင်ကြည့်ခြင်း. . . မှန်ဘီလူးကောင်းကောင်းနဲ ့ ကြည့်ခြင်းတွေ အပြင် . . . .

 

ကျောက်မျက်ရဲ့ ရူပဂုဏ်သတ္တိ တို့

ပုံဆောင်ဓလေ့တို ့

အလင်းယိုင်ညွှန်းကိန်း တို ့. . .

အရောင်ပြောင်းခြင်း / နှစ်ဖြာအလင်းယိုင်ခြင်း /

အလင်းလက္ခဏာ /

အတွင်းမီးအား /

စုပ်ယူရောင်စဉ်တန်းများ /

မီးစုန်းတောက်ခြင်း လက္ခဏာများ စသည်ဖြင့်လည်း လေ့လာဆန်းစစ်သင့်ပါတယ် ။

 

———————————

 စစ်ဆေးခြင်း

 

ခရမ်းလွန် ရောင်ခြည်(Ultraviolet Ray)နဲ့

ထိုးကြည့်ရင်လည်း . . . .

ကျောက်အတုနဲ့ အစစ်ရဲ့ ခြားနားမှုကို သိနိုင်ပါတယ် ။

 

ကျောက်အတုဟာ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတဲ့အခါ. . . အရောင်မှိန်ကျသွားပါလိမ့်မယ် ။

 

သဘာဝတွင်းထွက် ကျောက်မျက်အစစ်ကတော့ ပိုပြီး လင်းလက် တောက်ပ သွားပါလိမ့်မယ် ။

 

***********************************

***********************************

 အတွန့်တက်

 

 

သဘာဝကျောက်မျက် လုပ်ငန်းတစ်ခုမှာ လုပ်နေရင်း နဲ့ တဖြည်းဖြည်း သိလာတာလေးတွေ ချရေးကြည့်တာပါ ။

 

တတ်ကျွမ်းလို့ရေးပြတာမျိုး မဟုတ်ပါဘူး။

ကိုယ် သိထားတာ ဘယ်လောက် ရှိပြီလဲ ဆိုတာ ပြန်ဖတ်ကြည့်ချင်လို့ ့ရေးကြည့်တာပါ ။

 

အခု ရေးသွားတာတွေဟာ သာမန် ကျောက်အကြောင်း သိပ်မသိသေးသူတစ်ယောက်ရဲ့

သာမန် အသိ အချက်အလက်လေးတွေမို ့ လွဲနေတာ တွေ ့ရင်လည်း ပြင်ပေးကြပါဦး။

 

ကျွန်တော် လေ့လာဖို့ အများကြီးကျန်ပါသေးတယ် ။

 

တတ်ကျွမ်းနားလည်ပြီးသူတွေ ဆီကလည်း

သင်ယူစရာတွေ အများကြီး ရှိပါသေးတယ်။

 

ဆက်လက်ပြီး

 ကျောက်မျက်ရတနာ ကို … တန်ဖိုးအနိမ့်အမြင့်ဖြစ်စေသော.. အချက်အလက်တွေ ကို

တင်ပြပေးဖို ့ရည်ရွယ်ထားပါတယ် ။

 

———————————

 

လေးစားစွာဖြင့်. . . . .

 

အလင်းဆက် (Gazette)

 

—————————

01
1.မြန်မာ့မိုးကုတ်တွင်းထွက်ပတ္တမြားပါ

 

 

2
2 မိုးကုတ်တွင်းထွက် နီလာပါ

 

 

3. နီလာနဲ့ပြုလုပ်ထားတဲ့ လက်ရာပါ
3. နီလာနဲ့ပြုလုပ်ထားတဲ့ လက်ရာပါ

 

ပတ္တမြားနဲ့နီလာ..အလှချင်းပြိုင်နေတဲ့ လက်စွပ်လေး
4. ပတ္တမြားနဲ့နီလာ..အလှချင်းပြိုင်နေတဲ့ လက်စွပ်လေး

 

5 . သဘာဝအတိုင်း မပြုမပြင်တဲ့ကျောက်မျက်ရတာနာ ..ပတ္တမြားနဲ့နီလာ
5 . သဘာဝအတိုင်း မပြုမပြင်တဲ့ကျောက်မျက်ရတနာ ..ပတ္တမြားနဲ့နီလာ

 

6 . ပတ္တမြားလေးတစ်ပွင့်..အသာ ဝင့်ကြည့်လိုက်တယ်..
6 . ပတ္တမြားလေးတစ်ပွင့်..အသာ ဝင့်ကြည့်လိုက်တယ်..

 

7 .ဒီလို ဆိုဒ်တူ..အရည်တူ နှစ်ပွင့်ရဖို ့..တော်တော်မလွယ်ဘူး...
7 .  ဒီလို ဆိုဒ်တူ..အရည်တူ နှစ်ပွင့်ရဖို ့..တော်တော်မလွယ်ဘူး…

 

8 . ကျောက်အရိုင်းတုုံးလေး ဘယ်လောက်လောက် တန်မယ် ခန့်မှန်းလဲ..
8 . ကျောက်အရိုင်းတုုံးလေး
ဘယ်လောက်လောက် တန်မယ် ခန့်မှန်းလဲ..

 

9 . ကျွန်တော်တိ်ု ့မြို့သူလေးတွေ...အတွက်..လက်ဆောင်ပတ္တမြားဆွဲကြိုး
9 . ကျွန်တော်တိ်ု ့မြို့သူလေးတွေ…အတွက်..လက်ဆောင်ပတ္တမြားဆွဲကြိုး

 

10 .သိန်းနှစ်ထောင်ကျော်တန် ခိုးသွေး ပတ္တမြားဘယက်နဲ့.. ..
10 .သိန်းနှစ်ထောင်ကျော်တန် ခိုးသွေး ပတ္တမြားဘယက်နဲ့.. ..

 

11 .ရတနာစိန်ကျောက် ဇယ်တောက် ကစားနိုင်ကြပါစေ..မြန်မာပြည်သူားတို့ရေ...
11 .ရတနာစိန်ကျောက် ဇယ်တောက် ကစားနိုင်ကြပါစေ..မြန်မာပြည်သူားတို့ရေ…

 

 

ကျောက်မျက်ရတနာ ပုံရိပ်လေးတစ်ချို ့… တင်ပြလိုက်ပါတယ်.. ။

 

————

 

ကိုယ့်နိုင်ငံက ထွက်တဲ့ သယံဇာတ…

ကိုယ်နဲ ့… မကွာ.. .. ပိုင်ဆိုင်ခွင့်ရကြစေဖို ့….

ဆန္ဒပြုရင်း……

 

 

 

 

:kwi:

 

:kwi:

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

35 comments

  • မဟာရာဇာ အံစာတုံး

    December 23, 2013 at 9:30 am

    ငါ့ကို မှန်ဘလူး ခဏ ငှားစမ်းကွာ
    နင့်ကိုလည်း စစ် မစစ် ကျိရအောင်လို့ …

    • alinsett

      December 23, 2013 at 9:48 am

      ကျနော်ဂ စစ်ပြီးသားပါခည

      :kwi:

      ————-

      • surmi

        December 23, 2013 at 10:02 am

        ​မောင်​အံကို ဆယ်​ဆချဲ့ ့မှန်​ဘီလူး​ပေးလိုက်​ကွာ…
        လန်​့ပြီး​သေရင်​ တာဝန်​မယူ.. လို့ 🙂

        • alinsett

          December 23, 2013 at 10:37 am

          🙂

          တစ်ဆလောက်ချဲ့ကြည့်ရင်တောင်
          သူ့ထက် သာတာ တွေ့ပြီး
          လန့်သွားမှာ
          အဟိ

          :kwi:

  • KZ

    December 23, 2013 at 12:02 pm

    ကျောက်မျက်ကို သိပ်မကြိုက်။
    တွင်းထွက် ကျောက်တုံး ကို ကြိုက်တယ်။
    သိလားးးး Gems မဟုတ်ဘူးလေ။
    Stone ကို ကြိုက်တာ။ နောက်မှ ကွာခြားတာ ရေးဦးမယ်။

    :kwi:

    • alinsett

      December 23, 2013 at 1:33 pm

      stone ဆိုလို့
      မြစ်ဆုံက stone လေး တစ်လုံးလောက် သွားကောက်ရဦးမယ်

      🙂

      မမဂျီး
      ရေးပြမှာကို မျှော်နေတယ်နော်

    • KZ

      December 23, 2013 at 4:25 pm

      ရေးဖြစ်ရင် ဒီ ပို့ (စ) လင့် ယူမယ်နော်။ ပြန်ချိတ်ပြမို့

      😀

  • အဘရဟူဒီ

    December 23, 2013 at 12:04 pm

    ဟိုစကီလေး ကနာမည်ဘယ်လိုခေါ်သဒုံး အူးလေး

  • ဗုံဗုံ

    December 23, 2013 at 1:35 pm

    ကျွန်မကို ဂျစ်ရင် မောင်ဂျီးရယ်….
    ဝယ်ပေးပါလား……… :mrgreen:

    • alinsett

      December 23, 2013 at 1:45 pm

      ဂျစ်တော့ ဂျစ်ဒယ်ကွယ် . . .ဒါဘေမယ့်. . . .

      နာ့မှာ ချိတဲ့ ပက်ချံလေးနဲ့ . . . ဘယ်လိုလုပ်ပြီး ရမှာလဲ

      ဟဲဟဲ

      ဗုံ့အတွက် အုတ်နီခဲဘယက်တစ်ကုံး ဖန်တီးပေးထားမယ်

      🙂

  • kai

    December 23, 2013 at 3:50 pm

    ဘယ်ကဘယ်လို.. ကျောက်သမားဖြစ်သွားသလဲ.. လို့…
    ဟိုကျောက်သမား.. မန်းလေးက.. ဆြာလည်း.. ဘယ်ရောက်နေတယ်မသိ… :mrgreen:

    • alinsett

      December 23, 2013 at 4:17 pm

      ဟဲဟဲ
      အခုလောလောဆယ် ကျောက်အကြောင်းလေ့လာနေတယ်လေ

      အရင်ကတည်းက ကျောက်ဆိုင်မှာ ဝန်ထမ်းလုပ်နေတာပါ။ အခုမှ နားရည်နည်းနည်း
      မျက်စိရည်နည်းနည်း ဝလာလို့
      ချရေးကြည့်တာ။

      :kwi:

      ဒါမယ့် ကျောက်မျက်အကြောင်းက သင်ယူမှတ်သားစရာတွေမှ အများကြီးကျန်သေးတယ် သဂျီးရေ
      လောလောဆယ် အနုပညာတွေဘက် လှည့်ချင်စိတ်နည်းနေတုန်းမို့ ဒါတွေ
      ကောက်ရေးထည့်လိုက်တာ

      🙂

  • လုံမလေးမွန်မွန်

    December 23, 2013 at 3:55 pm

    နာဂတော့လေ.. ပိုက်ပိုက်မချိလို့လား မသိဘူး..အိုက်ဒါတွေ တစ်ခုမှ နားမလည်…

    နီရေးပြတော့လည်း မသိတာတွေ သိရတာ ကောင်းလိုက်တာ..
    ဘာလို့လည်းဆိုတော့ နာဂ နောက်ကျရင် ပိုက်ပိုက်တွေ အားဂျီးချိမှာဆိုတော့ အိုက်ဒါတွေ ဝယ်ရမယ်လေ.. :mrgreen:

    • alinsett

      December 23, 2013 at 4:21 pm

      ပိုက်ဆံ သိပ်ရှိစရာ မလိုပါဘူးကွယ်
      ကျောက် အနီ အရည်ကောင်းကောင်း တစ်ကာရက်လောက်ကို
      သိန်းရာကျော်လောက်ပဲ ရှိပါတယ်
      😆

      ဘဒမြား တစ်လုံးတန်း ဆွဲကြိုးကြီးတစ်ကုံး နာ သိပ်မျက်စေ့ကျနေတယ်ဟေ့
      မေမေ့အတွက် ဝယ်ပေးချင်နေတာ။
      ဈေးကတော့ နည်းပါတယ်
      ကျပ် သိန်းခုနှစ်ထောင်ကျော် ထဲ ရယ်

      😥

  • Shwe Ei

    December 23, 2013 at 4:19 pm

    များများရေးဘာ များများရေးဘာ…ဗဟုနဲ့သုတ ရတာပေါ့။

    နာလဲ အိမ်မှာဝယ်စုထားတဲ့ အတွင်းပစ္စည်းတေ ဒါ့ပုံနဲ့တကွ တင်ပြပီး ပို့စ်တပုဒ်ရေးအူးမယ် ..ဟိ 😛

    • alinsett

      December 23, 2013 at 4:24 pm

      အတွင်းပစ်စီးတွေဆိုတာ ဘာဒွေပါလိမ့်

      😆

      🙂

  • TNA

    December 23, 2013 at 6:47 pm

    ကျောက်အကြောင်းတော့နားလည်ဘူး ဒညင်းဝက်ဆိုင် ဒညတွားတိုက်မို့ ဘူလိုက်အုံးမဲ :mrgreen:

    • alinsett

      December 23, 2013 at 7:20 pm

      ဒည..လာတိုက်မယ်ဆိုရင်.. . ဟောင်ကောင်ဂျက်မလို.. ကောင်မလေးတွေပါ..ခေါ်လာခဲ့နော်..
      အန်တီသဲ…

      :kwi:

  • Mr. MarGa

    December 23, 2013 at 7:04 pm

    ကျောက်ဆိုပါက (ဦးကျောက်စ်ခဲကို မဆိုလို)
    ဘာကျောက်မှ စိတ်မဝင်စား……
    သယံဇာတ ပေါများတဲ့ မြန်မာပြည်
    သယံဇာတတွေကြောင့် အောက်ကို ဆွဲချသလိုဖြစ်သွားလား တွေးနေသည်။ (ဖြစ်နိုင်ချေလဲ အတော်များသည်ကိုး)
    လောလောဆယ် စိတ်ဝင်စားသည်က
    အဲ့သည် ရတနာတွေ………ဘယ်လောက် ကျန်သေးသနည်း
    စိမ်းစိုသော ပတ်ဝန်းကျင် ဘယ်လောက် ကျန်သေးသနည်း
    သဘာဝ ပတ်ဝန်းကျင် မည်မျှ ထိခိုက်နေသနည်း……..
    ထိုအရာများမျှသာ………..

    • alinsett

      December 23, 2013 at 7:18 pm

      ဖြိုနေပါသည်..
      ဖြုန်းနေပါသည်…
      ပြုန်းနေပါပြီ….

      🙂

      ———-

      သယံဇာတဟာ…
      တရားမျျှတတဲ ့နည်းလမ်းမသုံးတဲ ့ နေရာမှာတော့….ထောင်ချေက်တစ်ခု….

      🙂

  • မင်း ခန့် ကျော်

    December 24, 2013 at 9:50 am

    ကျုပ် တို့ ကျောက် ဝိုင်းဆင်းတုန်ကတော့

    စစ်မစစ်ယေဘုယျ အားဖြင့်တော့

    လက်မလေးကို ဟီးးးး တံတွေးစွပ် ကျောက်ကိုတချက်ပွတ် ပါးနားကို ကပ်ကြည့် အေးးကနဲ့ဆို

    နေရောင်မှာ တချက်ထောင်ကြည့်တာပဲ။

    ဒါပေသည့် ပညာရှင်များက တုပထားသည်မို့

    ဝယ်ရင်တော့ နာမည်ရှိသူ(ဆိုင်) မှာ (သို့) တတ်ကျွမ်းနားလည်သူ၏အတည်ပြုချက် ရမှ ဝယ်တာ
    အကောင်းဆုံးပဲ ထင်ပါတယ်။

    တကယ်တော့

    ကျောက်ဆိုတာ—* ကြောက်စရာ* ကောင်းပါတယ်။

    • alinsett

      December 24, 2013 at 1:42 pm

      ကျောက် အစစ်က အေးမြနေတာ အမှန်ပါပဲ။
      အခုနောက်ပိုင်းမတော့ အစစ်နဲ့မတူတူအောင် လုပ်နေကြပြီမို ့
      ခွဲခြားရခက် ခက်လာတယ်ဗျ
      နောင်ကြီး ပြောသလို. . . .ကျောက်မျက်ကို စစ်ဆေး အတည်ပြုချက်လက်မှတ် ထုတ်ပေးတဲ့နေရာတွေမှာ ပြပြီး စစ်ဆေးတာက အကောင်းဆုံးပါပဲ။

      ကျွန်တော်သိတဲ့ ကျောက်မျက်စစ်ဆေး အတည်ပြုပေးတဲ့နေရာကတော့
      ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးထဲက ကိုကျော်စွာ လို့မေးရင် ဘယ်သူမဆိုသိတဲ့ ဆိုင်ပါပဲ။

      အဲဒီမှာ ကျောက်ရဲ့ အမျိုးအစား
      အရည်အသွေး
      အစစအရာရာကို အတည်ပြု လက်မှတ်ထုတ်ပေးနေပါတယ်။

      ကျွမ်းကျင်သူတွေကတော့ အစစ်နဲ့အတု တန်းသိနေတာပါပဲ

      ကျွန်တော်သာ မနည်းပြူးပြဲကြည့်နေရတာ

      :kwi:

      :kwi:

  • မောင်ဘလိူင်

    December 24, 2013 at 1:50 pm

    ဦးလှဝင်း(လေသူရဲ တစ်ဦး) ရေးတဲ့ ကျောက်မျက် အဘိဓာန်တော့ ဖတ်ဖူးတယ်။
    စုံစုံလင်လင်တော့ ပါတယ်။ ခုဆိုရင်တော့ နည်းနည်း ဒိတ်အောက်နေမလား
    မပြောတတ်ဘူး။

    • alinsett

      December 24, 2013 at 2:02 pm

      ကိုဘလှိုင်ကြီး
      လာအားပေးဆွေးနွေးတာ ကျေးဇူးပါနော်။

      ရွာထဲမှာ ကိုဘလှိုင်ရဲ့ ဘာသာပြန် လက်ရာ နောက်တစ်မျိုး ဖတ်ချင်ပါသေးတယ်

      ——–
      ကျွန်တော် လည်း ဒီဆောင်းပါးရေးမယ် ကြံတော့
      ကျောက်မျက် အဘိဓာန်တွေနဲ့ ပြန် တိုက်ကြည့်ရတယ်။
      လွဲနေမှာစိုးလို့ ။
      ကျီးသဲညွန့်နိုင်ရဲ့ ကျောက်မျက်ရတနာအဘိဓာန်ရော
      ပတ္တမြားနဲ့နီလာအကြောင်း အသေးစိတ်ရေးထားတဲ့ စာအုပ်တွေရော တိုက်ကြည့်ပြီးမှ ရေးရဲတယ်။

      ပြီးတော့ ဗိုလ်ချုပ်ဈေးထဲက ကျောက်ဆရာ တချို့နဲ့
      ကျွန်တော့်ကို အနီးကပ်ကျောက်အကြောင်း သင်ကြားပေးနေတဲ့
      မစ်THUL SCI ဆိုတဲ့ ကျောက်ဆရာမကြီးရဲ့ ကျေးဇူးတွေကြောင့်ရော
      ဒီဆောင်းပါးလေးတွေ ရေးဖြစ်သွားတာပါ။

      ရှေ့ဆက် ရေးမယ့်ဆောင်းပါးလေးတွေကိုလည်း အားပေးကြပါဦးနော်

      ချစ်ခင်လေးစားလျက်

    • kai

      December 24, 2013 at 3:50 pm

      လေသူရဲက.. မိုးကုတ်သူယူထားတာနဲ့.. သူ့ပရိုအဆင့်ကျော်ပြီး.. ဘူမိပညာရှင်တယောက်နဲ့.. စာပေတွေအပေးအယူလုပ်.. စာရွက်နောက်ဂျိန်ချဖူးသဗျ…။
      နောက်ဆုံး.. ဝန်ခံတောင်းပန်တယ်လို့… ဖတ်ဖူးတယ်မှတ်တယ်..။
      ဆိုတော့.. ကျောက်မျက် အဘိဓာန်မျိုးက.. စနစ်တကျသင်ယူထားတဲ့.. ပညာရှင်စစ်စစ်ရေးမှဖြစ်မယ်.. ကောင်းမယ်ထင်တာပါပဲ..

      တိန်…

  • surmi

    December 24, 2013 at 2:15 pm

    ​သေ​သေချာချာဆက်​တိုက်​​ရေး​စေချင်​တယ်​..
    လာပြီး​မေးမြန်​း​ဆွေး​နွေးတာ​တွေလည်​းလုပ်​ချင်​ပါတယ်​
    လက်​​တွေ့နဲ့စာ​တွေ့ ဘယ်​လိုကွာတာ​လေးလည်​း ထည်​့သွင်​့း​ပြောကြားစလိုပါတယ်​…
    ဒါနဲ့စကားမစပ်…
    ပုလင်​းကွဲကမာဆင်​့ဘယ်​​လောက်​များရှိမလဲ..လို့ 🙂
    ​နောက်​တာပါ
    ​နောက်​ပို့စ်​​တွေမှာ အတည်​ပြန်​လာပါမယ်​

    • alinsett

      December 24, 2013 at 2:27 pm

      ဟုတ်ကဲ့ ဦးဆာ ရေ။
      ကျောက်မျက်တန်ဖိုး တိုင်းတာချက် 4Cs ဆိုတဲ့ဆောင်းပါးတစ်ပုဒ်နဲ့
      နောက်ထပ် အကြောင်းအရာ. . သဂျီး မဖတ်မိပါစေနဲ့ ဆိုတဲ့ .တစ်ပုဒ် တော့
      အဆင်သင့်ဖြစ်နေပါပြီ။
      မကြာခင် တက်လာပါလိမ့်မယ်။
      ရေးနိုင်သလောက် ဆက်ရေးပါဦးမယ်။
      ——-

      ကျောက်မျက်နဲ့ပက်သက် ရာ မှာ စာတွေ ့ရော လက်တွေ ့ပါ အရေးကြီးတယ်လို့ မြင်မိပါတယ်။
      လက်တွေ ့ချည်းပဲလည်း သိထားလို့ မလုံလောက်
      စာတွေ့လောက်နဲ့လည်း လုပ်စားလို့မရပါဘူး လို့ ပြောရမှာပါ။

      အရေးကြီးတာကတော့ လက်တွေ့ကျတဲ့ အနေအထားမှာ
      စာတွေ့ ဗဟုသုတပါပေါင်းပြီး ရပ်တည်နိုင်ဖို့ပါ။

      ——-
      ကျွန်တော်ကတော့ ကျောက်အကြောင်းကိုု ဝါသနာမပါ. . . .
      ဗဟုသုတအဖြစ် လေ့လာရုံသာ ပါပဲ။

      ဒီဆောင်းပါးတွေ ရေးဖြစ်ဖို့ အကြောင်း နှစ်ခု ရှိပါတယ်။
      တစ်ခုက မသိသူတွေ ဖတ်မိပြီး အကျိုးရှိစေကြောင်း ပါ။
      နောက်တစ်ချက်ကတော့ အနုပညာတွေ အချစ်တွေ အလွမ်းတွေ ရေးဖို့
      နှလုံးသားက မာကျောနေချိန်မို ့ရေးစရာ အကြောင်း ကြံဖန်ရှာခြင်းပါ။

      🙂

      ဦးဆာရေ
      အရောက် လာ အားပေးတဲ့အတွက် ကျေးကျေးပါ

  • sorrow weaver

    December 24, 2013 at 2:19 pm

    အရည်တူနှစ်ပွင့်က အလွန်ရက်စက်လှတာကလား …မဖြူဖွေးမမြင်ပါစေနဲ့ …ဖျားဖျားးးးး

    • alinsett

      December 24, 2013 at 2:33 pm

      မမြင်မိဇေနဲ့ မမြင်မိဇေနဲ့ ဦးဆော ရေ
      မိန်းခေးတွေဂ အာ့မျိုးဒွေမြင်ရင် လွယ်တာ ဟုတ်ဖူး။

      😆

      ဟိုမှာကြည့် ဗုံဂျီးက ဝယ်ပေးဖို့ ဂျီကျနေပြီ
      ဟီဟိ

      :kwi:

  • Lay Pai

    December 25, 2013 at 11:54 am

    ဖတ်လို့ ကောင်းတယ် မှတ်သွားတယ်။
    ကျေးဇူးပါ အလင်းဆက်ရယ်။

    • alinsett

      December 25, 2013 at 12:25 pm

      ဟုတ်ကဲ့ ။
      လာ ဖတ်ရှု အားပေးတဲ့အတွက် လည်း
      ကျေးဇူးပါနော်

  • ဝင့်ပြုံးမြင့်

    December 26, 2013 at 12:04 am

    ဘယ်တော့မှ ဝယ်နိုင်မှာ မဟုတ်လို့ ဖတ်ပြီးတာနဲ့ ဦးနှောက်က သူ့အလိုလို delete လုပ်ပစ်လိုက်ပြီ ဟီး။ 🙂

    • alinsett

      December 26, 2013 at 7:54 am

      အဲဒါ ရင်နာစရာ ကောင်းတယ်နော် အစ်မ

      ကိုယ့်နိုင်ငငံက ထွက်တဲ့သယံဇာတ
      ကိုယ်တွေအတွက် မဟုတ်သလို ဖြစ်နေတာ

Leave a Reply